အခန်း (၄၁၅-၄၁၇)
Vol. 28 Ch. 415-417
အခန်း(၄၁၅) မင်း ဒီမှာရှိနေပြီဆိုတော့ ဒီမှာပဲ ထာဝရအိပ်စက်ချေ
ကြည့်ရှု့သူများအတွက် ကောင်းကင်ယံသို့ ပျံလွင့်သွားသော သွေးဘိုးဘေးသည် လျှပ်စီးတစ်စင်းကဲ့သို့ လုံးလုံးလျားလျားလွင့်ထွက်သွားသော သွေးဘိုးဘေးသည် လျှပ်စီးတစ်စင်းကဲ့သို့ အရှိန်ဖြင့် လေထုအလယ်တွင် အပိုင်းပိုင်းဖြစ်ကာ သူ့ခန္ဓာကိုယ်မှ သွေးအလင်းက တဖြည်းဖြည်း အားနည်းလာသည်။ နောက်ဆုံးတွင် အက်စ်မောဒက်စ်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိကာ အလွန်ထိတ်လန့်စွာ အော်လိုက်သည်။
"ဒါဟာ ကောင်းကင်ကိုးဘုံရဲ့ မိုးကြိုး၊ ဒီလိုစွမ်းအားတွေကို မင်းဘယ်လိုထိန်းချုပ်နိုင်မှာလဲ"
ကောင်းကင်ကိုးပါးနတ်မိုးကြိုးသည် အလွန်များပြားသော ယန်စွမ်းအင်တစ်ခုဖြစ်ကာ သွေးမျိုးနွယ်စု၊ ယင်စွမ်းအင်နှင့် မကောင်းဆိုးဝါးသတ္တဝါတို့ကို တိုက်ခိုက်နိုင်သည့် ပြင်းထန်သော သေစေနိုင်သည့် စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။
အန်းယန်က ရယ်မောလိုက်၏။
“ဘာလို့မရရမှာလဲ”
ထို့နောက် သူမသည် ခေါင်းကို မော့ကာ ရွှယ်အန်းကို ဝမ်းသာအားရအော်ပြောလိုက်သည်။
“ယောက်ျား မိန်းမဘယ်လောက် ထူးချွန်လဲဆိုတာ ကြည့်ပါဦး”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“အရမ်းတော်တယ်”
“ဘေ့စ်ဘော”ကို ပို၍ပို၍ အားပါးတရ ကစားနေသော ရွှယ်အန်းကို မြင်လိုက်ရသောအခါ အန်းယန်က စိတ်လှုပ်ရှားမှုအနည်းငယ်နှင့် ပြောလိုက်သည်။
“ယောက်ျား မိန်းမလည်း ကို့လိုမျိုး သွေးဘိုးတော်ကို ရိုက်ချင်ပေမယ့် မပျံနိုင်ဘူးဖြစ်နေတယ်”
အန်းယန်သည် ကျင့်ကြံရေးအဆင့်တွင် လွတ်မြောက်အင်မော်တယ်အဆင့်သို့ရောက်နေသော်လည်း နည်းစနစ်များကို အသုံးချသည့် နေရာတွင်မူ အမှန်တကယ်တမ်းတွင်မကောင်းလှပေ။
ရွှယ်အန်းက ရယ်မော၍ ဓားအလင်းတစ်ခု ပစ်လွှတ်လိုက်သည်။
"ဒီမှာ"
အန်းယန်က စိတ်လှုပ်ရှားစွာဖြင့် လေထုအလယ်သို့ ခုန်ဆင်း၍ ကောင်းကင်သို့ တည့်တည့် ပျံသန်းနေသော အက်စ်မောဒက်စ်ဆီသို့ မျက်နှာမူလိုက်သည်။ ကြိုတင်နေရာချထားပြီးနောက် အန်းယန်က ဒယ်ပြားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အက်စ်မောဒက်စ် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။
ထို့နောက် သူမက လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်၏။
“ရတနာကိုကြည့်”
ဘမ်း
သူမ၏ လက်ထဲမှ ဒယ်ပြားက အက်စ်မောဒက်စ်၏ ကျောဘက်သို့ တိုက်ရိုက်ထိမှန်သွားသည်။ အက်စ်မောဒက်စ်က သနားစဖွယ်ကောင်းစွာ အော်ဟစ်လျက် သူရောက်လာသည့်အချိန်ကထက် ပို၍ လျင်မြန်သော အရှိန်ဖြင့် လွင့်ထွက်သွားသည်။
အန်းယန်က သူ့နောက်သို့ စိတ်ပါလက်ပါ ချီတက်လာ၏။ တစ်ဖက်တွင် ရွှယ်အန်းသည်မူ အလင်းသားတော်ကို ဘေစ့်ဘောကစားရန် အသုံးပြုနေစဥ် တစ်ဖက်တွင်လည်း အန်းယန်က ဒယ်ပြားဖြင့် ရိုက်နှက်နေသည်။ အချိန်အတိုင်းအတာတစ်ခုအထိ အထက်ကောင်းကင်၌ သွေးအလင်းရောင်နှင့် သန့်ရှင်းသောအလင်းရောင်တို့က အတူတကွ ပျံသန်းနေကြကာ ကြုံးဝါးသံများနှင့် ငိုကြွေးသံများကို ခွဲခြား၍ မရနိုင်တော့ပေ။
လူတိုင်းက ဤမြင်ကွင်းကို အံ့အားသင့်နေသော အမူအရာများဖြင့် ကြည့်နေကြသည်။
ဆယ်လီနာနှင့် ကွင်တီနာတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ထိတ်လန့်မှုကိုယ်စီကို မြင်နေရသည်။ ထို့နောက် ဆယ်လီနာက ခါးသက်စွာ ရယ်မောလိုက်သည်။
“ငါတို့ အရမ်း နိုးကြားနေခဲ့မိတာပဲ”
အန်နာစတေးရှားက ဖန်းမင်ရွှယ်ကို ပွတ်သပ်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သ်ည။
“တွေ့လား။ အဲ့တာ ပြိုင်ဘက်ကင်းလို့ ခေါ်တဲ့အရာပဲ။ ဒါက စစ်မှန်တဲ့ ပြိုင်ဘက်ကင်းမှုပဲ။ မင်းနဲ့ငါက မလိုအပ်ဘဲ စိုးရိမ်နေမိတာပဲ”
ဖန်းမင်ရွှယ်က ငေးကြည့်နေပြီးနောက် ခပ်ပါးပါးခေါင်းညိတ်လိုက်သည်။
မှန်သည်။ အထိတ်လန့်ဆုံးနှင့် အကြောက်ဆုံးလူများမှာ အလင်းအသင်းတော်မှ လူများပင်ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ မျက်နှာက ဖြူဖျော့လျက်ရှိ၏။
“ဒါ… ငါတို့ ဘာလုပ်ကြမလဲ။ ဒီတိုင်းဆက်သွားရင် သူတော်စင်အမွေခံက တကယ်ပဲ သေတဲ့အထိ အရိုက်ခံနေရတော့မယ်”
အဆင့်မြင့်အရာရှိများစွာက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြစဥ် တရားသူကြီးချုပ်ကလည်း ဝင်ပြောသည်။
“အခြေအနေအရဆိုရင် ငါ့အမြင်အရ ငါတို့ အခု နတ်ဘုရားအလင်းရောင်ကိုပဲ သုံးလို့ရတော့မယ်”
အကယ်၍ သူသာ ယင်းကို ယခုထုတ်ခဲ့မည်ဆိုပါက သူ၏ ရောင်ဝါကို အလွန်အမင်း ထိခိုက်လျော့ကျစေလိမ့်မည်ဖြစ်သည်။ သို့သော် သူသည် သူတော်စင်အမွေခံက ဆက်လက်၍ ဘေ့စ်ဘောကဲ့သို့ အရိုက်ခံနေရသည်ကို မတ်တပ်ရပ်၍ မကြည့်နေနိုင်ပေ။ ခဏတာမျှ စဥ်းစားပြီးနောက် ပုပ်ရဟန်းမင်းကြီးက အံကိုကြိတ်ကာ ရင်ဘတ်ထဲမှ သေတ္တာငယ်လေးကို ထုတ်ယူလိုက်သည်။ ဤသေတ္တာကိုမြင်သောအခါ တရားသူကြီးချုပ်၏ မျက်လုံးများ၌ လောဘရမ္မက်အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်က နာမည်ကြီး ပန်ဒိုရာသေတ္တာပင်ဖြစ်သည်။
၎င်းကို အသင်းတော်၏ ခရူးဆိတ်စစ်ပွဲအတွင်း ထို နတ်အတုများဆီမှ သိမ်းယူထားခဲ့ရာ နောက်ပိုင်းတွ၍် နတ်ဘုရား၏ အလင်းရောင်ကို ထိန်းသိမ်းရန် အသုံးပြုခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက နာကျင်နေသော အမူအရာဖြင့် သေတ္တာကို ဖွင့်လိုက်သည်။
နူးညံ့သိမ်မွေ့သော်လည်း အစွမ်းထက်၍ သန့်ရှင်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ပုပ်ရဟန်းမင်းကြီးသည် အထဲမှ အဝါရောင်စာရွက်ကို ထုတ်ယူလိုက်၏။
ဘမ်း
အဆုံးမဲ့သန့်ရှင်းသောအလင်းရောင်သည် စီးဆင်းနေသော ရေကဲ့သို့ ရင်ပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အလင်း၏ သားတော်က ယင်းကို မြင်မြင်ချင်း ရွှင်မြူးသွား၏။
“အလင်းရဲ့ဘုရားသခင်ကိုယ်တိုင် ရေးထိုးထားတဲ့ပဋိညာဥ်ပဲ”
ဤသို့ဖြင့် သူက လက်ကိုလှမ်းလိုက်ရာ ပန်ဒိုရာသေတ္တာအပါအဝင် ပုပ်ရဟန်းမင်းကြီး၏ လက်ထဲတွင်ရှိသော စာရွက်စာတမ်းများအားလုံးက သူ့လက်ထဲသို့ ပျံတက်သွားသည်။ အလင်း၏ပဋိညာဉ်တွင် အလင်း၏ဘုရားသခင်ကိုယ်တော်တိုင် သွင်းထားသော မြင့်မြတ်သောစွမ်းအားက တဟုန်ထိုးတိုးလာသောကြောင့် အလင်းသားတော်က ယင်းကို လက်နှင့်ကိုင်လိုက်သောအခါ ချုပ်နှောင်မှုမှ ချက်ချင်းလွတ်မြောက်သွားသည်။
“ရွှယ်အန်း အလင်းရဲ့ တရားစီရင်ချက်ကို လက်ခံပါ” အလင်းသားတော်ကို ကဲ့ရဲ့၏။
သူက ပန်ဒိုရာသေတ္တာထဲမှ ကျန်ရှိနေသော မြင့်မြတ်သည့်အလင်းရောင်ပစ္စည်းများကို ထုတ်လိုက်သည်။
အလင်းသရဖူက သူ့ခေါင်းပေါ်၌ ပေါ်လာကာ၊ လက်ဝဲလက်၌ အလင်းဓား၊ လက်ယာဘက်၌ အလင်း၏ပဋိညာဥ်တို့ ပေါ်လာသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းစီးကြောင်းများက အလင်းသားတော်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
အကန့်အသတ်မဲ့သော ဤစွမ်းအင်ကို ခံစားလိုက်ရသဖြင့် အလင်းသားတော်က ရယ်မော၍ ပြောကာ ဓားကို ဝှေ့ယမ်းလိုက်သည်။
“ရွှယ်အန်း မင်းရဲ့ အဆုံးသတ်ကို ရင်ဆိုင်တော့”
လေဟာနယ်ထဲ၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ဤမြင်ကွင်းသည် ပရိသတ်များစွာ၏ မျက်ခွံများကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်က ၎င်းတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားသောကြောင့်ပင်ဖြစ်၏။
သို့သော် ရွှယ်အန်းက ရယ်မော၍ သူ့လက်ထဲမှ ဓားကြီးကို ဖယ်လိုက်ရာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲပျောက်ကွယ်သွားသည်။ ထို့နောက် လက်နှစ်ဖက်ကို နောက်တွင်ယှက်၍ ငြိမ်သက်စွာ စကားပြောလိုက်၏။
“ဒီနတ်လက်နက်လို့ခေါ်တဲ့ ပစ္စည်းတွေနဲ့ မင်းငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား။ ငါပြောရမယ်။ မင်းက… နုံအလွန်းတယ်”
"အသုံးမကျတဲ့ စကားတွေကို ရပ်လိုက်စမ်း” အလင်းသားတော်က အံကိုကြိတ်၍ ပြောလိုက်ရာ အလွန် လေးနက်သော အလင်းတန်းတစ်ခုက ရွှယ်အန်းဆီသို့ တည့်တည့် တိုးဝင်လာသည်။ ၎င်းဖြတ်သွားသောနေရာတစ်ကြောရှိ လေထုက အနည်းငယ် လှုပ်ခတ်ပြောင်းလဲသွားသည်။
သို့သော် ရွှယ်အန်းအမူအရာက လျစ်လျူရှု့ထားမြဲဖြစ်ရာ နောက်သို့ ဆုတ်သွားရမည့်အစား ရှေ့သို့တိုး၍ ပေါ့ပါးစွာဖြင့် လက်သီးကို မြှောက်လိုက်သည်။
“မင်းမပြောနဲ့ မင်းအဖေ ဒီမှာရှိနေရင်တောင် ငါမကြောက်ဘူး”
ဤသို့ပြောပြီးသည်နှင့် လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။ ဤထိုးကွက်ကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ပေ။ ရွှယ်အန်း၏ ခွန်အားက ခုန်ပျံကျော်လွှားကာ တိုးမြင့်လာသောကြောင့် ဤလက်သီးချက်တွင် နတ်သုတ်သင်ခြင်းခြောက်သွယ်လုံးပါဝင်သည်။
ရွှယ်အန်း၏ လက်သီးချက်အောက်တွင် တစ်ခဏမျှ ရပ်တန့်သွားသော နတ်ရောင်ခြည်တော်သည် ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။
အလင်း၏သားတော်က ထိတ်လန့်တကြားအော်လိုက်၏။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ့အသံတွင် ကြောက်ရွံ့မှုများ အပြည့်ပါဝင်နေသည်။ ဤသည်က ပထမဆုံးအကြိမ် ကြောက်ရွံ့ဖူးခြင်းပင်ဖြစ်၏။
ယခုတင် ရွှယ်အန်းထံ၌ အလွန်ဆိုးရွားသောအခြေအနေအထိ ရိုက်နှက်ခံခဲ့ရသော်လည်း အလင်း၏ သားတော်က ထိုတိုက်ခိုက်မှုများသည် သူ၏ နတ်ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်ကြောင်း ရှင်းလင်းစွာသိထားသည်။ ထို့ကြောင့် သူ၏မာနအတွက် ခပ်ပါးပါး ထိုးနှက်ချက်တစ်ခုသာဖြစ်ရာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
ယခုမူ ရွှယ်အန်း၏ လက်သီးတွင်ပါဝင်နေသော စွမ်းအားက နောက်ဆုံး၌ ရွှယ်အန်းက သူ့ဘဝကို လက်သီးတစ်ချက်တည်းဖြင့် အဆုံးသတ်ပေးနိုင်ကြောင်း ယုံကြည်သွားစေသည်။
သူ မည်ကဲ့သို့ ဆက်လက်၍ မကြောက်မရွံ့ နေနိုင်လိမ့်မည်နည်း။
ရွှယ်အန်းက အလင်းသားတော်ကိုကြည့်၍ ခပ်ပါးပါးပြုံးလိုက်သည်။
“ကစားတာတွေ တော်လောက်ပြီ။ မင်းတို့ နတ်ဆိုးတွေ နတ်ဘုရားတွေက နတ်သက်ကြွေဖို့ အရမ်းလောနေမှတော့ ငါမင်းတို့ကို ကမ္ဘာပေါ်မှာ ရာသက်ပန် အနားယူရအောင်လုပ်ပေးမယ်”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက သူ့နေရာမှ ပျောက်ကွယ်သွားရာ သူပြန်ပေါ်လာသောအချိန်တွင် အလင်းသားတော်၏ အနီးနားသို့ရောက်နေပြီဖြစ်သည်။
သူက လက်သီးကို မြှောက်၍ ပေါ့ပါးစွာ အော်လိုက်သည်။
“ဖျက်ဆီး”
ဘမ်း
ဤလက်သီး၏ စွမ်းအားက ကမ္ဘာနှင့် ကောင်းကင်တစ်ခုလုံးကို ကိုင်လှုပ်ပစ်လိုက်နိုင်သည်ဟုထင်ရသည်။
အလင်း၏သားတော်က တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေ၏။ သူ့ခေါင်းပေါ်မှ အလင်းသရဖူအပါအဝင် လက်နှစ်ဖက်မှ နတ်လက်နက်များသည်လည်း ချက်ချင်းအပိုင်းပိုင်းကွဲကာ ဖုန်အဖြစ်ပြောင်းလဲသွားသည်။ ၎င်းတို့နှင့်အတူ သူ၏ နတ်ခန္ဓာကိုယ်ဟုခေါ်သောအရာသည်လည်း ဖုန်အဖြစ်ပြောင်းလဲသွားသည်။
အလင်းအသင်းတော်မှ ပုပ်ရဟန်းမင်းကြီးနှင့် အခြားသူများသည် ဒူးထောက်ကျလျက် မျက်နှာများက စိတ်ပျက်မှုများဖြင့် ပြည့်နေသည်။ အလင်းသားတော်သည် ဤလူသား၏ လက်ထဲ၌ လက်သီးတစ်ချက်တည်းအောက်တွင် သေဆုံးသွားခဲ့သည်။
သို့သော် ထို့နောက်တွင် နတ်အလင်း၏ဖုန်မှုန်များကြား၌ အလွန်တောက်ပသောအလင်းတန်းတ်စခုက ကောင်းကင်ယံသို့ မြင့်တက်ကာ ထွက်ပေါ်လာသည်။
ယင်းအထက်၌ အလွန် တောက်ပသော အလင်းဖြင့် ဖုံးလွှမ်းခြင်းခံထားရသည့် တံခါးတစ်ခု ပေါ်လာ၏။
အလင်းတန်းများက ခမ်းနားသော တံခါးဆီသို့ အလွန်လျင်မြန်သောအလျင်ဖြင့် ကြယ်ကြွေတစ်စင်းအလား တိုးဝင်သွားကြသည်။
သို့သော် ရွှယ်အန်းက အေးစက်စွာ ပြောလိုက်၏။
“ဘာလဲ ထွက်ပြေးဖို့ စဥ်းစားနေတာလား”
အခန်း(၄၁၆) ငါက ဒီလောကကို အုပ်ထိန်းသူပဲ
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ရှေ့သို့ လှမ်း၍ တောက်ပသော အလင်းရောင်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားကာ ရှေ့သို့ တိုက်ရိုက် ချဉ်းကပ်သွားသည်။
ရွှယ်အန်းက နတ်ဘုရားရောင်ဝါကို ဆုပ်ကိုင်လိုက်သည်နှင့်၊ အထက်ရှိ အလင်းတံခါးက ပြင်းထန်စွာ တုန်ခါလာသည်။
ရွှယ်အန်းက အေးစက်စွာ ရယ်မောလိုက်သည်။
"ဒီကမ္ဘာက မင်းစိတ်ကြိုက် လာလည်နိုင်တဲ့ နေရာမဟုတ်ဘူး မင်းကို ဒီမှာ ထာဝရ အိပ်စေမယ်လို့ ငါပြောထားပြီးပြီ ဒါက နတ်ဘုရားရောင်ဝါလည်း အပါအဝင်ပဲ"
ဤသို့ဖြင့် ရွှယ်အန်းက ရုတ်တရက် လက်ထဲသို့ အင်အားထည့်လိုက်သည်။
နတ်သားတော်၏ ရောင်ဝါပေါ်၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
နတ်အဆင့်ပုဂ္ဂိုလ်များပင် အလင်းသားတော်၏ ထိတ်လန့်တကြားအော်ဟစ်သံများကို ကြားနိုင်သည်။
“အဖဘုရားသခင်၊ သားကို ကယ်တင်တော်မူပါ။”
ဘမ်း
ထိုငိုကြွေးသံဖြင့် အလင်းတံခါး ပျောက်ကွယ်သွားသည်။ ထိုအတူ အပေါ်က ကောင်းကင်တစ်ခုလုံး ပျောက်ကွယ်သွားသည်။
တောက်ပသောကြယ်များသည် ကောင်းကင်တွင် ချိတ်ဆွဲနေလျက် အေးစက်စက် စိန်ကဲ့သို့ ရောင်ခြည်ဖြာထွက်နေသည်။ နေကဲ့သို့ တောက်ပနေသည့် ဧရာမ နတ်ဘုရားရုပ်သွင်ကြီးက ၎င်း၏ ဦးခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။
နတ်ဘုရား၏မျက်လုံးများသည် တစ်ဝက်တစ်ပျက်မှိတ်ထားသော်လည်း ၎င်းတို့အတွင်းတွင် အဆုံးမဲ့မြင့်မြတ်သောအလင်းရောင်များ ပါ၀င်နေပုံရသည်။
ကြီးကျယ်ခမ်းနားသော အလင်း၏စွမ်းအားက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
အလင်းအသင်းတော်မှ အဖွဲ့ဝင်များအားလုံးသည် အလင်းဘုရားသခင်၏ သန့်ရှင်းသောနာမတော်ကို ကျယ်လောင်စွာကြွေးကြော်ကြစဉ် မြေပြင်ပေါ်တွင် ပျပ်ဝပ်ကာ မျက်ရည်များစီးကျလာကြသည်။
၎င်းတို့ဘဝတစ်သက်တာတွင် မြင့်မြတ်သောဘုရားသခင်ကို မြင်တွေ့ရခြင်းသည် သေခြင်းထက် ကျော်လွန်သော ဆန္ဒတစ်ခုဖြစ်သည်။
ထိုအတောအတွင်း အမှောင်ကောင်စီဝင်များနှင့် ပြာနှမ်းသည်အထိ အရိုက်ခံနေရသော အက်စ်မောဒက်စ်အပါအဝင် စောင့်ကြည့်သူအပေါင်းက ဤမြင်ကွင်းကို ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။
အထူးသဖြင့် အက်စ်မောဒက်စ်က ထိတ်လန့်တုန်လှုပ်သွားသည်။
"အလင်းဘုရားသခင်က သူ့ကိုယ်တိုင်ကြွလာတာလား”
သို့သော်လည်း ရွှယ်အန်းကမူ လုံးဝမတုန်လှုပ်ဘဲ ကောင်းကင်တစ်ခုလုံးကို သိမ်းပိုက်ထားသည့် နတ်ဘုရားရုပ်သွင် ကြည့်ရန် ခေါင်းမော့လျက် ပါးစပ်ထောင့်တွင် လှောင်ပြောင်နေသည့် အရိပ်အမြွက်ကို ထုတ်ပြလိုက်သည်။
"မင်းက မင်းတို့အလင်းနိုင်ငံရဲ့စွမ်းအားကိုတောင်သုံးပြီး ထွက်သွားဖို့လုပ်တယ်ပေါ့။ ကြည့်ရတာ ဒီမြေက မင်းတို့ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေအတွက် အရမ်းဆွဲဆောင်မှုရှိတဲ့ပုံပဲ”
နတ်ဘုရားရုပ်သွင်၏ နှုတ်ခမ်းဖြား၌ အလွန်တည်ငြိမ်သော အပြုံးတစ်ခုပေါ်လာကာ အာဏာစက်ပြင်းသောအသံဖြင့် ပြောလိုက်သည်။
“ရွှယ်အန်း ကံကြမ္မာစက်ဝန်းကဘာလို့ မင်းကို သတ်ပစ်ရမယ်လို့ပြောလဲငါမသိပေမယ့် မင်းက နတ်သားတော်ကို ဒဏ်ရာရစေတာနဲ့တင် ခွင့်လွှတ်လို့မရနိုင်တဲ့ အပြစ်တစ်ခုကို ကျူးလွန်လိုက်ပြီကွ”
“နတ်သားတော်ဟုတ်လား” ရွှယ်အန်းက သူ့လက်ထဲမှ နတ်ရောင်ဝါကို မြှောက်ကာ ခပ်ပါးပါးပြုံးလိုက်သည်။
“မင်းက ဒီအမှိုက်ကို ပြောတာလား”
“နတ်သားတော်ကို အခုလွှတ်လိုက်ပါ။ ငါမင်းရဲ့ ဝိဉာဥ်ကို သက်ညှာပေးဖို့ စဥ်းစားပေးမယ်”
သို့သော် ရွှယ်အန်းက အေးစက်စွာ ရယ်မော၍ သူ့လက်ကို အပြင်းအထန် ညှစ်လိုက်သည်။
ဘမ်း
နတ်ဘုရားရောင်ဝါသည် ပေါက်ကွဲသံနှင့်အတူ ကွဲအက်လျက် ရွှယ်အန်း၏ လက်ထဲတွင် တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။ အလင်းသားတော်က အော်ရန်အချိန်ပင်မရှိလိုက်ဘဲ ကောင်းကင်သို့ ပျံလွင့်၍ သေဆုံးသွားသည်။ ရွှယ်အန်းက အလင်းသားတော်၏ နတ်စွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သည်။
အလင်းဘုရားသခင်၏ မျက်နှာထက်၌ ဒေါသအငွေ့အသက်များ ထွက်ပေါ်လာသည်။ နတ်အဆင့်မြင့်လေ မျိုးဆက်ရရန် ခက်ခဲလေဖြစ်ရာ အလင်းဘုရားသခင်ကဲ့သို့သော အဆင့်မြင့် နတ်ဝိဉာဥ်တော်တစ်ပါးအတွက် ထိုသို့ နတ်ကလေးတစ်ဦးကို သန္ဓေတည်နိုင်ရန် နှစ်သန်းပေါင်းများစွာ အချိန်ယူခဲ့ရပေမည်ဖြစ်သည်။ ထို့ကြောင့် နတ်သားတော်တိုင်းက သူ့အတွက် အဖိုးတန်သော ရတနာများဖြစ်ကြရာ ယခု ရွှယ်အန်း၏ လက်ထဲ၌ တစ်ပါး အသတ်ခံလိုက်ရပြီဖြစ်၏။
သူ၏ ဒေါသနှင့်အတူ ကောင်းကင်ပြင်ကြီးတစ်ခုလုံးသည် ပြိုးပြိုးပြက်ပြက်ပြက်ပြက်ရှိသော အလင်းရောင်များဖြင့် လင်းထိန်နေလေသည်။ ဤသည်မှာ အလင်း၏စွမ်းအားဖြစ်၍ သန့်ရှင်းသောအလင်းရောင်ထက် အဆပေါင်းမရေမတွက်နိုင်သော သန့်ရှင်းမှုဖြစ်သည်။
"စီရင်ချက်" နတ်ဘုရားရုပ်သွင်က ကြေညာလိုက်သည်။
နတ်အလင်းတန်းကြီးများ ပြိုလဲတော့မည်။
ဤသည်မှာ ခွဲခြား၍ တိုက်ခိုက်သော တိုက်ခိုက်မှုမျိုးမဟုတ်ဘဲ နတ်အလင်းတန်းကြီးသက်ဆင်းလာသည်နှင့် အလင်းနိုင်ငံတော်ပါ ပျက်သုဥ်းသွားနိုင်သည်။
သို့သော် ရွှယ်အန်းက ခပ်ပါးပါးရယ်လိုက်သည်။
“မင်းက တော်တော် အားစိုက်ထားတာပဲ။ တကယ်လည်း တော်တော် ကြောက်ဖို့ကောင်းတယ်၊ ဒါပေမယ့်..."
သူစကားမဆုံးမီတွင် ရွှယ်အန်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ နတ်အလင်းကို ဖြိုခွင်း၍ ထိုနတ်ဘုရား၏ ရှေ့သို့ သွားလိုက်သည်။ အလင်းဘုရားသခင်၏ ရှေ့၌ ရွှယ်အန်း၏ ပုံရိပ်က ရုပ်သွင်၏ လက်ချောင်းတစ်ချောင်းစာမျှပင် မကြီးလှသဖြင့် လုံးဝ အရေးမပါသည့်ပုံပေါက်နေသည်။
ထိုကဲ့သို့ ပြတ်ပြတ်သားသား ဆန့်ကျင်ဘက်ဖြစ်နေသည့်ကြားတွင် ရွှယ်အန်းက ပေါ့ပါးစွာပြောလိုက်သည်။
“ဘုံပေါင်းများစွာရဲ့အုပ်စိုးရှင်ကတောင် ငါ့ကို လက်အောက်ခံရမှာ မင်းက … ယှဥ်လိုက်ရင် ဘာကောင်မို့လို့လဲ”
ဤစကားများကိုကြားသောအခါ နတ်ဘုရားရုပ်သွင်၏ မျက်လုံးများက ဖြည်းညှင်းစွာပွင့်လာသည်။ ဒေါသနှင့် အထင်းသေးမှုတို့ဖြင့် ပြည့်နေသော နတ်ဘုရားမျက်လုံးတစ်စုံပင်ဖြစ်၏။
"လူသား၊ မင်းရဲ့ယုံကြည်မှုက ဘယ်ကလာမှန်း ငါမသိဘူး၊ ဒါပေမယ့် မင်းလေးစားမှုကို နားလည်အောင် ငါလုပ်ပေးမယ်။"
ဤသို့ပြောနေစဥ် အလင်းဘုရားသခင်၏ လက်က ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းကာ ရွှယ်အန်းပေါ်သို့ ဖြည်းညှင်းစွာဆင်းသက်လာသည်။ ဤရိုက်ချက်သည် လေထုအတွင်း ၎င်းကိုပင် အကျဥ်းချထားရန် လုံလောက်သည့် စွမ်းအားရှိသော နတ်စွမ်းအင်များပါရှိသည်။ သို့ထိတိုင် ဤကဲ့သို့ သက်ဆင်းလာသည့် လက်ဖဝါးအောက်တွင် ရွှယ်အန်းက အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိဘဲ ရိုးရှင်းစွာ လျစ်လျူရှု့ထား၏။
“မင်းကသာ ဘယ်သူ့ကို လေးစားရမလဲဆိုတာ သိသင့်တဲ့ နတ်ဝိညာဥ်တစ်ခုပဲ”
ဤသို့ပြော၍ ရွှယ်အန်းက အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲကာ လက်ကို တိုက်ရိုက်ဖောက်ထွင်း၍ ရုပ်သွင်၏ နှဖူးထက်သို့ရောက်သွားသည်။
အလွန်အစက်အပေါက်ကင်းသော ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့်ထွက်ပေါ်လာသည်။
‘နတ်မီးလျှံ… မင်းက ဘယ်လိုလုပ် နတ်မီးလျှံတစ်ခု ပိုင်တာလဲ’
ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။
“ဒီမေးခွန်းကို … မင်း နတ်နယ်မြေကိုပြန်ရောက်တဲ့အခါ စဥ်းစားကြည့်လိုက်”
ဤသို့ပြော၍ ရွှယ်အန်းက လက်သီးကို မြှောက်ကာ ထိုးလိုက်သည်။
“သေစမ်း”
နတ်ရုပ်သွင်ကြီးထက်၌ ကြီးမားသော အက်ကွဲကြောင်းများ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ ထိုအခါမှသာ စိုးရိမ် တုန်လှုပ်ခြောက်ခြားသော အသံတစ်ခု ထွက်ပေါ်လာ၏။
“မင်းက တကယ်ပဲ ဘယ်သူလဲ”
“ငါက… ဒီ ကမ္ဘာနဲ့ ကောင်းကင်ကို အုပ်စိုးသူပဲ။ ကမ္ဘာက မင်းတို့ နတ်တွေနဲ့ နတ်ဆိုးတွေ မက်မောနေဖို့မဟုတ်ဘူး” ရွှယ်အန်းက ဂုဏ်ယူစွာမတ်တပ်ရပ်လျက် ပေါ့ပါးစွာ ပြောလိုက်သည်။
“မင်းစောင့်နေ၊ ငါ…”
ရွှယ်အန်းက ရယ်လိုက်သည်။
"မင်းငါ့ကိုလိုက်ရှာနေစရာ မလိုဘူး၊ မင်းကိုငါ သိပ်မကြာခင် ပြန်လာရှာမယ်"
ဘမ်း
ရုပ်သွင်က စတင်ပြိုကွဲသွားရာ နောက်ဆုံးတွင် ဖုန်မှုန့်များ ပြိုကျ၍ အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်က ပုံမှန်ပြန်ဖြစ်သွားသည်။
နွေးထွေးသော နေရောင်ခြည်က ပြန်လည်၍ သက်ဆင်းလာသည်။
မည်သူမျှ စကားမပြောကြပေ။
လူတိုင်းက အထက်မှ လူကို ရိုသေစွာကြည့်နေကြသည်။
သူသည် နတ်ဘုရားများကို သုတ်သင်နိုင်ခဲ့၏။
အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် ရွှယ်အန်းက အန်းယန်၏ ဘေးတွင်ပေါ်လာကာ ယောင်ကိုင်းနေသော အက်စ်မောဒက်စ်ကို အပြုံးမပျက် ခပ်ပါးပါးပြုံးပြလိုက်သည်။
“အခု မင်းအလှည့်ပဲ”
အက်စ်မောဒက်စ်၏ တစ်ကိုယ်လုံးက တဆတ်ဆတ်တုန်ယင်နေကာ ဘောင်းဘီထဲသို့ ဆီးသွားလုနီးပါး ကြောက်လန့်လျက်ရှိသည်။
“သက်ညှာပေးပါ သခင်၊ ကျုပ်ကို သက်ညှာပေးပါ။ ကျုပ် အခု ချက်ချင်း သွေးနယ်မြေကို ပြန်ပြီးရင် ဒီကမ္ဘာပေါ် ဘယ်တော့မှ ပြန်မလာတော့ပါဘူး”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ဒါက တော်တော်ကောင်းတာပဲ။ ဒါပေမယ့် မင်းနောက်ကျသွားပြီ”
ထိုသို့ပြောပြီးနောက်၊ မီးတောက်များက အက်စ်မောဒက်စ်ကို ဖုံးလွှမ်းသွားသည်။
မြင့်မြတ်သောမီးလျှံအောက်၌ပင် သွေးဘိုးဘေး အက်စ်မောဒက်စ်သည် သူ၏ သွေးမျိုးနွယ်ဝင်များတုန်းကထက် ပို၍ ခပ်ကြာကြာ တောင့်ခံနိုင်ခဲ့သည်။
အချိန်တစ်ခု ကြာပြီးနောက် အက်စ်မောဒက်စ်က ကလေးတစ်ယောက်၏ လက်သီးဆိုဒ်ရှိသော သွေးပုလဲအဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှယ်အန်းက ပြုံး၍ အန်းယန်ကို သွေးပုလဲပေးလိုက်သည်။
“ယန်အာ လုံလုံခြုံခြုံသိမ်းထား”
“အင်း..အင်း”
ထို့နောက် ရွှယ်အန်းက လူအုပ်ကို လှည့်ပတ်ကြည့်ရှု့လိုက်သည်။ လူများစွာက သူ၏ မျက်လုံးများကို မကြည့်ဝံ့ဘဲ အကြည့်လွှဲလိုက်ကြသည်။ အလင်းအသင်းတော်မှ လူများကို မြင်သောအခါ ရွှယ်အန်းက တည့်တည့်ပြေးသွား၏။ အလင်းအသင်းတော်၏ ဘိုးဘေးက သေလုမျောပါး ဖြူဖျော့လျက် ရွှယ်အန်းပေါ်လာသည်ကိုမြင်သောအခါ မူးလဲလုနီးပါးဖြစ်နေသည်။
“မင်း… မင်းဘာလုပ်မလို့လဲ” ဘုန်းတော်ကြီးက တုန်လှုပ်စွာပြောသည်။
ရွှယ်အန်းက သူ၏ ဖြူဖွေးသော သွာများကို ဖြဲ၍ ပြုံးပြလိုက်၏။
“ခင်ဗျားဘယ်လိုထင်လဲ”
“မင်းက နတ်ဆိုးတစ်ကောင်ပဲ။ ဘုရားသခင်းက မင်းကို ခွင့်လှါတ်မှာမဟုတ်ဘူး” ဘိုးဘေးက တုန်ယင်စွာပြောသည်။
သို့သော် သူပြောပြီးပြီးချင်းတွင် တရားသူကြီးချုပ်က ရုတ်တရက် ရှေ့သို့ တိုး၍ အလင်းအသင်းတော်၏ ဘိုးဘေးကို ဓားမြှောင်ဖြင့် ထိုးချလိုက်သည်။
ဘိုးဘေးက အော်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှ သန့်စင်သောအလင်းရောင်က တဖျပ်ဖျပ်လတ်နေသော်လည်း
တရားသူကြီးချုပ်ကို လုံးလုံးလျားလျား မတားဆီးနိုင်ခဲ့ပေ။
“မင်း…”
ဘိုးဘေးက ဒေါသနှင့် မုန်းတီးမှုအပြည့်ဖြင့် တရားသူကြီးချုပ်ကို လှည့်ကြည့်လိုက်သည်။
သို့သော် တရားသူကြီးချုပ်ကရယ်ရုံရယ်လိုက်၏။
“သန့်စင်တဲ့နတ်ရတနာတွေမရှိရင် မင်းက ဘိုးဘေးမဟုတ်ဘဲ အဘိုးကြီးသာသာပဲကွ”
အခန်း(၄၁၇) နတ်ဆိုးရှာဖွေရေးဓား၊ အလင်း၏ကျဆုံးခန်း
တရားသူကြီးချုပ်က ရွှယ်အန်းကို လေးလေးနက်နက်ဦးညွတ်လိုက်ကာ အလွန်တရာလေးစားနေသောအသံဖြင့်ပြောလိုက်၏။ သူ၏ လုပ်ရပ်က အလင်းအသင်းတော်တစ်ခုလုံးကို အုတ်အုတ်သဲသဖြစ်သွားစေသည်။
ဒဏ်ရာပြင်းထန်စွာရ၍ မသေဆုံးသေးသော ပုပ်ရဟန်းမင်းကြီးကဒေါသတကြီးအော်လိုက်၏။
“ဖရန်စစ်၊ လူယုတ်မာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဘယ်လောက်တောင် သတ္တိရှိသလဲ”
တရားသူကြီးချုပ် ဖရန်စစ်က တုံ့ပြန်ခြင်းမရှိသော်လည်း ဓားလက်ကိုင်ကို ကိုင်၍ လိမ်လိုက်ကာ ရိုးရှင်းစွာပြုံးလိုက်သည်။ အလင်းကို သတ်ရန် အထူးပြုလုပ်ထားသည့် ဓားက ပုပ်ရဟန်းမင်းကြီး၏ ခန္ဓာကိုယ်အတွင်း၌ နာရီလက်တံကဲ့သို့ လည်သွားသည်။ သွေးများစီးကျလာခြင်းကြောင့် နာကျင်ကိုက်ခဲမှုသည် ပုပ်ရဟန်းမင်းကြီး၏ ရှင်သန်မှုကို မကြာခင်၌ပင် နှုတ်ယူသွားသည်။
သို့မှသာ ဖရန်စစ်က ဓားကိုထုတ်၍ ခြေတစ်လှမ်းနောက်သို့ ဆုတ်သွား၏။
ဓားကို ဆွဲထုတ်လိုက်သောအခါ ပုပ်ရဟန်းမင်းကြီးက မြေပြင်ပေါ်သို့ လဲကျသွားကာ မျက်နှာတစ်ခုလုံး ဖြူစုတ်သွားသည်။ သို့ထိတိုင် ပုပ်ရဟန်းမင်းကြီးက ဖရန်စစ်ကို ဒေါသဖြင့် စိုက်ကြည့်နေတုန်းပင်ဖြစ်သည်။ အကယ်၍ အကြည့်ဖြင့် သတ်နိုင်ပါက ဖရန်စစ်၏ တစ်ကိုယ်လုံး အပေါက်များဖြင့် ဖြစ်နေပေလိမ့်မယ်။
သို့သော် ဖရန်စစ်က စိတ်မဝင်စားဘဲ အနည်းငယ်ပြုံးလိုက်သည်။
“နတ်ဘုရားကို သစ္စာဖောက်တယ်ဟုတ်လား။ မဟုတ်ဘူး။ ငါ ဘယ်သူ့ကိုမှ သစ္စာမဖောက်ဘူး။ ရှုံးနိမ့်သွားတဲ့ နတ်ဘုရားက နတ်ဘုရားမဟုတ်တော့ဘူး”
ဤသို့ပြော၍ ဖရန်စစ်က ရွှယ်အန်းဘက်သို့ လှည့်ကာ လေးစားစွာ ဦးညွတ်လိုက်သည်။
“အရှင်သာလျှင်… ဒီလောကရဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားပဲ”
သူ၏ အပြုအမူကြောင့် ကြည့်ရှု့သူအားလုံး တုန်လှုပ်သွားကြသည်။
ပုပ်ရဟန်းမင်းကြီးသည်မူ ပြင်းထန်သော ဒဏ်ရာများနှင့် ဒေါသအမျက်ကို ခံယူကာ ကောင်းကင်ဘုံသို့ ကြွသွားခဲ့ပြီဖြစ်သည်။
ရင်ပြင်တွင် အလယ်တန်းနှင့် အောက်ပိုင်း အလင်း၏ နောက်လိုက် အများအပြားရှိကာ ၎င်းတို့ အလေးစားရဆုံး ဘုရားသခင် ရှုံးနိမ့်သွားသည်ကိုမြင်၍ ပြိုလဲလုနီးပါးဖြစ်နေကြပြီဖြစ်သည်။ ယခုတွင် ပုပ်ရဟန်းမင်းကြီးပင် အသတ်ခံခဲ့ရပြီဖြစ်၍ ၎င်းတို့ထဲမှ အများစုက လုံးလုံးလျားလျား ပြိုကွဲကာ မိမိကိုယ်မိမိသတ်သေရန်ပင် ဓားများကိုဆွဲလိုက်ကြသည်။ သို့သော် ကျန်ရှိသော အလင်းနောက်လိုက်အနည်းစုက မိမိကိုယ်မိမိ သတ်သေရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။ ၎င်းတို့ မျက်နှာထက်တွင် မသေချာမရေရာမှုအငွေ့အသက်များ ရှိနေသည်။
ရွှယ်အန်းက ငြိမ်သက်စွာကြည့်၍ မည်သည့် ခံစားချက်မျှ မျက်နှာတွင်မပြပေ။ သူ့ဆီမှ စကားတစ်ခွန်းကိုမျှ မကြားရသောအခါ ဖရန်စစ်က ဆက်လက်၍ ခါးကိုင်းထားရုံသာ တတ်နိုင်တော့သည်။
လေထုက တင်းမာလာသည်။
အချိန်မည်မျှကြာလာသည်ကို မသိရသေးသော်လည်း ဖရန်စစ်၏ နှဖူးထက်၌ ချွေးစီးများ စီးကျကာ သူ၏ ခြေဖျားပေါ်သို့ ကျနေပြီဖြစ်သည်။
“မင်း ငါ့ကို နတ်ဘုရားတစ်ပါးလို ရိုသေချင်တာလား”
ဖရန်စစ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ရွှယ်အန်း၏ တိတ်ဆိတ်မှုကို ကြောက်သော်လည်း ရွှယ်အန်းက စကားပြောသရွေ့ ဤသည်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်။
“ဟုတ်ပါတယ် အရှင်” ဖရန်စစ်က တရုတ်ဘာသာစကားကို ကျွမ်းကျင်စွာပြောသည်။
အချိန်အတန်ကြာအောင် တိတ်တဆိတ်လေ့ကျင့်ထားခဲ့ခြင်းပင်ဖြစ်၏။ သူသည်လိမ္မာပါးနပ်သူဖြစ်သည့်အလျောက် ဉာဏ်ပညာရှိသောလူများသည် ၎င်းတို့၏ ဘဝကို တစ်ဘက်တည်းတွင် ဘယ်သောအခါမှ တင်မထားခဲ့ပေ။
"အလင်းအသင်းတော်က သေမျိုးတွေ စိတ်ကူးနိုင်တာတဲ့ အရမ်းကြီးမားများပြားတဲ့ ခြံမြေတွေပိုင်ဆိုင်ထားပါတယ်။ ဒါတွေကို အရှင့်အတွက် စီမံပေးချင်ပါတယ်” ဖရန်စစ်က ခပ်တိုးတိုးပြောသည်။
“ကြားရတာ ကောင်းသားပဲ။ ဒါပေမယ့် မင်းရဲ့ မိတ်ဆွေတွေကတော့ စိတ်သိပ်မပါတဲ့ပုံပဲ”
ဖရန်စစ်က ပြုံး၍ မော့ကြည့်လိုက်သည်။
“မဟုတ်ပါဘူး သူတို့ဆန္ဒရှိပါတယ်”
အမှန်ပင်
ရွှယ်အန်း၏ လွယ်ကူသော အမူအရာကို မြင်သောအခါ အလင်းတရားသူကြီးချုပ်နှင့် အလင်းသူရဲကောင်းများကို တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ရှေ့သို့တစ်လှမ်းတိုးကာ ဦးညွတ်လိုက်ကြသည်။
“အရှင့်ကို ဘုရားသခင်အသစ်အဖြစ် ကျွန်တော်တို့ ကြည်ညိုချင်ပါတယ်”
ဤအကြီးအကဲများ၏ ကြေညာချက်ကြောင့် ၎င်းတို့၏ လက်အောက်ငယ်သားများအပါအဝင် ကာဒီနယ်အများအပြားက ခေါင်းညွတ်လိုက်ကြသည်။
“ကျွန်တော်တို့က အရှင့်ကို ဘုရားသခင်အဖြစ်ကြည်ညိုချင်ပါတယ်”
ဤသည်ကိုမြင်လိုက်ရသောအခါ ဖန်းမင်ရွှယ်က အနည်းငယ်အံ့သြစွာဖြင့် ပြုံးလိုက်သည်။
“ဒါဖြစ်နိုင်ပါ့မလား … သူတို့ ကိုးကွယ်တဲ့ဘုရားကို ချက်ချင်းလဲလို့ရလား”
မင်ယန်က အထင်သေးစွာ နှာခေါင်းရှုတ်လိုက်၏။
“အံ့သြနေလား။ ဒီအလင်းရဲ့ အယုတ်တမာကောင်တွေက အမြဲဒီလိုပဲ။ သူတို့ပိုပြီး စိတ်ဝင်စားတဲ့အရာနဲ့ ကြုံရတဲ့အခါ သူတို့ခေါ်တဲ့ ယုံကြည်မှုဆိုတာ အကြောင်းပြချက်တစ်ခုသာသာပဲဖြစ်ပြီး အချိန်မရွေးအလွယ်တကူ ပစ်ပယ်လိုက်ကြတယ်လေ”
ဖန်းမင်ရွှယ်တိတ်ဆိတ်သွားသည်။
အန်နာစတေးရှားက စိုးရိမ်မှုအပြည့်ဖြင့် ယင်းကို တိတ်ဆိတ်စွာကြည့်နေသည်။ အလင်းအသင်းတော်နှင့် နှစ်ပေါင်းတစ်ထောင်ကျော်ကြာ ငြင်းခုံနေသူတစ်ဦးအနေဖြင့် သူမသည် ဤလူများကို ကောင်းစွာနားလည်သည်။
အကယ်၍ တစ်စုံတစ်ယောက်က စွမ်းအားကြီးလွန်းပါက ထိုသူစိတ်ကျေနပ်စေရန် နည်းလမ်းပေါင်းစုံသုံး၍ နတ်ဘုရားအဖြစ် ကိုးကွယ်ပေလိမ့်မည်။ သို့သော် သူ၏ အားနည်းမှုလက္ခဏာကို ပြလိုက်သည်နှင့် ၎င်းတို့က အရိုးများကို ကိုက်ဖြတ်ရန် သွေးဆာနေသော ငါးမန်းများအဖြစ်ပြောင်းလဲသွားကြသည်။
ဉာဏ်ရည်ထက်မြက်သော တိုက်ခိုက်ရေးသမား အများအပြားသည် စစ်မြေပြင်တွင် မသေကြသေးဘဲ၊ ယုတ်မာသော အကြံအစည်များကြားတွင် အရှက်ရဖွယ် ကြေကွဲဖွယ်အဆုံးသတ်ကို ရင်ဆိုင်ရမည့်အစား ဤသို့လုပ်လေ့ရှိသည်။
‘ရှင် … ဒီအကျပ်အတည်းကို ဖြတ်ကျော်နိုင်ပါ့မလားလို့ တွေးမိတယ်’
“တော်တော်ကောင်းတာပဲ” ရွှယ်အန်းက ရှေ့ဆုံးတွင် ရပ်နေသော ဖရန်စစ်ဆီသို့ ဖြည်းညှင်းစွာလျှောက်သွားကာ ပြောလိုက်သည်။
ဖရန်စစ်က မဆိုင်းမတွဘဲ ဒူးထောက်ကာ ရွှယ်အန်း၏ ဖိနပ်ကို ညင်သာစွာ နမ်းလိုက်သည်။
“ဘုရားသ…”
ဓားစွမ်းအင်က ခုတ်ပိုင်းကာ ခေါင်းကို ဖြတ်တောက်လိုက်သောကြောင့် သူ့စကားကို အဆုံးမသတ်နိုင်ခဲ့ပေ။ လေထုအလယ်သို့ လွင့်သွားသော ဖရန်စစ်၏ ဦးခေါင်းထက်မှ မျက်နှာက တုန်လှုပ်ခြောက်ခြားဆဲဖြစ်ကာ အဘယ်ကြောင့် ရွှယ်အန်းက မိမိကို သတ်ခဲ့ခြင်းဖြစ်ကြောင်း နားမလည်နိုင်သည့်ပုံပေါ်သည်။
“နှမျောစရာပဲ ငါမကြိုက်ဘူး” ရွှယ်အန်း၏ ဓားစွမ်းအင်က မြင့်တက်လာကာ အလင်းအသင်းတော်မှ နောက်လိုက်အားလုံးကို ပစ်မှတ်ထားလိုက်သည်။
ဤသည်ကိုမြင်သောအခါ အလင်းအသင်းတော်မှ သူရဲကောင်းနှင့် အခြားသူများက တုန်လှုပ်သွားကာ မယုံကြည်နိုင်စွာကြည့်နေကြသည်။ တစ်စုံတစ်ယောက်က ထိုသို့ကံကြမ္မာနှင့် အလွယ်တကူရမည့် နတ်အဆင့်ကို ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
“အလင်းရဲ့ဘုရားသခင်… ကျေးဇူးပြုပြီး မလုပ်ပါနဲ့” အလင်းသူရဲကောင်းက အော်လိုက်သည်။
သို့သော် ၎င်းတို့ကို တုံ့ပြန်သမျှမှာ မိုးကဲ့သို့ သက်ဆင်းလာသည့် ဓားစွမ်းအင်များပင်ဖြစ်သည်။ တရားသူကြီးက အလင်း၏ စွမ်းအားဖြင့် အကာအကွယ်တစ်ခုကို ဆင့်ခေါ်ကာ ခုခံရန် မျှော်လင့်ထားဆဲဖြစ်သော်လည်း ထူထဲသော ဓားစွမ်းအင်အောက်၌ ခဏာအတွင်း ဖုံးအုပ်ခံလိုက်ရသည်။
အခြားသူများနှင့်နှိုင်းယှဥ်ပါက အလင်းသူရဲကောင်းက အချိန်အတန်ကြာအထိ တောင့်ခံနိုင်ခဲ့သည်။ အလင်း၏ စွမ်းအားဖြင့် တည်ဆောက်ထားသော ထူထဲသော ချပ်ဝတ်တန်စာဖြင့် ဓားချီကို ကာကွယ်ကာ ရင်ပြင်၏ ထောင့်စွန်းသို့ မယုံနိုင်စဖွယ်အရှိန်ဖြင့် ချီတက်သွားခဲ့သည်။
အလွန်လျင်မြန်လွန်းလှ၏။
ဤတံတိုင်းကို ကျော်လွန်လျင် သူအသက်ရှင်ရန် အခွင့်အရေးရမည်ဟု တွေးကာ အလင်းသူရဲကောင်းက နှလုံးသားထဲမှ ရွှင်မြူးနေသည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်က မယုံနိုင်စဖွယ်ကောင်းလောက်အောင်ပေါ့ပါးသွားကာ ခုန်တက်လျက် ဘုရားကျောင်း၏ ထိပ်ကို မြင်ရလောက်သည်အထိ မြင့်တက်သွားသည်။
‘ဘာဖြစ်တာလဲ’
စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်သောအခါ ခေါင်းမပါသော အလောင်းကို မြေပြင်ထက်၌ ရပ်နေသည်ကို မြင်လိုက်ရသည်။
‘ဒီခန္ဓာကိုယ်ကို ထူးထူးခြားခြား ရင်းနှီးနေတဲ့ပုံပဲ’
ဤသို့တွေး၍ အလင်းဝိညာဥ်တော်သည် ထာဝရအမှောင်ထဲသို့ ထိုးကျသွားသည်။
ရင်ပြင်တော်ပေါ်တွင် အလောင်းများအပုံလိုက်ဖြစ်နေသည်။ အလင်းအသင်းတော်၏ နောက်လိုက်အားလုံးနီးပါး သေဆုံးခဲ့ကြသည်။
သွေးများက မြေပြင်ကို နီရဲနေစေ၏။ လူအနည်းငယ်က တုန်တုန်ယင်ယင်နှင့် မတ်တပ်ရပ်နေကြကာ ၎င်းတို့၏ မျက်နှာများသည်လည်း သရဲတစ္ဆေများကဲ့သို့ ဖြူဖျော့နေသည်။
ရွှယ်အန်း ယခု အသုံးပြုခဲ့သော လက်နက်သည် နတ်ဆိုးရှာဖွေရေးဓားဖြစ်ရာ အကယ်၍ သင်သည် သေထိုက်သော အပြစ်ကို ကျူးလွန်ပါက၊ ဓားချီက သင့်အား မဆိုင်းမတွ ခုတ်ထစ်မည်ဖြစ်သည်။
ပုံမှန်အားဖြင့်၊ မသေသောသူများသည် ကြီးလေးသောအပြစ်ကို ကျူးလွန်ခဲ့ကြသူများမဟုတ်ပေ။
သို့သော ရွှယ်အန်းက ထိုကျန်ရစ်သူအနည်းငယ်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
“အလင်းဆိုတဲ့ဟာက ဒီလောက်ပဲရှိတာလား။ ဆက်လုပ်”
ရွှယ်အန်း၏ စကားနှင့်အတူ ဓားစွမ်းအင်က ခမ်းနားထည်ဝါပုံပေါ်က်သော်လည်း အတွင်းပိုင်းတွင် အညစ်အကြေးများနှင့်ပြည့်နေသော အဆောက်အဦများဆီသို့ ပြေးဝင်သွားသည်။ အဆောက်အဦတိုင်းက ဓားချီအောက်၌ မယုံကြည်နိုင်ဖွယ်ကောင်းစွာ ပြိုကျကုန်သည်။
ခဏအကြာတွင်၊ သန့်ရှင်းသောအလင်းနိုင်ငံသည် မြေပြင်ပေါ်သို့ပြိုလဲသွားသည်။
ဤသို့ဖြင့် အလင်းအသင်းတော်သည် သမိုင်းဝင်ဖြစ်လာခဲ့၏။