← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း(၄၃၉) ပိရမစ်ကာစီနို

ဤအခိုက်အတန့်တွင် ခရီးစဥ်ခေါင်းဆောင် ဝူယွီ ချဥ်းကပ်လာသည်။

“အားလုံးပဲ ကျေးဇူးပြုပြီး တိတ်ကြပါ”

လူအုပ်ကြီးက တိတ်ဆိတ်သွားကာ ဝူယွီကို အာရုံစိုက်လိုက်ကြသည်။

“ကျွန်မတို့ အခု လက်စ်ဗီးဂတ်စ်က အကြီးဆုံး ကာစီနိုကို သွားပြီး လည်ပတ်ကြတော့မှာပါ။ ဒါ့ကြောင့် ကြိုပြီး ပြောချင်တဲ့ အချက်တချို့ရှိပါတယ်”

“ပထမဆုံးအနေနဲ့ ဒီနေရာမှာ ကာစီနိုဝိုင်းကိုထောင်နိုင်တဲ့လူတွေက ပုဂ္ဂိုလ်ကြီးတွေပါပဲ။ ကျွန်မတို့က ဒီကို အပျော်ရှာဖို့လာတာမို့လို့ ပြဿနာမရှာပါနဲ့။ မဟုတ်ရင် ဘယ်သူမှ လူကြီးမင်းတို့ကို ကယ်တင်နိုင်မှာမဟုတ်ပါဘူး”

“ဒါ့အပြင် လူကြီးမင်းတို့ အထဲမှာ တစ်ခါတည်း ဂိမ်းနည်းနည်းဆော့လို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ကံကောင်းမယ်လို့တော့ မတွေးပါနဲ့။ ဒါကို လူတိုင်းရှင်းပါသလားခင်ဗျာ”

စုံတွဲအားလုံးက ခေါင်းညိတ်၍ ၎င်းတို့ နားလည်ကြောင်း ပြောလိုက်ကြသည်။

“ကောင်းပြီ။ ဒါဆို သွားကြရအောင်”

အားလုံးက ဘက်စ်ကားပေါ်သို့ တက်သောအခါ ဝူယွီက တုံ့ဆိုင်းလျက် ရွှယ်အန်းဆီသို့ လျှောက်သွားသည်။

“လူကြီးမင်းရွှယ် ခင်ဗျားတို့လည်း လိုက်မှာလား”

ရွှယ်အန်းက မည်သည့်စကားမျှ မပြောဘဲ အန်းယန်ကို လှည့်ကြည့်လိုက်သည်။ ဆိုရလျှင် ရွှယ်အန်းက ၎င်းတို့ ကာစီနိုဟုခေါ်သောအရာနှင့်ပတ်သက်၍ စိတ်ဝင်စားခြင်း အလျင်းမရှိပေ။ သို့သော် အန်းယန်၏ မျက်လုံးများတောက်ပနေသည်ကို မြင်သောအခါ သူမ အလွန်စိတ်ဝင်စားမည်ကို သတိထားမိသဖြင့် ခေါင်းညိတ်လိုက်သည်။

“ငါတို့ရောက်တောင်နေပြီဆိုမှတော့ သွားကြည့်ကြတာပေါ့”

ဝူယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ဒါပေမယ့် လူကြီးမင်းရွှယ်က ကျွန်မတို့ ခရီးသွားအဖွဲ့ရဲ့ အဖွဲ့ဝင်မဟုတ်တဲ့အတွက်ကြောင့် ကာစီနိုထဲမှာတစ်ခုခုဖြစ်ရင် ကျွန်မတို့ ကူညီနိုင်မှာမဟုတ်ပါဘူး”

စကားပြောပြီးနောက် ဝူယွီ လှည့်ထွက်သွားသည်။ သူမ၏ အမြင်တွင် ကိစ္စများကို ကြိုတင်၍ ရှင်းလင်းစွာပြောထားခြင်းက ပိုကောင်းသည်။ အဖွဲ့ခေါင်းဆောင်အနေဖြင့် တစ်ခုခုဖြစ်ခဲ့ပါက သူမ၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်နိုင်လိမ့်မည်။

ရွှယ်အန်းက ဝူယွီစဥ်းစားနေသောအရာကို ကောင်းစွာသိသဖြင့် ပြုံးလိုက်မိသည်။ လူသားတစ်ယောက်၏ စိုးရိမ်စိတ်က ပုံမှန်သာဖြစ်သဖြင့် သူက ယင်းကို စိတ်ထဲမထည့်ခဲ့ပေ။

ပိရမစ်ကာစီနို။

လက်စ်ဗီးဂတ်စ်မြို့၏ အခမ်းနားဆုံးနှင့် နောက်ဆုံးပေါ် ကာစီနို

ဤပိရမစ်ပုံစံတည်ဆောက်ပုံက တစ်ချိန်တည်းတွင် လူပေါင်းတစ်သိန်းကျော်ကို ဖျော်ဖြေနိုင်သော နန်းတော်တစ်ခုဖြစ်သည်။ ခရီးသွားအဖွဲ့က ဘတ်စ်ကားပေါ်မှဆင်းသည်နှင့် အဆောက်အဦးကို မြင်သောအခါ တအံ့တသြဖြစ်ကုန်ကြသည်။

မှန်ခန်းနံရံကို ကျော်ဖြတ်၍ အတွင်းထဲသို့ ဝင်သွားကြသည်။

ရင်သပ်ရှု့မောလှပသော ဧည့်ခန်းကြောင့် လူအများက မှင်တက်ကုန်ကြ၏။ လူအချို့က ချိတ်ဆွဲထားသည့် သလင်းကျောက်မီးပန်းကြီးကို အံ့သြတကြီးကြည့်နေကြသည်။ ဝူယွီသည် အဖွဲ့ကို စေ့စေ့ငှာငှာမိတ်ဆက်လျက် ဦးဆောင်ခဲ့သည်။ အမေရိကနိုင်ငံတွင် ကျောင်းတက်ရန် ကုန်ကျစရိတ်အများစုကို ဤအလုပ်မှ ရနေသည့်အတွက် လက်ရှိအလုပ်ကို သူမ အလွန်တန်ဖိုးထားသည်။

သို့သော် လူတိုင်းက သူမ၏ ရှင်းပြချက်တွင် စိတ်ဝင်စားမှုမရှိတော့ကြောင်း သိသာနေ၏။ ၎င်းတို့အားလုံဂက လူပြည့်ကျပ်နေသည့် ဝင်ပေါက်ရှိ လှပသော ဧည့်ကြိုမလေးများနှင့် တချွင်ချွင်မြည်နေသော စလော့စက်များကို ငေးကြည့်နေကြသည်။

ဝူယွီက သက်ပြင်းတစ်ချက်ချ၍ ပြော၏။

“အိုကေ အခု အားလုံး ကြိုက်တာလုပ်ကြပါ။ ဒါပေမယ့် ကျွန်မ ပြောထားတဲ့ အချက်နှစ်ချက်ကို မမေ့ပါနဲ့”

လူအုပ်ကြီးက ကြွေးကြော်သံများဖြင့် လူစုခွဲလိုက်ကြသည်။ ရွှယ်အန်းသည် ကာစီနိုထဲသို့ လှည့်လည်သွားလာရင်း သူ့မိသားစုကို ဦးဆောင်ခဲ့သည်။ အဆောက်အအုံအတွင်း၌ လူများပြည့်နေကာ သစ်သီးနှင့် လက်ဖက်ရည်များလည်း အပြည့်ချပေးထားသည်။ သို့သော် ဤနေရာရှိ လောင်းကစားသမားများက သာမန်လူများဖြစ်ကြကာ စားပွဲများပေါ်ရှိ ချစ်ပ်ပြားများက ငါးရာထက် နည်းကြောင်း ထင်ရှားသည်။

သို့ထိတိုင် လူများစွာက လောင်းကစားစားပွဲများပေါ်တွင် ဖြစ်ပျက်နေသည့် အခြေအနေများကို အာရုံစိုက်၍ ချွေးများဖြင့် ဖုံးလွှမ်းနေကြဆဲဖြစ်သည်။ ရွှယ်ရှန်းနှင့် နျန်နျန်တို့ကမူ အရာအားလုံးကို စိတ်ဝင်စားမှု လျော့နည်းလာကာ အန်းယန်က အချိန်အတော်ကြာ စိတ်ဝင်တစား လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် သူမသည်လည်း စိတ်ဝင်စားမှုမရှိတော့ပေ။

ရွှယ်အန်းကမူ ဤလောင်းကစားသမားများကို ကြည့်ရန် စိတ်မဝင်စားလှပေ။ သို့သော်လည်း ကာစီနိုကြီးတစ်ခုအနေဖြင့် ကလေးများနှင့် ပါလာသော မိသားစုများကို မည်သို့ ထည့်သွင်း စဥ်းစားခြင်းမရှိဘဲ နေလိမ့်မည်နည်း။

လောင်းကစားခန်းမဘေးတွင် ကြီးမားသော ကလေးကစားကွင်းတစ်ခုရှိကာ ၎င်းဘေးတွင် ခေတ်မီ ဂိမ်းစက်မျိုးစုံရှိသည်။

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ယခုတွင် လျှောများကဲ့သို့ အရာများကို စိတ်ဝင်စားမှုလျော့နည်းကာ ထို ဂိမ်းစက်ကြီးများကြောင့် အံ့သြသွားကြသည်။

ရွှယ်အန်းက ပြုံး၍ပြောလိုက်၏။

“ဘယ်တစ်ခု ဆော့ချင်လဲ”

“ဒီဟာ” ရွှယ်ရှန်းက ဆိုင်ကယ်မောင်းသည့် ဂိမ်းကို လက်ညှိုးထိုးပြသည်။

“ကောင်းပြီ။ ဖေဖေ သမီးတို့နှစ်ယောက်ကို ဆော့ဖို့ ခေါ်သွားမယ်”

သို့သော် ရွှယ်နျန်က ခေါင်းခါ၍ သူမဘေးမှ Whack-a-mole ဂိမ်းကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“မေမေ ဒီတစ်ခု ကစားရအောင်”

အန်းယန်က အမှန်ပင် ကစားချင်သော်လည်း အနီးနား၌ လူများစွာရှိနေသည်က တစ်ကြောင်း၊ ကလေးအမေဖြစ်နေသည်က တစ်ကြောင်းနှင့် ထိုသို့သော ကလေးဆန်သော ဂိမ်းကို ဆော့ခြင်းက အရယ်ခံရပေလိမ့်မည်ကို စိုးရိမ်ခဲ့သည်။ ယခု ရွှယ်နျန်က ဆော့မည်ဟု ပြောလာသဖြင့် သူမ ကျေနပ်စွာခေါင်းညိတ်သဘောတူလိုက်သည်။ ထို့ကြောင့် နျန်နျန်နှင့် အန်းယန်တို့က စတင်၍ တူများကိုကိုင်လျက် ဆော့ကစားကြကာ ရွှယ်အန်းက ရှန်းရှန်းကို ဆိုင်ကယ်စီးရန် ခေါ်သွားသည်။

အကြိမ်အနည်းငယ်ဆော့ပြီးနောက် ရှန်းရှန်းက ကြိုးစားဆော့ကြည့်ချင်ိစတ်ပြင်းပျစွာဖြင့် ပြောလိုက်သည်။

“ဖေဖေ သမီးဘာသာမောင်းကြည့်မယ်”

“ဒါပေါ့”

ရွှယ်အန်းက ဘီးပေါ်မှ ဆင်းလိုက်သည်။

ရှန်းရှန်းက ထိန်းချုပ်သည့်လက်ကိုင်ကို ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ရွှယ်အန်းကို ပြုံးပြလိုက်သည်။

“ဖေဖေ စလိုက်တော့”

ဤမြင်ကွင်းက ၎င်းတို့နားတွင်ရှိနေသောလူများစွာ၏ အာရုံကို ဖမ်းစားလိုက်သည်။

နောက်ဆုံးတွင်မူ လေးနှစ် ငါးနှစ်ဝန်းကျင်ကလေးတစ်ယောက်က မော်တော်ဆိုင်ကယ်ကြီးတစ်စီးကို စီးနေခြင်းက အလွန် စိတ်လှုပ်ရှားစဖွယ်ကောင်းသည်။ သို့သော် ဂိမ်းစတင်သောအခိုက်၌ ထိုအပြုံးများက အံ့သြမှုအဖြစ်သို့ပြောင်းလဲသွားသည်။

ရှန်းရှန်း၏မျက်နှာက တဖြည်းဖြည်း လေးနက်လာကာ ဦးတည်ချက်ထိန်းချုပ်မှုကို အာရုံစိုက်လျက် ဘယ်ညာရှောင်တိမ်းရင်းဖြင့် မော်တော်ဆိုင်ကယ်ကိုမောင်းနှင်လျက်ရှိသည်။

ဤမြင်ကွင်းက ရွှယ်အန်းကို အနည်းငယ်အံ့သြသွားစေသည်။ ထို့နောက် သူက ပန်း‌ရောင်ကလစ်ပန်ထားလျက် တူဖြင့် အကောင်များကို ရိုက်နေသော ကလေးမလေး နျန်နျန်ကို လှည့်ကြည့်လိုက်သည်။

ရွှယ်အန်း၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာသည်။

‘ကြည့်ရတာ… အမွှာတွေတောင်မှ လုံးဝမတူတဲ့ အမူအကျင့်တွေရှိတာပဲ’

ရုတ်တရက် ခန်းမရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ အနက်ရောင်ဝတ်ထားသော ထွားကျိုင်းသည့် အမျိုးသားအချို့က မျက်မှန်တပ်ထားသည့် ပညာရှင်ဆန်သော အမျိုးသားတစ်ဦးကို ဆွဲထုတ်လိုက်ကြသည်။

ဤသည်ကလည်း ကြည့်ရှု့သူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့၏။

ရွှယ်အန်းက ဤမြင်ကွင်းကို မြင်၍ အနည်းငယ် အံ့သြထိတ်လန့်သွားသည်။

ဒါ ကော်ရှောင်းလျန်မဟုတ်ဘူးလား။

ဘာတွေဖြစ်နေတာလဲ

“ရှန်းရှန်း သမီး ဆက်ကစားနေ ဖေဖေပြန်လာခဲ့မယ်”

"ဟုတ် ဖေဖေ" ရွှယ်ရှန်းက ခေါင်းမမော့ဘဲ ရိုးရိုးရှင်းရှင်း တုံ့ပြန်လိုက်သည်။

ရွှယ်အန်းက ရှေ့သို့ တိုးလာ၍ လမ်းလျှောက်လာသည်။

ထိုအချိန်တွင် ကော်ရှောင်းလျန်၏ အော်သံကို ကြားလိုက်ရ၏။

"ကျွန်တော် မလိမ်ပါဘူး၊ လှည့်စားတာ မဟုတ်ပါဘူး၊ ကျွန်တော့်ကို ဘာလို့ ဖမ်းနေတာလဲ"

ထွားကြိုင်းသော အမျိုးသားများက မည်သည့်စကားကိုမျှ မပြောသော်လည်း ခပ်သွက်သွက်ပြေးလာသော တရုတ်အမျိုးသားက အေးစက်စွာရယ်မောလိုက်သည်။

"မင်းမလိမ်ခဲ့ဘူးဟုတ်လား။ မင်းဝင်လာတည်းက မင်းက blackjack လက်သုံးဆယ်ငါးချောင်းကို ကစားပြီး အကုန်လုံးကိုနိုင်ခဲ့တယ်။ ဒါတောင် မင်းက လိမ်နေတာမဟုတ်ဘူးလို့ ပြောနေတာလား။ မင်းကိုယ်မင်း လောင်းကစားနတ်ဘုရား ဒါမှမဟုတ် တစ်ခုခုလို့ ထင်နေလား”

"ငါတကယ်လိမ်တာမဟုတ်ဘူး မင်းငါ့ကို ရည်ရွယ်ချက်ရှိရှိရွေးပြီး အရူးလုပ်နေတာ" ကော်ရှောင်းလျန်၏ မျက်နှာထက်၌ ဒေါသအငွေ့အသက်များစွာရှိနေ၏။

ထို့နောက် ထိုလူ၏အမူအရာက အလွန်ရုပ်ဆိုးသွားခဲ့သည်။ ကော်ရှောင်းလျန်သည် သုံးဆယ့်ငါးကြိမ်ဆက်တိုက် အနိုင်ရခဲ့၍ နောက်ဆုံးတွင် သူ၏စားပွဲပေါ်ရှိ ချစ်ပ်များက သန်းဆယ်နှင့်ချီ၍ အံ့မခန်းဖြစ်သွားခဲ့သည်။

ပိရမစ်ကဲ့သို့သော ကာစီနိုတစ်ခုအတွက်၊ ဤငွေပမာဏက မများလှသော်လည်း ကော်ရှောင်းလျန်သည် သာမန်လူများ၏ ခန်းမ၌ ကစားနေခြင်းဖြစ်သည်။

သုံးဆယ့်ငါးပွဲနိုင်ခြင်းက ကာစီနိုရှိ လူအများ၏ အာရုံကို ဖမ်းစားကာ အများက ၎င်းတို့ ကစားရာမှရပ်၍ ကော်ရှောင်းလျန်၏ အနီးသို့ ဝိုင်းအုံလာကြသည်။ သာမန်ခန်းမ၏မန်နေဂျာအနေဖြင့် လျို့ဝူသည် သဘာဝအတိုင်း ဝင်ရောက်စွက်ဖက်ရန် လိုအပ်သည်။

သူ့အမြင်အရ အင်မော်တယ်တစ်ဦးပင်လျှင် ဤမျှ ဆက်တိုက်အနိုင်ရရန် မဖြစ်နိုင်ပေ။

ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။

‘လိမ်နေတာ’

ကာစီနိုမန်နေဂျာတစ်ယောက်အနေဖြင့် သူသည် လိမ်လည်လှည့်ဖြားမှုကို ရွံရှာသဖြင့် လိမ်လည်သူများကို ဝိုင်းရိုက်ကာ အသတ်ခံရလုနီးပါး ရက်စက်သောအပြုံးဖြင့် ပြောလိုက်၏။

“ငြင်းချင်စိတ်ရှိနေသေးတာလား”

ထိုသို့ပြော၍ သူက လက်ကိုလွှဲကာ ရိုက်လိုက်သည်။

ထိုရိုက်ချက်က ကော်ရှောင်းလျန်၏ မျက်မှန်များကို လွင့်ထွက်သွားစေကာ သူ့နှာခေါင်းမှ သွေးများချက်ချင်း စီးကျလာသည်။

အခန်း(၄၄၀) လှည့်စားမှုလှိုင်းလုံးတစ်ထောင်

ကြည့်ရှုသူ လူအုပ်ကြီးက လှုပ်လှုပ်ရွရွဖြစ်လာကြသည်။

ရွှယ်အန်းက စကားပြောရန် အသင့်ပြင်ထား၏။

သို့သော် ရုတ်တရက် သေးငယ်သော မိန်းကလေးက အလျင်အမြန် ဖြတ်ပြေးသွားကာ သူမသွားရာလမ်းကို ပိတ်ဆို့နေသော လူများကို တွန်းထုတ်လျက် အခင်းဖြစ်ပွားရာ အလယ်ဗဟိုသို့ ရောက်လာသည်။

“လေ့လန်" ကော်ရှောင်းလျန်က လှမ်းအော်လိုက်သည်။

ထိုမိန်းကလေးသည် ကော်ရှောင်းလျန်၏ ကြင်စဦးဇနီး ချိုင်လေ့လန်မှလွဲ၍ အခြားသူမဟုတ်ပေ။ ခင်ပွန်းဖြစ်သူက နှာခေါင်းသွေးထွက်သည်အထိ အရိုက်ခံရသည်ကို မြင်လိုက်ရချိန်တွင် သူမ၏မျက်နှာက ချက်ချင်းဆိုသကဲ့သို့ပင် အေးစက်သွားသည်။

"ဒါဘယ်သူလုပ်တာလဲ" ချိုင်လေ့လန်က အေးစက်စွာ မေးလိုက်သည်။

လျို့ဝူက ဝင်ပြော၏။

“ငါ သူ့ကို ရိုက်လိုက်တာဆိုရင်…”

လျို့ဝူက ချိုင်လေ့လန်ကို အခြေအနေ ဖြေရှင်းရန် သူမ မည်သို့စီစဉ်ထားသည်ကို မေးခွန်းထုတ်ရန် ရည်ရွယ်ထားသော်လည်း သူ့စကားကို မပြီးဆုံးနိုင်ပေ။

ချိုင်လေ့လန်သည် ရှေ့သို့ တိုးလာကာ သူ့ထက် ဦးခေါင်းပိုမြင့်သော လျို့ဝူကို သူမ၏ ပုခုံးထက်သို့တင်ကာ လှလှပပ ကိုင်ပေါက်လိုက်သည်။

ဘမ်း

ကြမ်းပြင်များ ခြေထောက်အောက်မှ လှုပ်ယမ်းသွားသည်ကို ကြည့်ရှုသူများ ခံစားလိုက်ရသည်။ လျို့ဝူကနာကျင်မှုကြောင့် ကျယ်လောင်စွာအော်လိုက်သည်။

"မင်း...လူတစ်ယောက်ကို ရိုက်ဖို့ သတ္တိရှိလား"

ချိုင်လေ့လန်က လက်များကို ဖုန်ခါလိုက်၏။

“ဘာလို့ မလုပ်ရမှာလဲ ကျွန်မယောက်ျားကို ရှင် ရိုက်ခွင့်ပေးရမှာလား”

"သူ့ကိုဖမ်းကြ"

လျို့ဝူက ရှက်ရွံ့စွာဖြင့် ဒေါသတကြီး အနီးအနားတွင် ရပ်နေသော လုံခြုံရေး အစောင့်များကို အော်ပြောလိုက်သည်။

လုံခြုံရေး အစောင့်များက အဘက်ဘက်မှ ပိတ်ထားလိုက်ကြသည်။

အစောင့်အချို့က ချိုင်လေ့လန်ထက် ဦးခေါင်းထက်ဝက်ခန့် မြင့်သည်။ ၎င်းတို့ရှေ့တွင် ချိုင်လေ့လန်သည် ဧရာမပြည်၌ ပျောက်ဆုံးသွားသော လူပုလေးတစ်ကောင်နှင့် တူနေပုံရသည်။

သို့သော်လည်း သူမ၏မျက်နှာက စိုးရိမ်ပူပန်မှုအလျင်းမျှမရှိဘဲ လက်ကိုဆန့်ကာ လှပစွာ တိုက်ပွဲဝင်နေသည်။ နိုင်ငံခြားမှ ကြည့်ရှုသူများထံမှ အံ့အားသင့်ဖွယ် အာမေဋိတ်များ ထွက်လာကြ၏။

"ကွန်ဖူး"

"တရုတ်ကွန်ဖူး"

ထိုအချိန်တွင် လုံခြုံရေးအစောင့်များက အလျင်စလို နီးကပ်လာကာ အာဖရိကန်-အမေရိကန် အမျိုးသားတစ်ဦးက လက်သီးဖြင့် ထိုးလိုက်သည်။

ချိုင်လေ့လန်က ခေါင်းကို အနည်းငယ် လှည့်ကာ လက်သီးကို ရှောင်၍ ထိုလူ၏ လက်ကို ဆွဲကာ သူမ၏ အရှိန်ဖြင့် ရှေ့သို့ ဆွဲမလိုက်သည်။ အာဖရိကန်-အမေရိကန် အမျိုးသားက ဤနူးညံ့သိမ်မွေ့၍ ချစ်စဖွယ်ကောင်းသော အမျိုးသမီးသည် အဆုံးမဲ့ ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟုမထင်ထားခဲ့ပေ။

ချိုင်လေ့လန်က ကန်ထုတ်လိုက်သည်။

အာဖရိကန်-အမေရိကန် အမျိုးသား၏ ခြေထောက် ကျိုးသွား၍ ဟန်ချက်ပျက်ကာ အပြင်သို့ လွင့်ထွက်သွားသည်။

သူ မြေပေါ်လဲကျသွားပြီးနောက် အကြိမ်ပေါင်းများစွာ ရုန်းကန်ကာ ပြန်မထနိုင်တော့ပေ။ ကန်ချက်တစ်ခုတည်းနှင့် သူမက လုံခြုံရေးအစောင့်တစ်ဦးကို အလျင်အမြန်ကိုင်တွယ်ခဲ့သည်။ ကျန်သော အစောင့်များစွာက တစ်ယောက်ကိုတစ်ယောက် စူးရဲရဲကြည့်နေကြသည်။ သို့သော် ချိုင်လေ့လန်က အထင်သေးသည့် မျက်နှာဖြင့် လက်ကို ဆန့်လိုက်၏။

“ချက်ချင်းလာ လာခဲ့ကြစမ်းပါ”

လုံခြုံရေးအစောင့်များက အကြည့်ချင်းဖလှယ်၍ သူမဆီသို့ ချီတက်လာကြသော်လည်း ချိုင်လေ့လန်၏ အဝတ်အစားများကိုပင်မထိနိုင်ဘဲ မိုးပျံပူဖောင်းများနှယ်လွင့်ထွက်သွားကြသည်။ လူအုပ်ကြီးက ဤသည်ကိုကြည့်လျက် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ကြ၏။

ရွှယ်အန်းက မပြုံးဘဲမနေနိုင်တော့ပေ။

ချိုင်လေ့လန်၏ သိုင်းပညာစွမ်းရည်က အမှန်တကယ်ပင် အထင်ကြီးစဖွယ်ကောင်းလှသည်။ လုံခြုံရေးအစောင့်များအားလုံး ဒဏ်ရာရရှိသွားပြီးနောက် ချိုင်လေ့လန်သည် လျို့ဝူဆီသို့ ဂုဏ်ယူစွာဖြင့် လျှောက်သွားခဲ့သည်။

လျို့ဝူက ကြောက်လန့်တကြား နောက်ဆုတ်လိုက်သည်။

“ကျွန်မရှင့်ကို ပြောလိုက်မယ် ကျွန်မက ဒီအမှိုက်ကိစ္စတွေကိုလုံးဝဂရုမစိုက်ဘူး။ ဒါပေမယ့် ရှင်က ကျွန်မ ယောက်ျားကို ရိုက်ရဲတယ်။ ကျွန်မယောက်ျားကို ကျွန်မပဲရိုက်လို့ရတာ ရှင်မသိဘူးလား” ချိုင်လေ့လန်က ဤသို့ပြောလျက် ထပ်ရိုက်ရန်ပြင်လိုက်သည်။

ထိူအချိန်တွင် လက်နက်အပြည့်အစုံတပ်ထားသော လုံခြုံရေးအစောင့်များ ပြေးလာ၍ ချိုင်လေ့လန်ကို သေနတ်များဖြင့်ချိန်လိုက်ကြသည်။

ထို့နောက် ကုလားဖြူလူမျိုးတစ်ယောက်က ဖြည်းညှင်းစွာလျှောက်လာသည်။ ထိုသူကို မြင်သောအခါ လျို့ဝူက အသက်သွေးကြောကို မြင်လိုက်ရသည့်အလား အော်လိုက်သည်။

“မစ္စတာမိုက်ခ် ကျွန်တော့ကို အမြန်ကယ်ပါ”

မိုက်ခ်က ရွံရှာသောအကြည့်ဖြင့် မြေပြင်သို့ ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် ချိုင်လေ့လန်ကို အနည်းငယ်ကြည့်ကာ ခေါင်းမော့၍ ပြောလိုက်သည်။

“မင်းဒီမှာ ပြဿနာရှာရဲတယ်ပေါ့။ မင်းကိုယ်မင်း အရမ်းအထင်ကြီးစရာကောင်းတယ်လို့ ထင်နေလား”

သေနတ်များစွာကို ရင်ဆိုင်နေရသောအခါ ချိုင်လေ့လန်၏ အမူအရာက လေးနက်လာသည်။ သူမ၏ သိုင်းပညာက အမှန်ပင်ကောင်းသည်မှန်သော်လည်း လက်ဗလာဖြင့် တိုက်ပွဲတွင်သာ အဆင်ပြေနိုင်မည်ဖြစ်ရာ ဤသို့သော လုံခြုံရေးဝန်ထမ်းများစွာကို သူမကိုင်တွယ်နိုင်မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ကော်ရှောင်းလျန်က ကြောက်လန့်တကြားပြောလိုက်သည်။

“လေ့လန် ကို့ကို စိတ်မပူပါနဲ့ မြန်မြန်သာ ထွက်သွား”

“ထွက်သွားရမယ်ဟုတ်လား။ ချိုင်မိသားစုမှာ ကိုယ့်ယောက်ျားကို စွန့်ပစ်တဲ့ မိန်းမမရှိဘူး။ ကျွန်မတို့ တိုက်သင့်ရင် တိုက်ကြရမှာပဲ”

ထိုအချိန်တွင် ထိတ်လန့်တုန်လှုပ်နေသော ဝူယွီတစ်ယောက် ရောက်လာသည်။ ကော်ရှောင်းလျန်သည် လိမ်လည်လှည့်ဖြားသည်ဟု သံသယရှိကာ ဖမ်းခံထားရကြောင်းနှင့် ဇနီးဖြစ်သူ ချိုင်လေ့လန်က လုံခြုံရေးဝန်ထမ်းများနှင့်တိုက်ခိုက်နေကြောင်း သတင်းရရှိခဲ့သည်။ ဝူယွီသည် သတင်းကိုကြားသောအခါတွင် မေ့လဲလုနီးပါးပင်ဖြစ်သွားရ၏။ သူမ၏အကြီးမားဆုံးကြောက်ရွံ့မှုမှာ သူမ၏အဖွဲ့တွင် တစ်စုံတစ်ဦးပြဿနာတက်သွားခြင်းဖြစ်ကာ ယခုဖြစ်ရပ်သည်လည်း အတိအကျ ထိုသို့ပင်ဖြစ်သည်။ သို့သော် ကြောက်လန့်မှုက ယခုအသုံးမဝင်တော့သောကြောင့် သူမကိုယ်သူမ အားခဲ၍ အမြန်ထလာခဲ့သည်။ အခင်းဖြစ်ရာနေရာသို့ သူမရောက်ရှိလာချိန်တွင် ဝူယွီ၏နှလုံးသားက အေးခဲသွားသည်။ မြေပြင်အနှံ့တွင် လုံခြုံရေးအစောင့်များ ဒဏ်ရာရရှိထားကာ အချို့က ခြေထောက်များကျိုးလျက် နာကျင်စွာ ညည်းတွားနေကြသည်။

သေနတ်များကိုင်ဆောင်ထားသော လုံခြုံရေးအစောင့်အုပ်စုတစ်စုသည် ချိုင်လေ့လန်နှင့် အခြားသူများအား ၎င်းတို့၏ သေနတ်များဖြင့် ချိန်ရွယ်ထားသည်။

ဤအခြေအနေသည် ဝူယွီထင်သည်ထက် ဆယ်ဆ ပိုဆိုးသည်။

သို့သော် အဖွဲ့ခေါင်းဆောင်အနေဖြင့် သူမ၏ သတ္တိကို စုစည်းလိုက်၏။

“မစ္စတာမိုက်ခ်၊ လေ့လန် ကျေးဇူးပြုပြီး ရပ်လိုက်ပါ”

ဤသို့ပြော၍ သူမက လူအုပ်ကို ကျော်ကာ လမ်းလျှောက်လာသည်။

သူမထွက်လာမှုကိုမြင်သောအခါ မိုက်ခ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

“မိန်းကလေးဝူ ဒါ မင်းခေါ်လာခဲ့တဲ့ ခရီးသွားတွေလား”

ဝူယွီက ခေါင်းညိတ်၍ ခါးသက်စွာပြုံးလျက် ပြန်ဖြေလိုက်သည်။

“မစ္စတာမိုက် ဒီမှာ အထင်လွဲတာတစ်ခုခုရှိမယ်ထင်တယ်”

သူမက မိုက်ခ်ကို သိသည်။

သူသည် ပိရမစ်ကာစီနို၏ လုံခြုံရေးတစ်ခုလုံးကို တာဝန်ယူထားရသည်ဖြစ်ကာ သူနှင့် ပြဿနာတက်ခြင်းက ကိစ္စများစွာကို ရှုပ်ထွေးသွားစေလိမ့်မည်။

ထိုအခိုက်အတန့်၌ လျို့ဝူက ပြောလိုက်သည်။

“နားလည်မှုလွဲတယ်ဟုတ်လား။ မစ္စတာမိုက် သူတို့ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားမထောင်နေပါနဲ့။ ဒီမျက်မှန်နဲ့ကောင်က ကျုပ်တို့ ကာစီနိုမှာ လာလိမ်နေတာ”

“အိုး” ဤသည်ကို ကြားသောအခါ မိုက်ခ်၏ အမူအရာက ပို၍ပင် ဆိုးဝါးလာသည်။

ကာစီနိုများက လူလိမ်များကို အမုန်းဆုံးပင်ဖြစ်ကာ မိုက်ခ်သည်လည်း ခြွင်းချက်မရှိပေ။

‘လိမ်နေတယ်’

ဝူယွီက ဤစကားလုံးကို ကြားသောအခါ ထိတ်လန့်စွာဖြင့် ကော်ရှောင်းလျန်ကို လှည့်ကြည့်လိုက်သည်။

“ကျွန်တော် မလိမ်ဘူး။ ခင်ဗျားတို့အဓိပ္ပါယ်မရှိတာတွေပြောနေကြတာ။ ကျွန်တော် အများကြီးနိုင်နေလို့ အမြင်မကြည်လို့လုပ်တာဖြစ်ရမယ်”

ဝူယွီက ဤသည်ကိုကြားသောအခါ သူမ၏ နှလုံးသားက နစ်မြုပ်သွားသည်။ ကာစီနိုတစ်ခုအနေဖြင့်၊ ၎င်းတို့အလိုရှိသော နောက်ဆုံးအရာမှာ ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်သည့် ပြဿနာများကို တစ်စုံတစ်ဦးမှ အသုံးချရန်ဖြစ်သည်။

လျို့ဝူကပြောလိုက်သည်။

"သုံးဆယ့်ငါးကြိမ်ဆက်တိုက်အနိုင်ရပြီး မလိမ်ဘူးလို့ ပြောနိုင်သေးလား”

“ငါမင်းတို့ကို ပြောလိုက်မယ်။ ငါမလိမ်ဘူး ယုံယုံမယုံယုံ” ကော်ရှောင်းလျန်က ပြန်အော်သည်။

“လိမ်လိမ်မလိမ်လိမ် မင်း ငါနဲ့လိုက်ခဲ့ရမယ်” မိုက်ခ်က အေးစက်စွာပြောလိုက်သည်။ ကြည့်ရှု့သူများပြားလာခြင်းက ကာစီနို၏ ပုံရိပ်အတွက် အလွန်ဆိုးရွားသည်။ သို့ထိတိုင် ဝူယွီက တစ်ကိုယ်လုံး အေးစက်သွားသည့်အလား ခံစားလိုက်ရသည်။ မိုက်ခ်နှင့် သူ့လူများလုပ်သည့် နည်းလမ်းများကို သူမသိသည်။ အကယ်၍ ကော်စုံတွဲက ၎င်းတို့နှင့်လိုက်သွားပါက အကောင်းဆုံးရလဒ်မှာ ပြင်းထန်သော ဒဏ်ရာများရ၍ မြောင်းထဲပစ်ချလိုက်ရခြင်းပင်ဖြစ်ကာ အဆိုးဆုံးအနေဖြင့် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားနိုင်သည်။

ထို့ကြောင့် သူမကြောက်ရွံ့နေသော်လည်း ပြောလိုက်သည်။

"မစ္စတာမိုက်၊ ဒီနေရာမှာ နားလည်မှုလွဲနေတာတော့ သေချာပါတယ်၊ ပြီးတော့ ကျွန်မရဲ့ ခရီးသွားဧည့်သည်က တရုတ်နိုင်ငံရဲ့ တင်းဟွာတက္ကသိုလ်က အရည်အချင်းမြင့်ဘွဲ့ရတစ်ယောက်ပါ၊ လိမ်လည်သူမဟုတ်တာ သေချာပါတယ်..."

မိုက်ခ်က သူမကို အေးစက်စွာကြည့်နေသည်။

“မိန်းကလေးဝူ မင်းက လူကောင်းတစ်ယောက်ပါ။ မင်း ဒီကိစ္စမှာဆက်ပြီးဝင်မပါတော့ရင် ပိုကောင်းမယ်။ ဒါကို မင်း မကိုင်တွယ်နိုင်ပါဘူး”

“သူတို့ကို ခေါ်သွားကြ”

မိုက်ခ်၏အမိန့်အရ လုံခြုံရေးအစောင့်အများအပြားသည် ရှေ့သို့တိုးလာကာ ချိုင်လေ့လန်သည်လည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားသည်။

ဝူယွီက စိတ်ပျက်အားငယ်စွာ အော်ဟစ်နေချိန်တွင် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီမှာ တော်တော်ကို အင်အားပြနေတာ။ သူ မကိုင်တွယ်နိုင်ဘူးဆိုမှတော့… ငါကိုင်တွယ်မယ်။ ဘယ်လိုလဲ"

အခန်း(၄၄၁) ကျုပ်တို့ လောင်းကြမလား

ရွှယ်အန်း လူအုပ်ထဲမှ ထွက်သွားသည်ကို ကြည့်လျက် ဝူယွီ၏ မျက်နှာက အံ့သြခြင်းအပြည့်ရှိနေသည်။ ဤအချိန်တွင် ရွှယ်အန်းဝင်လာလိမ့်မည်ဟု သူမက ဘယ်သောအခါကမှ မမျှော်လင့်ထားခဲ့ပေ။ ကော်ရှောင်းလျန်နှင့် ချိုင်လေ့လန်တို့လည်း ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ကော်ရှောင်းလျန်၏ နှလုံးသားထဲ၌ ကျေးဇူးတင်စိတ်အပြည့်ဖြစ်လာသည်။

‘သိပ်တော်တဲ့ ညီကိုပဲ’

ဤသို့သော အချိန်မျိုးတွင် သူ့အတွက် သတ္တိရှိရှိ ရပ်တည်ရဲသည်။ သို့သော် ဤသည်က သူကိုင်တွယ်နိုင်သော အရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိထားသောကြောင့် သူက ပြောလိုက်သည်။

“မိတ်ဆွေ မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဒါက မင်းကိုင်တွယ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ ဒါကြောင့် မပတ်သက်တာ ပိုကောင်းတယ်”

ဤသည်ကို ကြားသောအခါ ရွှယ်အန်းက ပြုံးလိုက်သည်။

"ငါ ဒါကို ကိုင်တွယ်နိုင်မနိုင်သိရဖို့ ကြိုးစားကြည့်မယ်”

ဤအခိုက်အတန့်တွင် မိုက်ခ်သည် နက်မှောင်သောအမူအရာဖြင့် ရွှယ်အန်းကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်။

"မင်းဘယ်သူဖြစ်နိုင်မလဲ"

"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး အဓိကက ငါဒီကိစ္စကို ဂရုစိုက်တယ်”

ဝူယွီက ဤစကားကို ကြားသောအခါ အလွန်အမင်း ထိတ်လန့်သွားသည်။ ကော်ရှောင်းလျန်၏ ပြဿနာက မပြေလည်သေးချိန်တွင် ထိုသူက အဘယ်ကြောင့် ဤသို့ အရှုပ်အထွေးထဲခုန်ဆင်းကာ ကိစ္စများကို ပို၍ ဖရိုဖရဲဖြစ်စေနေသည်ကို နားမလည်နိုင်ပေ။

သူမက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ရွှယ်အန်းကို ပြောလိုက်သည်။

“လူကြီးမင်းရွှယ် ဒါကနောက်စရာမဟုတ်ဘူး။ ကျေးဇူးပြုပြီး နောက်ထပ် ပြဿနာမရှာပါနဲ့”

“ပြဿနာရှာတယ်ဟုတ်လား” ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။

“မဟုတ်ဘူး။ ငါ ပြဿနာရှာမလိုမဟုတ်ဘူး”

ဤအခိုက်အတန့်တွင် မိုက်ခ်က ဒေါသတကြီးရယ်လိုက်သည်။

“မိန်းကလေးဝူ မင်းရဲ့ ခရီးသွားအဖွဲ့က တကယ်စိတ်ဝင်စားစရာပဲ။ မင်းမှာ လူမျိုးပေါင်းစုံရှိနေတာပဲ”

ဝူယွီ၏ မျက်နှာက ဖျော့တော့သွားသည်။ သူမသည် အဖြစ်အပျက်ကို အတတ်နိုင်ဆုံး ချောချောမွေ့မွေ့ပြီးစေရန် စကားအနည်းငယ်ပြောကာ မျက်နှာချိုသွေးတော့မည့်အခိုက်၌ ရွှယ်အန်းက ခပ်‌ဖျော့ဖျော့ ပြုံးလိုက်သည်။

“မင်းရဲ့ ကာစီနိုက ငါ့သူငယ်ချင်းကို လိမ်ပြီး စွပ်စွဲနေတာဆိုတော့၊ ကောင်းပြီ။ ငါ သူ့ကိစ္စကို ဖြေရှင်းပေးမယ်”

“မင်းက တာဝန်ယူမယ်ဟုတ်လား။ ငွေဘယ်လောက်လဲဆိုတာ မင်းသိလား။ အမေရိကန်ဒေါ်လာဆယ်သန်းကျော်ကွ”

လျို့ဝူက လှောင်ရယ်လိုက်သည်။

ရွှယ်အန်းက ကဒ်ကိုအိတ်ထဲမှ ဆွဲထုတ်ကာ လျို့ဝူ၏ မျက်နှာကို ပစ်လိုက်ပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။

“ဒါလုံလောက်လား”

လျို့ဝူက ဒေါသဖြင့် ပေါက်ကွဲသွားတော့မည့်အခိုက်၌ သူမြင်လိုက်ရသော ကဒ်ကြောင့် တုံ့ဆိုင်းကြောင်အသွားသည်။ ၎င်းသည် ဆွဇ်ဘဏ်မှထုတ်ထားပေးသည့် အကန့်အသတ်မဲ့အသုံးပြု၍ရသော ဘလက်ကဒ်ဖြစ်သောကြောင့်ပင်ဖြစ်၏။ ဤကဒ်နှင့်ဆိုပါက လူတစ်ယောက်သည် အမေရိကန်ဒေါ်လာ ဘီလျံများစွာကို တစ်ချိန်တည်းတွင် ထုတ်သုံးနိုင်သည်။ မှန်သည်။ ထိုသို့သော ကဒ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ထုတ်ပေးခြင်းမှာ အလွန်တင်းကြပ်သည်။ ထို့ကြောင့် ဤကမ္ဘာတစ်ခုလုံးတွင် ဤသို့သော ကဒ် ဒါဇင်အနည်းငယ်မျှသာရှိ၍ အားလုံးက သူဌေးကြီးများ၏ လက်ထဲတွင်ရှိနေသည်။

‘ဒီလူက ဒီကဒ်ကို ဘယ်လိုလုပ်ရနိုင်မှာလဲ’

တကယ်တမ်းတွင် ကဒ်ကို အမှောင်ကောင်စီမှ လူတစ်ယောက်က ရွှယ်အန်းအားပေးခဲ့ခြင်းဖြစ်ကာ ယခု အလွန် အသုံးဝင်ကြောင်း သက်သေပြနေ၏။

လျို့ဝူက အံ့အားသင့်နေဆဲတွင် မိုက်ခ်က ဤသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အမူအရာပြောင်းသွားသည်။ ထိုသို့သော ကဒ်ကိုပိုင်ဆိုင်ထားခြင်းသည် အဆင့်အတန်းတစ်ခု ရှိနေသည်ကို ဆိုလိုသည်။ ထို့ကြောင့် သူ၏ အမူအရာက ပို၍လေးစားဟန်ပေါက်လာသည်။

“ဆရာ…”မိုက်ခ်က တစ်ခုခုကိုပြောချင်နေ၏။

ရွှယ်အန်းက စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

“ကဒ်ကိုဖြတ်လိုက်။ သူ ဘယ်လောက်ပေးစရာရှိရှိ ငါပေးမယ်”

“ဟုတ်ကဲ့ပါ” မိုက်ခ်က ပျော်ရွှင်စွာပြောသည်။

ဤပိရမစ်ကာစီနိုတွင်၊ လိမ်လည်လှည့်ဖျားသူကိုဖမ်းသောအခါ စည်းကမ်းမှာ သူတို့အနိုင်ရခဲ့သမျှကို ပြန်သိမ်းရန်ဖြစ်သည်။ ကော်ရှောင်းလျန်က သန်းဆယ်နှင့်ချီ၍ ရခဲ့သောကြောင့် သန်းပေါင်းများစွာကို ပြန်ပေးရန် လိုအပ်သည်။ ၎င်းသည် အလွန်များပြားလှသည့် ပမာဏပင်ဖြစ်၏။ ထို့အပြင် လုံခြုံရေးခေါင်းဆောင်အနေဖြင့် မိုက်ခ်က အတန်အသင့်များသော ပမာဏကို ပိုင်ဆိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် သူက သဘာဝကျစွာပင် အလွန်ကျေနပ်နေ၏။ ထိုအတောအတွင်း ကော်ရှောင်းလျန်နှင့် သူ၏ ဇနီးတို့က ထိုမြင်ကွင်းကို ကြောင်အစွာကြည်နေကြသည်။ ခဏအကြာတွင်မှ ကော်ရှောင်းလျန်က တုန်လှုပ်သွား၍ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိကာ ပြောလိုက်သည်။

“သူငယ်ချင်း သူတို့ကို မပေးနဲ့ ငါ တကယ်မလိမ်ခဲ့ဘူး”

ရွှယ်အန်းက ပြုံးပြကာ စကားရပ်ရန် အချက်ပြလိုက်သည်။ ဝူယွီနှင့် သူမနှင့်အတူ ပါလာသော အခြားအဖွဲ့သားများ အားလုံး အံ့ဩသွားကြသည်။

အထူးသဖြင့် ဝူယွီက ရေရွတ်လိုက်သည်။

“အရမ်းမများလွန်ဘူးလား။ ဒါက အမေရိကန်ဒေါ်လာ ဆယ်သန်းကျော်တောင်လေ…”

ဤပမာဏက ဝူယွီ၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။ ထိုအချိန်တွင် လျို့ဝူက စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြေးလာသည်။

“မစ္စတာမိုက်ခ် ငွေလွှဲဝင်ပါပြီ”

မိုက်ခ်က ကတ်ကို ယူ၍ ရှေ့သို့ လှမ်းကာ ရိုသေစွာ လက်နှစ်ဖက်ဖြင့် ပြန်ပေးလိုက်သည်။

“ဆရာ ငွေလွှဲပြီးပါပြီ။ ဆရာနဲ့ ဆရာ့သူငယ်ချင်းတို့ အခု ထွက်သွားနိုင်ပါပြီ”

ယခု ငွေက လက်ထဲတွင်ရှိနေပြီဖြစ်သောကြောင့် လေးစားမှုအနည်းငယ်ပြခြင်းက သင့်တော်သည်ဟုထင်ရသည်။

သို့သော်၊ ရွှယ်အန်းသည် ကတ်ကိုမယူဘဲ တိတ်တိတ်ဆိတ်ဆိတ်ရပ်နေကာပြောလိုက်သည်။

“ထွက်သွားဟုတ်လား။ ငါတို့ ထွက်သွားမယ်လို့ဘယ်သူပြောလဲ”

မိုက်ခ်က အနည်းငယ်ထိတ်လန့်သွားသည်။

‘မထွက်သွားဘူးလား’

‘သူဘာလုပ်မလို့လဲ’

ဤအခိုက်အတန့်တွင် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်၏။

"မင်းငါ့သူငယ်ချင်းက လှည့်စားပြီး ဂိမ်းကို နိုင်အောင်လုပ်တယ်လို့ စွပ်စွဲတဲ့အတွက် မင်းရဲ့ ကာစီနိုမှာ နောက်တစ်ကြိမ်လောင်းမယ်။ မင်း… လက်ခံရဲလား”

ဤစကားများကို ကြားသောအခါ မိုက်ခ်က ပထမဆုံးအနေဖြင့် အံ့သြသွားပြီးမှ သူ့မျက်နှာထက်၌ ကြီးမားသော အပြုံးက တဖြည်းဖြည်းပေါ်လာသည်။ ၎င်းတို့အတွက် အကြောက်ဆုံးအရာမှာ လောင်းကစားမလုပ်သောသူသာဖြစ်သည်။

“လက်ခံတယ်။ ဒါပေါ့ ကျုပ်တို့ လက်ခံရဲပါတယ်။ ဘာလို့ လက်မခံရဲရမှာလဲ” မိုက်ခ်က ပြုံးစိစိနှင့်ပြောသည်။

ကော်ရှောင်းလျန်၊ ဝူယွီနှင့် အခြားသူများက ဝိုင်းလာကြသည်။

အထူးသဖြင့် ဝူယွီက ရွှယ်အန်းကို အရူးတစ်ယောက်ကဲ့သို့ ကြည့်ကာ အသံလျှော့၍ ပြောလိုက်သည်။

“လူကြီးမင်းရွှယ် ရှင် စိတ်လွတ်သွားပြီလား။ ကော်ရှောင်းလျန်က အခုတင် အလိမ်ခံလိုက်ရတာကို ထပ်ပြီး‌လောင်းရဲသေးလား”

ကော်ရှောင်းလျန်ကလည်း ပြောသည်။

“ဟုတ်တယ် ရွှယ်အန်း ထပ်မဆော့နဲ့တော့။ ဒီကာစီနိုက မတရားဘူး။ မင်းနိုင်ရင်တောင် မင်းကို ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး”

ရွှယ်အန်းက ရိုးရှင်းစွာပြုံး၍ ၎င်းတို့ကို ပြန်မဖြေဘဲ လျို့ဝူဘက်သို့ ကြည့်လိုက်သည်။

“ဒီကဒ်နဲ့ ငါဘယ်လောက်လောင်းလို့ရလဲ”

လျို့ဝူက တုန်တုန်လှုပ်လှုပ်ပြောသည်။

“ဒီလိုကတ်မျိုးက တစ်နေ့ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံကျော်သုံးနိုင်ပါတယ်"

ဤကိန်းဂဏန်းသည် ခန်းမအတွင်းရှိလူတိုင်းကို တုန်လှုပ်စေခဲ့သည်။

ဆယ်ဘီလီယံ…

လူအများစုအတွက် ၎င်းသည် ၎င်းတို့၏ အရိုင်းစိုင်းဆုံး အိပ်မက်များထက် ကျော်လွန်သော အလွန်များပြားသည့် ပမာဏဖြစ်သည်။

သို့သော် ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြကာ မိုက်ခ်ကို ပြောလိုက်သည်။

“ငါ ရှုပ်ရှုပ်ရှုပ်ရှုပ်တွေမကြိုက်ဘူး။ ဒါ့ကြော်င့ တစ်ခါပဲ ကစားမယ်။ လောင်းကြေးအတွက်ကတော့… ဆယ်ဘီလီယံနဲ့လောင်းကြရအောင်”

ဤစကားလုံးများထွက်လာသောအခါ အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။

မိုက်ခ်ကလည်း ထိတ်လန့်သွား၏။

ပိရမစ်ကာစီနိုတွင် လောင်းကြေးအများဆုံး တစ်ခုတည်းသော လောင်းကြေးမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရှိကာ ၎င်းက သူဌေးများစွာ၏ စုပေါင်းလောင်းကြေးဖြစ်သည်။

‘ဒီလူဟာ ဂိမ်းတစ်ခုတည်းမှာ ဆယ်ဘီလီယံ အလောင်းအစားတင်ဖို့အရမ်းသတ္တိရှိနေတယ်ပေါ့’

မရေမတွက်နိုင်သော ကြီးမားသော ငွေပမာဏကို မြင်တွေ့ရသည့်အတွက်မိုက်ခ်က နှဖူးပေါ်မှ ချွေးစေးများစီးကျလာသည်။

"ဘာလဲ၊ မင်းလက်မခံရဲဘူးလား" ရွှယ်အန်းက မသိမသာ မေးလိုက်သည်။

ထိုအချိန်တွင်ပင် ဆွဲဆောင်မှုရှိသော အသံတစ်ခုကြားရ၏။

"ဒီလူကြီးမင်းက စိတ်လှုပ်ရှားမှုကို အရမ်းကြိုက်တဲ့အတွက် ပိရမစ်ကာစီနိုမှာ ကျွန်မတို့က ဝန်ဆောင်မှုပေးဖို့ အသင့်ပါပဲ”

အသံနှင့်အတူ ရွှေရောင်ဆံပင် မျက်လုံးအပြာရောင်နှင့် စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးက လှပစွာလျှောက်လှမ်းလာသည်။ ဤအမျိုးသမီးကိုတွေ့သည်နှင့် မိုက်ခ်နှင့် အခြားသူများအမြန်ထွက်သွားကြသည်။

“မဒမ်”

ဤအမျိုးသမီးသည် မိုက်ခ်နှင့် အခြားသူများကို ဂရုမစိုက်ဘဲ ပြုံး၍ ရွှယ်အန်းဆီသို့ တည့်တည့် လျှောက်သွားသည်။

"ဒီအမျိုးသမီးက ကာစီနို၏နောက်ကွယ်မှ ပိုင်ရှင်ဖြစ်သူ စုဖေးယာပဲ။ ကာစီနိုမှာ အမြင့်ဆုံးအာဏာရထားတဲ့သူဖြစ်ပြီး ကဒ်တွေလိမ်လည်တဲ့နေရာမှာ ကျွမ်းကျင်ပဲ”

သူမက ဤလူများ၏ အထောက်အထားများအကြောင်း ရွှယ်အန်းကို လျှို့ဝှက်အကြောင်းကြားခဲ့သည်။

ရွှယ်အန်းလှည့်မကြည့်ဘဲ ပြုံးရုံသာပြုံးလိုက်၏။

"မင်းတော်တော်သိပုံရတယ်"

"ကျွန်မ... ဒီကာစီနိုမှာ အလုပ်လုပ်ဖူးတယ်" ဝူယွီက အတိတ်ကို ရှင်းရှင်းလင်းလင်း မပြောပြချင်တော့ဘဲ အံတင်းတင်းကြိတ်ကာပြောလိုက်သည်။

“လူကြီးမင်းရွှယ် ရှင် ဒီလူတွေနဲ့ မလောင်းနဲ့။ သူတို့ကို မနိုင်နိုင်ဘူး”

ရွှယ်အန်းက ပြုံးလိုက်သည်။

"မင်းရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါ့ကံက အမြဲတမ်း ကောင်းတော့ ငါရှုံးမှာမဟုတ်ဘူး”

All Chapters