← Chapters

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း(၄၄၅) မနာခံမှုအားလုံးကို အနိုင်ယူခြင်း

ကာနေ့ခ်က နောက်ဆုံးတွင် ပေါက်ကွဲသွားသည်။

‘နာမည်ဂုဏ်သတင်းကို ဘယ်သူက ဂရုစိုက်မှာလဲ။ အဆိုးဆုံးအနေနဲ့ ဘရန်းနာမည်ပြောင်းလိုက်ရင်ရတာပဲ’

‘တကယ်လို့ အခု စာချုပ်ထိုးလိုက်ရင် ငါ့အတွက် ဆုံးရှုံးမှုက ကြီးလိမ့်မယ်’

ဤအတွေးဖြင့် သူက မျက်လုံးများဖြင့် အချက်ပြလိုက်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် များစွာသော လုံခြုံရေးအစောင့်များက ခန်းမကြီးတစ်ခုလုံးကို ပိတ်ချလိုက်သည်။ ၎င်းတို့၏ နက်မှောင်နေသော သေနတ်များအားလုံးက ရွှယ်အန်းသို့ ချိန်ရွယ်ထားကာ ရွှယ်အန်းကို ဆန်ခါပေါက်အဖြစ်ပြောင်းလဲပစ်ရန်ပင် ဝန်လေးကြမည်မဟုတ်ပေ။

‘သတင်းဆိုးပဲ… ကာနေ့ခ်က ရန်လိုနေပြီ’

ကော်ရှောင်းလျန်နှင့် ချိုင်လေ့လန်တို့သည် ရှေ့သို့ အလျင်စလို လျှောက်လာကြသည်။

ထိုအချိန်တွင်၊ ရွှယ်အန်းသည် သူတို့၏ လှုပ်ရှားမှုများကို သတိပြုမိသွားကာ ခေါင်းမလှည့်ဘဲ ပြောလိုက်၏။

“မင်းတို့ လှုပ်ရှားစရာမလိုပါဘူး”

ဤသို့ပြောလျက် ရွှယ်အန်းက ပျော့ပျောင်းသော သားရေကုလားထိုင်ကို မှီကာ ကာနေ့ခ်ကို စိတ်ဝင်တစား ကြည့်နေသည်။

"ဘာကိစ္စရှိလို့လဲ မင်း အထာကျကျမနေနိုင်တော့ဘူးလား"

ကာနေ့ခ်က လှောင်ရယ်လိုက်သည်။

“မင်းဘာလို့ ဒီလောက်အေးဆေးနေလဲဆိုတာ အံ့သြနေတာ။ ဒါပေမယ့်အခု ငါနားလည်သွားပြီ”

"အိုး..ဘာလို့လဲ"

"မင်းက လုံးဝ ရူးနေလို့" ကာနေ့ခ်က ယုတ်ညံ့သော အပြုံးဖြင့် ပြောကာ လှုပ်ရှားရန် အဆင်သင့် ဖြစ်နေသည်။

ထိုအချိန်တွင် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် တင်းမာနေသော လေထုထဲတွင် ဖုန်းမြည်သံသည် အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ကာနေ့ခ်က ခေတ္တရပ်သွားပြီးနောက် ဖြူဖျော့သော မျက်နှာဖြင့် ပြေးလာသည့် မိုက်ခ်ကို မြင်လိုက်ရ၏။

“ဘောစ့် ဆရာ့ဖုန်း”

“ဖုန်းက ဘာဖြစ်လို့လဲ။ ဒီမှာ ဘာဖြစ်နေလဲဆိုတာ မင်းမတွေ့ဘူးလား”

“ဒါပေမယ့် ဆရာ ဖုန်းကိုင်မှရမယ်။ ဒါ မစ္စတာ လန်ဖရိုဆီက မိုက်ခ်က တုန်လှုပ်သော အသံဖြင့် ပြောလိုက်သည်။

လန်ဖရို

ထိုနာမည်ကိုကြားသောအခါ ကာနေ့ခ်၏အမူအရာမှာ ထူးဆန်းသွားသည် ။

‘ဘာတွေဖြစ်နေတာလဲ’

‘FBI သူဌေး လန်ဖရိုက ငါ့ကို ဘာကြောင့် ပုဂ္ဂိုလ်ရေးအရ ခေါ်တာလဲ’

ကာနေ့ခ်က သံသယများဖြင့် ပြည့်နှက်နေသော်လည်း ဖုန်းခေါ်ဆိုမှုကို အမြန်ဖြေကြားခဲ့သည်။

"မစ္စတာလန်ဖရို၊ မင်္ဂလာပါ၊ ဆရာ့အတွက် ကျွန်တော်ဘာလုပ်ပေးရမလဲ" ကာနေ့ခ်က လန်ဖရိုကို အလွန်လေးစားသည်။

လန်ဖရိုသည် ဖုန်းလိုင်း၏ အခြားတစ်ဖက်၌ အနည်းငယ်တုန်ယင်လျက်ရှိသည်။ ကာနေ့ခ်၏စကားကိုကြားပြီးနောက်၊ သူအသက်ပြင်းပြင်းရှူလိုက်၏။

"ကာနေ့ခ် လူတစ်ယောက်အကြောင်း ငါ့ဆီက လူတစ်ယောက်ကို စုံစမ်းခိုင်းလိုက်တာလား”

ကာနေ့ခ်က အနည်းငယ်အံ့သြသွားသည်။ အမှန်ပင် သူသည် ရွှယ်အန်း၏ နောက်ကြောင်းကို ရှာရန် FBI အေးဂျင့်တစ်ဦးကို ယခုတင်ဆက်သွယ်ခဲ့သည်။ သို့သော် ယင်းက လန်ဖရိုကို သတိပေးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“ဟုတ်ပါတယ် မစ္စတာ လန်ဖရို၊ ဒါက စည်းမျဥ်းစည်းကမ်းကို နည်းနည်း ဆန့်ကျင်နေနိုင်တယ်။ ဒါပေမယ့် ကျွန်တော် FBI ကို နောက်မှ လှူပါ့မယ်”

ဤသည်မှာ အမေရိကနိုင်ငံ၏ တရားမဝင်သော စည်းမျဥ်းတစ်ခုဖြစ်လာခဲ့သည်။ အလှူငွေများမှတဆင့် အချို့သော တရားမဝင်သော အရေးကိစ္စများကို တရားဝင်စေရန် ပြုလုပ်နိုင်သည်။ သို့သော် လန်ဖရိုက သူ့ကို ဤကိစ္စအတွက် ခေါ်ယူခြင်းမဟုတ်သည်မှာ ရှင်းလင်းလှသည်။ ဤအခိုက်အတန့်၌ လန်ဖရို၏ မျက်နှာထက်၌ ချွေးစေးများ တင်ကပ်လာသည်။

“အဲ့တာကို နောက်မှပြောကြရအောင်။ ငါသိချင်တာက ဒီလူကို ဘာလို့ လာမေးနေတာလဲဆိုတာပဲ”

“ဘာလို့လဲဆိုတော့.. သူက ကျွန်တော့ ကာစီနိုလာပြီး လာလိမ်နေတယ်လို့ ထင်လို့ပါ” ကာနေ့ခ်က ယုံကြည်မှုအပြည့်ဖြင်‌့ပြောသည်။

လန်ဖရိုက မျက်စိရှေ့တွင် အမှောင်ထုကို ခံစားလိုက်ရကာ မူးမေ့လဲလုနီးပါးဖြစ်နေသည်။ ဤအချိန်တွင် ကာနေ့ခ်က အနည်းငယ် စိတ်ရှုပ်ထွေးနေသေးစွာဖြင့် ပြော၏။

"မစ္စတာ လန်းဖရို၊ ပြဿနာရှိသလား။ တခြားဘာမှ မရှိဘူးဆိုရင်တော့ ဒီကောင်က ကျွန်တော့်ပိုက်ဆံတွေ အကုန်ရသွားပြီဆိုတော့ ကျွန်တော် ဒီကောင့်ကို သေချာပေါက် တန်ရာတန်ကြေးတောင်းရတော့မယ်"

ကာနေ့ခ်က လူသတ်ချင်စိတ်အပြည့်ဖြင့် ဖုန်းချတော့မည်ဟု‌ပြောသည်။ ထိုအချိန်တွင်ပင် ဖုန်းမှ ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

“ရပ်တော့”

ကာနေ့ခ်က အံ့အားသင့်သွား၏။

“ဘာ… ဘာဖြစ်တာလဲ”

တစ်ချိန်တည်းတွင် FBI ရုံးအဆောက်အအုံ၏ အထက်ပိုင်း၌ အလုပ်များနေသည့် အေးဂျင့်များအားလုံးသည်လည်း သူဌေးရုံးခန်းမှထွက်ပေါ်လာသော ဟိန်းဟောက်သံများကြောင့် တုန်လှုပ်သွားကြသည်။

‘ဘာဖြစ်တာလဲ’

‘သူဌေးကို ဒေါသထွက်အောင် ဘယ်သူလုပ်ခဲ့တာလဲ’

“ကာနေ့ခ် မင်း ဒီည ညစာစားချင်သေးရင် ငါ့စကားတွေကို အရေးထားမှဖြစ်မယ်”

ကာနေ့ခ်၏ တုံ့ပြန်မှုကို မစောင့်ဘဲ လန်ဖရိုက ဆက်ပြောသည်။

"မင်းမေးတဲ့လူကို ဘယ်သူမှ ရန်စဖို့ မတတ်နိုင်ဘူး။ မင်းဆီက သူဘယ်လောက်ပဲနိုင်နိုင် တစ်ပြားမှမလျော့ဘဲ ပေးလိုက်ပါ။ မင်း ကောင်းကောင်းမွန်မွန်နဲ့ စိတ်ရင်းမှန်မှန်နဲ့ သဘောထားကြီးပြနိုင်နေသရွေ့ မင်း အသက်ရှင်နေလိမ့်မယ်။ မဟုတ်ရင် သမ္မတမပြောနဲ့ ဘယ်သူမှမင်းကို ကယ်နိုင်မှာမဟုတ်ဘူး။ နားလည်လား”

လန်ဖရို၏ စကားကိုကြားသောအခါ ကာနေ့ခ်၏ မျက်နှာသည် မယုံကြည်မှုများနှင့် ပြည့်သွားသည်။

“ဒါပေမယ့်…”

"ဘာ ဒါပေမယ့်မှမရှိဘူး။ မင်း အရူးက ဒီနတ်သုတ်သင်သူကို ဒေါသဖြစ်နေရင် မင်းတင်မကဘူး လက်စ်ဗီးဂတ်စ်နဲ့ အမေရိကတစ်နိုင်ငံလုံး မင်းနဲ့အတူ အဆုံးသတ်သွားလိမ့်မယ်။ နားလည်လား"

ကာနေ့ခ်၏ အသားရောင်က တဖြည်းဖြည်း ဖြူဖျော့လာသည်။ ဤအဆင့်တွင် ချမ်းသာသူတစ်ဦးအနေဖြင့် သာမန်လူများ လက်လှမ်းမမီနိုင်သော အရာများစွာကို သဘာဝအတိုင်း သိရှိထားသည်။

"မစ္စတာလန်းဖရို၊ ခင်ဗျားပြောနေတာက..."

"လက်စားချေဖို့မတွေးနဲ့ အလင်းဘုရားကျောင်းလိုမျိုး ဒုစရိုက်မြို့တော်က ကျုံးမိသားစုလိုမျိုး မဖြစ်ချင်ရင် ခေါင်းမမာနဲ့”

ဤ‌ဖော်ပြချက်က လျှပ်စီးတစ်စင်းကဲ့သို့ ပြင်းထန်လှကာ ကာနေ့ခ်ကို ခြေမခိုင်ဖြစ်စေ၍ မြေပြင်သို့ လဲကျလုနီးပါးပင်ဖြစ်သွားစေသည်။ အလင်းအသင်းတော်နှင့် ဒုစရိုက်မြို့တော်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သူသိထားသည်။ ထို့ကြောင့် ဤလူ၏ အမည်နှင့် အထောက်အထားကို သိနိုင်ရန် နီးစပ်နေပြီပင်ဖြစ်၏။

"မစ္စတာ ကာနေ့ခ် ဘုရားသခင်ကောင်းချီးပေးပါစေ၊ ဘုရားသခင်ကောင်းချီးပေးပါစေ ဒါပေမယ့် ဒီလူနဲ့ ယှဥ်ရင် ဘုရားသခင်တောင် တန်ခိုးကင်းမဲ့တယ်လို့ ငါထင်တယ်၊ ဒါကြောင့် မင်းကိုယ့်ကိုကိုယ် ကောင်းကောင်းဂရုစိုက်ပါ၊ ဒါပေမယ့် မင်းသူ့ကို နှိုးဆော်ပြီး ပိုပြင်းထန်တဲ့ အကျိုးဆက်တွေဖြစ်စေရင် မင်းမိသားစုက အပြစ်ပေးခံရလိမ့်မယ် ဆိုတာကို သတိရပါ”

ထိုသို့ပြော၍ လန်ဖရိုက ဖုန်းချလိုက်သည်။ သူ့ကို ရှင်းရှင်းလင်းလင်းသိစေရန် ရှင်းပြနိုင်ပြီဟု သူထင်သည်။ ကာနေ့ခ်ကသာ လူမိုက်မဟုတ်လျှင် သူ မည်သို့ လုပ်ရမည်ကို သိသင့်သည်။ သို့သော် ဤအခိုက်အတန့်၌ ကာနေ့ခ်၏ စိတ်က လုံးဝဗလာဖြစ်နေ၏။

မိုက်ခ်ကရှေ့သို့ ခြေတစ်လှမ်းလှမ်းကာပြောလိုက်သည်။

"သူဌေး၊ ကျွန်တော်တို့ အခု အရေးယူမှာလား”

ကာနေ့ခ်တုန်လှုပ်သွားကာမိုက်ခ်၏မျက်နှာကို ပြင်းထန်စွာ ရိုက်လိုက်သည်။

ဘမ်း

မိုက်ခ်က လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြန်ကျလာသောအခိုက်၌ သူ့မျက်နှာထက်ဝက်ခန့်က ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းလာပြီဖြစ်သည်။ ဤရိုက်ချက်က လူတိုင်းကို ထိတ်လန့်သွားစေသည်။

‘ဘာတွေဖြစ်နေတာလဲ’

ဖုန်းတစ်ချက်ဆက်လိုက်ပြီးနောက် ကာနေ့ခ်က အဘယ်ကြောင့် စိတ်ပျက်အားငယ်မှုအပြည့်ဖြစ်သွားရသနည်း။

ဆုဖေးယာအမြန်ပြေးလာသည်။

"သူဌေး၊ ဘာဖြစ်နေတာလဲ၊ ဘာဖြစ်တာလဲ"

ကာနေ့ခ်သည် အသက်ပြင်းပြင်းရှုလျက် စုဖေးယာ၏ ဆံပင်ကိုဆွဲကာ မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။ "ဖာသည်မ၊ ဒါ မင်းကြောင့်ပဲ၊ အခု လူကြီးမင်းရွှယ်ကို ချက်ချင်း ဒူးထောက်တောင်းပန်လိုက်"

ဆုဖေးယာသည် မြေပြင်ပေါ်တွင် ဝရုန်းသုန်းကား လဲကျလျက် အစောပိုင်းက ကျက်သရေရှိသော အမူအရာတိုင်းကို ဆုံးရှုံးလိုက်ရသည်။ ကာနေ့ခ်၏ စကားကိုကြားပြီးနောက် သူမ၏ မျက်နှာကလည်း ဖြူဖျော့သွားသည်။ ဖုန်းပြောပြီးနောက် ကာနေ့ခ်၏သဘောထားသည် သိသိသာသာပြောင်းလဲသွားခဲ့ပါက၊ ဤတရုတ်အမျိုးသား၏အထောက်အထားသည် လမ်းလှမ်းမမီနိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိသာသည်။

သူ၏ စစ်မှန်သော အထောက်အထားသည် သူမအတွေးနိုင်ဆုံးအတိုင်းအတာကို ကျော်လွန်၍ အမှန်တကယ် လေးစားထိုက်သော အရာတစ်ခု ဖြစ်နိုင်သည်။

သူမသည်လည်း လိမ္မာပါးနပ်သော အမျိုးသမီးတစ်ဦးဖြစ်သဖြင့် ချက်ခြင်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ ဤမြင်ကွင်းက တက်ရောက်လာသူအားလုံးကို အံ့သြသွားစေသည်။

‘ကာနေ့ခ် ရူးသွားပြီလား’

ရွှယ်အန်းတစ်ယောက်၏ နှုတ်ခမ်းဖျားများတွင်သာ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ထွက်လာ၏။

အခန်း(၄၄၆) မင်းက ငါနဲ့ ညှိနှိုင်းဖို့ တန်လို့လား

ကာနေ့ခ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ နှိမ့်ချမှု အပြည့်ဖြင့် ပြော၏။

"မစ္စတာရွှယ် ဆရာ့ အထောက်အထားကို ကျွန်တော် တကယ် မသိပါဘူး၊ ဒါက နားလည်မှုလွဲနေတာပါ”

ဤသို့ပြောနေစဉ် ကာနေ့ခ်က လုံခြုံရေးအစောင့်များကို ပြောလိုက်သည်။

“မင်းတို့ရဲ့သေနတ်တွေကို ဖယ်ထား အရူးတွေ ဘယ်သူက မင်းတို့ကို ဒီကိုလာခိုင်းတာလဲ”

လုံခြုံရေးအစောင့်များက အချင်းချင်း ထိတ်လန့်တကြားကြည့်ကာ ၎င်းတို့၏သေနတ်များကို တိတ်တဆိတ်ဖယ်ထုတ်လျက် ဘေးသို့ ထွက်ခွာသွားကြသည်။

ထို့နောက် ကာနေ့ခ်သည် သူ့ခါးမှ သေနတ်တစ်လက်ကို ထုတ်လိုက်ကာ လျို့ဝူနှင့် မိုက်ခ်ကို ချိန်လျက် မဆိုင်းမတွ ပစ်လိုက်သည်။

ဒိုင်းခနဲ ပေါက်ကွဲသံ နှစ်ချက် ထွက်ပေါ်လာသည်။

သူဌေးက ၎င်းတို့ကို ပစ်သတ်လိမ့်မည်ဟု မည်သူကမှ အိပ်မက်မမက်ဖူးကြပေ။ ထို့နောက်တွင် ကာနေ့ခ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ခယစွာပြော၏။

"မစ္စတာရွှယ် ကျွန်တော့်လူတွေဟာ ဆရာ့ကို မရိုသေကြဘူး၊ ကျွန်တော် သူတို့ကို ကိုင်တွယ်ပြီးပါပြီ”

ဤ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အလှည့်အပြောင်းသည် လူတိုင်းကို လုံးဝ အံသြသွားစေသည်။ တိုက်ပွဲတစ်ခုစရန် တောင်းဆိုနေသည့် ကာနေ့ခ်သည် ရုတ်တရက် အလွန်နှိမ့်ချလာကာ သူ့လူနှစ်ယောက်ကိုပင် သတ်ပစ်လိုက်သည်။

ရွှယ်အန်းက အသံမထွက်ဘဲ မြင်ကွင်းကို တိတ်တဆိတ် ကြည့်နေ၏။

စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ညင်သာစွာ ပုတ်လိုက်သည်။ အသံက မကျယ်လှသော်လည်း ကာနေ့ခ်၏ မျက်နှာကိုပိုမို အရုပ်ဆိုးသွားစေသည်။

အခန်းက တိတ်ဆိတ်ကာ မျက်လုံးအားလုံးက ရွှယ်အန်းကို စူးစိုက်ကြည့်နေသည်။ ထိုအချိန်၌ လူများအားလုံးက သဘောပေါက်လာကြသည်။ ဤတရုတ်အမျိုးသားသည် အစကတည်းက ကာနေ့ခ်နှင့် အခြားသူများကို ဂိမ်းကစားနေသည့်အလား ဆက်ဆံနေခဲ့သည်။

ကာနေ့ခ်၏ ကြောက်မက်ဖွယ်ကောင်းသော အမူအရာကြောင့် ဤလူက သာမန်လူမဟုတ်သည်မှာ သေချာသည်။

"မိန်းမ၊ ငါတို့ ဝင်ပါဖို့ မလိုဘူးထင်တယ်" ကော်ရှောင်းလျန်က ပြောလိုက်သည်။

သို့သော် ချိုင်လေ့လန်သည် ရွှယ်အန်း၏နောက်ကျောကို စိုက်ကြည့်ကာ သူမ၏အမူအရာပြောင်းသွားသည်။ ထိုအချိန်တွင် ကာနေ့ခ်သည် သူ၏ရင်ဘတ်တွင် ခေါင်းမြှုပ်လုနီးပါးဖြစ်ကာ ကော်ဇောပေါ်သို့ ဦးညွတ်ချလိုက်လျက် အေးစက်နေသော ချွေးများသည် ပါးပြင်ပေါ်သို့ စီးကျလာသည်။ သုံးမိနစ်ပြည့်ပြီးနောက်တွင် ရွှယ်အန်းသည် နောက်ဆုံး၌ လျစ်လျူရှုကာမေးလိုက်၏။

“ငါဘယ်သူလဲဆိုတာ မင်းသိလား”

"ဟုတ် FBI က မစ္စတာ လန်ဖရိုက အခုပဲ ဖုန်းဆက်ပြီး ပြောပါတယ်"

“ကောင်းပြီ၊ အခု ငါတို့ရဲ့ အလောင်းအစားအကြောင်း ပြောကြည့်ရအောင်”

ကာနေ့ခ် တုန်လှုပ်သွားသည်။

သူဤမျှ ခယနေပြရသည့်အကြောင်းရင်းမှာ အခြေအနေများကို ချောမွေ့အောင်လုပ်ရန် မျှော်လင့်သောကြောင့်ဖြစ်သည်။ သူ့အမြင်တွင် ရွှယ်အန်းက ဤသို့လုပ်နေရခြင်းမှာ သူ၏ ကာစီနိုကို အမှန်တကယ်စိတ်ဝင်စားနေခြင်းမဟုတ်ဘဲ သူ့သူငယ်ချင်းအတွက် ရပ်တည်ပေးရန်သာဖြစ်သည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ရွှယ်အန်းကို လုံလောက်သည့် မျက်နှာပေး ထားသရွေ့ အရာအားလုံး အဆင်ပြေမည်ဟု သူထင်ခဲ့သည်။

ထို့ကြောင့် ရွှယ်အန်းကို သူ၏သဘောထားကို ပြသရန် မိမိ၏ အရည်အချင်းရှိသော လက်အောက်ငယ်သားနှစ်ဦးကို သတ်ပစ်ကာ ပြတ်ပြတ်သားသား အရေးယူခဲ့သည်။

ဒါပေမယ့် ရွှယ်အန်းဟာ သူ့ရဲ့ လှည့်စားမှုကြောင့် ကျဆုံးလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။

“ဒါ…” ကာနေ့ခ်က ချီတုံချတုံ ဖြစ်နေသေးသည်။

ရွှယ်အန်းက ပြတ်ပြတ်သားသားပြောသည်။

"ဘာလဲ၊ မင်း လက်မလျှော့ချင်ဘူးလား"

ကာနေ့ခ်တုန်လှုပ်သွားပြန်သည်။

" မဟုတ်ပါဘူး၊ ဒီလောက်ကြီးတဲ့ ကာစီနိုကြီးတစ်ခုကို လွှဲပြောင်းပေးဖို့ အချိန်နည်းနည်းတော့ လိုလိမ့်မယ်... ဘယ်လိုလဲ၊ ဆရာ ဒီဘဏ်ကတ်တွေကို အရင်ယူပြီး အရင်ထွက်သွားပါ၊ နောက်မှ လွှဲပြောင်းပေးတဲ့ လုပ်ငန်းစဉ်ကို ရှေ့နေတွေက ဆောင်ရွက်ပေးပါ့မယ်။"

ကာနေ့ခ်၏ ရည်ရွယ်ချက်က ရှင်းသည်။

‘မင်းက အခု ဖြတ်သွားဖြတ်လာပါ။ ကာစီနိုကို မင်းကိုငါပေးရင်တောင် မင်းမစီမံနိုင်ဘူး’

အခု မင်းငါ့ဆီက ဘီလီယံသုံးဆယ်ပြည့်အောင် ရသွားပြီဆိုတော့ လုံလောက်ပြီပေါ့။

တတ်နိုင်ရင် လူတွေကို မသက်ညှာပေးသင့်ဘူးလား။

မင်း တကယ်ပဲ ရက်စက်ဖို့ လိုသလား။

ကာနေ့ခ်သည် သူ၏အကြံအစည်ကို စိတ်ထဲတွင် လှပစွာ အကောင်အထည်ဖော်ခဲ့သည်။

သို့သော် ရွှယ်အန်းက ဝူယွီဘက်ကို လှည့်ကာ ပြုံးပြလိုက်သည်။

"မိန်းကလေးဝူက ငါ့ကုမ္ပဏီရဲ့ လက်အောက်ခံ ကာစီနိုလောင်းကစားရုံတစ်ခုမှာ မန်နေဂျာတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိလားလို့ ငါသိချင်မိတယ်"

“ကျွန်မလား”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့်…” ဝူယွီသည် သံရောင်ပြောင်းနေသော ကာနေ့ခ်ကို တုံ့ဆိုင်းစွာဖြင့် ကြည့်လိုက်သည်။

အကယ်၍ သူမသာ ကာစီနိုတစ်ခု၏ မန်နေဂျာဖြစ်လာပါက၊ ကော်လာဖြူလူလတ်တန်းစားအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အဆင့်မှ အထက်တန်းစားအဆင့်သို့ သူမ အရှိန်အဟုန်ဖြင့် တက်လာမည်ဟု ဆိုလိုသည်။

ဒါပေမယ့် ဒီလောက်ရိုးရှင်းနိုင်ပါ့မလား။

ကာနေ့ခ်သည် ဤကာစီနိုကို နှစ်ပေါင်းများစွာ စီမံခဲ့ကာ သူ၏ အဆက်အသွယ်များက အလွန်ရှုပ်ထွေးနေသည်။ ဝူယွီက သူမကိုယ်တိုင် တွက်ချက်မှုအချို့ကို ပြုလုပ်နေသည်။

ရွှယ်အန်းက ရယ်လိုက၏။

"မင်းလုပ်ချင်လား မလုပ်ချင်ဘူးလား"

"ဟုတ် ကျွန်မလုပ်ချင်ပါတယ်"

"ကောင်းတယ်" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

ရွှယ်အန်းနှင့် ဝူယွီ၏ စကားဝိုင်းသည် သူ့တည်ရှိမှုကို လုံးဝဂရုမစိုက်သည့်အတွက် ကာနေ့ခ်က စိတ်ထဲခံစားရခက်လာသည်။

ရွှယ်အန်းက မျက်ခုံးပင့်တင်လိုက်သည်။

ဓားအလင်းတန်းတစ်ခု လင်းလက်လာသည်။

၎င်းသည် သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို နောက်ဆုံးနှုတ်ဆက်စေခဲ့သည်။

လေထဲ၌ ကာနေ့ခ်သည် ဤဘဝတွင် သူ၏နောက်ဆုံးစကားကြားလိုက်ရသည်။

"ငါနဲ့ ညှိနှိုင်းချင်ပေမယ့် မင်းမှာ ငါနဲ့ ညှိနှိုင်းဖို့ အရည်အချင်းရှိလား"

ကာနေ့ခ်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

မရေမတွက်နိုင်သော လူများထံမှ ထိတ်လန့်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကာနေ့ခ်၏သစ္စာစောင့်သိသောလုံခြုံရေးအစောင့်အများအပြားသည် ဒေါသတကြီးအော်ဟစ်ကာ လှုပ်ရှားရန်အဆင်သင့်ဖြစ်နေသည်။

ရွှယ်အန်းက တစ်လက်မမျှ မရွေ့ဘဲ သူ့လက်ဖြင့် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

ဓားအလင်းတန်းများက အခန်းထဲကို ဖြတ်ကျော်သွားသည်။ နေရာတိုင်းတွင် သွေးများ ပန်းထွက်လျက် အသက်များ ညှိုးနွမ်းသွားရသည်။

ခဏအကြာ

လုံခြုံရေးအစောင့်များအားလုံးကတွန်းလှန်ရန် ကြိုးစားခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

ခန်းမတစ်ခုလုံး သွေးများနှင့် ခန္ဓာကိုယ်များ ပြည့်နှက်နေသည်။

ထိုမှသာ ရွှယ်အန်းက မတ်တတ်ရပ်လိုက်သည်

"ကဲ၊ ဒီကာစီနိုက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ"

ဤသို့ပြောပြီးသည်နှင့် ရွှယ်အန်းက လှည့်၍ ရွှယ်ရှန်းတို့ ဂိမ်းကစားနေသည့်နေရာသို့သွားလိုက်သည်။ သူဖြတ်သွားသည့်နေရာတိုင်းတွင် လူတိုင်းက အလိုအလျောက် လမ်းဖယ်ပေးကြသည်။ သူ့ကိုနှုတ်ဆက်ရန်ရည်ရွယ်ထားသော ကော်ရှောင်းလျန်ပင်လျှင် လူအုပ်နောက်ကွယ်တွင် မျက်နှာဖြူဖျော့စွာ ရပ်နေခဲ့သည်။

ချိုင်လေ့လန်၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း မျက်လုံးများက ပို၍ပင် တောက်ပနေသည်။

ရွှယ်အန်းအနီးသို့ရောက်သောအခါ ချိုင်လေ့လန်က ရိုသေစွာ ဦးညွတ်လိုက်၏။

“ရှေးမျိုးနွယ် ထိုက်ချီရဲ့ မြေးဆက် ချိုင်လေ့လန်က လူကြီးလူကောင်ကို မြင်ခွင့်ရပြီး ခင်ပွန်းကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“မင်း … ငါ့ကို သိလား”

ချိုင်လေ့လန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

“သိုင်းပညာဖိုရမ်ကို ကျွန်မလည်း ရှာရတာ သဘောကျတယ်”

ရွှယ်အန်းက ဟက်ဟက်ပက်ပက်ရယ်မောကာ ကော်ရှောင်းလျန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မိတ်ဆွေ မင်းမှာ ဇနီးကောင်းလေးရှိတာပဲ။ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

စကားပြောပြီးနောက် ရွှယ်အန်းထွက်သွားသည်။

သူ ဝေးသွားသည်နှင့် တပြိုင်နက် ကော်ရှောင်းလျန်က ကြောက်လန့်တကြား မေးသည်။

“လန်လန် ဒီလူက ဘယ်သူလဲ။ မင်းက ဘာလို့ သူ့ကို ဒီလောက် လေးစားနေရတာလဲ”

“သူ…” ချိုင်လေ့လန်က ခဏမျှစဥ်းစား၍ လေးနက်သော မျက်နှာအမူအရာဖြင့် ပြောသည်။

“ငါတို့ သိုင်းပညာလောကရဲ့ အထွတ်အမြတ်ထားတဲ့ ပုဂ္ဂိုလ်ပဲ”

ဤသည်ကိုကြားသောအခါ ကော်ရှောင်းလျန်က ရွှယ်အန်း၏ နောက်ကျောကို ငေးမောကြည့်နေသည်။ ဖြစ်ပျက်ခဲ့သမျှကို သူမျက်မြင်တွေ့ခဲ့ရသည်။ လူတိုင်း၏ အမြင်တွင် လှည့်ကြည့်ရန်ပင်မဖြစ်နိုင်သောအ ခြေအနေတစ်ခု၌ ရွှယ်အန်းက အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိခဲ့ပေ။ နောက်ပိုင်းတွင် ကာနေ့ခ်၏ ရှောင်တိမ်းမှုနှင့် ငြီးငွေ့ဖွယ် ငြင်းခုံမှုများနှင့် ရင်ဆိုင်ရသောအခါ ရွှယ်အန်းက စကားလုံးများကို မဖြုန်းတီးတော့ဘဲ အသက်များကို နှုတ်ယူခဲ့သည်။

ဤတည့်တိုးဆန်သော နည်းလမ်းက ကော်ရှောင်းလျန်ကို သူ့အပေါ် အလွန် လေးစားသွားစေသည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းက အန်းယန်နှင့် သမီးဖြစ်သူများဆီသို့ ပြန်ရောက်နေပြီဖြစ်သည်။ ၎င်းတို့က ဂိမ်းထဲတွင်သာ စိတ်နှစ်ထားကြသဖြင့် မည်သည့်အရာများဖြစ်ပျက်သွားသည်ကို မသိကြတော့ပေ။

အထူးသဖြင့် ရှန်းရှန်းက ကျွမ်းကျင်စွာဖြင့် ဆိုင်ကယ်မောင်းလျက်ရှိကာ ရွှယ်အန်း၏ ပြန်လာမှုကို မြင်သောအခါ အန်းယန်က မျက်စိတ်စဖက်မှိတ်ပြသည်။

“ဘာဖြစ်သွားတာလဲ။ ဘာလို့ လူတွေစုနေတာလဲ”

“ဘာမှမဟုတ်ပါဘူး” ရွှယ်အန်းက ပေါ့ပါးစွာပြောလိုက်သည်။

“အင်း”

ယောက်ျားဖြစ်သူက မည်သည့်စကားမျှ မပြောလျှင် အန်းယန်က မည်သည့်မေးခွန်းမျှ မေးမည်မဟုတ်ပေ။

အခန်း(၄၄၇) ကာစီနိုကို မထင်မှတ်ဘဲ အနိုင်ရခဲ့တယ်

သားအမိသုံးဦးက စိတ်အားထက်သန်စွာဖြင့် ဂိမ်းများကို ဆက်လက်ကစားနေကြသည်။ ရွှယ်အန်းက သူတို့ကို ဘေးမှကြည့်ရုံကြည့်နေ၏။ ရှန်းရှန်း မော်တော်ဆိုင်ကယ်စီးခြင်း သို့မဟုတ် နျန်နျန်နှင့် ပူးပေါင်း၍ ဂိမ်းကို ညွှန်ကြားခြင်းဖြင့် အလွန် ပျော်ရွှင်လျက်ရှိသည်။ သို့သော် ဤမြင်ကွင်းက နောက်ပိုင်းမှ ပိရမစ်ကာစီနိုသို့ ရောက်လာသည့် အလယ်အလတ်နှင့် အဆင့်မြင့် စီမံခန့်ခွဲရေးဝန်ထ်းများကို အံ့သြသွားစေသည်။ ကာနေ့ခ်၏ သေဆုံးမှုသည် အဘက်ဘက်သို့ အလွန်ကြောက်မက်ဖွယ်အရှိန်နှင့် ပျံ့နှံ့သွားခဲ့သည်။ လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့သော်လည်း လက်စ်ဗီးဂတ်စ်၏ ရဲတပ်ဖွဲ့က တစ်စုံတစ်ရာမှ လှုပ်ရှားခြင်းမရှိသေးသည့်အချက်က လူအများကို အလွန် အံ့သြသွားစေသည်။

FBI နှင့် အခြား ဌာနများကပင် ဤကိစ္စကို ဆက်တိုက် လျစ်လျူရှု့ထားကြသည်။

အမေရိကနိုင်ငံမှ အာဏာကြီး အေးဂျင်စီများကပင် သူ့ကို နှိုးဆော်ရန် သတ္တိမရှိကြပေ။

ထိုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပတ်ဝန်းကျင်တွင် ကာစီနိုဝန်ထမ်းများသည် ထိတ်လန့်တကြားဖြင့် ရောက်လာကြသည်။

သို့သော် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေသော လူတစ်ယောက်နှင့် မြင်ကွင်းကို မြင်ရလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။ ရွှယ်အန်းက ဝူယွီကို ကာစီနိုမန်နေဂျာအဖြစ် ခန့်အပ်လိုက်ပြီဖြစ်သောကြောင့် ဝူယွီက ရှေ့တန်းတွင် မတ်တပ်ရပ်နေသည်။ ရွှယ်အန်းက မိသားစုနှင့် ရှိနေသည်ကိုမြင်လိုက်ရသဖြင့် သူမ အနားသို့သွားကာ မနှောက်ယှက်ဝံ့သဖြင့် တိတ်ဆိတ်စွာရပ်နေသည်။

သူမက ထိုနေရာတွင်ရှိနေပြီဖြစ်သဖြင့် ကာစီနိုဝန်ထမ်းများကလည်း သဘာဝအတိုင်းပင် မလှုပ်ရှားဝံ့ကြပေ။ ထို့ကြောင့် ခန်းမထဲတွင် အလွန်ထူးခြားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

တစ်ဖက်တွင် မိသားစုတစ်စုက ပျော်ပျော်ရွှင်ရွှင် ဂိမ်းဆော့နေသည်။

တစ်ဖက်တွင်၊ ပိရမစ်ကာစီနို၏ အလယ်အလတ်နှင့် အဆင့်မြင့် ဝန်ထမ်းများအားလုံးက လေးစားစွာ စောင့်ဆိုင်းနေကြသည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် ရွှယ်အန်းက ၎င်းတို့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ”

ဝူယွီက ရှေ့သို့ လှမ်း၍ ပြောလိုက်သည်။

“မစ္စတာရွှယ် ဒါတွေအားလုံးက ကာစီနိုရဲ့ စီမံခန့်ခွဲရေး ဝန်ထမ်းတွေပဲ၊ သူတို့အားလုံး ဆရာ့ကို တွေ့ချင်နေကြပြီ"

ရွှယ်အန်းက ရယ်လိုက်သည်။

"ငါ့ကိုတွေ့လား"

“ဟုတ်”

ထိုအချိန်တွင် လူအများအပြားသည် ဝူယွီအနောက်သို့ တိုးလာကာ အားလုံးက ရွှယ်အန်းကို ရိုသေစွာ ဦးညွှတ်ကြသည်။

"မစ္စတာရွှယ်"

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"အခု ကာစီနိုကို ဝူယွီက အပြည့်အဝ စီမံခန့်ခွဲလိမ့်မယ်။ မင်းတို့မှာ ကန့်ကွက်စရာရှိလား”

“မရှိ… မရှိပါဘူး” ဦးဆောင်သူ အနည်းငယ်က ကမန်းကတန်း တုံ့ပြန်လိုက်သဖြင့် တုန်လှုပ်သွားသည်။

မည်သူက ကန့်ကွက်ရဲမည်နည်း။

ကြမ်းပြင်ပေါ်ရှိ ကာနေ့ခ်၏ သွေးများကိုပင် မရှင်းလင်းရသေးပေ။

"ကောင်းပြီ မင်းမရှိဘူးလို့ပြောတဲ့အတွက် ငါတကယ်မရှိဘူးလို့ မှတ်ထားလိုက်မယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က တခြားရည်ရွယ်ချက်တွေရှိနေတာ ငါသိရရင်တော့..."

ရွှယ်အန်းသည် သူ့စကားမဆုံးသေးသော်လည်း လူတိုင်းက အဓိပ္ပါယ်ကို နားလည်ကြသဖြင့် လူများစွာက ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ကောင်းပြီ၊ အခုလူစုခွဲတော့" ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုလူများ ထွက်သွားပြီးနောက် အန်းယန်က အံ့အားသင့်စွာဖြင့်မေးလိုက်သည်။

“ယောက်ျား ဘာဖြစ်တာလဲ”

ရွှယ်အန်းက ပြုံးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး နည်းနည်းကစားပြီးတော့ ဒီကာစီနိုကို နိုင်သွားတာ”

အန်းယန်က‌ ခေါင်းညိတ်လိုက်၏။

“အိုး ဒီလိုလား”

သူမ၏ အသံက ရေကဲ့သို့ တည်ငြိမ်နေကာ မည်သည့် ခံစားချက်မျှပြသခြင်းမရှိပေ။

သို့သော် ယခုအခိုက်အတန့်တွင် ဝူယွီသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။

ယမန်နေ့က သူမသည် ဧည့်လမ်းညွှန်တစ်ဦးသာဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ဤ ခမ်းနားလှပသော ကာစီနို၏ မန်နေဂျာဖြစ်လာခဲ့သည်။

ဤသည်ကား အိပ်မက်တစ်ခုကဲ့သို့ပင်ဖြစ်၏။ သို့သော် ဤအရာများအားလုံးက ရွှယ်အန်းကြောင့်ဖြစ်ကြောင်း သူမ ကောင်းစွာသိသည်။ သို့သော် ရွှယ်အန်းက ဤကိစ္စများကို လုံးဝဂရုမစိုက်ကြောင်း သူမမသိခဲ့ပေ။

သူက ဝူယွီ၏ ပြတ်သားသော ဦးတည်ချက်ကို ရိုးရှင်းစွာ တန်ဖိုးထားသောကြောင့် ပေါ့ပါးစွာဖြင့် သူမအား အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ညမိုးချုပ်သောအခါ ရွှယ်အန်းက ယခင်ဟိုတယ်သို့ ပြန်သွားရန် မလိုအပ်တော့ပေ။ ပိရမစ်ကာစီနိုတွင် အလွန် ကောင်းမွန်သော အဆင့်မြင့် ဇိမ်ခံဟိုတယ်တစ်ခုရှိသည်။

ကော်ရှောင်းလျန်နှင့် ဇနီးဖြစ်သူတို့နှင့်အတူ ယခင် ခရီးသွားအဖွဲ့မှ အဖွဲ့ဝင်များအတွက်လည်း တည်းခိုရန်နေရာများကိုလည်း စီစဉ်ပေးခဲ့သည်။ ရက်အနည်းငယ်ကြာအောင် အတူတူနေခဲ့ပြီးမှ၊ ရွှယ်အန်းက ဤလူများသည် အလွန်စိတ်ထားကောင်းသည်ဟု ခံစားမိသည်။

သို့သော်လည်း ဤအဖြစ်အပျက်ပြီးနောက်တွင် လူတိုင်းက ရွှယ်အန်းကို အံ့သြထိတ်လန့်သွားခဲ့ကြသဖြင့် ကော်ရှောင်းလျန်ပင်လျှင် ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး ပြုမူခြင်းမျိုးမရှိတော့ပေ။

ရွှယ်အန်းကပြုံး၍ ကော်ရှောင်းလျန်ကိုပြောလိုက်သည်။

“မင်း အရင်က အကြိမ်ပေါင်းများစွာနိုင်ခဲ့တာ မင်းရဲ့ သင်္ချာကျွမ်းကျင်မှုကြောင့်မလား”

ကော်ရှောင်းလျန်က ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့”

“ကောင်းပြီ။ ဒါဆို မင်း ဒီလောင်းကစားအိမ်ကို စီမံဖို့ ဝူယွီနဲ့ အတူနေခဲ့ဖို့ စိတ်ဝင်စားလား”

"ငါလား" ကော်ရှောင်းလျန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြလျက် မေးသည်။

"ဟုတ်တယ်လေ။ မင်းရဲ့သင်္ချာစွမ်းရည်က ကောင်းတယ်။ ဒီမှာနေရင် ဒီက လုပ်ငန်းဆောင်တာတချို့ကို ပိုတိုးတက်အောင် ကူညီပေးနိုင်ပြီး မင်းရဲ့ အခြားလုပ်ငန်းတွေကိုလည်း မထိခိုက်ဘူးပေါ့”

ကော်ရှောင်းလျန်၏ မျက်လုံးများအရောင်တောက်လာသော်လည်း သူက ချိုင်လေ့လန်ကို လှည့်ကြည့်လိုက်သည်။

“မင်းမိန်းမကတော့… သူက ဒီလောင်းကစားအိမ်ရဲ့ လုံခြုံရေးခေါင်း‌ဆောင်ဖြစ်ဖို့ အသင့်တော်ဆုံးပဲ” ကော်ရှောင်းလျန်၏ စိုးရိမ်မှုကိုမြင်သောကြောင့် ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။

ချိုင်လေ့လန်က ချက်ချင်းသဘောတူစွာခေါင်းညိတ်လိုက်သည်။

‘ဟာသပဲ’

‘ဒီထိပ်တန်းသိုင်းပညာရှင်ကြီးရဲ့ စကားတွေကို ဘယ်သူက သဘောမတူဘဲနေရဲမှာလဲ’

ထို့အပြင် ချိုင်လေ့လန်က သူမ၏ မိသားစုထံသို့ လျှို့ဝှက်ဖုန်းခေါ်ဆိုခဲ့သည်။ ရွှယ်အန်းနှင့်တွေ့ကြောင်းကြားသောအခါ၊ အသက်တစ်ရာကျော်ရှိကာ လောကီရေးရာများမှ အငြိမ်းစားယူခဲ့သော ချိုင်မိသားစု၏ ဘိုးဘေးကြီးသည် ချက်ချင်းပင် ဖုန်းကို လုယူသွားခဲ့သည်။

အခြေအနေအသေးစိတ်မေးပြီးသည်နှင့်

မရေမတွက်နိုင်သော မုန်တိုင်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသော ချိုင်မိသားစု၏ ဦးဆောင်မှုတွင် ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့သော အဘိုးအိုက ချက်ချင်း ဆုံးဖြတ်ချက်ချခဲ့သည်။

ရွှယ်အန်းက မည်သို့ပင်ပြောစေကာမူ ၎င်းတို့က သဘောတူရပေလိမ့်မည်ဖြစ်သည်။ ရွှယ်အန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရမည်။ ချိုင်မိသားစုကဲ့သို့ သိုင်းမိသားစုတစ်ခုအတွက် ရွှယ်အန်းသည် ကောင်းကင်တွင်ရှိနေသည့် နေနှင့်လနှင့်တူသည်။ ယခု ၎င်းတို့ ရင်းနှီးခွင့်ရပြီဖြစ်၍ အလိုအလျောက်ပင် ထိန်းသိမ်းထားချင်နေ၏။

ယင်းသည် ချိုင်မိသားစုအတွက် ထောင်စုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးပင် ဖြစ်နိုင်သည်။ ၎င်းတို့လင်မယားနှစ်ယောက်က ဝူယွီ၏ နောက်ကွယ်တွင်နေ၍ ဝန်ထုပ်ဝန်ပိုးကိုမျှထမ်းကြမည်။

ဤညတွင် လူများစွာက အိပ်မပျော်နိုင်ကြတော့ပေ။

ထိုအချိန်တွင် အခန်းထဲတွင် ရွှယ်အန်းက နောက်ဆုံး၌ ကောင်မလေးနှစ်ယောက်ကို အိပ်ရန် ချော့နိုင်ခဲ့သည်။

ထို့နောက် ထကာ ဧည့်ခန်းသို့ သွားခဲ့သည်။ ထိုအချိန်တွင် အန်းယန်က ထိတ်လန့်ဖွယ်ရာ ဂိမ်းတစ်ခုကို ကစားနေကာ သူမ၏ မျက်နှာ ဖြူဖျော့နေ၏။ ကြီးမားသော တီဗီဖန်သားပြင်ပေါ်တွင် ရံဖန်ရံခါ ထွက်ပေါ်လာသည့် ထိတ်လန့်ဖွယ်ပုံရိပ်များသည် အန်းယန်ကို အခါအားလျော်စွာ တုန်လှုပ်စေခဲ့သည်။

သို့သော် အန်းယန်က ခေါင်းမာမာနှင့် ဆက်ကစားနေ၏။

ရွှယ်အန်းက မိန်းမဖြစ်သူက ချစ်စဖွယ်ကောင်းလှသည်ဟု ထင်သည်။

အန်းယန်၏ လက်ရှိ ကျင့်ကြံရေးအဆင့်ဖြင့်၊ တစ္ဆေဘုရင်နှင့် မရဏကမ္ဘာမှ စွမ်းအားကြီးသော အခြား စွမ်းအားရှင်များ မှလွဲ၍ သာမန် သရဲတစ္ဆေ များသည် သူမ အနီးသို့ပင် မရောက်နိုင်ပေ။

သို့သော် ဤသည်က သူမ ထိတ်လန့်ဖွယ်ဂိမ်းများကို ကစားသောအခါတွင်မူ သက်ရောက်မှုမရှိပေ။

ရွှယ်အန်းက ခေါင်းယမ်းကာ ထရန်ပြင်လိုက်၏။

အန်းယန်က တုန်တုန်ယင်ယင်အသံဖြင့်မေးလိုက်သည်။

“ကို ဘယ်သွားမလို့လဲ”

"ဖုန်းဆက်မလို့"

"ဘယ်သူ့ဆီလဲ"

“လောင်ကျောက်နဲ့ တခြားသူတွေဆီကိုလေ၊

ကို လူနည်းနည်းလောက်ပို့ခိုင်းမလို့ ဝူယွီက ဒီလို လောင်းကစားအိမ်ကြီးကြီးကို သူ့ဘာသာသူ မစီမံနိုင်ဘူး မဟုတ်လား"

"ဒါဆို ကိုဒီမှာလာဆက်လို့ရလား မိန်းမကြောက်လို့"

"...."

ဖုန်းခေါ်ဆိုပြီး တစ်ကြိမ်မြည်လာသည်နှင့်တစ်ပြိုင်နက် ကျောက်ရွှယ်ဟွေ့က ဖုန်းကို ကောက်ကိုင်လိုက်သည်။

"အို၊ မင်း ငါ့ကို ခေါ်ဖို့ သတိရသေးတယ်ပေါ့ ဒီနေ့ အနောက်ဘက်မှာ နေထွက်တော့မှာပဲ" ကျောက်ရွှယ်ဟွေ့က နောက်ပြောင်သည်။

ဤသည်ကိုကြားသောအခါ ရွှယ်အန်းကလည်းရယ်လိုက်သည်။

သူ ဤညီအစ်ကိုများကို အနှစ်သက်ဆုံး အကြောင်းရင်းမှာ သူ့အဆင့်အတန်း အပြောင်းအလဲကြောင့် ၎င်းတို့ဘယ်သောအခါမှ စိမ်းကားမသွားခဲ့သောကြောင့်ဖြစ်သည်။

All Chapters