← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း(၄၁၂) မင်းက ရွှယ်အန်းမဟုတ်ဘူး

ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသည့် လှောင်အိမ်တစ်ခုကဲ့သို့ စွမ်းအားကြီးသော သန့်စင်သည့်အလင်းတန်းများက အမှောင်ကောင်စီအဖွဲ့ဝင်များထံ တိုက်ရိုက်ကျရောက်နေသည်။

ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ နူးညံ့သောအသံကထွက်ပေါ်လာ၏။

“အဆုံးစွန် တားမြစ်ထားသော ကျိန်စာ ဘုရားသခင်ရဲ့ညနေခင်း”

ဘမ်း

အဆုံးစွန်သော သေခြင်းတရား၏ အရိပ်အာဝါသကို တိုက်ရိုက်တုံ့ပြန်ကာ မြူမှုန်တစ်ခုက အလင်းတန်းများကို ဖြိုခွင်းပစ်လိုက်သည်။ ထို့အပြင် ယင်းက အလင်းသားတော်ဆီသို့ တိုးဝင်သွားနိုင်သည်။ ထို့ကြောင့် အလင်းသားတော်၏ မျက်နှာထက်၌ လေးနက် တည်ကြည်သော အငွေ့အသက်များ ပေါ်ထွက်လာသော်လည်း သူသည် တည်ငြိမ်စွာ မတ်တပ်ရပ်မြဲရပ်လျက် အေးစက်စွာပြောလိုက်သည်။

“ဘုရားသခင်က ‘ဒီလောကရဲ့ စည်းမျဥ်းတွေက မတည်ရှိဘူး’လို့ ပြောခဲ့တယ်”

သူ့စကားများ ထွက်ပေါ်လာသည်နှင့်အမျှ အင်အားကြီးသော အမှောင်ထုက တစ်စုံတစ်ခုက ချုပ်နှောင်ခြင်းခံလိုက်ရသည့်အလား အက်ကွဲသွားရာ အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် အမျိုးသမီးတစ်ဦးက ခပ်တိုးတိုး အံကြိတ်လျက် သူမ၏ ရုပ်သွင်က တဖြည်းဖြည်း ပေါ်လာသည်။

ဤအခိုက်အတန့်တွင် သူမ၏ အသားအရည်က ဖြူဖျော့နေကာ မျက်လုံးများက မှိန်ဖျော့နေသည်။

၎င်းသည်ကား အန်နာစတေးရှားပင်ဖြစ်သည်။ သူမ၏ ခွန်အားဖြင့် ဤနောက်ဆုံးကျိန်စာကို ထုတ်သုံးခြင်းက အလွန်မကြီးမားလှသော်လည်း အလင်း၏ သားတော်က ဤကျိန်စာကို အလွယ်တကူ ချေဖျက်နိုင်သည်အထိ ဤမျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။

ထိုပြင်းထန်သော တုံ့ပြန်မှုကြောင့် အန်နာစတေးရှားလည်း ဒဏ်ရာရခဲ့သည်။

"ဆရာ"

ရွှယ်အန်းက စိုးရိမ်တကြီး အော်လိုက်သည်။

‘ဆရာတဲ့လား’

ဤခေါ်ဆိုမှုက လူအများကို အံ့အားသင့်သွားစေခဲ့သည်။ ထိုအချိန်တွင် စကားခပ်များများ မပြောခဲ့သည့် အက်စ်မောဒက်စ်က လှောင်ရယ်လိုက်သည်။

“မထူးဆန်းပါဘူး တစ်ခုခုတော့ လွဲနေပြီ၊ မင်းက ရွှယ်အန်းမဟုတ်ဘူးဆိုတာ သိသာတယ်”

အားလုံးက ပထမဦးစွာ ထိတ်လန့်သွားပြီးနောက်မှ အနီးကပ်ကြည့်လိုက်ကြသည်။ ၎င်းတို့က ရွှယ်အန်း၏ မျက်နှာက ဖြည်းညှင်းစွာ ပြောင်းလဲကာ နောက်ဆုံးတွင် အမျိုးသမီးတစ်ဦးအဖြစ်‌ပြောင်းလဲသွားသည်ကို မြင်လိုက်ကြရသည်။

၎င်းသည်ကား ဖန်းမင်ရွှယ်ပင်ဖြစ်၏။

မှန်သည်။ သူမက ရွှယ်အန်းအဖြစ်ဟန်ဆောင်ခဲ့ခြင်းပင်ဖြစ်သည်။

ထိုအချိန်တွင် ဖန်းမင်ရွှယ်၏ မျက်နှာက အပြစ်ရှိစိတ်နှင့်ပြည့်နေသည်။ သူမသည် ၎င်းတို့ကို မပါဝင်စေချင်သောကြောင့် အမှောင်ကောင်စီမှ မည်သူ့ကိုမျှ မပြောဘဲ ဤတစ်ကြိမ်တွင် သူမကိုယ်တိုင် ခိုးထွက်ခဲ့ခြင်းဖြစ်သည်။

ရွှယ်အန်းအဖြစ်ဟန်ဆောင်ခြင်းက သူမ၏ စိတ်ကူးယဥ်ဆန်သော အတွေးတစ်ခုမျှသာဖြစ်သည်။ သူမ၏ အစီအစဥ်ကား ရိုးရှင်းသည်။ ရွှယ်အန်း မရောက်လာမီတွင် ဤနတ်ဆိုးနှစ်ကောင်ကို သုတ်သင်ပစ်ရန်ပင်ဖြစ်သည်။

မှန်သည်။ ခက်ခဲလိမ့်မည်ကို သူမသိသည့်အတွက် သူမ သေနိုင်ချေရှိသည်ဟူသော ခံယူချက်နှင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးနှစ်ကောင်ကို မသတ်နိုင်လျှင်ပင်ပင် ၎င်းတို့၏ ခွန်အားများ ဆုံးရှုံးသွားပါက တန်ဖိုးရှိလိမ့်မည်ဟု သူမတွေးခဲ့သည်။ သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ အမှောင်ကောင်စီမှ လူများအားလုံး နောက်ဆုံးအခိုက်အတန့်တွင် ရောက်လာကြ၍ သူမကြောင့် ဆရာဖြစ်သူ ဒဏ်ရာရသွားမည်ကိုပင်ဖြစ်၏။

“ဆရာ ကျွန်မ တောင်းပန်ပါတယ်” ဖန်းမင်ရွှယ်က ခေါင်းငုံ့ကာ ပြောလိုက်သည်။

သို့သော် အန်နာစတေးရှားက သူမ၏ လက်ကိုဝှေ့ယမ်းကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“ငါ့တပည့် မင်း ဘယ်တော့မှ တောင်းပန်စရာမလိုဘူး။ မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး”

ထိုအချိန်တွင်၊ လေထဲတွင်ရှိသော အလင်း၏သားတော်က အထင်‌သေးစွာ ရယ်မောလိုက်သည်။

“သခင်နဲ့ တပည့်ကြားက နက်ရှိုင်းတဲ့ ဆက်ဆံရေးပဲ နှမျောစရာ။ ဒီနေ့ မင်းတို့ ငါ့ရှေ့ကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာမှတော့ ငါကိုယ်တိုင် စည်းကမ်းပြပေးရမှာပေါ့”

ဤသို့ပြော၍ သူက မာန်တက်စွာဖြင့် ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်သည်။

“မင်းက အမှောင်တားမြစ်ကျိန်စာတွေကို ငါ့ပေါ်သုံးရဲတယ်ဆိုတော့ အလင်းတားမြစ်ကျိန်စာတွေကို မင်းတို့ကို မျက်မြင်တွေ့အောင်ပြပေးမယ်”

ဤသို့ပြော၍ သူက အေးစက်စွာ အော်လိုက်သည်။

“အလင်းနိုင်ငံတော်”

ဘမ်း

ဆည်းဆာနီးလာသော ကောင်းကင်ယံကြီးက ရုတ်တရက် တောက်ပလာကာ ကောင်းကင်မှ မရေတွက်နိုင်သော အလင်းတန်းများ ကျဆင်းလာ၍ ကောင်းကင်တမန်များ၏ အော်သံကိုပင် ခပ်တိုးတိုး ကြားလိုက်ကြရသည်။ သို့သော် ငြိမ်သက်အေးချမ်းသည်ဟု ထင်ရသော မျက်နှာစာအောက်တွင် အဆုံးမဲ့သော သေခြင်းတရားများကို ဖုံးကွယ်ထားသည်။

ကောင်းကင်ယံ၌ ပျံသန်းနေသော အရိုးနဂါးများက တညီတညွတ်တည်း အော်ဟစ်၍ သန့်စင်သော အလင်းရောင်အောက်တွင် ဖုန်မှုန့်များဖြစ်သွားသည်။ မြေပြင်ပေါ်ရှိ အရိုးစုနတ်ဆိုးများက ခုခံရန်ပင် အင်အားမရှိတော့ဘဲ ဖုန်မှုန့်အဖြစ်ပြောင်းလဲကာ လေဖြင့် လွင့်သွားကြသည်။

ခါရာဆက် အကြိမ်ပေါင်းများစွာ ဆဲဆိုပြီးနောက်မှ အော်ဟစ်၍ ထွက်ပြေးရန် ကြိုးပမ်းတော့သည်။ သို့သော် သန့်ရှင်းသော အလင်းတန်းတစ်ခုက သူ့ရင်ဘတ်သို့ ထိုးဖောက်ဝင်ရောက်သွားဆဲပင်ဖြစ်၏။

“ခါရာဆက်” အန်နာစတေးရှားက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

ခါရာဆက်၏ အရိုးစုက လေထုထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ဤသည်ကိုမြင်သောအခါ တိုက်တန်ဘီလူးက ဒေါသတကြီးကြုံးဝါးကာ ခါရာဆက်ကို ဖမ်းရန် လေထုထဲသို့ ပျံတက်၍ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာသည်။ သို့သော် အက်စ်မောဒက်စ်က လှောင်ပြောင်၍ တိုက်တန်ဘီလူးရှေ့တွင် ရုတ်တရက်ပေါ်လာသည်။

တိုက်တန်ဘီလူးက ချက်ချင်းပြုတ်ကျရာ မြေပြင်ပေါ်၌ ကြီးမားသော တွင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ လေထုထဲသို့ မြင့်တက်လာသော ဖုန်မှုန့်နှင့် မီးခိုးများကြားတွင် ခါရာဆက်သည် မြေပြင်ပေါ်သို့ ကျလျက် အရိုးများသည်လည်း ကွဲကြေလုနီးပါးဖြစ်ရာ သူ၏ ဦးခေါင်းခွံရှိ မျက်လုံးအိမ်ထဲမှ မီးတောက်များက အလွန်အားလျော့သွားသည်။

ထိုအချိန်တွင်၊ ဒုတိယလှိုင်းက ၎င်းတို့အပေါ်သို့ ကျရောက်နေပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် သန့်ရှင်းသောအလင်းရောင်က ပထမအကြိမ်ကထက်ပင်ပို၍ သန်မာအားကောင်းလာသည်။ သန့်ရှင်းသောအလင်းတန်းများကြား၌ မင်းယန်က ရုတ်တရက် အော်လိုက်၏။ ထိုအသံက အလွန်ကျယ်လောင်လှရာ ကျောက်သင်ဘုန်းပေါ်သို့ သံဖြင့် ခြစ်နေသကဲ့သို့ ဆိုးဝါးလှသဖြင့် လူအများ၏ မျက်နှာများက မသက်မသာဖြစ်ကုန်ကြသည်။ သို့သော် ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးက အလင်းသားတော်နှင့် ပထမဘိုးဘေးတို့အပေါ် သက်ရောက်မှု ကြီးကြီးမားမားမရှိပေ။

သန့်စင်သောအလင်းရောင်အောက်၌ ခါရာဆက်က ဖုံးအုပ်ခြင်းခံရတော့မည်ကို မြင်လိုက်ရသောအခါ နောက်ကျောတစ်ခုလုံး မီးကင်ခံထားရသည့် အန်နာစတေးရှားက အံကြိတ်၍ ခါရာဆက်ကို ကာကွယ်ရန် အနက်ရောင်မီးခိုးများ ထုတ်လွှတ်လိုက်သည်။

ဤသည်ကိုမြင်သောအခါ ခါရာဆက်က ခါးသက်စွာပြုံးလိုက်သည်။

“ငမိုက်မလေး မင်းဒီလိုနဲ့ သေရလိမ့်မယ်။ ထွက်သွား ငါ့ကို ကယ်တင်ဖို့ မလိုဘူး”

သို့သော်အန်နာစတေးရှားက ပြုံးလိုက်သည်။

“ဒီကမ္ဘာမှာ မှော်နက်ဆရာတစ်ယောက်ပဲကျန်တော့တယ်။ ရှင်ပါသေရင် ရှင်တို့ အမျိုးတွေ တကယ်ပဲ မျိုးသုဥ်းသွားလိမ့်မယ်”

ခါရဆက်၏ အရိုးစုမျက်လုံးအိမ်များ၌ မျက်ရည်စများ တဖြည်းဖြည်း ပေါ်လာသည်။

‘ဒီတော့ အရိုးတွေက ငိုနိုင်တယ်ပေါ့’

ထိုအချိန်တွင် ကောင်းကင်ဥ အလင်း၏သားတော်က ကဲ့ရဲ့ ရှုံ့ချလိုက်သည်။

“ဘယ်လောက်တောင် ကြည်နူးစရာကောင်းတဲ့ ခံစားချက်မျိုးလဲ။ မင်းတို့နှစ်ယောက်လုံးကို ငရဲပြည်ကို ပို့ပစ်မယ်”

ဤသို့ဖြင့် တတိယမြောက် တိုက်ခိုက်မှုလှိုင်းလုံးကြီးက တစ်ဖန်ပြန်လည်ထွက်ပေါ်လာသည်။ ရုတ်တရက် တိုက်တန်ဘီလူးကြီးက ဖန်းမင်ရွှယ်ကို ဖက်၍ ၎င်း၏ ရင်ခွင်ထဲထည့်ကာ မိမိကိုယ်မိမိ အကာအရံအဖြစ် အသုံးပြုခဲ့သည်။

“မင်းက အမှောင်ကိုယ်ထည်မရသေးဘူး။ ဒါ့ကြောင့် မင်း ရှင်သန်နိုင်မှရမယ်။ တတ်နိုင်သလောက် ပြေးဖို့မမေ့နဲ့” တိုက်တန် မင်ယန်က တိုးညှင်းသော အသံဖြင့်ပြောသည်။

ဖန်းမင်ရွှယ်က တစ်ကိုယ်လုံး တုန်လှုပ်သွားပြီးနောက် ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာသည်။ သို့သော် အမှောင်ကောင်စီဝင်တိုင်းအပေါ်သို့ သန့်ရှင်းသော အလင်းရောင်ကျရောက်ခါနီးတွင် စစ်မြေပြင်အလယ်၌ ဖြူစင်သော ကြာပန်းတစ်ပွင့်ပေါ်လာသည်။ ဤကြာဖြူကို မြင်သောအခါ ကြီးစိုးနေသော သန့်ရှင်းသောအလင်းရောင်က သခင်နှင့်တွေ့သကဲ့သို့ ရုတ်ခြည်း ငြိမ်ဝပ်သွားကာ ထို့နောက် ဒီရေကဲ့သို့ ဆုတ်ခွာသွားသည်။

ဤမြင်ကွင်းကို အလင်းသားတော်ကပင် အံ့အားသင့်သွားသည်။

‘ဘာတွေဖြစ်နေတာလဲ’

‘ဒီတိုက်ခိုက်မှုက ဘယ်လိုလုပ် ထိရောက်မှုမရှိဘဲနေမှာလဲ’

အမှောင်ကောင်စီဝင်များအနေဖြင့် ပို၍ပင် အံ့သြသွားကြသည်။

ထိုအချိန်တွင် အေးစက်သောအသံတစ်ခုထွက်ပေါ်လာသည်။

"တကယ် ငရဲသွားသင့်တဲ့သူတွေက မင်းတို့ပဲ"

ဤအသံကိုကြားသောအခါး ဖန်းမင်ရွှယ်၏ တစ်ကိုယ်လုံး တောင့်တင်းလျက် ခေါင်းကိုမော့ကြည့်လိုက်သည်။ သူမသည် မိုးကုပ်စက်ဝိုင်းမှ မယုံနိုင်လောက်အောင်ကောင်းသောအရှုံဖြင့် ပျံသန်းလာသည့် အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီးနောက် မျက်စိတစ်မှိတ်အတွင်း စစ်မြေပြင်အလယ်သို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။

ထို့နောက် အလင်းသားတော်ဆီသို့ တည့်တည့်သွားကာ လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။

ဘမ်း

အလင်း၏ သားတော်က တုံ့ပြန်ရန် အချိန်ပင်မရဘဲ လေထုအလယ်မှ မြေပြင်သို့ တိုက်ရိုက် ထိုးချခံရကာ မြေပြင်၌ အတိမ်အနက်ပင်မသိနိုင်သော လူ့ပုံသဏ္ဍာန် တွင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ သွေးဘိုးဘေး အက်စ်မောဒက်စ်က တစ်ကိုယ်လုံး တုန်လှုပ်သွားကာ လှုပ်ရှားရန် အသင့်ဖြစ်နေသည်။

အလင်းတန်းများ လင်းထိန်သွားကာ သူ့ရှေ့တွင် ပေါ်လာပြီး နောက်တွင် လက်သီးတစ်ချက် ကျရောက်လာသည်။

အက်စ်မောဒက်စ်သည် နတ်ဆိုးနဂါးတစ်ဒါဇင်၏ နင်းမိခြင်းကို ခံရသကဲ့သို့ ခံစားရကာ ဦးခေါင်းသည်လည်း အက်ကွဲသွားသည်။

သွေးမှုန်များ ပြန့်ကျဲသွား၏။

ထို့နောက် ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အခန်း(၄၁၃) လူတစ်ကိုယ်စစ်ပွဲ

လူတိုင်းသည် လေထုထဲမှ အရပ်ရှည်ရှည် သွယ်လျသော လူတစ်ယောက်ကို စိုက်ကြည့်နေကြသည်။ အရာအားလုံးက မြန်ဆန်လွန်းသောကြောင့် အသက်ရှုစဉ်အတွင်း၌ပင် နတ်တစ်ပါးနှင့် နတ်ဆိုးပါ ချေမှုန်းခံလိုက်ရသည်။

ဤအခိုက်အတန့်တွင် ထောက်လှမ်းရေးအေဂျင်စီအချို့၏ အဖွဲ့ဝင်များက ထိတ်လန့်တုန်လှုပ်သွားကြ၏။

"ဒါသူပဲ၊ သူက တကယ့် ရွှယ်အန်းပဲ"

ဤစကားသည် ဆူပွက်နေသော အိုးထဲသို့ ရေအေးပုံးတစ်ပုံးကို လောင်းချလိုက်သည့်အလား ပြင်းထန်သော ရုန်းရင်းဆန်ခတ် ဖြစ်စေသည်။

"တကယ်က သူပဲ သူတကယ်လာပြီ"

" အလင်းသားတော်နဲ့ သွေးဘိုးဘေးကို လက်သီးနှစ်ချက်တည်းနဲ့ ချေမှုန်းပစ်လိုက်တာ ကြောက်စရာပဲ”

"ငါတို့အားလုံးက သူ့ကို လျှော့တွက်ထားပုံရတယ်"

ဤအရာများအားလုံးက အံ့အားသင့်နေကြသည့် အာမေဋိတ်များပင်ဖြစ်သည်။

သို့သော် မျက်နှာထက်တွင် လေးနက်သော အမူအရာများရှိနေကြသည့် လူများစွာက ဤမျှရိုးရှင်းလိမ့်မည်မဟုတ်ဟု ထင်နေကြဆဲပင်ဖြစ်သည်။

အမှန်ပင်။

မြေကြီးပေါ်ရှိ လူပုံသဏ္ဍာန်ရှိသော တွင်းကြီးမှ ခိုင်ခံ့သော သန့်ရှင်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီးနောက် မျက်နှာတစ်ခုလုံး ဒေါသကြောင့်နီရဲနေသည့် အလင်း၏သားတော် ထွက်ပေါ်လာသည်။

ဦးခေါင်းအရိုက်ခံရသောသွေးမျိုးနွယ်၏ ဘိုးဘေးက သာမန်မျက်စိဖြင့်မြင်ရသည့်အရှိန်ဖြင့် ဦးခေါင်းကိုပြန်လည်ပြုပြင်ပြီးနောက် ရွှယ်အန်းအား လူသတ်ချင်စိတ်အပြည့်ရှိသောမျက်နှာဖြင့် ကြည့်လိုက်သည်။

အနက်ရောင်နှင့် အဖြူရောင်။

အလင်းနှင့်အမှောင်၏ ခေါင်းဆောင်နှစ်ယောက်က ကောင်းကင်ကို အရောင်ပြောင်းစေလုသည့် ရောင်ဝါကို ထုတ်လွှတ်လိုက်ကြသည်။

ထိုသို့သော စွမ်းအားကိုမြင်သောအခါ ရွှယ်အန်းအပေါ် မျှော်လင့်ထားကြသူများက ပါးစပ်ပိတ်ထားကြသည်။

သို့တိုင် ထိုသို့သောအခြေအနေမျိုးတွင်ပင် ရွှယ်အန်းသည် ထိတ်လန့်သည့်လက္ခဏာမပြဘဲ ကျောနောက်တွင် လက်နှစ်ဖက်ယှက်လျက် ရပ်နေခဲ့သည်။ ထို့နောက် အမှောင်ကောင်စီအဖွဲ့ဝင်များကို အနည်းငယ် ပြုံးပြလိုက်သည်။

ထို့နောက် ဖြူဖျော့နေသောမျက်နှာရှိနေသည့် ဖန်းမင်ရွှယ်ကို လှည့်ကြည့်လိုက်ကာ ခေါင်းကို ကူကယ်ရာမဲ့စွာခါလိုက်သည်။

“ဒီလို မိုက်မဲတဲ့ ကောင်မလေး"

ရွှယ်အန်းသည် အန်းယန်နှင့် အေးအေးဆေးဆေး ခရီးဆက်နေသော်လည်း လမ်းတစ်ဝက်တွင် သန့်ရှင်းသောအလင်းနိုင်ငံတော်ကို စတင်တိုက်ခိုက်နေပြီဟူသော သတင်းကို သူကြားလိုက်ရသည်။ ထိုအချိန်တွင် ရွှယ်အန်းသည်ပင် အနည်းငယ် ထိတ်လန့်သွားကာ မည်သူက စတင်တိုက်ခိုက်ခဲ့သည်ကို မသိပေ။

သူ မေးမြန်းသောအခါ တိုက်ခိုက်သူမှာ မိမိပင်ဖြစ်နေသည်ဟုကြားရသောကြောင့်

ဤသည်က ရိုးရှင်းစွာပင် ရယ်စရာကောင်းသည်။

နောက်ဆုံးတွင် သူသည် သန့်ရှင်းသောအလင်းနိုင်ငံသို့ပင် မရောက်သေးပေ။

အတွေးများ ပြိုင်ဆိုင်နေသဖြင့် ရွှယ်အန်းက ဖြစ်နိုင်ချေတစ်ခုကို အမြန်စဉ်းစားခဲ့သည်။

တစ်စုံတစ်ယောက်သည် သူ့ အယောင်ဆောင်ကာ အလင်း၏သားတော်နှင့် သွေးမျိုးနွယ်၏ ဘိုးဘေးတို့အား တိုက်ခိုက်နေသည်။

မည်သူပင်ဖြစ်စေကာမူ ဤကဲ့သို့လုပ်ရပ်မျိုးက သူ့ကိုကူညီရန်ဖြစ်ကြောင်း ထင်ရှားသည်။ ထိုအရေးပေါ်အခြေအနေတွင် ရွှယ်အန်းက ချက်ချင်းပင် ပျံတက်သွား၍ နောက်ဆုံးတွင် အမှောင်ကောင်စီမှ လူများကို ကယ်တင်နိုင်ခဲ့သည်။

တစ်ချိန်တည်း၌ပင်၊ အမှန်စင်စစ် တစ်စုံတစ်ယောက်က သူ့အယောင်ဆောင်ခဲ့သည်ကို သိခဲ့ရသည်။

ထို့အပြင် ထိုသူက ဖန်းမင်ရွှယ်ပင်ဖြစ်၏။

ရွှယ်အန်းက မိမိကို မိုက်မဲတဲ့ ကောင်မလေးဟု ခေါ်သောအခါ ဖန်းမင်ရွှယ်က မည်သို့ရင်ဆိုင်ရမည်ကိုမသိသောကြောင့် ခေါင်းခုံ့ထားခဲ့သည်။

ဤအခိုက်အတန့်တွင် အလင်း၏သားတော်က ယုတ်မာသောလေသံဖြင့်အော်လိုက်၏။

"ရွှယ်အန်း"

"မှန်တယ် ငါပဲ"

ရွှယ်အန်းက ခေါင်းကိုမော့ကာ အလင်း၏သားတော်ကို ကြည့်ကာ ဘာသိဘာသာ ပြောလိုက်သည်။

"ဟား မင်းမှာ ကျွမ်းကျင်မှု တစ်ခုခုတော့ ရှိသားပဲ"

ဘုရားသခင်၏ သားတော်ဖြစ်သော သူ့ကို ရွှယ်အန်းကဲ့သို့ သူ့ကို တိုက်ရိုက်ထိုးသတ်ရန် မည်သူမှ သတ္တိမရှိခဲ့ပေ။ယင်းက အလင်း၏သားတော်၏ အဆုံးမဲ့သတ်ဖြတ် ရည်ရွယ်ချက်ကို နှိုးဆော်ခဲ့သည်။ သို့သော် ရွှယ်အန်းသည် သူ၏သတ္တိကို လျစ်လျူရှုကာ သွေးဘိုးဘေးကိုလှည့်ကြည့်၍ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။

ဤအခိုက်အတန့်တွင် သွေးမျိုးနွယ်ဘိုးဘေးသည် ထပ်တူထပ်မျှ ဒေါသနှင့် ပြည့်နှက်နေသည်။

သို့သော် သူ့စိတ်ထဲတွင်လည်း ကြောက်ရွံ့မှုများ ရှိနေသည်။

ဤ ရွှယ်အန်းသည် အမှန်ပင် သာမန်မဟုတ်ပေ။ သူသည် အမှန်တကယ်ပင် မိမိ၏ခေါင်းကို လက်သီးတစ်ချက်ဖြင့် ရိုက်ခွဲနိုင်ခဲ့သည်။

သို့သော် ရွှယ်အန်း၏အကြည့်ကို ခံစားလိုက်ရသောအခါတွင် သူက တုန်လှုပ်ခြင်းမရှိ မော့ကြည့်လိုက်သည်။

ရွှယ်အန်း၏အကြည့်မှာ ဆိုးရွားလှသည်။

အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုကို ကြည့်နေသည့်အလား…။

"မင်းဘာကြည့်နေတာလဲ"

ရွှယ်အန်း၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးညွတ်သွား၏။

"ငါ့မှာ သံသယတွေ အမြဲရှိခဲ့တယ်၊ ဒါပေမယ့် ဒီနေ့တော့ နောက်ဆုံးတော့ သွေးမျိုးနွယ်ထဲက မင်းဟာ သွေးနတ်ဆိုးနဲ့ ဆက်စပ်မှုရှိနေတယ်"

"အဲ့တော့ ငါဘာလုပ်ပေးရမလဲ” သွေးမျိုးနွယ်စုဘိုးဘေးက အေးစက်သောအသံဖြင့် တုံ့ပြန်ခဲ့သည်။

" နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတာပဲ"

ရွှယ်အန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု အပြည့်ရှိသည်။

သွေးမျိုးနွယ်စုသည် သွေးနတ်ဆိုး၏ အမျိုးအနွယ်ဖြစ်သောကြောင့် သွေးနတ်ဆိုးသည် သွေးပုလဲများကို ထုတ်နိုင်မည်ဟု သူထင်ခဲ့သည်။

အနာဂတ်တွင် အနန္တစကြဝဠာကိုဖြတ်ကျော်သွားသည့်အခါတွင် သူသည် သွေးနတ်ဆိုးမျိုးနွယ်ကို ဦးစွာဖမ်း၍ ပြုပြင်သင့်သည်။

ရွှယ်အန်းက စိတ်ထဲမှတွေး၏။

အလင်း၏သားတော်သည်မူ သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ၊ ပထမအကြိမ် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

"မြင့်မြတ်သောဘုရား၏ဘုန်းတော်" အလင်း၏သားတော်က အေးစက်စွာ အော်ဟစ်ခဲ့သည်။

သန့်ရှင်းသော အလင်းတန်းများက ကောင်းကင်သို့ ပျံတက်သွားပြီးနောက် ကြီးမားသော အလင်းဓားအဖြစ် ပြောင်းလဲကာ ရွှယ်အန်းဆီသို့ တည့်တည့် ဖြတ်သွားသည်။

ဤဓားစွမ်းအင်၏ ကြီးမားသော ခွန်အားသည် အသင်းတော်ခေါင်းဆောင်များနှင့် ပရိသတ်များစွာတို့အပါအဝင် ရင်ပြင်ရှိလူတိုင်းကို တုန်လှုပ်ခြောက်ခြားစေကာ ကြောက်ရွံ့စွာဖြင့် မြေပြင်ပေါ်၌ပင် ဒူးထောက်ကုန်ကြသည်။

အမှောင်ကောင်စီမှ လူများကသာ ငြိမ်သက်နေ၏။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရှေ့၌ လူတစ်ယောက်လာရပ်နေသောကြောင့်ပင်ဖြစ်သည်။

ရွှယ်အန်းသည် ကျောနောက်သို့ လက်နှစ်ဖက်ယှက်၍ ရပ်ကာ ဆင်းလာသော အလင်း၏ဓားကို ကြည့်၍ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

“စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ အဆင့်မြင့် နတ်ဘုရားဘွဲ့ကို လွဲမှားစွာ ခိုးယူရဲတဲ့ နတ်ဝိညာဉ်တစ်ပါးပဲ”

သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း၊ အလင်း၏သားတော်၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ဖြစ်သည်။

“ငါ့ဖဘုရားကို ကဲ့ရဲ့ရှုတ်ချရဲတဲ့ကောင် သေပေတော့”

အလင်းဓားက ပို၍စွမ်းအားပြင်းလာသည်။

ထိုအချိန်တွင် အလင်း၏ဓားသည် ရွှယ်အန်းရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

ကြီးကျယ်ခမ်းနားကာ ကြီးမားလှသော ဓားရှည်နှင့် နှိုင်းယှဉ်ပါက ရွှယ်အန်း၏ ပုံသဏ္ဍာန်သည် အလွန်သေးငယ်လှသည်။

သို့သော်ငြား ရွှယ်အန်းသည် ဂုဏ်ယူစွာ မတ်တပ်ရပ်လျက် လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

အတိအကျပြောရလျှင် ဝင်လာသော အလင်းဓား၏ထိပ်ဖျားနှင့် တိုက်ရိုက်ထိမှန်သွားသည်မှာ လက်ချောင်းဖြစ်သည်။

ဤမြင်ကွင်းကြောင့် ရွှယ်အန်းရူးသွားပြီဟု လူအများက ယုံကြည်ခဲ့ကြသည်။

လူ့ရုပ်ခန္ဓာသည် ထိုသို့သော အလင်းဓားကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

အလင်း၏သားတော်၏ မျက်နှာက စိတ်အားထက်သန်လျက်ရှိသည်။ အကြောင်းမှာ သူ၏ဖခင်နတ်ဘုရားက ရွှယ်အန်းကိုသတ်ကာ သူ၏စိတ်ဝိညာဉ်ကို ချေမှုန်းလိုက်သည်နှင့် မြင့်မြတ်သောရာထူးကို ရရှိလိမ့်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောထားသောကြောင့်ဖြစ်သည်။

သို့သော် ထိုအချိန်တွင် လူတိုင်းကို ငေးမောသွားစေသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။

ဓားအလင်း၏ စွမ်းအားသည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းစေကာမူ ရွှယ်အန်း၏ လက်ချောင်းများရှေ့တွင်မူ ၎င်းက ရှေ့မတိုးနိုင်ပေ။

အားပြင်းသော လှိုင်းလုံးကြီးက ကျိုးမကြေနိုင်သော ဆည်တစ်ခုနှင့် ကြုံတွေ့ရသကဲ့သို့ပင်ဖြစ်၏။

သို့သော် အလင်းဓား၏တွန်းအားသည် အလွန်ပြင်းထန်သောကြောင့် ၎င်း၏အစွန်အဖျားကို ဟန့်တားထားသော်လည်း ၎င်း၏အနောက်ဘက်သည် အရူးအမူး တွန်းထုတ်နေဆဲဖြစ်သည်။

ထိပ်ဖျားမှစတင်၍ အလင်းဓားသည် တစ်လက်မချင်း ကျိုးသွားကာ ရွှယ်အန်း၏လက်ချောင်းရှေ့တွင် စုပုံလာသည်။

နောက်ဆုံးတွင် အလင်း၏ဓားအပိုင်းအစများ၏ ရေကန်အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သည်။

အလင်း၏သားတော်၏ ပါးစပ်က ကျယ်လောင်စွာပွင့်နေသည်။

လက်ချောင်းတစ်ချောင်းတည်းဖြင့် အလင်းဓားကို ဖြိုခွဲပစ်လိုက်သည်။ ဤရုပ်ပိုင်းဆိုင်ရာခွန်အားသည် ကြီးမားလွန်းလှသည်။

ထို့နောက် ရွှယ်အန်းသည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီးနောက် သူ့ကို စိုက်ကြည့်လိုက်၏။

"မင်းကိုယ်မင်း ဓားကိုင်နိုင်တဲ့ တစ်ဦးတည်းသော သူလို့ ထင်နေတာလား"

သူစကားပြောနေစဉ်တွင် မရေမတွက်နိုင်သော ဓားအလင်းများ ပေါ်လာကာ ချက်ချင်းဆိုသကဲ့သို့ပင် အလင်းဓားထက် အဆများစွာ ပိုကြီးသော ဓားကြီးတစ်လက် ဖြစ်လာသည်။

ထို့နောက် ဓားထိန်းချုပ်မှုဖြင့် ရွှယ်အန်းသည် ပြင်းထန် အေးစက်စွာ ပြောလိုက်၏။

"ဒီဓားကို ခံကြည့်”

ဤဓားသည် အလင်း၏သားတော်၏ ဦးခေါင်းထက်သို့ တိုက်ရိုက်ထိမှန်သွားသည်။ ၎င်းသည် အလင်း၏သားတော်ကို မြေပြင်ထက်သို့ ရိုက်ချလိုက်ပြန်သည်။ ထို့နောက် ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားကြီးက သွေးဘိုးဘေး အက်စ်မောဒက်စ်ဆီသို့ ပြေးသွားသည်။

အက်စ်မောဒက်စ်က ဓားကို ရှောင်ရန် ကြိုးပမ်းရာတွင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားသည်။

အံ့ဩစရာမှာ ဧရာမဓားကြီးသည် တံတိုင်းတစ်ခုကဲ့သို့ ကြီးမားလွန်းလှသည်။ အက်စ်မောဒက်စ်က လုံးဝမရှောင်နိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွား၏။

အခန်း(၄၁၄) နတ်ဘုရားနှင့် နတ်ဆိုးကို တိုက်ခိုက်သည့် လင်မယား

"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ပုပ်ရဟန်းမင်းကြီး နှင့် အလင်းသူရဲကောင်းတို့က ရေရွတ်လိုက်ကြသည်။

၎င်းတို့အတွက် သူတော်စင်အမွေခံသည် အနန္တတန်ခိုးရှင်ဘုရားသခင်က လူ့ဇာတိခံယူခြင်းဖြစ်သည်၊

သို့သော် ရွှယ်အန်းပေါ်လာသည့်အချိန်မှစ၍ လေးစားအပ်သော သူတော်စင်အမွေခံသည် နှစ်ကြိမ်တိုင်တိုင် မြေကြီးပေါ်သို့ ထိုးခံရပြီးဖြစ်သည်။

ဤသည်က ၎င်းတို့၏ လောကအမြင်ကို ရိုးရှင်းစွာ ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းက ၎င်းတို့ကြောင့် စိတ်ရှုပ်ခံရန် အချိန်မရှိပေ။

ဤအခိုက်အတန့်တွင် ၎င်းတို့၏ သွေးဘိုးဘေးက အရိုက်ခံရခြင်းကို မြင်လိုက်ရသောကြောင့် သွေးမျိုးနွယ်စု၏ ပထမနှင့် ဒုတိယမျိုးဆက်များ ဒေါသတကြီး ထွက်လာကြသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရွှယ်အန်းက ကျယ်လောင်စွာ ရယ်ချင်လာသည်။

"မလုပ်နဲ့"

အက်စ်မောဒက်စ်သည် တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာသည်နှင့် ဤမြင်ကွင်းကို မြင်လိုက်ရကာ မထိန်းနိုင်ဘဲ အော်လိုက်သည်။

ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့ပြီဖြစ်သည်။

ရွှယ်အန်း၏လက်ဝှေ့ယမ်းမှုနှင့်အတူ အဖြူရောင်မီးတောက်များသည် သွေးမျိုးနွယ်ဝင်များကို လွှမ်းခြုံသွားသည်။ ခဏအကြာတွင် ဤ သွေးမျိုးနွယ်စုဝင်များအားလုံးကို သွေးပုလဲများအဖြစ် ပြောင်းလဲလိုက်၏။ သွေးပုလဲတစ်လုံးကို ကောက်ယူ၍ ရွှယ်အန်းက ကျေနပ်စွာ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"မဆိုးပါဘူး မင်းသားဟာတွေထက် အများကြီး ပိုကြီးတယ်"

အက်စ်မောဒက်စ်က ယင်းကို အေးစက်စွာ ကြည့်နေသည်။

ပထမနှင့် ဒုတိယမျိုးဆက် သွေးမျိုးနွယ်စုအဖွဲ့ဝင်အချို့ကို ခုခံနိုင်စွမ်းပင်မရှိဘဲ သူကိုယ်တိုင်က သွေးပုလဲများအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခြင်းက ဖြစ်နိုင်ပါသလော။

ဤနေရာ၌ နတ်ဆိုးကား မည်သူနည်း။

သွေးပုလဲများကို သိမ်းဆည်း၍ ရွှယ်အန်းက အက်စ်မောဒက်စ်ကို ပြုံးပြလိုက်သည်။

"မနာလိုဘူးလား၊ စိတ်မပူပါနဲ့၊ မင်းအလှည့်ရောက်လာတော့မယ်"

အက်စ်မောဒက်စ်က ခါးသက်စွာ တုန်တုန်ယင်ယင်ပြောလိုက်သည်။

"မင်းရော မင်းမိသားစုတစ်ခုလုံး သေရမယ်"

ရွှယ်အန်း၏ မျက်လုံးများ အေးစက်သွားသော်လည်း သူ့အပြုံးက မပြောင်းလဲပေ။ ပေါ့ပါးစွာဖြင့် ဓားကြီးကို ဝှေ့ယမ်းလိုက်သည်။

ဒိုင်း

အက်စ်မောဒက်စ်က ကြုံးဝါး၍ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားသော်လည်း နောက်တစ်ကြိမ် မြေပြင်ပေါ်သို့ ရိုက်ချခံခဲ့ရသည်။

"မင်း ပိုပြီး ယဉ်ယဉ်ကျေးကျေး ပြောဆိုသင့်တယ်၊ မင်းက နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ နတ်ဆိုးဘုရား မဟုတ်လား၊ မင်းမှာ အမူအကျင့် မရှိဘူးလား။" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဤသည်ကို လူများစွာက ရယ်ရသည်ဟု မြင်ကြသည်။

‘တကယ်ပဲ သွေးမျိုးနွယ်စုကို ယဉ်ကျေးဖို့ ပြောနေတာလား’

‘ဒါက ဟာသလား’

တစ်ချိန်တည်းတွင် သန့်ရှင်းသော အလင်းတန်းတစ်ခုကို အမြောက်ကျည်တစ်ခုကဲ့သို့ ကောင်းကင်ဆီသို့ ပစ်ခတ်လိုက်ရာ မယုံနိုင်လောက်အောင် ဒေါသထွက်နေသော အသံတစ်ခုပါ လိုက်ပါလာသည်။

"ရွှယ်အန်း၊ မင်းရဲ့စိတ်ဝိညာဉ်ကို လေထဲလွင့်ပစ်လိုက်မယ်"

ယင်းကား အလင်း၏သားတော်ပင်ဖြစ်၏။

ဤသည်ကိုမြင်သောအခါ ပုပ်ရဟန်းမင်းကြီးနှင့် တခြားများက သက်ပြင်းချကြသည်။

‘ကျေးဇူးတော်ရှင် သူတော်စင်အမွေခံအဆင်ပြေတယ်’

၎င်းတို့၏ ပါးစပ်ထောင့်၌ မှင်သက်သော အပြုံးတစ်ခု ပေါ်လာသည်။

ရွှယ်အန်းက သူ့နားကို ပေါ့ပါးစွာခါ၍ စိတ်မရှည်စွာဖြင့်ပြောလိုက်၏။

"တကယ်လား၊ မင်းတို့ကောင်းတွေ နည်းနည်း ထူးထူးဆန်းဆန်းလေးများမလုပ်နိုင်ကြဘူးလား"

ဤသို့ဖြင့် ရွှယ်အန်းက ဓားကြီးကို ဝှေ့ယမ်းကာ လေထုအလယ်တွင်ရှိနေဆဲဖြစ်သော အလင်း၏သားတော်ကို တိုက်ရိုက်ပစ်မှတ်ထားလိုက်သည်။

ဘမ်း

သူတော်စင်အမွေခံသည် ဘေ့စ်ဘောတစ်လုံးကဲ့သို့ ရိုက်ခံရကာ မိုးကုပ်စက်ဝိုင်းဆီသို့ လှပစွာ ပျံသန်းသွားခဲ့သည်။

အလင်း၏သားတော်က ခါးသက်စွာဖြင့် လေထုထဲတွင် ကျိန်ဆဲလိုက်သည်။

"ရွှယ်အန်း၊ မင်းသတ္တိရှိရင် မင်းရဲ့ဓားမပါဘဲ ငါ့ကို တိုက်ခိုက်ပါ ငါတို့ တစ်ယောက်ချင်းတိုက်ရအောင်”

စကားမဆုံးခင်တွင် မည်သူမျှမသိလိုက်ခင်၌ ရွှယ်အန်းက အလင်းရဲ့သားတော် ဆင်းသက်ရာနေရာ၌ ပေါ်လာသည်။

"မင်း ငါ့ဓားကို မသုံးစေချင်တာကို ငါက ဒီတိုင်းနားထောင်လိုက်ရမှာလား။ ဘာလို့ ငါက မင်း အမိန့်ပေးတာ နားထောင်ရမှာလဲ"

"မင်း... မင်း ဘာလုပ်ချင်လဲ"

ဝေဟင်မှ ဓားအလင်းကြောင့် အလင်း၏သားတော်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"ငါ ဘာလုပ်ချင်လဲ၊ ဒါပေါ့... ဘေ့စ်ဘောကစားနေတာလေ" ထိုသို့ပြော၍ ရွှယ်အန်းက သူ့ဓားကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

ဒိုင်း

အလင်း၏သားတော်သည် နောက်ထပ်တစ်ကြိမ် ပျံသန်းသွားခဲ့သည်။ ထို့နောက် ရွှယ်အန်းသည် တယ်လီပို့ခြင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်တော့မည့်နေရာ၌ တစ်ဖန် ပေါ်လာကာ သူ့ကို ထပ်မံ ရိုက်ချလိုက်ပြန်သည်။

...

ကြည့်ရှုသူအားလုံး အံ့အားသင့်သွားကြသည်။

အထူးသဖြင့် အလင်းအသင်းတော်မှ လူများက ဘဲဥသုံးလုံး အံဝင်ခွင်ကျဖြစ်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ခဏအကြာတွင် အန်းယန်နှင့် တခြားသူများ အခင်းဖြစ်ရာကို ရောက်လာကြသည်။ အန်းယန်သည်လည်း ယခုအခိုက်အတန့်တွင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။

နောက်ဆုံးတွင် လမ်းတစ်လျှောက်၌ ကွင်တီနာနှင့် ဆယ်လီနာတို့က အခြေအနေကို သူမအား ပြန်ပြောပြခဲ့သည်။ သူတို့၏ဖော်ပြချက်များအရ၊ အလင်း၏သားတော်နှင့် သွေးဘိုးဘေးသည် ရန်မစသင့်သော သူများဖြစ်သည်။

ယင်းကြောင့် ရွှယ်အန်း အရေးနိမ့်မည်ကို အန်းယန်အနည်းငယ် စိုးရိမ်သွားခဲ့သည်။

သို့သော် ရောက်ရှိသွားသောအခါ အခြေအနေက ၎င်းတို့၏ စိတ်ကူးနှင့် လားလားမျှမတူပေ။ အရိုက်ခံရစဉ်တွင် ဒေါသတကြီးအော်ဟစ်နေသော အလင်း၏သားတော်ကို ကြည့်လျက် ၎င်းတို့သုံးယောက်လုံး လုံးလုံးအံ့သြသွားကြသည်။

“ဒါက နင်ပြောတဲ့ ပြိုင်ဘက်ကင်း အလင်းရဲ့သားတော်လား” အန်းယန်က ခပ်တိုးတိုးနေးသည်။

ကွင်တီနာ နှင့် ဆယ်လီနာတို့က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့”

"ငါ့အတွက်​ သိပ်​အစွမ်းထက်​ပုံမ​ပေါ်ဘူး" အန်းယန်က မှတ်ချက်ပြုသည်။

ထိုအခိုက်တွင် ရွှယ်အန်းသည် အန်းယန်ကို သတိပြုမိကာ အနည်းငယ်ပြုံး၍ သူ့အိတ်ကပ်ထဲမှ သွေးပုလဲကို သူမဆီသို့ လွှင့်ပစ်လိုက်သည်။

"မိန်းမ ဖမ်း"

"နားလည်ပြီ"

အန်းယန်က ဖမ်းဖို့ ရှေ့သို့ တိုးလာကာ ရွှင်မြူးစွာ ပြောလိုက်သည်။

ရုတ်တရက် မြေပြင်သို့ သံမှိုရိုက်ခံထားရသကဲ့သို့ မလှုပ်မယှက်ဖြစ်နေသော အက်စ်မောဒက်စ်သည် မြေပြင်မှ ပေါက်ထွက်လာကာ အန်းယန်ဆီသို့ ရယ်မောကာ ချီတက်လာသည်။

သူသည် ဤအချိန်တစ်လျှောက်လုံး အပေါ်က အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ရွှယ်အန်း၏ ပြင်းထန်သော စွမ်းအားက သူ့ကို ထိတ်လန့်စေခဲ့သဖြင့် အခြေအနေအရ ဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့သည်။

ကံကောင်းစွာဖြင့် အန်းယန်ရောက်လာသည်။

ရွှယ်အန်းက သူမကို “မိန်းမ” ဟု ခေါ်သည်ကိုကြားသောအခါ အက်စ်မောဒက်စ်က စိတ်လှုပ်ရှားနေသည်။

‘မင်းက ငါ့ရဲ့ သွေးမျိုးနွယ်စုအမွေဆက်ခံသူတွေကို သတ်လိုက်တာ မင်းမိန်းမကို ငါဖမ်းပြီး မင်းကို လက်အောက်ခံခိုင်းမယ်’

ဤအတွေးဖြင့် သူသည် မြေပြင်မှ ထွက်ပေါ်လာကာ အန်းယန်ဆီသို့ တည့်တည့် ပြေးဝင်လာသည်။

"သတိထား"

ကွင်တီနာ နှင့် ဆယ်လီနာတို့က အန်းယန်ကို ၎င်းတို့၏ ကိုယ်ခန္ဓာဖြင့် ကာကွယ်လိုကာ တညီတညွတ်တည်း အော်ဟစ်ခဲ့ကြသည်။

"ယုတ်မာတဲ့ သွေးမျိုးနွယ်သစ္စာဖောက်၊ ဒူးထောက်"

အက်စ်မောဒက်စ်သည် ဆယ်လီနာ နှင့် ကွင်တီနာတို့ကို သွေးမျိုးနွယ်စုမှ ပိုင်ကြောင်းသိမြင်ကာ ဒေါသဖြစ်ခဲ့သည်။

ဒေါသတကြီးအမိန့်ပေးလိုက်သောအခါ နှစ်ယောက်စလုံး မထိန်းနိုင်ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။

သွေးမျိုးနွယ်စု၏ရှေးဘိုးဘေးကို ခုခံနိုင်စွမ်းမရှိကြပေ။

"သခင်မလေး၊ ပြေး"

ကွင်တီနာက အက်စ်မောဒက်စ်က ချဉ်းကပ်လာသည်ကို မြင်သောအခါ အန်းယန်၏လုံခြုံရေးအတွက် စိုးရိမ်နေသည့်အတွက် မကူညီနိုင်သော်လည်း ကျယ်လောင်စွာ သတိပေးလိုက်သည်။

"ဟမ်"

အက်စ်မောဒက်စ်က အေးစက်စွာ ဟစ်အော်လိုက်သည်။

ကွင်တီနာ၏ ခန္ဓာကိုယ် တုန်လှုပ်သွားကာ သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

"ငါမင်းကို နောက်မှဖြေရှင်းမယ်"

အက်စ်မောဒက်စ်သည် အန်းယန်အနီးသို့ ရောက်ရှိလာပြီးနောက် သူ့လက်ကို ဆန့်တန်းကာ အန်းယန်၏ ပုခုံးကို ထိလုနီးပါး အချိန်၌ အေးစက်စွာ ပြောလိုက်သည်။

သို့သော် ထိုအချိန်တွင် အန်းယန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအရိပ်အယောင် ပေါ်လာသည်။

ဘာတွေဖြစ်နေတာလဲ

ဒီမိန်းမက ဘာလို့ မကြောက်တာလဲ။ သူ ဘာကြောင့် စိတ်လှုပ်ရှားနေပုံပေါ်တာလဲ။

အက်စ်မောဒက်စ်က စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

အန်းယန်က ဒယ်ပြားကို ကိုင်ဆောင်ထားသည်ကို ရုတ်တရက်တွေ့လိုက်ကာ “ဒယ်ပြားကို ကြည့်” ဟူသော ကျယ်လောင်သည့်အသံထွက်ပေါ်လာသည်။

အိုး

အန်းယန်သည် ဒယ်ပြားကို စက်ဝိုင်းပုံသဏ္ဍန် လှန်လိုက်ကာ အက်စ်မောဒက်စ်၏ ခေါင်းကို ရိုက်လိုက်သည်။

ရွှယ်အန်းလက်ချက်ကြောင့် ပျက်ဆီးခဲ့ရပြီး နောက်ဆုံးတွင် ပြန်လည်ကြီးထွားလာခဲ့သည့် သူ၏ဦးခေါင်းသည် ဒယ်ပြားအောက်၌ တစ်ဖန်ကွဲလုနီးပါးဖြစ်ခဲ့သည်။

မပြိုကွဲသွားသော်လည်း အန်းယန်၏ လွှဲလိုက်သော ဒယ်ပြားကြောင့် အက်စ်မောဒက်စ်သည် မြေပြင်မှ ပျံတက်သွားသည်။

အက်စ်မောဒက်စ်သည် လူသားအမျိုးသမီးတစ်ဦး၏ တိုက်ခိုက်မှုကြောင့် တုန်လှုပ်ခြောက်ခြားကာ ဤသို့ဖြစ်ခဲ့ရခြင်းကို ဒေါသတကြီးဖြစ်ခဲ့ရသည်။

ဤသည်မှာ လက်တွေ့အားဖြင့် ကြီးမြတ်သော သွေးနတ်ဆိုးကိုအရှက်ခွဲခြင်းပင်ဖြစ်၏။

ငါ မင်းကို အပိုင်းပိုင်းဖြတ်မယ်။

အက်စ်မောဒက်စ်က လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် အဆင်သင့်ဖြစ်နေလျက် စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။

သို့သော် ထိုအချိန်တွင် သူ လုံးဝမလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရသည်။ သူ မလှုပ်ရှားနိုင်ရုံသာမက သူ့တစ်ကိုယ်လုံးသို့ လွှမ်းခြုံနေသည့် ယန်စွမ်းအင်ကိုလည်း ခံစားလိုက်ရကာ စိတ်မသက်မသာဖြစ်လွန်းလှသဖြင့် သွေးအန်ချင်လုနီးနီးဖြစ်ခဲ့ရသည်။

ဘယ်လို... ဒါက ဘယ်လိုဖြစ်နိုင်မလဲ။

All Chapters