အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
အခန်း(၄၂၁) အစ်မ ဘာလုပ်နေတာလဲ
ခါရာဆက်က ရွှယ်အန်းရှေ့၌ လေးစားစွာ ဒူးထောက်လိုက်သည်။
“အရှင် ကျွန်တော်မျိုး ခါရာဆက်က အခု ကျွန်တော်မျိုးရဲ့ ပြန်လည်မွေးဖွားခြင်းကို ဘယ်သောအခါမှ မေ့မှာမဟုတ်ပါဘူး။ ဒီနေ့ကစပြီး အရှင့်ရဲ့ ဓားညွှန်ရာအရပ်က ကျွန်တ်ောမျိုး သွားမယ့်အရပ်ပါပဲ”
အန်နာစတေးရှားကလည်း သူ့ဘေးတွင် ဒူးထောက်ချလိုက်သည်။
“စုန်းမ အန်နာစတေးရှားကလည်း အရှင့်ကို ဘယ်တော့မှသစ္စာမဖောက်ပါဘူး”
ဤပုဂ္ဂိုလ်နှစ်ဦးကြားမှ ခံစားချက်များက ယခုအချိန်၌ အမှန်တကယ်ပင် ရှုပ်ထွေးလျက်ရှိသည်။ ရွှယ်အန်းကြောင့်သာမဟုတ်ပါက ခါရာဆက်က ထာဝရ ဆင်းရဲတွင်းနက်ထဲတွင် ကျိန်းသေရောက်နေပြီဖြစ်ရာ အကယ်၍ ထိုသို့ဖြစ်လာပါက ထာဝရအသက်ရှင်ရန် မဆိုနှင့် ပြန်လည်၍ တစ်ခဏ တွေ့ဆုံခြင်းကပင် ဖြစ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရွှယ်အန်းက သူ့ဘဝကို ပြန်လည်မွေးဖွားခွင့်ပေးလိုက်သည်ဟုဆိုလျှင်ပင် ချဲ့ကားပြောဆိုခြင်းဟုတ်လိမ့်မည်မဟုတ်ပေ။
ရွှယ်အန်းက ပြုံးရုံသာ ပြုံးလိုက်သည်။
“မတ်တပ်ရပ်လိုက် ငါမင်းကို လူရည်မွန်တစ်ယောက်လို့ ထင်လို့ ကူညီပေးခဲ့တာ။ တစ်ခုခုလိုချင်လို့ ကူညီခဲ့တာမဟုတ်ဘူး”
ခါရာဆက်နှင့် အန်နာစတေးရှားတို့က မည်သည့်စကားမျှမပြောဘဲ ရိုသေစွာဖြင့် မတ်တပ်ထရပ်လိုက်သည်။ ၎င်းတို့၏ အကျင့်များဖြင့် ကျေးဇူးတင်မှုကို များစွာမဖော်ပြတော့ဘဲ ဤကြင်နာမှုအကြွေးကို ၎င်းတို့၏ နှလုံးသားထဲတွင် ထာဝစဥ် အောက်မေ့မြှုပ်နှံထားရန်သာ ရွေးချယ်ခဲ့သည်။ ထို့နောက် ရွှယ်အန်းက ခေါင်းလှည့်၍ အန်းယန်နှင့် တီးတိုးပြောနေသော ဖန်းမင်ရွှယ်ကို ကြည့်လိုက်သည်။
ဤအမျိုးသမီးနှစ်ယောက် အဆက်မပြတ်စကားပြောနေကြသည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည်။ ဖန်းမင်ရွှယ်၏ မျက်နှာပေါ်၌ အချိန်အတန်ကြာ ပျောက်ကွယ်နေခဲ့သည့် အပြုံးတစ်ခု ပေါ်လာသည်။
“ ယောက်ျား မင်ရွှယ့်နောက်လိုက်ပြီး အမှောင်ကောင်စီကို တစ်ချက်လိုက်ကြည့်ရအောင်လေ”
ဤသည်ကို ကြားသောအခါ ခါရာဆက်နှင့် အခြားသူများကအလျင်စလို ဝင်ပြောကြသည်။
“အရှင် အခု အလင်းဘုရားကျောင်းက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ အရှင့်မှာ ခဏနေစရာမရှိသေးရင် အမှောင်ကောင်စီမှာ ရက်အနည်းငယ်လောက် နေပါလား”
ရွှယ်အန်းက အနည်းငယ်စဥ်းစားလိုက်ပြီးမှ ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ၎င်းတို့၏ အရှိန်ဖြင့် ဥရောပတောင်တန်းများပေါ်ရှိ အမှောင်ကောင်စီသို့ ပြန်သွားရန် အချိန်အနည်းငယ်ကြာခဲ့သည်။
ရောက်ရောက်ချင်း အန်းယန်က အရိုးစုအစောင့်များကို စူးစမ်းကာ တစ်ယောက်ကို ထိရန် လက်လှမ်းလိုက်သည်။ အရိုးစုအစောင့်က စိတ်မရှည်စွာဖြင့် သူမကို လှည့်ကြည့်၍ အရှေ့မြောက် တရုတ်လေယူလေသိမ်းဖြင့် ပြောလိုက်သည်။
“အစ်မ ဘာလုပ်နေတာလဲ”
အန်းယန်၏ မျက်လုံးများက မယုံကြည်နိုင်ဖွယ်ကောင်းစွာဖြင့် ပြူးကျယ်သွားသည်။ ဥရောပတောင်တန်းများတွင်တည်ရှိကာသမိုင်းနှစ်ထောင်စုနှစ်တစ်ခုအတွင်း တည်ရှိနေသည့် အမှောင်ရှေးရဲတိုက်ရှေ့တွင် လေးလံသော အရှေ့မြောက်ဒေသိယဘာသာစကားဖြင့် ပြောဆိုသော အရိုးစုစစ်သားတစ်ယောက်ကို မြင်နေရ၏။
“အရှင်မ ဒီအရိုးစုတွေက အလယ်ခေတ်က အမွေအနှစ်တွေဖြစ်လို့ တချို့က ဒီ ရှေးရဲတိုက်ထက်တောင် အသက်ကြီးပါတယ်။ သူတို့ အသိဉာဏ်တွေ ဖွံ့ဖြိုးလာပြီး တရုတ်စကားတတ်နေတဲ့ကိစ္စကတော့…”
ခါရာဆက်က စမတ်ဖုန်းများပေါ်မှ ရုပ်ပြဆွေးနွေးမှုများကို စိတ်ပါဝင်စားစွာကြည့်နေသော အရိုးစုစစ်သားအချို့ကို လက်ညှိုးထိုးပြ၍ ဆက်ပြောသည်။
“စမတ်ဖုန်းတွေ ထွန်းကားလာတည်းက ဒီ အရိုးစုတွေရဲ့ဘဝက ပိုပြီး အရောင်အသွေးစုံလာတာပဲ”
အရိုးစုတပ်သားက ခါရာဆက်ကို တစ်ချက်ကြည့်လိုက်သည်။
“ယို့ လူချောလေး ဘာဖြစ်တာလဲ။ နောက်ဆုံးတော့ စုန်းမနဲ့ ချိတ်မိသွားပြီလား။ ကျွတ်… ကျွတ်”
“ချိတ်”ဟူသော စကားစုကြောင့် အန်နာစတေးရှားနှင့် ခါရာဆက်တို့ နှစ်ဦးလုံး အနည်းငယ်တုန်လှုပ်သွားသော်လည်း မည်သည့်စကားမျှမပြောကြတော့ပေ။ ၎င်းတို့ကို တိုက်ခိုက်၍ရော ဆူပူ၍ရောမဖြစ်နိုင်သည့်အတွက် မကြားချင်ယောင်သာ ဆောင်ရုံရှိကြတော့သည်။
အခြားသူများကမူ အားပါးတရ ရယ်မောလိုက်ကြ၏။ အန်းယန်က ရယ်မောကာ နှလုံးသားထဲမှ ကြောက်ရွံ့မှုအနည်းငယ် ပျောက်ကွယ်သွားသည်။ သူမ၏ အရိုးစု၏ ပခုံးကို ပုတ်၍ လက်မတစ်ချောင်း ထောင်ပြလိုက်၏။
“ရှင်က အရှေ့မြောက်ဒေသိယစကားကို ကောင်းကောင်းပြောတတ်တာပဲ”
“ဟုတ်လား။ ငါလည်း ထင်သား။ နောက်ပြီး ကျုပ်က ဒေသိယစကားပဲပြောတတ်တာမဟုတ်ဘူးဗျ။ တရုတ်စကားစု နည်းနည်းလည်းပြောတတ်တယ်။ နားထောင်ကြည့်။ ‘လေ့ဟောက်အာ’
အရိုးစုတပ်သားက အဆုံးမသတ်နိုင်စွာဖြင့် စကားများစွာ အဆက်မပြတ်ပြော၏။
ရွှယ်အန်းက ရယ်ရခက် ငိုရခက်ဖြစ်လျက် စူးစမ်းလိုစိတ်ရှိနေသော အန်းယန်ကို ရှေးဟောင်းရဲတိုက်ဆီသို့ ခေါ်ဆောင်သွားသည်။ ရွှယ်အန်းရောက်ရှိလာခြင်းကြောင့် ရဲတိုက်သည် လှုပ်ရှားမှုများ အုံကြွလာခဲ့သည်။
အိမ်အကူတစ်ဒါဇင်သည် နောက်ပိုင်းပွဲအတွက် မီးဖိုချောင်ကို အလျင်စလိုပြင်ဆင်ကြသည်။ သို့သော် အနီးကပ်ကြည့်လိုက်သောအခါမှသာ ဤအိမ်အကူများက တစ္ဆေသတို့သမီးများဖြစ်နေသည်ကို သိလိုက်ရ၏။ ညစာစားပွဲကို စီစဥ်ရန် လူပုလေး ခုနှစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့်က ၎င်းတို့၏ မွေးရာပါ နူးညံ့သော လက်များကို အသုံးပြုကြသည်။
ဥရောပဒဏ္ဍာရီများတွင်သာ ပေါ်လာသည့် မွန်းစတားများနှင့် နတ်ဆိုးများ များပြားစွာ စုရုံးလာခြင်းက လူတစ်ဦးကို မြင်သည်နှင့် အံ့သြသွားစေနိုင်လောက်သည်။ မင်ယန်က ရယ်မောကာ ဘေးသို့ပြောလိုက်၏။
"ဒါတွေက ဘယ်မှသွားစရာမရှိတော့တဲ့အထိ အလင်းအသင်းတော်က ဖိနှိပ်ခံခဲ့ရတဲ့ မွန်းစတားတွေပဲ။ သူတို့ အမှောင်ကောင်စီမှာခိုလှုံနေကြတာ”
ရွှယ်အန်းက ခေါင်းညိတ်သဘောတူလိုက်သည်။ သို့သော် အန်းယန်က မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပစွာဖြင့် ကောင်းကင်၌ ပျံသန်းနေသည့် နတ်သူငယ်လေးများကို ကြည့်နေသည်။
“ရှန်းရှန်းနဲ့ နျန်နျန်သာ ဒီမှာရှိနေရင် ဒီ နတ်သူငယ်လေးတွေကို သေချာပေါက် ချစ်မှာ"
ဤသည်ကိုကြားသောအခါ ရွှယ်အန်းက ပြုံးလိုက်သည်။
“ဒါဆို သူတို့ကို ခေါ်လိုက်ရအောင် ပြီးတော့ အမှောင်ညနတ်သူငယ်မျိုးနွယ်စုကိုလည်း ဖိတ်လိုက်မယ်”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက စည်းချိပ်တစ်ခုကို အသုံးပြု၍ ခလိုရစ်ကို အကြောင်းကြားလိုက်သည်။
မကြာခင်၌ နတ်သူငယ်နယ်မြေတွင် ပျော်ရွှင်စွာကစားနေသော ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ နှစ်ဦးစလုံးသည် အမှောင်ညရဲတိုက်တွင်ပေါ်လာသည်။ ထို့နောက် အစ္စဘယ်လာ၊ ယူနာနှင့် အခြားသူများ ပါဝင်၍ နောက်ဆုံးတွင် အကြီးအကဲလူနာသည်လည်း နတ်နယ်မြေမှ ထွက်လာ၍ ရဲတိုက်သို့ ရောက်လာသည်။
အမှောင်ညနတ်သူငယ်များက အမြဲတမ်း ကြားနေဖြစ်သော်လည်း ၎င်းတို့က ပါတီအသီးသီးနှင့် အဆက်အသွယ်မရှိဟု မဆိုလိုပေ။ သို့သော အထူးသဖြင့် နတ်သူငယ်နတ်ဘုရားမ၏ ပျေ
ပြောရေးဆိုခွင့်ရှိသူအဖြစ် အကြီးအကဲလူနာသည် သဘာဝအတိုင်း ဘက်ပေါင်းစုံနှင့် ဆက်ဆံလေ့ရှိသည်။
ထို့ကြောင့် အမှောင်ကောင်စီအဖွဲ့ဝင်များနှင့် သူမတို့သည် အသိအကျွမ်းဟောင်းများဖြစ်ကြ၏။
ပျော်ပွဲရွှင်ပွဲများ ဖလှယ်ပြီးနောက် အားလုံး အတူတကွ ထိုင်ကြသည်။
ဝိုင်သည် အမှောင်ကောင်စီရဲတိုက်မှ ကိုယ်ပိုင်ထူးခြား ရတနာဖြစ်၍ မည်သည့်နေရာတွင်မျှ ဝယ်ယူ၍ မရနိုင်ပေ။ ဟင်းလျာများကို ရှားပါးသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ အစားအသောက်များနှင့် ပတ်သက်လာသောအခါတွင် နှစ်ထောင်ချီနေထိုင်ခဲ့သော ရှေးလူမျိုးများက သဘာဝအလျောက် ထူးခြားလှ၏။
သို့သော် ဤထမင်းစားချိန်အတွင်း ကျေးဇူးတင်ကြောင်းဖော်ပြခြင်းသည် ပို၍ပင်အရေးကြီးသည်။
လူတိုင်းသည် ရွှယ်အန်းအား မကြာခဏ ချီးမြောက်ရန် ၎င်းတို့၏ အရက်ခွက်များကို မြှောက်ကြကာ ရွှယ်အန်းသည်လည်း ငြင်းဆန်ခြင်းမရှိပေ။ ပွဲတောက ညဥ့်နက်အထိ ကြာမြင့်၍ အိမ်ရှင်များနှင့် ဧည့်သည်များက ကျေကျေနပ်နပ်စကားစမြည်ပြောကြသည်။
ရွှယ်အန်းနှင့် အန်းယန်သည် ဂုဏ်သိက္ခာအရှိဆုံး ဧည့်ခန်းတွင် တည်းခိုခဲ့သည်။ ကလေးမလေးနှစ်ယောက်သည်လည်း ပျော်ပွဲရွှင်ပွဲတွင်ပါဝင်၍ ရွှယ်အန်းကို ချော့သိပ်ခိုင်းကြသည်။ ထို့နောက် ရွှယ်အန်းက ကလေးမလေးနှစ်ယောက်ကို ဝမ်းသာစွာဖြင့် ပုတ်သပ်ပေးလျက် အိပ်ရာဝင်ပုံပြင်များပြောပြကာ နောက်ဆုံးတွင်နှစ်ယောက်စလုံးကို အိပ်ပျော်စေနိုင်ခဲ့သည်။
ကလေးမလေးနှစ်ယောက်၏ တိုးညှင်းသော ဟောက်သံကို ကြားရပြီးနောက် ရွှယ်အန်းက ငြိမ်သက်စွာ မတ်တပ်ထရပ်၍ အနား၌ ရှိနေသော အန်းယန်ကို ပြုံးပြလိုက်သည်။
“ပင်ပန်းနေပြီလား”
အန်းယန်က ခေါင်းခါလိုက်၏။
“မင်ရွှယ့်ကို သွားကြည့်ရအောင်။ သူ့ဒဏ်ရာတွေကို ရှင်ကုပေးရမှာပေါ့”
တကယ်တမ်းတွင် သူက ဤသို့လုပ်ရန် တွေးထားခဲ့ပြီးဖြစ်သော်လည်း အန်းယန်က သူ့ကို လုပ်ခိုင်းမည်ဟု မထင်ထားသောကြောင့် ရွှယ်အန်းအနည်းငယ် တွေဝေသွားသည်။
"ဒါဆို အတူတူသွားရအောင်"
အန်းယန်က ရယ်မောလိုက်၏။
“ကောင်းပြီ ယောက်ျား ကျွန်မ ရှင့်ကို ယုံလို့မရဘူးလား။ သွားနှင့်ချေ”
ရွှယ်အန်းက တုံ့ဆိုင်းနေဆဲဖြစ်သည်။
အန်းယန်က ဆွဲဆောင်မှုရှိသော အမူအရာမျိုးဖြင့် ချွဲပစ်စွာပြောလိုက်သည်။
“ဒီကိုလာခဲ့”
“ချစ်ဇနီးလေးက ဘာအမိန့်ပေးချင်လို့လဲ”
အန်းယန်က ရွှယ်အန်း၏ လည်တိုင်ကို နမ်းကာ အနီရောင်နှုတ်ခမ်းနီရာကို ကျန်ရစ်စေခဲ့သည်။
“ဒီမှာ ကျွန်မ ရှင့်ကို အမှတ်အသားလုပ်ပြီးပြီ။ ရှင်က ကျွန်မအပိုင်ပဲ” အန်းယန်က ရယ်ရယ်မောမော ပြော၏။
ရွှယ်အန်းကလည်း ရယ်မောကာ အန်းယန်၏ နှာခေါင်းလေးကို ညှစ်လိုက်သည်။
“မင်း… မင်းက တကယ့် အရူးမလေးပဲ”
“ဒါဆို သွားတော့ မြန်မြန်လုပ်။ ကျွန်မ ရှင်ပြန်လာရင် တူတူအိပ်ဖို့ စောင့်နေမယ်”
အခန်း(၄၂၂) မင်းကို လက်ဆောင်ကြီးတစ်ခု ပေးမယ်
ရှေးအမှောင်ရဲတိုက်၏ ထိပ်တန်းအဆင့်တွင် ထူးဆန်းသော ဥယျာဉ်အဖြစ် ပုံစံထုတ်ထားသော လသာဆောင်ငယ်တစ်ခုရှိသည်။
ဤနေရာတွင် ထိုင်လျက် သောက်ရင်းဖြင့် ခပ်လှမ်းလှမ်းမှ တောင်တန်းများကို ငေးကြည့်နေသူတစ်ဦးရှိ၏။
ရွှယ်အန်းက ဤနေရာသို့ရောက်သောအခါ ဖန်းမင်ရွှယ်က ထိုင်နေလျက် အဝေးသို့ အသက်မဲ့စွာ ငေးကြည့်နေသည်ကို မြင်လိုက်ရ၏။ ခြေသံကို ကြားသောအခါ သူမက လှည့်မကြည့်ဘဲ ခပ်တိုးတိုး ပြောသည်။
“ရှန်းရှန်းနဲ့ နျန်နျန်တို့ အိပ်သွားကြပြီလား”
"ဟုတ်တယ်၊ သူတို့အိပ်နေပြီ"
ဤသို့ဖြင့် ရွှယ်အန်းက အနီးနားရှိ ကုလားထိုင်တွင် ထိုင်လိုက်သည်။ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖန်းမင်ရွှယ်က ခေါင်းငုံ့ကာ ခပ်တိုးတိုးပြောသည်။
“တောင်းပန်ပါတယ်”
"ဘာလို့တောင်းပန်တာလဲ"
"ဘာလို့လဲဆိုတော့... ငါလူတွေအများကြီးသတ်လုနီးပါးပဲလေ"
ရွှယ်အန်းက ပြုံး၍ ခေါင်းခါလိုက်သည်။
“ဒါ နင့်အပြစ်လုံးဝမဟုတ်ပါဘူး”
ဖန်းမင်ရွှယ်သည် ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့သည်။
ရွှယ်အန်းက သက်ပြင်းချလိုက်၏။
"နင် ဘာလို့ အမှောင်လမ်းကို ရွေးခဲ့တာလဲ"
ဖန်းမင်ရွှယ်က ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။
"ဘာလို့လဲဆိုတော့... ငါနင့်ကို အမှီလိုက်ချင်တယ်"
ဤတုံ့ပြန်မှုကြောင့် ရွှယ်အန်း အနည်းငယ် ကြောင်အန်းသွားသည်။ အကြောင်းပြချက်များစွာကို သူတွေးခဲ့ဖူးသော်လည်း ဤအချက်ကို တစ်ခါမျှ မစဉ်းစားခဲ့ပေ။
"ငါအရမ်းမိုက်မဲနေသလား" ဖန်းမင်ရွှယ်က ခေါင်းငုံ့လျက် ခပ်တိုးတိုး ရေရွတ်လိုက်၏။
"စိတ်မြန်တယ် ဒါပေမယ့် မိုက်မဲတာတော့ မဟုတ်ဘူး" ရွှယ်အန်းက ပြုံး၍ ပြော၏။
"တကယ်လား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် သူ့အမူအရာက လေးနက်လာသည်
“ၑင်ရွှယ် ငါ နင့်ကို မေးချင်တာ တစ်ခုပဲရှိတယ်။ ဒီ အမှောင်လမ်းက အခက်အခဲတွေ အများကြီးနဲ့ပြည့်နေတယ်။ နင် နောင်တရနေလား။ နောင်တရရင် ငါ နင့်ကို ချက်ချင်း အဝေးကို ခေါ်သွားပေးနိုင်တယ်”
ဖန်းမင်ရွှယ်က ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။
"နောင်တမရဘူး"
ရွှယ်အန်းက သူမကို တခဏလောက် ငြိမ်သက်စွာ ကြည့်နေပြီးနောက် ပြုံးပြလိုက်၏။
“ကောင်းပြီ ဒါဆို နင် နောင်တမရဘူးဆိုတော့ ငါ နင့်ကို အမှောင်လောကရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်အောင် ကူညီပေးမယ်”
"တက်စီယာက ငါ့ကို စုန်းအတတ်အကုန်သင်ပေးပြီးရင် အမှောင်ကောင်စီကို တာဝန်ယူရမယ်လို့ ပြောခဲ့တယ်”
“တက်စီယာလား” ရွှယ်အန်းက အနည်းငယ်ရယ်မောလျက် ခေါင်းခါလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ကောင်းကင်ယံထက်မှ မရေမတွက်နိုင်လောက်အောင် များပြားလှသည့် ကြယ်များကို လက်ညှိုးထိုးပြလိုက်သည်။
“မင်ရွှယ် နင်မြင်လား။ ဒီကြယ်တစ်ပွင့်စီက ကမ္ဘာတစ်ခုကို ကိုယ်စားပြုနိုင်တယ်။ အမျိုးမျိုး ဘုံတွေ အကန့်အသတ်မဲ့ရှိနေတယ်။ ငါအခု ပြောနေတဲ့ အမှောင်ထုဆိုတာ များပြားလှတဲ့ နယ်ပယ်တွေရဲ့ ထိပ်ပဲ။ အဲ့တာက စစ်မှန်တဲ့ အမှောင်ထုရဲ့ အရှင်၊ အမှောင်ညရဲ့ ဘုရင်ပဲ”
ရွှယ်အန်း၏ စကားများက ဖန်းမင်ရွှယ်ကို လုံးလုံးလျားလျား အံ့အားသင့်သွားစေသည်။ သူမသည် အကန့်အသတ်မဲ့သော ကြယ်ရောင်ကောင်းကင်ယံကို ငေးကြည့်လျက် စိတ်များ လွင့်နေမိသည်။
တက်စီယာဆီမှ မှော်နက်စုန်းပညာကို ကောင်းစွာ သင်ယူပြီးနောက် အမှောင်ကောင်စီကို ချုပ်ကိုင်ခြင်းဖြင့် မိမိကို စွမ်းအားကြီးသူဟု သတ်မှတ်ခံရလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် ရွှယ်အန်း၏ စကားများက သူမကို လုံးလုံးလျားလျား တုန်လှုပ်သွားစေ၏။
“ငါ … တကယ် လုပ်နိုင်မှာလား” ဖန်းမင်ရွှယ်က ရေရွတ်လိုက်သည်။
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။
“နင့်ဘာသာ နင်ဆိုရင်တော့… ဒါပေါ့ မလုပ်နိုင်ဘူး။ ဒါပေမယ့် နင့်ရဲ့ အမှောင်ခန္ဓာကိုယ်က ညနတ်ဆိုးဧကရီရဲ့ ကပ်ပါးပိုးကြောင့်ပဲ။ အဲ့တာက ထူးခြားတဲ့ ပါရမီလို့ ယူဆလို့တောင်မရဘူး”
ဖန်းမင်ရွှယ်၏ အမူအရာက မှုန်ကုပ်ကုပ်ဖြစ်သွားကာ အနည်းငယ်စိတ်ပျက်သွားသည်။
သူမသည် မှော်နက်စုန်းပညာကို စတင်လေ့ကျင့်စဉ်ကတည်းက ချီးမွမ်းခြင်းမှလွဲ၍ ဘာမျှမကြားခဲ့ရသော်လည်း ရွှယ်အန်း၏ စကားအနည်းငယ်သည် သူမ၏ မာနကို ရက်စက်စွာ ဖြိုခွဲပစ်လိုက်သည်။
“ဒါပေမယ့် အခု ငါ ဒီမှာရှိနေလို့ နင် အဲ့လို လုပ်နိုင်အောင် ငါလုပ်ပေးလို့ရတယ်” ရွှယ်အန်း၏ လေသံ၌ ယုံကြည်မှုအပြည့်ရှိသည်။
ဖန်းမင်ရွှယ်က လန့်ဖျပ်သွား၏။
“နင်က… အလင်းနဲ့ ပတ်သက်တာမဟုတ်ဘူးလား”
ဖန်းမင်ရွှယ်သည် ရွှယ်အန်း၏ စွမ်းအားက အသန့်စင်ဆုံး အလင်းစွမ်းအားဖြင့် လုံးလုံးလျားလျား ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တက်စီယာထံမှ ကြားသိခဲ့ရသည်။
အလင်းနှင့်အမှောင်သည် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် သူမည်သို့ကူညီနိုင်မည်နည်း။
ဤသည်ကိုကြားသောအခါ ရွှယ်အန်းက ရယ်မောလိုက်သည်။
“နင် အဆင့်တစ်ခုကို ရောက်ရင် အလင်းနဲ့ အမှောင်ဆိုတာ ရှိတော့မှာမဟုတ်ဘူး အဲ့တာတွေက အကြွေစိတစ်ခုရဲ့ မျက်နှာနှစ်ခုဆိုတာ နင်နားလည်လာလိမ့်မယ်”
ဤသို့ပြောလျက် ရွှယ်အန်းက ရုတ်တရက် မော့လိုက်ရာ သူ့မျက်လုံးများက တောက်ပမှုနှင့်အတူ လောင်ကျွမ်းနေသည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
“မင်းမျက်လုံးတွေကို မှိတ်ထား”
လိုက်လျောညီထွေစွာ ဖန်းမင်ရွှယ်သည် သူမ၏မျက်လုံးများကိုမှိတ်ထားသည်။
ရွှယ်အန်း၏ လက်ထဲ၌ အနက်ရောင်အလင်းတန်းတစ်ခု ပေါ်လာ၍ ရှေးဟောင်းရဲတိုက်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်အထိ အလွန်အစွမ်းထက်သော ရောင်ဝါပါဝင်နေသည်။ အန်နာစတေးရှားနှင့် အခြား အခန်းတွင်းရှိ အခြားလူများ အားလုံး ထိတ်လန့်ကာ မျှော်ကြည့်နေကြသည်။
“ဒီရောင်ဝါ…”
မှော်နက်စုန်းမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူမသည် အခြားသူများထက် ဤအသွင်အပြင်၏ စွမ်းအားကို ခံစားမိသည်။
ရွှယ်အန်းက ဖန်းမင်ရွှယ်၏ နှဖူးကို လက်ညှိုးဖြင့် ဖိလိုက်သည်။
ဘမ်း
ဖန်းမင်ရွှယ်က သူမ၏ စိတ်ထဲမှ ရုတ်တရက် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ မူလကဒီရေကဲ့သို့ ဆုတ်ယုတ်သွားခဲ့သော အမှောင်စွမ်းအားသည် ပို၍ပင် ဖြူစင်၍ အစွမ်းထက်သော အမှောင်ထုဖြင့် အစားထိုးခဲ့သည်။ သူမ ခံစားနေရသည့် ဒဏ်ရာများက ချက်ချင်း ပြန်လည်သက်သာလာသည်။
သို့သော် ဤသည်က အစသာရှိသေး၏။
ဤစွမ်းအားက ဖန်းမင်ရွှယ်၏ ထိန်းချုပ်ခြင်းခံနေရသကဲ့သို့မဟုတ်ဘဲ သူမ၏ အသိစိတ်ပင်လယ်ထဲ၌ သူမ၏ အသိစိတ်စွမ်းအားက ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားလျက်ရှိသည်။
ရွှယ်အန်းက နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ဖန်းမင်ရွှယ်၏ အမူအရာပြောင်းလဲသွားပုံကို တိတ်တဆိတ်စောင့်ကြည့်နေသည်။ သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ဖြစ်ပျက်နေသည့် အရာမှန်သမျှကို ရိပ်မိသောအခါ သူက ဘာသိဘာသာပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်က မင်း ငါ့လက်ထဲမှာ ရှုံးခဲ့ပြီးပြီ။ အခုရော ရုန်းကန်ချင်သေးလား”
သူစကားပြောနေစဉ်တွင်၊ ရွှယ်အန်း၏ မြင့်မြတ်သောအာရုံမှ ကြိုးတစ်ချောင်းသည် ဖန်းမင်ရွှယ်၏ အသိစိတ်ပင်လယ်ထဲသို့ ချက်ခြင်းဝင်ရောက်လာပြီး ၎င်းအပေါ်သို့ ပျံဝဲသွားသည်။
ရွှယ်အန်းရောက်ရှိလာသည့် ဖိအားကို ခံစားလိုက်ရသော စိတ်စွမ်းအားက ချက်ချင်းပင် ကြောက်လန့်တကြား ပျပ်ဝပ်သွားသည်။
သို့သော် ရွှယ်အန်းက ၎င်းကို အလွတ်ပေးရန် ရည်ရွယ်ချက်မရှိဘဲ မီးလျှံများဖြင့် ဖုံးလွှမ်းသွားစေလိုက်သည်။
စိတ်စွမ်းအားက ဝေဒနာကြောင့် နာကျင်စွာအော်ဟစ်ကာ ဒေါသသံအပြည့်ဖြင့် စကားလုံးများ တစ်လုံးချင်းထွက်ပေါ်လာသည်။
“ရွှယ်အန်း မင်းက အရမ်းရက်စက်တာပဲ”
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။
“အမှောင်ဧကရာဇ် ငါ့ရဲ့မှတ်ဉာဏ်ကနေ ပြန်လည်မွေးဖွားဖို့ ကြိုးစားတာ မင်းအပြစ်ပဲ၊ အခု သေပေတော့"
သူ ဤသို့ပြောလိုက်သောအခါ မီးတောက်များ တောက်လောင်လာသည်။
အော်သံများ ရုတ်တရက် ရပ်တန့်သွားသည်။
ဖန်းမင်ရွှယ်အတွင်းရှိ ယခင်က ရုန်းရင်းဆန်ခတ်ဖြစ်သော အမှောင်စွမ်းအင်သည် တခဏအတွင်း တည်ငြိမ်လာသည်။
ရွှယ်အန်းသည် သူ၏ နတ်အာရုံကို ရုတ်သိမ်း၍ သူမ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါတွင်၊ သူမ၏ မျက်နှာက ရှုပ်ထွေးမှုများအပြည့်ရှိနေပြီးနောက် ခပ်ပါးပါးပြုံးလိုက်သည်။
"ပြီးပြီ"
"အခုဖြစ်သွားတာ ဘာကြီးလဲ" ဖန်းမင်ရွှယ်က လွတ်လွတ်လပ်လပ် မေးသည်။
"အမှောင်ဧကရာဇ် တစ်ချိန်က စကြဝဠာရဲ့ အမှောင်စွမ်းအားကို ထိန်းချုပ်ခဲ့သည့် ထူးခြားတဲ့စွမ်းအားရှင်"
“ဘာကြီးလဲ…” ဖန်းမင်ရွှယ်က ဤသည်ကို မသိလှသဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးမှုကိုသာ ပြသနိုင်ခဲ့သည်။
ရွှယ်အန်းက ပခုံးတွန့်၍ ဘာသိဘာသာပြော၏။
"ဟိုတုန်းက ဒီလူက ငါ့ဆီမှာ အသတ်ခံခဲ့ရတာ။ ပြီးတော့ သူ့ သန့်စင်တဲ့ ဧကရာဇ်နည်းလမ်းကို ငါယူထားခဲ့တယ်။ အခု အဲ့တာကို တွယ်ညိနေတဲ့သူ့နတ်အာရုံကို စွဲဆောင်မိလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ ငါ့မှတ်ဉာဏ်တွေနဲ့ ပြန်ပြီး မွေးဖွားလာတာ။ အခု ငါနင့်ကို ပေးလိုက်ပြီလေ”
ဖန်းမင်ရွှယ်က ခေါင်းညိတ်ကာ တုန့်ပြန်ပြီးနောက် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။
"ဒါပေမယ့် ငါက ဘာလို့ ပိုသန်မာလာတယ်လို့ မခံစားရတာလဲ"
ရွှယ်အန်းက ရယ်မောလျက် ဖန်းမင်ရွှယ်၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။
“အရူးမလေး ဒါက မန္တန်တစ်ခု သက်သက်ပဲ။ အရာအားလုံးက နင့်ရဲ့ ကျင့်ကြံမှုအပေါ်မှာ မူတည်နေသေးတယ်။ ဒါက အခြားသူတွေထက်ပိုမြင့်တဲ့ နင့်ရဲ့စမှတ်ပဲ”
ဖန်းမင်ရွှယ်အံ့သြသွားပြီး ရွှယ်အန်းပြောသမျှကို ရိုးရှင်းစွာယုံကြည်သောကြောင့် သူမ ခေါင်းညိတ်သဘောတူလိုက်သည်။ သို့သော် ရွှယ်အန်းပြောသည့် အစမှတ်က မည်မျှ မြင့်မားသည်ကို သူမမသိခဲ့ပေ။ အကယ်၍ စကြဝဌာများစွာ၏ သမိုင်းကြောင်းကို ကောင်းစွာသိနားလည်သူတစ်ယောက်သာ ရှိခဲ့ပါက၊ အမှောင်ဧကရာဇ်၏ အမည်ကို ကြားလိုက်ရသောအခါတွင် အလွန်တုန်လှုပ်သွားမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် တစ်ချိန်က ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ဦးဖြစ်ခဲ့သည်။
ဤသူ၏ နောက်တွင်ကျန်ရစ်ခဲ့သော မန္တန်သည် အနည်းငယ်ပြန့်ပွားသွားလျှင်ပင် ကြယ်ရောင်ကောင်းကင်တခွင်၌ စစ်ပွဲကြီးတစ်ခုဖြစ်ပွားစေမည့် ရတနာတစ်ခုဖြစ်နိုင်သည်။
ဤအခြေခံအုတ်မြစ်ဖြင့် ဖန်းမင်ရွှယ်၏အနာဂတ် ကျင့်ကြံရေးအဆင့်သည် အနည်းဆုံး အင်မော်တယ်ဘုရင်တစ်ယောက်နှင့် ညီမျှနိုင်သည်ဟု ဆို၍ရသည်။
ဖန်းမင်ရွှယ်ကမူ ဤမျှ အဖိုးတန်သောလက်ဆောင်ကို သူမရရှိခဲ့သည်ကို မသိခဲ့ပေ။
အခန်း(၄၂၃) ကမ္ဘာ့အမြင့်မြတ်ဆုံး
ရွှယ်အန်းထွက်သွားသည်။
ဖန်းမင်ရွှယ်သည် ရွှယ်အန်း၏ ထွက်ခွာသွားသော နောက်ကျောကို တိတ်တဆိတ် ကြည့်ရှု့ လျက် သူမ၏ မူလအနေအထားတွင် ရပ်နေခဲ့သည်။
ခဏအကြာ၌ အန်နာစတေးရှားက သူမနောက်တွင်ပေါ်လာ၏။
"မင်ရွှယ်"
"ဟမ်"
ဖန်းမင်ရွှယ်တုန်လှုပ်သွားကာ အသိပြန်ဝင်လာသဖြင့် အန်နာစတေးရှားကို တစ်ချက်ကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ အန်နာစတေးရှားက တုံ့ဆိုင်းသွား၏။ သူမ ဤနေရာသို့ လာရခြင်း အကြောင်းရင်းမှာ ယခုတင်ဖြစ်သွားသည့် ပြင်းထန်သော အမှောင်ရာင်ဝါနှင့် ပတ်သက်၍ သိချင်သောကြောင့် ဖြစ်သည်။
ရွှယ်အန်း၏ လက်ချက်ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းခဲ့သည်။ ဤသည်က သူမကို ပို၍ ထိတ်လန့်တုန်လှုပ်သွားစေ၏။
‘လူကြီးမင်းရွှယ်က အလင်းကျင့်ကြံသူမဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလောက် အမှောင်ရောင်ဝါ ရှိနိုင်မှာလဲ’
သူမ အပေါ်ထပ်သို့ ရောက်သွားသည်နှင့် တားမြစ်ကျိန်စာကို လွန်လွန်ကဲကဲအသုံးပြုခဲ့ခြင်းမှ ရရှိခဲ့သည့် ဒဏ်ရာများက ကုသပြီးဖြစ်နေရုံမှအပ အခြား မည်သည့် ထူးခြားမှုတစ်စုံတစ်ရာမှ မရှိသည်ကို သူမ တွေ့လိုက်ရသည်။
ဖန်းမင်ရွှယ်နှင့် သူမ မျက်လုံးချင်း စုံလိုက်မိသောအခါတွင်မှသာ နှလုံးသားထဲ၌ ထူးခြားသော ခံစားချက်တစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
အရှေ့မှ ဖန်းမင်ရွှယ်ကို ရုတ်တရက် တလေးတစား ဦးညွတ်ချင်လာသကဲ့သို့ပင်ဖြစ်သည်။
“လူကြီးမင်းရွှယ်က ထွက်သွားနှင့်ပြီပဲ” အန်နာစတေးရှားက ခေါင်းကို လေးနက်စွာညွတ်လျက် ခပ်တိုးတိုးပြောလိုက်သည်။
“ဟုတ်တယ် ကျွန်မတို့လည်း ပြန်သွားကြရအောင်” ဖန်းမင်ရွှယ်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“ကောင်းပြီ”
ဖန်းမင်ရွှယ်က အောက်သို့ ဆင်းသွားသောအခါ အန်နာစတေးရှားက အခိုက်အတန့်တစ်ခုကြာလောက် ကြောင်အနေလျက် ကျန်ရစ်ခဲ့သည်။
ရွှယ်အန်းက အခန်းထဲသို့ ပြန်ဝင်သွား၏။ သားအမိသုံးယောက်သားက ပေါ့ပါးစွာဖြင့် အိပ်လျက် ဟောက်နေကြသည်။ ရွှယ်အန်းက ကုတင်အစွန်းတွင် အိပ်ပျော်နေသည့် အန်းယန်၏ မျက်နှာကို တိတ်တဆိတ် ကြည့်နေလိုက်သည်။
သို့သော် မကြာမီတွင် အန်းယန်၏နှုတ်ခမ်းများက အပြုံးကို မထိန်းနိုင်ဘဲ တင်းကြပ်စွာမှိတ်ထားသော မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကွေးသွားသည်။ ရွှယ်အန်းသည် တစ်ချိန်တည်းတွင် ရယ်ရခက်ငိုရခက်ဖြစ်လျက် နှာခေါင်းကို ညှစ်လိုက်သည်။
"အိပ်ချင်ယောင်ဆောင်နေတာလား"
အန်းယန်က ခပ်တိုးတိုးညည်းသံလေးပြုလျက် မျက်လုံးကိုဖွင့်လိုက်သည်။
"အိုးးး ရှင်က အရမ်းညှစ်တာ ကျွန်မ နှာခေါင်း ကျိုးတော့မယ်"
ရွှယ်အန်းက စိုးရိမ်စိတ်ဖြင့် အမြန်လွှတ်လိုက်လိုက်သည်။
"တကယ်လား"
"နောက်တာပါ ငတုံးကြီး"
အန်းယန်က တခစ်ခစ်ရယ်လျက် ပြော၍ ရွှယ်အန်း၏ နှာခေါင်းကို ရုတ်တရက် ကိုက်လိုက်သည်။
"အစ်မလို့ ခေါ်"
"ဘာလို့ခေါ်ရမှာလဲ"
"ကျွန်မက ရှင့်ထက်အသက်ကြီးနေလို့"
“နောက်မနေနဲ့တော့ မင်းက ကို့ထက် ဘယ်လို အသက်ကြီးနိုင်မှာလဲ"
"ကျွန်မက အသက်ပိုကြီးတာ။ ရှင် အစ်မလို့ခေါ်မလား ပိုပြီးအားထည့်လိုက်ရမလား”
အန်းယန်သည် ကျိုးကြောင်းဆီလျော်မှုမရှိသော သဘောထားကို ကိုင်ဆွံလျက် သူမ၏ နူးညံ့သောမျက်လုံးများက စွဲမက်ဖွယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရွှယ်အန်းရုတ်တရက် မျက်လုံးပြူးသွားသည်။
"ဟင့်အင်း ရှန်းရှန်းနိုးလာပြီ"
"ဟမ်"
အန်းယန်က လက်ကို အမြန်ပြန်ရုတ်လိုက်သည်။
သမီးများရှေ့တွင် ဤကဲ့သို့ ချစ်စဖွယ်ကောင်းသော တစ်ဖက်ကို ပြရန် သူမ အလွန်ရှက်မိသည်။ အများအားဖြင့် ကလေးရှေ့တွင် ရင့်ကျက်သော မိခင်တစ်ယောက်ကဲ့သို့ ပြုမူချင်ကြသည်။
ကလေးများ အနားတွင် မရှိသည့်အချိန်မှသာ သူမသည် မိန်းကလေးဆန်သော နှလုံးသားကို ရွှယ်အန်းအား ပြသနိုင်မည်ဖြစ်သည်။
သို့သော် သူမ ပြန်လှည့်ကြည့်လိုက်တော့ ဝက်ကလေးများကဲ့သို့ အိပ်ပျော်နေသော ကောင်မလေးနှစ်ယောက်ကို မြင်လိုက်ရသောအခါ လုံးဝမနိုးသေးဘဲ လှည့်စားခံလိုက်ရကြောင်း သိလိုက်ရသဖြင့် သတင်းအမှားများဖန်တီးသည့်အတွက် ရွှယ်အန်းကို “ဆူပူကြိမ်းမောင်း” ရန် လှည့်ကြည့်လိုက်သည်။
ခဏအကြာတွင် အန်းယန်က ရွှယ်အန်း၏ လက်နှစ်ဖက်ကြားသို့ တိုးဝင်၍ လေးနက်စွာပြောလိုက်သည်။
“ယောက်ျား မင်ရွှယ့်ဒဏ်ရာက ဘယ်လိုလဲ"
"သူ လုံးဝပြန်ကောင်းသွားပြီ"
"ဟမ်..တကယ်တော့ သူက တော်တော်သနားစရာကောင်းတာပဲ..."
ခဏအကြာ ရွှယ်အန်းသည် အန်းယန်၏ စကားတစ်ဝက်မျှကိုသာ နားထောင်လိုက်ရသဖြင့် ငုံ့ကြည့်လိုက်မိသည်။ ထိုအချိန်မှပင် အန်းယန်သည် သူ့ရင်ခွင်ထဲတွင် တိုးဝှေ့ အိပ်ပျော်သွားသည်ကို သူသတိထားမိလိုက်သည်။
ရွှယ်အန်းက သက်ပြင်းချလိုက်ကာ အန်းယန်၏ပါးကို ညင်သာစွာ ပွတ်သပ်လိုက်၏။
"အရူးမလေး ယန်အာ၊ အရင်ကမင်းကရော သနားဖို့မကောင်းဘူးလား”
ရွှယ်မိသားစုက အမှောင်ကောင်စီတွင် အခြေချနေစဉ် အလင်းဘုရားကျောင်းက လုံးဝပျက်ဆီးသွားသည်။ သူတော်စင်အမွေခံနှင့် သွေးဘိုးဘေးတို့ သေခဲ့ကြရကာ အလင်းဘုရားသခင်၏ ပုံရိပ်ကိုယ်ပွါးကိုပင် ရွှယ်အန်းက ကိုင်တွယ်ပစ်လိုက်သည့် သတင်းက တုံလှုပ်ခြောက်ခြားဖွယ်ကောင်းစွာ ပျံ့နှံ့သွားသည်။
ရွှယ်အန်းအောင်နိုင်ခဲ့သော အရာများသည် ဒဏ္ဍာရီဆန်၍ အလွန်အစွမ်းထက်သော နတ်ဘုရားများဖြစ်ကာ ငြင်းမရသော လွှမ်းမိုးမှုဖြင့် အနိုင်ယူနိုင်ခဲ့သောကြောင့်ဖြစ်သည်။ အလင်းဘုရားကျောင်း၏ လုံးလုံးပျက်စီးမှုသည် သတင်းကြားသူတိုင်း၏ ကျောရိုးကို တုန်လှုပ်သွားစေခဲ့သည်။
တစ်ချိန်က ထင်ရှားကျော်ကြားသော သန့်ရှင်းသော အလင်းနိုင်ငံသည် ယခုအခါ မြေကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရွှယ်အန်းကို နှိမ့်ချ ကဲ့ရဲ့ လှောင်ပြောင်ခဲ့ကြသူ အများအပြားသည် ယခုအခါ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
တစ်စုံတစ်ယောက်က ရွှယ်အန်းကို နာမည်ပြောင်ပေးလိုက်၏။
‘ဒီခေတ်ရဲ့ လေးစားထိုက်သူ’
ဆိုလိုသည်မှာ သူသည် လက်ရှိခေတ်ကို စိုးမိုးထားသည့် နံပါတ်တစ်လူဟု ပြော၍ရသည်။ နာမည်ပြောင်သည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ကာ မည်သူမျှ ကန့်ကွက်ခြင်းမရှိပေ။
သို့သော် အပြင်လောကက တုန်လှုပ်ချောက်ချားနေစဉ် ရွှယ်အန်းက လူမြင်ကွင်းတွင် လုံးဝပေါ်မလာဘဲ ပျောက်ကွယ်သွားပုံရသည်။
တစ်လကြာသည်။
မက်စီကိုနိုင်ငံ၏အကျော်ကြားဆုံးခရီးသွားမြို့ Cancun။
ကာရေဘီယံပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိ၍ ၎င်းသည် ကမ္ဘာပေါ်ရှိ ကမ်းခြေဆယ်ခုအနက်မှ တစ်ခုအဖြစ် ကျော်ကြားသော ကမ္ဘာကျော်ကမ်းခြေအလှကို ပိုင်ဆိုင်ထားသည်။
ဤအချိန်တွင် သဲသောင်ပြင်က ကျောက်စိမ်းကဲ့သို့ဖြူဖွေးနေသည်။
ရွှယ်အန်းနှင့် အန်းယန်တို့သည် ကမ်းခြေကုလားထိုင်များပေါ်တွင် လှဲလျောင်းလျက် နေရောင်အောက်တွင် မွေ့လျော်နေကြသည်။
ရှန်းရှန်းနှင့် နျန်နျန်တို့က အစ္စဘယ်လာနှင့် ယူနာတို့နှင့်အတူ သဲရဲတိုက်တစ်ခုကို စိတ်အားထက်သန်စွာ တည်ဆောက်ခဲ့ကြသည်။ ၎င်းတို့အဖွဲ့၏ ထူးထူးခြားခြား ဆွဲဆောင်မှု မြင့်မားမှုသည် ခရီးသွားများထံမှ သိချင်စိတ်ပြင်းပျသော အကြည့်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ရွှယ်အန်းနှင့် အန်းယန်တို့သည် ၎င်းတို့၏ ဟန်းနီးမွန်းခရီးမဆက်မီ အမှောင်ရှေးဟောင်းရဲတိုက်တွင် သုံးရက်သာ တည်းခိုခဲ့ကြသည်။ တစ်လခွဲကျော်ကြာ ဥရောပတစ်ခွင်လုံးကို လှည့်လည်ကြည့်ရှုပြီးနောက် မက်ဆီကိုနိုင်ငံသို့ ဝင်ရောက်လာကြသည်။
သဲရဲတိုက်ပြီးသွားသည့်အခါ မိန်းကလေးနှစ်ယောက်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးကြသည်။
"ဖေဖေ၊ ဖေဖေ၊ ကြည့်ပါဦး ရဲတိုက်က မလှဘူးလား"
ရွှယ်အန်းက မော့ကြည့်ပြီးနောက် ပြုံးကာ ခေါင်းညိတ်သည်။
"တကယ်လှတယ် သမီးတို့နှစ်ယောက် ဆောက်ခဲ့တာလား"
"အွန်း အွန်း" ရွှယ်ရှန်းနှင့် ရွှယ်နျန်က ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်ကြကာ ယူနာနှင့် အစ္စဘယ်လာတို့ကို လှည့်ကြည့်လိုက်သည်။ သို့သော် အမှောင်ညနတ်သူငယ်များဆောက်ထားသည့် သဲပန်းပုရုပ်တုကို တွေ့လိုက်ရသောအခါ အတန်ငယ်အံ့ဩသွားရသည်။
နတ်သူငယ်မျိုးနွယ်စု၏ သဘာဝနှင့် ဆက်စပ်မှုမှာ တုနှိုင်းမဲ့ဖြစ်ကာ ၎င်းတို့၏ အနုပညာစွမ်းရည်က အလွန်ခိုင်မာသည်။ ၎င်းသည် သေးငယ်သော သဲပန်းပုရုပ်မျှသာ ဖြစ်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးသည် အံ့မခန်း လှပ၍ သန့်စင်အောင် ပြုလုပ်ထားကာ ခရီးသွားအများအပြားကို အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ရန် ဆွဲဆောင်ခဲ့သည်။
ယင်းနှင့် ယှဉ်ပါက ကလေးမလေးနှစ်ယောက် ဇွဲနပဲနှင့် ဆောက်ထားသည့် ရဲတိုက်က ရိုးရှင်းစွာဖြင့်ကြည့်မကောင်းလှပေ။ ယင်းကြောင့် ယှဉ်ပြိုင်သူ ရှန်းရှန်းက နှုတ်ခမ်းစူစပြုလာခဲ့သည်။
ရွှယ်အန်းက ဤသည်ကိုမြင်သောအခါ မရယ်ဘဲနနေနိုင်တော့ပေ။ ထိုအချိန်တွင် မုတ်ဆိတ်မွေးနှင့် အနုပညာအငွေ့အသက်များ ဖြာထွက်နေသော အမျိုးသားတစ်ဦးက ထိတ်လန့်စွာ ချဉ်းကပ်လာကာ ယူနာကို ပြောလိုက်သည်။
“မိန်းမလှ မင်း ဒီရုပ်တုကို ဆောက်ခဲ့တာလား”
သူစိမ်းတစ်ယောက်ကိုတွေ့သောအခါ အစ္စဘယ်လာက သူ့အစ်မနောက်၌ အမြန်ပုန်းနေလိုက်သည်။ ယူနာက အနည်းငယ်ရှက်သွားသော်လည်း ညင်သာစွာ ခေါင်းညိတ်ပြသည်။
"အရှင်ဘုရား၊ ဒီလိုသိမ်သိမ်မွေ့မွေ့နဲ့ အနုပညာမြောက်တဲ့ ပန်းပုရုပ်မျိုး တစ်ခါမှ မတွေ့ဖူးဘူး။ မင်းကို သိခွင့်ရမလား၊ ကို့နာမည်က ဒေးဗစ်ပါ။ ကိုကအမေရိကက ပန်းချီဆရာပါ။" အမျိုးသားက စိတ်လှုပ်ရှားစွာဖြင့် လုပ်ငန်းရှင်ကတ်ကို ဆွဲထုတ်ပေးရန်ကြိုးစားလျက် ပြောလိုက်သည်။
သို့သော် ယူနာက ထိတ်လန့်သွားကာ လက်ကိုခါပြလျက် အစ္စဘယ်လာကို ဆွဲခေါ်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်။
ဒေးဗစ်က တခဏမျှ ထိတ်လန့်သွားသော်လည်း ၎င်းတို့နောက်သို့လိုက်လာဆဲဖြစ်၏။