← Chapters

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း(၄၂၇) တစ်စုံတစ်ဦးရောက်လာရန် စောင့်ဆိုင်းနေသည်

လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသော အသီးအနှံများကို ဆေးကြောသန့်စင်ကာ စားပွဲပေါ်တွင် ခင်းထားသည်။ ပုံမှန်မက္ကဆီကန်ပြောင်းဖူး tortillas နှင့် ဒေသထွက်ဟင်းအနည်းငယ်လည်းပါ၏။

ဤသည်မှာ ကောင်လေးဟယ်ရီ၏ မိသားစုအတွက် အကောင်းဆုံးဖြစ်နိုင်သည်။ ဟယ်ရီ၏မိဘများဖြစ်သော မက္ကဆီကန်စုံတွဲသည် ယခုအခိုက်အတန့်တွင် ရွှယ်အန်းနှင့် အခြားသူတို့အား ထက်သန်စွာ ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်နေသည်။

ဟယ်ရီသည် ၎င်း၏ ထောပတ်သီး အားလုံးကို ဝယ်ရန် အမေရိကန် ဒေါ်လာ တစ်ရာ ပေးခဲ့သည်မှာ ဤလူကြီးလူကောင်းနှင့် အမျိုးသမီး ဖြစ်ကြောင်း လျှို့ဝှက်စွာ ပြောပြခဲ့သည်။ ဤဆင်းရဲသော မက္ကဆီကန်မိသားစုအတွက် အမေရိကန် ဒေါ်လာတစ်ရာသည် အတော်အတန် များပြားနေပြီဖြစ်သည်။

ထို့ကြောင့် ၎င်းတို့က အလွန်စိတ်အားထက်သန်ကြသည်မှာ သဘာဝဖြစ်သည်။

သို့သော် ရွှယ်အန်း၏ အာရုံစိုက်မှုသည် ဤအရာများပေါ်တွင် မရှိနေဘဲ အဝေးက ဆယ်လိုနှင့် ပျော်ရွှင်စွာ ကစားနေသည့် သူ့သမီးလေးများကို ကြည့်လျက် သူ့နှုတ်ခမ်းပေါ် တွင် အပြုံးများ ပေါ်လာသည်။

ကလေးတစ်ယောက်၏ နှလုံးသားက အမြဲဖြူစင်သည်။ ချမ်းသာသူ၊ ဆင်းရဲသူ၊ မြင့်မြတ်သူနှင့် နိမ့်ကျသူဟူ၍ ခွဲခြားမှုမရှိပေ။

"သခင်လေးရဲ့ သမီးလေးက ချစ်စရာကောင်းလိုက်တာ။"

သီးပင်စားပင်များ စိုက်ပျိုးခြင်းဖြင့် ဘဝတစ်လျှောက်လုံး ရိုးသားခဲ့သည့် မက္ကဆီကန်လယ်သမား ဟယ်ရီ၏ဖခင် သည် များစွာတွေးတောပြီးနောက် စတင် ချီးကျူးလိုက်သည်။

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

ထို့နောက် ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ ဟယ်ရီ၏

မိဘများသည် ပညာမတတ်သော်လည်း ရွှယ်အန်းနှင့် အန်းယန်တို့က သာမန်လူများမဟုတ်ကြောင်း ပိုင်းခြားနိုင်သေးသည်။

၎င်းတို့၏ တည်ရှိနေမှုက ဤအတွက် လုံလောက်သော သက်သေပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က စကားမလွန်မိစေရန် အထူးသတိထားလျက်ရှိကြသည်။

သို့သော် ကလေးများကမူ ဤအရာများကို ဘယ်သောအခါမှ ဂရုစိုက်ခြင်းမရှိပေ။

ဆယ်လိုနှင့် အင်နာတို့က တောရိုင်းကလေးများကဲ့သို့ ခြံဝန်းထဲတွင် ပြေးလွှားနေကြကာ ယနေ့ကဲ့သို့ပျော်ရွှင်မှုမျိုး တစ်ခါမျှ မရှိခဲ့ပေ။ သို့သော် ဆယ်လိုဝတ်ထားသည့်ဖိနပ်က ပြေးရင်းဖြင့် ကျွတ်ကျွတ်ထွက်လာသည်။

ဤသည်ကိုမြင်သောအခါ ရွှယ်ရှန်းက သူ့ကိုယ်ပိုင်ဖိနပ်ကို ချွတ်လိုက်သည်။

"ဒီမှာနင့်ကို ဒါပေးတယ်"

ဆယ်လိုက အံ့အားသင့်သွားသည်။ ဆယ်လိုသည် ရွှယ်ရှန်းထက် အနည်းငယ်အသက်ကြီးသော်လည်း အာဟာရချို့တဲ့မှုကြောင့် အလွန်အရပ်မရှည်ဘဲ ရွှယ်ရှန်းနှင့် အကြမ်းဖျင်းအားဖြင့် အရပ်တူသည်။

ရွှယ်ရှန်းဝတ်ထားသည့်ဖိနပ်များက စတိုင်ကျကာ လက်ရာမြောက်စွာဖြင့် သူမအတွက် သီးသန့်ချုပ်ထားခြင်းဖြစ်သည်။

ဆယ်လိုနီယာသည် ဤမျှလှပသော ဖိနပ်ကို အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

ထို့ကြောင့် သူမ တုံ့ဆိုင်းသွား၏။

“ဒါ…”

"အိုး..ဝတ်သာဝတ်ကြည့်လိုက်စမ်းပါ"

ရွှယ်ရှန်းက ဖိနပ်ကို သူ့ဘက်သို့ တွန်းပေးလျက် ရက်ရောစွာ ပြောလိုက်သည်။

ကလေးများအတွက် သူငယ်ချင်းကောင်းဟူသည် မျှဝေခြင်းကိုဆိုလိုသည်။

"နင်ကရော" ဆယ်လိုနီယာက မေးသည်။

"တကယ်တော့ ဖိနပ်စီးရတာ မုန်းတယ်"

ရွှယ်ရှန်းက ပြော၏။

နတ်သငယ်နယ်မြေတွင် သူမနှင့် နျန်နျန်သည် နေ့တိုင်း ဖိနပ်မစီးဘဲ တောထဲတွင် ခြေဗလာဖြင့် ကစားသည်။

ယခု သူမ ခြေဗလာပြန်ဖြစ်သွားသောကြောင့် သူမ လုံးဝ ဝမ်းသာသွား၏။ အနီးနားတွင် ရပ်နေသော ရွှယ်နျန်နှင့် အစ္စဘယ်လာတို့က ဖိနပ်နှင့် ခြေအိတ်များကို အမြန်ချွတ်လိုက်သည်။

ယခု မိန်းကလေးငယ်များသည် လွတ်လွတ်လပ်လပ် ဆော့ကစားနေကြတော့သည်။ များမကြာမီတွင် ၎င်းတို့သည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားကာ ၎င်းတို့၏ မျက်နှာများသည် ကြောင်လေးများကဲ့သို့ ပေပွလျက်ရှိ၏။ အန်းယန်က အနည်းငယ် ကူကယ်ရာမဲ့ ကြည့်နေသည်။

“ယောက်ျား ကြည့်ပါဦး သူတို့အားလုံး အရူးလေးတွေလို ကစားနေကြတာ"

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

"ဒီအသက်အရွယ်က ကစားဖို့အတွက်ပဲမဟုတ်ဘူးလား"

"သူတို့မှာ ငယ်ရွယ်တဲ့ မိန်းကလေးတွေလို ပုံစံမျိုးလည်း ရှိသင့်တယ် မဟုတ်လား" အန်းယန်က ပြောသည်။

"ဟား တကယ်အရေးကြီးဆုံးက ကလေးတွေ ပျော်ရွှင်ဖို့ပဲလို့ ကိုထင်တယ်"

"ရှင်က သူတို့နှစ်ယောက်ကို ဖြည်းဖြည်းချင်း ဖျက်ဆီးနေတာပဲ"

"ဒါပေါ့ ကိုယ့်သမီးတွေလေ ကိုအလိုလိုက်မှာပဲ" ရွှယ်အန်းက ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။

"အင်း၊ ရှင်နဲ့ငြင်းရင်ဘယ်တော့မှမနိုင်ဘူး။ ဒါဆိုငါတို့ဘယ်တော့ပြန်ကြမလဲ" အန်းယန်က ဤနေရာတွင်နေရသည်ကို အတော်အတန်အဆင်မပြေပေ။

ဟယ်ရီ၏ မိဘများ၏ ရိုသေမှု အပြုအမူကြောင့် သူမသည် အပ်များပေါ်တွင် ထိုင်နေသကဲ့သို့ ခံစားနေသည်။

ရွှယ်အန်းက ပြုံးလိုက်၏။

"ခဏစောင့်ရအောင်၊ တစ်ယောက်ယောက် လာလိမ့်မယ်။ သူတို့ကိုကိုင်တွယ်ပြီးရင် ကိုတို့ သွားကြမယ်"

အန်းယန် အံ့အားသင့်သွားသည်။

“ယောကျ်ား ကမ်းခြေကလူတွေရဲ့ ကြံရာပါတွေအကြောင်း ပြောနေတာလား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"အဲ့လူဆိုးဂိုဏ်းက သေသွားပေမယ့် သူတို့ဟာ ဒေသခံတွေကို အနိုင်ကျင့်နေတဲ့ကောင်တွေမို့ သူတို့ရဲ့ အပေါင်းအသင်းတွေက ဒီကိစ္စကို သေချာစစ်ဆေးပါလိမ့်မယ်။ ငါတို့ မစွက်ဖက်ရင် ဒီမိသားစုက သေချာပေါက် ဒုက္ခရောက်လိမ့်မယ်"

ထို့ကြောင့် ရွှယ်အန်းက ဟယ်ရီလေးနောက်သို့ လိုက်ခဲ့ခြင်းဖြစ်သည်။ စကားစမြည်ပြောနေစဉ် အပြင်ဘက်မှ ကားတစ်စီး၏ ဟွန်းသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ညနေစောင်းနေပြီဖြစ်သောကြောင့် ခြံဝင်းနံရံမှ စူးရှတောက်ပသော အလင်းရောင်ကို မြင်နေရသည်။

ထို့နောက် မက္ကဆီကန်စပိန်ဘာသာစကားဖြင့် ပြောဆိုနေသော လူတစ်စု ကားပေါ်မှ ဆင်းလာစဉ် ကျိန်ဆဲနေသည့်အသံကိုကြားလိုက်ရ၏။

"ကြည့် လာကြပြီ"

ထို့နောက် သူက အန်းယန်ကို ပြုံးပြလိုက်သည်။

"ယန်အာ ကောင်မလေးတွေကို ခေါ်သွားပြီး တခြားနေရာမှာ သွားကစားပါ "

အန်းယန်က ခေါင်းညိတ်လိုက်သည်။

မိုယာက ယနေ့ ဟာရှီပျောက်ကွယ်သွားသောကြောင့် စိတ်ကောင်းဝင်နေသည်။ ဤနိုင်ငံတွင် ဂိုဏ်းဝင်တစ်ယောက် ပျောက်ကွယ်သွားခြင်းသည် သေဆုံးခြင်းကိုဆိုလိုသည်။

သူဌေးဂွန်ဇယ်လာက ဤကိစ္စကို ဒေါသတကြီးနှင့် မိုယာကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း မိုယာက သူ့အတွက် အခွင့်အရေးတစ်ခုဟုမြင်သည်။

သူသာ ဤကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်လျှင် ဟာရှီ၏ နယ်မြေအားလုံးက သူ့အပိုင်ဖြစ်လာလိမ့်မည်။

ဤသည်ကိုတွေး၍ သူမှင်တက်သွားသည်။

မကြာမီ၌ မိုယာက ကမ်းခြေတွင် ဖြစ်ပျက်ခဲ့သမျှကို နားလည်ခဲ့သည်။

နိုင်ငံခြားခရီးသည်တစ်ဦးနှင့် ဆင်းရဲသော သစ်သီးရောင်းချသည့် မိသားစု။

ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ နှစ်ဦးဖြစ်သည်။ ဤသည်ကို သိသောအခါ မိုယာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ၎င်းက ပြိုင်ဘက်ဂိုဏ်းတစ်ဂိုဏ်း၏ လုပ်ရပ်ဖြစ်လိမ့်မည်ဟုသာထင်ခဲ့ကာ ဤသို့သော ရလဒ်မျိုးကို မမျှော်လင့်ထားခဲ့ပေ။

ဤသည်က ရိုးရှင်းစွာဖြင့်ပင် ဘုရားပေးသော အခွင့်အရေးပင်ဖြစ်၏။ ဤသို့ဖြင့် မိုယာက သူ၏ လူများကို ဟယ်ရီ၏ အိမ်သို့ အမြန်ခေါ်သွားကာ စုတ်ပြတ်နေသော ခြံဝန်းတံခါးကို ကြည့်၍ မိုယာက ပြုံးကာ တံခါးကို ကန်ချလိုက်သည်။ တံခါးက ပေါက်ကွဲသံနှင့်အတူ ပြိုကျ၍ ဖုန်မှုန့်များ လွင့်စင်လာသည်။

“ဝင်သွား မင်း သတ်နိုင်တဲ့လူတစ်ယောက်စီင်းအတွက် ဒေါ်လာငါးရာ ဆုချမယ်” မိုယာက လှောင်ပြောင်ပြောဆိုသည်။

မှန်သည်။ အံ့ဖွယ်ကောင်းသော ဤနိုင်ငံတွင် လူ့ဘဝ၏ တန်ကြေးသည် အမေရိကန်ဒေါ်လာ ငါးရာမျှသာဖြစ်သည်။ မိုယာ၏ လူများက ချက်ချင်းပင် တုံ့ပြန်၍ အားလုံးပြေးဝင်လာကြသည်။ မိုယာက အပြင်ဘက်တွင် စီးကရက်တစ်လိပ်ကို မီးညှိ၍ သေနတ်သံကို စောင့်ဆိုင်းလျက် စီးကရက်ကို ရှိုက်လိုက်သည်။

သို့သော် မည်သည့်အသံမျှ ထွက်မလာပေ။ သူ့လူများသည် အထဲသို့ ဝင်သွားပြီးသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားသည့်အလား ထင်ရသည်။ သူ့လက်ထဲမှ စီးကရက်ကို ဓားအလင်းတန်းများ ဖြတ်ကျော်သွားချိန်တွင် မိုယာက ထိတ်လန့်သွားသည်။

သူ၏ သေနတ်ကိုင်ထားသည့်လက်သည်လည်း ပြတ်ထွက်သွားကာ တစ်ချိန်က ကြောက်ရွံ့မှုကင်းသည့် ယောက်ျားအရင့်မာကြီးသည် ကျယ်လောင်စွာ အော်ဟစ်နေရပြီဖြစ်သည်။

မျက်လုံးထဲ၌ အဆုံးမဲ့‌သော အကြောက်တရားများ ပေါ်လာသည်။ ထိုအချိန်တွင် တံတိုင်းကြီးတစ်ခုလုံး ပြိုကျကာ မိုယာသည်လည်း ခြောက်ခြားဖွယ်မြင်ကွင်းကို မြင်လိုက်ရ၏။

သူ့လူများအားလုံး သေဆုံးသွားပြီဖြစ်ရာ ၎င်းတို့၏ သွေးများပြည့်နေသည့် ခန္ဓာကိုယ်များက ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုဖြစ်လာသည်။ မိုယာက တုန်လှုပ်သွားကာ အရိုးမများပေါ်၌ လမ်းလျှောက်လာသည့် လူတစ်ယောက်ကိုတွေ့သောအခါ ဖျတ်ခနဲပြုံးလိုက်သည်။

"ငါစောင့်နေတာကြာပြီ၊ မင်းနောက်ဆုံးတော့ရောက်လာပြီ"

တရုတ်မျက်နှာ။

မိုယာ၏ နှလုံးသားထဲသို့ ထိုးနှက်ချက်တစ်ခု တိုးဝင်လာသည်။

ဒါက ကမ်းခြေကလူ ဖြစ်နိုင်လား။

ထိုအချိန်တွင် ရွှယ်အန်းက လျစ်လျူရှုကာ ပြောလိုက်၏။

"မင်းကို ဘာလို့ ငါမသတ်ခဲ့တာလဲ သိလား"

အခန်း(၄၂၈) ငရဲက ဗလာဖြစ်နေပြီး နတ်ဆိုးတွေက ကမ္ဘာပေါ်မှာ ကျင်လည်နေတယ်

မိုယာသည် အလွန်ပြင်းထန်သော ဝေဒနာကြောင့် မဟုတ်ဘဲ ကြောက်စိတ်ကြောင့် ပို၍ တုန်ယင်နေသည်။

“ငါ… ငါမသိဘူး”

“အခု ငါမေးရင် မင်းဖြေ။ အဖြေမှားရင် မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့က မင်းကို နှုတ်ဆက်သွားရလိမ့်မယ်။ နားလည်လား” ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

မိုယာက စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။

ဓားအလင်းတန်းသည် သူ့နားရွက်တစ်ဖက်ကို ဖြတ်သွားသည်။

မိုယာက နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။

"အဖြေမှားနေတယ်၊ နားလည်လား နားမလည်ဘူးလား"

မိုယာက ပို၍ ပြင်းထန်စွာတုန်ခါသွားကာ မျက်နှာသည်လည်း သေမင်းတမန်ကဲ့သို့ဖြူဖျော့နေ၍ ရွှယ်အန်းကို ကြောက်လန့်တကြား ကြည့်နေသည်။ သူ့ကိုယ်သူ ရက်စက်လွန်းသည်ဟု ထင်ထားခဲ့ကာ သူဌေးဂွန်ဇယ်လာက ပို၍ပင် သနားညှာတာမှုကင်းသည်ဟု ထင်ခဲ့သည်။

သို့သော် ဤလူနှင့် နှိုင်းယှဥ်ကြည့်မိသောအခါ သူက ကလေးတစ်ယောက်ကဲ့သို့ ယဥ်ပါးလှ၏။

ရွှယ်အန်းက ပြုံးလိုက်သည်။

“တစ်မိသားစုလုံးကို သတ်ပြီး သူတို့ကို ဆုဖလားတွေလိုမျိုး ကြွားဖို့ လာခဲ့တာလား”

“မဟုတ်ပါဘူး… မဟုတ်ပါဘူး”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“ဒါက တကယ်ကောင်းတဲ့အစတော့မဟုတ်နေဘူးပဲ”

သူ စကားပြောနေစဥ်တွင် နောက်ထပ် ဓားအလင်းတန်းက လွင့်ထွက်လာကာ မိုယာ၏ ခြေထောက်တစ်ဖက်ကို တိုက်ရိုက်ဖြတ်တောက်ပစ်လိုက်သည်။ အော်ဟစ်သံများကြား၌ မိုယာလဲကျသွားသည်။ အိမ်အတွင်းရှိ ဟယ်ရီမိသားစုက ယခုအချိန်၌ တုန်လှုပ်နေသည်။

ဖြစ်ပျက်ခဲ့သမျှကို ၎င်းတို့ မျက်မြင်တွေ့ခဲ့ရသည်။ လူရမ်းကားများ ရုတ်တရက် ပေါ်လာခြင်းက ဟယ်ရီ၏ မိဘများကို တစ်ခုခုအား သဘောပေါက်သွားစေသည်။

တကယ်၍ ယနေ့ ရွှယ်အန်းသာ မလာခဲ့လျှင် ၎င်းတို့က မြေပြင်ပေါ်တွင် လဲနေသူများဖြစ်ကာ ၎င်းတို့ ငါးယောက်လုံး သေသွားကြပေလိမ့်မည်။ သို့သော် နူးညံ့သိမ်မွေ့သည်ထင်ရသော ရွှယ်အန်းက ဤမျှ ရက်စက်ကြမ်းကြုတ်စွာ ရက်စက်နိုင်လိမ့်မည်ဟုမထင်ထားခဲ့ပေ။

ဟယ်ရီ၏ ဖခင်သည် ခြံထဲသို့ လူရမ်းကားများ ပြေးဝင်လာသောအခါတွင် မရေမတွက်နိုင်ဖွယ်များပြားလှသော အဖြူရောင်အလင်းတန်းများ ဖြာထွက်၍ အော်ရန်အခွင့်အရေးပင်မရလိုက်ဘဲ လူသေကောင်များဖြစ်သွားသည်ကိုသာမြင်လိုက်ရသည်။ ယခုလည်း ခြံအပြင်ဘက်မှ အော်သံများက သူ၏ ခြေသလုံးများကို တောင့်တင်းသွားစေသည်။

တရုတ်ပြည်က ဤလူသည် မည်သူဖြစ်သနည်း။ အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေသနည်း။

မိုယာ၏ စိတ်ထဲတွင်လည်း ဤတူညီသော မေးခွန်းတစ်ခုရှိသည်။

လက်တစ်ဖက်၊ ခြေထောက်တစ်ဖက်နှင့် နားရွက်တစ်ဖက် ဆုံးရှုံးသွားပြီဖြစ်သည်။

ဤအရာက သူ၏ တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းခဲ့‌သော ရုပ်သွင်ကို အတန်ငယ် ရယ်စဖွယ်ဖြစ်သွားစေကာ တစ်ချိန်က ရက်စက်သော အပြုံးများနှ၍့် ပြည့်နှက်နေသည့် မျက်နာက ယခုအခါ အဆုံးမဲ့ ထိတ်လန့်နေသည်။

“ဘာ…မင်း ဘာလုပ်ချင်တာလဲ။ ငါ့ရဲ့သူဌေး ဂွန်ဇယ်လာက မင်း… မင်းကို” မိုယာက တုန်လှုပ်သွားကာ သူ၏ ကျန်ရှိသော တစ်ခုတည်းသော ခြေထောက်ကို အားပြု၍ ရွှယ်အန်းဘက်သို့ ဖြည်းဖြည်း ချင်း ချဥ်းကပ်ရန် ကြိုးစားလိုက်သည်။

ရွှယ်အန်း၏ အမူအရာက ထူးမခြားနားသော်လည်း အေးစက်သော အလင်းရောင်က မျက်လုံးများတွင် တောက်ပနေသည်။ သတ်ဖြတ်ချင်သည့် ရည်ရွယ်ချက်သည် ကမ်းခြေတွင်ကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟာရှီနှင့်လူရမ်းကားများကို နတ်မီးလျှံနှင့် သတ်ဖြတ်ခဲ့စဥ်က ၎င်းတို့၏ ဝိဉာဥ်များကို သူမြင်ခဲ့ရသောကြောင့်ဖြစ်သည်။

ထိုဝိဉာဥ်များ၏ မှတ်ဉာဏ်များထဲတွင် ရွှယ်အန်းသည် ငရဲနတ်ဆိုးနတ်ဘုရားများပင် မစွမ်းဆောင်နိုင်သော လုပ်ရပ်များစွာကို မြင်ခဲ့ရသည်။

ထို့ကြောင့် ဤစကားက သူ့စိတ်ထဲ၌ ပေါ်လာသည်။

ငရဲသည် ဗလာဖြစ်၍ နတ်ဆိုးများအားလုံးသည်လည်း ကမ္ဘာမြေပေါ်တွင် တည်ရှိနေသည်။ မကြာသေးမီက ဒဏ်ရာရခဲ့သည့် မိုဟာနှင့် သူ၏ အဖွဲ့သည်လည်း တစ်မျိုးတည်း တစ်ဆွေတည်းပင်ဖြစ်သည်။ မိုယာ၏ သေဆုံးသွားသော လက်အောက်ငယ်သားများ၏ မှတ်ဉာဏ်များတွင် မိုယာကိုယ်တိုင်ပြုလုပ်ထားသည့် မိုက်မဲသော ရိပ်များစွာရှိနေသည်။

နတ်ဆိုးတစ်ကောင်အဖြစ် အမြဲဂုဏ်ယူနေသော ဤလူသည် ရွှယ်အန်းထံမှ သတ်ဖြတ်ရောင်ဝါကို ခံစားမိသည်။

“စိတ်မပူပါနဲ့ မင်းရဲ့ သူဌေးလည်း မလွတ်နိုင်ဘူး။ ငါဘာလုပ်မလဲဆိုတာကတော့” ရွှယ်အန်းသက်ပြင်းချလိုက်သည်။

“မင်းတို့အားလုံးကို သတ်ရင်တောင်မှ မင်းရဲ့ နေရာကို နောက်ထပ် ရွံစရာကောင်းတဲ့ သတ္တဝါတွေရောက်လာမယ်ဆိုတာ ငါသိပေမယ့် မင်းတို့ကို သတ်လိုက်ရင်လည်း ကျေနပ်စရာတော့ ကောင်းနေတုန်းပါပဲ။ အနည်းဆုံးတော့ တိရစ္ဆာန်တွေက ကြောက်ရကောင်းမှန်းသိသွားတာပေါ့”

“မဟုတ်ဘူး…မလုပ်ပါနဲ့။ ငါ့ကိုကယ်ပါ” သူ့ဘဝ အဆုံးသတ်တော့မည်ကို သိလိုက်ရသဖြင့်

မိုယာက ကြောက်လန့်တကြား အော်လိုက်သည်။

တစ်ချိန်တည်း၌င် အမေရိကန် SUV ကားကြီးတစ်စင်းဝင်လာသည်။ ကားမရပ်ခင်၌ပင် နီကီတာနှင့် ဒေးဗစ်က ခုန်ထွက်လာသည်။

“ရပ်” နီကီတာက သူမ၏ သေနတ်ကို ဆွဲထုတ်၍ ရွှယ်အန်းကို ချိန်ရွယ်ကာ ပြင်းထန် လေးနက်သော အသံဖြင့် အော်လိုက်သည်။

မိုယာသည်အသက်ကယ် ကောက်ရိုးတစ်မျှင်ကို မြင်လိုက်ရသည့်အလား နီကီတာဆီသို့ တွားသွား၍ အော်ဟစ်လိုက်သည်။

“မြန်မြန်ကယ်ပါ။ ဒီလူက နတ်ဆိုးပဲ ငါ့လူအားလုံးကို သတ်လိုက်တယ်”

ယခုအချိန်တွင် နီကီတာသည် ခြံဝန်းတစ်ခုလုံးသို့ ပြန့်ကျဲနေသည့် အလောင်းများကို တွေ့ကာ သူမက သေခြင်းတရားနှင့် ကျင့်သားရနေသော်လည်း ထိုမြင်ကွင်းက သူမ၏ ဦးရေပြားကို တောင့်တင်းသွားစေသည်။

ဒေးဗစ်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် ဒူးထောက်၍ သူ၏ သည်းခြေအိတ်ကို အန်ထုတ်ရန် ကြိုးစားနေသည့်အလား ထိန်းမနိုင်သိမ်းမရဖြစ်လျက် ရှေ့သို့ တွားသွားလာသည်။ ရွှယ်အန်းသည် နီကီတာနှင့် ဒေးဗစ်တို့ကို ရယ်မော၍ ကြည့်လိုက်၏။

သူက ပြုံး၍ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။

“ကျွန်‌မက အမေရိကန်ကနေ မက်ဆီကိုမှာ တက်ဆွဲထားတဲ့ FBI ထောက်လှမ်းရေး အရာရှိတစ်ယောက်ပါ၊ မလှုပ်ရှားဖို့နဲ့ ခေါင်းနောက်ကို လက်နှစ်ဖက်ကို တင်ပြီး ထိုင်ချလိုက်ဖို့ အမိန့်ပေးလိုက်တယ်။ မဟုတ်ရင် ပစ်သတ်လိုက်မယ်။" နီကီတာက ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျယ်လောင်စွာ အသည်းခိုက်မတက် အော်လိုက်သည်။

ဤလူပြုလုပ်ထားသည့် မြင်ကွင်းက နီကီတာ၏ ကျောရိုးတစ်လျောက် အေးစက်တုန်လှုပ်သွားစေသည်။

ဤသည်က မည်သို့ပုံစံမျိုးဖြစ်သနည်း။

ဝမ်းနည်းခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်းမရှိ မြင့်မြတ်ခြင်း သို့မဟုတ် နိမ့်ကျခြင်းမရှိ၊ ဤလောက၏ အပြစ်များကို စီရင်ဆုံးဖြတ်သော အသက်နှင့် သေခြင်းကို ထိန်းချုပ်သော ဧကရာဇ်မင်းကဲ့သို့ ထင်ရ၏။

ဤသည်ကို ကြားသောအခါ ရွှယ်အန်းက သူ၏ လုပ်ရပ်များကို ရပ်တန့်ကာ ခပ်ပါးပါးပြုံးလိုက်သည်။

“အမေရိကက FBI ဟုတ်လား”

နီကီတာက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်.. ဒီလူတွေ…”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“သူတို့ကို သတ်လိုက်တာ ငါပဲ”

ထိုအချိန်တွင် မိုယာက နီကီတာ၏အရှေ့သို့ တိုးလျှိုးသွားကာ လဲကျခါနီးတွင် အော်လိုက်သည်။

“ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပါ။ သူက နတ်ဆိုး လူမဟုတ်ဘူး”

ဤလူက မည်သူမည်ဝါဖြစ်ကြောင်း သတိပြုမိပြီးသည်နှင့် နီကီတာ၏ အမူအရာက ပိုမို လေးနက်လာသည်။

မိုယာ။

နတ်ဆိုးဟု ခေါ်သော မိုယာဟု လူသိများသည့် မူးယစ်ရာဇာကြီး ဂွန်ဇယ်လာ၏ ထိပ်တန်းလက်ထောက်တစ်ဦးက ယခုအခါ အလွန် ကြောက်လန့်လျက် ပြိုကွဲလုနီးပါးဖြစ်နေပြဖြစ်သည်။

ရွှယ်အန်းက လက်ပိုက်၍ ဤမြင်ကွင်းကို အေး‌ဆေးစွာကြည့်နေသည်။

“မင်းက FBI ကလာတာ ဒီလူတွေ လက်ထဲမှာ သွေးဘယ်လောက်ရှိတယ်ဆိုတာ မင်း သိထားသင့်တယ်။ သူတို့က ဒီ ဆင်းရဲတဲ့ မိသားစုကို သတ်ပစ်ဖို့ အခု လာခဲ့ကြတာပဲ”

နီကီတာက ရွှယ္အန်းက အမှန်အတိုင်းပြောနေသည်ဟု ယုံကြည်ထားသည်။ မိုယာနှင့် သူ့လူများ ကျူးလွန်နိုင်သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် အံ့အားသင့်စဖွယ်ကောင်းလှသည်။

“ သူတို့အားလုံး လူဆိုးတွေဖြစ်နေရင်တောင် အပြန်အလှန်သတ်ပစ်တာမဟုတ်ဘဲ ဥပဒေအရစီရင်သင့်တယ်” နီကီတာက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အပြန်အလှန် သတ်ဖြတ်ခြင်း” ဟူသော စကားလုံးကို တရုတ်ဘာသာဖြင့် ပြောလိုက်သည်။

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်၏။

“မင်း တရုတ်စကားပြောတာ ကောင်းပါတယ်။ ဒါပေမယ့် ငါမင်းကိုပြောချင်တာက ဒီနေ့ ငါဒီမှာမရှိရင် အခု သေသွားတာက အပြစ်မဲ့တဲ့ မိသားစုဖြစ်သွားလိမ့်မယ်။ ပြီးတော့ မင်း‌ပြောခဲ့တဲ့ ခုံသမာဓိကို လူသတ်သမားတွေက ဘယ်တော့မှ ရင်ဆိုင်မှာ မဟုတ်ဘူး"

ရွှယ်အန်း၏ ပြောစကား မှန်ကန်ကြောင်း သူမသိသောကြောင့် အနည်းငယ် ဆွံ့အသွားသည်။

“လက်တုံ့ပြန်တာက အကောင်းဆုံး ဖြေရှင်းချက်မဟုတ်ဘူး။ ဒါပေမယ့် အဲ့တာက အထိရောက်ဆုံးဖြစ်မှာ အသေအချာပဲ။ အချို့ တိရစ္ဆာန်တွေက ဒီ ကမ္ဘာပေါ်မှာ လက်စားချေမှုရှိတဲ့အကြောင်းသိမှ ကြောက်တတ်ကြတာ”

“လက်စားချေတယ်ဟုတ်လား” နီကီတာက ဤတရုတ်စကားလုံး၏ အဓိပ္ပါယ်ကို နားလည်သည်။

"လက်စားချေတာကို မယုံဘူး၊ ဥပဒေကိုပဲ ယုံတယ်"

ရွှယ်အန်းက ရယ်မောလိုက်၏။

"လက်စားချေခြင်းဆိုတာ အရင်က မရှိခဲ့တာမျိုးဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ဒါပေမယ့် အခုရှိလာပြီ။ ဘာလို့လဲဆိုတော့…ငါက သူတို့ရဲ့ လက်စားချေမှုမို့လို့ပဲ”

၎င်းတို့ ပြောနေကြစဥ်တွင် တစ်စုံတစ်ယောက်ကို ကယ်တင်ရန် အော်ဟစ်နေသော မိုယာက ရုတ်တရက် ခြေတစ်ဖက်ထောက်၍ မတ်တပ်ရပ်ကာ နီကီတာကို ဓားစာခံအဖြစ်ဖမ်းယူ၍ သေနတ်ကို လုယူရန် ကြိုးစားလိုက်သည်။ နီကီတာက ထို ခြေတစ်ပိုင်းပြတ်နေသည့် မိုယာက ထိုကဲ့သို့ ကြိုးစားလိမ့်မည်ဟု ဘယ်သောအခါကမှ မမျှော်လင့်ထားသဖြင့် တုန်လှုပ်ခြောက်ခြားသွားသည်။ အံ့အားသင့်နေသည့် အခိုက်အတန့်တွင် မိုယာက‌ ဒေါသတကြီးနှင့် ရှေ့သို့ အနီးကပ်ချီတက်လာပြီပင်ဖြစ်၏။

သို့သော် နောက်ထပ် တစ်စက္ကန့်တွင် သူ့ခေါင်းက နီကီတာ၏ ရှေ့၌ ပွင့်ထွက်သွား၏။

အခန်း(၄၂၉) သွားမထိသင့်သော ဖြစ်တည်မှုတစ်ခု

သွေးနှင့် ဦးနှောက်တို့ ရောထွေးကာ ပြုတ်ကျသွားသည်။ ဗိုက်ဆာနေသည့် ဒေးဗစ်သည် ဤမြင်ကွင်းကိုမြင်ပြီးနောက် ပါးစပ်အဟောင်းသားဖြစ်လျက် တစ်ဖန်ပြန်မထနိုင်တော့ပေ။

နီကီတာသည် ရှေ့မှမြင်ကွင်းကို ကြောင်အစွာကြည့်၍ ခဏအကြာတွင် တုန်တုန်ယင်ယင်ပြောလိုက်သည်။

“ရှင် ဒီလူတွေကို သတ်ပစ်လိုက်တယ်။ ဒါပေမယ့် အကျိုးဆက်ကို စဥ်းစားခဲ့ရဲ့လား။ ရှင် ဒီမှာရှိနေတုန်း ကြောက်လို့လာမကြည့်ရဲကြပေမယ့် ရှင်ထွက်သွားတာနဲ့ ဒီနေရာက လက်စားချေမှုကို ဆယ်ဆပို ရက်ရက်စက်စက်ခံရလိမ့်မယ်”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“လက်စားချေတာမျိုး မရှိနိုင်တော့ဘူး”

“ဘယ်လိုဖြစ်နိုင်မှာလဲ…” စကားတစ်ဝက်ပြောလျက် ရွှယ်အန်းကိုကြည့်နေစဉ် နီကီတာ၏မျက်လုံးများသည် မယုံကြည်နိုင်လောက်အောင်ပြူးကျယ်သွားသည်။

ရွှယ်အန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

"မင်းက အရမ်းထက်မြက်တဲ့လူပဲ"

ရွှယ်အန်းက မည်သို့လုပ်မည်ဖြစ်ကြောင်း မှန်းဆထားပြီးဖြစ်၍ သူမ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို မထိန်းနိုင်တော့ပေ။

‘ဒါပေမယ့် ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’

နောက်ဆုံးတွင် သူသည် မက်စီကန်လူမျိုးများစွာကို ထိန်းချုပ်ထားသည့် မူးယစ်ရာဇာဖြစ်သည်။

“မင်းက FBI ကဆိုတော့ ငါ့အကြောင့် သိလိမ့်မယ်။ ငါ့နာမည်က ရွှယ်”

ရွှယ်အန်း၏ စကားများက အပြာရောင်ကျည်ဆန်တစ်လုံးကဲ့သို့ ထွက်ပေါ်လာရာ နီကီတာက ရွှယ်အန်းကို ထိတ်လန့်တကြား ကြည့်နေသည်။

‘တကယ်ပဲ’

‘တကယ် သူပဲ’

ဤသူသာလျှင် ဤမျှထို ယုတ်မာစွာပြုမူလိမ့်မည်။

သော့ချက်သည်ကား… သူ့တွင် သြဇာသက်ရောက်နိုင်သော မြို့တော်ရှိသည်။

"နောက်ကျနေပြီ၊ အခုလုပ်ရအောင်" ရွှယ်အန်းက ထို့နောက် အဝေးမှ အန်းယန်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။

“ယန်အာ ခဏစောင့် ကိုယ် ချက်ချင်းပြန်လာခဲ့မယ်”

ဤသို့ပြောပြီးနောက် ရွှယ်အန်းချုံးသည် ကောင်းကင်သို့တက်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ မိုးကုတ်စက်ဝိုင်းသို့ ပျောက်ကွယ်သွားခဲ့သည်။ နီကီတာသည် ယင်းကို ကြောင်အစွာကြည့်နေပြီးနောက် အချိန်အတန်ကြာမှ ဒေးဗစ်၏ အော်ခေါ်သံများကြောင့် အသိပြန်ဝင်လာသည်။

ဤအချိန်တွင် ဒေးဗစ်က အန်ထုတ်၍ မျက်နှာများပင် စိမ်းနေကာ အားနည်းစွာဖြင့် မေးလိုက်သည်။

“နီကီတာ အခု နတ်ဆိုးနတ်ဘုရားနဲ့တူတဲ့ လူက ဘယ်သူလဲ”

နီကီတာက ခါးသက်စွာပြုံးလိုက်သည်။

“နတ်ဆိုးနတ်ဘုရားဟုတ်လား။ သူ့လက်ထဲမှာ သေသွားတဲ့ နတ်ဆိုးနတ်ဘုရာားတွေက

ရေတွက်လို့မရလောက်အောင် များပြားနေပြီ"

"ဘာ" ဒေးဗစ်၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။

မြေပြင်အနှံ့ပြန့်ကျဲနေသော အလောင်းများကိုကြည့်၍ နီကီတာက အံကြိတ်ကာ ဖုန်းကို ထုတ်၍ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ဟယ်လို၊ ချစ်ရတဲ့ နီကီတာ၊ ဒီအချိန်ကြီး ဘာလို့ ဖုန်းခေါ်ရတာလဲ။ မက်ဆီကိုက လူရမ်းကားတွေက နောက်တစ်ခါ ယုတ်မာတာတွေ စီစဥ်နေတယ်လို့တော့ မပြောနဲ့။ အပန်းဖြေရမယ့် အားလပ်ရက်လေးကို စောင့်နေတယ်” FBI ထောက်လှမ်းရေးအကြီးအကဲ လန်ဖရိုက ဖုန်းဖြင့် ရယ်မောပြောဆိုခဲ့သည်။

နီကီတာက ခါးသက်သက်ပြုံးလိုက်သည်။

"မစ္စတာလန်ဖရို၊ ရှင့် ညနေခင်းအစီအစဉ်တွေ ပျက်သွားမှာကျွန်မ စိုးတယ်။ တစ်ယောက်ယောက်က ဂွန်ဇယ်လာရဲလူတွေကို သတ်လိုက်တယ်”

"အိုး၊ ဘယ်သူလဲ၊ ဂွန်ဇယ်လားနဲ့ ပြိုင်ဘက်ဂိုဏ်းကလား" လန်ဖရိုက စိတ်အေးလက်အေးဖြစ်နေဆဲပင်ဖြစ်သည်။

အမေရိကနိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သောကြောင့် မက်ဆီကို အတွင်းအဖြစ်အပျက်မှန်သမျှကို စောင့်ကြည့်နေခဲ့သည်။ ဂွန်ဇယ်လာသည် အကြီးကျယ်ဆုံး မူးယစ်ဆေးသခင်ဖြစ်သဖြင့် ၎င်းတို့ အာရုံစိုက်နေကြရခြင်းမှာ သဘာဝသာဖြစ်သည်။

သူ၏လူများကို သတ်ဖြတ်ခြင်းသည် ကြီးမားသောကိစ္စတစ်ခုအဖြစ် အရည်အချင်းပြည့်မီသည်။

သို့သော် လန်ဖရိုက သူ၏ အားလပ်ရက်ကို ခံစားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် ကော်ဖီကို အေးဆေးစွာ သောက်ကာ အလွန် စိုးရိမ်ပူပန်ခြင်းမရှိသေးပေ။ သို့သော် နောက်ထပ်အခိုက်အတန့်၌ သူ၏ အေးဆေးသော အမူအရာ ပျောက်ကွယ်ကာ ခုဏက ‌သောက်ခဲ့သည့် ကော်ဖီကို ထွေးထုတ်လိုက်သည်။

“လူသတ်သမားက ရွှယ်အန်းပဲ။ သူဂွန်ဇယ်လာဆီသွားတဲ့လမ်းပေါ်ရောက်နေပြီ”

“ဘုရားရေ ကောင်းလိုက်တာ။ ရွှယ်အန်းကို စောင့်ကြည့်နေရမယ့်လူတွေရဲ့ ခေါင်းတွေကို လှန်ပစ်ရတော့မယ်။ ငါ့ကို ရွှယ်အန်းက ဥရောပမှာခရီးထွက်နေတယ်လို့ စာပို့ထားတာ။ ခွေးမသားတွေ”

လန်ဖရိုက အတိုင်းအတာတစ်ခုအထိ ဒေါသတကြီးဖြစ်နေ၏။

အရာအားလုံးသည် အလင်းအသင်းတော်ဖြစ်ရပ်ကြောင့်ပင်ဖြစ်သည်။

ရွှယ်အန်းသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ အကြောက်ဆုံးနှင့် အကာကွယ်ဆုံးဖြစ်တည်မှု ဖြစ်လာခဲ့သည်။

ထို့ကြောင့် သူ၏လှုပ်ရှားမှုတိုင်းသည် ထောက်လှမ်းရေးအေဂျင်စီအားလုံးအတွက် စိတ်ဝင်စားဖွယ်အချက်အချာဖြစ်လာခဲ့သည်။

အမေရိကနိုင်ငံသည်လည်း ချွင်းချက်မရှိပေ။

လန်ဖရိုက သေမိန့်ကို ချထားပြီးဖြစ်ကာ ရွှယ်အန်းနှင့် ပတ်သက်သည့်အရာအားလုံးက အရေးအကြီးဆုံးဖြစ်သည်။ သူနှင့် ပတ်သက်၍ တွေ့ရှိမှုမှန်သမျှကို သတင်းပို့ကြရမည်။ သို့သော် နီကီတာ၏ အစီရင်ခံမှုကြောင့်သာမဟုတ်ပါက FBI တစ်ခုလုံးနှင့် အမေရိကနိုင်ငံသည် ဤကိစ္စကို သတိထားမိဦးမည်မဟုတ်ပေ။

"နီကီတာ၊ မင်းက အများကြီး ပံ့ပိုးပေးခဲ့တယ်၊ ဒါကို အထက်လူကြီးတွေကို ငါ သတင်းပို့လိုက်မယ်။ အခု ဖုန်းချလိုက်မယ် ဒါပဲ" ထို့နောက် လန်ဖရိုက ဖုန်းခေါ်ဆိုမှုကို အလျင်အမြန် အဆုံးသတ်ခဲ့သည်။

သူက ချက်ချင်းပင် ဤကိစ္စကို ကွန်ရက်ပေါ်သို့ သတင်းပို့လိုက်သည်။ မကြာခင်၌ပင် အမေရိကနိုင်ငံတစ်ခုလုံး တုန်လှုပ်၍ နိုင်ငံတော် သမ္မတကြီးကပင် အရေးတကြီး အစည်းအဝေးခေါ်ခဲ့သည်။

အစည်းအဝေးတွင် အဓိက ဆွေးနွေးရမည့်အချက်မှာ ရွှယ်အန်း၏ လုပ်ဆောင်ချက်များသည် မက်ဆီကိုတွင် နိုင်ငံတွင်း မတည်မငြိမ်ဖြစ်မှုကို နှိုးဆွနိုင်၍ အမေရိကနိုင်ငံ၏ အကျိုးစီးပွားရေးကို ထိခိုက်နိုင်ခြင်းရှိမရှိပင်ဖြစ်သည်။

နိဂုံးက မြန်ဆန်သည်။

ဂွန်ဇယ်လာက စံနမူနာမဟုတ်သော်လည်း နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ပြီးနောက်တွင် သူ၏လုပ်ကြံသတ်ဖြတ်မှုသည် မက်ဆီကိုတွင် မလွဲမသေ အထိကရုန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် သူ့ကို အစားထိုးရာ၌ ဂွန်ဇယ်လာကဲ့သို့ လိုက်လျောညီထွေရှိသောသူ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဂွန်ဇယ်လာကို အလျင်အမြန် ဖုန်းခေါ်ဆိုခဲ့သည်။ ယခုအချိန်တွင် ဂွန်ဇယ်လာသည် သူ၏

ဇိမ်ခံအိမ်ကြီးတွင် ကျေနပ်မှုအပြည့်ဖြင့် ရေကူးနေသည်။

တယ်လီဖုန်းမြည်လာသောအခါ ဆံပင် ရွှေရောင်နှင့် မိန်းမလှလေးက သူ့ထံသို့ ချဉ်းကပ်လာသည်။

"ဆရာ ဖုန်းတစ်ကောလာလို့”

ဂွန်ဇယ်လာက မျက်မှောင်ကြုတ်လိုက်သည်။

"တနင်္ဂနွေညမှာ ဘယ်သူဖုန်းဆက်မှာလဲ"

“အမေရိကနိုင်ငံက” အတွင်းရေးမှူးမက ခပ်တိုးတိုးပြောသည်။

ထိုစကားက ဂွန်ဇယ်လာက ခေတ္တတုံ့ဆိုင်းသွားပြီးနောက်

ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည်။ ဆက်သွယ်မှုပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ဖုန်းလိုင်း၏ အခြားတစ်ဖက်တွင် လန်ဖရိုက ပြော၏။

“ခွေးမသား ဂွန်ဖယ်လာ”

အသံက ကျယ်လွန်းလှသော ကြောင့် အနားရှိ အိမ်အကူများနှင့် ကိုယ်ရံတော်များပင် ကြားနိုင်သည်။ ဂွန်ဇယ်လာက အနည်းငယ် ရှက်ရွံ့သွားကာ စိတ်ထဲ၌လည်း ဒေါသထွက်သွားသည်။

သူသည် အမေရိကနိုင်ငံနှင့် ပူးပေါင်းနေသော်လည်း ဤလူများ၏ အလိုအလျောက် စော်ကားခံရမည့် ခွေးတစ်ကောင်ဖြစ်သည်ဟု မဆိုလိုပေ။

“မစ္စတာလန်ဖရို ၊ တနင်္ဂနွေညမှာ မင်းဘာတွေ ဒီလောက်ဒေါသထွက်နေတာလဲ" ဂွန်ဇယ်လာက သူ၏ လက်အောက်ငယ်သားများကမ်းပေးလာသည့် ဆေးလိပ်တစ်လိပ်ကို ယူ၍ တစ်ချက်ရှိုက်ပြီးနောက် ပြောလိုက်သည်။

လန်ဖရိုက ဒေါသတကြီးဖြင့် အော်လိုက်၏။

‘ဂွန်ဇယ်လာ ငါမင်းနဲ့ အလာပသလာပပြောဖို့ အချိန်မရှိဘူး။ ငါပြောနိုင်တာက မင်းအခုချက်ချင်း ပုန်းဖို့ နေရာရှာဖို့ပဲ။ ပုန်းနိုင်လေလေပိုကောင်းလေ။ မြန်မြန်ထတော့”

ဂွန်ဇယ်လာက အံ့အားသင့်သွားသည်။

"မစ္စတာ လန်ဖရို၊ ဘာဖြစ်နေတာလဲ မေးလို့ရမလား"

"ဘာတွေဖြစ်နေတာလဲဟုတ်လား။ မင်းကအရူးပဲ၊ မင်းဘယ်တော့မှ သွားမထိသင့်တဲ့ လူတစ်ယောက်ကို စော်ကားလိုက်မိပြီ။ အဲ့လူက မင်းကို သတ်ဖို့ လာနေပြီကွ။ နားလည်လား” လန်ဖရိုက ‌အော်လိုက်သည်။

သို့သော်လည်း ဂွန်ဇယ်လာက မယုံနိုင်ပေ။

“မစ္စတာလန်ဖရို မင်းရဲ့ သတိပေးချက်ကို ငါ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီမက်ဆီကိုမှာ ငါ့ကို ဘယ်သူမှ ခြိမ်းခြောက်လို့မရဘူး၊ ငါစော်ကားဖို့ တတ်နိုင်သူမရှိဘူး"

ဂွန်ဇယ်လာက ဤမျှ ခေါင်းမာလိမ့်မည်ဟု လန်ဖရိုမထင်ထားခဲ့ပေ။

သူ၏ အတွင်းစိတ်ဒေါသကို တွန်းလှန်ရန် ကြိုးစား၍ ဆက်ပြောသည်။

“ဂွန်ဇယ်လာ မင်းရဲ့ အင်အားက မက်ဆီကိုရဲ့တရားဝင်အစိုးရထက် မနည်းဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ဒီလူက မတူဘူး။ သူ ပိုင်ဆိုင်တဲ့ စွမ်းရည်တွေက ကမ္ဘာလောကက နားမလည်နိုင်လောက်အောင်ကို ကျော်လွန်နေတယ် ပြီးတော့ မင်းတင်မကဘူး၊ အမေရိကနိုင်ငံကတောင် သူ့ကို ရန်မစရဲဘူး မင်းနားလည်လား”

ဤသည်ကိုကြားသောအခါ ဂွန်ဇယ်လာက အနည်းငယ် ထိတ်လန့်သွားသည်။

"မစ္စတာ လန်ဖရို ငါ့ရဲ့ အင်အားနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေပုံရတယ်။ ငါပြောနေတာက ငါ့လူတွေမှာ သေနတ်တွေဘယ်လောက်ရှိပါတယ်လို့ ပြောချင်တာမဟုတ်ဘူး”

ဤသို့ပြော၍ ဂွန်ဇယ်လာက ဆိုဖာပေါ်၌ ထိုင်နေသော ‌ရွှေရောင်မျက်နှာဖုံးဝတ်ထားသည့် ရှေးခေတ်မာယာအဝတ်အစားများဝတ်ထားသော လူတစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။

“လျှို့ဝှက်ဆန်းကြယ်တဲ စွမ်းအားတွေနဲ့ပတ်သက်ရင် ရှေးခေတ်ကတည်းက ကောင်းကင်ဘုံရှင်နဲ့ ဆက်သွယ်နိုင်တဲ့ မာယာဘုန်းကြီးထက်ဘယ်သူက စွမ်းအားကြီးနိုင်မှာလဲ” ဂွန်ဇယ်လာက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

All Chapters