အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
အခန်း(၄၂၄) ကမ်းခြေ နေရောင်ခြည်
ယူနာက အစ္စဘယ်လာကို ဆွဲခေါ်ထုတ်ကာ ရွှယ်အန်း၏ နောက်၌ ပုန်းလိုက်သည်။ ၎င်းတို့အတွက် ရွှယ်အန်း၏ ဘေးထက်ပို၍ လုံခြုံသော နေရာဟူ၍ မရှိနိုင်တော့ပေ။
ထို့အတွက်ကြောင့် သဘာဝအတိုင်း ရှက်တတ်သော မိန်းကလေးများသည် ရွှယ်အန်းနှင့် သူ့မိသားစုနှင့်အတူ မိသားစုခရီးကို လာရဲကြခြင်းဖြစ်သည်။
"ဘာဖြစ်တာလဲ" အန်းယန်က စိုးရိမ်တကြီး မေးသည်။
ယူနာက ၎င်းတို့အနောက်သို့ ကပ်လိုက်နေသော ဒေးဗစ်ကို လက်ညှိုးထိုးပြလိုက်၏။ ဤသည်ကိုမြင်သောအခါ ရွှယ်အန်း၏ မျက်ခုံးများက အနည်းငယ်လှုပ်ယမ်းသွားသည်။ နတ်သူငယ်နှစ်ပါး၏ နူးညံ့သိမ်မွေ့သော အလှသည် လူအချို့၏ မကောင်းသော ရည်ရွယ်ချက်များကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ ထိုအချိန်၌ ဒေးဗစ်က သူတို့ဆီသို့ လျှောက်လာခဲ့ရာ ရွှယ်အန်းနှင့် အန်းယန်တို့ကို မြင်လိုက်ရသည်နှင့် ၎င်းတို့၏ ထင်ရှားသော အသွင်အပြင်ကြောင့် အံ့အားသင့်သွားခဲ့သည်။
"မင်းလိုအပ်တာတစ်ခုရှိလား" ရွှယ်အန်းက အေးဆေးစွာ မေးသည်။
ဒေးဗစ်က အနည်းငယ်တုန်လှုပ်သွားပြီးနောက် သတိပြန်ဝင်လာသည်။
“ဆရာ ကျွန်တော်က အန္တရာယ်ပြုချင်စိတ်မရှိပါဘူး။ ဒိ သဲပန်းပုကို မြင်လိုက်ရပြီးတော့ အရမ်း အံ့သြသွားရလို့ ဒီ အမျိုးသမီးက အနုပညာစွမ်းရည် ရှိတယ်လို့ ခံစားမိတဲ့အတွက်ကြောင့် ရင်းနှီးချင်လို့ပါ”
ရွှယ်အန်းက ယူနာကို တစ်ချက်ကြည့်လိုက်သည်။ ယူနာက ခေါင်းယမ်းလိုက်၏။
“တွေ့လား ကျုပ်ညီမလေးက စိတ်မဝင်စားဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ” ရွှယ်အန်းက အေးဆေးစွာပြော၏။
“ဒါပေမယ့်…” ဒေးဗစ်က အနည်းငယ် ကြောင်အနေပြီးနောက် တုံ့ဆိုင်းနေသည်။
“ကျုပ်ပြောတာ နားမလည်ဘူးလား။ ဒါမှမဟုတ် မင်း မထွက်သွားချင်လို့ တမင်တကာ ငြင်းနေတာလား”
အေးစက်မှုအရိပ်အယောင်သာ ဖြစ်သော်လည်း ဒေးဗစ်ကဲ့သို့ လူတစ်ယောက်အတွက် သည်းမခံနိုင်ချင်စဖွယ်ကေကောင်းလှသည်။ သူ့ကို လွှမ်းခြုံထားသည့် အလွန်စွမ်းအားကြီးသော ရောင်ဝါကို ခံစားလိုက်ရသည်။
နေသာသော ကမ်းခြေတွင်ရှိနေသော်လည်း အရိုးအေးစေသည့် အအေးဓာတ်ကို ခံစားမိဆဲပင်ဖြစ်သည်။
ဒေးဗစ်က ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီးနောက်မှ ဆက်ပြော၏။
“ကောင်းပါပြီ ဆရာ။ ကျွန်တော် အခုထွက်သွားပါ့မယ်”
ဤသို့ဖြင့် သူက အမြန်အဆန် ပြေးထွက်သွားသည်။ သို့သော် ခပ်ဝေးဝေးသို့ မသွားဘဲ အနီးနားရှိ အရက်ဆိုင်တွင် ရပ်ကာ နောက်သို့ တိတ်တဆိတ်လှည့်ကြည့်လိုက်သည်။
သူ လိမ်ညာခဲ့ခြင်းမဟုတ်ပေ။
သူသည် အမှန်စင်စစ် အမေရိကနိုင်ငံမှ အနုပညာရှင်တစ်ဦးဖြစ်ကာ အတန်ငယ် နာမည်ကြီးသည်။ အားလပ်ရက်အတွက် မက်ဆီကိုနိုင်ငံသို့ အလယ်လာခဲ့ခြင်းဖြစ်သည်။ ဤကမ်းခြေတွင် ဤမျှ လှပသော လက်ရာတစ်ခုကို ရှာတွေ့ရန် မမျှော်လင့်ထားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤမိန်းကလေးကို အနုပညာလောကထဲသို့ ခေါ်သွင်းရန် နည်းလမ်းရှာရန် စိတ်ပိုင်းဖြတ်ထားသည်။
အနုပညာရှင်တစ်ဦးကို အများအသိပြုမခံရဘဲ မနေစေချင်ခဲ့ပေ။ ဒေးဗစ်က သူ၏ စိတ်နှလုံးထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချထားခဲ့သည်။ ရွှယ်အန်းက အဝေးမှ ချောင်းကြည့်နေသည့် ဒေးဗစ်ကို သေချာပေါက် သတိထားမိသည်။ သို့သော် ဒေးဗစ်က ယူနာ၏ အလှကို မက်မောသည့် လူဆိုးတစ်ယောက်မဟုတ်ကြောင်း သူပြောနိုင်၏။ ထို့ကြောင့် သူက ပြုံးရုံသာ ပြုံး၍ ဤကိစ္စကို ဂရုမစိုက်တော့ပေ။ ထိုအချိန်တွင် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ကာ ခြေဗလာနှင့် သေတ္တာကြီးတစ်လုံးကို ကိုင်ဆောင်လာသော ကလေးငယ်တစ်ဦး ချဉ်းကပ်လာသည်။
"သခင်မလေး၊ ထောပတ်သီးစားချင်လား"
"ထောပတ်သီး" အန်းယန်က မေးသည်။
"ဟုတ်ပါတယ်။ သစ်ပင်ကနေ အရည်အသွေးကောင်းတဲ့ ထောပတ်သီးတွေကို လတ်လတ်ဆတ်ဆတ် ရွေးထားတာပါ။"
အန်းယန်၏ မေးမြန်းမှုကို ကြည့်လျက် ကလေးငယ်က သေတ္တာကို မြေကြီးပေါ်တွင် အမြန်တင်၍ အဖုံးဖွင့်ကာ အသီးအနှံများကို ထုတ်ယူလိုက်သည်။
"သခင်မလေး၊ ဒါတွေအကုန်လုံးက ကိုယ့်ဘာသာ ကြီးလာတာ။" ကလေးက စိတ်အားထက်သန်စွာ ရောင်းသည်။
ထိုအချိန်၌ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့လည်း ရောက်လာကြသည်။
“ဒါက ဘာလဲ” ရွှယ်နျန်က ရိုးရှင်းစွာမေး၏။
ကောင်လေးက မိမိနှင့်သက်တူရွယ်တူ ကလေးမလေးနှစ်ယောက်ကို မြင်သောအခါ မျက်နှာက နီမြန်းလာသည်။
“ထောပတ်သီးတွေ”
“အိုး ငါတို့ စားလို့ရလား” ရွှယ်နျန်၏ မျက်လုံးများက စူးစမ်းလိုစိတ်များဖြင့် တောက်ပနေသည်။
“အင်း စားလို့ရတယ်။ အရသာအရမ်းရှိတယ်” ကောင်လေး၏ မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းနေသည်။
“ဖေဖေ” ရွှယ်နျန်က သွားရည်ယိုလျက် အော်လိုက်သည်။
“ဒါတွေအားလုံးကို ဝယ်ကြရအောင်။ အန်တီ အကုန်ယူမယ်” အန်းယန်က ရယ်မောလျက်ပြောသည်။
ကောင်လေးက အနည်းငယ် အံ့အားသင့်သွား၏။
“မမလေး ဒီ ထောပတ်သီးက ဆယ့်နှစ်ဒေါ်လာပါ”
ပိုက်ဆံကိုင်ထားသော အန်းယန်က ငွေစက္ကူတစ်စောင်ကို ဆွဲထုတ်ကာ ကလေးကို ပေးလိုက်သည်။
“ပြန်အမ်းငွေကို ယူထားလိုက်ပါ” အန်းယန်က ပြုံး၍ ပြော၏။
ဤသည်ကား ဒေါ်လာတစ်ရာတန်ငွေစက္ကူပင်ဖြစ်သည်။
ကောင်လေးက တစ်ခဏမျှ အေးခဲစွာ မတ်တပ်ရပ်လျက် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လျက် လက်ခံလိုက်သည်။
“မမလေး ကျေးဇူးပြုပြီး သေတ္တာပါ ယူထားလိုက်ပါ”
အန်းယန်က ခေါင်းညိတ်လိုက်သည်။
ကောင်လေးက လေးလေးနက်နက် ဦးညွှတ်ကာ ထွက်ပြေးသွား၏။
ခပ်ဝေးဝေးသို့ ထွက်သွားပြီးနောက် ရွှယ်အန်းကပြောလိုက်သည်။
"ယန်အာ မင်း သူ့ကို ပေးလိုက်တဲ့ ပိုက်ဆံက သူ့ကို ဒုက္ခပေးလိမ့်မယ်"
"ဟမ် ဘာလို့လဲ"
အန်းယန်သည် သူ့သမီးနှင့် အသက်ရွယ်တူ ဖိနပ်ပင်မစီးရသေးသော ကလေးလေးအတွက် စိတ်မကောင်းဖြစ်မိသောကြောင့် အသီးအနှံအားလုံးကို ဝယ်လိုက်ခြင်းဖြစ်သည်။
"ကောင်လေးရဲ့ ခန္ဓာကိုယ်ကို အဝတ်တွေနဲ့ ဖုံးထားလို့ နေရာတိုင်းမှာ အမာရွတ်တွေ ရှိနေတာကို မင်းသတိမထားမိဘူးလား"
"အယ်" အန်းယန်က အနည်းငယ် ထိတ်လန့်သွားသည်။
“ဟင့်အင်း သတိမထားမိဘူး။ ချစ်တို့ ဘာလုပ်သင့်လဲ”
ရွှယ်အန်းက ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့ မကြာခင်မှာ တစ်ယောက်ယောက်က ကိုယ်တို့ကို လိုက်ရှာပါလိမ့်မယ်”
“ချစ်တို့ကို ရှာမှာလား”
“ဟုတ်”
ရွှယ်အန်း ခန့်မှန်းခဲ့သကဲ့သို့ပင် ဆယ့်ငါးမိနစ်အကြာတွင် သေနတ်ကိုင်ဆောင်ထားသော လူတစ်စုက ကမ်းခြေ၏ တစ်ဖက်တစ်ချက်၌ ပေါ်လာသည်။ ဤအဖွဲ့ကို မြင်သောအခါ ကမ်းခြေက လူများအားလုံးက လန့်ဖျပ်သွားကြသည်။ စျေးဆိုင်ထောင်ထားသော ဒေသခံစျေးသည်များက ပို၍ပင် ကြောက်လန့်ကာ အသက်လု၍ ပြေးကြသည်။ လျို့ဝှက်စွာကြည့်နေသည့် ဒေးဗစ်က ဤမြင်ကွင်းကို မြင်သောအခါ အလွန် အံ့အားသင့်သွားခဲ့ရ၏။ သူသည် ဒေသခံလူမဟုတ်သော်လည်း အိမ်နီးနားချင်းနိုင်ငံမှ လူတစ်ဦးအနေဖြင့် ဤကဲ့သို့ လူမှုရေးအခြေအနေများနှင့် အလွန် အကျွမ်တဝင်ရှိသည်။
ရက်စက်ကြမ်းကြုတ်သော ယောက်ျားများသည် မဟူရာဂိုဏ်းမှဖြစ်သည်မှာ သေချာသည်။ မက်ဆီကိုနိုင်ငံသည် သဲကန္တာရ၊ အပူပိုင်း အပင်များနှင့် မဟူရာဂိုဏ်းဟူသော အရာသုံးမျိုးကြောင့် အကြော်ကြားဆုံးဖြစ်သည်။ ဤဂိုဏ်းများအားလုံးသည် မယုံနိုင်ဖွယ်ကောင်းလောက်အောင် လောဘကြီးကြ၍ ၎င်းတို့၏ နည်းလမ်းများက အလွန် ရက်စက်ကြမ်းကြုတ်သည်။ ဒေးဗစ်က ချွေးစေးများ ထွက်နေသည်။
သူ၏ အမြင်တွင် ရွှယ်အန်း၏ အဖွဲ့သည် မက်ဆီကိုနိုင်ငံ၌ သိုးသငယ်များကဲ့သို့ သတ်ဖြတ်ခြင်းခံရနိုင်သည်။ သို့သော် အရေးအကြီးဆုံးမှာ ရွှယ်အန်း၏ အဖွဲ့ထဲမှ မိန်းကလေးများက ထူးခြားစွာ လှပနေခြင်းပင်ဖြစ်သည်။ အကယ်၍ ၎င်းတို့သာ ဒေသဆိုင်ရာဂိုဏ်းများ၏ လက်ထဲသို့ ကျရောက်ခဲ့မည်ဆိုပါက ရလဒ်ကို တွေးကြည့်ရန် အလွန်ကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။
ဤသည်ကို တွေး၍ ဒေးဗစ်က သတ္တိကို စုစည်းကာ ရွှယ်အန်း၏ အဖွဲ့ဆီသို့ ပြေးသွားခဲ့သည်။
“ဆရာ ဒီနေရာက အမြန်ထွက်သွားပါ” ဒေးဗစ်က အလျင်အမြန် ခေါ်လိုက်သည်။
“ထွက်သွားရမယ်ဟုတ်လား ဘာလို့ ထွက်သွားရမှာလဲ” အန်းယန်က အံ့သြစွာမေးလိုက်သည်။
“ဒေသခံ မဟူရာဂိုဏ်းလာနေပြီ။ မင်းတို့အားလုံး အန္တရာယ်များနေပါပြီ” ဒေးဗစ်က အလျင်အမြန်ပြောသည်။
ဤစကားကိုကြားသောအခါ မိန်းကလေးများက ကြောက်လန့်သွားကြလိမ့်မည်ဟူ သူထင်ခဲ့သည်။ သို့သော် အန်းယန်နှင့် အခြားသူများက ဤစကားကိုကြားသော်လည်း ရယ်ရုံမျှသာ ရယ်မောလိုက်ကြသည်။ ရှက်တတ်သော ကောင်မလေးပင်လျှင် ကြောက်ရွံ့ပုံမပေါ်ဘဲ ငြိမ်သက်နေ၏။ ဒေးဗစ်က စိုးရိမ်ထိတ်လန့်နေချိန်တွင် အမိုက်စားလူများက မြင်ကွင်းတွင်ပေါ်လာကာ ရွှယ်အန်းဆီသို့ တည့်တည့်လာနေကြ၏။
ဒေးဗစ်က ယခု လွတ်မြောက်ခြင်းမရှိဟုတွေးကာ သက်ပြင်းချ၍ ငြိမ်မနေနိုင်တော့ဘဲ အံကြိတ်ကာ ၎င်းတို့နှင့်တွေ့ဆုံရန် ခြေလှမ်းပြင်လိုက်သည်။
“အစ်ကိုတို့ ဒီလူတွေက ကျွန်တော့် သူငယ်ချင်းတွေပါ။ ထွက်သွားပေးလို့ရမလား” ဒေးဗစ်က အိတ်ကပ်ထဲမှ ငွေစက္ကူအချို့ကို ထုတ်ကာ မက်ဆီကို ဘာသာစကားဖြင့် ပြောလိုက်သည်။
တြိဂံပုံမျက်လုံးများနှင့် ပြင်းထန်သော အမူအရာဖြင့် အမျိုးသားတစ်ဦးက ဤသည်ကို မြင်ပြီးနောက် ဒေးဗဏ်ကို စိုက်ကြည့်လိုက်သည်။
“အမေရိကန်လား”
“ဟုတ်ပါတယ် အစ်ကိုတို့။ အစ်ကိုတို့နိုင်ငံရဲ့ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ချို့ကို ကျွန်တော် သိပါတယ်။ ကျေးဇူးပြုပြီး မျက်နှာလေးပေးပါဦး။ ကောင်းပြီလား” ဒေးဗစ်က ပြောသည်။
“မင်းက အမေရိကကဆိုတော့ ငါမင်းကို မျက်နှာလေးပေးမယ္။ အခုချက်ချင်း ထွက်သွားစမ်း။ ငါတို့ မင်းကို နှောက်ယှက်မှာမဟုတ်ဘူး” တြိဂံမျက်လုံးများနှင့် အေးစက်စွာပြောပြီးနောက် ဒေးဗစ်ဘေးမှ ဖြတ်လျှောက်သွားကာ ရွှယ်အန်းနှင့် အတူ ကမ်းခြေကုလားထိုင်ပေါ်တွင် လဲလျောင်းနေသည့် အခြားသူများကို စိုက်ကြည့်နေကြသည်။
အခန်း(၄၂၅) ၄၂၅
“အမေရိကနိုင်ငံသားတွေလား” တြိဂံမျက်လုံးများရှိသူက ယူနာနှင့် အခြားသူများကို ငေးကြည့်၍ လှောင်ပြောင်ပြုံးလိုက်၍ မျက်လုံးထဲမှ လောဘကြီးသော အကြည့်များပေါ်လာသည်။
ရွှယ်အန်းက ကမ်းခြေကုလားထိုင်ပေါ်တွင်မှီထိုင်၍ သန့်စင်သော လက်ညည်းညှပ်ဖြင့် လက်သည်းများကို တိကာ ထိုသူများကို လုံးလုံးလျားလျား လျစ်လျူရှု့ထားသည်။ သို့သော် တြိဂံပုံမျက်လုံးရှိသည့်လူက ရွှယ်အန်းက သူရဲဘောကြောင်နေသည်ဟုထင်သောကြောင့် မျက်နှာပေါ်မှ မာနကြီးမှုက ပို၍ ကြီးမားလာကာ ကြမ်းပြင်ပေါ်မှ ထောပတ်သီးသေတ္တာများကို လက်ညှိုးထိုးပြလိုက်သည်။
“ဘယ်သူက ဒီပစ္စည်းတွေကို ရောင်းလိုက်တာလဲ”
အန်းယန်က အဖွဲ့၏ မောက်မာမှုကြောင့် အလွန်ဒေါသထွက်လာသဖြင့် အေးစက်စွာပြောလိုက်သည်။
“ကျွန်မတို့ ဘယ်သူ့ဆီက ပစ္စည်းဝယ်တယ်ဘာညာ ရှင့်ကိစ္စလား”
“ဒါပေါ့ ဒီကမ်းခြေက ငါ့ပိုင်နက်လေ” ဤသို့ပြောလျက် တြိဂံမျက်လုံးများနှင့်လူက ခေါင်းညိတ်လိုက်သည်။ တစ်စုံတစ်ယောက်က ကောင်လေးကို ရှေ့သို့ ဆွဲခေါ်လာသည်။ ထောပတ်သီးများ ရောင်းသွားခဲ့သည့် ကောင်လေးသည် ယခုအခါတွင် မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ဖုံးလွှမ်းနေကာ သတိလစ်သွားသဖြင့် ဤနေရာသို့ အတင်း ဆွဲခေါ်လာခြင်းခံနေရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အန်းယန်၏ မျက်နှာက အေးစက်လျက် သူမ၏ မျက်လုံးများက ပို၍ အေးစက်လာသည်။ သူမသည် အလွန်နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးဖြစ်သော်လည်း ထိုသို့သော မကောင်းမှုကို သည်းခံနိုင်စွမ်းရှိနေမည်ဟု မဆိုလိုပေ။
“ဟား ဒီကောင်က ငါ့မြေပေါ်မှာ ပစ္စည်းတွေရောင်းဖို့ ခိုးဝင်လာတဲ့အတွက် ဒါက သူထိုက်သင့်တဲ့ ပစ်ဒဏ်ပဲ။ မင်းအတွက်ကတော…”
ထိုသူက အမေရိကန်ဒေါ်လာ တစ်ရာတန်တစ်ရွက်ကို ဆွဲထုတ်၍ လောဘကြီးသော အကြည့်ဖြင့် ပြောလိုက်သည်။
“ဒီပုပ်နေတဲ့အသီးတွေဝယ်ဖို့ ပိုက်ဆံအများကြီးထုတ်ပေးနိုင်တဲ့အတွက် မင်းတို့လည်း သဘာဝကျကျ ပြစ်ဒဏ်ခံသင့်တယ်မလား”
ရွှယ်အန်းက ခေါင်းမမော့ကြည့်ဘဲ ဘာသိဘာသာ ပြောလိုက်သည်။
“ပြစ်ဒဏ်ဟုတ်လား။ ဘယ်လိုပြစ်ဒဏ်မျိုးလဲ”
တြိဂံပုံမျက်လုံးရှိသည့် အမျိုးသားက လောဘကြီးစွာဖြင့် လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။
“ဒေါ်လာတစ်သောင်းပေးရင် ငါမင်းတို့ကို လွှတ်ပေးမယ်။ ဒါပေါ့ မင်းတို့ အခု ဒီလောက်ငွေကို ချက်ချင်းမထုတ်နိုင်ဘူးဆိုတော့…”
တြိဂံပုံရှိသော အမျိုးသားက ယူနာကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီကလေးကို ငါ့ဆီ လွှဲပေး၊ မနက်ဖြန် မင်းဆီက အကြွေးရရင် မင်းဆီပြန်ပေးမယ်"
ထိုစကားများကိုကြားသောအခါ အန်းယန်နှင့် အခြားလူများ၏ အမူအရာများမှာ အေးခဲသွားသည်။ ဒေးဗစ်၏ အကြီးမားဆုံးသော အကြောက်တရားက ယခု ဖြစ်လာတော့မည်ဖြစ်သောကြောင့် အမူအရာက ခါးသက်သက်ဖြစ်သွားသည်။ ကြောက်ရွံ့နေသော်လည်း သူ လေးစားအားကျရသော အနုပညာစွမ်းရည်ကြောင့် ရှေ့သို့ လှမ်းရန် သတ္တိကို စုစည်းလိုက်၏။
“အစ်ကို ဒီကိစ္စကို ပြောဖို့လိုမယ်ထင်တယ်။ အမေရိကန်ဒေါ်လာတစ်သောင်းက အရမ်းများနေတယ်လေ။ ဒီ အမျိုးသမီးက အမေရိကမှာ အနုပညာလေ့လာဖို့ ပြင်ဆင်နေတာပါ။ အစ်ကို …”
“ထွက်သွား” ဒေးဗစ်က သူ့ကို ထပ်မံနှောက်ယှက်ရန် ပြန်လာသည်ကိုမြင်သောအခါ တြိဂံမျက်လုံးနှင့်လူက ဒေါသထွက်လျက် သေနတ်ဒင်ကို ဆွဲကိုင်ကာရိုက်ချရန်ပြင်လိုက်သည်။
ဒေးဗစ်က အမေရိကနိုင်ငံမှလာခဲ့သောကြောင့်သာမဟုတ်လျှင်
အပစ်ခံလိုက်ရပြီးသည်မှာကြာပြီဖြစ်သည်။
သို့သော် ဒေးဗစ်က တုံ့ပြန်ရန်အချိန်ပင်မရလိုက်ခင်၌ တြိဂံပုံမျက်လုံးများရှိသူ၏ လက်ဖဝါးကို ငွေရောင်အလင်းတန်းများ ထိုးဖောက်ဝင်ရောက်သွားသည်။
"အားးး"
တြိဂံပုံမျက်လုံးများရှိသူက ကျယ်လောင်စွာအော်လိုက်ပြီးနောက် ထိုးဖောက်ခံလိုက်ရသော သူ့လက်သူဆုပ်ကိုင်လိုက်ကာ မျက်နှာတစ်ခုလုံး ချွေးစေးများရွှဲလျက် နာကျင်နေသည်။
ရွှယ်အန်းက သူ့နောက်ကွယ်က ယူနာကိုပြောလိုက်သည်။
" ရှန်းရှန်း၊ နျန်နျန်နဲ့ အစ္စဘယ်လာတို့ကို အဝေးတစ်နေရာမှာ ကစားဖို့ ခေါ်သွားပါ”
ယူနာက တုန်လှုပ်သွားပြီးနောက် ရွှယ်အန်း၏ ဆိုလိုရင်းကို နားလည်ကာ ကောင်မလေးများကို တစ်ဖက်သို့ အမြန်ခေါ်သွားခဲ့သည်။
"ဒီလူကိုသတ်ပြီး မိန်းမတွေအကုန်သိမ်း"
ထိုအချိန်တွင်၊ တြိဂံပုံမျက်လုံးနှင့်လူက အမိန့်ပေးလိုက်၏
သူ့တပ်သားများက ၎င်းတို့၏ သေနတ်များကို မြှောက်၍ ပစ်လိုက်ကြသည်။ သေနတ်သံကြောင့် ဒေးဗစ်က မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် ခေါင်းကို တင်းတင်းဆုပ်ကာ စိတ်ထဲမှ ငိုကြွေးနေလေသည်။
ပြီးသွားပါပြီ
ဒီလူ သေချာပေါက် သေတော့မယ်။
ဘုရားသခင် ကောင်းချီးပေးပါစေ
ဒီကောင်မလေး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
သို့သော် ပစ်ခတ်မှု အနည်းငယ်သာကြာသွားပြီးနောက် ငြိမ်သက်သွားခဲ့သည်။
ဒေးဗစ်က အလွန်စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းထောင်ကြည့်ရန်ပြင်လိုက်၏။
‘လူရမ်းကားတွေက ကျည်ဆန်ကုန်သွားတဲ့အထိပစ်တတ်ကြတာမဟုတ်ဘူးလား’
‘ဒီတစ်ခါဘာကြောင့်ဒီလောက်မြန်နေတာလဲ’
သူက သတိထား၍ ခေါင်းကို မော့ကြည့်လိုက်သည်။
ထို့နောက် သဲကမ်းခြေကို မြင်လိုက်ရပြီးနောက် ရွှယ်အန်းနှင့် အန်းယန်သည် ကမ်းခြေထိုင်ခုံတွင် ဒဏ်ရာမရှိဘဲ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"ဘာ... ဘာဖြစ်နေတာလဲ"
မကြာသေးမီက ဤနေရာတွင် လူရမ်းကားများစွာက ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
‘ရုတ်တရက် သူတို့ ဘယ်လို ပျောက်ကွယ်သွားနိုင်လဲ’
ဒေးဗစ်၏ခေါင်းထဲ၌ မေးခွန်းအမှတ်အသားများဖြင့် ပြည့်နေသည်။ ရွှယ်အန်းက မတ်တပ်ထရပ်၍ မြေပြင်ပေါ်တွင် သတိလစ်နေဆဲ ကလေးလေးဆီသို့ လျှောက်သွားသည်။
ကောင်လေးကို စစ်ဆေးရန် ဦးစွာ ဒူးထောက်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့လက်ကို ဆန့်တန်းကာ ကောင်လေး၏နဖူးထဲသို့ ရိပ်မိရန် ခက်ခဲသော အလင်းတန်းတစ်ခု စိမ့်ဝင်လာသည်။
ခဏကြာသောအခါ ကောင်လေးက မျက်လုံးဖွင့်လိုက်၏။
ပထမဆုံးအနေဖြင့် သူ လုံးဝ အံ့ဩသွားပြီးနောက် သူ့ခန္ဓာကိုယ် တုန်လှုပ်သွားကာ ခေါင်းကို အမြန်အုပ်လိုက်သည်။
"မစ္စတာ ဟာရှီ၊ သားကို မရိုက်ပါနဲ့တော့၊ သားမှားမှန်း သားသိပါတယ် ဒါပေမယ့် ဖိနပ်တစ်ရံလောက်ဝယ်ချင်လို့ သား သစ်သီးရောင်းချင်တာပါ"
သူ့ငိုသံက ကြောက်ရွံ့မှုအပြည့်ရှိနေသည်။
ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး
ရယ်လိုက်၏။
"ကောင်းပြီ မင်းရဲ့ မစ္စတာ ဟာရှီ မင်းကို မထိတော့ဘူး"
မရင်းနှီးသောအသံကိုကြားသောအခါ ကလေးလေးက သူ့ခေါင်းမှ သူ့လက်များကို ဖြည်းညှင်းစွာဖယ်၍ ရွှယ်အန်းကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင် အန်းယန်သည်လည်း ကရုဏာသက်စွာဖြင့် ကလေးငယ်ကို လှမ်းကြည့်နေသည်။
ထို့နောက် ကောင်လေးက အမေရိကန် ဒေါ်လာတစ်ရာဖြင့် သစ်သီးဝယ်ဖူးသော ကြင်နာသော အမျိုးသမီးဖြစ်သည်ကို သတိရမိသည်။
သူရုတ်တရက် စိုးရိမ်စိတ်ဖြင့် ပြောလိုက်၏။
"ဆရာ၊ မမလေး ဒီကနေ မြန်မြန် ထွက်သွားရမယ်။ ဟာရှီက ဆရာတို့ကို ဒုက္ခပေးလိမ့်မယ်"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းခါလိုက်သည်။ "မင်းပြောနေတဲ့ မစ္စတာဟာရှီက မင်းကို ဘယ်တော့မှ လာမထိတော့ဘူး"
"ဘာလို့လဲ"
ကောင်လေးက ရွှယ်အန်း၏ ဆိုလိုရင်းကို နားမလည်ဘဲ လုံးလုံး အံ့ဩသွားကာ ရှုပ်ထွေးနေပုံရသည်။
"သူအရမ်းဝေးတဲ့နေရာကိုသွားတဲ့အတွက် သူဘယ်တော့မှပြန်မလာတော့ဘူး"
ဤသည်ကိုကြားသောအခါ ဒေးဗစ်က မယုံနိုင်လောက်အောင် တုန်လှုပ်သွားခဲ့သည်။ ရွှယ်အန်းပြောသောစကားသာမှန်ပါက မဟူရာအဖွဲ့ အမှန်တကယ်သေဆုံးသွားပြီလား။ သို့သော် ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း။
စက္ကန့်အနည်းငယ်အတွင်း အသက်ရှင်နေသော လူတစ်စုသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ သို့သော် ကလေးလေးကမူ ရွှယ်အန်း၏စကားများကို ယုံလိုက်ရာ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုတစ်ခု ထွက်ပေါ်လာသည်။
"ကောင်းလိုက်တာ၊ ဟာရှီက အရမ်းကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပါ။ သူက ပတ်ဝန်းကျင် ခြံတွေရဲ့ သစ်သီးဈေးကွက်ကို လက်ဝါးကြီးအုပ်ရုံတင်မကဘဲ ဒီကမ်းခြေကိုလည်း သိမ်းပိုက်ခဲ့တယ်။ သစ်သီးရောင်းတဲ့ သူတိုင်းက သူ့ကို ဆယ်ဒေါ်လာ ပေးရမယ်တဲ့။ ဒါက ဓားပြတိုက်သလိုပါပဲ"
ထိုအချိန်တွင် အန်းယန်က ကလေးကို ကိုလာပုလင်းပေးလိုက်သည်။
ကောင်လေးက တုံ့ဆိုင်းဆိုင်းဖြစ်နေပြီးနောက် လက်ခံလိုက်သည်။
“သခင်မလေး…”
“သောက်ပါ သား ရေငတ်နေပုံရတယ်” အန်းယန်က ပြုံး၍ပြောသည်။
ဤသည်ကိုကြားပြီးနောက် ကောင်လေးက ပုလင်းအဖုံးကို လှည့်ဖွင့်ကာ အငမ်းမရသောက်၍ ထက်ဝက်နီးပါးကျန်သောအခါမှရပ်လိုက်သည်။
"မမလေး ဒီပုလင်းကို အိမ်ယူလို့ရလား"
"ဘာလို့ အိမ်ကို ယူသွားချင်တာလဲ"
အန်းယန်က အနည်းငယ် အံ့သြသွားကာ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ သားညီမလေးတွေက အရင်က ကိုလာမသောက်ဖူးလို့"
အန်းယန်က ခဏမျှ ငြိမ်သက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“အင်း ရပါတယ်”
"ကျေးဇူးတင်ပါတယ် မမလေး" ကောင်လေးက အလွန်အမင်းပျော်ရွှင်သွား၏။
ရွှယ်အန်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"မင်းတို့အိမ်ကို ခဏလောက်သွားကြည့်ရအောင်"
"တကယ်လား ဆရာ" ကောင်လေးက စိတ်လှုပ်ရှားစွာ မေးသည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
" ကျေးဇူးတင်ပါတယ်ဆရာ"
ရွှယ်အန်းက သူ့အိမ်ကို အလည်လာရန် စီစဉ်နေသည်ဟု ကောင်လေးက ထင်၍ ဝမ်းသာသွားသည်။ ထိုအချိန်တွင် ဒေးဗစ်က ချီတုံချတုံဖြစ်ကာ အနီးအနားတွင် မည်သူမျှမရှိကြောင်း သေချာစေရန် ကြည့်ပြီးမှတိုးညှင်းသောလေသံဖြင့် ပြောသည်။
“ဆရာ ဒီနိုင်ငံကနေ အမြန်ဆုံးထွက်သွားဖို့ ကျွန်တော် အကြံပေးချင်ပါတယ်”
အခန်း(၄၂၆) ကြေကွဲဖွယ်ညီအစ်ကိုမောင်နှမများ
"ဘာလို့လဲ"
ရွှယ်အန်းက သူ့အတွက် အန်းယန် ပြင်ဆင်ထားသည့် ထောပတ်သီးကို စား၍ ဘာသိဘာသာမေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ခုဏက မက်ဆီကိုက ဒေသခံ ဂိုဏ်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေရှိပြီး အရမ်း မာနကြီးတယ်လေ။ သူတို့က မက်ဆီကိုအစိုးရကိုတောင် ဂရုမစိုက်ဘူးဗျ။ သူတို့ သိသွားရင် ခင်ဗျား တော်တော် ဒုက္ခ ရောက်ပြီ"
"ဘာကိုသိရမှာလဲ" ရွှယ်အန်းက တည်ငြိမ်စွာ မေးလိုက်သည်။
“အဲ့လူတွေ ပျောက်ကွယ်သွားတာ…”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"လေဆင်နှာမောင်းတစ်ခု ရုတ်တရက် တိုက်ပြီး ပင်လယ်ထဲကို ပစ်ချလိုက်တာလို့ပြောရင် မင်း ငါ့ကိုယုံမလား”
ဒေးဗစ်၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်လာပြီးနောက် ခေါင်းယမ်းလိုက်သည်။
“အမှန်တရားလို့ ဖြစ်စေချင်ပေမယ့် မဖြစ်နိုင်ဘူး”
ရွှယ်အန်းက သူ့လက်ကို ဖြန့်လိုက်သည်။
"ဒါပေမယ့် ဒီလူတွေ ပျောက်ကွယ်သွားပြီ။ ဘယ်သူမှ သက်သေမရှိဘူး၊ အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ယူနာ နှင့် အခြားသူများကို ပြန်ခေါ်လိုက်၏။
"သွားရအောင်၊ ငါမင်းကို ပြန်ပို့ပေးမယ်"
ရွှယ်အန်းနှင့် သူ့အဖွဲ့ ထွက်ခွါသွားပြီးနောက် ဒေးဗစ်က ထိုနေရာတွင် ရပ်နေဆဲဖြစ်ကာ သူ့မျက်နှာ၌ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ ထိုလူရမ်းကားများ အဘယ်ကြောင့် လေထုထဲတွင် ပျောက်ကွယ်သွားသည်ကို သူ မသိနိုင်ပေ။
အသတ်ခံရလျှင် အနည်းဆုံး အလောင်းနှင့် သွေးများ ရှိသင့်သည်မဟုတ်လော။
သို့သော် တစ်နေရာလုံးက ရှင်းလင်းနေ၍ ကမ်းခြေက သဲများက ကျောက်စိမ်းကဲ့သို့ ဖြူနေသေးကာ သဲလွန်စ တစ်ချက်မှ မတွေ့ရပေ။
ဒေးဗစ်က စိတ်ရှုပ်ထွေးသော်လည်း ကောင်းစွာသိသည်။ ဒေါသစိတ်ပြင်းထန်နေသည့် မျက်မမြင်များအတွက် အထောက်အထားများက အရေးမကြီးလှပေ။
‘မင်းပဲလို့ သူတို့ ကောက်ချက်ချရင် မင်းဒုက္ခရောက်လိမ့်မယ်’
ဤသည်ကိုတွေး၍ ဒေးဗစ်က သူ့ဖုန်းကို ထုတ်ကာ တုံ့ဆိုင်းသွားပြီးနောက် နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
ခဏအကြာတွင် အမျိုးသမီးတစ်ဦး၏ အေးစက်စက်အသံက ဖုန်း၏ တစ်ဖက်မှ ထွက်ပေါ်လာ၏။
“ဒေးဗစ် ရှင်အသက်ရှင်နေသေးတာကို ကျွန်မအံ့သြတယ်”
ဒေးဗစ်က ခါးသက်စွာပြုံးလိုက်သည်။
"နီကီတာ မင်း ဘာလို့ ငါသေဖို့ပဲ အမြဲမျှော်လင့်နေတာလဲ”
"ဘာလို့လဲဆိုတော့ အဆုံးမှာ အရာအားလုံးကို စွန့်လွှတ်တဲ့ ယောက်ျားနဲ့ ပေါင်းဖို့ ဘယ်မိန်းမမှ စိတ်ထားကောင်းမှာ မဟုတ်ဘူး" နီကီတာက အခြားတစ်ဖက်မှ အေးစက်စွာပြောသည်။
" ရိုးရိုးသားသားပြောရရင် နီကီတာ အရင်က ငါတို့ကြားက ဖြစ်ခဲ့တာတွေကို တောင်းပန်ပါတယ် ဒါပေမယ့် ငါက အနုပညာရှင်တစ်ယောက်ပါ။ စိတ်ခံစားချက်တွေက အနုပညာအတွက်ပဲ၊ စိတ်မပါတော့တဲ့အခါ…”
နီကီတာက သူမ စိတ်တိုင်းကျလုပ်ထားသည့် နာရီကို ကြည့်၍ပြောလိုက်သည်။
"ရှင် ဒီလို မိုက်မဲတဲ့စကားတွေ ဆက်ပြောနေမယ်ဆိုရင် ကျွန်မ ဖုန်းချတော့မယ်"
"မလုပ်နဲ့၊ ကို မင်းရဲ့အကူအညီကို တကယ်လိုအပ်နေပြီ"
“နာမည်ကြီး အနုပညာရှင်တစ်ဦးက FBI ထောက်လှမ်းရေး အရာရှိကို အကူအညီတောင်းတာ ဘာကြောင့်ဖြစ်မလဲ။ နီကီတာက အေးစက်စက် ရယ်မော၍ ပြောသည်။
ဒေးဗစ်သည် အခြေအနေကို ခါးသီးသော အပြုံးဖြင့် ဖော်ပြပြီးနောက် ယူနာ၏ အနုပညာစွမ်းရည်ကို အလေးပေးဖော်ပြခဲ့သည်။
"ယုံလိုက် နီကီတာ အဲ့ကောင်မလေးရဲ့ အနုပညာဟာ ကို မြင်ဖူးသမျှထဲမှာ အပြည့်စုံဆုံးပါပဲ။ နည်းနည်းလမ်းညွှန်ပေးလိုက်ရင် သူက တစ်ကမ္ဘာလုံးကို အံ့အားသင့်စေလိမ့်မယ်"
သူ့ကို မမြင်နိုင်သော်လည်း ဒေးဗစ်က အလွန် ကာတွန်းကားဆန်နေသည်ဟု သူမ ထင်မြင်မိသည်။
"ဒါဆို ဒီဖုန်းဆက်ရတဲ့ ရည်ရွယ်ချက်က ရှင်လေးစားရတဲ့ ကောင်မလေးကို ကယ်တင်ဖို့ ရည်းစားဟောင်းဆီက အကူအညီတောင်းတာပေါ့" နီကီတာက အေးစက်စွာပြောသည်။
"နီကီတာ အရင်က ကိုမှားခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ မင်းကိုယ့်ကို ကူညီနိုင်မယ်လို့ မျှော်လင့်တယ်၊ ဒီကောင်လေးက လူဆိုးတွေကို ဟာရှီလို့ ခေါ်တယ်"
"ဟာရှီ" ဤနာမည်ကိုကြားသည်နှင့် နီကီတာ၏ အမူအရာက လေးနက်သွားသည်။
"ကျုံးတုကလူတွေ ဒုက္ခရောက်ပြီ"
“နောက်ကွယ်မှာ ဟာရှီရဲ့ သူဌေးက မက်ဆီကိုရဲ့ ဆေးမှောင်ခိုထုတ်ကုန်ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ မူးယစ်ရာဇာ ဂန်ဇိုလာပဲ”
ဒေးဗစ်၏ မျက်နှာမှာလည်း ဖြူဖျော့သွားသည်
“ကိုတို့ ဘာလုပ်သင့်လဲ”
နီကီတာက ခဏတုံ့ဆိုင်းသွား၏။
"ကမ်းခြေမှာစောင့်နေနော်၊ အခုကျွန်မလာနေတယ်။ ဒီလူတွေကို မက်ဆီကိုက ထွက်သွားဖို့ အရေးတကြီးဦးစားပေးရမှာ။ သူတို့ အမေရိကားကိုသွားမလား ဒါမှမဟုတ် ကျုံးတုကိုပြန်သွားမလားပဲ။ မက်ဆီကိုမှာတော့ ဆက်နေလို့မရတော့ဘူး"
"ကောင်းပြီ၊ ကိုယ်မင်းကို စောင့်နေမယ် ကျေးဇူးတင်ပါတယ် နီကီတာ" ဒေးဗစ်က ရိုးရိုးသားသားပြောသည်။
နီကီတာက ထိုယောက်ျား၏ ကျေးဇူးတင်မှုကိုစိတ်ထဲမထည့်ဘဲ ဖုန်းကိုချကာ ကမ်းခြေဆီသို့ တန်းတန်းမတ်မတ် မောင်းသွားခဲ့သည်။
ဂန်ဇိုလာက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူမကောင်းကောင်းသိသောကြောင့် စိတ်ထဲ လေးလံနေခဲ့သည်။
သူသည် ယခင်သမ္မတကြီးကို လုပ်ကြံသတ်ဖြတ်ရန် သတ္တိရှိသူတစ်ဦးဖြစ်သည်။ ကမ်းခြေကိုရောက်ချိန်တွက် မှောင်နေပြီဖြစ်၍ ပင်လယ်ပြင်၏ အပူချိန်က သိသိသာသာ ကျဆင်းသွားသည်။
ဒေးဗစ်သည် ပင်လယ်လေကြောင့် တုန်ယင်နေလျက် နီကီတာ၏ကားကို မြင်သောအခါ လျင်မြန်စွာ ခုန်ဆင်းကာ လှမ်းပြောလိုက်သည်။
"နီကီတာ မင်းက ပိုလှလာတယ်"
"အရေးမပါတာတွေပြောမနေနဲ့။ ဒီကလေးက ဒီမှာ သစ်သီးရောင်းရင် အနီးအနားမှာ နေမယ်ထင်တယ်။ ကျွန်မအခု ရှာလိုက်မယ်"
ဤသို့ပြော၍ နီကီတာက မောင်းထွက်သွားသည်။
သူမမျှော်လင့်ထားသကဲ့သို့ပင် ကောင်လေး၏အိမ်က
ကမ်းခြေနှင့် မဝေးလှပေ။
လှပသော အဆောက်အဦးများနှင့် ကမ်းခြေရှုခင်းများနှင့် မတူဘဲ၊ ဤနေရာတွင် အိမ်နိမ့်များနှင့် ညစ်ပတ်သောလမ်းများသာ ရှိနေသည်။
လမ်းတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သောရွာသားများက ရွှယ်အန်းနှင့် အခြားလူများကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။ ကောင်လေးက စိတ်လှုပ်ရှားစွာဖြင့် အရာအားလုံးကို အဆက်မပြတ် မိတ်ဆက်ပေးနေ၏။
ကောင်လေး၏အိမ်သို့ ရောက်သောအခါ အိမ်သည် ရွာအစွန်၊ ဆိတ်ငြိမ်သောနေရာတွင် တည်ရှိ၍ ချက်ချင်း ပြိုကျလုနီးပါး ဖြစ်နေသည်။
ကောင်လေးက တံခါးနား၌ရပ်လျက် လှမ်းအော်လိုက်သည်။
"ဆယ်လိုနဲ့ အင်နာ မြန်မြန်ထွက်လာခဲ့"
သူ့အော်သံကိုကြားသောအခါ မိန်းကလေးနှစ်ယောက်က အံ့သဩတကြီးနှင့် တံခါးအပြင်သို့ ထွက်လာကြသည်။
တစ်ဦးက အသက် ငါးနှစ်၊ ခြောက်နှစ်ဝန်းကျင်ရှိ၍၊ တစ်ဦးသည်မူ သုံးလေးနှစ်ဝန်းကျင်သာရှိကာ နှစ်ယောက်စလုံး အလွန်ဟောင်းနွမ်းသောအဝတ်အစားများကို ၀တ်ဆင်ထားသည်။ ရွှယ်အန်းနှင့် အခြားလူများကို မြင်လိုက်ရသောအခါတွင် ၎င်းတို့၍ အမူအရာက အနည်းငယ် ကြောက်ရွံ့သွားပုံပေါ်သည်။
ကောင်လေးက သူ့လက်ထဲက ပုလင်းကို မြှောက်လိုက်သည်။
"ကြည့်စမ်း ဒါက ဘာလဲ"
"Coke"
ကောင်မလေးနှစ်ယောက်၏ မျက်လုံးများ တောက်ပလာကာ ပြေးလာကြသည်။
"ဆယ်လို အရင်သောက်၊ ကျန်တာ အင်နာသောက်" ကောင်လေးက ညွှန်ကြားသည်။
ဆယ်လိုသည် အကြီးမလေးဖြစ်၍ Coke ပုလင်းကို ငုံ့ကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။
"အင်နာ့ကို ပေးလိုက်ပါ၊ သူ တစ်ခါမှ မမြည်းဖူးဘူး"
ဤသို့ဖြင့် သူမသည် Coke ပုလင်းကို သုံးလေးနှစ်သာရှိသေးသော ကလေးမလေးအင်နာ့ထံသို့ ပေးလိုက်ရာ ကလေးမလေးက ယင်းကိုယူ၍ ပုလင်းဖုံးကို စိတ်အားထက်သန်စွာဖွင့်ကာ သောက်လိုက်သည်။
"ကောင်းလား" ကောင်လေးက ပြုံး၍မေး၏
“ကောင်းတယ်” အင်နာက လျှာသပ်လိုက်သည်။
ထိုအချိန်တွင် ဆယ်လိုသည် သူ့အစ်ကို၏အဝတ်အစားများ စုတ်ပြဲနေသည်ကို သတိပြုမိကာ ခေတ္တရပ်တန့်သွားသည်။
"ကိုကို… ထပ်ပြီး အရိုက်ခံရပြီလား"
"ဘာမှမဖြစ်ပါဘူး၊ ကိုကိုက အသားကျနေပြီ။ နောက်ပြီး ဒီတစ်ခါတော့ ဒီလူကြီးမင်းနဲ့ မမလေးကို ပိုတောင် ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် ကမ်းခြေမှာဆက်ပြီး အထိုးခံနေရမှာ"
ဤသည်ကိုကြားသောအထါ ဆယ်လို၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်း၍ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ကိုကို့ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရွှယ်အန်းသည် ယခုပင် အရာအားလုံးကို မြင်လိုက်ရသည်၊ အထူးသဖြင့် ဆယ်လို၏ခြေရင်းမှ ကောင်လေး၏ဖိနပ်ကို မြင်လိုက်ရသောအခါတွင် သူ မထိန်းနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
အန်းယန်၏မျက်လုံးများက ပို၍ပင်နီရဲလာကာ အအေးပုလင်းများကို အိတ်ထဲမှထုတ်ယူ၍ပြောလိုက်သည်။
"ဒီမှာ သားတို့ တစ်ယောက်ချင်းစီအတွက် တစ်ပုလင်းစီရှိတယ်"
စွဲမက်ဖွယ် တောက်ပနေသော Coke ပုလင်းများကို မြင်လိုက်ရသောအခါ မောင်နှမ သုံးယောက်၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။
ဤအခိုက်အတန့်တွင် စုံတွဲတစ်တွဲက အပြင်မှ ခြံဝင်းထဲသို့ ဝင်လာ၏။