အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အခန်း(၄၃၀) ၄၃၀
ရှေးခေတ်မာယာယဥ်ကျေးမှူ၏ မွေးရပ်မြေဖြစ်သော မက်ဆီကိုနိုင်ငံအနေဖြင့် ဤ
ဤပျောက်ဆုံးသွားသောယဉ်ကျေးမှုသည် လျှို့ဝှက်ဆန်းကြယ်၍ အစွမ်းထက်သည်ဟု လူအများက ယုံကြည်ကြသည်။
ဂွန်ဇယ်လာက ဤသည်ကို သေချာသိသည်။
သူ့ကိုယ်သူ မာယာ၏ မျိုးဆက်ဟု စဥ်းစားရုံသာမက မာယာဘုန်းကြီး၏ စွမ်းပကားကိုလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရ သည်။ သို့သော် ယခုအခိုက်အတန့်တွင် လန်ဖရိုက မာန်တက်နေသော ဂွန်ဇယ်လာကို ဖုန်းထဲမှပင် လည်ပင်းညှစ်သတ်ချင်စိတ်ပေါက်နေသည်။
“နားထောင် ဒီလူက လုံးဝကို မတူဘူး။ မင်းမှာဘယ်လောက်ပဲ စွမ်းအားရှိတဲ့သူတွေရှိပါစေ သူနဲ့ယှဥ်နိုင်မှာမဟုတ်ဘူး။ ငါ့အကြံကို လက်ခံပြီး ပုန်းဖို့ နေရာရှာတော့” လန်ဖရိုက စိတ်အားထက်သန်စွာပြောသည်။
ဂွန်ဇယ်လာက စိတ်မရှည်တော့ပေ။
“မစ္စတာလန်ဖရို မာယာရဲ့ သားမြေးတွေက ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ ကျေးဇူးပြုပြီး မပြောပါနဲ့တော့”
ဤသို့ဖြင့် ဂွန်ဇယ်လာက ဖုန်းချလိုက်သည်။
ဖုန်းခေါ်ဆိုမှုပြတ်တောက်သွားပြီးနောက် လန်ဖရိုက အလွန် ဒေါသထွက်လွန်းလှသဖြင့် ရူးသွပ်သွားတော့မည့်အလား ခံစားနေရသည်။
“ဒီခွေးကောင် ငရဲကိုသွားစမ်း”
သို့သော် ဂွန်ဇယ်လာက သတိလက်လွတ်မနေခဲ့ပေ။
“မိုယာနဲ့ အဆက်အသွယ်ရလား”
“မရသေးဘူး ဆရာ”
“ဒါဆို ဟိုမှာ ပြဿနာရှိနေပြီထင်တယ်။ ဒီညမှာ ငါတို့ဆီ မလိုလားအပ်တဲ့ ဧည့်သည်တွေရောက်လာနိုင်တယ်ဆိုတာ အားလုံးကို အသိပေးထားလိုက်ပါ”
“ဟုတ်ကဲ့ပါဆရာ”
မူးယစ်ရာဖာတစ်ဦးအနေဖြင့် ဂွန်ဇယ်လာ၏ အိမ်က ကြီးမားကာ လုံခြုံမှုမြင့်မားသည်။ ထိုနေရာတွင် အစောင့်အကြပ်များသာမက နည်းပညာမြင့် လုံခြုံရေးအစီအမံများကိုလည်းထားရှိထားသည်။ ရေဒါ အသေးစားများနှင့် လေယာဥ်ပစ်ဒုံးကျည်များကို ဗီလာ၏ ခေါင်မိုးထက်တွင် တပ်ဆင်ထားသည်။
ဤခိုင်ခံ့သော ခံတပ်များကို တပ်ငယ်များကပင် ဖောက်ဖျက်နိုင်လိမ့်မည်မဟုတ်ဟု ဂွန်ဇယ်လာက ခံစားမိသည်။
ထို့ကြောင့် လုံခြုံရေးနှင့်ပတ်သက်၍ လုံးလုံးလျားလျား စိုးရိမ်ခြင်းမရှိပေ။
သူ၏ အမြင်အရ တစ်စုံတစ်ယောက်သာ အမှန်တကယ်ရောက်လာပါက မိမိကိုယ်ကို သတ်သေခြင်းနှင့် တူပေလိမ့်မည်။
“ဆရာ ဒါတွေကို ကျေနပ်ရဲ့လား” ဆယ့်ငါးနှစ်အရွယ်ပင်မရှိသေးသော မိန်းကလေးအများအပြားကို ဦးဆောင်လာသည့် ကြောက်လန့်ဖွယ်မျက်နှာမျိုးရှိသည့် အမျိုးသမီးက မေးသည်။
ဂွန်ဇယ်လာက သူ၏ မျက်လုံးများကို ကျုံ့၍ ၎င်းတို့ကို ကြည့်လိုက်ပြီးနောက် တစ်ယောက်ကို ထိုးပြလိုက်သည်။
“သူအိပ်ခန်းထဲက မိချောင်းကန်ထဲကို ပစ်ချလိုက်ပါ။ ငါ့ကောင်တွေလည်း အသားလတ်လတ်ဆတ်ဆတ်လေး စားသင့်တယ်”
“ဟုတ်ကဲ့”
ကြောက်ရွံ့တုန်လှုပ်နေသော ကောင်မလေးက ဆွဲခေါ်ထုတ်ခြင်း ခံလိုက်ရသည်။ အနားသို့ရောက်သောအခါ လက်အောက်ငယ်သားများက ပြုံး၍ ကောင်မလေးကို ဖက်ထားကြသည်။
“သူက အရမ်းလှတယ်။ သူ့ကိုအကုန်လုပ်ပြီးသွားတာ နှမျောစရာပဲ။ မဟုတ်ရင် ငါတို့ ညီအစ်ကိုတွေ သူ့ကို မိချောင်းစာမကျွေးခင် အတူတူ ပျော်လို့ရတယ်”
“တော်စမ်းပါ သူဌေးသာ မင်းစကားကြားရင် မိချောင်းစာကျွေးခံရမယ့်လူက မင်းဖြစ်သွားလိမ့်မယ်ကွ” အခြားလက်အောက်ငယ်သားတစ်ဦးက အမြန်ပြောလိုက်သည်။
“ဟုတ်တယ် သူ့ကို အမြန်ပစ်ချလိုက်ရအောင်”
လက်အောက်ငယ်သားများက ကောင်မလေးကို မိချောင်းကန်ထဲပစ်ချရန် တညီတညွတ်တည်း လုပ်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် လက်အောက်ငယ်သားများက တစ်စုံတစ်ရာပျောက်ဆုံးသွားသည့်အလား ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါတွင် မိန်းကလေးက ၎င်းတို့၏ လက်တစ်ဖက်စီနှင့်အတူ မြေပြင်ပေါ်သို့ လဲကျနေသည်ကို မြင်လိုက်ကြရသည်။
သို့သော် ချက်ချင်းဆိုသကဲ့သို့ပင် ၎င်းတို့၏ ဦးခေါင်းများက လေထုအလယ်သို့ လွင့်ပျံသွားသည်။ ထို့နောက် အသက်မရှိတော့သော ခန္ဓာကိုယ်များက မိချောင်းကန်ထဲသို့ ကျသွား၏။ သို့သော်လည်း ပုံမှန်အားဖြင့် ရက်စက်ကြမ်းကြုတ်သော ဤမိချောင်းများက ယခုအခါတွင် တစ်လက်မမျှမလှုပ်ဝံ့ကြဘဲ ကန်၏ အောက်ခြေ၌ ရေကူးနေကြသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲများအနေနှင့် ၎င်းတို့သည် ပြင်းထန်သော စွမ်းအားကို လူသားများထက် ပို၍ ခံစားသိရှိနိုင်ကြသည်။
သို့သော် မကြာခင်၌ပင် ရေကန်အောက်ခြေမှ မိချောင်းများက တစ်ကောင်ပြီးတစ်ကောင်ပေါက်ကွဲသွားသည်။ ရေကန်တစ်ခုလုံး သွေးများ ပြည့်လျှံသွားသည်နှင့် တစ်ပြိုင်နက် ရေသည် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။
ရွှယ်အန်းသည် အခင်းဖြစ်ပွားရာ အလယ်ဗဟို၌ ပေါ်လာကာ သေဆုံးလုနီးပါး ညှင်းပန်းနှိပ်စက်ခံထားရသည့် မိန်းကလေးကို ငုံ့ကြည့်၍ မျက်လုံးထဲတွင် ဒေါသအငွေ့အသက်များ ပေါ်လာသည်။
‘ကောင်းတယ်’
‘အချို့လူတွေက တကယ်ပဲ ကမ္ဘာပေါ်မှာ တည်ရှိနေဖို့ ထိုက်တန်တဲ့ပုံမပေါ်ဘူး’
“ဟိုးမှာ ဘယ်သူလဲ” မိကျောင်းကန်ဘေး၌ ရပ်နေသော ရွှယ်အန်းကို တွေ့သောအခါ လူတစ်ယောက်က လှမ်းအော်လိုက်သည်။
ရွှယ်အန်းက မော့ကြည့်လိုက်၏။
အဆိုပါအဖွဲ့ကို လက်နက်အပြည့်တပ်ဆင်ထားသော ကိုယ်ရံတော်များဖြင့် ဖွဲ့စည်းထားသည်။
ထိုအချိန်တွင် ၎င်းတို့က သေနတ်များကို သူ့ဘက်သို့ ချိန်ရွယ်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်လိုက်ကြသည်။
ကျည်ဆန်ပေါင်းများစွာက ရွှယ်အန်းဆီသို့ တိုးဝင်လာသည်။ သို့သော် ရွှယ်အန်းက သူ့ခြေထောက်ကို ဖြည်းညှင်းစွာမြှောက်လျက် ခြေတစ်လှမ်းလှမ်းလိုက်သည်။
ထိုခြေလှမ်းတစ်ခုတည်းဖြင့် မြေကြီးက တုန်လှုပ်သွားသည်။ ကျည်ဆန်များသည် လေထုထဲတွင် ချက်ချင်း အေးခဲကာ ဖုန်မှုန့်များအဖြစ် လျင်မြန်စွာ ပြောင်းလဲ၍ လေနှင့်အတူ ပြန့်ကျဲသွားသည်။ မီးရှူးမီးပန်းများ တစ်ခုပြီးတစ်ခု ပေါက်ကွဲလာသည့်တိုင် သက်တော်စောင့်များက အံ့သြကြောင်အနေကြဆဲဖြစ်သည်။ ဤထူးဆန်းသော သွေးထွက်သံယိုမြင်ကွင်းသည် နောင်မှ ရောက်လာသူများအားလုံးကို အံ့သြထိတ်လန့်စေသည်။
လူများစွာက ဘောင်းဘီထဲ၌ ဆီးများသွားမိသည်အထိ ထိတ်လန့်လျက်ရှိကြသည်။
“ပစ်ကြ အခု ပစ်ကြ” လူတစ်ယောက်က အော်လိုက်သည်။
အဆုံးမဲ့သော ကျည်ဆန်ပေါင်းများစွာက ယခုအကြိမ်တွင် တင့်ကားပစ်ခတ်ဒုံးကျည်များနှင့် ရောနှောကာ သူ့ဆီသို့ ထပ်မံရောက်ရှိလာသည်။ ဤအရာအားလုံးကို ရင်ဆိုင်နေရသော်လည်း ရွှယ်အန်း၏ ဝမ်းနည်းခြင်းမရှိဘဲ နောက်ကျောသို့ လက်နှစ်ဖက်ယှက်ကာ ခြေတစ်လှမ်းဆုတ်လိုက်သည်။
ဘမ်း
ကျည်အားလုံးက ရွှယ်အန်းကို ဗဟိုပြုလျက် မီတာရာဂဏန်းအတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည်။ ကျည်ဆန်များ၊ ဒုံးကျည်များနှင့် နုနယ်သော လူသားဦးခေါင်းများအားလုံး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲကာ ပေါက်ကွဲသွားသည်။
တစ်ချိန်တည်း၌ပင် ပျော်ရွှင်ဖွယ်ညတစ်ညရချင်၍ ပြင်ဆင်နေသော ဂွန်ဇယ်လာသည် အိပ်ရာထဲမှ ရုတ်တရက် လန့်ဖျပ်သွားသည်။ သူသည်လည်း ပြင်းထန်သည့် သတ်ဖြတ်ရောင်ဝါကို ခံစားလိုက်ရသည်။ သူ့ဘေးနားရှိ ရွှေရောင်မျက်နှာဖုံးဝတ်ထားသော မာယာဖုန်းကြီးသည်လည်း အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲ” ဂွန်ဇယ်လာက အိမ်ကြီးတစ်လုံးလုံး တုန်ခါသွားသည်ဟု ခံစားလိုက်ရသောကြောင့် ကျယ်လောင်စွာ မေးလိုက်သည်။
တစ်ချိန်တည်း၌ပင် ဗီလာ၏ ဖောက်ထွင်း၍မရနိုင်ဟု ထင်ရသော နံရံများက ဖယောင်းကဲ့သို့ တဖြည်းဖြည်းချင်း အရည်ပျော်သွားသည်။ ချမ်းအေးသော လေတိုက်ခတ်မှုအောက်၌ ဂွန်ဇယ်လာ၏ မျက်နှာက ကြောက်လန့်မှုအပြည့်ရှိနေသည်။
လရောင်အောက်၌ လူတစ်ယောက်က ခြေတစ်လှမ်းချင်းလှမ်းလာသည်။
သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် မရေမတွက်နိုင်ဖွယ်များပြားလှသော သက်တော်စောင့်များနှင့် အစောင့်အကြပ်များက သေခြင်းတရားနှင့် ရင်ဆိုင်လိုက်ကြရသည်။ သွေးများပန်းထွက်၍ ပန်းပွင့်များနှယ် လွင့်စင်ကုန်ရာ အလွန်လှပသော်လည်း ရက်စက်ကြမ်းတမ်းလှသည်။ ဤမညှာမတာ သတ်ဖြတ်ခြင်းမြင်ကွင်းက ရက်စက်ကြမ်းကြုတ်သော ဂွန်ဇယ်လာကိုပင် တုန်လှုပ်သွားစေသည်။
မာယာဘုန်းကြီး၏ လေသံကလည်း ပြင်းထန်လာသည်။
“ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှု”
ဂွန်ဇယ်လာက တုန်လှုပ်စွာဖြင့် ထအော်လိုက်၏။
“ဘုန်းကြီး ကျွန်တော့်ကို ကာကွယ်ပေးပါ”
မာယာဘုန်းကြီးက အေးစက်စွာပြန်ဖြေလိုက်သည်။
“စိတ်ချပါ ငါ့အကာအကွယ်အောက်မှာ မင်းကို ဘယ်သူမှ ဒုက္ခပေးရဲမှာမဟုတ်ဘူး”
ဂွန်ဇယ်လာသည် ချက်ချင်းပင် အလွန်စိတ်ချလက်ချခံစားလိုက်ရ၏။ သူက သူ၏ ကိုယ်ပိုင် ဘုန်းကြီးအပေါ် အလွန် ယုံကြည်မှုရှိသည်။ ဤအချိန်တွင် ဗီလာ၏ အစောင့်များနှင့် သက်တော်စောင့်များအားလုံး သေဆုံးသွားပြီဖြစ်သည်။
ထူထဲသော သွေးနံ့က လေလထုထဲသို့ ပျံ့နှံ့နေသည်။
ထို့နောက် ရွှယ်အန်းက ဗီလာရှေ့သို့ ရောက်လာကာ ရွှေရောင်မျက်နှာဖုံးဝတ်ထားသည့် ဘုန်းကြီးနှင့် သူ့နောက်တွင်ပုန်းနေသော ဂွန်ဇယ်လာကို ကြည့်၍ ဘာသိဘာသာ ပြောလိုက်သည်။
“နတ်ဆိုးဘုန်းကြီးလား”
မာယာဘုန်းကြီးက ခေတ္တရပ်တံ့သွားပြီးနောက် လှောင်ရယ်လိုက်သည်။
“နတ်ဆိုးဘုန်းကြီးအကြောင်း မင်းက တကယ်သိလား”
သူပြောသည့်အတိုင်းပင် မာယာဘုန်းကြီး၏ ခန္ဓာကိုယ်က ရွှေရောင်တောက်ပလာ၍ သူ၏ အရပ်အမောင်းသည်လည်း အဆပေါင်းများစွာ ကြီးမားလာရာ ခုနှစ်မီတာမှ ရှစ်မီတာအမြင့်ရှိသည့် နတ်ဆိုးအဖြစ်ပြောင်းလဲသွားသည်။
“ကောင်လေး မင်းရဲ့ အကြည့်တွေနဲ့ ခွန်အားတွေက ချီးကျူးစရာကောင်းပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မင်းက ဒီမြေမှာ မာယာလူမျိုးတွေကို ရန်မစခဲ့သင့်ဘူး”
အခန်း(၄၃၁) မာန်တတ်နေတဲ့ကောင်တွေက ဘယ်လို နှိမ့်ချရမလဲဆိုတာ သင်ရမယ်
မာယာဘုန်းကြီး၏ ပြင်းထန်သော လက်သီးချက်ကဆင်းသက်လာ၍ ထိမှန်သွားခြင်းမရှိသေးသော်လည်း မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းကြီးတစ်တွင်း ရုတ်တရက်ပေါ်လာသည်။ အထဲ၌ ရပ်နေသည့် ရွှယ်အန်းက နောက်ကျောသို့ လက်နှစ်ဖက်ယှက်လျက်ပင် ဆင်းသက်လာသော လက်သီးများကို မော့ကြည့်လိုက်သည်။
“မင်းမပြောနဲ့ မင်းကိုးကွယ်နေတဲ့ နတ်ဘုရားတွေ ပြန်လာမယ်ဆိုရင်တောင် ငါသူတို့ကို မကြောက်ဘူးကွ”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက ရုတ်တရက် မော့ကြည့်၍ ခြေဆောင့်ကာ တစ်ကိုယ်လုံး လေထဲသို့ ပျံတက်လျက် မာယာဘုန်းကြီး၏ ရှေ့သို့ ရောက်သောအခါ ပါးရိုက်ရန် လက်ကိုမြှောက်လိုက်သည်။
ဘမ်း
ဤရိုက်ချက်ကြောင့် ဘုန်းကြီးက မြေပြင်မှ ပျံတက်သွားကာ လွင့်ထွက်လျက် လေထုထဲတွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်သွားပြီးမှ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်သွားသည်။
မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ အက်ကွဲသွားသည်။ ယင်းနှင့်အတူ သူဝတ်ထားသော ရွှေရောင်မျက်နှာဖုံးသည်လည်း အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ မျက်နှာဖုံးအောက်၌ နတ်ဆိုး၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာရှိနေသည်။ နတ်ဆိုးနတ်ဘုရားက အနက်ရောင်မီးခိုးတစ်စင်းအဖြစ်ပြောင်းလဲကာ ကောင်းကင်ယံထက်ဆီသို့ တည့်တည့် တိုးဝင်သွားသည်။
သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၍ နတ်ဆိုးနတ်ဘုရားနောက်သို့ ချက်ချင်းလိုက်သွားသည်။
“မဖြစ်ဘူး” ကျယ်လောင်သော အော်သံတစ်ခုက အကြောက်တရားများကိန်းအောင်းလျက် ထွက်ပေါ်လာသည်။
ဓားအလင်းက နတ်ဆိုးနတ်ဘုရားကို တိုက်ရိုက်ချေမှုန်းပစ်လိုက်သည်။ ဤအရာများအားလုံးပြီးနောက် ရွှယ်အန်းက ဆန်ခါကဲ့သို့ တုန်လှုပ်ကာ သရဲတစ္ဆေကဲ့သို့ ဖြူစုတ်နေသော ဂွန်ဇယ်လာကိုခေါင်းလှည့်၍ ကြည့်လိုက်သည်။
သူ စကားမပြောခင်၌ ဂွန်ဇယ်လာက မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။
“အရှင် ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော့ရဲ့ ကြွယ်ဝချမ်းသာမှုတွေအားလုံး အရှင့်ကိုပေးဖို့ ဆန္ဒရှိပါတယ်။ အသက်ကိုပဲချမ်းသာပေးပါ”
ဤသို့ပြောလျက် ဦးခေါင်းကို ညွတ်ထားကာ အကြိမ်ကြိမ် ရှိခိုးနေသည်။ ရွှယ်အန်းက ဤမြင်ကွင်းကို ခပ်ပါးပါးပြုံး၍ ကြည့်နေ၏။
“တကယ်တော့… ငါက သတ်ရတာမကြိုက်ဘူး” ရွှယ်အန်းက ရုတ်တရက် ပြောလိုက်သည်။
“ဒါပေမယ့် တခါတလေကျရင် အဲ့လိုလုပ်လိုက်မှတရားမျှတာတာမို့ ငါတော်တော်လေး သတ်ရတာကြိုက်တယ်ကွ”
“အဲ့မတိုင်ခင် တစ်ချိန်က မာန်တက်နေခဲ့တဲ့ကောင်တွေကလည်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနှိမ့်ချနေထိုင်ရမလဲဆိုတာ သင်ယူရတယ်။ ချုပ်တည်းတတ်အောင်သင်ယူရတယ်။ လူဆိုးတွေက နောက်ကြောင်းပြန်ချင်ကြတယ်။ အတိုချုပ်ပြောရရင် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ လူတိုင်းက ဒါရဲ့အရှေ့မှာ တန်းတူညီတူဖြစ်လာတယ်”
ရွှယ်အန်းထံမှ ဤစကားများသည် ဂွန်ဇယ်လာ၏ တစ်ကိုယ်လုံးကို ချွေးစေးများထွက်လာစေကာ သက်ညှာပေးရန် တောင်းဆိုချင်သော်လည်း လျှာကို ကြိုးဖြင့် ထုံးထားသကဲ့သို့ စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။
“ငါအမြဲ သိချင်နေခဲ့တာ” ရွှယ်အန်းက အိပ်ရာကုတင်ထက်မှ တုန်ယင်နေသော ကောင်မလေးကို လှမ်းကြည့်၍ ဘာသိဘာသာပြောလိုက်သည်။
“ဘာလို့ အယုတ်မာဆုံးနဲ့ အရက်စက်ဆုံးကောင်တွေက အချိန်ကျလာတဲ့အခါ သေခြင်းတရားကို အကြောက်ဆုံးဖြစ်နေကြတာလဲ”
“ငါအခု နားလည်ပြီ မင်းက တခြားသူတွေထက် ဘဝရဲ့တန်ဖိုးကို ပိုနားလည်လာတဲ့အတွက်ကြောင့်မို့လို့ပဲ။ ဒါတောင် အခြားသူတွေရဲ့ဘဝကိုတော့ ဖျက်ဆီးချင်သေးတာပဲ မဟုတ်လား”
ဂွန်ဇယ်လာက ရွှံ့နွံကဲ့သို့ ပျော့ခွေနေကာ ချွေးများက ငပိကဲ့သို့ စီးကျလာသည်။ မမြင်နိုင်သော စွမ်းအင်တစ်ခုက သူ့ကို ကိုင်မြှောက်လိုက်ကာ လေထုအလယ်၌ တင်လိုက်သည်။
“ဘာ.. မင်းဘာလုပ်မလို့လဲ” ဂွန်ဇယ်လာက အသတ်ခံရတော့မည့် ဝက်တစ်ကောင်အလား ကျယ်လောင်စွာအော်လိုက်သည်။
“အခြားသူတွေကို မင်းလုပ်ဖူးတဲ့ ဒုက္ခမျိုးကို ခံစားကြည့်ရအောင်” ရွှယ်အန်းက အေးဆေးစွာပြော၏။
“မဖြစ်ဘူး။ လူယုတ်မာ မင်းမှာ ဘာစောက်ဆင့်ရှိလို့ ငါ့ကို တရားစီရင်နိုင်ရမှာလဲ” ရွှယ်အန်းက အနားသို့ ဖြည်းညှင်းစွာ တိုးကပ်လာသည်နှင့်အမျှ ဂွန်ဇယ်လာက ကြောက်လန့်တကြားထအော်လိုက်သည်။
“ငါမင်းကို တရားစီရင်တာမဟုတ်ဘူး” ရွှယ်အန်းက ရယ်၍ ဖြူဖွေးသော သွားစွယ်များကို ပြလိုက်သည်။
“မင်းကိုယ်မင်း တရားစီရင်တာ”
ဤသို့ပြော၍ ရွှယ်အန်း၏ နတ်အာရုံက ဂွန်ဇယ်လာ၏ ဝိဉာဥ်ဆီသို့ တိုက်ရိုက်တိုးဝင်သွားသည်။
ရွှယ်အန်းပြောခဲ့သကဲ့သို့ပင် သူက ဂွန်ဇယ်လာကို သတ်ဖြတ်ခြင်းမပြုဘဲ နတ်အာရုံကို အသုံးပြု၍ ဂွန်ဇယ်လာ ကျူးလွန်ခဲ့သော ပြစ်မှုများပေါ်မူတည်၍ ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်လိုက်သည်။
သို့သော် ၎င်းသည် သေခြင်းထက် ဂွန်ဇယ်လာအတွက် ပို၍ပင် နာကျင်စေခဲ့သည်။
အသက်ရှူမဝသည့်အခိုက်တွင် ဂွန်ဇယ်လာ၏ အရိုးများအားလုံးကျိုးကြေ၍ စိတ်ပျက်အားငယ်စွာဖြင့် အော်လိုက်သည်။
“ငါ့ကို သတ်လိုက်။ ငါ့ကို မြန်မြန်သက်လိုက်ပါ”
သို့သော်လည်း ရွှယ်အန်းက အံ့သြထိတ်လန့်သော မျက်နှာဖြင့် မိန်းကလေးကို ပြောလိုက်၏။
“သွား အိမ်ပြန်တော့”
ဤသို့ပြောပြီးသည်နှင့် သူက လှည့်ထွက်လာခဲ့သည်။
မိန်းကလေးက တုန်ယင်နေသောအသံဖြင့်ရုတ်တရက် စကားပြောလိုက်၏။
“ရှင်က…ရှင်က လူစွမ်းကောင်းလား”
ရွှယ်အန်းသည် လမ်းလျှောက်နေရာမှရပ်၍ လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး၊ ငါက အင်မော်တယ်အရှင်ပဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်သို့ ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်တွင် ဂွန်ဇယ်လာသည် အညစ်အကြေးများဖြင့် ညစ်ပတ်နေပြီဖြစ်ကာ မျက်နှာတွင်လည်း စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
ကောင်မလေးကိုတွေ့သောအခါ သူက ကျယ်လောင်စွာ တောင်းဆိုလိုက်၏။
“ကျေးဇူးပြုပြီး သတ်ပေးပါ။ မြန်မြန်သတ်ပေးပါ”
ကောင်မလေးက ခေတ္တမျှရပ်၍ မုန်းတီးသော မျက်နှာဖြင့် ပြောလိုက်သည်။
“မသတ်ဘူး။ အခု အင်မော်တယ်အရှင်က ရှင်အရင်က သူမတွေကို လုပ်ခဲ့တဲ့အတိုင်း ခံစားစေချင်နေတယ်”
ရွှယ်အန်းက ပြောခဲ့သည့် “အင်မော်တယ်အရှင်” ဟူသော တရုတ်စကားလုံးများသည် မက်ဆီကန်လူမျိုးအတွက် အသံထွက်ရအလွန်ခက်စေကာ အတန်ငယ်အဆင်မပြေဖြစ်စေသော်လည်း မိန်းကလေးက ကောင်းစွာမှတ်ထား၍ ယခု မလွဲမသေပြန်ပြောနိုင်ခဲ့သည်။ ဤသို့ပြောပြီးနောက် မိန်းကလေးက ဂွန်ဇယ်လာ၏ ကျိန်ဆဲသံများနှင့် အသနားခံသံများကို လုံးလုံးလျားလျား မကြားရသကဲ့သို့ လျစ်လျူရှု့ကာ ပြတ်ပြတ်သားသားလှည့်ထွက်သွားသည်။
အိမ်သို့ပြန်ရောက်သည်နှင့် မိန်းကလေးက ယုံကြည်မှုပြောင်းလဲကာ အင်မော်တယ်အရှင်ကိုးကွယ်သူတစ်ဦးဖြစ်လာသည်။
သို့သော် အင်မော်တယ်အရှင်၏ စစ်မှန်သော အဓိပ္ပါယ်ကိုကား သူမ မသိပေ။ သူမအတွက် ထို ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ရသောအခါတွင် မည်သည့်နတ်ဘုရားမှ၊ မည်သည့် ဗုဒ္ဓကမှ ကယ်ခြင်းမရှိခဲ့ပေ။ အင်မော်တယ်အရှင်တစ်ဦးတည်းကသာ ကယ်ခဲ့ခြင်းဖြစ်သည်။
ဂွန်ဇယ်လာသည်မူ ယခု အခြားသူများအပေါ် တစ်ချိန်က သူအသုံးပြုခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှု နည်းလမ်းအားလုံးကို ခံနေရပြီဖြစ်ကာ အခြားသူများကို နှိပ်စက်ညှင်းပန်းခြင်း၌ ဖြစ်ပေါ်လာခဲ့သော သူ၏ ပျော်ရွှင်မှုသည် ယခုအခါ၌ နာကျင်မှုဖြစ်လာသည်။ ထို့အပြင် ယင်းက အသက်မရှင်နိုင်၊ မသေနိုင်ဖြစ်နေသော နာကျင်မှုမျိုးပင်ဖြစ်သည်။
ရွှယ်အန်းက ထွက်မသွားခင်တွင် သူ့အား အသက်ရှင်စွမ်းအင်တစ်ခုပေးထားခဲ့သဖြင့် လွယ်လွယ်နှင့် သေနိုင်မည်မဟုတ်ပေ။ ဂွန်ဇယ်လာ၏ ကြေကွဲဖွယ်မြင်ကွင်းကို နောက်ထပ်တစ်ရက်အကြာတွင်မှ နောက်ဆုံး၌ တစ်စုံတစ်ယောက်က ရှာတွေ့ခဲ့သည်။
ဤအချိန်ထိ ဂွန်ဇယ်လာက အသက်ရှင်နေသေးကာ ယခုအချိန်တွင် သူသည် ပုပ်ပွနေသော အသားစိုင်များထက် အနည်းငယ်သာသာတော့သည်။ အသက်မျှင်တစ်ခုကို ဆုပ်ကိုင်ထားရုံမျှလွဲ၍ သူ၏ အခြား တုံ့ပြန်မှုအားလုံးပျောက်ကွယ်နေပြဖြစ်သည်။
“ဘုရားရေ အဲ့တာ ဂွန်ဇယ်လာမဟုတ်ဘူးလား” တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်လိုက်သည်။
ထို့နောက် အချို့လူများက သူ့ကို သယ်သွားရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် ထိုအခိုက်အတန့်၌ ဂွန်ဇယ်လာက ရုတ်တရက် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုသူများထဲမှ တစ်ယောက်၏ ခါးကြားထဲမှ ပစ်စတိုတစ်လတ်ကို ဆွဲထုတ်ကာ သူ၏ အသက်ကို ကျည်ဆန်တစ်ချက်နှင့် အဆုံးသတ်လိုက်သည်။
သေခါနီးတွင် သူ၏ မျက်နှာထက်၌ အတိုင်းအဆမဲ့သော စိတ်သက်သာရာရမှုနှင့် တောင့်တမှုတို့ ပေါ်လွင်နေသည်။ သေခြင်းတရားသည် သာ၍ကောင်း၏ သေခြင်းတရားသည် နောက်ထပ် ဒုက္ခများ ကုန်ဆုံးသွားပြီဟု ဆိုလိုသည်။
သို့သော် ဤအဖြစ်အပျက်များက နောက်ပိုင်းမှဖြစ်လာခြင်းဖြစ်သည်။
ရွှယ်အန်းက ဟယ်ရီမိသားစုဆီသို့ ပြန်သွားသောအခါတွင် နီကီတာနှင့် ဒေးဗစ်တို့က မထွက်ခွာသွားကြသေးပေ။
၎င်းတို့အားလုံးက သတင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ ရွှယ်အန်းက ထိုနေရာ၌ ပေါ်လာသောအခါတွင် နီကီတာက တုန်တုန်ယင်ယင်နှင့်ပြောလိုက်၏။
“မစ္စတာ ရွှယ်… မစ္စတာ ရွှယ်၊ ရှင်…”
"ဒါတွေအားလုံး ဂရုစိုက်ပြီးပါပြီ၊ မင်းရဲ့အထက်လူကြီးတွေဆီ မက်ဆေ့ခ်ျပို့ချင်ပါတယ်" ရွှယ်အန်းက လျစ်လျူရှု့၍ ပြောလိုက်သည်။
"ကျေးဇူးပြုပြီးပြောပါ သခင်" နီကီတာက လေးနက်စွာပြောသည်။
ရွှယ်အန်း၏ အကြောင်းသိခဲ့ပြီးစဥ်မှစ၍ နီကီတာသည် မည်သည့် ခုခံလိုစိတ် သို့မဟုတ် မလေးမစားမှုကိုမျှ မပြဝံ့ပေ။ ဤလူသည် အမှန်တကယ်ပင် လက်ရှိခေတ်၏ ပြိုင်ဘက်ကင်း ဖြစ်တည်မှုဖြစ်သည်။
"ဂွန်ဇယ်လာနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာကို ငါ လုံးဝ စိတ်တိုင်းမကျဘူး။ မင်းတို့ အရင်းရှင်တွေလုပ်တာက မင်းတို့ပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် ဒီလိုမျိုး ပူးပေါင်းကြံစည်မှုမျိုး ရှိနေသေးရင် New York's Times Square အဆောက်အဦးရဲ့ ထိပ်မှာ ဓားပညာကို ခမ်းခမ်းနားနားပြရလည်း ငါ စိတ်မဆိုးဘူး”
ဤစကားကိုကြားသောအခါ နီကီတာ၏ မျက်နှာပေါ်မှ အေးစက်သော ချွေးများ တဟုန်ထိုးစီးကျလာကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။
"ဟုတ်ကဲ့ ကျွန်မ ပြန်ပြောပေးပါမယ်"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ငါတို့ထွက်ရမယ့်အချိန်ရောက်ပြီ"
“ဒါပေမယ့် ဒီအလောင်းတွေရော…” နီကီတာက ပြောသည်။
ရွှယ်အန်းသည် သူ့လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ရာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် အလောင်းမျာအားလုံး မီးလောင်ပြာကျသွားသည်။
အခန်း (၄၃၂) လူတစ်ဦး၏ ဖိအား
ရွှယ်အန်းသည် အန်းယန်ကိုရှာ၍ သူမကို ခေါ်သွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် မထွက်ခွာမီတွင် ရွှယ်အန်းက ဟယ်ရီ၏မိသားစုအတွက် စည်းစိမ်ဥစ္စာအချို့ကို ပေးထားခဲ့သဖြင့် ၎င်းတို့ တစ်မိသားစုလုံး နေထိုင်စားသောက်ရန် လုံလောက်သည်။ ဟယ်ရီနှင့် ဆယ်လိုတို့ မောင်နှမက နှုတ်ဆက်ရန် ဝန်လေးနေကြသည်။ အထူးသဖြင့် မျက်ရည်များဝဲနေသော ဆယ်လိုက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရွှယ်ရှန်းကို ဖက်၍ ပြောလိုက်သည်။
“ရှန်းရှန်း ဖိနပ်တွေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
စကားပြောပြီးနောက်လှည့်ထွက်ပြေးသွားသည်။ ၎င်းတို့ထွက်သွားပြီးနောက် ရွှယ်ရှန်းက စျေးပေါသည်ဟုထင်ရသော ရတနာလေးတစ်ခုကို သူမ အိတ်ကပ်ထဲ၌ တွေ့ရသောကြောင့် အံ့သြမှင်တက်သွား၏။ ၎င်းက စျေးမကြီးလှသော်လည်း ထိုရတနာကို ကောင်းစွာကိုင်တွယ်ထားခြင်းဖြစ်သည်ကို ရှင်းလင်းစွာမြင်နိုင်သည်။ ရွှယ်ရှန်းက ငယ်ရွယ်သေးသော်လည်း ဤသည်က ဆယ်လို့ထံမှ လက်ဆောင်ဖြစ်ကြောင်း နားလည်သည်။
လမ်းခွဲခြင်းမှ ဝမ်းနည်းဖွယ်ခံစားချက်က သူမ၏ နုနယ်သော နှလုံးသားလေးထဲသို့ ရုတ်တရက် တိုးဝင်လာသည်။
‘ဆိုတော့ ဒါက မိတ်ဆွေဖွဲ့တာရဲ့ အဓိပ္ပါယ်ပဲပေါ့’
ထို့ကြောင့် ရှန်းရှန်းအတွက် ဤမထင်ရှားသော ရတနာလေးသည် အလွန်အဖိုးတန်သော လက်ဆောင်တစ်ခုဖြစ်လာသည်။
ရွှယ်ရှန်းက အရာအားလုံးကိုကြည့်ပြီးနောက် အန်းယန်ကို ပြုံးပြလိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“တွေ့လား ဒါ ကလေးတွေ နောက်ဆုံး ကြီးလာတဲ့ ပုံစံပဲ”
အခြားတစ်ဖက်တွင်မူ နီကီတာနှင့် ဒေးဗစ်တို့က အတန်ကြာ ငေးနေပြီးမှ လှည့်၍ ကားမောင်းထွက်လာခဲ့သည်။ စိတ်ညစ်နေသော ဒေးဗစ်ကို ဟိုတယ်သို့ ပြန်ပို့ပြီးနောက် နီကီတာက သူမ၏ အထက်လူကြီးကို ဖုန်းခေါ်လိုက်၏။
လန်ဖရိုက နီကီတာ၏ ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်းနေသောကြောင့် အိပ်မပျော်သေးဘဲ ဖုန်းမြည်လာသောအခါ ချက်ချင်းပြန်ဖြေခဲ့သည်။
“ဘယ်လိုဖြစ်ရတာလဲ”
“သူပြန်သွားပြီ။ ဂန်ဇိုလာကို စစ်ကြည့်ဖို့ လိုသေးလား”
လန်ဖရိုက ခေတ္တမျှ နှုတ်ဆိတ်နေသည်။ ဂန်ဇိုလာ၏ ရလဒ်ကို မှန်းဆနိုင်နေ၏။
“ကောင်းပြီ ဒီလူမိုက်နဲ့ပတ်သက်ပြီး အလုပ်ရှုပ်မခံပါနဲ့။ မက်ဆီကိုကလူတွေ သူ့ကို စိတ်ပူဖို့ထားလိုက်ပါ။ သူအခြားတစ်ခုခုများ ပြောခဲ့သေးလား”
နီကီတာက ကြောက်ရွံ့မှုများပြည့်နှက်နေသောအသံဖြင့် ပြောလိုက်သည်။
“ဒီ မူးယစ်ရာဇာကြီးတွေနဲ့ဆက်ပြီး လက်တွဲနေမယ်ဆိုရင် Times Square မှာ ‘ဓားပညာရှိုးပွဲ’ ကို ဖျော်ဖြေပြဖို့ ဝန်မလေးဘူးလို့ ပြောတယ်”
“ဘာ” လန်ဖရိုက ကျယ်လောင်စွာအော်လိုက်သည်။
"သူတကယ်ပြောတာလား"
“ဟုတ်”
"ကောင်းပြီ၊ ဒါပဲ၊ ငါဖုန်းခေါ်တာကို စောင့်ပါ၊ ငါချက်ချင်း သတင်းပို့မယ်"
လန်ဖရိုက ဖုန်းချ၍ အထက်မှပုဂ္ဂိုလ်များဆီသို့ ချက်ချင်းဖုန်းဆက်သတင်းပို့လိုက်သည်။ မကြာမီတွင် သမ္မတနှင့် ထောက်လှမ်းရေးအကြီးအကဲများပါဝင်သည့် အဆင့်မြင့် ဗီဒီယိုညီလာခံကြီး စတင်ခဲ့သည်။
၎င်းတို့အနက် နီကီတာလည်းပါဝင်သည်။ သူမက ယခုကဲ့သို့ အထက်တန်းအဆင့်အရာရှိအရာခံများနှင့် တစ်ကြိမ်တစ်ခါမျှ အဆက်အသွယ်မရှိခဲ့သောကြောင့် စကားပြောရာ၌ အနည်းငယ် အဆင်မပြေဖြစ်နေသည်။ သို့သော် မည်သူကမျှ သူ့ကို ဂရုမစိုက်ပေ။ အရာရှိများက ငြိမ်သက်စွာနားထောင်၍ ရွှယ်အန်း၏ စကားအကြောင်း ကြားသောအခါတွင် အဆင့်မြင့် စစ်အရာရှိအချို့က ဒေါသအလွန်ထွက်ကုန်ကြသည်။
“ဒါက အမေရိကအတွက် ခြိမ်းခြောက်မှုတစ်ခုပဲလား”
သို့သော် လန်ဖရိုက အရာရှိများ၏ ဒေါသမှာ ၎င်းတို့၏ စွမ်းအားမဲ့မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်ကို ကောင်းစွာသိထားသည်။
သဲလွန်စပင် ခံ၍မရသော ထိုသူကို ကိုင်တွယ်ရန် လေယာဥ်တစ်စီးကို ၎င်းတို့ အမှန်တကယ် ပို့နိုင်ကြမည်လော။
ဟာသပင်ဖြစ်ပေလိမ့်မည်။
ထို့ကြော်င့ ၎င်းတို့တတ်နိုင်သမျှမှာ စားပွဲများကို ရိုက်လိုက်ခြင်းပင်ဖြစ်သည်။ သို့ထိတိုင် သဘောထားကွဲလွဲသော အသံတချို့ထွက်ပေါ်လာသည်။ ဥပမာအားဖြင့် မကြာသေးမီကမှ ထင်ပေါ်ကျော်ကြားလာခဲ့သော အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်သည့် အသစ်ခန့်အပ်ခံထားရသော နိုင်ငံခြားရေးဝန်ကြီးက မေးလိုက်သည်။
“ရှင်တို့ ဘာကို ကြောက်နေလဲဆိုတာ ကျွန်မနားမလည်ဘူး။ ဓားပြပွဲလုပ်တော့ရော ဘာဖြစ်မှာမို့လို့လဲ”
ဤသည်ကိုကြားသောအခါ လန်ဖရိုကထို နိုင်ငံခြားရေးဝန်ကြီးကို ငမိုက်မတစ်ဦးကဲ့သို့ ကြည့်နေသည်။
“မင်းက ဦးနှောက်မဲ့ပြီး ဉာဏ်မရှိတဲ့ မိန်းမပဲ။ ‘ဓားပညာပြပွဲ’ရဲ့ အဓိပ္ပါယ်ကို မင်းသိရောသိရဲလား”
“ဒါက ဘာကိုဆိုလိုတာလဲ။ အရှေ့တိုင်းက စုန်းပညာကလွဲလို့ ဘာမှမဟုတ်ဘူး” မိန်းမက ငြင်းနေဆဲပင်ဖြစ်သည်။
“အဟက် အရှေ့တိုင်းက စုန်းအတတ်တွေဟုတ်လား။ သိပ်မကြာခင်က ဥရောပမှာ သန့်စင်တဲ့အလင်းနိုင်ငံကြီးပြိုလဲပြီး ဒုစရိုက်မြို့တော်မှာ ဓားမိုးရွာသွားတယ်။ ဒါတွေက မင်းပါးစပ်ထဲက စုန်းပညာဆိုတဲ့ဟာတွေလား။ အဲ့တာ မြို့ကို ချေမှုန်းပစ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ သိုင်းသမားတွေပဲ”
ဤစကားကိုကြားသောအခါ အမျိုးသမီး၏ ပါးစပ်က မယုံကြည်နိုင်စွာဖြင့် ဟသွားသည်။
ထို့နောက် သမ္မတကရုတ်တရက် ဖြတ်ပြောလိုက်၏။
“ကောင်းပြီ။ အခု အဓိက ပြဿနာက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာပဲ။ မက်ဆီကိုနဲ့ အခုကစပြီး ဝင်မစွက်ဖက်မိအောင်နေဖို့ ကျုပ်အဆိုပြုချင်ပါတယ်”
“ထောက်ခံပါတယ်”
“ထောက်ခံပါတယ်”
နီကီတာက မိမိတို့၏ ရာထူးများကို လူသိများစေရန်လုပ်နေသော ထိုသူများကို ကြည့်၍ ရယ်စဖွယ်ကောင်းသည်ဟုထင်ကာ နှလုံးသားထဲ၌ အတွေးတစ်ခု ရုတ်တရက်ပေါ်လာသည်။
‘ကြီးမြတ်ပြီး အာဏာကြီးတဲ့ ပုဂ္ဂိုလ်တွေ အခုတော့… သူတို့ရဲ့ မြင့်မြတ်တဲ့ ဦးခေါင်းတွကို ညွတ်နေကြရပြီပေါ့’
မက်ဆီကိုနိုင်ငံအတွက် ဂွန်ဇယ်လာသေဆုံးမှုသည် ကြီးကျယ်ခမ်းနားသောဖြစ်ရပ်တစ်ခုဖြစ်သည်။ သူသည် မည်သည့်သတိပေးချက်မှမရှိဘဲ ဖြုတ်ချခံလိုက်ရသည်။ ၎င်းတို့က အဆက်မပြတ်ဂိုဏ်းပဋိပက္ခများကို ကြာရှည်စွာကျင့်သားရခဲ့သော်လည်း၊ နှစ်များတစ်လျှောက် ဂွန်ဇယ်လာ၏လုပ်ရပ်များသည် အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။
ထို့ကြောင့် သူသေဆုံးခြင်းသည် ကံကောင်းသော ဖြစ်ရပ်တစ်ခုဟု လူအများက ယူဆခဲ့ကြသည်။
သို့သော် အဆိုးမြင်နေကြသည့်သူများလည်း ရှိနေကြဆဲပင်ဖြစ်သည်။ ၎င်းတို့အမြင်အရ ဤသည်က မြို့ရိုးပေါ်၌ အလံများလဲနေသည့် ကစားပွဲတစ်ခုထက် မပိုပေ။
ဂွန်ဇယ်လာတစ်ယောက်သေလျှင် ဒုတိယဂွန်ဇယ်လာ ပေါ်လာပေလိမ့်မည်။ ဤသည်က ပို၍ ရက်စက်ကာ ဆိုးသွမ်းလာနိုင်သည်။ သို့သော် ဤတစ်ကြိမ်တွင် ဤကိစ္စက မမှန်ကန်နိုင်ပေ။ ဂွန်ဇယ်လာ၏ နယ်မြေကို သိမ်းပိုက်ထားသူသည် အလယ်အလတ်ဖြစ်ကာ အပြောင်းအလဲများစွာကို ပြုလုပ်နိုင်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော မူးယစ်ရာဇာတစ်ဦးဖြစ်သေးသော်လည်း၊ သူသည် နည်းမျိုးစုံဖြင့် အနည်းဆုံးသာ ကြမ်းတမ်းပြခဲ့သည်။
ဤပြောင်းလဲမှုက လူများစွာကို အံ့အားသင့်စေခဲ့သည်။ သွေးဆာနေသော မူးယစ်ရာဇာ်များသည် ၎င်းတို့၏ သဘောထားများကို ရုတ်တရက်ပြောင်းလဲပစ်လိုက်ကြခြင်းမှာ ဖြစ်နိုင်သလား။
သို့သော် ဖြစ်ပျက်ခဲ့သမျှကို မူးယစ်ရာဇာများကသာ နားလည်နိုင်သည်။ ဂွန်ဇယ်လာ၏ သေဆုံးမှုက အလွန်ရက်စက်ကြမ်းကြုတ်လှသောကြောင့် အချက်အလက်များအားလုံးကို ပိတ်ဆို့ထားခဲ့ရာ မည်သူမျှ သတင်းမရခဲ့ကြပေ။ ဖြစ်ပျက်ခဲ့သမျှကို ၎င်းတို့ကသာ သိထားသည်။ အထူးသဖြင့် ဂန်ဇိုလာ၏ အလောင်းစစ်ဆေးခြင်း အစီရင်ခံစာကို ကြားသိရသူများသည် ၎င်းတို့၏ နှလုံးသားထဲတွင် အေးခဲသွားကြသည်။
ခန္ဓာကိုယ်ရှိ အရိုးတိုင်းကျိုး၍ အရွတ်များအားလုံး ဖယ်ထုတ်ခံရကာ မျက်လုံးများ ဖောက်ထုတ်ခြင်း ခံခဲ့ရသည်။ ဤနတ်ဆိုးဆိုသူများကပင် ဤနည်းလမ်းများအကြောင်းကြားသည်နှင့် စကားတစ်ခွန်းမျှမပြောနိုင်ဘဲ တုန်လှုပ်ကုန်ကြ၏။
ထို့အပြင်၎င်းတို့သည် ယခင်က ... ဂွန်ဇယ်လာ၏ အနှစ်သက်ဆုံး ညှင်းဆဲခြင်းနည်းလမ်းများဖြစ်နေသည်ကိုလည်း သိရှိခဲ့ကြရကာ၊ ဤသဘောပေါက်မှုကြောင့် ဂွန်ဇယ်လာနှင့် ပိုင်ဆိုင်မှုများကို သိမ်းယူထားသူများ၏ အမူအရာများက ပို၍ ယဥ်ကျေးလာသည်။
အကြောင်းမူကား သူတပါးအပေါ် ကိုယ်ပြုခဲ့သော လုပ်ရပ်များသည် တစ်နေ့တွင် ၎င်းတို့ကိုယ် ၎င်းတို့ ပြန်လည်ထိလာနိုင်ခြင်းရှိမရှိကို မသိနိုင်သောကြောင့်ပင်ဖြစ်၏။
ဟွာရှားနိုင်ငံ၏ ရှေးဟောင်း သျန့်ဘုရင်နိုင်ငံ။
မြောင်အင်မော်တယ်တောင်ကြား။
ဤနေရာသည် အခြားကမ္ဘာမှ ဖြတ်တောက်ထားသော ဆိတ်ငြိမ်သောနယ်မြေအဖြစ် အမှန်တကယ် မှတ်ယူနိုင်သည့် နေရာတစ်ခုဖြစ်သည်။ ၎င်းအတွင်းနေထိုင်သူများသည် အဆိပ်မျိုးနွယ်စုများနှင့် မြောင်အင်မော်တယ်ဂိုဏ်းဝင်များဖြစ်ကြသည်။
ဤအချိန်တွင် မြောင်အင်မော်တယ်ဂိုဏ်း၏ ခေါင်းဆောင် လုရှားက အင်းဆက်အင်မော်တယ်လှိုဏ်ဂူအတွင်း၌ ကျင့်ကြံလျက်ရှိသည်။
ရှန်းကျန်းတွင် တိုက်ပွဲဖြစ်ခဲ့ပြီးစဥ်ကတည်းက လုရှားသည် မြောင်အင်မော်တယ်တောင်ကြားသို့ ပြန်ရောက်ရောက်ချင်း ဂူထဲသို့ဝင်ကာ ထိုနေရာမှ ပြန်ထွက်မလာတော့ပေ။
"ဆရာ တစ်ခုခုစားပါဦး” အားဖေးက အစာများသယ်လာလျက် ခပ်တိုးတိုးပြောသည်။
အဆိပ်အင်းဆက်ဂိုဏ်းသည် အခြားသော ကျင့်ကြံရေးဂိုဏ်းများနှင့် ကွာခြားသည်။ ကျင့်ကြံရေးအဆင့် မည်မျှပင်ရှိစေကာမူ ၎င်းတို့က စားသောက်ရန် လိုသေးသည်။
အကယ်၍ သင်မစားလျှင်ပင် သင့်ခန္ဓာကိုယ်အတွင်းမှ အဆိပ်အင်းဆက်ပိုးကောင်က အာဟာရဖြည့်ရန် ချက်ပြုတ်ထားသော အစားအစာများ စားပေးရန်လိုအပ်သည်။