အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
အခန်း(၄၀၉) တောင်ဘက်သို့ ဦးတည်ခြင်း လမ်းတစ်လျှောက်တိုက်ပွဲများ
နတ်အလင်း ဘုရားကျောင်း။ သူတော်စင်အမွေခံရောက်ရှိလာပြီးစဥ်မှစ၍ ဤနေရာသည် အလယ်ခေတ်ကကဲ့သို့ တင်းကျပ်သော သတိထားမှုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။ ဤအချိန်တွင် ပုပ်ရဟန်းမင်းကြီးနှင့် အဆင့်မြင့်အရာရှိအများအပြားသည် တံခါးအပြင်ဘက်တွင် အရိုအသေပြု၍ ရပ်နေကြသည်။
သူတော်စင်အမွေခံသည် အခန်းတွင်းမှ အဝတ်မပါဘဲ ထွက်လာခဲ့သည်။
အနီရောင်ဝတ်ထားသော ကာဒီနယ်အများအပြားသည် ပြင်ဆင်ထားပြီးဖြစ်သော မြင့်မြတ်သောဝတ်ရုံကို ပူဇော်ရန် ကမန်းကတန်း ချီတက်ကြသည်။
ထို့နောက် လှပသော အမျိုးသမီး အများအပြားက သူ့ကို ဝတ်ဆင်ရန် ကူညီပေးခဲ့သည်။
ပုပ်ရဟန်းမင်းကြီးထံ လှည့်သွားစဉ် သူတော်စင်အမွေခံ၏ ချောမောသောမျက်နှာပေါ်တွင် ကျေနပ်သောအကြည့်တစ်ခု ပေါ်လာသည်။
“ဒီအကူမိန်းမတွေကို ငါကျေနပ်ပါတယ်။ ဒါပေမယ့် အရေအတွက်က နည်းလွန်းတယ်”
ပုပ်ရဟန်းမင်းကြီးက တုန်လှုပ်သွားသည်။
“ဟုတ်ကဲ့၊ နောက်တစ်ကြိမ်ကျ ပိုပိုသာသာ ပြင်ဆင်ထားပါ့မယ်”
သူတော်စင်အမွေခံက ကျေနပ်စွာ ခေါင်းညိတ်သည်။ ထိုအချိန်တွင် အဆောက်အဦအတွင်းမှ တစ်စုံတစ်ယောက်သည် အဖြူထည်နှင့် ပတ်ထားသော သန့်ရှင်းသော အပျိုတော် အများအပြားကို ဆွဲခေါ်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။ ဤကဲ့သို့ သတိမထားမိနိုင်အောင် အစော်ကားခံခဲ့ရသည့် အမျိုးသမီးများအားလုံးက မိမိတို့၏ ကံကြမ္မာက သနားစဖွယ်ဖြစ်မည်ကို သိသောကြောင့် လျစ်လျူရှု့ထားကြသည်။
သူတော်စင်အမွေခံက ကျယ်ဝန်း၍ သက်တောင့်သက်သာရှိသော ဆိုဖာပေါ်တွင် ထိုင်လိုက်စဥ် တစ်စုံတစ်ယောက်သည် နှစ်တစ်ရာသက်တမ်းရှိ စပျစ်ဝိုင်နီကို ယူဆောင်လာခဲ့သည်။
ဤကဲ့သို့ ဆင်းသက်လာရသည့် ခံစားချက်က အမှန်ပင် ကောင်းလှသည်။
သူ့ကို ထိန်းချုပ်နိုင်သည့်သူမရှိရုံမျှမက မည်သူကမျှလည်း သူ့ကို မယှဥ်နိုင်ပေ။
"အဲ့ဒီ ရွှယ်အန်းက ဘယ်လိုအခြေအနေရှိလဲ" သူတော်စင်အမွေခံက ဘာသိဘာသာမေးသည်။
“သခင်သူတော်စင်အမွေခံ ဒီလူက အခု တောင်ဘက်ကို ခရီးထွက်နေပါတယ်။ နက်ဖြန် သို့မဟုတ် နောက်နေ့မှာ သီအိုကရက်တစ်နိုင်ငံကို ရောက်လာပါလိမ့်မယ်” တရားသူကြီးချုပ်က ပြန်ဖြေ၏။
“ကောင်းပြီ သူ့ရဲ့ လှုပ်ရှားမှုတွေကို အချိန်တိုင်း စောင့်ကြည့်ထားပါ”
“ဟုတ်ကဲ့”
ခေါင်းငုံ့ထားသော ပုပ်ရဟန်းမင်းကြီး၏ မျက်လုံးများတွင် သိသိသာသာ အေးစက်နေသော အတောက်ပဆုံးအလင်းရောင်တစ်ခု ရှိနေသည်။ ထို့နောက် သူသည် ရှေ့သို့ လှမ်း၍ ဦးညွှတ်ကာပြောလိုက်၏။
“အရှင်သူတော်စင်အမွေခံ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ် ကျွန်တော် အရှင့်ကို သတင်းပို့ရမယ် လို့ ခံစားရလို့ပါ”
"ဘာကိစ္စလဲ"
“လွန်ခဲ့တဲ့ နှစ်ရက်က သွေးမျိုးနွယ်ရဲ့ ဘိုးဘေး ဆင်းသက်လာတယ်လို့ ပြင်ပကမ္ဘာက ကောလာဟလတွေကြားတယ်”
ပုပ်ရဟန်းမင်းကြီး၏ စကားက အခန်းကို ငြိမ်သက်သွားစေသည်။
၎င်းတို့အားလုံးသည်လည်း ဤသတင်းကို ကြားခဲ့ကြသောကြောင့် အလင်းသားတော်ကို မျှော်ကြည့်နေကြသည်။ ထိုစကားကိုကြားသောအခါ သူတော်စင်အမွေခံက မျက်မှောင်ကြုတ်လိုက်သည်။
“သွေးဘိုးဘေး၊ ဒီလူလည်း ဆင်းသက်လာပြီ”
ထိုအချိန်တွင် အနီရောင်ဝတ်ရုံဝတ်ကာဒီနယ်တစ်ဦးက တုန်လှုပ်ချောက်ချားစွာ လျှောက်လာခဲ့သည်။
" သူတော်စင်အမွေခံ စာတစ်စောင်က ဘုရားကျောင်းရှေ့မှာပေါ်လာလို့ပါ" ထိုသူက မြေကြီးပေါ်တွင် ဝပ်တွားကာပြောသည်။
"အိုး ဘာစာလဲ"
အနီရောင်ဝတ်ရုံ ကာဒီနယ်က သွေးရောင်လွှမ်းနေသော စာတစ်စောင်ကို ရင်ဘတ်ထဲမှ ထုတ်ယူလိုက်သည်။ တက်ရောက်သူအားလုံး အံ့အားသင့်သွားကြသည်။
ဤသည်မှာ… သွေးမျိုးနွယ်စု၏ ရောင်ဝါဖြစ်သည်။
သူတော်စင်အမွေခံလည်း အနည်းငယ် ထိတ်လန့်သွားသဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သန့်ရှင်းသော အလင်းကြိုးမျှင်က စာကို သူ့ဆီ ယူဆောင်လာခဲ့သည်။ ၎င်းကိုဖတ်ပြီးသောအခါ သူတော်စင်အမွေခံ၏မျက်နှာပေါ်တွင် အံ့အားသင့်သည့်အကြည့်တစ်ခုပေါ်လာ၍ အေးစက်စွာရယ်လိုက်သည်။
"တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ လင်းနို့တွေပဲ"
ထိုသို့ပြောပြီးနောက် လက်ကို အနည်းငယ် မြှောက်လိုက်ရာ သန့်ရှင်းသော အလင်းတန်းတစ်ခုက စာအိတ်ကို မီးလောင်သွားစေသည်။ ထို့နောက် ထရပ်ကာ မျက်နှာကြက် ပြတင်းပေါက်ဆီသို့ လျှောက်သွား၍ ခမ်းနားထည်ဝါသော ဘုရားကျောင်းကို စူးစိုက်ကြည့်နေသည်။
"စာထဲမှာ သွေးဘိုးဘေးက အလင်းနိုင်ငံကို နှစ်ရက်အတွင်းရောက်မယ်လို့ ရေးထားတယ်”
ဤစကားကြောင့် အခန်းတွင်းရှိ လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
အလင်းသူရဲကောင်းက ရှေ့သို့လှမ်းလာသည်။
“သခင်သူတော်စင်အမွေခံ ကျွန်တော်တို့ ပြင်ဆင်ပြီးရင် ဒီ သွေးဘိုးဘေးကို သုတ်သင်ဖို့ လိုပါသေးသလား”
"သုတ်သင်မယ်ဟုတ်လား ဘာကို သုတ်သင်မှာလဲ”
"ဟမ်"
သူတော်စင်အမွေခံထံမှ ဤမေးခွန်းသည် အလင်းသူရဲကောင်းသာမက လူတိုင်းကို ထိတ်လန့်သွားစေသည်။ တကယ်တမ်းတွင် အလင်းနှင့်အမှောင်သည် မူလအားဖြင့် သဟဇာတမဖြစ်ပေ။ သွေးမျိုးနွယ်၏ ဘိုးဘေးတစ်ဦးကို သုတ်သင်ရန် အကြောင်းပြချက်တစ်ခု လိုအပ်ပါသလား။
အလင်းသားတော်က ရယ်မောလိုက်သည်။
“ဒီသွေးဘိုးဘေးက ရွှယ်အန်းနဲ့ရင်ဆိုင်ဖို့ ဒီကိုရောက်လာမှာ။ အဲဒီရှုထောင့်ကနေကြည့်ရင် ငါတို့က မဟာမိတ်တွေပဲ။ ငါတို့က သူ့ကို ဘာလို့ သုတ်သင်ရမှာလဲ"
ဤသည်ကိုကြားသောအခါ အကုန်လုံးက ခေါင်းညိတ်လိုက်ကြသည်။
"မင်းတို့ အခုထွက်သွားလို့ရပြီ"
“ဟုတ်”
လူတိုင်းထွက်သွားပြီးနောက်၊ အလင်း၏သားတော်ပါးစပ်ထောင့်၌ အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။
"သွေးဘိုးဘေးဟုတ်လား ဟားဟား မာန်တက်နေတာ။ ဒီရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ပူးပေါင်းဖို့ ဒီကိုလာမလို့လား။ ဒါပေမယ့် ဒီတစ်ခါတော့ အမြင့်မြတ်ဆုံး ခမည်းတော်ဘုရားသခင်ရဲ့ အမိန့်အတိုင်း ငါဆင်းလာပြီ။ မင်းစွက်ဖက်ရဲရင် နောက်ကွယ်က သွေးနတ်ဆိုးတောင် မင်းကို မကယ်နိုင်ဘူး"
"ဒါနဲ့ ရွှယ်အန်းကိုတော့ ငါတကယ်သိချင်နေတယ်၊ မင်းက ဘယ်သူလဲ၊ ခမည်းတော် ဘုရားသခင်က မင်းကို ဘာလို့ ဒီလောက် တန်ဖိုးထားနေတာလဲ။ သန့်ရှင်းတဲ့ ကောင်းကင်တမန်သုံးပါးရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းကို လောင်ကျွမ်းစေတဲ့အထိ ငါ့ပုံစံအပြည့်နဲ့ ဆင်းသက်ခွင့်ပေးလိုက်တာလား။ မင်းလိုမျိုး သေမျိုးတစ်ယောက်ကို ကိုင်တွယ်ဖို့အတွက်လေ”
သူစကားပြောနေစဉ်တွင် သူ၏ခန္ဓာကိုယ်မှ မယုံနိုင်လောက်အောင် စွမ်းအားကြီးသော အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သန့်ရှင်းသော အလင်းတန်းတစ်ခုသည် ဘုရားကျောင်း၏ထိပ်မှ ကောင်းကင်သို့ တည့်တည့်သို့ တန်းတက်လာသည်။ ဘုရားကျောင်း၏အခြားထောင့်တွင် ပုပ်ရဟန်းမင်းကြီးနှင့် အခြားသူများသည် ဤအလင်း၏အစွမ်းသတ္တိကို တိတ်တဆိတ်ခံစားခဲ့ကြကာ ၎င်းတို့၏ မျက်နှာများက ထိတ်လန့် ပီတီဖြစ်လျက်ရှိကြသည်။
"ဒီအချိန်က ဆင်းသက်လာတဲ့ သူတော်စင်အမွေခံက မှတ်တမ်းတင်ထားတာထက် အများကြီး ပိုအစွမ်းထက်ပုံရတယ်။" အမြဲတမ်း တိတ်ဆိတ်နေတတ်သည့် အလင်းတရားသူကြီးချုပ်က ခပ်တိုးတိုးပြောလိုက်သည်။
အားလုံးက အနည်းငယ် ခေါင်းညိတ်ကြသည်။
ထို့နောက် အလင်းသူရဲကောင်းကပြော၏။
"သူတော်စင်အမွေခံက အရမ်းအစွမ်းထက်တယ်ဆိုရင် အဲဒီ့သွေးဘိုးဘေးတွေကို ဘာလို့မရှင်းပစ်ရမှာလဲ၊ အဲ့လိုသာဆို အလင်းအသင်းတော်မှာ အားကြီးတဲ့ ရန်သူတစ်ယောက်လျော့သွားလိမ့်မယ်”
ဤသည်ကိုကြားသောအခါ ပုပ်ရဟန်းမင်းကြီးက ခေါင်းခါပြလိုက်သည်။
“နတ်သူရဲကောင်း မင်းနားမလည်သေးဘူး။။ နတ်ဘုရားတွေက ဒီလောက် လိုက်လျောညီထွေမဖြစ်ဖူးဘူး။ ငါတို့ရဲ့ အမြင့်မြတ်ဆုံးသော အလင်းရဲ့ ဘုရားသခင်တောင်မှ သူ့ကိုယ်ပိုင် ဆင်ခြင်စရာတွေ ရှိတယ်။"
ပုပ်ရဟန်းမင်းကြီး၏ စကားများကို ကြားသောအခါ အလင်းသူရဲကောင်းက ခေါင်းညိတ်လိုက်သည်။
သို့ရာတွင် တရားသူကြီးချုပ်က ပြုံးလိုက်၏။
“နတ်အရှင် ကျုပ်တို့ ခမည်းတော်ဘုရားသခင်က အလုံးစုံတန်ခိုးရှင်မဟုတ်ဘူးလို့ မင်းထင်နေတာလား။ ဒါမှမဟုတ် အလင်းနဲ့အမှောင်က ဆန့်ကျင်ဘက်မဟုတ်ဘူးလို့ မင်းယုံလား"
"အလင်းနှင့်အမှောင်ကြားက ပိုင်းခြားမှုကို ဘယ်တုန်းကမှ ပြတ်ပြတ်သားသား မဝေဖန်ခဲ့ပါဘူး" ဟု ပုပ်ရဟန်းမင်းကြီးက တုံ့ပြန်ခဲ့သည်။
ဤအဖြစ်အပျက်ကြောင့် အလင်းအသင်းတော် တစ်ခုလုံး တုန်လှုပ်သွားစဥ် ရွှယ်အန်းနှင့် အန်းယန်တို့သည် သဘာဝတရားထဲတွင် အေးအေးလူလူ လှုပ်လှုပ်ရှားရှား သွားလာလျက် လမ်းကြုံ အလင်းအသင်းတော်မှ လူများကို ဖယ်ရှားပစ်ခဲ့ကြသည်။
တောင်ဘက်သို့ ဦးတည်ကာ လမ်းလျှောက်သွားရင်း သတ်ဖြတ်ခဲ့ကြသည်။
ဤသည်မှာ သတ္တမမြောက်နေ့ဖြစ်သည်။
အစပိုင်းတွင် အန်းယန်သည် ၎င်းကို အသားမကျသေးသဖြင့် လူမှားသတ်မိမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ရွံ့ရှာဖွယ်အမှန်တရားများက သူမ၏ မျက်စိရှေ့တွင် ဖုံးအုပ်သွားသောအခါ အန်းယန်က ပါးစပ်ကို ပိတ်လိုက်သည်။
ပဉ္စမနေ့နှင့် ခြောက်ရက်မြောက်နေ့တွင်၊ လမ်းတစ်လျှောက်၌ တွေ့ကြုံရသော ဘုရားကျောင်းများအားလုံဂ တိတ်ဆိတ်ငြိမ်သက်သွားပြီဖြစ်သည်။ နောက်ထပ် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုမှာ ရွှယ်အန်းကို ခြေရာခံနေသည့် လူအရေအတွက် သိသိသာသာ လျော့ကျသွားခြင်း ဖြစ်သည်။
ပထမရက်အနည်းငယ်အတွင်း ရွှယ်အန်းနောက်၌လိုက်နေသူအရေအတွက်က နွားတစ်ကောင်ပေါ်ရှိ အမွှေးအမျှင်များ နှင့်ညီမျှသော်လည်း ပြီးခဲ့သောနှစ်ရက်အတွင်း ၎င်းတို့၏အရေအတွက်သည် ကျဆင်းသွားခဲ့သည်။
အချို့လူများကရှိနေသေးလျှင်ပင် ၎င်းတို့၏ မျက်လုံးမှ အကြည့်များက အလွန် ထူးဆန်းနေခဲ့သည်။
ရွှယ်အန်းကအသည်ကို ခပ်ပါးပါးသာပြုံးလိုက်၏။
ယခု သူသည် အန်းယန်နှင့်အတူ စားသောက်ဆိုင်လေးတစ်ခုတွင် စားသောက်နေလျက်ရှိသည်။ လမ်းဘေးဆိုင်လေးဖြစ်သော်လည်း စားသောက်ဆိုင်၏ အစားအသောက်က အလွန်ကောင်းမွန်သည်။ ၎င်းတို့နှစ်ယောက်၏ ချိုမြိန်သော အချိန်များကိုခံစားနေချိန်တွင် ခရီးသွားပိုး ကွင်တီနာနှင့် စိတ်ညစ်နေသူ ဆယ်လီနာတို့ ရောက်လာကြသည်။ ဤမိန်းမလှလေးနှစ်ယောက်ပေါ်လာမှုသည် စားသောက်ဆိုင်ရှိ လူအများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
ထောင့်တွင်ထိုင်နေသော ရွှယ်အန်းကိုတွေ့သောအခါ သက်ပြင်းတစ်ချက်ချ၍ သူ့ဆီသို့ တည့်တည့်လျှောက်လာသည်။
“ဆရာ”
“သခင်”
အမျိုးသမီး နှစ်ယောက်၏ ခေါ်သံများက နားစွင့်နေသော လူတိုင်းကို အေးခဲသွားစေကာ အဓိပ္ပါယ်ရှိသော အပြုံးသည် ယောက်ျားများစွာ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
“ဘာဖြစ်လို့လဲ”
အခန်း(၄၁၀) ရန်သူတဖြစ်လဲ ကမ္ဘာ
"သခင် တကယ်မသိဘူးလား" ရွှယ်အန်း၏ စိုးရိမ်မကင်းသော အမူအရာကို မြင်လိုက်ရသောအခါ ဆယ်လီနာက အံ့အားသင့်သွားပုံပေါ်သည်။
"ဘာသိရမှာလဲ"
ရွှယ်အန်းသည် ဤခရီးစဉ်အတွင်း ဆက်သွယ်ရေးစက်အားလုံးကို ပိတ်ထားခဲ့ကာ ဇနီးဖြစ်သူနှင့်အတူ ပေါ့ပေါ့ပါးပါး ခရီးထွက်၍ တောင်တန်းရေပြင်ကိုဖြတ်သန်းကာ ခရီးထွက်ခဲ့သည်။
"သွေးဘိုးဘေး ပြန်လာပြီ" ကွင်တီနာက လေးနက်သော အမူအရာဖြင့် ပြောသည်။
"ဟမ်" ဤစကားများကိုကြားသောအခါ ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်မတို့ အခုလေးတင်ရရှိခဲ့တဲ့ နောက်ဆုံးသတင်းအရ သွေးဘိုးဘေးက အလင်းနိုင်ငံဆီသွားနေပါပြီ။ အသစ်ရောက်လာတဲ့ အလင်းရဲ့သားတော်နဲ့ လက်တွဲဖို့ ပြင်ဆင်နေပါတယ်" ဆယ်လီနာက ပြောသည်။
ဤသတင်းကို ပထမဆုံးကြားလိုက်ရသည့်အချိန်က သူမ ခံစားခဲ့ရသည့် ထိတ်လန့်မှုကို မှတ်မိနေသေးသည်။
အလင်း၏ သားတော် သွေးမျိုးနွယ်စု၏ မျိုးဆက်။
ဤအရာများသည် ကြီးမားသောပုဂ္ဂိုလ်များဖြစ်ကာ ၎င်းတို့က ရွှယ်အန်းကို ဆန့်ကျင်ခဲ့ကြသည်။
ဤသည်ကား သေစေတတ်သော ထောက်ချောက်တစ်ခုပင်ဖြစ်၏။
ထို့ကြောင့်၊ သူမနှင့် ကွင်တီနာတို့သည် ရွှယ်အန်းပေးခဲ့သော သွေးမျိုးနွယ်၏ စွမ်းအင်ကို ပြန်လည်သန့်စင်လိုစိတ်မရှိကြဘဲ ချက်ချင်းပြေး၍ ရွှယ်အန်းကို ရှာခဲ့ကြသည်။ သို့ထိတိုင် ရွှယ်အန်း၏ ပုံမှန်ကျသော မျက်လုံးအကြည့်ကြောင့် အံ့အားသင့်ခဲ့ရ၏။
“သွေးမျိုးနွယ်ရဲ့ဘိုးဘေး ဟုတ်လား”
“ဟုတ်ပါတယ်။ ကျွန်မတို့ သွေးမျိုးနွယ်စုရဲ့ ဘိုးဘေး၊ စွမ်းအားကြီးမားလှတဲ့ နတ်ဆိုးနတ်ဘုရား” ကွင်တီနာက
လေးနက်စွာ ကြေငြာခဲ့သည်။
သို့သော်လည်း ရွှယ်အန်းက ရယ်မောလိုက်သည်။
"ကောင်းပြီ၊ အလင်းအသင်းတော်ကို ချေမှုန်းပြီးရင် သွေးမျိုးနွယ်ရဲ့မြေးကို ရှာဖို့ နည်းလမ်းရှာမယ်စီစဥ်ထားတာ။ အခုတော့ ကိုယ့်သေတွင်းကိုယ်တူးပြီး ငါ့ဆီလာနေတာပဲ”
ရွှယ်အန်း၏ စကားများက ဆယ်လီနာနှင့် ကွင်တီနာတို့ကို အံ့သြသွားစေသည်။ ၎င်းတို့သည် ရွှယ်အန်းထံမှ တုံ့ပြန်မှုအမျိုးမျိုးကို စိတ်ကူးခဲ့ကြသော်လည်း သူက စိတ်လှုပ်ရှားနေလိမ့်မည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ကြပေ။
“သခင် အရှင့်ကိုရင်ဆိုင်ဖို့ သူတို့ ပူးပေါင်းလိုက်ကြပြီ”
“အဲ့တာမကောင်းဘူးလား။ ငါ့ပြဿနာကို ရှင်းပြီးသားဖြစ်ပြီလေ” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
ဆယ်လီနာနှင့် ကွင်တီနာတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကြသည်။
‘ကြည့်ရတာ… သခင်က တကယ်ကျေနပ်နေပုံပဲ’
ထိုအချိန်တွင် စားသောက်ဆိုင်၏ ထောင့်၌ ထောက်လှမ်းရေးအေးဂျင့်များစွာက ရွှယ်အန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။
သို့မှသာ ထောက်လှမ်းရေးအေးဂျင့်များက ရွှယ်အန်းပြောသည်ကို သတင်းပို့ရန် ၎င်းတို့၏ ဖုန်းများကို
အလျင်အမြန်ဆွဲထုတ်လိုက်ကြသည်။ သွေးဘိုးဘေးနှင့် သူတော်စင်အမွေခံတို့၏ ပေါင်းစပ်အင်အားစုနှင့် ရင်ဆိုင်ရစဥ် ရွှယ်အန်း၏ ဘာသိဘာသာနေမှုနှင့် အထင်သေးမှုတို့ကြောင့် စောင့်ကြည့်နေသည့်လူအများအပြားက ရယ်မောလိုက်ကြသည်။
“ဒီရွှယ်အန်းက မရူးနေဘူးဆိုရင် သူ့ခွန်အားကိုသူ ယုံကြည်မှုအပြည့်ရှိနေတာပဲ။ ဒါပေမယ့် သူ စိတ်လွတ်နေပြီလို့ ငါထင်တယ်။ မဟုတ်ရင် ဒီလူ့ဘီလူးနှစ်ကောင်ကို ရင်ဆိုင်ဖို့ ဘယ်လိုစွမ်းအားမျိုးရှိနေမယ်ဆိုတာ တွေးကြည့်လို့မရဘူး”
“ရွှယ်အန်း နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကျုပ် သူ့ကို လေးစားတယ်။ အကြောင်းကတော့ ကျုပ်သာ အဲ့လိုမျိုး ရန်ငြှိုးတွေနဲ့ အခြေအနေမျိုးကြုံရမယ်ဆိုရင် ကြောက်ပြီး သေသွားလိမ့်မယ်” နောက်ထပ် အမှောင်သခင်တစ်ယောက်ကပြောသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စကားလုံးလေးလုံးနဲ့ပြောရရင် “ကိုယ့် သင်္ချိုင်းကိုယ် တူးနေတာပဲ”
တစ်စုံတစ်ယောက်က ပြောင်ပြောင်တင်းတင်း မှတ်ချက်ချသည်။
"အလင်းသားတော်ရဲ့သားတော်နဲ့ လုံးဝသဟဇာတမဖြစ်သင့်တဲ့ သွေးမျိုးနွယ်စုဘိုးဘေးက ဘာလို့ တကယ်ပူးပေါင်းဆောင်ရွက်သလဲဆိုတာကို ဘယ်သူမှ မသိချင်ကြဘူးလား။ ဒါက လုံးဝကို မယုံနိုင်စရာပဲ” တစ်စုံတစ်ယောက်က အံ့ဩခြင်းအပြည့်ဖြင့် မှတ်ချက်ချသည်။
ပြင်ပကမ္ဘာက ကမောက်ကမဖြစ်နေစဥ် သူ၏နောက်လိုက်များနှင့်အတူ သွေးဘိုးဘေးသည် သန့်ရှင်းသော အလင်းနိုင်ငံရှေ့သို့ ရောက်ရှိနေပြြီဖစ်သည်။ သူဖြတ်သွားသည့်အခါတိုင်း ကောင်းကင်ယံထက်၌ သွေးနီရောင်များပြည့်နေကာ အရိုးများတစ်လျှောက်အေးစက်စွားစေသည်။
သီအိုကရက်တစ်နိုင်ငံကို စောင့်ထိန်းသော ယဇ်ပုရောဟိတ်များသည် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကြောင့် မျက်နှာဖြူဖျော့သွားကြကာ ကျင့်ကြံရေးအဆင့်နိမ့်သူများက လဲကျလုနီးပါးဖြစ်နေကြသည်။
လေထုအလယ်၌ ရပ်နေသော သွေးဘိုးဘေးက အနည်းငယ်ပြုံးလိုက်သည်။
"သန့်စင်တဲ့ သူတော်စင်အမွေခံက ကျုပ်ကို နှုတ်ဆက်ဖို့ ထွက်လာမှာမဟုတ်ဘူးလား”
သူ့အသံ ထွက်ပေါ်လာသည်နှင့်အမျှ အလင်းတန်းကြီး ဘုရားရှိခိုးကျောင်းမှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာကာ အလင်း၏ သားတော်က လေထုအလယ်၌ ပေါ်လာသည်။
သွေးဘိုးဘေးက အံ့အားသင့်သွားလျက် လေထဲတွင် အနည်းငယ် ဦးညွတ်လိုက်သည်။
“ဆယ့်လေးယောက်မြောက်အရှင်ဖြစ်နေတာပဲ။ ကြိုတင်မှန်းဆမိတဲ့အတွက် တောင်းပန်ပါတယ်”
အလင်းသားတော်က သွေးဘိုးဘေးကို ကြည့်၍ ခပ်ပါးပါးပြုံဂလိုက်သည်။
“အက်စ်မောဒက်စ် ဒီလိုပုံစံနဲ့ ငါတို့တွေ့လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"
“သူတော်စင်အမွေခံဟာ သူ့ရဲ့ပုံစံအပြည့်နဲ့ ရောက်လာတာတာဆိုတော့ အလင်းရဲ့ဘုရားသခင်က ဒီကမ္ဘာကြီးကို အနိုင်ယူဖို့ တကယ်စိတ်ပိုင်းဖြတ်ထားပုံရတယ်။" အက်စ်မောဒက်စ်က ဘာသိဘာသာပြောလိုက်သည်။
“မင်းလည်းမဆိုးပါဘူး။ သွေးနတ်ဆိုးက မင်းအပေါ် အရမ်းမျှော်လင့်ထားပုံပဲ” အလင်းသားတော်က ပြောသည်။
အနှစ်တစ်သောင်းကျော်နေထိုင်ခဲ့သော နတ်ဘုရားနှင့် နတ်ဆိုးတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အသိအမှတ်ပြု၍ ပြုံးလိုက်ကြသည်။ ၎င်းတို့အတွက် ရွှယ်အန်းကို သတ်ဖြတ်ခြင်းသည် အမြည်းတစ်ခုသာဖြစ်၍
အရေးအကြီးဆုံးမှာ ၎င်းတို့၏ သက်ဆိုင်ရာ ဖခင်နတ်ဘုရားများ၏ အမိန့်ကို လိုက်နာရန်ဖြစ်သည်။
ထို့ကြောင့် နှစ်ဘက်စလုံးသည် ကောင်းကင်ယံ၌ ရင်းရင်းနှီးနှီး ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
ဤမြင်ကွင်းသည် အဝေးမှ ကြည့်ရှုသူများကြား တုန်လှုပ်သွားစေသည်။
“အလင်းသားတော်နဲ့ သွေးမျိုးနွယ်စုတို့ ရင်းရင်းနှီးနှီးစကားပြောနေကြတာ။ ဘုရားရေ ကမ္ဘာကြီးက တကယ်ပဲ ပရမ်းပတာဖြစ်တော့မှာလား” လူတစ်ယောက်က အော်လိုက်သည်။
"ဟယ်၊ ဒါက တကယ်တော့ အလင်းနဲ့ အမှောင်ရဲ့ အနှစ်သာရပဲ မဟုတ်လား တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်နေပေမယ့် နှစ်ဖက်လုံးက ဒင်္ဂါးပြားတစ်ပြားရဲ့ မျက်နှာစာနှစ်ဖက်လိုပဲလေ”
"အား အခု အင်အားကြီးနှစ်ခု တကယ်ရှိနေတော့ ရွှယ်အန်းတကယ်ပေါ်လာမယ်လို့ မင်းထင်လား"
"ဒါက သံသယဖြစ်စရာပဲ။ အလင်းအသင်းတော်က ထောင်ချောက်တစ်ခုကို ပေါ်ပေါ်တင်တင် ချထားတာ။ ဦးနှောက်နည်းနည်းရှိတဲ့ ဘယ်သူမဆို ရူးမနေဘူးဆိုရင် ဒီဒုက္ခကို ရှောင်ကြလိမ့်မယ်။ မဟုတ်ရင် သူ လာမှာ မဟုတ်ဘူး။"
"သူ လာမယ်လို့ ကျွန်တော် တစ်နည်းနည်းနဲ့ ခံစားရတယ်။ ရွှယ်အန်းကျော်ကြားလာတဲ့အချိန်ကစပြီး သူ ဘယ်တော့မှ နောက်မဆုတ်ဘူး"
အားလုံးက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ် အဝေးက လူတစ်ယောက် ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို တွေ့ရသည်။
သူသည် အေးဆေးတည်ငြိမ်သော အမူအရာနှင့် လျှောက်လှမ်းလာသည်။
လူများစွာသည် ရွှယ်အန်း၏မျက်နှာအစစ်ကို မမြင်ဖူးသော်လည်း၊ သူသည် တရုတ်လူမျိုးဖြစ်သည်ကိုကြည့်ကြသဖြင့် ဤလူကို ကြည့်ကာ ရွှယ်အန်းဖြစ်သည်ကို သိလိုက်ကြသည်။
အသံများအားလုံး ပျောက်ကွယ်သွားကာ လူတစ်ဦးစီသည် ရွှယ်အန်းကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ လေထဲ၌ ရွှင်မြူးစွာ စကားစမြည်ပြောဆိုနေကြသော ပုဂ္ဂိုလ်နှစ်ဦးကလည်း တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားမိ၍ ခေါင်း လှည့်ကြည့်လိုက်သည်။
ရွှယ်အန်းဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါ နှစ်ယောက်စလုံးမသိမသာပြုံးလိုက်ကြသည်။
"သခင်သူတော်စင်အမွေခံ၊ ဒီလူက ကျုပ်ရဲ့ သွေးမျိုးနွယ်စုကို သုတ်သင်ပစ်လိုက်တာ၊ တကယ့်ကို စက်ဆုပ်ရွံရှာစရာကောင်းတယ်။ သူ့ကို ကိုင်တွယ်ခွင့်ပေးပါ" အက်စ်မောဒက်စ်က ပြင်းထန်သော အမူအရာဖြင့် ပြောလိုက်သည်။
အလင်းသားတော်က အနည်းငယ်ပြုံးလိုက်သည်။
“သခင်အက်စ်မောဒက်စ် အရှင့်ရဲ့အလိုတော်အတိုင်းလုပ်ပါ”
သို့သော် ဤအခိုက်အတန့်လေးတွင် ဖြည်းညှင်းစွာလမ်းလျှောက်နေသော ရွှယ်အန်းသည် ရုတ်တရက် မော့ကြည့်လိုက်ကာ သူ့မျက်လုံးများမှ အနက်ရောင်အလင်းတန်းများထွက်လာသည်။
"တားမြစ်ထားတဲ့ ဖျက်ဆီးခြင်း ကျိန်စာ"
သူ့စကားသံကြားသောအခါ မရေမတွက်နိုင်သော အနက်ရောင်တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် ကောင်းကင်မှ မရေမတွက်နိုင်သော အနက်ရောင်မီးများ ရွာကျလာ၍ လေထုအလယ်မှ နတ်ဆိုးနှင့် နတ်ဘုရားဆီဦးတည်သွားသည်။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
လူများစွာက တိမ်များကိုကြည့်လျက် မျက်လုံးများ ပြူးကျယ်နေကြသည်။
“ဒီရွှယ်အန်းက တရုတ်မဟုတ်ဘူးလား။ သူဘယ်လိုလုပ် တားမြစ်ထားတဲ့ကျိန်စာကို သုံးနိုင်တာလဲ”
မည်သို့ပင်ဆိုစေကာမူ၊ ဤကြောက်မက်ဖွယ်တားမြစ်ထားသောကျိန်စာသည် ရွှယ်အန်း၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိကို ပြသခဲ့သည်။ ဤတားမြစ်ထားသော ကျိန်စာ၏ ခြိမ်းခြောက်မှုအောက်၌ အက်စ်မောဒက်စ်က အားပါးတရရယ်မောလိုက်သည်။
“ဒါက ငါ့သွေးမျိုးနွယ်ကိုသတ်ခဲ့တဲ့ကောင်က တတ်နိုင်တဲ့ပမာဏလား”
ထိုသို့ပြောပြီးနောက်၊ ထောက်တိုင်များနှင့်တူသော သွေးအလင်းတန်းများက ကောင်းကင်ယံထက်သို့ ဖြာထွက်ကာ ထို တိမ်နက်များကို တိုက်ရိုက်ဖြိုခွဲလိုက်သည်။
အခန်း(၄၁၁) အဆုံးစွန်ဆုံး တားမြစ်ထားသည့် ကျိန်စာ
တိမ်မည်းများ လွင့်စင်သွားသည်။ တားမြစ်ထားသော ကျိန်စာ၏ တုံ့ပြန်မှုကြောင့် ရွှယ်အန်း၏ တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်လာကာ မျက်နှာသည်လည်း ဖြူဖျော့သွားသည်။ အက်စ်မောဒက်စ်က တိုက်ခိုက်မှုကို ရှောင်တိမ်းကာ မြေပြင်ပေါ်တွင်လဲကျနေသော ရွှယ်အန်းကို လှောင်ပြောင်ကာ အထင်သေးစွာ ခေါင်းခါလိုက်သည်။
“အားနည်းလွန်းတယ်။ မင်းရဲ့ ခွန်အားအတိုင်းအတာလောက်နဲ့ဆိုရင် မင်း ငါ့ကို တော်တော် စိတ်ပျက်စေတာပဲ”
သူ့ပါးစပ်မှ စကားလုံးများ ထွက်လာပြီးမကြာမီ၌ ရွှယ်အန်းက ရုတ်တရက် မော့ကြည့်လိုက်ရာ မျက်လုံး၌ မှော်နက်စွမ်းအင်များ ဝေ့ဝဲနေသည်။
“တားမြစ်ထားတဲ့ ကျိန်စာ ဝိဉာဥ်ကို စားသုံးခြင်း”
“တားမြစ်ထားတဲ့ ကျိန်စာ ဖျက်ဆီးခြင်း”
“တားမြစ်ထားတဲ့ ကျိန်စာ တရားစီရင်ခြင်း”
တားမြစ်ထားသော ကျိန်စာတစ်ခုစီကို ရွတ်ဆိုလိုက်တိုင်း ရွှယ်အန်း၏ ခန္ဓာကိုယ်က တစ်ကြိမ်ခန့် တုန်လှုပ်သွားသည်။ ဤတားမြစ်ကျိန်စာ သုံးခုကို ရေရွတ်ပြီးနောက် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ ဖြည်းညှင်းစွာ စီးကျလာသည်။ သို့သော်လည်း ထိုတားမြစ်ကျိန်စာသုံးခုပေါင်း၏ စွမ်းအားက အလွန် အံ့သြဖွယ်ကောင်းလှသည်။
ပြင်းထန်သော အမှောင်အင်အားစုများသည် လေထုအလယ်မှ နတ်ဆိုးကို တင်းတင်းကြပ်ကြပ် ဝိုင်းရံထားသည်။
“ဟားဟား စိတ်ဝင်စားစရာပဲ” အက်စ်မော်ဒက်စ်က ရယ်မောပြီးနောက် အသက်ပြင်းပြင်းရှုလိုက်သည်။
ဒီရေကဲ့သို့ အမှောင်စွမ်းအားများကို အက်စ်မောဒက်စ်က လုံးဝ စုပ်ယူသွား၏။
ထို့နောက် အနည်းငယ်ပြုံးလိုက်သည်။
"သွေးမျိုးနွယ်ဝင်တစ်ယောက်ကို အမှောင်ထုရဲ့စွမ်းအားသုံးရဲတဲ့ မင်းအတွေးကို ငါသိချင်မိသား”
သို့သော် အက်စ်မောဒက်စ်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီးနောက် သူ့ခန္ဓာကိုယ်တွင်းမှ ပေါက်ကွဲသံများထွက်ပေါ်လာကာ လျင်မြန်စွာအသက်ကြီးလာခဲ့သည်။
ထိုအချိန်တွင် ရွှယ်အန်းက ပြောလိုက်၏။
"တားမြစ်ထားတဲ့ ကျိန်စာ·အိုမင်းခြင်း"
တားမြစ်ကျိန်စာလေးခုကို တစ်ပြိုင်နက်ထုတ်သုံးလိုက်ခြင်းဖြစ်သော်လည်း ရွှယ်အန်းက နောက်ဆုံးတစ်ခုကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားခဲ့သည်။
ဤအရာကအက်စ်မောဒက်စ်ကို လျပ်တပြက်တိုက်ခိုက်နိုင်ခဲ့သော်လည်း အနည်းအကျဥ်းသာ ထိခိုက်မှုရှိသည်။ သို့သော် သွေးမျိုးနွယ်စု၏ ဘိုးဘေးတစ်ယောက်အနေဖြင့်ပြင်းပြင်းထန်ထန် ဒေါသထွက်ခဲ့ရ၏။
“မင်းက ကောက်ကျစ်တဲ့လူသားပဲ”
သူစကားပြောနေစဉ်တွင်၊ သူ့နောက်တွင်ရပ်နေသော ဒုတိယမျိုးဆက် သွေးမျိုးနွယ်စုအဖွဲ့ဝင်တစ်ဦးသည် ရုတ်တရက် အော်ဟစ်လိုက်ပြီးနောက် သွေးအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲ၍ အက်စ်မောဒက်စ်၏ ဝါးမြိုခြင်းခံလိုက်ရသည်။ အသက်ကြီးလာသော ရုပ်သွင်က လျင်မြန်စွာ ပြန်လည် ပြောင်းလဲလာကာ သူ၏ ရောင်ဝါသည်လည်း ပို၍ အင်အားကောင်းလာသည်။
ထိုအခါ အက်စ်မောဒက်စ်က ပြင်းထန်စွာ ပြုံးလိုက်သည်။
“လူသား မင်းငါ့ကို ဒေါသထွက်အောင်လုပ်နိုင်ခဲ့ပြီ။ မင်းရဲ့ဝိညာဉ်ကို ငါထုတ်ယူပြီး ထာဝရငရဲမီးတောက်တွေနဲ့ ကင်လိုက်မယ်"
ဤသို့ဖြင့် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲကာ ရွှယ်အန်းဆီသို့ တိုက်ရိုက်ပြေးသွားသည်။
အလင်း၏ သားတော်က မာန်တက်နေသော အမူအရာဖြင့် အနီးနားတွင်ရပ်နေ၏။ ရိုးရိုးသားသားပြောရလျှင် သူသည် ရွှယ်အန်း၏ခွန်အားကို အထင်မကြီးလှပေ။ ခမည်းတော် ဘုရားသခင်က ချေမှုန်းခိုင်းခဲ့သော ရွှယ်အန်းက ဤလူသာဖြစ်လျှင် အလွန် ရိုးရှင်းလွန်းလှသည်။
သူ၏ လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် ထိုသူ၏ အသက်ကို အရယူနိုင်ချေရှိ၏။ ထို့ကြောင့် အလင်းသားတော်သည် စတင်လှုပ်ရှားချင်စိတ်မရှိတော့ဘဲ မတ်တပ်ရပ်ကာ စောင့်ကြည့်နေခဲ့သည်။ သို့သော် အက်စ်မောဒက်စ်က ချီတက်ခါနီးတွင် မြေပြင်ပေါ်မှ ရွှယ်အန်းသည် သွေးချောင်းတစ်ချက်ဆိုး၍ အမှောင်မီးလျံများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
မီးလျံများကြား၌ ရွှယ်အန်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ညှိုးနွမ်းစ ပြုလာသော်လည်း သူ့မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပလျက် နှုတ်ခမ်းထောင့်တွင်လည်း ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
‘ဒါမကောင်းဘူး’
ဤသည်ကိုမြင်သောအခါ အက်စ်မောဒက်စ်၏ နှလုံးသား၌ အချက်ပေးသံတစ်ခု ထွက်ပေါ်လာကာ ရှောင်တိမ်းရန် ကြိုးစားခဲ့သည်။ သို့သော် အဆုံးမဲ့သေခြင်း၏ စွမ်းအားက သူနှင့်အလင်းသားတော်ကို ဖုံးအုပ်ထား၏။ ဤမျှလောက်သော စွမ်းအင်က ထိုခဏတာမျှပင် ၎င်းတို့နှစ်ဦးလွတ်မြောက်ရန် တားဆီးထားပုံရသည်။
ဤတားမြစ်ထားသောကျိန်စာကိုအသုံးပြုပြီးနောက် သူ၏ဝိညာဉ်က လုံးလုံးပြိုကွဲသွားမည်ကို သူသိသောကြောင့် ရွှယ်အန်း၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ခိုင်မာသည့်အကြည့်များ တောက်ပလာခဲ့သည်။
သို့သော် သူ နောင်တမရခဲ့ပေ။
“အဆုံးစွန်တားမြစ်ထားသောကျိန်စာ·နတ်ဘုရားများ…”
“ဆည်းဆာ” ဟူသော စကားလုံးကို မပြောရသေးပေ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် “အရိုးတွေ များလိုက်တဲ့အရိုးတွေတွေ” ဟု ထိတ်လန့်စွာ အော်ဟစ်ခဲ့သည်။
အမှန်ပင် အဆုံးမဲ့သော အရိုးစုများက အတားအဆီးမရှိသော လှိုင်းလုံးကြီးကဲ့သို့ ကြောက်လန့်ခြင်းမရှိ ရှေ့သို့ ချီတက်လာသည်။ ဤအရိုးစုများအားလုံးသည် ပြင်းထန်သော မရဏရောင်ဝါကို ထုတ်လွှတ်လျက်ရှိကာ ၎င်းတို့ ဖြတ်လှမ်းလာသည့်နေရာတစ်လျှောက်မှ မြက်ပင်တစ်ပင်မျှပင် မရှင်သန်နိုင်ခဲ့ပေ။ သန့်စင်သော အလင်းနိုင်ငံတော်၏ မြို့ရိုးကို စောင့်ကြပ်နေသည့် ယဇ်ပုရောဟိတ်အများအပြားသည် ဤမျှထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို တစ်ခါမျှမမြင်ဖူးကြသဖြင့် ခြေထောက်များ တုန်တုန်ယင်ယင် ဖြစ်နေကြသည်အထိ ကြောက်ရွံ့နေကြသည်။
သို့သော် ဤသည်က အစသာရှိသေးသည်။
ကောင်းကင်ကြီးက တဖြည်းဖြည်း မည်းမှောင်အုံ့မှိုင်းလာသည်။
လူတိုင်းက မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံထက်တွင် အလွန်ကြီးမားသော အရိုးနဂါးတစ်ဒါဇင်ကျော်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ကြီးမားသော သဘာဝအလင်းရောင်ကိုပင် ဖုံးအုပ်သွားသည်။ ထို့နောက် အရိုးနဂါးကြီး၏ မျက်လုံးအိမ်များတွင် အပြာရောင်မီးတောက်များ တဖျပ်ဖျပ်ခတ်လျက် အရိုးစုတစ်ခု ရပ်နေသည်။
အရိုးစုက အားပါးတရရယ်မောလိုက်ပြီးနောက် ဆေးပြင်းလိပ်ကို တစ်ချက်ရှိုက်၍ ပြောလိုက်သည်။
“မတွေ့တာကြာပြီ ကိုယ့်လူတို့”
“ဘုရားသခင်… မှော်နက်ဆရာ ဒီလိုကောင်မျိုးက အလယ်ခေတ် တိုက်ပွဲတွေကြားမှာ သေသွားသင့်တာမလား”
တစ်စုံတစ်ယောက်က ထိတ်လန့်စွာ ထအော်သည်။
ရွှယ်အန်းက ဤမြင်ကွင်းကို ပြောင်ကျကျ စိုက်ကြည့်လျက် “ခါရာဆက်…” ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အမှန်ပင် ဤသည်မှာ အမှောင်ကောင်စီမှ မှော်နက်ဆရာ ခါရာဆက်ဖြစ်၍ ရွှယ်အန်းကို ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်လိုက်သည်။
“အင်း ငါလာပြီ”
ရွှယ်အန်းသည် အသက်ပြင်းပြင်းရှုလျက် နှာသီးဝကလေးက နီလာကာ ခံစားချက်များ တဟုန်ထိုး မြင့်တက်ကာ ငိုချချင်လာသည်။ တစ်ဖက်တွင်မူ အလင်းသားတော်၏ မျက်နှာက နက်မှောင်လာသည်။
“မြေအောက်ကမ္ဘာဘုရင်ရဲ့ တပည့်တွေက ဒီကမ္ဘာပေါ်မှာ ရှိနေဦးမယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့ဘူး”
“မရဏကမ္ဘာဘုရင်ကို တစ်ယောက်ယောက်က မှတ်မိနေသေးလို့ ဝမ်းသာပါတယ်” ခါရာဆက်က အနည်းငယ်ပြုံး၍ ပြောလိုက်သည်။
“ဟား ငါ့ရှေ့မှာ ခွင့်လွှတ်လို့မရတဲ့ နတ်ဆိုးသခင်အကြောင်း သတ္တိရှိရှိပြောရဲတယ်ပေါ့” အလင်းသားတော်က ရယ်မောလိုက်ရာ သန့်ရှင်းသော အလင်းတန်းများက ကောင်းကင်ဆီသို့ လွင့်ပျံလာသည်။
ခါရာဆက်၏ အမူအရာက လေးနက်သွားသည်။
မရဏကမ္ဘာဘုရင်ကို အမှုထမ်းခဲ့သော မှော်နက်ဆရာတစ်ဦးအနေဖြင့် သန့်ရှင်းသောအလင်းရောင်သည် သူ့အတွက် သေစေနိုင်သည်။ အထူးသဖြင့် အလင်း၏သားတော်မှထုတ်လိုက်သောအခါ၊ ၎င်း၏စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။
"အရိုးနဂါး ညည်းတွား" ခါရာဆက်က ကျယ်လောင်စွာ အော်လိုက်သည်။
အရိုးနဂါးများသည် ကောင်းကင်သို့ခုန်တက်ကာ ခုန်တက်ကာ ၎င်းတို့၏ မေးရိုးများကို တညီတညွတ်တည်း ဖွင့်လိုက်ကြပြီးနောက် အနက်ရောင်လေခိုးငွေ့များထွက်လာရာ သန့်ရှင်းသောအလင်းရောင်ကို ထိတ်တိုက်တွေ့လိုက်သည်။
ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီးနောက်
အရိုးနဂါးလေးငါးကောင်တို့သည် သန့်ရှင်းသောအလင်းရောင်ကြောင့် ဖုန်မှုန့်များအဖြစ်သို့ ရောက်ကုန်ကြသည်။ အကယ်၍ ခါရာဆက်တွင်သာ မျက်ခွံရှိပါက ဤအခိုက်အတန့်တွင် ယင်းတို့ တုန်ယင်နေမည်မှာ သေချာလှသည်။
ထို့အပြင်၊ ဤအရိုးနဂါးများသည် သူနှစ်ပေါင်းများစွာ ပေးထားခဲ့ရသည့် ရလဒ်များဖြစ်ကာ ယခု အနည်းငယ်သာကျန်ရှိတော့သည်။ ထို့ကြောင့် အခြားရွေးချယ်စရာဟူ၍ မကျန်တော့သဖြင့် အံကြိတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်ခဲ့သည်။
အက်စ်မောဒက်စ်သည် ဤအခိုက်အတန့်တွင် အလွန်တည်ငြိမ်နေကာ ရွှယ်အန်းကို ကိုင်တွယ်ရန်အလျင်လိုခြင်းမရှိတော့ဘဲ လက်ပိုက်လျက် ဘေးမှ ရပ်ကြည့်နေသည်။
ဤအခွင့်အရေးမှတဆင့် အလင်း၏သားတော်၏ ခွန်အားကို တိုင်းတာလိုသည်။
အလင်း၏သားတော်သည် အေးစက်စွာ ဟစ်အော်ကာ သူ၏လက်ကို တဖန်ဝှေ့ယမ်းလိုက်ခြင်းဖြင့် ဤတစ်ကြိမ်တွင် သန့်ရှင်းသောအလင်း၏ နောက်ထပ်ရောင်ခြည်တစ်စင်းကို မြေပြင်ပေါ်ရှိ အရိုးစုပင်လယ်ပြင်ဆီသို့ စေလွှတ်လိုက်သည်။ ဤသန့်ရှင်းသောအလင်းရောင်၏ စွမ်းအားသည် အလွန်ကြီးမားသောကြောင့် ကျိုးပဲ့လွယ်သောအရိုးစုများစွာသည် ၎င်းတို့ဆီမရောက်မီတွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သို့သော် ထိုအချိန်တွင် ဒါဇင်ပေါင်းများစွာသော ကြီးမားသောရုပ်သွင်များ မြေကြီးမှ ရုတ်တရက်ခုန်ထွက်လာ၍ သန့်ရှင်းသောအလင်းရောင်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။
"ဒါ တိုက်တန်ဘီလူးတွေပဲ" လူတစ်ယောက်က အော်လိုက်၏။
ခေါင်းဆောင်တိုက်တန်က အဝေးမှ ရွှယ်အန်းကို ခေါင်းညိတ်ပြလိုက်သည်။ ရွှယ်အန်းက အချိန်အတန်ကြာ ထိတ်လန့်နေပြီးမှ ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် မြူခိုးများဖုံးလွှမ်းနေသော အမျိုးသမီးအများအပြားလည်း ရင်ပြင်ပေါ်တွင် ပေါ်လာသည်။
“မင်ယန်” ရွှယ်အန်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။
ဦးဆောင်သူအမျိုးသမီးက ရယ်မောပြီးနောက် ရွှယ်အန်းကို ခေါင်းညိတ်ပြလိုက်သည်။
“အကုန်လုံးက အမှောင်ကောင်စီကပဲ” လူတစ်ယောက်က နောက်ဆုံးတွင် သတိထားမိသွား၍ အော်လိုက်သည်။
အမှောင်ကောင်စီဟူသော ဖော်ပြချက်ကြောင့် လူအများ၏ မျက်နှာက တင်းမာသွားကာ အချို့သူများက အံ့သြသွားကြသည်။ ရွှယ်အန်းနှင့်အမှောင်ကောင်စီအကြား ဆက်စပ်မှုကို မည်သူမျှ မကြားခဲ့ဖူးပေ။
ဘာတွေဖြစ်နေတာလဲ
ထိုအချိန်တွင် အလင်း၏သားတော်ကပြော၏။
“ကောင်းပြီ၊ မင်းတို့အားလုံး စုပြီးသွားပြီဆိုတော့ မင်းကို တခါတည်းသတ်ပစ်ဖို့ ပိုအဆင်ပြေတာပေါ့”
ဤသို့ဖြင့် သူ့မျက်နှာတစ်ခုလုံးကို သန့်ရှင်းသော ရောင်ဝါများဖြင့် ဖုံးလွှမ်းသွားသည်။
“ထောင်ကဲ့သို့ မြင့်မြတ်သော နတ်ရောင်ဝါ”