အခန်း (၃၉၇-၃၉၉)
Vol. 27 Ch. 397-399
အခန်း(၃၉၇) သန့်စင်သော အမွေအနှစ်
"မမ ဒီလူဆိုးကြီး မသေဘူး" နျန်နျန်က အော်လိုက်သည်။
"အော်နေစရာ မလိုဘူး ငါမြင်တယ် သူတစ်ချက်နဲ့မသေဘူးဆိုတော့ ထပ်ရိုက်ရအောင်" ရွှယ်ရှန်း၏ မျက်နှာငယ်လေးသည် နှင်းခဲကဲ့သို့ အေးစက်နေသည်။
"အာထရာမန်း၊ ဒီလူဆိုးကြီးကို သတ်လိုက်ပါ"
ဒယ်ပြားက တစ်ဖန်ပြန်ထလာ၍ လေထုအလယ်၌ ရပ်နေသော အယ်လွန်ဆိုဆီသို့ ဦးတည်သွားသည်။
ယခုအခိုက်အတန့်တွင် အယ်လွန်ဆိုသည် ကလေးမလေးနှစ်ယောက်ဆီ၌ အရိုက်ခံနေရသဖြင့် အလွန်အမင်းဒေါသထွက်နေပြီဖြစ်သည်။ အကယ်၍ ဤသတင်းသာ ပျံ့သွားပါက အလင်းသူရဲကောင်းများကိုရင်ဆိုင်ရန် မည်သည့်မျက်နှာမျှရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူ့ဂုဏ်သိက္ခာကို ကယ်ဆင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဤမိန်းကလေးများအားလုံးကို သတ်ပစ်ရန်သာဖြစ်သည်။
ထို့ကြောင့်၊ အယ်လွန်ဆိုက ခြေတစ်လှမ်းလှမ်း၍ ရွတ်ဆိုလိုက်သည်။
“ဘုရားသခင်က ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်လို့ မိန့်တော်မူတယ်”
ဤသို့ဖြင့် အဖြူရောင်သန့်စင်သောအလင်းတန်းက သူ့ကို လွှမ်းခြုံကာ အလင်းချပ်ဝတ်တန်ဆာအဖြစ်ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ဒယ်ပြားက သူ့ကို စတင်ရိုက်နှက်နေပြီဖြစ်ရာ အယ်လွန်ဆိုက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ထို ထိုးနှက်မှုကို အမှန်ပင် ခံလိုက်သည်။
ဘမ်း
အယ်လွန်ဆို၏ ခန္ဓာကိုယ်မှ သံချပ်ကာက တဖြည်းဖြည်းချင်းတုန်လှုပ်သွားကာ ကြီးမားသော ဒယ်ပြားသည်လည်း
ခုန်ထွက်သွားသည်။
ဘမ်း
တစ်ချိန်တည်း၌ပင် အယ်လွန်ဆို၏ လက်ထဲ၌ အလင်းဓားရှည်တစ်လတ်ပေါ်လာသည်။
“သေပေတော့”
ထိုစကားနှင့်အတူ ဓားရှည်သည် ကျယ်လောင်သော မိုးခြိမ်းသံနောက်၌ ဆင်းသက်လာ၏။
ကလေးမလေးသုံးယောက်က ကြောက်လန့်တကြား မျက်စိစုံမှိတ်ထားလိုက်ကြသည်။ ထိုအချိန်တွင်ပင် ထူထဲသော နွယ်ပင်များ ရုတ်တရက် ထွက်ပေါ်လာကာ ကောင်မလေးသုံးယောက်ကို တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးသည်။ သန့်ရှင်းသော အလင်းတန်းဓားသည် မရေမတွက်နိုင်လောက်အောင်များပြားသော စပျစ်နွယ်ပင်များကို ဖြတ်တောက်ခုတ်ပိုင်းလိုက်သော်လည်း စပျစ်နွယ်များသည် ရေကဲ့သို့ စီးဆင်းကာ အဆုံးမသတ်စွာ ပြန်လည် ပေါက်ဖွားလာ၍ ဓားချက်ကို လျင်မြန်စွာ ဟန့်တားလိုက်သည်။
ရုတ်တရက် နတ်သူငယ်မိခင်နတ်ဘုရားမ ခလိုရစ်၏ ပုံရိပ် ပေါ်လာသည်။
“အလင်းသူရဲကောင်း တစ်ယောက်ဖြစ်ပြီး ကလေးတွေကို ဒီလိုမျိုး ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ် တိုက်ခိုက်ရတယ်ဆိုတော့ ရှင်တို့ အလင်းအသင်းတော်က ဒီလောက်တောင် အဆင့်အတမ်းနိမ့်နေပြီလား"
ခလိုရစ်၏ အသံက ဒေါသအရိပ်အမြွက် အပြည့်ရှိသည်။ ယခုမှ သူမရောက်လာရသည့်အကြောင်းမှာ
ဂယ်ရီနှင့် အယ်လွန်ဆိုတို့က ခလိုရစ်ကို လှည့်ဖျားကာ ၎င်းတို့ရောက်ရှိလာမှုကို ဖုံးကွယ်ရန် အလင်းအသင်းတော်၏ လျို့ဝှက်နည်းလမ်းကိုအသုံးပြုခဲ့ကြခြင်းဖြစ်သည်။
ရွှယ်ရှန်းနှင့် နျန်နျန်တို့အပေါ်ရှိ သဘာဝနတ်ဘုရားမ၏ အကာအကွယ်က အချက်ပြသောကြောင့်သာ တစ်စုံတစ်ခုလွဲမှားနေသည်ကို ခလိုရစ်က သဘောပေါက်သွားခဲ့ခြင်းဖြစ်သည်။ သူမ၏အမြင်တွင် ခဏကြာမှ ရောက်လာလျှင်ပင် မိန်းကလေး သုံးယောက် ဒုက္ခရောက်မည် စိုးရသည်။
ခလိုရစ်မသိသောအရာမှာ ရှန်းရှန်းနှင့် နျန်နျန်တို့အပေါ်တွင် ရွှယ်အန်းထားရှိသော အကာအကွယ်အမျိုးမျိုးရှိကြ၍ အယ်လွန်ဆို၏ဓားက စင်တီမီတာအနည်းငယ်ထိသွားသည်နှင့် ထိုအကာအကွယ်များက အသက်ဝင်လာခဲ့လိမ့်မည်ကိုပင်ဖြစ်သည်။ ထိုအချိန်သို့ရောက်လာပါက အလင်းအသင်းတော်၏ ခေါင်းဆောင်ချုပ်ကိုယ်တိုင်ရောက်လာလျှင်ပင် ဘေးမသီရန်မခ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ယခု ဂယ်ရီနှင့် အသင်းတော်ကလူများက အယ်လွန်ဆို၏ အနားကို ရောက်နေပြီဖြစ်သည်။
အားလုံးက ခလိုရစ်ကို လောဘကြီးစွာ စိုက်ကြည့်နေကြသည်။
“နတ်အတုအယောင်မ ဟားဟားဟား ဒီတစ်ခါတော့ အချီကြီးမိပြီ” အယ်လွန်ဆိုသည်လည်း သူ၏ ပျော်ရွှင်မှုကို မထိန်းနိုင်ခဲ့ပေ။
အလင်းအသင်းတော်မှလူများအတွက် နတ်ဘုရားအတုကို မိစ္ဆာနတ်ဘုရားကိုဖမ်းဆီးခြင်း သို့မဟုတ် ဖယ်ရှားခြင်းသည် အကြီးမားဆုံးသောအောင်မြင်မှုဖြစ်သည်။
၎င်းသည် အမှားအယွင်းများစွာလုပ်ခဲ့သော အယ်လွန်ဆိုကို ၎င်း၏မူလရာထူးသို့ ပြန်လည်ရောက်ရှိစေကာ အလင်းသူရဲကောင်းများ၏ ဒုတိယတပ်မှူးအဖြစ် ထပ်မံတာဝန်ပြန်ရစေနိုင်သည်။
ခလိုရစ်က မျက်မှောင်ကြုတ်လိုက်သည်။
"အလင်းအသင်းတော်ကလူတွေ၊ ကျွန်မတို့က အမြဲတစေ ဥပဒေကိုလိုက်နာပြီး သဘာဝအတိုင်း ဘက်မလိုက်ဘဲ နေခဲ့တာတောင် ရှင်တို့က နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခဲ့တယ်။ နတ်သူငယ်မျိုးနွယ်စုက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ရှင်တို့ တကယ်ထင်နေလား”
ခလိုရစ်၏အသံနှင့်အတူ သူမ၏နောက်တွင် စပျစ်နွယ်ပင်ပေါင်းများစွာနှင့် သစ်တောတစ်ခုလုံး၏သစ်ပင်များပင်လျှင် ချွန်ထက်သောအကိုင်းအခက်များကို ဖြန့်ကျက်ကာ အားလုံးက အယ်လွန်ဆိုနှင့် သူ၏အဖော်များဆီသို့ ဦးတည်နေသည်။
ထိုအချိန်တွင် ၎င်းတို့၏ နတ်ဘုရားမ၏ဒေါသကို အာရုံခံမိကြသော နတ်သူငယ်များသည်လည်း အခင်းဖြစ်ပွားရာသို့ အမြန်ပြေးသွားကြသည်။
ချောမောသော မျက်နှာအသွင်အပြင်ဖြင့် ညအမှောင်နတ်သူငယ်များအများအပြား ပေါ်လာသည်ကို မြင်သည်နှင့် ဂယ်ရီနှင့် အယ်လွန်ဆိုတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ထို့နောက် ဂယ်ရီက တည်ငြိမ်စွာ ပြောလိုက်သည်။
"နတ်ဘုရားအတု မင်းက နတ်ဘုရားဆိုပြီး လိမ်ညာနေတာက မင်းရဲ့အကြီးမားဆုံးပြစ်မှုပဲ။ မင်းလူတွေကတော့ သူတို့သာ လက်အောက်ခံရင် အသက်ရှင်ဖို့အခွင့်အရေးရနိုင်တယ်"
"ထွီ မင်းပြောနေတဲ့ အလင်းပိုးမွှားတွေကို ငါတို့ အသိအမှတ်မပြုဘူး၊ ဒီကနေ မြန်မြန်ထွက်သွား၊ ဒါမှမဟုတ်ရင် မင်းနောင်တရမှာ သေချာတယ်" ရီဖုရိုက ဒေါသတကြီးအော်လိုက်သည်။
ထိုအချိန်တွင် သူ၏ ကျင့်ကြံမှုအဆင့်သည် ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်၍ သူ၏ယုံကြည်မှုမှာလည်း ကောင်းကင်ယံတမျှ မြင့်မားလာခဲ့သည်။
ဂယ်ရီက အနည်းငယ်ပြုံးကာ ရိုသေလေးစားစွာဖြင့် သူ့ရင်ခွင်မှ သိုးသားရေစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။
ဤစာအုပ်ပေါ်လာသည်နှင့်တပြိုင်နက် ခလိုရစ်ကပြော၏။
"အလင်းပဋိညာဉ်ရဲ့ ကော်ပီပဲ ရှင်ဘယ်လိုလုပ် ဒီစာအုပ်မျိုးရှိနေတာလဲ”
ဂယ်ရီက စကားမပြောဘဲ ရယ်မောကာ စာမျက်နှာကို လှန်ရန် ပြင်ဆင်နေသည်။
ဤအချိန်တွင် ရီဖုရိုက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ သဘာဝ၏ စွမ်းအားနှင့် ပြုလုပ်ထားသည့် လှံတစ်ချောင်းက သူ့လက်ထဲ၌ ပေါ်လာကာ အားအပြည့်သုံး၍ ပစ်လိုက်သည်။
ခလိုရစ်သည်လည်း အခြေအနေမကောင်းမှန်းသိသည်။
အနီရောင်ဝတ်ဂိုဏ်းချုပ်နှင့် အလင်းသူရဲကောင်းချည်းသာဆိုလျှင် သူမကြောက်နေမည်မဟုတ်ပေ။
ယခုမူ ဤဂိုဏ်းချုပ်သည် အမှန်တကယ်ပင် အလင်းပဋိညာဉ်ကို ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ကာ ၎င်းသည် ပြန်လည်ပုံနှိပ်ခြင်းဖြစ်သော်လည်း မြင့်မြတ်သောလက်ရာတစ်ခုဖြစ်နေဆဲဖြစ်သည်။
ခလိုရစ်က "သဘာဝအကာအကွယ်"ဟုအော်လိုက်သည်နှင့်
အကန့်အသတ်မရှိသော အစိမ်းရောက်စွမ်းအင်များက မိုင်ပေါင်းများစွာသော ဧရိယာကို ဖုံးအုပ်ထားသည်။
ဤသီးသန့်မြေ၌ နတ်ဘုရားမဖြစ်သော သူမသည် ဤနေရာရှိ အရာအားလုံးအပေါ် အကြွင်းမဲ့ ထိန်းချုပ်ထားကာ သူမ၏ ညှာတာမှုကင်းသော လှုပ်ရှားမှုသည် သဘာဝအလျှောက်ပင် အံ့ဩဖွယ်ရာ စွမ်းအားရှိသည်။
နတ်သူငယ်အားလုံးသည် ၎င်းတို့၏ စိတ်ဝိညာဉ်များ တုန်လှုပ်သွားသည်ကို ခံစားခဲ့ရကာ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်သည်လည်း အဆများစွာ တိုးလာခဲ့သည်။
ရီဖုရိုမှ ပစ်လွှတ်လိုက်သော သဘာဝလှံသည် အဆများစွာ ကြီးမားလာ၍ ၎င်း၏အရှိန်သည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော် ချဉ်းကပ်လာချိန်တွင် အယ်လွန်ဆိုက သူ၏ ဓားကို လွှဲပစ်လိုက်သည်။
သန့်ရှင်းသော အလင်းတန်းဓားနှင့် သဘာဝလှံဓား နှစ်ခုစလုံး တစ်ပြိုင်နက်တည်း ရိုက်ခတ်သွားခဲ့သည်။
"အတူတိုက်ခိုက်ပါ" ရီဖုရိုက အော်လိုက်သည်။
နတ်သူငယ်မျိုးနွယ်စုဝင်အားလုံးသည် ၎င်းတို့၏ အစွမ်းထက်ဆုံး လျှို့ဝှက်နည်းပညာများကို အသုံးပြုခဲ့ကြသည်။ အယ်လွန်ဆိုက အေးစက်စွာ ဟစ်အော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းချပ်ဝတ်တန်ဆာက တောက်ပစွာ ထွန်းလင်းတောက်ပလာကာ ထိုတိုက်ခိုက်မှုများကို တားဆီးလိုက်သည်။
ထိုအချိန်တွင်၊ ဂယ်ရီက ပထမစာမျက်နှာကို လှန်ခဲ့၍ သူ၏မျက်နှာ၌ နတ်စွမ်းအင်များဖြင့်ပြည့်နေသည်။
"ဘုရားသခင်က အလင်းရှိပါစေလို့ မိန့်တော်မူတယ်"
ဘမ်း
သူ၏စကားနှင့်အတူ အဆုံးမဲ့အလင်းသည် ကောင်းကင်မှဆင်းသက်လာ၍ နတ်သူငယ် လျို့ဝှက်နယ်မြေတစ်ခုလုံး တုန်ခါလာသည်။
ဤအလင်းရောင်အောက်တွင် အသက်ဝင်နေသော တောက လျင်မြန်စွာ သွေ့ခြောက်သွားသည်။
နတ်သူငယ်အများအပြားသည် ၎င်းတို့အား ချည်နှောင်ခံရသကဲ့သို့ ခံစားခဲ့ရ၍ အလွန် စိတ်မသက်မသာဖြစ်ခဲ့ရသည်။
ခလိုရစ်၏ မျက်နှာအရောင်က အလွန်ဆိုးရွားလှနေပြီဖြစ်၏။
စကားတစ်ခွန်းတည်းဖြင့် သူမ၏ သဘာဝအကာအကွယ်က ကျိုးပဲ့သွားသည်။
သူမ၏ ခွန်အားက စိတ်ကူးထားသည်ထက် ကျော်လွန်သွားသော်လည်း ယခု ဤအခြေအနေသို့ရောက်ရှိလာပြီဖြစ်၍ ဘာမှမလုပ်ဘဲ ထိုင်နေ၍ မရတော့ပေ။
"အရာအားလုံး သဘာဝတရားအတိုင်းပြန်ဖြစ်စေ"
အဖြူရောင်အလင်းအောက်တွင် ဆုတ်ခွာသွားသော အစိမ်းရောင်စွမ်းအင်က ရုတ်တရက် တုန်ခါ၍ ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်လာသည်။
ခလိုရစ်အနီးတဝိုက်ရှိ အလင်းရောင်သည်လည်း ပိုမိုအားကောင်းလာသည်။ သူမသည် အလင်းအသင်းတော်ကို တိုက်ခိုက်ရန်အတွက် သူ၏နတ်အဆင့်ကို လောင်ကျွမ်းစေခဲ့သည်။
သို့သော် ထိုအချိန်တွင် ဂယ်ရီသည် ဒုတိယစာမျက်နှာကိုလှန်လိုက်ပြီဖြစ်သည်။
“ထောင်လိုမျိုး နတ်စွမ်းအင်”
ဘမ်း
အဆုံးမဲ့အဖြူရောင်အလင်းတန်းများက လူတိုင်းကို ရုတ်တရက် ဖုံးလွှမ်းသွားကာ ဆဲလ်တစ်ခုစီအဖြစ်သို့ ပြောင်းလဲ၍ လူတိုင်း၏ အတွင်း၌ ပိတ်မိနေသည်။
ခလိုရစ်သည်လည်း ချွင်းချက်မရှိပေ။ သူမကို ဖမ်းချုပ်ထားသည့် ထောင်သည် အလင်းဘုရားသခင်၏ အသန့်စင်ဆုံး အလင်းရောင်ဖြင့် ဖွဲ့စည်းထားကာ ပြင်ပကမ္ဘာနှင့် သူမ၏ ဆက်သွယ်မှုကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။ အစွမ်းထက်ဆုံး နတ်ဘုရားပင်လျှင် ၎င်းတို့ မှီခိုအားထားရသော ပြင်ပကမ္ဘာ မရှိပါက အားနည်းပြီး အားနည်းလာပေလိမ့်မည်။
ခလိုရစ်ပတ်လည်ရှိ အလင်းရောင်က လျင်မြန်စွာ မှိန်ဖျော့သွားရာ နောက်ဆုံးတွင် ကြောက်ရွံ့သော အမူအရာဖြင့် အမျိုးသမီးငယ်တစ်ဦးသာ ကျန်ရှိတော့သည်။
နတ်သူငယ်အများအပြားသည်လည်း ၎င်းတို့၏ဆဲလ်များတွင် ပိတ်မိနေခဲ့၍ လုံးဝမခုခံနိုင်ပေ။
အယ်လွန်ဆိုက အောင်ပွဲခံရယ်လိုက်သည်။
"ကောင်းလိုက်တာ၊ သခင်ဂယ်ရီက တကယ်ကို အစွမ်းထက်တယ်"
ဂယ်ရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဘုရားသခင် ဘုန်းကြီးပါစေ”
အခန်း(၃၉၈) ရှေး နတ်သားရဲများ၏ အကာအကွယ်
ဂယ်ရီသည်လည်း စိတ်ကောင်းဝင်လျက်ရှိသည်။
ဤခရီးစဉ်အတွက်၊ သူသည် သူ၏ အဖိုးတန်သော ပြန်လည်ပုံနှိပ်ထားသည့် အလင်းပဋိညာဉ်စာအုပ်ကို အထူးတလည် ယူဆောင်လာခဲ့သည်။
မှန်သည်၊ ဤသည်က ပဋိညာဉ်အစစ်မဟုတ်ပေ။
စစ်မှန်သောပဋိညာဉ်ကို အလင်းသရဖူနှင့် အလင်းဓားတို့နှင့်အတူ ဒဏ္ဍာရီလာပစ္စည်းသုံးမျိုးအဖြစ် ချီးမြှောက်ခံရကာ အားလုံးအား အသင်းတော်၏ အကြီးအကဲက စီမံခန့်ခွဲခဲ့သည်။
သူ၏လက်ဝယ်ရှိ ပဋိညာဉ်သည် ရှေးပညာရှိတစ်ဦးမှ ပြုလုပ်ထားသည့် ပုံတူဖြစ်၍ စုစုပေါင်း မိတ္တူသုံးအုပ်ရှိသည်။
ပဋ္ဋိညာဉ်အစစ်မဟုတ်သော်လည်း၊ ၎င်းကို စွမ်းအားကြီး၍ သန့်ရှင်းသော ရှေးဟောင်းပစ္စည်းဟု ယူဆနိုင်သေးသည်။
သူသည် ၎င်းကို အမှန်တကယ်အသုံးပြုနိုင်လိမ့်မည်ဟု မမျှော်လင့်ထားသည့်တိုင် ညအမှောင်နတ်သူငယ်များအများအပြားကို တစ်ကြိမ်တည်းတွင်ပင် ဖမ်းနိုင်ခဲ့သည်။
သို့သော် အရေးကြီးဆုံးမှာ ဤနတ်ဘုရားအတုဖြစ်သည်။
ဤနတ်ဘုရားကို ပူဇော်သရွေ့၊ သူသည် အထက်အရာရှိများထံမှ ပို၍ပင် ဆုလာဘ်များ ရရှိမည်ဖြစ်ပြီး အနာဂတ်တွင် အသင်းတော်၏ အထက်တန်းအဆင့်သို့ပင် ဝင်ရောက်နိုင်မည်ဖြစ်သည်။
ဤသည်ကိုတွေးကြည့်၍ ဂယ်ရီက စိတ်လှုပ်ရှားမှုများ တဟုန်ထိုး ခံစားခဲ့ရသည်။ ထိုအခိုက်အတန့်တွင် ကောင်မလေးတစ်ယောက်၏ နာကျင်စွာအော်ဟစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။
အောက်ကိုငုံ့ကြည့်လိုက်သောအခါ ရွှယ်နျန်က သူ့လက်ညှိုးကို ကိုင်ထားလျက် နာကျင်စွာ မျက်ရည်များ စီးကျနေသည်ကို မြင်လိုက်ရ၏။ အစ်စဘယ်လာနှင့် ယူနာတို့က
အခြားသူများနှင့်အတူ စိုးရိမ်အကြီးအော်လိုက်ကြသည်။
“နျန်နျန် အဆင်ပြေရဲ့လား”
ရွှယ်နျန်က မျက်ရည်တွေနှင့် ခေါင်းခါယမ်းလိုက်သည်။
"အဖြူရောင် အလင်းတန်းလေးကို ထိလိုက်တာနဲ့ လက်ညှိုးကို ဖြတ်လိုက်တာ။ ဒီလူတွေက တကယ့်ကို ယုတ်မာတာပဲ"
ရွှယ်နျန်၏စကားများသည် အောင်ပွဲအတွက် ပြင်ဆင်နေသည့် ဂယ်ရီ၏မျက်နှာကို အနည်းငယ်ပြုံးသွားစေသည်။
သို့သော် ထိုအချိန်တွင် အလွန်ကြီးမား၍ စွမ်းအားကြီးသော ရောင်ဝါတစ်ခု ရုတ်တရက် ရွှယ်ရှန်းထံမှ ထွက်ပေါ်လာသည်။
ဒီရောင်ဝါအောက်တွင် သူမကို ဖမ်းချုပ်ထားသည့် အဖြူရောင်အလင်းရောင်က တောက်လောင်နေသော နေအောက်မှ နှင်းများကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားကာ ပတ်ဝန်းကျင်မှ အဖြူရောင် အလင်းတန်းများပင်လျှင် လွင့်ပြယ်သွားခဲ့သည်။
ဂယ်ရီနှင့် အယ်လွန်ဆိုတို့၏ မျက်လုံးများက ခေါင်းထဲမှ ပြုတ်ထွက်လုနီးနီးဖြစ်နေသည်။
"ဒါ… ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘာလို့ ဒီလောက် အစွမ်းထက်တဲ့ ရောင်ဝါရှိနေတာလဲ"
အယ်လွန်ဆိုက အံ့အားသင့်စွာ အော်ပြောလိုက်သည်
သို့သော် ဤသည်က အစသာရှိသေး၏။
ရုတ်တရက် ရွှယ်နျန်၏ နောက်ကျော်မှ ဧရာမ ခွန်ဖန်ပုံသဏ္ဍာန်တစ်ခု ပေါ်လာသည်။ ၎င်းသည် ဖန်သားပြင်တစ်ခုမျှသာဖြစ်သော်လည်း၊ ရှေးကျ၍ စွမ်းအားကြီးသော အငွေ့အသက်မျိုး ပေးစွမ်းနိုင်ဆဲဖြစ်သည်။
ဤအငွေ့အသက်မျိူးကို နှိုးဆွလိုက်ပုံရသည့် စိတ်ရှုပ်ထွေးနေသော ရွှယ်ရှန်းသည်လည်း သူမ၏နောက်ကွယ်တွင် စွမ်းအင်အတက်အကျတစ်ခုကို ကြုံရ၍ မီးငှက်၏ အသွင်အပြင် ပေါ်လာသည်။
ဂယ်ရီနှင့် အယ်လွန်ဆိုတို့က အံကြိတ်ခဲ့ကြသည်။
ဤနတ်သားရဲများကား မည်သို့ဖြစ်လာကြောင်း သူတို့မသိကြသော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် မမှားနိုင်လောက်အောင် အစစ်အမှန်ဖြစ်သည်။
သို့သော် ဤသည်က အစသာရှိသေးသည်။
ထို့နောက် မိုးပြာရောင် နဂါး၊ ချီလင်၊ ရွှမ်ဝူ၊ ကျားဖြူ၊ ဖီရှို့၊ ပိုင်ကျဲ၊ ဖီးနစ်၊ ပီဖန်၊ ဟုခ်ချန်… အစရှိသဖြင့် ကြီးမားသော ရှေးမသားရဲများသည် ကောင်းကင်၌ ကြီးကျယ်ခမ်းနားစွာ ပေါ်လာ၍ နောက်ဆုံးတွင် ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးကွယ်သွားခဲ့သည်။
မယှဉ်နိုင်သော အင်အားတစ်ခုကြောင့် နတ်သူငယ် လျို့ဝှက်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားကာ ပြိုကျတော့မည့် လက္ခဏာများပင် ပြသခဲ့သည်။
ဂယ်ရီနှင့် အယ်လွန်ဆိုတို့၏ မျက်နှာက သေလုနီးပါး ဖြူဖျော့လျက် အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားကြသည်။
အကြောင်းမူကား၊ ကောင်းကင်နှင့်မြေကြီး၏ တန်ခိုးတော်ရှေ့၌၊ သူတို့သည် သိသိသာသာ သိမ်ငယ်သွားသည်ဟု ခံစားခဲ့ရသည်။
ခလိုရစ်လည်း အံဩသွား၍ ရုတ်တရတ် ပြုံးစစပြုလာသည်။
သူမ နားလည်သည်။
ရွှယ်အန်းက သူ့သမီးများ၏ လုံခြုံရေးကို စိတ်ပူနေတာကြောင့် အုပ်ထိန်းမှု၏ စာလုံးပေါင်းကို ရေးပြခဲ့ခြင်းပင်ဖြစ်သည်။ သို့သော်
ဤအုပ်ထိန်းမှု စာလုံးပေါင်းက အတန်ငယ်တော့ ဒေါသလွန်ကဲနေခြင်းမဟုတ်သလော။ ရှေးနတ်သားရဲအပေါင်းတို့ကို နှိုးဆော်ထားသကဲ့သို့ပင်ဖြစ်ရာ ထိုအချိန်တွင် ရွှယ်ရှန်းက ထိုနေရာမှ ရုန်းထွက်၍ အခြားသူများကြားမှ ဂယ်ရီနှင့် အယ်လွန်ဆိုကို လက်ညှိုးထိုးပြလိုက်သည်။
"သူတို့က လူဆိုးကြီးတွေပဲ"
ရွှယ်ရှန်း၏ အမိန့်ကို လိုက်နာ၍
ဤကြောက်မက်ဖွယ်ကောင်းသော နတ်သားရဲများသည် ဂယ်ရီနှင့် အခြားသူများကို ငုံ့ကြည့်ကာ ပုရွက်ဆိတ်များကဲ့သို့ ငုံ့ကြည့်ကာ တစ်ပြိုင်နက်ာဆင်းသက်လာကြသည်။ အဆုံးမရှိသော တိုက်ခိုက်မှုများသည် စီးဆင်းနေသော ရေကဲ့သို့ ကျရောက်လာသည်။
မိုးပြာရောင်နဂါး၏ နတ်မီးလျှံ၊ ဖီးနစ်၏မီး၊ ရွှမ်ဝူ၏အင်အား၊ ကျားဖြူ၏တိုက်ခိုက်မှု...
ဤအရာများသည် စစ်မှန်သော နတ်သားရဲများမဟုတ်သော်လည်း
ဂယ်ရီနှင့်အတူ လိုက်ပါလာသော အသင်းတော်ဝင်များက ဤတိုက်ခိုက်မှုများကြောင့် အသံပင်မထွက်နိုင်တော့ဘဲ ပျောက်ကွယ်သွားကြသည်။
အယ်လွန်ဆိုသည် အနည်းငယ်ကြာအောင် ခံနိုင်ရည်ရှိသော်လည်း အသက်ရှုချိန်ခဏတာအတွင်း၌ သူဝတ်ထားသည့် အလင်းစွမ်းအား၏ချပ်ဝတ်တန်ဆာသည် တဖြည်းဖြည်း ကွဲအက်သွားသည်။
"သခင် ဂယ်ရီ ငါ့ကိုကယ်ပါ"
အံကို တင်းတင်းကြိတ်လျက် ဂယ်ရီက အလင်းပဋိဉာဥ်ကို ခေါင်းထက်တွင် ကိုင်မြှောက်၍ အော်လိုက်သည်။
“ဘုရားသခင်၏ ကျေးဇူးတော်သည် ပင်လယ်နှင့်တူသည်”
သူ၏ ကြွေးကြော်သံနှင့်အတူ အလင်း၏ ပဋိဉာဥ်က ရုတ်တရက် မီးတောက်သွားသည်။ နတ်ပစ္စည်းများ လောင်းကျွမ်းမှုနှင့်အတူ ကြီးကျယ်ခမ်းနားသော အဖြူရောင်အလင်းတန်းများထွက်ပေါ်လာခဲ့သည်။ အမှန်မှာ ဤနတ်သားရဲများသည် လှည့်စားခြင်းမျှသာဖြစ်၍ အမှန်စင်စစ်လောကတွင် မရှိနေပေ။ ထို့ကြောင့် ၎င်းတို့အားလုံးက မီးလောင်နေသော နတ်ပစ္စည်းများမှ ထုတ်လွှတ်သော အဖြူရောင်အလင်းရောင်အောက်တွင် အချည်းနှီးအဖြစ်သို့ ပျက်သုဉ်းသွားခဲ့ရသည်။ နောက်ဆုံးမိုးခြိမ်းပေါက်ကွဲသံနောက်၌ အဖြူရောင်အလင်းတန်းများပေါက်ကွဲသွားပြီးနောက် နတ်သားရဲများအားလုံး ပြိုကွဲပျောက်ကွယ်သွားသည်။
၎င်းတို့နှင့်အတူ အလင်းပဋိဉာဥ်လည်းပျောက်ကွယ်သွားခဲ့သည်။ ဤအရာများသည် အလင်းအသင်းတော်တွင် စုစုပေါင်း သုံးခုသာရှိသည့် နတ်ပစ္စည်းများဖြစ်သောကြောင့် ဆုံးရှုံးမှုအတွက် ဂယ်ရီ၏ နှလုံးသား ပေါက်ကွဲလုနီးပါးဖြစ်ခဲ့ရသည်။ ဤသည်က ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။ သို့သော် အယ်လွန်ဆိုက သက်ပြင်းရှည်တစ်ချက်ချ၍ ရွှယ်ရှန်း
နျန်နျန်နှင့် အခြားသူများကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်ကာ ရယ်မောလိုက်သည်။
"ဟား ဟား မင်းက ငါတို့လူမျိုး အများကြီးကို သေအောင်လုပ်ခဲ့တာဆိုတော့ မင်းတို့အားလုံး ကျွန်တွေဖြစ်လာရမယ်။ မင်းတို့ မသေခင် ဒီကိစ္စအတွက် အပြစ်ကြွေးပြန်ဆပ်ကြရလိမ့်မယ်”
နတ်သူငယ်အများအပြားက စိတ်ဓာတ်ကျသွားပုံရကာ ခလိုရစ်သည် သဘာဝစွမ်းအားကို စုဆောင်းရန် ရုန်းကန်လျက်ရှိသည်။ သို့သော် ဂယ်ရီ၏ယခင်တိုက်ခိုက်မှုက မိုင်တစ်ဒါဇင် သို့မဟုတ် ထိုမျှလောက်အတွင်း သဘာဝစွမ်းအားအားလုံးကို ချေမှုန်းပစ်ခဲ့၍ ယခုအခါ ပတ်ဝန်းကျင်ဧရိယာသည် အလင်းစွမ်းအားများဖြင့် ပြည့်နှက်သွားခဲ့သည်။
ဤအရာက သူမကို အလွန်အားနည်းစေသည်။
"ဘယ်ကထွက်လာမှန်းမသိတဲ့ ဒီမိန်းကလေးနှစ်ယောက်ကို အရင်ကိုင်တွယ်ကြည့်ရအောင်။" ဂယ်ရီက စိုးရိမ်တကြီးအမိန့်ပေးသည်။
အယ်လွန်ဆိုက ခေါင်းညိတ်လိုက်သည်။
"ငါသိပါတယ်၊ ငါ့တာဝန်ထားလိုက်”
ဤသို့ပြော၍ သူက ရွှယ်ရှန်းနှင့် နျန်နျန်တို့ဆီသို့ ဦးစွာ ချီတက်လာသည်။ ထို့နောက် မိန်းကလေးနှစ်ယောက်ထံမှ အော်ဟစ်သံများထွက်ပေါ်လာသည်။ သို့သော် ထိုအချိန်တွင် အဆုံးမဲ့သော သတ်ဖြတ်ရောင်ဝါများသယ်ဆောင်လာသည့် အသံက ကောင်းကင်မှ ထွက်ပေါ်လာသည်။
"မင်းက ငါ့သမီးတွေကို ဘယ်လိုအနိုင်ကျင့်ရဲတာလဲ"
လူတိုင်းက ထိတ်လန့်၍ မော့ကြည့်လိုက်ကြသည်။
၎င်းတို့ဆီသို့ အလင်းတန်းတစ်ခုက အလင်းတန်းတစ်ခု အရှိန်အဟုန်ဖြင့် ရွေ့လျားလာကာ အယ်လွန်ဆို၏ မလှမ်းမကမ်းသို့ ချက်ချင်းရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။
အရှိန်က အလွန်မြန်လွန်းလှသဖြင့် အယ်လွန်ဆိုက တုံ့ပြန်ရန်အချိန်ပင်မရှိပေ။ ပြင်းထန်သော ဒေါသများနှင့်ပြည့်နှက်နေသည့် လက်သီးများက အယ်လွန်ဆို၏ မျက်နှာသို့ တိုက်ရိုက်ထိမှန်သွားသည်။
ဘမ်း
ဤထိုးချက်ကအောက်တွင် အယ်လွန်ဆို၏ ခေါင်းက မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က တစ်စုံတစ်ခုကြောင့် ကြေမွသွားသကဲ့သို့ တစ်လက်မချင်း အက်ကွဲသွားသည်။
ကောင်းကင်ယံထက်၌ သွေးများ ပြန့်ကျဲလာသည်။
အလင်းသူရဲကောင်း၏ လက်ထောက်တပ်မှူးဟောင်းအယ်လွန်ဆိုသည် အပိုင်းပိုင်းကွဲကြေသွားခဲ့သည်။
ထိုမှသာ လူတိုင်းက လေထုအလယ်၌ရပ်နေသော သတ်ဖြတ်လိုစိတ်များပြည့်နေသည့် မျက်နှာဖြင့် သူ့မျက်နှာကို မြင်လိုက်ရသည်။
ဤလူကိုမြင်သောအခါ ရွှယ်ရှန်းနှင့် နျန်နျန်တို့က ရွှင်လန်းစွာ အော်လိုက်ကြသည်။
"ဖေဖေ"
"ဖေဖေ၊ နောက်ဆုံးတော့ သမီးတို့ကို ကယ်ဖို့လာပြီ"
အမှန်စင်စစ် ဤသည်က ရွှယ်အန်းပင်ဖြစ်သည်။
ထိုအချိန်တွင် ရွှယ်အန်း၏ နှလုံးသားသည် ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။
သူသည် သွေးတောင်တန်းကိုချေမှုန်းပြီး ဤနေရာသို့ပြန်လာရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် ပြင်းထန်သော ရင်တုန်မှုကို ခံစားခဲ့ရသည်။ ထို့နောက် သူ့သမီးနှစ်ယောက်တွင် သူထားခဲ့သော အကာအကွယ်အခင်းအကျင်းများ နှစ်ခုစလုံးကို အသက်ဝင်သွားကြောင်း သူသိလိုက်ရသည်။
ယင်းမှာ မိမိ၏ သမီးများ အန္တရာယ်ကျရောက်နေပြီဟု ဆိုလိုခြင်းဖြစ်သောကြောင့် ၎င်းက သူ့ကို အလွန်တုန်လှုပ်စေခဲ့သည်။ ထို့ကြောင့် ခလိုရစ်ပေးသည့် အမှတ်အသားကို အသုံးပြု၍ နတ်သူငယ် လျို့ဝှက်နယ်မြေသို့ ချက်ချင်းပြန်သွားရန် စီစဉ်ခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ၊ ခလိုရစ်သည် အလင်း၌ ချုပ်နှောင်ခြင်းခံထားရ၍ အမှတ်အသားက အသုံးပြု၍ မရတော့ပေ။ ထို့ကြောင့် ရွှယ်အန်းသည် ဒေါသတကြီးဖြင့် သူ၏ ကျင့်ကြံရေးအဆင့်ကို လောင်ကျွမ်းစေကာ ခြေလှမ်းတစ်လှမ်းတွင်
ကီလိုမီတာ တစ်ထောင်ကျော်ကို ဖြတ်ကျော်လျက် လန်ဒန်မြို့အပြင်ဘက်ရှိ လယ်ကွင်းသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။
သူ့သမီးများ လုံခြုံနေကြောင်း မြင်လိုက်ရသောအခါမှ သူ့စိတ်က အနည်းငယ် ပြေလျော့သွားသည်။ ထို့နောက် အနန္တစကြဝဌာကို မီးရှို့ပစ်နိုင်မည့် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ပေါက်ကွဲလာသည်။
သူ၏ အင်မော်တယ်ကျင့်ကြံမှု အနှစ်သုံးထောင်တွင် စည်းမျဉ်းတစ်ခုသာ ရှိသည်။
အန်းယန်နဲ့ သူ့သမီးနှစ်ယောက်ကို နာကျင်အောင် လုပ်ရဲသောသူသည် မြောက်များစွာသော နယ်မြေများ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်နေစေကာမူ၊ ကောင်းကင်ကိုးဘုံက နတ်ဘုရားဖြစ်နေစေကာမူ သတ်ပစ်ရမည်ဟူ၍ ပင်ဖြစ်၏။
ယခုမူ၊ အလင်းအသင်းတော်သည် ၎င်းတို့ ဘယ်သောအခါမှ သွားမထိသင့်သော လူတစ်ဦးကို နောက်ဆုံးတွင် နှိုးဆော်ခဲ့သည်။
အခန်း(၃၉၉) အလင်းအသင်းတော် တည်ရှိရန် မလိုတော့ပေ
ရွှယ်အန်းက ဦးခေါင်းညိမ့်ပြကာ သူ့သမီးနှစ်ယောက်ကို နူးညံ့စွာ ပြုံးပြလိုက်သည်။
"သမီးလေးတို့၊ ဒီလူဆိုးတွေအားလုံးကို သုတ်သင်ဖို့ ဖေဖေ့ကို စောင့်နော်"
"ဖေဖေ၊ ဒီကောင်တွေက အရမ်းကြောက်စရာကောင်းတယ်၊ သမီးလက်ကိုတောင် ရှသွားတယ်”
ရွှယ်နျန်က နှုတ်ခမ်းစူကာ ညည်းညူ၍ လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။
ဒဏ်ရာက သေးငယ်လှသဖြင့် သက်သာသွားသော်လည်း ရွှယ်အန်း၏ နှလုံးသားကမူ ပြင်းထန်စွာ နာကျင်နေဆဲဖြစ်သည်။
“မကြောက်နဲ့နော် နျန်နျန် ဖေဖေ သမီးအတွက် လက်စားချေပေးမယ်”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လေထုထဲတွင် တစ်ယောက်တည်း ရပ်နေသော ဂယ်ရီကို ကြည့်ရန် ခေါင်းကို လှည့်ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
"အလင်းအသင်းတော်လား"
ဂယ်ရီသည် တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် ရွှယ်အန်းကို ထိတ်လန့်တကြားကြည့်လိုက်သည်။
"မင်း... မင်းက အလင်းသူရဲကောင်းကို သတ်ရဲတာလား။ နတ်သူရဲကောင်းက မင်းကို အလွတ်မပေးဘူးကွ”
ဂယ်ရီသည် အယ်လွန်ဆိုသေဆုံးမှုအတွက် အလွန်ကြောက်လန့်နေသည်။ တကယ်တမ်းတွင် နတ်သူရဲကောင်းက အပြင်းအထန် ကာကွယ်ပေးထားသောကြောင့် လူသိများသော အယ်လွန်ဆို သေဆုံးသွားကြောင်းသာ ပေါက်ကြားသွားလျှင် နတ်သူရဲကောင်း၏ ဒေါသက သူ့အပေါ်တွင်ရှိပေလိမ့်မည်ဖြစ်သည်။
သို့သော် ရွှယ်အန်းက ပြုံးရုံသာ ပြုံးလိုက်သည်။
“နတ်သူရဲကောင်းဟုတ်လား။ သူလည်း မကြာခင်သေရမှာပဲ မင်းကတော့ ဒီနေ့သေရမယ်”
ဂယ်ရီက အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။ ထို့နောက် သူ၏ မျက်နှာက ချက်ချင်းပင် ထိတ်လန့်တကြား ဒေါသနှင့်ပြည့်သွား၏။
“မင်း ဘယ်သူ့ကို ပြောနေတာလဲသိလား။ ငါက ဥရောပရဲ့ အမျိုးသားဂိုဏ်း ကာဒီနယ်…”
သူ့စကားကို အသုံးမသတ်နိုင်ခင်၌ပင် ရွှယ်အန်းက ရှိနေသောနေရာမှ ပျောက်ကွယ်သွားကာ နောက်ထပ်တစ်စက္ကန့်၌ သူ့ဘေးသို့ရောက်လာ၏။
“ကာဒီနယ်တွေ ထပ်ပြီးရှိတော့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းရဲ့ အသင်းတော်က…. ဆက်ပြီးတည်ရှိတော့မှာမဟုတ်လို့ပဲ”
ဤသို့ပြော၍ မီးတောက်မီးလျံများထွက်ပေါ်လာသည်။
ဂယ်ရီက တုန်လှုပ်လျက် မယုံကြည်နိုင်စွာဖြင့် အော်လိုက်သည်။
“အလင်းနတ်မီးတောက်လား မင်း.. ဘယ်လိုလုပ် အဲ့လို နတ်မီးတောက်ကို ပိုင်ဆိုင်ထားတာလဲ”
"မင်းက ဘယ်သူလဲ" ဂယ်ရီက ကြောက်လန့်တကြားအော်လိုက်သည်။
“မင်းရဲ့အသင်းတော်ကို ချေမှုန်းပစ်မယ့်သူ” ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာပြော၍ လက်ကိုဝှေ့ယမ်းလိုက်သောအခါ အဖြူရောင်မီးတောက်များက ဂယ်ရီကို ဖုံးလွှမ်းသွားသည်။
မီးတောက်အတွင်းမှ နာကျင်စွာအော်သံများ ထွက်ပေါ်လာပြီးနောက် ဂယ်ရီသည် ဗလာနတ္ထိအဖြစ်သို့ လောင်ကျွမ်းသွားသည်။ ဤသို့ဖြင့် နတ်သူငယ်လျို့ဝှက်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခဲ့သော အလင်းအသင်းတော်ဝင်များအားလုံး သေဆုံးခဲ့ရသည်။ ရွှယ်အန်းက မြေပြင်ပေါ်သို့ သက်ဆင်း၍ သူ့သမီးနှစ်ယောက်ကို အလျင်စလို မချီ၍ သေချာစွာ စစ်ဆေးသည်။
သူတို့ မနာကျင်သေးကြောင်း သေချာပြီးမှသာ သက်သာရာရသွားခဲ့သည်။ ထိုအချိန်တွင် ခလိုရစ်က ရှက်ကြောက်စွာဖြင့် ဦးညွတ်လိုက်၏။
“သခင် မမလေးနှစ်ယောက်ကို မကာကွယ်ပေးနိုင်လို့ ကျွန်မကို အပြစ်ပေးပါ”
မယ်တော်နတ်ဘုရားမက ဤသို့ပြောသည်ကို မြင်လျှင် နတ်သူငယ်မျိုးနွယ်စုဝင်များအားလုံး ဒူးထောက်လိုက်ကြသည်။
“သခင် ဒါ ကျွန်တော်တို့ရဲ့ ကြီးကြပ်ကွပ်မှုအားနည်းလို့ ကျွန်တော်တို့ကို အပြစ်ပေးတော်မူပါ"
“ဖေဖေ ဒါ လူဆိုးတွေရဲ့ အပြစ်ပါ မယ်တော်နတ်ဘုရားမနဲ့ သူတို့မှာ အပြစ်မရှိပါဘူး”
“ဟုတ်တယ် မမပြောတာ မှန်တယ်”
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ပြောသည်။
ရွှယ်အန်းက ပြုံး၍ ခလိုရစ်ကို ပြောလိုက်သည်။
“မတ်တပ်ရပ်ပါ ဒါ မင်းအပြစ်မဟုတ်ဘူး။ အလင်းအသင်းတော်က လူတွေရဲ့ အပြစ်ပါ”
ရွှယ်အန်း၏ စကားကိုကြားသောအခါ ခလိုရစ်က မတ်တပ်ထရပ်လိုက်သည်။
"ဖေဖေ မေမေ ဘယ်မှာလဲ" ရွှယ်ရှန်းက မေးသည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
“ဒီမှာ တစ်ခုခုမှားနေတာ သိလိုက်ရလို့ ဖေဖေ အမြန်ပြေးလာခဲ့တာ။ အဲ့တာကြောင့် မေမေက နည်းနည်းနှေးတယ်။ သူရောက်ဖို့ နည်းနည်းကြာဦးမယ်”
သူစကားပြောနေစဉ်တွင် ဒယ်ပြားကိုကိုင်ဆောင်ကာ ဒေါသအမျက်ထွက်နေသော အန်းယန်သည် နတ်သူငယ် လျို့ဝှက်နယ်မြေတွင် ပေါ်လာသည်။
"ဘယ်သူက ငါ့သမီးတွေကို နာကျင်အောင် လုပ်ရဲတာလဲ။"
ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော အန်းယန်က ယခုအခါတွင် ၎င်း၏အမြီးကို နင်းထားသော ကြောင်တစ်ကောင်ကဲ့သို့ပင်၊ သူမ၏ မျက်နှာသည် လူသတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေသည်။
"မေမေ၊ လူဆိုးတွေကို ဖေဖေ ရှင်းပစ်လိုက်ပြီ
" ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ရွှယ်အန်း၏လက်များမှ လျင်မြန်စွာ ခုန်ဆင်းကာ သူမထံသို့ ပြေးသွားကြသည်။
အန်းယန်သည် ငုတ်တုတ်ထိုင်၍ သူမ၏သမီးနှစ်ယောက်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည့်တိုင် နှလုံးသားက ကြောက်လန့်တကြားခုန်နေဆဲဖြစ်သည်။
ထိုအချိန်က ရွှယ်အန်းသည် ဒေါသတကြီးနှင့် မိမိတို့၏ သမီးများ တစ်ခုခုဖြစ်သွားနိုင်သည်ကိုပြောကာ ကောင်းကင်ယံထက်သို့ ပျောက်ကွယ်သွားခဲ့သည်။ ထိုစကားများကို ကြားလိုက်ရသည်နှင့် အန်းယန်၏ နှလုံးသားက ပေါက်ကွဲလုမတက်ဖြစ်၍ ချက်ချင်းပင် နောက်သို့ ဆုတ်သွားခဲ့ရသည်။ သူမ၏ ခွန်အားဖြင့် လန်ဒန်သို့ မြန်ဆန်စွာ မပြန်နိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သွေးမျိုးနွယ်စုဝင်နှစ်ဦးဖြစ်သည့် ဆယ်လီနာနှင့် ကွင်တီနာတို့၏ အကူအညီဖြင့် သူမသည် အချိန်မီပြန်လည် ရောက်ရှိလာနိုင်ခဲ့သည်။
အန်းယန်က ရွှယ်အန်းကို မျက်စိမှိတ်ယုံကြည်ထားသော်လည်း သူမ၏ နှလုံးသားက လမ်းတစ်လျှောက်လုံး တုန်လှုပ်ချောက်ခြားသော ခံစားချက်များနှင့် ရောထွေးနေသေးသည်။ ယခုဆိုလျှင် ဖခင်နှင့် သမီးများအားလုံး လုံခြုံ၍ သာယာနေသည်ကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားသည်။ ထိုအချိန်တွင် ရွှယ်အန်းက လက်ကိုဝှေ့ယမ်းကာ လျို့ဝှက်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထား အလင်းစွမ်းအားကို ဖြိုခွဲလိုက်သည်။
သဘာဝရဲ့ စွမ်းအား ပြန်လည်ထွက်ပေါ်လာသောအခါ ခြောက်သွေ့နေသော သစ်ပင်များအားလုံး ပြန်လည်အသက်ဝင်လာသည်။ လူတိုင်းက မိခင်သစ်ပင်ဆီသို့ ပြန်ခဲ့ကြသည်။
ခလိုရစ်က နောက်ဆုံးတစ်ကြိမ်ထပ်မံတောင်းပန်သောအခါ ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ငါပြောပြီးပြီ။ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး။ အလင်းအသင်းတော်ရဲ့ အပြစ်ပဲ”
အလင်းအသင်းတော်။
အန်းယန်က ဤစကားများကို ကြားသောအခါ မုန်းတီးစွာ အံကြိတ်လိုက်သည်။
ထို့နောက် ခလိုရစ်က မေး၏။
“သခင် ဘာလုပ်ဖို့ စီစဥ်ထားလဲ”
“ငါဘာလုပ်နိုင်သေးလဲ။ တစ်ယောက်ယောက်က ငါ့ကို ရန်လာမစသရွေ့ ငါလည်း ဘယ်သူ့ကိုမှ ရန်မစဘူး။ ဒါပေမယ့် အခုတကယ် လာထိပြီဆိုတော့ ငါ သတ်ရမှာပေါ့။ ဒီအလင်းအသင်းတော့က… ဆက်ပြီး တည်ရှိစရာအကြောင်းမရှိတော့ဘူး”
သူ့စကားကြောင့် လူတိုင်း အကြီးအကျယ်တုန်လှုပ်သွားကြသည်။ နတ်သူငယ်များစွာက တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြည့်နေကြသည်။ တကယ်တမ်းတွင် ရွှယ်အန်းက ဂယ်ရီကို ပြောလိုက်သောစကားမျိုးကို သူကြားခဲ့ဖူးသော်လည်း ရွှယ်အန်းက အပေါ်ယံပြောနေခြင်းသာဖြစ်မည်ဟု ထင်ခဲ့ကြသည်။
ယခုမူ ရွှယ်အန်း၏ အမူအရာက လေးနက်နေ၏။
‘တကယ်များ သူ…’
နောက်ဆုံးတွင်မူ ၎င်းတို့က အလင်းအသင်းတော်နှင့် နှစ်တစ်ထောင်ကျော် ရန်ငြှိုးရှိခဲ့ကြသည်။
သို့သော် အများအားဖြင့် စိတ်ကောင်းရှိတတ်သူ အန်းယန်ပင်လျှင် ခေါင်းညိတ်လိုက်သည်။
“ယောက်ျား ကျွန်မ သဘောတူတယ်။ ဒီလူတွေက လုံးဝ ရက်စက်တတ်တယ်။ အခု သူတို့ကို ကိုင်တွယ်ရမယ့်အချိန်ရောက်ပြီ”
ခလိုရစ်၏ မျက်လုံးများက မျှော်လင့်ချက်နှင့် တောက်ပသွားသည်။ ရွှယ်အန်းကသာ အလင်းအသင်းတော်ကို အမှန်တကယ် ချေမှုန်းနိုင်ခဲ့ပါက ညအမှောင်နတ်သူငယ်များအတွက် နေ့ရက်များသည် ပို၍ ကောင်းမွန်လာမည်ဖြစ်သည်။
ထို့အပြင် သူမ၏ အကျိုးစီးပွားကို တိုးတက်စေနိုင်သည့် ဤကဲ့သို့ ကိစ္စမျိုးတွင် သူမ မည်သို့ မရပ်တည်ဘဲ နေရလိမ့်မည်နည်း။
ဤသည်ကိုတွေး၍ သူမက ပြောလိုက်သည်။
“ခလိုရစ်က သခင်နဲ့အတူ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်”
မိမိတို့၏ နတ်ဘုရားမက ဤသို့ ပြုမူသည်ကို မြင်သောအခါ နတ်သူငယ်အပေါင်းတို့က တညီတညွတ်တည်း ဦးညွတ်လိုက်ကြသည်။
“ကျွန်ုပ်တို့သခင်နောက်ကနေ စစ်တိုက်လိုပါတယ်”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဤအချိန်တွင် အကြီးအကဲလူနာက ပြောသည်။
"သခင်၊ အရှင့်ရဲ့ ကျင့်ကြံရေးအဆင့်က ပြိုင်ဘက်ကင်းပေမယ့် ပြိုင်ဘက်က မ ဥရောပကို နှစ်ထောင်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့ ကြီးမားတဲ့ အင်အားဖြစ်လို့ ကိုယ့်ကိုကိုယ်ပဲ အားကိုးနေရတာ မလုံလောက်ပါဘူး။ ဘာလို့ ကျွန်မတို့ သတင်းဖြန့်ပြီး မဟာမိတ်တွေမရှာတာလဲ”
ရွှယ်အန်းက သဘောတူခြင်း သို့မဟုတ် မတူခြင်း မဖော်ပြသော်လည်း ပြောလိုက်သည်။
“ကောင်းပြီ ဒါ့ဖြင့်ရင် မင်း ဒီကိစ္စကို တာဝန်ယူရလိမ့်မယ်”
“ဟုတ်ကဲ့”
မကြာခင်၌ ဥရောပတစ်ခွင်ကို ထိတ်လန့်စရာကောင်းသော သတင်းတစ်ခု ပျံ့နှံ့သွားသည်။
ဥရောပရှိ အမျိုးသားဂိုဏ်း ကာဒီနယ်နှင့် အလင်းသူရဲကောင်းအဖွဲ့၏ လက်ထောက်ခေါင်းဆောင်ဟောင်း ကျရှုံးသွားခဲ့ရာ သတ်ဖြတ်သူကား ရွှယ်အန်းဖြစ်သည်။ ဤသတင်းက အလွန် အံ့ဖွယ်ကောင်းနေပြီဖြစ်သော်လည်း ထပ်မံထွက်ပေါ်လာသည့် သတင်းက ပို၍ အံ့ဖွယ်ကောင်းနေသည်။
ရွှယ်အန်းက မိမိသည် အလင်းအသင်းတော်ကို လုံးလုံးလျားလျား ဖြိုခွင်းပစ်မည်ဟု ကြေညာခဲ့သည်။
ဤသည်က ပျားအုံကို တုတ်ဖြင့် ထိုးခြင်းနှင့် တူညီ၏။
ဤအဖြစ်အပျက်ကြောင့် ဥရောပတစ်ခွင်လုံး တုန်လှုပ်ခြောက်ခြားခဲ့ရသည်။
မှနသ်ည်။ အလင်းအသင်းတော်သည် နှစ်များတစ်လျှောက် လူမုန်းများခဲ့ကာ ၎င်း၏ လက်ရှိအခြေအနေက
အလယ်ခေတ်၏ အထွတ်အထိပ်နေရာနှင့်မကွာခြားလှပေ။ သို့သော် သေသည်အထိ ပိန်သွားသော ကုလားအုတ်တစ်ကောင်သည် မြင်းထက်တော့ ကြီးနေဆဲဖြစ်သည်။
နှစ်ပေါင်းတစ်ထောင်ကြာ ဆင်းသက်လာခဲ့သည့် အမှောင်ကောင်စီနှင့် သွေးမျိုးနွယ်စုတို့ကဲ့သို့ ရှေးခေတ်အာဏာစက်နှစ်ခုတို့က အလင်းအသင်းတော်ကို ချေမှုန်းနိုင်ခြင်းမရှိခဲ့ပေ။
‘ရွှယ်အန်းတစ်ယောက်တည်း ကမ္ဘာ့အဆင့်မီ အဖွဲ့အစည်းကြီးဖြစ်တဲ့ အသင်းတော်ကို စိန်ခေါ်နေတာလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’