← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း(၄၅၄) ရွှယ်အန်း၏ ဒေါသ

လက်စ်ဗီးဂတ်စ်မြို့။

ကျန်းရှန်နှင့် လူးဝစ်စ်တို့က ပိရမစ်ကာစီနိုရှေ့တွင် ကားပေါ်မှ ဆင်းသက်လာကြသည်။

ခမ်းနားထည်ဝါသော ကာစီနိုကြီးကို မော့ကြည့်လျက် လူးဝစ်စ်က ပြောလိုက်၏။

“ဒါဆို ဒီဝူယွီက ဒီမှာ တကယ်အလုပ်လုပ်နေတာလား”

ကျန်းရှန်က အားပါးတရရယ်လိုက်သည်။

“ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် သူက အကြွေးတွေအားလုံးဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြောပြီး ငါတို့ကို ဒီကို‌ခေါ်လိုက်တာလေ”

လူးဝစ်က ကျန်းရှန်၏ ပခုံးကို ပုတ်လိုက်သည်။

“ငါ့ကောင် မင်းက ဉာဏ်ကြီးရှင်ပဲ။ ကိုယ့်ရည်းစားကိုယ် ဒီလိုရောင်းလိုက်တယ်ပေါ့”

“အဲ့တုန်းက စာချုပ်ချုပ်တာ ဘယ်သူ့အပြစ်လဲ။ ငါ့ကို လာအပြစ်တင်နေတာလား”

အမှန်ပင် လူးဝစ်ပြောသကဲ့သို့ပင် ကျန်းရှန်နှင့် ဝူယွီတို့က တစ်ချိန်က ချစ်သူရည်းစားများဖြစ်ခဲ့ကြကာ အမေရိကနိုင်ငံသို့ အတူလာခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ကျန်းရှန်၏ ပျင်းရိသော အကျင့်များကြောင့် လူးဝစ်စ်နှင့် အခြားသူများအပေါ် အကြွေးတင်ခဲ့သည်။ ပြန်မဆပ်နိုင်သော ကျန်းရှန်က ဝူယွီကို စာချုပ်ချုပ်ရန် လှည့်ဖျား၍ အကြွေးအားလုံးကို သူမထံပြောင်းပေးခဲ့သည်။

ထိုအချိန်တွင် လူးဝစ်နှင့် အခြားသူများက ဝူယွီကို မကောင်းသော ရပ်ကွက်တစ်ခုတွင် အလုပ်လုပ်စေရန် စီစဥ်ခဲ့ကြသည်။ ဖြစ်ပျက်သမျှကို သိလိုက်သော ဝူယွီက နောက်ဆုံးတွင် ပြတ်ပြတ်သားသားငြင်းဆန်ခဲ့သည်။ အဆုံးတွင် ဝူယွီဆီမှ အကြွေးပြန်ဆပ်မည်ဟူသော သဘောတူညီမှုကို ရရှိခဲ့သည်။ သို့သော် ဝူယွီ၏ ငွေရှာနှုန်းဖြင့် အကြွေးအပေါ်မှ အတိုးကိုသာ ကာမိရန် လုံလောက်သည်။

မမျှော်လင့်ဘဲ ၎င်းတို့က ယမန်နေ့ညတွင် ဝူယွီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိကာ အကြွေးအားလုံးကို ဖြေရှင်းရန် လက်စ်ဗီးဂတ်စ်သို့ လာရန်ပြောခဲ့သည်။

အဖွဲ့က ကာစီနိုထဲသို့ဝင်သွားပြီးနောက် ကျန်းရှန်က လုံခြုံရေးအစောင့်ကို ဆွဲကိုင်ကာ မေးလိုက်သည်။

“စိတ်မရှိပါနဲ့ ဝူယွီဘယ်မှာလဲ”

အစောင့်က ကျန်းရှန်ကို ခေါင်းစခြေဆုံးကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပါ”

လုံခြုံရေးဝန်ထမ်းက ကျန်းရှန်နှင့် အခြားသူများကို တတိယအထပ်မှ မန်နေဂျာရုံးခန်းဆီသို့ ဦးဆောင်သွားသည်။

“မင်းရဲ့ ရည်းစားဟောင်းက သူဌေးတစ်ယောက်ယောက်နဲ့ တွဲနေတဲ့ပုံပဲ. ကြည့်ရတာ ကာစီနိုမန်နေဂျာရဲ့ အတွင်းရေးမှူးထင်တယ်”

ကျန်းရှန်၏ မျက်နှာက သဘာဝမကျသည့်အလားဖြစ်နေသည်။ ၎င်းတို့ စုံတွဲဖြစ်ခဲ့စဥ်က ဝူယွီက ခေါင်းမာစွာဖြင့် အသားချင်းထိရန် ငြင်းဆန်ခဲ့ရာ ၎င်းတို့ အများဆုံးအနေဖြင့် လက်သာ ကိုင်ခဲ့ကြရသည်။

‘အခု မင်းက အခြားသူတစ်ယောက်ရဲ့ ချစ်သူဖြစ်တဲ့အထိ အရမ်းအဆင့်နိမ့်နေပြီလား’

မကျေမနပ်ဖြစ်မှူက ကျန်းရှန်၏ နှလုံးသားကို နစ်မြုပ်သွားစေသည်။ ထိုအခိုက်အတန့်၌ ရုံးခန်းတံခါးက ပွင့်လာသည်။ ကျန်းရှန်နှင့် လူးဝစ်စ်တို့က အခြားသူများနှင့်အတူ လမ်းလျှောက်ဝင်လာသည်။

ထို့နောက် ပရော်ဖက်ရှင်နယ်လုပ်ငန်းဝတ်စုံကို ဝတ်ဆင်ထားလျက် စားပွဲနောက်တွင် ထိုင်နေ‌သော ဝူယွီကို မြင်လိုက်ကြရကာ ၎င်းတို့ အံ့သြထိတ်လန့်သွားသည်။ အလွန်လှပ၍ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်၏ အငွေ့အသက်များ၏ ဆွဲဆောင်မှုအောက်တွင် ကျန်းရှန်က ပြုံးလျက် ရှေ့သို့ အလျင်အမြန်ခြေတစ်လှမ်းလှမ်းလိုက်သည်။

“ယွီအာ”

ဝူယွီက သူ့ကို မော့ကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။

“ရှင်ရောက်ပြီလား”

“အင်း ယွီအာ မတွေ့တာကြာပြီး မင်းဘယ်ရောက်နေတာလဲ”

ဝူယွီက ဝမ်းနည်းဟန်ဆောင်နေသော ကျန်းရှန်ကိုကြည့်လျက် နှုတ်ခမ်းထောင့်များ ကွေးသွားသည်။

“ကျွန်မ အဆင်ပြေလာမပြေလား ရှင်မသိဘူးလား”

ကျန်းရှန်က သက်ပြင်းချလိုက်သည်။

“ယွီအာ တကယ်တော့…”

ဝူယွီကာ လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် အံဆွဲထဲမှ အိတ်လေးတစ်ခုကို ဆွဲထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

“စကားအပိုတွေပြောစရာမလိုဘူး။ ဒါက ကျွန်မ ရှင့်ကိုပေးရမယ့်ငွေပဲ”

လူးဝစ်စ်က ရှေ့သို့ အမြန်တိုးလာကာ အိတ်လေးကို ဖွင့်ပြီးနောက် ရာတန်များဖြင့် ပြည့်နေသည်ကို မြင်လိုက်ရသည်။ သူက ဂရုတစိုက် ပိုက်ဆံရေကြည့်ကာ ကျေနပ်စွာပြုံး၍ ဝူယွီကို လက်မထောင်ပြလိုက်သည်။

“မိန်းကလေးဝူက တကယ့်ကို ယုံကြည်လို့ရတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ မင်းက အကြွေးကို အတိုးနဲ့ ပြန်ဆပ်မယ်ပြောထားတာ လုံးဝ တစ်ပြားတောင်မလျော့ဘူးပဲ”

ဤသို့ပြောလျက် လူဝစ်စ်က အိပ်ကပ်ထဲမှ လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်စာရွက်ကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

“အခု ငါတို့ စာရင်းရှင်းသွားပါပြီ”

ဝူယွီ၏ မျက်နှာက အေးစက်နေသည်။

လူးဝစ်စ်က လှည့်၍ ပြန်တော့မည့်အခိုက်၌ ဝူယွီက ဘာသိဘာသာပြောလိုက်သည်။

"နေပါဦး"

လူးဝစ်စ်က ရပ်လိုက်သည်။

“မိန်းကလေးဝူမှာ ပြောစရာရှိသေးလား”

“ရှင် ဒီတိုင်းထွက်သွားမှာလား”

"ဟမ်၊ ဘာရှိသေးလဲ" လူးဝစ်က အံသြစွာ မေးသည်။

"ကျွန်မအကြွေးကို ကျွန်မရှင်းပြီးပြီ၊ ရှင် ကျွန်မအပေါ် အကြွေးတင်နေတာကရော” ဝူယွီက တည်ငြိမ်စွာပြောသည်။

"အကြွေးတင်တယ်ဟုတ်လား" လူးဝစ်နှင့် ကျန်းရှန်တို့က မေးလိုက်သည်။

ဝူယွီက ခေါင်းညိတ်ကာ မတ်တပ်ထရပ်လျက် ကျန်းရှန်ကို စူးစိုက်ကြည့်နေသည်။

“ကျန်းရှန် ကျွန်မတို့ ကျောင်းအတူတူတက်တုန်းက အတူတူဖြတ်သန်းမယ်လို့ ရှင်ပြောတာ ယုံကြည်ပြီး ကျွန်မအချစ်တွေအကုန် ရှင့်ကို ပေးခဲ့တယ်”

“ဒါပေမယ့် စိတ်ပျက်ဖို့ ကောင်းတာက ရှင်က စကားချိုချိုလေးတွေသုံးပြီး ကျွန်မကို စာချုပ်ချုပ်အောင်လုပ်၊ ရှင့်ရဲ့ အကြွေးပုံကြီးကို ကျွန်မပခုံးပေါ်တင်တယ်။ ကျွန်မရှင့်ကို မေးခွန်းတစ်ခုလောက်မေးချင်တယ်”

“ရှင့်အသိစိတ်ပျောက်သွားပြီလား”

ဝူယွီ၏ အသံက တည်ငြိမ်နေသော်လည်း ဒေါသနှင့် နာကြည်းမှုက အရင်းခံနေသေးသည်။

ကျန်းရှန်က ဖြူဖျော့လျက် အနည်းငယ် စကားထစ်နေ၏။

“အဲ့အချိန်တုန်းက ကိုယ့်မှာ ရွေးချယ်စရာမရှိခဲ့ဘူး။ အဲ့တာ စာချုပ်လေးတစ်ခုပါပဲ။ ကိုယ် မင်းကို မနာကျင်စေ…”

“စာချုပ်လေးတစ်ခုပဲဟုတ်လား” ဝူယွီ၏ အသားရောင်က ဖြူဖျော့လျက် အေးစက်စွာနှာခေါင်းရှုတ်လိုက်သည်။

“ကျွန်မ စာချုပ်ချုပ်ခဲ့တုန်းက လူးဝစ်တို့တွေက ကျွန်မကိုယ်ကျွန်မရောင်းစားဖို့ ဖိအားပေးခဲ့ကြတာလေ။ ကျွန်မ လိုက်လျောမဲ့အစား သေပဲသေလိုက်မယ်ရှင်။ သူတို့က ကျွန်မကို မဒိန်းကျင့်လုနီးပါးဖြစ်နေတဲ့အချိန်မှာ ရှင်က အောက်ထပ်မှာ ပုန်းနေတာလေ။ ဒါတွေ ကျွန်မမသိဘူးလို့ ထင်နေလား”

ကျန်းရှန်က ခေါင်းငုံ့ထားသည်။

အခြေအနေက ဆိုးရွားနေသည်ကိုမြင်သောအခါ လူးဝစ်က ပြုံး၍ ပြောလိုက်သည်။

“ဒါက ချစ်သူတွေကိစ္စထင်တယ်။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး။ ဒါ့ကြောင့် ကျွန်‌တောင်အရင်ပြန်ုလိုက်ပါမယ်”

စကားဆုံးသည်နှင့် သူက ထွက်ပြေးရန်ကြိုးစားသည်။ ထိုအချိန်တွင် ရုံးခန်းတံခါးပွင့်လာကာ လုံခြုံရေးအစောင့်များ ဝင်လာ၍ လူးဝစ်နှင့် သူ၏ အပေါင်းအဖော်များကို စူးစိုက်ကြည့်နေကြသည်။ ထိုလုံခြုံရေးအစောင့်များကို ဦးဆောင်လာသည်ကား မှုန်ကုပ်ကုပ်မျက်နှာထားနှင့် သေးသွယ်သော မိန်းကလေးတစ်ယောက်ဖြစ်သည်။

မှန်သည်။ ချိုင်လေ့လန်မှတပါး အခြားသူမဟုတ်ပေ။

ချိုင်လေ့လန်က လှောင်ရယ်လိုက်သည်။

“ထွက်သွာဖို့တွေးနေတာလား။ ရှင်တို့ တကယ်ပဲ လွတ်မယ်လို့ထင်နေကြလား”

သူမ၏ စကားများက လူးဝစ်စ်နှင့် အခြားသူများကို ဖြူဖျော့သွားစေသည်။

ကျန်းရှန်က ခေါင်းမော့လိုက်သည်။

“ယွီအာ…”

သူ့စကားမဆုံးခင်၌ ချိုင်လေ့လန်က စိတ်ထဲမှ ဒေါသကို မထိန်းနိုင်တော့ပေ။ ဝူယွီ၏ ဇာတ်ကြောင်းကို ကြားခဲ့ရပြီး‌နောက် ဒေါသပေါက်ကွဲလုနီးပါးဖြစ်နေသည်။

ကမ္ဘာပေါ်တွင် ဤသို့သော ဆန်ကုန်မြေလေးများ အမှန်ပင်ရှိနေသည်။

ကျန်းရှန်ကို သူမ မြင်သောအခါ အလွန်ဒေါသထွက်လွန်းသဖြင့် ထိုက်ချီအမြောက်ကျည်လက်သီးဖြင့် ထိုးချလိုက်ရာ အဝေးသို့ လွင့်ထွက်ပျံသန်းသွားတော့သည်။ ထိုးနှက်ချက်ကြောင့် ကျန်းချန်က သေလုနီးပါးဖြစ်ခဲ့ရ၏။ ထို့နောက် သူက နာကျင်မှုကို ကျော်ဖြတ်၍ ထရန် ရုန်းကန်လျက် ဝူယွီကို အဆိပ်ပြင်းသော မုန်းတီးမှုများဖြင့် ကြည့်နေသည်။

"ဝူယွီ၊ မင်းမှာ လူတွေအများကြီးရှိလို့ မင်းလုပ်ချင်တာမှန်သမျှ မင်းလုပ်နိုင်မယ်လို့ မထင်နဲ့။ ခွေးမလေး၊ ငါတို့တွေ ချစ်သူတွေဖြစ်တုန်းက မင်းငါ့ကို လက်နဲ့ထိခွင့် မပေးဘူး။ အခု ဘာဖြစ်နေတာလဲ၊ မင်း တခြားတစ်ယောက်ရဲ့ ချစ်သူ မဟုတ်သေးဘူးလား။"

ချိုင်လေ့လန်က ဒေါသတကြီးနှင့် ထပ်မံချီတက်လာတော့မည်ဖြစ်သည်။

ဝူယွီက အေးစက်နေသော အမူအရာဖြင့် ရုံးခန်းခုံနောက်မှထွက်သွားကာ ကျန်းရှန်းထံသို့ ချဥ်းကပ်၍ သူ့ကို ငုံ့ကြည့်ပြီးနောက် လက်ကိုမြှောက်လျက် ပါးရိုက်ချလိုက်သည်။ ကျန်းရှန်က ထိုနေရာတွင် ရပ်လျက် ဝူယွီကို မယုံကြည်နိုင်စွာဖြင့်ကြည့်၍ ဝူယွီက သူ့ကို ရိုက်ဝံ့သည်ကို နားမလည်နိုင်ဖြစ်နေပုံပေါ်ညသ်။

“ချစ်သူဟုတ်လား။ ဟား ကျွန်မရှင့်ကိုပြောလိုက်မယ်။ ကျွန်မ အခု ကာစီနိုရဲ့ မန်နေဂျာဖြစ်နေပြီရှင့်”

ကျန်းရှန်က လုံးလုံးလျားလျား ထိတ်လန့်သွားသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ချိုင်လေ့လန်ထံမှ အချက်ပြမှုနှင့်အတူ လုံခြုံရေးအစောင့်များက ဟန်ချက်ညီစွာဖြင့် ဦးညွတ်လိုက်ကြသည်။

“မန်နေဂျာဝူ”

ဤမြင်ကွင်းက ကျန်းရှန်နှင့် လူးဝစ်စ်တို့ကို လုံးဝထိတ်လန့်သွားစေရာ ကျန်းရှန်၏ မျက်လုံးများက စိတ်ပျက်မှုများနှင့် ပြည့်နေသည်။ ဝူယွီက အေးစက်စွာတစ်ချက်ကြည့်၍ ထွက်သွားသည်။

ချိုင်လေ့လန်ကို သူမဖြတ်သွားသောအခါ သူမက အေးစက်စွာပြောလိုက်သည်။

“အသက်ရှုရုံထားခဲ့လိုက်ပါ”

ချိုင်လေ့လန်က ခပ်ပါးပါးရယ်လိုက်၏။

“စိတ်မပူပါနဲ့ ကျွန်မနဲ့ ထားလိုက်။ ဒီခွေးမသား အသက်ရှင်ရဖို့ တောင်းပန်နေရအောင်လုပ်ပေးမယ်”

ဝူယွီက ရုံးခန်းထဲမှ ထွက်လာ၍ တံခါးကို ပိတ်လိုက်သည်နှင့် ကျန်းရှန်၏ အော်သံများနှင့်တောင်းပန်သံများကိုကြားလိုက်ရသည်။

“ယွီအာ ကိုယ်မှားမှန်းသိပါပြီ… ကျေးဇူးပြုပြီး…အား … မရိုက်ပါနဲ့”

ဝူယွီက နံရံကိုမှီလျက် မျက်လုံးများ တဖြည်းဖြည်းနီမြန်းလာကာ ကျယ်လောင်စွာ အော်ငိုလိုက်မိသည်။

တစ်နှစ်ကျော်ကြာ ခံရပ်ခဲ့ရသည့် အရှက်တရားက နောက်ဆုံးတွင် ဤအချိန်၌ လွတ်မြောက်လာခဲ့ပြီဖြစ်သည်။ ခဏအကြာငိုပြီးနောက် ဝူယွီက မျက်ရည်များကို သုတ်ကာ မှန်တစ်ချပ်ကို ထုတ်၍ သူမ၏ မိတ်ကပ်ကို ဂရုတစိုက်ပြန်လိမ်းပြီးနောက် ရွှယ်မိသားစုတည်းခိုနေသည့် စတုတ္ထအထပ်မှ အခန်းသို့ သွားသည်။

ဝူယွီက တံခါးကို နူးညံ့စွာခေါက်လိုက်သောအခါ ရွှယ်အန်း၏ အသံက ထွက်ပေါ်လာသည်။

“ဝင်ခဲ့ပါ တံခါးမပိတ်ထားဘူး”

ဝူယွီက ခေါင်းကိုငုံ့လျက် လေးစားစွာဝင်လာပြီးနောက် ရွှယ်အန်းက အန်းယန်နှင့် ဧည့်ခန်းထဲတွင် ဂိမ်းကစားနေကြောင်း မြင်လိုက်ရသည်။

သူမဝင်လာသည်ကို မြင်သောအခါ ရွှယ်အန်းက မော့ကြည့်ကာပြောလိုက်သည်။

“ဒီကိစ္စကို ကိုင်တွယ်ပြီးပြီပဲ”

ဝူယွီက ‌ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့”

"ကောင်းပြီ၊ ရက်အနည်းငယ်အတွင်း အိမ်ကလူတွေလာပြီး မင်းလောင်းကစားရုံကို စီမံခန့်ခွဲတဲ့နေရာမှာ ကူကြလိမ့်မယ်”

"လူကြီးမင်းရွှယ်ကျေးဇူးအများကြီးတင်ပါတယ်" ဝူယွီက တုန်တုန်ယင်ယင်အသံဖြင့် ဒူးထောက်လိုက်သည်။

ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နူးညံ့သော တွန်းအားတစ်ခုက ဝူယွီကို ဆွဲမလိုက်သည်။

“မပြောပါနဲ့။ ငါမင်းကို မန်နေဂျာလုပ်ခိုင်းတာ မင်းရဲ့ ပခုံးပေါ်မှာ ကောင်းတဲ့ခေါင်းတစ်လုံးရှိတယ်ထင်လို့ပဲ။ မင်းရဲ့ အပေါင်းအဖော်တွေဒုက္ခရောက်တုန်းမှာ မင်းက ရှေ့ကို လှမ်းရဲတယ်။ ဒါ မင်းကို သနားလို့မဟုတ်ဘူး နားလည်လား”

“ဟုတ်”

ထိုအချိန်တွင်ပင် ရွှယ်အန်းက ထိန်းချုပ်ထားသည့် ဇာတ်ကောင်က အန်းယန်ဆီတွင် ထပ်မံရှုံးနိမ့်သွားသည်။

ရွှယ်အန်းက အားပါးတရ ထခုန်လိုက်သည်။

“အရူးယောက်ျား ရှင် ထပ်ရှုံးပြန်ပြီ”

ရွှယ်အန်းက ရယ်မော၍ တစ်စုံတစ်ခုကို ပြောတော့မည့်အခိုက်တွင် ရုတ်တရက် သူ၏ အမူအရာက ချက်ချင်းပြောင်းလဲကာ မတ်တပ်ထရပ်၍ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

အန်းယန်က အံ့အားသင့်သွားသည်။

“ယောက်ျား ဘာဖြစ်လို့လဲ”

ရွှယ်အန်း၏ အသံသည် ရေခဲကဲ့သို့ အေးစက်နေကာ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

“အန်းချင်ပဲ။ သူဒုက္ခရောက်နေပြီ”

အခန်း(၄၅၅) တရုတ်သို့ ပြန်သွားခြင်း

ဤသည်ကိုကြား‌သောအခါ အန်းယန်၏ မျက်နှာက ရုတ်တရက် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ဘာဖြစ်တာလဲ ချင်းအာ ဘာဖြစ်နေတာလဲ"

ရွှယ်အန်းက တိုက်ရိုက်ပြန်မဖြေဘဲ အသက်ပြင်းပြင်းရှူလိုက်သည်။

“သမီးနှစ်ယောက်ကို နှိုးလိုက်တော့ ကိုတို့ ကိုယ့်နိုင်ငံကိုယ်ပြန်ကြမယ်”

“ကောင်းပြီ” အန်းယန်သည် အိမ်ထဲသို့ အမြန်ပြေးသွားပြီးနောက် ခဏအကြာတွင် တစ်မှေးအိပ်နေသော မိန်းကလေးငယ်နှစ်ဦးကိုချီလျက် ထွက်လာသည်။

ဝူယွီက မည်သို့ဖြစ်နေကြောင်း မသိသော်လည်း ရွှယ်အန်းနှင့် အန်းယန်တို့၏ အမူအရာများမှတစ်ဆင့် လေးနက်သော ကိစ္စတစ်ခုဖြစ်ကြောင်း သိနိုင်သည်။

“ဆရာ ကျွန်မအကူအညီလိုသေးလား” ဝူယွီက မေးသည်။

ရွှယ်အန်းက ဟိုတယ်၏ မှန်တံခါးပေါက်ကို ခြေထောက်တစ်ဖက်ဖြင့် ကန်ခွဲကာ လေးလံသော အသံဖြင့် ပြောလိုက်သည်။

“မလိုပါဘူး”

ဤသို့ပြောပြီးသည်နှင့် သူ့မိသားစုခေါ်၍ ကောင်းကင်ထဲပျံတက်ကာ အလင်းတန်းများအဖြစ်ပြောင်းလဲသွားသည်။ ဝူယွီက ယင်းကိုကြည့်၍ ကြောင်အနေမိသည်။

ဤသည်က ရွှယ်အန်းဆီမှ ဤသို့သော အရာများကို ပထမဆုံးအကြိမ်မြင်တွေ့ရခြင်းဖြစ်သဖြင့် အနှစ်နှစ်ဆယ်ကျော်တည်ဆောက်ခဲ့သော လောကအမြင်က ကွဲကြေသွားသည်။

‘လူတွေက ပျံနိုင်လို့လား’

သို့သော် လေထုအလယ်မှ ရွှယ်အန်းက စိုးရိမ်စိတ်ဖြင့် ပူလောင်နေသည်။ မူလက

လုံခြုံရေးအကြောင်းပြချက်ကြောင့် ရွှယ်အန်းသည် အန်းချင်နှင့် ထန်ရွှမ်အာတို့တွင် အကာအကွယ်များစွာကို ချထားခဲ့သည်။

အန္တရာယ်ရှိသော အခြေအနေမျိုး ကြုံလာပါက ဤအကာအကွယ်များက အသက်ဝင်လာမည်ဖြစ်ကာ ရွှယ်အန်းကို ချက်ချင်းသတိပေးမည်ဖြစ်သည်။ ထို့ကြောင့် အန်းချင်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွားသည့်အခိုက်တွင် ရွှယ်အန်းက ယင်းကို ချက်ချင်းသိလိုက်ခြင်းပင်ဖြစ်၏။

သို့သော် အန်းချင်၏ တည်ရှိမှုကိုမခံစားနိုင်တော့သောကြောင့် အန်းယန်၏ မေးခွန်းကို သူမဖြေနိုင်သေးပေ။ တစ်နည်းအားဖြင့် အန်းချင်က သေသွားနှင့်ပြီးခြင်းဖြစ်နိုင်သည်။ ထို့အပြင် ဤသည်ကား ဝိဉာဥ်ပင်မကျန်ခဲ့သည့် သေခြင်းတရားမျိုးပင်ဖြစ်၏။ ဤသည်က အန်းယန် ကိုင်တွယ်နိုင်မည်မဟုတ်သော အကြောက်တရားကို စိုးရိမ်သောကြောင့် တိုက်ရိုက်မပြောဝံ့သေးပေ။ တစ်ချိန်တည်း၌ပင် ရွှယ်အန်း၏ နှလုံးသားထဲ၌ ပြင်းထန်သော ဒေါသတရားများထွက်ပေါ်လာသည်။

အန်းချင်က သူ့ကလေးများ၏ အဒေါ်ဖြစ်သည်။ မည်သူပင်ဖြစ်စေကာမူ ၎င်းတို့က သူမကို အန္တရာယ်ပြူရန် သတ္တိရှိနေသောကြောင့် ကောင်းကင်၏ အဆုံးကို ရှာ၍ မရဏလောကကို ဖြတ်သွားရလျှင်ပင် ၎င်းတို့ကို သတ်ပစ်ရပေလိမ့်မည်။

မြောင်အင်မော်တယ်တောင်ကြား

မီးဖီးနစ်အဖွဲ့ဝင်များက သွေးရူးသွေးတန်းအခြေအနေသို့ရောက်ရှိသွားကြသည်။ စွန်းလင်၊ ကျိုးယိနှင့် ကျိုးသာ့နျိုတို့က သွေးရဲရဲနီနေသည့်မျက်လုံးများဖြင့် အန်းချင်အတွက် လက်စားချေရန် အင်းဆက် အင်မော်တယ်လှိုဏ်ဂူထဲသို့ ဝင်ကြတော့မည်ဖြစ်သည်။

ကံအားလျော်စွာ၊ ချန်ဟောက်သည် ဤယုတ်ညံ့သော အင်းဆက်မျိုးနွယ်စုကို အပိုင်းပိုင်းဖြတ်ပစ်ရန် မည်သူမဆိုထက်ပို၍ ဆန္ဒရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ ပြိုကွဲနေဆဲဖြစ်သည်။ သို့သော် အန်းချင်၏ အသက်က ကြိုးတစ်မျှင်စာသာရှိတော့သောကြောင့် အရေးကြီးဆုံးအရာမှာ သူမကို ကယ်တင်ရန်သာဖြစ်သည်။

ထို့ကြောင့် သူက ကြုံးဝါးလိုက်သည်။

“မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြ”

အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက် အသင်းခေါင်းဆောင်အဖြစ် ချန်ဟောက်၏ အခွင့်အာဏာသည် နည်းပြဆရာနှင့် အန်းချင်ထက် ဒုတိယတွင်သာရှိသောကြောင့် အားလုံးတိတ်ဆိတ်သွားပြီးနောက် အရေးပေါ်ထမ်းစင်ပေါ်မှ အန်းချင်ကို ငေးကြည့်နေကြသည်။ ကျန်းချူက သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် ထိုင်ချလျက် ခေါင်းကို‌မော့ကာ ချန်ဟော်ကို ခေါင်းခါပြလိုက်သည်။

"သွေးခုန်နှုန်းမရှိသလောက်ဘဲ။ အသက်ရှူနေသေးတာကလွဲလို့ သေသူတစ်ယောက်နဲ့ မခြားနားဘူး”

ဤထုတ်ပြန်ချက်သည် မီးဖီးနစ်အဖွဲ့ဝင်များအားလုံးကို ဂနာမငြိမ်ဖြစ်သွားစေသည်။ စွန်းလင်နှင့် အခြားသူများက ချက်ချင်း ရှိုက်ကြီးတငင်ငိုကြသည်။

ကျိုးသာ့နျိုက သူ့ကိုယ်သူ နှစ်ကြိမ်တိုင်တိုင် ပါးရိုက်ကာ နွားအိုကြီးကဲ့သို ငိုကြွေးနေတော့၏။

“ဆရာ့ကို အကြောင်းကြားပါ” ချန်ဟောက်က ရှက်ရွံ့သော မျက်နှာဖြင့် ပြောလိုက်သည်။

သူ့စကားက မီးဖီးနစ်အဖွဲ့ဝင်များကို ခဏတာ အံ့အားသင့်သွားစေပြီးနောက် ၎င်းတို့၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။

စွန်းလင်က ထခုန်လိုက်သည်။

“မှန်တယ် ဆရာ့ကို အကြောင်းကြားပါ။ ဆရာ့မှာ နည်းလမ်းရှိမှာသေချာတယ်”

ကျိုးယိက သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို လျစ်လျူရှုကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မှန်ပါတယ်၊ အန်းချင်တကယ်သေရင်တောင် နည်းပြက သူ့ကို ကယ်တင်နိုင်တယ်"

သူစကားမဆုံးခင်တွင် ကျိုးသာ့နျိုက သူ့ကို မြေပြင်ပေါ်သို့ ကန်ကျောက်လိုက်သည်။

“အဓိပ္ပါယ်မရှိတာတွေ… အန်းချင်မသေရဘူး”

ကျိုးယိက သူ့ကိုယ်သူ ထပ်ခါထပ်ခါပါးရိုက်လျက် ခေါင်းကို အဆက်မပြတ်ညိတ်လိုက်သည်။

“မှန်တယ် အန်းချင်က သေချာ‌ပေါက် အဆင်ပြေမှာ”

ချန်ဟောက်က အန်းချင်၏ လက်ကိုင်ဖုန်းကိုဖွင့်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ရွှယ်အန်းက အန်းချင်ကို ဖုန်းဆက်ခဲ့ကြောင်း သတိရမိသည်။ အန်းချင်၏ အဆင့်ဖြင့် သူမ၏ ဖုန်းကို အထူးကုဒ်ဖြင့် လျို့ဝှက်ထားသော်လည်း ဖျက်ဆီး၍ အချက်အလက်များကို ပြန်လည်ရယူနိုင်သည်။

မကြာခင်၌ပင် ဖုန်းကို လော့ခ်ဖွင့်နိုင်ခဲ့သည်။ အမေရိကနိုင်ငံမှ ဖုန်းနံပါတ်တစ်ခု ထင်ရှားစွာပေါ်လာသည်။

‘ဒါပဲဖြစ်ရမယ်’

ချန်ဟောက်က တုန်ယင်နေသော လက်များဖြင့် ဖုန်းခေါ်လိုက်သည်။ သူက သူ့အတွက်အဆိုးဆုံးကို ပြင်ဆင်ထား၏။ အကယ်၍ အန်းချင်သေဆုံးသွားခဲ့လျှင် နည်းပြက ဒေါသတကြီးဖြင့် ရောက်လာကာ နောင် မည်သို့ဖြစ်လာမည်ကို ခန့်မှန်းနိုင်မည်မဟုတ်ပေ။ သို့သော် နိုင်ငံအသီးသီးတွင် ပျံ့နေသော ထိုဓာတ်ပုံများကို တွေးကြည့်လျှင် တစ်ချိန်က ဘုန်းတန်ခိုးကြီးသော အလင်းဘုရားကျောင်းကြီး ပြိုပျက်သွားခဲ့ကာ တစ်ညတည်းဖြင့် ဒုစရိုက်မြို့တော်၏ လူထက်ဝက်ခန့်သေဆုံးခဲ့သည်။

ဤအရာများအားလုံးက နည်းပြ၏ လက်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် ချန်ဟောက်က ဤအချက်ကြောင့် နည်းပြသာ ဒေါသထွက်သွားလျှင် တောင်းပန်မှုအဖြစ် မိမိကိုယ်မိမိ သတ်သေမည်ဟု တွေးထားသည်။

အန်းယန်က သူနှင့်အတူ မစ်ရှင်လုပ်ဆောင်နေစဥ် သေဆုံးသွားခဲ့သဖြင့် ယင်းအတွက် တာဝန်ယူရမည်မှာ ရှောင်လွှဲ၍မရနိုင်ပေ။

လက်စ်ဗီးဂတ်စ်ရှိ ဟိုတယ်ခန်းတစ်ခုတွင် ဝူယွီက အတွေးထဲ နစ်မျောနေသည်။

“အခုအကုန်ကောင်းသွားပြီ။ လူယုတ်မာတွေအကုန်လုံး သူတို့ ပြစ်ဒဏ်ကို ခံယူလိုက်ကြပါပြီ။ သူတို့ တစ်သက်လုံး မင်းအကြောင်း တွေးရဲကြတော့မှာမဟုတ်ဘူးလို့ ထင်တယ်”

ချိုင်လေ့လန်က ဂုဏ်ယူစွာပြောနေပြီးနောက် လုံးဝကွဲကြေနေသည့် ပြတင်းပေါက်ကို သတိထားလိုက်မိသည်။

“ဟမ် လူကြီးမင်းရွှယ် ဘယ်မှာလဲ”

ဝူယွီကကြောင်အနေလျက် ပြောလိုက်သည်။

“သူသွားပြီ”

“သွားပြီဟုတ်လား။ ဘယ်တုန်းက သွားတာလဲ”

“သူပျံသွားတာ”

“ပျံသွားတယ်ဟုတ်လား”

“အင်း” ဝူယွီက ခေါင်းညိတ်လျက် ချိုင်လေ့လန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“လေ့လန် လူတွေက ပျံနိုင်တယ်ဆိုတာ မင်းယုံလား”

ချိုင်လေ့လန်၏ မျက်နှာထက်၌ ခံစားချက်များ ရောထွေးလာသည်။

ထို့နောက် သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။

“တစ်ချိန်က ပျံသန်းမှုဆိုတာ ဘိုးဘေးတွေရဲ့ စိတ်ကူးပဲလို့ထင်ပြီး တကယ့်အစစ်အမှန်မဟုတ်ဘူးလို့ ထင်ခဲ့တယ်”

“ဒါပေမယ့် လူကြီးမင်းရွှယ်ရောက်လာတာက ကျွန်မကို နားလည်သွားစေတယ်။ သူကြုံလာသမျှအရာတွေက သူ့အတွက် ဘာမှမဟုတ်ဘူး။ သူက စစ်မှန်တဲ့ အင်မော်တယ်တစ်ယောက်ပဲ။ ဒါ့ကြောင့် ပျံသန်းတယ်ဆိုတာ သူ့အတွက် အသေးအဖွဲကိစ္စတစ်ခုပါပဲ”

ဝူယွီက တစ်ခုခုပြောတော့မည့်အခိုက်၌ ဆဲလ်ဖုန်းမြည်သံထွက်ပေါ်လာသည်။

‘ဒါ လူကြီးမင်းရွှယ်ကျန်ခဲ့တဲ့ ဖုန်းမလား’

အတွေးတစ်ခုက ဝူယွီ၏ စိတ်ထဲ၌ ထွက်ပေါ်လာကာ သူမက ရှေ့သို့ လှမ်း၍ ဖုန်းကို ကောက်ကိုင်လျက် ခေတ္တတုံ့ဆိုင်းသွားပြီးနောက် စိတ်လှုပ်ရှားစွာပြန်ဖြေလိုက်သည်။

“ဟယ်လို နည်းပြ၊ အန်းချင် တစ်ခုခုဖြစ်သွားပြီ” ချန်ဟောက်၏ အသံထွက်ပေါ်လာသည်။

ဝူယွီက ခါးသက်စွာပြုံးလိုက်သည်။

“စိတ်မရှိပါနဲ့။ လူကြီးမင်းရွှယ်ကို ရှာနေတာလားမသိဘူးရှင့်။ သူ အခုလေးတင်ထွက်သွားပါပြီ”

“သူထွက်သွားပြီလား” ချန်ဟောက်က သူ့တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"သူ့မှာ အရေးတကြီးကိစ္စရှိလို့ ပြောပြီး သူ့မိသားစုကို ခေါ်သွားပြီး… ပျံသွားတယ်…”

ထိုအချိန်တွင် ဖုန်း၏အခြားတစ်ဖက်မှ ချန်ဟောက်က လုံးဝ အံ့သြသွား၏။

‘အရေးကြီးကိစ္စ…ပျံသွားတယ်ဟုတ်လား’

‘ငါတို့ အခု ဘာလုပ်ရတော့မလဲ’

‘နည်းပြကို ဘယ်လို အကြောင်းကြားရမလဲ’

ချန်ဟောက်က စိတ်ပျက်နေချိန်၌ ကျိုးယိက အဝေးမှ ကောင်းကင်ကို လက်ညှိုးထိုးပြကာ အော်လိုက်သည်။

“ခေါင်းဆောင်..ကြည့်ဦး”

ချန်ဟောက်က မော့ကြည့်လိုက်ရာ မရပ်မနား အရှိန်အဟုန်ဖြင့် ထိုးဆင်းနေသော အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အထက်သို့ရောက်လာကာ လေထုအလယ်၌ ရပ်သွားသောအခါမှ ရွှယ်အန်းနှင့် သူ့မိသားစုကို မြင်လိုက်ကြရသည်။

"ဒါက နည်းပြပဲ"

မီးဖီးနစ်အဖွဲ့ဝင်များအားလုံး ဝမ်းသာအားရ အော်ဟစ်ခဲ့ကြသည်။

ချန်ဟောက်က အသက်ပြင်းပြင်းရှူလျက် ဖုန်းကိုချကာ နှုတ်ဆက်ရန် သွားလိုက်သည်။

ဝူယွီက ဖုန်းမချခင်၌ အော်သံများကို ကြားလိုက်ရသဖြင့် နာရီကို ငုံ့ကြည့်လိုက်ရာ ရွှယ်အန်း ထွက်သွားသည်မှာ ရှစ်မိနစ်သာရှိသေးသည်။

ရှစ်မိနစ်။

ရှစ်မိနစ်အတွင်းတွင် အမေရိကနိုင်ငံမှ ကီလိုမီတာ တစ်သောင်းကျော်ဖြတ်၍ ဟွာရှားသို့ ပြန်သွားခဲ့သည်။

‘သူက… တကယ်ပဲ… အင်မော်တယ်လား’

ထိုအချိန်တွင် မြောင်အင်မော်တယ်တောင်ကြား၌ ရွှယ်အန်းက သူ့မျက်နှာသူ ရေနက်ထဲသို့ ငုံ့ကြည့်ကာ ပြုံးလိုက်သည်။ မီးဖီးနစ်အဖွဲ့ဝင်များက သူ့အတွက် လမ်းရှင်းပေးကြကာ ရွှယ်အန်းက ထမ်းစင်ဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။ ယင်းပေါ်တွင် လဲလျောင်းနေသော အန်းချင်က အသက်ကို ခပ်တိုးတိုး ရှုလျက် ဖြူဖျော့နေပြီဖြစ်သည်။

သို့သော် ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ရွှယ်အန်း၏ နတ်အာရုံဖြင့် ရှာသည့်တိုင် အန်းချင်၏ ဝိဉာဥ်က ပျောက်ဆုံးနေခြင်းဖြစ်သည်။

၎င်းသည်ကား ထမ်းစင်ပေါ်တွင် လဲလျောင်းနေသော အခွံအလွတ်တစ်ခုထက် ဘာမှမပိုတော့ပေ။

အခန်း(၄၅၆) မင်းရဲ့ဓားကို ခဏငှါးမယ်

အန်းယန်သည် ဤမြင်ကွင်းကိုမြင်၍ မျက်ရည်များချက်ချင်းကျလာသော်လည်း ကျယ်လောင်စွာမအော်ဘဲ ပါးစပ်ကိုတင်းတင်းကြပ်ကြပ်ပိတ်လျက် မျက်ရည်များကိုတိတ်တဆိတ်ကျစေခဲ့သည်။

ကလေးမလေးနှစ်ယောက်က အန်းချင်ကို လှုပ်ခါကာ စိုးရိမ်စွာဖြင့် ပြောလိုက်ကြသည်။

"အန်တီလေး၊ အန်တီလေး၊ မအိပ်နဲ့ဦး သမီးတို့နဲ့ဆော့ပါဦး"

ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ လူအုပ်ကြားမှ ငိုသံများထွက်လာသည်။

ရွှယ်အန်းက စကားတစ်ခွန်းမှ မပြောဘဲ ငုတ်တုတ်ထိုင်ကာ အန်းချင်၏ ခန္ဓာကိုယ်ကို နတ်အာရုံဖြင့် အသေအချာ စစ်ဆေးကြည့်သည်။

အန်းချင်၏ အရေးကြီးသော အင်္ဂါများက အားနည်းနေ၍ စဉ်ဆက်မပြတ် အသက်စွမ်းအားဖြင့် ကာကွယ်ထားသော်လည်း သူမ၏ အသိစိတ်ပင်လယ်က ဗလာဖြစ်နေကြောင်း သူတွေ့ရှိခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ" ရွှယ်အန်းက လေးနက်သောအသံဖြင့် မေးလိုက်သည်။

ချန်ဟောက်က အဖြစ်အပျက်များကို အကျဉ်းချုံးပြောပြသည်။

နားထောင်ပြီးနောက် ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်ကာ အသက်ပြင်းပြင်းရှူ၍ ငိုကြွေးနေပြီဖြစ်သော အန်ယန်ထံသို့ လှည့်ပြောလိုက်သည်။

"ယန်အာ မငိုနဲ့၊ ကို့ကို လက်ပေး"

အန်းယန်က သူမလက်ကိုဖြန့်၍ ရွှယ်အန်းဆီအမြနိပေးလိုက်သည်။

ရွှယ်အန်းက အန်းယန်၏လက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ အခြားလက်တစ်ဖက်ဖြင့် လေထုထဲတွင် အလွန်ရှုပ်ထွေးသော မန္တန်ကို ရေးလျက် “ရှာ” ဟု ပျော့ပျောင်းစွာ အမိန့်ပေးလိုက်သည်။

ရွှေရောင်အလင်းတန်းများ ချက်ချင်းထွက်ပေါ်လာပြီးနောက် အစအနမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်း၌ပင် ရွှယ်အန်း၏ နတ်အာရုံဖြင့် အန်းယန်ဆီမှ ဖြာထွက်နေသော သွေးသားဆက်နွယ်မှုတစ်လျှောက် လူများကို တွေ့မြင်နိုင်သည်။

အသန်မာဆုံးမှာ သဘာဝအတိုင်းပင် မိန်းကလေးနှစ်ယောက်ဖြစ်သည်။

သွေးရင်းဖြစ်သည့် သားအမိနောက်တွင် အန်းချင်နဲ့ သွေးဆက်သွယ်မှု ရှိသည်။ သို့သော် ဤသွေးဆက်နွယ်မှုက

ထမ်းစင်ပေါ်ရှိ အန်းချင်ကို ညွန်မပြဘဲ နောက်ပြန်လှည့်ကာ အင်းဆက်အင်မော်တယ် လှိုဏ်ဂူထဲသို့ ဆန့်တန်းသွားသည်။

မျှော်လင့်ထားသည့်အတိုင်း ကိုးကောင်းကင်ဝိဉာဉ်ရှာဖွေရေးပညာကိုအသုံးပြု၍ ဤကမ္ဘာပေါ်တွင် အန်းချင်၏ဝိညာဉ်ခြေရာကို ရှာမတွေ့သည်မှာ အံဩစရာမရှိပေ။ ဝိညာဉ်များ ပြန့်ကျဲနေလျှင်ပင် ကမ္ဘာတဝှမ်းတွင် မရေမတွက်နိုင်လောက်အောင် အပိုင်းအစများ ပြန့်ကျဲနေပေလိမ့်မည်။ သို့သော် ရွှယ်အန်း၏ရှာဖွေမှုတွင်မူ

ကမ္ဘာကြီးတွင် အန်းချင်၏ အရိပ်အခြေကို လုံရလုံးလျားလျား မတွေ့ရပေ။ သူမ လုံးဝပျောက်ကွယ်သွားသည့်အလားပင်ဖြစ်သည်။

ယခုမူ ဤသွေးနီးချင်းခြေရာခံသည့်ပညာကို အသုံးပြု၍ အန်းချင်၏ဝိညာဉ်က အင်းဆက်အင်မော်တယ်လှိုဏ်ဂူအတွင်း ရှိနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ဤအင်းဆက်အင်မော်တယ်လှိုဏ်ဂူသည် အင်းဆက်မျိုးနွယ်စု၏ လျှို့ဝှက်နယ်မြေတစ်ခုနှင့် ချိတ်ဆက်ထားသော လမ်းကြောင်းတစ်ခု ဖြစ်နိုင်သည်။

အင်းဆက်မျိုးနွယ်စု။

ရွှယ်အန်း၏ ပါးစပ်ထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ဤအဖွဲ့အကြောင်း သူသေချာပေါက်သိသည်။ ၎င်းတို့၏

အံ့ဖွယ် ကြောက်မက်ဖွယ်ကောင်းသော သဘာဝသည် မျိုးစုံသော နယ်ပယ်များကြားတွင်ပင် အလွန်ထူးခြားလှသည်။

မျိုးပွါးများသော အခြားမျိုးနွယ်များနှင့် မတူဘဲ အင်းဆက်မျိုးနွယ်စုတိုင်းသည် မျိုးပွားရန် ၎င်းတို့၏ဘုရင်မဖြစ်သည့် မိခင်ပိုးကောင်ကို အားကိုးကြသည်။

ရွှယ်အန်းသည် ကြယ်စနစ်တစ်ခုလုံးကို ဝါးမြိုသွားသည့် ကြီးမားသောအသိုက်အဝန်းကြီးကိုပင် မြင်တွေ့ခဲ့ရပြီးကာ ထိုဘုရင်မ၏ စွမ်းအားက အင်မော်တယ်ဧကရာဇ်အဆင့်သို့ပင် ရောက်လုနီးနေပြီဖြစ်သည်။ ဤဝိသေသလက္ခဏာကြောင့် အင်းဆက်မျိုးနွယ်ကို အနန္တစကြဝဠာတစ်လျှောက်ရှိ မျိုးနွယ်အားလုံးက နက်ရှိုင်းစွာ ကြောက်လန့်ခဲ့ကြသည်။

နောက်ဆုံးတွင်မူ ဤသည်က တွင်းနက်နှင့်တူသော မျိုးနွယ်ဟုတစ်ခုဖြစ်ကာ ၎င်းတို့က ကိုက်စား၍မရသော အရာဟူ၍မရှိပေ။ အထိန်းအကွပ်မရှိ ဖွံ့ဖြိုးလာပါက တစ်နေ့တွင် မျိုးစုံသော နယ်မြေများကို ဝါးမြိုသွားနိုင်သည်။

သို့သော် ရွှယ်အန်းသည် ဤမျိုးနွယ်စုအတွက် ထူးထူးခြားခြား နည်းလမ်းမရှိခဲ့ပေ။ ရှင်သန်ခြင်းနှင့် သန်မာလာခြင်းသည် သက်ရှိသတ္တဝါများ၏ သဘာဝဗီဇများဖြစ်ကာ ယင်းနှင့် ပတ်သက်၍ အမှားအယွင်းမရှိပေ။ ရွှယ်အန်းမထင်မှတ်ထားသည့်အရာမှာ ဤကမ္ဘာပေါ်တွင် အင်းဆက်မျိုးနွယ်စု ရှိနေခြင်းပင်ဖြစ်သည်။

ထို့အပြင် ၎င်းတို့က အန်းချင်၏ ဝိညာဉ်ကိုပင် ချုပ်နှောင်ဝါးမြိုရန် သတ္တိရှိခဲ့ကြသည်။

‘ငါ မင်းတို့အတွက် တန်ကြေးပေးမယ်’

ဤအတွေးဖြင့် ရွှယ်အန်းသည် အန်းယန်ကို ပထမဆုံး နှစ်သိမ့်ပေးခဲ့သည်။

"ယန်အာ မငိုနဲ့ ချင်းအာ မသေသေးဘူး"

"ဟင် တကယ်လား" အန်းယန်က ရှိုက်ကြီးတငင် ငိုနေရာမှ ရပ်လိုက်ပြီးနောက် အံ့သြစွာ မေးလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"သူ့ဝိဉာဉ်ကို လုယူသွားတယ် သူမသေသေးပါဘူး၊ ကို အခုချက်ချင်း သူ့ဝိညာဉ်ကို သွားပြန်ခေါ်မယ်"

ဤသို့ပြောပြီးနောက် ရွှယ်အန်းက ပြောလိုက်သည်။

"ချန်ဟောက်"

"ရှိ"

"မင်းတို့အားလုံး ဒီမှာပဲနေပြီး စောင့်ပါ၊ ငါ ချင်းအာ ရဲ့ဝိညာဉ်ကို ပြန်ခေါ်ဖို့ အခု အင်းဆက်အင်မော်တယ် လှိုဏ်ဂူထဲကို သွားမယ်"

"ဆရာ၊ ကျွန်တော်တို့ကို ဆရာနဲ့လိုက်ခွင့်ပြုပါ” ကျိုးသာ့နျိုနှင့် အခြားသူများက ယင်းကိုကြားသည်နှင့် အမြန်ပြောလိုက်ကြသည်။

ကျန်းချူနှင့် အားဖေးသည် တလျှောက်လုံး ဘေးမှ စောင့်ကြည့်နေခဲ့သည်။

၎င်းတို့အားလုံးက ရွှယ်အန်း၏အထောက်အထားကို ခန့်မှန်းခဲ့ကြသည်။

တကယ်တမ်းတွင် ယင်းနှင့်ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်မှု မရှိလှပေ။ မီးဖီးနစ်၏ အဓိကပုဂ္ဂိုလ်မှာ ချန်ဟောက်မဟုတ်၊ အန်းချင်မဟုတ်၊ ရွှယ်အန်းသာဖြစ်သည်ကို လူတိုင်းသိကြသည်။

ထိုကဲ့သို့သောလူ၏ရှေ့တွင် ကျန်းချူနှင့်အခြားသူများက အံ့ဩဖွယ်ကောင်းလောက်အောင် သဘာဝကျစွာဖြင့် လေးစားမှုကိုပြသခဲ့ကြသည်။ သို့သော် ရွှယ်အန်းတစ်ယောက်တည်း အင်းဆက်အင်မော်တယ် လှိုဏ်ဂူထဲသို့ ဝင်ရန် ပြင်ဆင်နေကြောင်း ၎င်းတို့နှစ်ဦးကြားသိသောအခါ ကျန်းချူက ပြောလိုက်သည်။

"လူကြီးမင်းရွှယ် မင်းကိုယ်တိုင်သွားမလို့..."

ရွှယ်အန်းက ကျန်းချူကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ်ပြုံးလိုက်၏။

"မင်းက ကောင်းကင်ဘုံသခင်ရဲ့ မျိုးဆက်လား"

ကျန်းချူ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် ခေါင်းကို အလျင်အမြန် ဦးညွတ်လိုက်သည်။

"ကောင်းကင်ဘုံသခင်စံအိမ်ရဲ့ ခြောက်ဆယ့်ခုနစ်ယောက်မြောက် တာအိုမျိုးဆက် ကျန်းချူပါ သခင်"

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြကာ ကျန်းချူကိုင်ထားသော လောင်ကျွင်းဓားကို တစ်ချက်ကြည့်လိုက်သည်။

"ဒါဆို မင်းက ကောင်းကင်ဘုံသခင်ကျန်းရဲ့ မျိုးဆက်ပဲ"

ရွှယ်အန်း၏စကားကြောင့် ကျန်းချူ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

‘ငါ့ဘိုးဘေးကို သူသိတာ ဖြစ်နိုင်ပါ့မလား’

ထိုအချိန်တွင် ရွှယ်အန်းကပြောလိုက်၏။

"မင်းတို့ထဲက တစ်ယောက်မှ သွားစရာ မလိုဘူး၊ အင်းဆက်မျိုးနွယ်က ငါတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းလို့ ရတယ်"

စကားပြောပြီးနောက် ရွှယ်အန်းက ကျန်းချူကို ပြုံးပြလိုက်သည်။

"မင်းရဲ့ လောင်ကျွင်းဓားကို ခဏလောက် ငှားပါ"

ကျန်းချူက အနည်းငယ် အံ့အားသင့်သွားကာ အခြားသူတစ်ဦးက ၎င်းကို ငှါးပါက သူသဘောမတူမှာ သေချာသည်။ သို့သော် ရွှယ်အန်းက မေးလာသည့်အတွက် ခဏတုံ့ဆိုင်းနေပြီးနောက် သူက လောင်ကျွင်းဓားကို ဓားအိမ်မှထုတ်ကာ ရွှယ်အန်းကို ပေးလိုက်သည်။

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်

"ကောင်းလိုက်တာ၊ ဓားရှည်ကြီးကို သိမ်းထားရတာ နှမျောစရာပဲ ဒီနေ့တော့ သူ့ကို နှိုးလိုက်မယ်"

ဤသို့ဖြင့် ရွှယ်အန်းက ဓားတစ်လက်ကို ကိုင်ထားလျက် လေထုထဲသို့ တိုးဝင်ကာ အေးစက်သောအသံဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

" တာအိုဓားနဲ့... ကောင်းကင်ကိုဖွင့်စေ"

အလွန်ရှင်းလင်းပြတ်သား၍ အဆုံးမဲ့ တာအိုသဘောတရားများဖြင့်ပြည့်နေသည့် ဓားအလင်းတစ်ခုသည် အင်းဆက်အင်မော်တယ်လှိုဏ်ဂူကို တိုက်ရိုက်ထိမှန်သွားသည်။

အင်းဆက်အင်မော်တယ်လှိုဏ်ဂူက ထိုဓားအလင်းအောက်တွင် တိုဟူးတစ်လုံးကဲ့သို့ ထက်ဝက်ခန့် ပိုင်းပြတ်သွားသည်။ အင်းဆက်အင်မော်တယ် လှိုဏ်ဂူက ဓားတစ်ချက်အောက်တွင် အပျက်အစီးများအဖြစ် စုပုံလာသည်။ သို့သော် ကွဲထွက်သွားသည့် လှိုဏ်ဂူထဲမှ အနက်ရောင်အလင်းတန်းများ၊ အမှောင်အငွေ့များက ထွက်လာရန် ကြိုးစားသော်လည်း တောက်ပသော ဓားအလင်းအောက်တွင် ချုပ်ငြိမ်းသွားသည်။

ကျန်းချူသည် ထိုမြင်ကွင်းကို ကြည့်၍ ကြက်ဥသုံးလုံးပင်ဆံ့လောက်အောင် ပါးစပ်အဟောင်းသားဖြစ်နေသည်။

ကျန်းချူ အလွန်ဂုဏ်ယူသည့်အချိန်တစ်ခုရှိခဲ့သည်။

ကောင်းကင်သခင်စံအိမ်သည် ယခု သူတစ်ယောက်သာ တည်ရှိနေသော်လည်း သူ၏ အရည်အချင်းက ရာစုနှစ်များအတွင်း ကောင်းကင်သခင်တာအို မျိုးရိုးတွင် အကောင်းဆုံးဖြစ်သည်။

လောင်ကျွင်းဓားကို ကိုင်ဆောင်နိုင်မှုမှ ၎င်းကို တွေ့မြင်နိုင်သည်။

ယခင် တာအိုမျိုးဆက်များသည် လောင်ကျွင်းဓားကို မထိန်းချုပ်နိုင်ခဲ့ပေ။ ဤအရာက ကျန်းချူ၏ ဂုဏ်ယူမှုကို သဘာဝအတိုင်း မြင့်တက်လာစေခဲ့သည်။ သို့သော် ယနေ့တွင်မူ ရွှယ်အန်း၏ ဓားချက်တစ်ချက်ကြောင့် သူ၏ မာနများအားလုံးပြိုကျသွားသည်။ ရွှယ်အန်း၏ ဓားကိုကြည့်လျက် နောက်ဆုံးတွင် လောင်ကျွင်းဓားအစစ်အမှန်၏ အဓိပ္ပါယ်နှင့် တာအိုအစစ်အမှန်၏ အဓိပ္ပါယ်ကို နားလည်သွားသည်။

ကျန်းချူက ရွှယ်အန်းမှ လောင်ကျွင်းဓားကို လေထုအလယ်ပြန် ပစ်ချပေးလိုက်သည်ကို မြင်ရသဖြင့်

တုန်ယင်သွားသည်။

“အတိတ်တုန်းက မင်းရဲ့ ဘိုးဘေး ကောင်းကင်ဘုံသခင်ကျန်းနဲ့ ခဏတွေ့ဖူးတယ်။ဒါက သူ့မျိုးဆက်အတွက် မျက်နှာပေးတာလို့ သဘောထားလိုက်ပါ”

ကျန်းချူက ဓားကို ဖမ်း၍ ခဏအကြာတွင် အံ့သြသွားသည်။ တစ်ချိန်က မှိန်ဖျော့နေ၍ ထူးထူးခြားခြားမရှိသော လောင်ကျွင်းဓားသည် ယခုအခါတွင် အလင်းများ ဖြာထွက်နေ၍ ၎င်း၏ တာအိုစွမ်းအင်သည်လည်း အရောက်တောက်ကာ အသက်ဝင်နေသည်။

ယင်းကို လက်ထဲတွင်ကိုင်ထားလျက် ယင်းထဲမှ တာအိုစွမ်းအင်ကိုပင် သူ ခံစားမိနိုင်၏။

“ဒါက… လောင်ကျွင်းရဲ့ ဓားစွမ်းအင်အစစ်လား။ လူကြီးမင်းရွှယ်က အဲ့တာကို မြှုပ်ထားတာ အရမ်းကြာသွားပြီလို့ ပြောနေတာ အံ့သြစရာတော့ မရှိဘူး”

ကျန်းချူက ရေရွတ်လျက် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားကာ ဖုန်မှုန်များကြားထဲ၌ ဒူးထောက်ချလိုက်သည်။

“တပည့်က အင်မော်တယ်သခင်ကို ဒီလို ရက်ရောမှုအတွက် အရမ်းကျေးဇူးတင်ရှိပါတယ်”

ရွှယ်အန်း၏ အဆင့်အတန်းက ရုတ်တရက် အင်မော်တယ်သခင်အဆင့်သို့ ရောက်ရှိသွားသည်။

သို့သော် ရွှယ်အန်းက ရယ်၍ အန်းယန်ဘက်သို့ လှည့်ကာပြောလိုက်သည်။

“ဒီမှာ ကို့ကိုစောင့်နေ။ ကို သိပ်မကြာခင်ပြန်လာခဲ့မယ်”

စကားဆုံးသည်နှင့် ရွှယ်အန်းက ခြေတစ်လှမ်းလှမ်းလိုက်ရာ တစ်ခဏအတွင်းတွင် တောင်ပေါ်ရှိ အရောင်များ ဖြာထွက်နေသော နေရာသို့ တိုက်ရိုက်ရောက်ရှိလျက် ဤကမ္ဘာမှ ပျောက်ကွယ်သွားခဲ့သည်။

All Chapters