အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အခန်း(၄၀၆) မီးလောင်နေသောအိမ်ကို လုယက်ခြင်း
ဤသို့ပြောလျက် သူသည် သူ့ဖုန်းဖြင့် စက်ရုပ်ပိုးဟပ်တစ်ကောင်ကို အဝေးမှ ထိန်းချုပ်ကာ ရင်ပြင်တစ်ဝိုက်၌ ပျံသန်းနေစေသည်။ အန်နာစတေးရှားက ချီးမွမ်းလျက် ခေါင်းညိတ်လိုက်သည်။
“ခါရာဆက် ရှင့်လို အရိုးအိုကြီးက ဒီလို ဒီလိုနည်းပညာမြင့်ပစ္စည်းတွေကို ကိုင်တွယ်နိုင်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး"
ခါရာဆက်က အနည်းငယ် မကျေမနပ် ငြီးတွားလိုက်သည်။
“မစ္စ တက်စီယာ၊ မှော်နက်ဆရာ တစ်ယောက်အနေနဲ့၊ ကျုပ်က အသက် တစ်ရာနှစ်ဆယ်ကျော်ပဲရှိသေးတာကို မင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်”
အန်နာစတေးရှားက မထီမဲ့မြင်ပြုလိုက်၏။
"လူငယ်ဟုတ်လား။ ဆေးပြင်းလိပ်သောက်ရင် ခေါင်းကအပေါက်တွေက အငွေ့တွေထွက်လာတဲ့လူငယ်လား"
ဖန်းမင်ရွှယ်သည် မူလက မရယ်ချင်သော်လည်း အန်နာစတေးရှား၏ ပြောစကားများကို ကြားကာ ယခင်က ပုံရိပ်ကို ပြန်သတိရလျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဖန်းမင်ရွှယ်၏ ရယ်သံကိုကြားသောအခါ ခါရာဆက်က အနည်းငယ် မှင်တက်ကာ ရှက်ရွံ့သွားသည်။
“အဟမ်း မင်းဘာပဲပြောပြော မင်းတပည့် မင်ရွှယ်ကတော့ ငါ့ကို တော်တော်ချစ်ပုံရတယ် ဟုတ်လား" ခါရာဆက်က ဖန်းမင်ရွှယ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။
မှန်သည်။ ဤမျှော်လင့်ချက်ရှိသည့်အမူအရာကို သူ၏ မျက်လုံးပေါက်များထဲမှ ကခုန်နေသော မီးတောက်နှစ်ခုကိုကြည့်၍သာ ပိုင်းခြားသိရှိနိုင်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အတူဖြတ်သန်းပြီးနောက်၊ ဖန်းမင်ရွှယ်သည် ခါရာဆက်၏အလေ့အကျင့်များနှင့် ရင်းနှီးလာခဲ့သည်။
ခေတ်ရေစီးကြောင်းများနောက်သို့လိုက်ခြင်း,၊ ကြုံတိုင်း ပရောပရည်လုပ်ခြင်း၊ လှပသောအမျိုးသမီးတစ်ဦး၏ရှေ့တွင် ကပ်တွယ်နေ၍ အမြဲပင် မျက်နှာပြောင်တိုက်တတ်ကာ မယုံနိုင်ဖွယ်ကောင်းလောက်အောင်ပင် ရူးနှမ်းနေသူဖြစ်၏။
ဤအရာများသည် ခါရာဆက်၏ အထင်ရှားဆုံးသော လက္ခဏာများဖြစ်သည်။
အန်နာစတေးရှားကပြောခဲ့သကဲ့သို့ပင် အလယ်ခေတ်၌ သူ့ဂိုဏ်းက အသင်းတော်၏ လက်အောက်၌ ပျက်သုဥ်းခဲ့ခြင်းကား ကောင်းသောအရာတစ်ခုဖြစ်သည်။ မဟုတ်လျှင် ယနေ့အထိ ၎င်းတို့အသက်ရှင်ကျန်နေခဲ့ပါက ၎င်းတို့ ဒေါသဖြစ်၍ သေရပေလိမ့်မည်။ ထို့ကြောင့် ဖန်းမင်ရွှယ်သည် ယဥ်ကျေးစွာပြုံး၍ တုံ့ပြန်ကာ အနည်းငယ် ဝေးရာသို့ မသိမသာ ထွက်ခွာသွားခဲ့သည်။
ယခုမူ ခါရာဆက်က အမှန်တကယ်ပင်ရှက်ရွံ့သွားရသည်။
“ဟင် ဒါတွေက အမှောင်ဘုန်းတော်ကြီးတွေမဟုတ်ဘူးလား” ခါရာဆက်သည် ဖန်သားပြင်ပေါ်ရှိ အဆင့်မြင့်အမှောင်ဘုန်းတော်ကြီး ထို့ရန်ကို လက်ညှိုးထိုးပြလိုက်သည်။
အန်နာစတေးရှားက မျက်မှောင်ကြုတ်၍ ကြည့်နေ၏။
“ထို့ရန်နဲ့သူလူတွေက ဒီလောက် သတ္တိရှိနေကြလား။ တကယ်ပဲ ရင်ပြင်မှာ လျှောက်သွားရဲတယ်ပေါ့”
ခါရာဆက်က နှုတ်ခမ်းများ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်သည်။
“ ဒီကောင်တွေက ငါတို့လိုမဟုတ်ဘူး။ သူတို့က သဘာဝအင်အားကို ကိုးကွယ်ပြီးတော့ အဲ့တာမသုံးဘူးဆိုရင် သာမန်လူတွေနဲ့ ထူးမခြားနားပဲ။ ဒါ့ကြောင့် သူတို့က အလိုလိုကို အလင်းအသင်းတော်ကို ကြောက်ကြတာ။ ဒါပေမယ့် ငါတစ်ခုတော့သိချင်သေးတယ်။ ဒီကောင်တွေ ဒီကို ဘာလာလုပ်နေတာလဲ”
ခါရာဆက်က ဤသို့ပြောနေစဥ် ထို့ရန်က သူ့အဖွဲ့ကို ရင်ပြင်သို့ ဦးဆောင်၍ ခေါ်သွားသည်။ ၎င်းတို့၏ ရည်ရွယ်ချက်က ရိုးရှင်းသည်၊ ဤနေရာမှ အမြတ်ထုတ်ရန် အခွင့်အလမ်း ရှိမရှိ သိလိုကြခြင်းသာဖြစ်၏။
အလင်းအသင်းတော်အပေါ် အခြားသော အင်အားစုများ၏ နက်နဲသော မုန်းတီးမှုနှင့် နှိုင်းယှဥ်လျှင် အမှောင်ဘုန်းတော်ကြီးများတွင် ထိုကဲ့သို့ မုန်းတီးမှုမျိုးမရှိပေ။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် ထို ပရမ်းပတာ ပဋိပက္ခများမှ အမြတ်ထုတ်ရန်သာ ဆန္ဒရှိကြသည်။ သို့သော်လည်း ထို့ရန်သည် လှည့်ပတ်ကြည့်ပြီးနောက် မည်သည်ကမျှ ထူးခြားပုံမှန်မဟုတ်ဖြစ်နေသည်ဟု မခံစား၍သဖြင့် အနည်းငယ် အထင်သေးမိသွားသည်။
ဒေးဗစ်က အဝေးမှ ထို့ရန်ကို စူးစိုက်ကာကြည့်၍ လှမ်းပြောလိုက်သည်။
“အမှောင်ဘုန်းတော်ကြီးတွေပဲ။ ဒီကောင်တွေပါ ဒီကို ရောက်လာတာကြည့်ရရင် ကိစ္စတွေက ပိုဆိုးတော့မယ်ထင်တယ်”
မုတ်ဆိတ်မွေးနှင့်လူက သူ့ကိစ္စနှင့်သူ အလုပ်ရှုပ်နေသည့်ဟန်ဖြင့် ပြုံး၍ ဖောက်သည်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက နောက်သို့လှည့်၍ ခပ်တိုးတိုးပြောလိုက်၏။
“ဒီ ပွဲက ဖုံးကွယ်နေတဲ့ အမှောင်အင်အားစုတွေကို ပိုပြီး ရှုပ်ထွေးစေလိမ့်မယ်။ ဆက်ပြီး စောင့်ကြည့်နေပါ။ အထူးသဖြင့် အမှောင်ကောင်စီရဲ့ အဖွဲ့ဝင်တိုင်းကို အာရုံစိုက်ထား”
“ဟုတ်”
ဒေးဗစ်က သူ၏ နောက်ဆုံး အသားညှပ်ပေါင်မုန့်ကို မြိုချလျက် တုံ့ပြန်လိုက်သည်။ အလင်းအသင်းတော်၏ ခမ်းနားသော ဘုရားရှိခိုးကျောင်းမှ ခပ်တိုးတိုး ရွတ်ဆိုသံက လွင့်ပျံလာသည်။
ဒေးဗစ်သာမက ရင်ပြင်မှလူများအားလုံး မျက်လုံးများ ပြူးကျယ်လျက် အံ့အားသင့်သွားသည်။ ဘုရားစာရွတ်သံက အံ့ဖွယ်ကောင်းလောက်အောင် လှပနေသောကြောင့်… နတ်သမီးများက ရွတ်ဆိုနေသည့်အလားပင် ထင်ရသည်။
…
မြေပြင်မှ ခပ်ဖျော့ဖျော့အလင်းရောင်ထွက်လာပြီးနောက် ရင်ပြင်တွင်ရပ်နေသော ရုပ်တုကြီးဆီသို့ ဦးတည်သွားရာ ဘုရားစာရွတ်သံများက ပို၍ ပို၍ ကြည်လင်ပြတ်သားလာသည်။
ထိုအချိန်တွင် အော်သံတစ်သံက လေထုကို ဖြိုခွင်းလျက် ထွက်ပေါ်လာ၏။
အမှောင်မျိုးနွယ်စုများမှ ကောင်းစွာဖုံးကွယ်ထားသော အဖွဲ့ဝင်တစ်ဦးသည် သန့်စင်သော အလင်းရောင်အောက်တွင် အမှောင်မီးခိုးငွေ့များအဘက်ဘက်မှ ထွက်လာပြီးနောက် ဆိုးရွားစွာ သေဆုံးသွားသည်။ ဤမြင်ကွင်းက လူတိုင်းကို သတိပေးလိုက်သည့်အလားပင်ဖြစ်၍ အများစုက တုန်လှုပ်ကာ ကြောက်လန့်တကြားဖြင့် ရင်ပြင်မှ ထွက်ပြေးရန် ကြိုးစားကြသည်။
သို့သော် ထိုအချိန်တွင် အော်ဟစ်သံက ပို၍ကျယ်လောင်လာသည်။ အလင်းအသင်းတော်တစ်ခုလုံးမှ ပြင်းထန်သောသန့်ရှင်းသောအလင်းများ ဖြာထွက်စပြုလာသည်။ မရေမတွက်နိုင်သော ယုံကြည်သူများနှင့် အသင်းတော်တို့သည် ယင်းကိုမြင်သောအခါ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လျက် ကျယ်လောင်စွာ ဆုတောင်းကြသည်။ အမှောင်မျိုးနွယ်စုမှ ထွက်ပြေးလိုသော ဘုန်းတော်ကြီးများသည်လည်း အကြောက်တရားကို ခံစားခဲ့ရသည်။ ၎င်းတို့က စိတ်ဝင်စားစရာတစ်ခုခုဖြစ်လာမည်ဟုတွေးလျက် ထိုနေရာတွင် ရှိနေကြခြင်းဖြစ်သော်လည်း ရုတ်တရက် ကိစ္စများက မည်ကဲ့သို့ ဖြစ်လာသနည်း။
ထို့ရန်က အံကြိတ်ကာ သူ၏ လူများကို ရင်ပြင်၏ အစွန်ဘက်သို့ ဆုတ်ခွာရန် တိတ်တဆိတ်ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ရင်ပြင်၏ အစွန်းသို့ရောက်သောအခါ သန့်ရှင်းသော အလင်းတန်းတစ်ခုက ရုတ်တရက် ပေါ်လာသည်။ အလင်း၏ဘုရားကျောင်းအပေါ်၌ တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာသည်နှင့်အမျှ ကြွေးကြော်သံက ပို၍ ကျယ်လောင်လာသည်။ အလွန်အားကောင်းသော ရောင်ဝါတစ်ခုက နေရာတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။
ယုံကြည်သူများအားလုံးနှင့် အသင်းတော်ဝင်အားလုံးက ဤသည်ကို မြင်သောအခါ မျက်ရည်များကျလာကြသည်။ ဒေးဗဏ်နှင့် ထို့ရန်တို့ကဲ့သို့ သူများသည် ၎င်းတို့၏ ဆွေမျိုးများကို ဆုံးရှုံးသွားသကဲ့သို့ ဖြူဖျော့စွာ စောင့်ကြည့်နေကြသည်။
အလင်းရောင်က တဖြည်းဖြည်း လေထုထဲတွင် လွင့်ပျံလာသည်။ ၎င်း၏ နောက်၌ စွမ်းအားကြီးသော ပုဂ္ဂိုလ်ကြီးတစ်ဦးပြီးတစ်ဦးပေါ်လာ၏။
ဒေးဗစ်က ညည်းတွားလုနီးသော လေသံဖြင့် ပြောလိုက်၏။
"ပုပ်ရဟန်းမင်းကြီး၊ အယူမှားတရားစီရင်ရေးမှူးချုပ်၊ အလင်း၏သန့်ရှင်းသောသူရဲကောင်း၊ အလင်း၏တရားသူကြီးချုပ်...ဒီအလင်းတန်းတွေအားလုံးစုရုံးပြီးပြီ။ ဒါ့ကြောင့် ဒီအလင်းက…”
သူ ဆက်မပြောဝံ့တော့ပေ။ နောက်ဆုံးရောက်ရှိလာသော ပုဂ္ဂိုလ်ကား အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ထိုအချိန်တွင် အလင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အလွန်ချောမောလှပ ငယ်ရွယ်သော အသွင်အပြင်ရှိသည့် ယောက်ျားတစ်ယောက်ထွက်ပေါ်လာသည်။
ဤလူသည် ရင်ပြင်ရှိလူတိုင်းကို ငုံ့ကြည့်ကာ ခပ်တိုးတိုးပြော၍ ပြုံးလိုက်သည်။
“ဘုရားသခင်က အလင်းရှိပါစေလို့ ပြောခဲ့တယ်”
သူ၏ စကားနှင့်အတူ မရေမတွက်နိုင်လောက်အောင်များပြားသော သန့်စင်သည့် အလင်းများ ထွန်းတောက်လာကာ ယုံကြည်သူများနှင့် အသင်းတော်ဝင်အားလုံးက ငယ်ရွယ်၍ သန်မာလာသည်ဟု ခံစားလာရသည်။ ဤဗျာဒိတ်တော်က ၎င်းတို့ကို ဤလူ့အပေါ် အရူးအမူးစွဲလမ်းစေသည်။ သို့သော် အမှောင်ထု၏ အငွေ့အသက်များ စွန်းထွနးနေသူများသည်မူ ကံမကောင်းခဲ့ပေ။
ဥပမာအားဖြင့် အလွန်စွမ်းအားကြီးသည့် နတ်အလင်းအောက်၌ ဖုံးလွှမ်းခံထားရသော ထို့ရန်၏ သဘာဝစွမ်းအားများက လုံးလုံးလျားလျား ချေမှုန်းခံရလုနီးပါးဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့် ထို့ရန်က မည်သည့်ဒဏ်ရာမျှ မရရှိဘဲ ထွက်ပြေးလွတ်မြောက်နိုင်လောက်အောင် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။
သို့ရာတွင် သူ၏ လက်အောက်ငယ်သားများက ကံမကောင်းခဲ့ပေ။ အများစုမှာ နတ်အလင်းအောက်၌ အော်ဟစ်ရန် အခွင့်အရေးပင်မရလိုက်ကြဘဲ ပျောက်ကွယ်သွားကြသည်။ ဤမြင်ကွင်းက ထို့ရန်တစ်ကိုယ်လုံးကို
တုန်လှုပ်သွားစေသော်လည်း သူနောက်ပြန်လှည့်မကြည့်ဝံ့ဘဲ အရူးအမူးပြေးသွားခဲ့သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီတစ်ခုကို ပြန်လည်သတိရမိသွားသောကြောင့်ပင်ဖြစ်ရာ ထိုအချိန်၌ အနက်ရောင်စီးပွားရေးကားထဲမှ ခါရာဆက်၊ အန်နာစတေးရှား နှင့်အခြားသူများသည် ၎င်းတို့ ဖုန်းဆက်ခရင်များပေါ်မှ လူကို ငေးကြည့်နေမိကြသည်။
ရုတ်တရက် ထိုသူက ခေါင်းကိုလှည့်၍ ဖန်သားပြင်ကို ကြည့်လိုက်သည်။
ဖုန်းစက်ခရင်က ကွဲထွက်ကာ နတ်အလင်းအပိုင်းအစများက လေထုကို ခွင်း၍ ခါရာဆက်ဆီသို့ ဦးတည်လာသည်။
အခန်း(၄၀၇) သူတော်စင်အမွေခံ ဆင်းသက်ခြင်း
ခါရာဆက်က ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ခပ်ပါးပါး အနက်ရောင်အခိုးအငွေ့က သူ့ရှေ့တွင် ကာကွယ်ပေးလိုက်သည်။ သို့သော် ဤအနက်ရောင်အခိုးအငွေ့က သန့်စင်သော အလင်းရောင်၏ရှေ့မှောက်တွင် စာရွက်ပါးတစ်ရွက်နှင့်တူကာ ခုခံရန် အင်အားမရှိပေ။
ထိုအလင်းတန်းက ခါရာဆက်၏ လက်မောင်းသို့ထိမှန်သွားသည်။
အနက်ရောင်မီးခိုးငွေ့များ မြင့်တက်လာပြီးနောက် ခါရာဆကက နာကျင်မှုဖြင့် ကျယ်လောင်စွာ ငိုကြွေး၏။ တစ်ချိန်တည်း၌ပင် အန်နာစတေးရှားက လက်ကိုဝှေ့ယမ်းလိုက်၏။
“အရှုပ်အထွေး”
သန့်စင်သောအလင်းရောင်က ဖုန်မှုန့်များဖြင့် ချက်ချင်းဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်း၌ပင် အန်နာစတေးရှားသည် ရှေ့သို့ တိုးကာ ခါရာဆက်၏ ထိခိုက်မိသော လက်မောင်းကို ဆွဲဖြုတ်၍ အဝေးသို့ပစ်ကာ အေးစက်စွာအမိန့်ပေးလိုက်သည်။
လူတိုင်း လန့်ဖျပ်သွား၍ ချက်ချင်းဆိုသကဲ့သို့ပင် ၎င်းတို့၏ အပြင်းထန်ဆုံးသော လွတ်မြောက်နိုင်စွမ်ကို အသုံးပြုကာ ကားထဲမှ ပျောက်ကွယ်သွားကြသည်။ ၎င်းတို့ လျင်မြန်စွာပျောက်ကွယ်သွားပြီးမကြာမီ၌ပင် အလင်းရောင်က ချုပ်နှောင်မှုမှ လွတ်မြောက်ကာ ပေါက်ကွဲသွား၏။
ဘမ်း
ရထားတစ်ခုလုံး ချက်ချင်းကွဲကြေသွားသည်။
မြင့်မြတ်သော ရင်ပြင်ပေါ်တွင် လူငယ်က အထင်သေးစွာ ကြွေးကြောလိုက်၏။
“တကယ်ပဲ သူတို့က အပြေးမြန်တာပဲ”
ပုပ်ရဟန်းမင်းကြီးက နောက်မှနေ၍ နှိမ်ချစွာပြောလိုက်၏။
“သူတော်စင်အမွေခံခင်ဗျာ သူတို့နောက်ကို လိုက်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်သင့်လား”
“မလိုပါဘူး ဒီ အမှောင်ပိုးကောင်တွေ နောက်ထပ်ရက်နည်းနည်း အသက်ရှင်ချင်ရှင်ပါစေ”
“ဟုတ်ကဲ့” ပုပ်ရဟန်းမင်းကြီးနှင့် အခြားသော ဘုန်းတော်ကြီးများအားလုံးက ညီညီညွတ်ညွတ် သဘောတူကြရာ ၎င်းတို့၏ အမူအရာများကအလွန် ဝပ်တွားခယလျက်ရှိသည်။ တစ်ချိန်တည်း၌ပင် ရင်ပြင်တစ်ခုလုံး အလွန်တောက်ပသော အလင်းဘုရားကျောင်းကြီးတစ်ခုလုံးက အမှန်ပင် သန့်ရှင်းသော အလင်းနိုင်ငံတော်တစ်ခုအလား မြင့်မြတ်လှကာ သစ္စာစောင့်သိသည့် ဘုန်းတော်ကြီးများအားလုံး တစ်ညီတညွတ်တည်း ဒူးထောက်ထိုင်ချလိုက်ကြလျက် ကောင်းကင်ယံထက်၌ ပြင်းထန်သော အလင်းတန်းများဖြာထွက်နေသည့် လူသားကို ရိုသေစွာ ဦးညွတ်လိုက်ကြသည်။
“ကျွန်တော်မျိုးတို့ ကမ္ဘာကို ဆင်းသက်လာတဲ့ သူတော်စင်အမွေခံကို ကြိုဆိုပါတယ်”
အလင်း၏ သားတော်က ညစ်ညမ်းစွာပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“ဘုရားသခင်က ဤလောကကို ချစ်တော်မူတယ်။ ဒီနေ့ မြင့်မြတ်သောသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေရန်နှင့် အမှောင်ကို ဖယ်ရှားရန် ကျုပ် ဒီကနေ့ ရှိနေရာမှာ ရှိနေရခြင်းပဲဖြစ်တယ်”
သစ္စာရှိ ဘုန်းတော်ကြီးများအားလုံးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို အထပ်ထပ်အခါခါညွတ်လျက် တစ်ချိန်တည်း၌ပင် အထိန်းအကွပ်မဲ့စွာ ငိုကြွေးကြသည်။ ၎င်းတို့အတွက် သက်ရှိဘုရားကို မြင်တွေ့ရခြင်းသည် ၎င်းတို့ဘဝအတွက် အကြီးမြတ်ဆုံးကောင်းချီးပင်ဖြစ်သည်။
တစ်ချိန်တည်း၌ပင် လွတ်မြောက်သွားသော ခါရာဆက်ကဲ့သို့သောသူများသည် အလွန်တရာမှ စိတ်ပျက်လက်ပျက်ဖြစ်လျက်ရှိနေကြသည်။
“ငါသိသားပဲ အလင်းအသင်းတော်က ဘယ်တုန်းကမှ လွယ်ကူတဲ့ ပြိုင်ဘက်မဟုတ်ခဲ့ဘူး။ ဒီတိတ်ဆိတ်မှုတွေ၊ ခုခံမှုတွေက သူတို့ သူတော်စင်အမွေခံကို ခေါ်နေတာကြောင့်ပဲ။ ချီးတဲ့မှ သူတို့ တကယ် ခေါ်နိုင်ခဲ့တယ်”
ခါရာဆက်က ကျိန်ဆဲ၍ လေးနက်ကြောက်ရွံ့မှုနှင့်အတူ တုန်ယင်လျက်ရှိသည်။
“သူတော်စင်အမွေခံက ရောက်နေပြီ။ အလယ်ခေတ်တုန်းက နတ်ဘုရားကျရှုံးမှုတိုက်ပွဲကတည်းက သူတို့ အဲ့လိုမျိုး လျို့ဝှက်နည်းလမ်းကို သုံးနိုင်မယ်လို့ မထင်ခဲ့ဘူး”
“ဒီ သူတော်စင်အမွေခံက တကယ်ပဲ… စွမ်းအားကြီးလား” ဖန်းမင်ရွှယ်က မေးသည်။
ဤသည်ကို ကြားသောအခါ ခါရာဆက်က သက်ပြင်းချလိုက်သည်။
“ဘယ်လိုပြောရမလဲ။ ဒီ သူတော်စင်အမွေခံက အလင်းအသင်းတော်က ကိုးကွယ်တဲ့ အလင်းနတ်ဘုရားရဲ့ သားတော်ပဲ။ တစ်ယောက်စီတိုင်းက အရမ်းစွမ်းအားကြီးပြီးတော့… တန်ခိုးရှင်လို့တောင် သတ်မှတ်လို့ရနိုင်တယ်”
ဤသည်ကိုကြားသောအခါ ဖန်းမင်ရွှယ်၏ မျက်နှာက သိသိသာသာ မှိန်ဖျော့သွားသည်။
"ဒါဆို... ရှင်ဆိုလိုတာက ရွှယ်အန်း... သူ အန္တရာယ်ရှိနေပြီလား"
လူတိုင်း တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အန်နာစတေးရှားက သက်ပြင်းချလိုက်သည်။
"သူ အန္တရာယ်ရှိလို့ မဟုတ်ပါဘူး၊ ဒါပေမယ် သေချာတယ် သူတော်စင်အမွေခံ ဆင်းသက်လာတာက တွန်းလှန်ရခက်တဲ့ စွမ်းအားကို ကိုယ်စားပြုတယ်။။ ရွှယ်အန်းက ကြောက်ဖို့ကောင်းတာမှန်ပေမယ့်.. သူက ဘယ်လိုလုပ် နတ်ဘုရားနဲ့ ယှဥ်နိုင်မှာလဲ”
ဖန်းမင်ရွှယ်က အနည်းငယ် ယိမ်းနွဲ့သွားကာ မူးလဲလုနီးပါးဖြစ်သွားသော်လည်း မင်ယန်က သူမကို အမြန် ကိုင်ထားပေးလိုက်သည်။ ထို့နောက် ဖန်းမင်ရွှယ်က ဖြူဖျော့နေသော မျက်နှာဖြင့် ပြော၏။
“အခြားနည်းလမ်းမရှိဘူးလား”
"တစ်ခုတော့ရှိတယ်၊ ဒါက သူတတ်နိုင်သလောက်ပြေးဖို့ အခုချက်ချင်းပဲ ရွှယ်အန်းကို အကြောင်းကြားလိုက်တာအကောင်းဆုံးပဲ" ခါရာဆက်က လေးနက်စွာပြောသည်။
ဖန်းမင်ရွှယ်က ခါးသက်စွာပြုံးလိုက်၏။
"သူ့ကို ကောင်းကောင်းသိပါတယ်၊ သူထွက်မပြေးဘူးဆိုတာ သေချာတယ်"
"ဒါဆို သူသေတာကိုပဲ တွေ့လိမ့်မယ်" ခါရာဆက်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
ဖန်းမင်ရွှယ်သည် ခေါင်းကို ဖြည်းညှင်းစွာမော့၍ သူမ၏ မျက်လုံးများတွင် တောက်ပသော အလင်းတန်းများ တောက်ပလာကာ ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်သည်။
"ဆရာ တစ်ချိန်က တားမြစ်ထားတဲ့ အရမ်းအစွမ်းထက်တဲ့ မှော်ပညာတစ်ခုရှိတယ်ဆို။ အဲ့ဂါထာကို ကျွန်မကို ကျေးဇူးပြုပြီးသင်ပေးပါ”
အန်နာစတေးရှား၏အကြည့်များ တုန်ခါသွားပြီးနောက် သူမ ခေါင်းယမ်းလိုက်သည်။
“မင်ရွှယ် ဒါ ယောက်ျားတစ်ယောက်အတွက် ထိုက်တန်ရဲ့လား”
“ထိုက်တန်ပါတယ်” ဖန်းမင်ရွှယ်က တည်ငြိမ်စွာပြောသည်။
"ဒါပေမယ့် ဒီတားမြစ်ထားတဲ့ ကျိန်စာတွေကို သင်ယူခဲ့မယ်ဆိုရင်တောင် အလင်းဟာ သဘာဝအတိုင်း အမှောင်ရဲ့ အန္တရာယ်ဖြစ်လို့ မင်း အလင်းသားတော်နဲ့ ရင်ဆိုင်နိုင်ဦးမှာမဟုတ်ဘူးလို့ ငါပြောနိုင်တယ်"
"ကျွန်မသိပါတယ် ဒါပေမယ့် ကျွန်မ လေ့လာကြည့်ချင်သေးတယ်” ဖန်းမင်ရွှယ်၏ လေသံက တည်ငြိမ်မြဲ တည်ငြိမ်ဆဲပင်ဖြစ်သည်။
အခန်းထဲရှိလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းကို ခါယမ်းလျက် ကူကယ်ရာမဲ့ ဖြစ်နေကြသည်။
“မင်ရွှယ် မင်းကတကယ် ကောင်းတဲ့ကလေးပါ။ ဒါပေမယ့် ဒါက မင်းကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး"
“ကျွန်မသိပါတယ်။ ဒါပေမယ့် သင်ယူကြည့်ချင်သေးတယ်” ဖန်းမင်ရွှယ်သည် ကျိုးပဲ့နေသော စက်ရုပ်တစ်ရုပ်ကဲ့သို့ ထပ်ခါထပ်ခါပြောနေ၏။
အန်နာစတေးရှားက နောက်ဆုံးတွင် ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ငါ မင်းကို သင်ပေးလို့ရတယ်၊ ဒါပေမယ့် မင်းနားလည်ရမယ်၊ လက်တွေ့မှာ ဘာမှ အကျိုးသက်ရောက်မှု မရှိဘူး"
ဖန်းမင်ရွှယ်က မည်သည့်စကားမျှ မပြောဘဲ တိုးတိတ်စွာ ခေါင်းငုံ့နေသည်။
ဖန်းမင်ရွှယ်က ထို အမှောင်တားမြစ်ကျိန်စာများကို အရူးအမူးလေ့ကျင့်နေသကဲ့သို့ပင် သူတော်စင်အမွေခံ ကြွမြန်းလာသည့် သတင်းက ဟာရီကိန်းမုန်တိုင်းကဲ့သို့ ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် ဥရောပတစ်ခွင်နှင့် တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားသည်။ လှုပ်ရှားရန် စိတ်အားထက်သန်သော မရေမတွက်နိုင်သော အင်အားစုများသည် ၎င်းတို့၏ ရပ်တည်ချက်ကို ချက်ချင်းပြောင်းလဲကာ အဆုံးစွန်လေးစားမှုသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အခွင့်ကောင်းယူချင်ခဲ့သော တပ်ဖွဲ့ငယ်များသည် အလွန်ထိတ်လန့်သဖြင့် ညသန်းခေါင်တွင် ထွက်ပြေးခဲ့ကြသည်။
အလင်းအသင်းတော်နှင့် အမြဲ ခင်မင်ရင်းနှီးခဲ့သော တပ်ဖွဲ့များသည်ပင် ယခုအချိန်တွင် ဆောင်းရာသီ၏ ပုစဥ်းရင်ကွဲများကဲ့သို့ အမြဲတိတ်ဆိတ်နေကာ ကြောက်ရွံ့တုန်လှုပ်လျက်ရှိကြသည်။ ဥရောပတစ်ခွင်လုံးသည် အလင်း၏ သားတော်ရှေ့တွင် ပြားပြားဝပ်လျက် အထိန်းအကွပ်မရှိ တုန်လှုပ်သွားသည်ဟု ဆိုနိုင်သည်။
တစ်ချိန်တည်း၌ပင် ရွှယ်အန်းအပေါ် လူတိုင်း၏သဘောထားက လုံးဝပြောင်းလဲသွားခဲ့သည်။
ရွှယ်အန်းသည် အလင်းအသင်းတော်ကို ဖျက်ဆီးနိုင်မည်ဟု အချို့က အမှန်တကယ် ယုံကြည်ခဲ့လျှင် ယခုအခါ ယင်းနှင့်ပတ်သက်၍ မည်သည့် မျှော်လင့်ချက်မျှ မရှိကြတော့ပေ။
သတင်းကြားပြီးနောက် ရှောင်အန်းအတွက် အသင့်တော်ဆုံးအရာမှာ ချက်ခြင်းထွက်ပြေးခြင်းဖြစ်သည်ဟု အချို့ကပင် တွေးထင်ခဲ့ကြသည်။
မဟုတ်ပါက ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာဖြစ်ပေလိမ့်မည်။
ထိုသံသယများနှင့် ရင်ဆိုင်နေရသော်လည်းရွှယ်အန်းက ဂရုမစိုက်ဘဲ ပြုံး၍ စိုးရိမ်မှု အနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသောအလင်းနိုင်ငံဆီသို့ ပြတ်ပြတ်သားသား ခရီးဆက်ကာ အန်းယန်ကို အလည်အပတ်ခရီးများ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။ လေထုက ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်ငြိမ်သက်သွားသောအခါ၌ သွေးတောင်တန်းတွင် ရွှယ်အန်း သတ်ဖြတ်ခဲ့သော သွေးမျိုးနွယ်စု၏ကောင်စီတွင် လေထုက ရုတ်တရက် ပြင်းထန်စွာပြောင်းလဲသွား၍ ကြီးမားသောသွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သွေးတောင်တန်းတစ်ခုလုံး တုန်လှုပ်သွားစေသည်။
ထို့နောက် လေထုအလယ်မှ ခြေထောက်တစ်ချောင်းထွက်လာကာ မြေပြင်ပေါ်သို့ ခြေချလိုက်သည်။
ဤလူ၏မျက်နှာသည် အလွန်ဆိုးရွားလှသည်၊ မျက်လုံးများသည် နီရဲနေသော သွေးရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ သူ့နောက်တွင် ကြီးမား တောက်ပသော အတောင်ပံတစ်စုံရှိသည်။
ထိုလူသည် သွေးမျိုးနွယ်ကောင်စီ၏အလယ်တွင် ရပ်လျက် ပတ်ပတ်လည်ကိုကြည့်ကာ မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။
ထိုအချိန်တွင် လေဟာနယ်မှ လူတစ်ဒါဇင်ကျော် ထွက်ပေါ်လာသည်။
သွေးမျိုးနွယ်စု’ ဒုတိယမျိုးဆက် သို့မဟုတ် ပထမမျိုးဆက်ဖြစ်သည့် ဤလူများအားလုံးသည် ၎င်းတို့၏ကျောတွင် အတောင်ခုနစ်ခု သို့မဟုတ် ရှစ်ခုပါရှိကာ မယုံနိုင်လောက်အောင် အစွမ်းထက်သော ရောင်ဝါကို ဖြန့်ကြက်ထားသည်။
"မြင့်မြတ်သောဘိုးဘေး"
သွေးမျိုးနွယ်စုအဖွဲ့ဝင်များအားလုံး ထိုလူကို ရိုသေစွာ ဦးညွှတ်ကြသည်။
“ငါ့သားသမီးတွေ ဘယ်မှာရှိနေတာလဲ၊ သူတို့ရဲ့ တည်ရှိမှုကို ငါဘာလို့ အာရုံခံလို့မရတာလဲ”
တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်၊ သွေးမျိုးနွယ်စု၏ ဒုတိယမျိုးဆက်အဖွဲ့ဝင်တစ်ဦးက ရှေ့သို့ တိုးလာ၏။
“လေးစားရပါသော ဘိုးဘေး ကျွန်တော်မျိုးရဲ့ ပုံရိပ်က မကြာခင်က ဒီကမ္ဘာကို ရောက်ခဲ့ဖူးပါတယ်။ အဲ့တုန်းက သွေးတောင်တန်းတစ်ခုလုံးကို သုတ်သင်ခဲ့သူတစ်ယောက်ရှိပါတယ်တယ်”
ဘမ်း
မမြင်နိုင်သော စွမ်းအင်တစ်ခုက သွေးမျိုးနွယ်စု၏ ဒုတိယမျိုးဆက် အဖွဲ့ဝင်ကို အဝေးသို့ လွင့်ကာ ပေါက်ကွဲသွားစေခဲ့သည်။ ရွှေရောင်သွေးများက မြေပြင်ပေါ်သို့ ကျလာသည်။
"ဘာလို့ အခုမှ ပြောရတာလဲ” သွေးဘိုးဘေးက အေးစက်စွာပြော၏။
ဒုတိယမျိုးဆက် သွေးမျိုးနွယ်စုအဖွဲ့ဝင်များက မြေပြင်ပေါ်တွင် တုန်တုန်ယင်ယင် ဒူးထောက်လိုက်ကြသည်။
"နတ်ဘိုးဘေး ပြန်လာတာကို ကျွန်တော်တို့ မနှောက်ယှက်ချင်ကြလို့ မပြောရဲခဲ့တာပါ”
“ဟား နိမ့်ကျတဲ့ လူသားတွေက ငါ့သားသမီးတွေကို သတ်ရဲသလား။ ကောင်းကောင်း ရှင်းထားလိုက်ပါ။ ဒီလူကို ငရဲသွေးကျွန်အဖြစ် ပြောင်းလဲပစ်ချင်တယ်၊ ထာဝရဆင်းရဲဒုက္ခတွေကို ထာဝရခံနိုင်ရည်ရှိပါစေ" သွေးမျိုးနွယ်စုကို ရက်စက်သော လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်”
အခန်း (၄၀၈) သွေးဘိုးဘေးများ ပြန်လာခြင်း
သူတော်စင်အမွေခံရောက်ရှိလာပါက ပြင်းအားကိုးအဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါက ထိုသွေးဘိုးဘေးများ ပြန်လာခြင်းက ပြင်းအားကိုး ငလျှင်၏ထိပ်ရှိ မီးတောင်ပေါက်ကွဲမှုနှင့်ဆင်တူသည်။ ဥရောပတစ်ခွင်လုံးနှင့် တစ်ကမ္ဘာလုံးသည် ဤဖောက်ခွဲရေးသတင်းကြောင့် လုံးဝ ဝရုန်းသုန်းကားဖြစ်ခဲ့ရသည်။
အလင်းနှင့်အမှောင်ဂိုဏ်းနှစ်ခုစလုံး၏ အပြင်းထန်ဆုံးသောအုပ်စိုးရှင်များသည် ၎င်းတို့၏လှံများအားလုံး ရွှယ်အန်းဘက်သို့ ချိန်ကာ တစ်ပြိုင်နက်နီးပါး ဆင်းသက်လာကြသည်။ ယခုဆိုလျှင် ရွှယ်အန်းနှင့် ပတ်သက်၍ အကောင်းမြင်ဆုံး သူများပင်လျှင် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲသွားခဲ့သည်။
ရွှယ်အန်းသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။
အမှောင်ကောင်စီတွင် ဖန်းမင်ရွှယ်သည် သုံးရက်လုံးလုံး သူမအခန်းထဲမှ မထွက်ခဲ့ပေ။ သူမသည် သူမ၏ မှော်နက်ပညာကို ခါးခါးသီးသီးကျင့်ကြံလျက်ရှိသည်။ အခန်းအပြင်ဘက်တွင် အန်နာစတေးရှားနှင့် ခါရာဆက်တို့သည် အရုပ်ဆိုးသောအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
"ငါတို့ သူ့ကို ဒီအကြောင်း ပြောပြရမလား" ခါရာဆက်က မေးသည်။
အန်နာစတေးရှားက သက်ပြင်းချလိုက်၏။
"ပြောပါစို့။ ဒါဆို ငါသူ့ကို ရွှယ်အန်းနဲ့တွေ့ဖို့ ခေါ်သွားပြီး လိုအပ်ရင် သူ့ကို ဥရောပကနေ ထွက်ပြေးဖို့ လုပ်ပေးမယ်”
"ကောင်းပြီ၊ သူ့ စိတ်မဆိုးအောင် သတိထားပါ" ခါရာဆက်က စိုးရိမ်စွာပြောသည်။
သူက အန်နာစတေးရှားထက်ပင် ပို၍ စိတ်လှုပ်ရှားနေသည်။
၎င်းတို့နှစ်ယောက်အတူရှိချိန်တစ်လျှောက်လုံး ခါရာဆက်သည် ဖန်းမင်ရွှယ်ကို သူ၏ သမီးဖြစ်သူအဖြစ်ပင်မြင်လာခဲ့သည်။ အန်နာစတေးရှားက ခေါင်းညိတ်ပြကာ တံခါးကိုတွန်းဖွင့်၍ဝင်လာ၏။
အခန်းသည် မှောင်မိုက်သော မြူမှုန်များဖြင့် ပြည့်နေသည်။
ဖန်းမင်ရွှယ်သည် အလယ်ဗဟိုတွင်ထိုင်ကာ သာမန်မျက်စိဖြင့်မြင်နိုင်သည့်နှုန်းဖြင့် သူမ၏ပါးပြင်များ သိသိသာသာ ပါးလွှာလာသော်လည်း သူမ၏ ရောင်ဝါကမူ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာခဲ့သည်။
အန်နာစတေးရှားက သက်ပြင်းတစ်ချက်ချလိုက်သည်။
"မင်ရွှယ်"
ဖန်းမင်ရွှယ်သည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ကာ ပြင်းထန်သော အမှောင်ထုကို ထုတ်လွှတ်လိုက်သည်။
အန်နာစတေးရှားလည်း အံ့သြသွားသည်။
တိုတောင်းသောရက်အနည်းငယ်အတွင်း ဖန်းမင်ရွှယ်၏တိုးတက်မှုသည် အံ့ဖွယ်ကောင်းလှသည်။
"ဆရာ ဘာဖြစ်လို့လဲ"
အန်နာစတေးရှားက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ရှေ့သို့တိုး၍ "သတင်းတစ်ခုရလို့" ဟု ပြောလိုက်သည်။
"ရွှယ်အန်းအကြောင်းလား" ဖန်းမင်ရွှယ်၏ အမူအရာ တုန်လှုပ်သွားသည်။
"ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက်တွေနဲ့အတူ သွေးမျိုးနွယ်စုရဲ့ ရှေးဘိုးဘေးက ဒီကမ္ဘာကို ပြန်လာပြီး ရွှယ်အန်းကို ပစ်မှတ်ထားထားတယ်လို့ ကြေညာခဲ့တယ်"
ဤသို့ပြောပြီးနောက် အန်နာစတေးရှားသည် ဖန်းမင်ရွှယ်ကို စိတ်ပူကာ သူမကိုယ်သူမ မထိန်းနိုင်ဖြစ်နေမည်ကို စိုးရိမ်လျက်ရှိသည်။
သို့သော် အနည်းငယ် အရောင်ဖျော့သွားခြင်းမှလွဲ၍ ဖန်းမင်ရွှယ်သည် အခြားမည်သည့်လက္ခဏာမျှ မပြဘဲ ခေါင်းငုံ့ပြလိုက်သည်။
“အင်း နားလည်ပါပြီ”
"မင်ရွှယ် သွေးဘိုးဘွားတွေ ပြန်လာတာကို မင်းနားမလည်လောက်ဘူး”
"အမှောင်ကောင်စီနဲ့ သွေးမျိုးနွယ်နှစ်ခုစလုံးက အမှောင်ဂိုဏ်းဝင်ဖြစ်လို့ အမြဲတစေ စည်းလုံးညီညွတ်ကြပေမယ့် စိတ်ဓာတ်ခြင်းတော့မတူဘဲ ရှေးခေတ်ကတည်းက ထိပ်တိုက်တွေ့ခဲ့ကြတယ်။ အဲ့တာကြောင့် အမှောင်ကောင်စီက ဒီ သွေးဘိုးဘေးတွေနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ မှတ်တမ်းတွေရှိတယ်"
"သူက နတ်ဆိုးဘုရားနဲ့တူတဲ့ တည်ရှိမှုမျိုးပဲ ဒီကမ္ဘာပေါ်က သွေးမျိုးနွယ်တွေအားလုံးက သူ့ရဲ့ သားစဉ်မြေးဆက်တွေပဲခ သူ့စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ် သူက အလင်းသားတော်နဲ့တောင် အဆင့်တူတူပဲ”
စကားဝိုင်းတစ်လျှောက်တွင် ဖန်းမင်ရွှယ်သည် ခေါင်းပင် မော့မလာခဲ့ပေ။ သို့သော်လည်း အန်နာစတေးရှားသည် တွဲလောင်းကျနေသော ဆံပင်များကိုကျော်၍ အနီရောင်သွေးပုလဲများကို တွဲလောင်းမြင်နေရဆဲဖြစ်သည်။
ဖန်းမင်ရွှယ်က သူမ၏ နှုတ်ခမ်းများကို အလွန်အမင်းကိုက်ထားသောကြောင့်ပင်ဖြစ်၏။
"ဒါကြောင့် ခါရာဆက်နဲ့ တခြားသူတွေ ဆွေးနွေးခဲ့ကြပြီး အခု အရေးကြီးဆုံးကတော့ ရွှယ်အန်းနဲ့ တွေ့ဆုံပြီး ဥရောပကနေ ချက်ချင်းထွက်ခွာဖို့ စည်းရုံးသိမ်းသွင်းဖို့ပါပဲ...ဒီလိုမှမဟုတ်ရင် “
ဖြစ်လာမည့်အရာများကို စကားလုံးများဖြင့်မပြောခဲ့သော်လည်း အန်နာစတေးရှားက ဖန်းမင်ရွှယ်က သူမပြောသည်ကို နားလည်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။
"ဘာမှမဖြစ်ဘူး" ဖန်းမင်ရွှယ်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဆရာ သူ့ကို တကယ်နားမလည်ဘူး၊ သူ့သဘောသဘာဝက ဘယ်တော့မှ မပြောင်းလဲဘူး။ အလင်းရဲ့ ဘုရားသခင်ဖြစ်ခဲ့ရင်တောင် သူက နောက်ဆုတ်မှာမဟုတ်ဘူး။" ဖန်းမင်ရွှယ်က ခပ်တိုးတိုး ညည်းတွားသည်။
ထို့နောက် သူမသည် အန်နာစတေးရှားကို ပြုံးပြလိုက်သည်။
“ဆရာ၊ ကျေးဇူးပြု၍ ကျွန်မကို တားမြစ်ထားတဲ့ ကျိန်စာများအားလုံးကို သင်ပေးပါ"
အန်နာစတေးရှားသည် အချိန်အတော်ကြာ အံ့အားသင့် တုံ့ဆိုင်းနေပြီးမှ “ကောင်းပြီ” ဟု ညင်သာစွာ ခေါင်းညိတ်ပြသည်။
သွေးမျိုးနွယ်ကောင်စီ။
သွေးဘိုးဘေးများသည် ပျော့ပျောင်းသော လူ့အရေပြား ဆိုဖာပေါ်တွင် ထိုင်ကာ ငယ်ရွယ်နုပျိုသော မိန်းကလေး၏ သွေးစိမ်းများကို တစိမ့်စိမ့် သောက်လျက် အရသာခံနေသည်။
"ဒီအရသာက သွေးနယ်မြေက သွေးကျွန်တွေ ပေးတဲ့ အရသာမရှိတဲ့ သွေးနဲ့ မတူဘူး။ ဒါဟာ အရမ်းချိုမြိန် မွှေးကြိုင်တဲ့ အဆုံးစွန်သော အရသာပါပဲ။ အနှစ်တစ်ထောင်ကြာပြီး နောက်ဆုံးတော့ ဒီအရသာလေး ပြန်မြည်းနိုင်ခဲ့ပြီ" ပီတိနှင့် ပြည့်နှက်နေသော သွေးဘိုးဘေးက အော်ပြောလိုက်သည်။
ထိုအချိန်တွင် သွေးမျိုးနွယ်စု၏ ဒုတိယမျိုးဆက်အဖွဲ့ဝင်တစ်ဦးသည် မြေပြင်ပေါ်သို့ ဒူးထောက်ကာပြော၏။
"မဟာသွေးဘိုးဘေး၊ သတင်းစကား ပေးပို့ခဲ့ပြီး၊ ရွှယ်အန်းနဲ့ ပတ်သက်တဲ့ အချက်အလက်အများစုကိုလည်း ကျွန်တော် စုဆောင်းနိုင်ခဲ့ပါပြီ"
"ပြီးတော့ ဘာလဲ" သွေးဘိုးဘွားက ဘာသိဘာသာမေးသည်။
"အလင်းဘုရားကျောင်း"
"အိုး ကြားရအောင်"
"ရွှယ်အန်းက ကျွန်တော်တို့ သွေးမျိုးနွယ်စုထဲက လူတွေကို သတ်ပြီးတော့ သူက လန်ဒန်မှာ တစ်နည်းနည်းနဲ့ ပေါ်လာပြီး အလင်းအသင်းတော်ကို အပြီးအပြတ်ရှင်းပစ်မယ်လို့ ကြေညာခဲ့တယ်"
"ဟား” သွေးဘိုးဘေး၏ နှုတ်ခမ်းများက အေးစက်စွာ တွန့်ကွေးသွားကာ သူ့နှလုံးသားတွင်လည်း ပို၍ အထင်သေးမှုများပြည့်နှက်သွားသည်။
‘အဲ့လိုမျိုး ဘာကိုမှ ဂရုမစိုက်တဲ့အရူး… သူက အလင်းအသင်းတော်ရဲ့ ကျောထောက်နောက်ခံက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ မသိတာလား အနန္တစကြဝဌာမှာရှိတဲ့ ဒီဧရာမပုဂ္ဂိုလ်ကြီးတွေကြားမှာ ဒီကမ္ဘာရဲ့ အရေးပါမှုကို မသိတာလား’
သို့ထိတိုင် ဒုတိယမျိုးဆက် သွေးမျိုးနွယ်ဝင်က နောက်ဆုံးပြောခဲ့သည့်စကားက သွေးဘိုးဘေးကို အံ့အားသင့်သွားစေခဲ့သည်။
“ရွှယ်အန်းက တောင်ဘက်ကို ဆက်သွားပြီး အလင်းအသင်းတော်ကလူတွေကို သတ်ဖြတ်နေတုန်း.. တစ်နေ့ညက မရေမတွက်နိုင်လောက်အောင်များတဲ့ မျက်လုံးတွေကြားမှာ အလင်းသားတော်ကဆင်းသက်လာခဲ့တယ်”
ဤဒုတိယမျိုးဆက် သွေးမျိုးနွယ်စုဝင်က အလင်းသားတော်၏ အမည်ကို ထုတ်ပြောလိုက်သောအခါတွင် အသံက အနည်းငယ် တုန်ယင်သွားသည်။ သို့သော် ခဏတာသာ အံ့သြသွားပြီးနောက် သွေးဘိုးဘေး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။
“အလင်း၏သားတော် ရောက်လာပြီလား။ ဒီကမ္ဘာကြီးမှာ ပြောင်းလဲမှုကြီးတွေ ကြုံရတော့မယ့်ပုံပဲ။ ဒါပေမယ့် အဲ့တာ ဘယ်သူလဲ။ ခုနှစ်ယောက်မြောက်လား ဆယ့်နှစ်ယောက်မြောက်လား” သွေးဘိုးဘေးက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
"နားလည်ပြီ။ ဒီရွှယ်အန်းက ငါတို့ သွေးမျိုးနွယ်ကိုတင်မက အလင်းသားတော်ကိုပါ စော်ကားထားတာ အခု ထွက်ပြေးသွားပြီလား”
ဤသို့ပြောလျက် သွေးဘိုးဘေး၏ မျက်နှာထက်တွင်ညစ်ထေးသော အပြုံးတစ်ခု ပေါ်လာသည်။ အလင်းနှင့်အမှောင်စွမ်းအားနှစ်ခုလုံးကို တစ်ပြိုင်နက် ရန်စလိုက်သော ဤရွှယ်အန်းသည် ရှေးရိုးဆန်ပုံရသည်။
"ဟုတ် ဒါပေမယ့် လူတိုင်းက ရွှယ်အန်းက ထွက်ပြေးမယ်လို့ ထင်ေနေမယ့် သူက တောင်ဘက်ကို အလျင်စလို ဆက်သွားခဲ့တယ်၊ သူ့ရဲ့ ပစ်မှတ်က အလင်းနိုင်ငံပဲ"
သွေးဘိုးဘေး၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာသည်။
“သူ တကယ် ရဲတင်းနေတာပဲ။ ဒါပေမယ့် ကိစ္စတွေက ပိုပြီး စိတ်ဝင်စားစရာကောင်းလာတယ်”
ဤသို့ပြောနေစဥ် ထူးဆန်းသောသွေးအလင်းရောင်ဖြင့် ဖုံးလွှမ်းထားသော စာတစ်စောင်က သွေးဘိုးဘေး၏ လက်ထဲတွင် ပေါ်လာသည်။
ခဏမျှ စဉ်းစားပြီးနောက် သူက စာအနည်းငယ်ရေး၍ ဒုတိယမျိုးဆက် သွေးမျိုးနွယ်စုအဖွဲ့ဝင်ကို ပေးလိုက်သည်။
“သွား၊ ဒီစာကို အလင်းရဲ့သားတော်ဆီ အပ်လိုက်”
ဒုတိယမျိုးဆက် သွေးမျိုးနွယ်စုအဖွဲ့ဝင်က နားကြားမှားသည်ဟုပင် ထင်ခဲ့ရသည်။
“သခင်… လက်ခံသူက အလင်းအသင်းတော်လား”
သွေးဘိုးဘေးက ရယ်မောလိုက်သည်။
“အလင်းနဲ့အမှောင်ကိုခွဲခြားတဲ့လူက အားနည်းတဲ့လူပဲ။ စစ်မှန်တဲ့ အင်အားကြီးသူက အကျိုးစီးပွားနဲ့ အာဏာကိုပဲကြည့်တယ်”
“ဟုတ်” ဒုတိယမျိုးဆက် သွေးမျိုးနွယ်စုအဖွဲ့ဝင်သည် တုန်လှုပ်သောအသံဖြင့် တုံ့ပြန်ပြီးနောက် လှည့်ထွက်ပြေးသွားခဲ့သည်။
ဘိုးဘွားဘီဘင်သည် သွေးစိမ်းကို တဖြည်းဖြည်း သောက်လျက် မျက်လုံးများက ထူးဆန်းသော သွေးရောင်များဖြင့်တောက်ပနေသည်။