အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
အခန်း(၄၆၀) အင်းဆက်အုပ်ကို ဆင့်ခေါ်ခြင်း
ဤအင်းဆက်မျိုးနွယ်ဝင်များ၏ စိတ်ထဲတွင် အလွန်လွှမ်းမိုးသောအသံတစ်ခု ထွက်ပေါ်လာသည်။
“ကြောက်စရာကောင်းတဲ့ ရန်သူ ချီတက်လာနေပြီ။ အင်းဆက်ကောင်တွေအကုန်လုံး ဒီနေရာမှာစု”
အဆင့်မြင့် အင်းဆက်မျိုးနွယ်ဝင်များသည် မြေပြင်ပေါ်တွင် ပြားဝပ်လျက် ပြိုင်တူ အော်လိုက်ကြသည်။
“ဟုတ်ကဲ့ပါ ဘုရင်မ”
ဘုရင်မပြန်လည်ရောက်ရှိလာကာ အင်းဆက်အုပ်ကို အမြန်အဆန် ဆင့်ခေါ်မှု ဖြစ်ပွားခဲ့သည်။ ခဏအကြာတွင် အင်းဆက်မျိုးနွယ်စု လျို့ဝှက်နယ်မြေတစ်ခုလုံး၌ တုန်လှုပ်ခြောက်ခြားစပြုလာသည်။ ထိုအချိန်တွင် ရွှယ်အန်းနှင့် အန်းချင်တို့က အင်းဆက်မျိုးနွယ်စု၏ ပင်မမြို့ဆီသို့ ခရီးဆက်ခဲ့ကြသည်။
အန်းချင်သည် အင်းဆက်ကောင်များဖြင့် ဖွဲ့စည်းထားသော ဧရာမသားရဲကြီး၏ ပခုံးပေါ်တွင် ထိုင်လျက် စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေသည်။
“ခဲအို၊ ဒီအင်းဆက်ဘုရင်မကြီးက အရမ်းစွမ်းအားကြီးလား”
"သူ အဆင်ပြေသင့်တယ်” ရွှယ်အန်းက အပေါ်မှ အဆက်မပြတ်ပျံသန်းနေသည့် နဂါးများကိုကြည့်ကာ ဘာသိဘာသာပြောလိုက်သည်။
“ဟားဟား ငါအရမ်းတော်နေပြီထင်တယ်။ အချိန်ကျလာရင် ဒီအင်းဆက်ဘုရင်မကို ကိုင်တွယ်တဲ့နေရာမှာ ခဲအိုကို ကူပေးမယ်”
ရွှယ်အန်းက ရယ်၍ ငြိမ်နေလိုက်သည်။ ထိုအချိန်တွင် ၎င်းတို့သည် အဆုံးမဲ့သော တောင်တန်းများကြားတွင်ရှိနေကာ ဤလျို့ဝှက်နယ်မြေတွင် နေရောင်မရှိ ထာဝရလရောင်သာရှိသောကြောင့် ဤတောင်တန်းများရှိ သစ်ပင်များနှင့် အပင်များက ကမ္ဘာမြေနှင့် အလွန်ကွာခြားသည်။
ရွှယ်အန်းသည် ကောင်းကင်တွင် ဖြည်းညှင်းစွာ ပျံသန်းနေသည်။ အစက ရွှယ်အန်းက အန်းချင်နှင့်အတူ မြို့တော်သို့ ပျံသွားကာ အင်းဆက်မျိုးနွယ်စုဘုရင်မကို အပြီးသတ်ရန် စီစဥ်ထားခဲ့သည်။ သို့သော် အန်းချင်က သူ၏ သားရဲကြီးကို မချန်ထားခဲ့ချင်သဖြင့် အတူတူသွားရန် တောင်းဆိုခဲ့သောကြောင့်
အတန်ကြာစဉ်းစားပြီးနောက် ရွှယ်အန်းက သဘောတူလိုက်သည်။
ရွှယ်အန်းသည် ကောင်းကင်ယံ၌ နဂါးများအဆက်မပြတ် ပျံသန်းနေမှုကိုကြည့်၍ အင်းဆက်ဘုရင်မက သူရောက်လာခြင်းကို သိနှင့်ထားပြီးဖြစ်ကြောင်း ကောင်းစွာသိသည်။
‘ကောင်းပြီ မင်း အင်းဆက်အုပ်စုကို စုပြီးတာနဲ့ မင်းတို့အားလုံးကို တစ်ခါတည်း ကိုင်တွယ်ပေးမယ်’
ဤအတွေးဖြင့် သူက မြို့တော်ဆီသို့သွားရန် အလျင်လိုခြင်းမရှိပေ။ ထိုအချိန်တွင် သားရဲကောင်ကြီးက ထူထဲစွာပေါက်နေသော လဆေးပင်များကိုဖယ်ရှားလိုက်ရာ အရှေ့ဘက်တွင် မြစ်ငယ်တစ်ခုပေါ်လာသည်။ မြစ်ကမ်းနံဘေး၌ စုတ်ပြတ်ပေစုတ်နေသော လူတစ်စုစုရုံးလာကြသည်။ အန်းချင်တက်ထိုင်ထားသော ဧရာမကောင်ကြီးကို မြင်လိုက်ရသဖြင့် လူအများ၏ မျက်နှာထက်တွင် စိတ်ပျက်မှုများထွက်ပေါ်လာသည်။
အချို့သော ကြောက်တတ်သူများက မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကြသည်။
“ဟေ့ လူတွေဒီမှာရှိတယ်” အန်းချင်က အံ့အားသင့်စွာ အော်လိုက်သည်။
“မင်းတို့ ညစ်ပတ်တဲ့ အင်းဆက်တွေ… ဒါကို ခံလိုက်”
ခေါင်းဆောင်ဖြစ်ပုံရသော အမျိုးသားတစ်ဦးက ရုတ်တရက် လက်ဆွဲသေနတ်ကို ထုတ်ကာ အန်းချင်ကို သေနတ်ဖြင့် ပစ်လိုက်သည်။
အန်းချင်က မတုံ့ပြန်ခင် ဧရာမ အသားကောင်ကြီးက လက်တစ်ဖက်ကို မြှောက်၍ကာလိုက်ရာ ကျည်ဆန်များက ယင်း၏ အပြင်ဘက်အရေပြားထဲသို့ မြုပ်သွားသည်။
ထိုလူက စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။
“မင်းသတ္တိရှိရင် ငါ့ကိုသတ်လိုက်၊ မင်းတို့ယုတ်မာတဲ့ပိုးကောင်တွေကို ငါတို့ လူသားတွေက ဘယ်တော့မှ အရှုံးမပေးဘူး”
အန်းချင်က အနည်းငယ် အံ့အားသင့်သွားသည်။
"ခဲအို သူတို့ ဘာတွေပြောနေတာလဲ"
ရွှယ်အန်းကောင်းကင်မှ ဆင်းလာကာ ထိုအုပ်စုကို ကြည့်လိုက်သည်။
မှန်သည်။ ဤလူများက လူတစ်ယောက်က ကောင်းကင်မှဆင်းလာမည်ကို မမျှော်လင့်ထားကြပေ။
“မင်းက… လူလား အင်းဆက်ကောင်လား” ခေါင်းဆောင်က သတိကြီးစွာ မေးလိုက်သည်။
ထို့နောက် အန်းချင်က သားရဲကြီး၏ ပခုံးကို ပုတ်လိုက်ရာ ထိုအကောင်ကြီးက ဖြည်းညှင်းစွာဝပ်တွားလိုက်သည်။
ထိုအခါမှ သူမက ခုန်ဆင်းလိုက်၏။
“မိုက်မဲလိုက်တာ ငါတို့က လူသားစစ်စစ်တွေပဲ"
ရုတ်တရက် သူ့နောက်က မိန်းကလေးတစ်ယောက်က အန်းချင်၏ ခြေထောက်များကိုညွှန်ပြ၍ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။
“သူ့… သူ့ခြေထောက်”
လူအုပ်ကြီးက အောက်ကိုငုံ့ကြည့်လိုက်ကြသည်။
အန်းချင်က မြေပြင်ကို လုံးဝ မထိဘဲ လေထုထဲတွင် လွင့်မျောနေသည်ကို တွေ့လိုက်ကြရ၏။ သူမ၏ အသွင်အပြင်က အလွန်ထူးဆန်းလွန်းလှသဖြင့် အားလုံး ဖြူဖျော့သွားကြသည်။
အန်းချင်က အနည်းငယ် ရှက်ရွံ့စွာပြောသည်။
"အာ ကျွန်မက ဝိဉာဉ်ဖြစ်နေလို့ပါ။ အဲ့တာအတွက် တောင်းပန်ပါတယ်၊ ရှင်တို့ကို ခြောက်လှန့်မိဖို့ မရည်ရွယ်ပါဘူး"
"ဒါဆို မင်းက တကယ် လူသားလား"
အန်းချင်က ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင် လူအုပ်စုက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဆောရီး၊ မင်းကို ဆိုးရွားတဲ့ ပိုးကောင်တွေထဲက တစ်ကောင်လို့ ငါထင်ခဲ့တာ” ထိုလူက တောင်းပန်လိုက်သည်။ ၎င်းတို့အတွက်
အန်းချင်က တစ္ဆေဖြစ်နေလျှင်ပင် သူမက ပိုးကောင်များထက် ပို၍ နှစ်လိုဖွယ်ကောင်းနေသေးသည်။
"ဒီမှာ ဘာဖြစ်နေတာလဲ..." အန်းချင်က မေးသည်။
ထိုလူက ခါးသက်စွာပြုံးလိုက်၏။
"ကျုပ်နာမည်က ကျူးထျန်လေ့ပါ၊ ဒီမှာရှိတဲ့ ကျုပ်တို့အားလုံးကို အင်းဆက်မျိုးနွယ်စုက ဖမ်းထားတာ"
"အင်းဆက်မျိုးနွယ်စုက ဖမ်းထားတာလား"
“ဟုတ်ကဲ့”
ထို့နောက် စကားစမြည်ဆက်ပြောပြီးနောက်မှ ဤ ကျူးထျန်လေ့သည် အမှန်တကယ်တမ်းတွင် ဟွာရှားမှ သေနတ်ပစ်နည်းပြတစ်ဦးဖြစ်ကြောင်း အန်းချင်က သိလိုက်ရသည်။
ယင်းတို့အနက် ကျောင်းက ကျောင်းသား၊ ဆရာဝန်၊ ဆရာ အစရှိသဖြင့် အတိုချုပ်ပြောရလျှင် အလွှာပေါင်းစုံက လူများရှိသည်။ ၎င်းတို့တွင် တူညီသည့် အကြီးမားဆုံးအရာမှာ
ဤကမ္ဘာကြီးထဲသို့ ရောက်မလာခင် အားလုံးက သျန်ကျိုး၌နေခဲ့ကြခြင်းဖြစ်သည်။
ကျူးထျန်လေ့က ထိုအချိန်တွင် ခါးသက်စွာပြုံး၍ ပြောလိုက်သည်။
"အစတုန်းကတော့ ငါတို့မှာ လူတစ်ရာကျော်လောက်ရှိပေမယ့် အင်းဆက်မျိုးနွယ်စုရဲ့ အမဲလိုက်ခံရပြီး ရက်အနည်းငယ်အကြာမှာ ငါတို့ထဲက နှစ်ဆယ်ထ သုံးဆယ်လောက်ပဲကျန်တော့တယ်"
တိုတောင်းသောရက်အနည်းငယ်အတွင်း သေခြင်းတရားကို တစ်ခါမျှမတွေ့ကြုံဖူးသော သာမန်လူများသည် ရက်စက်မှုဟူသည်ကို နားလည်လာကြသည်။ ရယ်မောပြောဆိုနေကြသော အပေါင်းအဖော်များသည် မျက်စိတစ်မှိတ်အတွင်း ပိုးကောင်များ၏ဝမ်းထဲတွင် နစ်မြုပ်သွားကြသည်။ လူ့ယဉ်ကျေးမှုဟု လူသိများသော အရာသည် ဤစွမ်းအားကြီး ပိုးကောင်များအတွက် အဓိပ္ပါယ်မရှိပေ။
အကယ်၍ ကျူးထျန်လေ့သည် လေ့ကျင့်ရေးပစ္စတိုတစ်လက်နှင့် ကျည်ဆန်ဒါဇင်အနည်းငယ်ကို ကိုင်ဆောင်ထားခြင်းမရှိပါက ၎င်းတို့သည် သေဆုံးပြီးသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့ထိတိုင် ၎င်းတို့က ယခုအချိန်တွင် ပြိုလဲလုနီးနေပြီဖြစ်သည်။
ဤတောင်တန်းများတွင် ပုန်းအောင်းခြင်းသည် တစ်ခဏတာ သက်သာရာရရုံမျှသာဖြစ်သည်။ ၎င်းတို့ လုံးဝ စိတ်ပျက်အားငယ်သွားချိန်တွင် ရွှယ်အန်းနှင့် အန်းချင်ရုတ်တရက် ပေါ်လာသည်။
ယခု ရွှယ်အန်းက မည်သည့်အရာများဖြစ်ပျက်နေသည်ကို နားလည်သွားပြီဖြစ်သည်။
လူသားရှင်သန်မှုအတွက် လုံးဝမသင့်လျော်သော ဤလျှို့ဝှက်နယ်ပယ်တွင် လူသားများရှိနေသေးသည်မှာ အံ့ဩဖွယ်တစ်ခုမဟုတ်ပေ။ ၎င်းတို့အားလုံးက နယ်မြေဝင်ပေါက်ကို
ဖြတ်ကျော်လာခဲ့ကြခြင်းဖြစ်သည်။ ဤသို့ဆိုရသော် သျန်ကျိုးသည် ယခင်က အင်းဆက်မျိုးနွယ်၏ လျှို့ဝှက်နယ်မြေနှင့် နီးကပ်စွာ ဆက်စပ်မှုရှိနေသည်။
"မင်းတို့နှစ်ယောက် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ဤအခိုက်အတန့်တွင် ကျူးထျန်လေ့၏ နှလုံးသားက စူးစမ်းလိုစိတ်နှင့် သံသယများဖြင့် ပြည့်နှက်နေသည်။
လူသားအမျိုးသမီးတစ်ဦး၏ ဝိညာဉ်က အင်းဆက်မျိုးနွယ်စုဝင်များစုဝေးရာမှ ဖြစ်ပေါ်လာသော သားရဲကြီးကို ဦးဆောင်နေကာ ပျံသန်းနိုင်သော အမျိုးသားတစ်ဦးလည်းပါနေသည်။
ဤပေါင်းစပ်မှုသည် အမှန်ပင် ပဟေဋ္ဌိဖြစ်စဖွယ်ကောင်းသည်။
"အင်းဆက်မျိုးနွယ်ကို သုတ်သင်ဖို့ ခဲအိုနောက်လိုက်လာတာပါ"
“အင်းဆက်… ပိုးကောင်တွေကို ရှင်းပစ်မလို့လား” ကျူးထျန်လေ့က နားကြားမှားပြီဟုထင်လိုက်သည်။
“ဟုတ်တယ်”
ကျူးထျန်လေ့က ပြုံးလိုက်၏။
"မင်းတို့နှစ်ယောက်က အရမ်းစွမ်းဆောင်နိုင်ပုံရတယ်၊ ဒါပေမယ့် အင်းဆက်မျိုးနွယ်စုရဲ့ အရေအတွက်က မရေမတွက်နိုင်အောင်ပါပဲ။ မင်းတို့နှစ်ယောက်က သူတို့ကို ဘယ်လိုရှင်းထုတ်နိုင်မှာလဲ"
"သူတို့ကို တစ်ကောင်ပြီးတစ်ကောင် ရှင်းပစ်မယ်လို့ ဘယ်သူပြောလို့လဲ။ စက်ဆုပ်စရာ အင်းဆက်ဘုရင်မကို သတ်လိုက်တာနဲ့ ပြီးသွားပြီ မဟုတ်လား" အန်းချင်က မသိမသာ ပြောလိုက်သည်။
ကျူးထျန်လေ့က ယုံရခက်နေဆဲဖြစ်ကာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
“မင်းတို့အားလုံး ဒီကို ဘယ်လိုရောက်လာတာလဲ”
"အင်းဆက်မျိုးနွယ်စုက ဖမ်းသွားတာ၊ ကျွန်မခဲအိုက ငါ့ကို ကယ်တင်ဖို့ ရောက်လာတာလေ"
ကျူးထျန်လေ့က ရွှယ်အန်းဘက်လှည့်၍ ပြောလိုက်သည်။
"ဒီကလူကြီးမင်းက..."
“ရှူးးး” ရွှယ်အန်းက တိတ်တိတ်နေရန် အမူအရာလုပ်ပြလိုက်သည်။ "ဟိုမှာ အင်းဆက်အုပ်ဖြတ်သွားတယ်"
ကျူးထျန်လေ့နှင့် အခြားသူများ အံ့ဩသွားခဲ့ကြပြီး မြေပြင်တုန်ခါမှုကိုလည်း ခံစားခဲ့ရသောကြောင့် သူတို့၏အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ထိုသို့ သေးငယ်သော အင်းဆက်အုပ်စုနှင့် ကြုံတွေ့ရသောအခါတွင် ၎င်းတို့၏ အဆိုးရွားဆုံးမှာ အသက်ဆုံးရှုံးခြင်းပင် ဖြစ်သည်။
ဤတစ်ကြိမ် ရုန်းရင်းဆန်ခတ်ဖြစ်မှုအရ အစုအဝေး၏ အရွယ်အစားက ပိုကြီးကြောင်း သိသာထင်ရှားသည်။
သို့သော်လည်း အန်းချင်က စိတ်လှုပ်ရှားလာသည်။
“ခဲအို ဒါကို ကျွန်မကို ပေးကိုင်တွယ်ခိုင်းနော်”
အခန်း(၄၆၁) ဒီလောက်ကြီးတဲ့ ပုရစ်
ပျံသန်းနေသော အင်းဆက်အုပ်က ကြီးမားလွန်းလှသဖြင့် ၎င်းတို့၏ အဆုံးသတ်ကို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ပေ။ ၎င်းတို့၏ အရှိန်အဟုန်သည် အလွန်လျင်မြန်လှကာ ရေကြီးသကဲ့သို့ ပျံ့နှံ့သွားသည်။
၎င်းတို့ဖြတ်သွားတိုင်း မြက်ပင်တစ်ပင်မျှ မကျန်ခဲ့ပေ။
ကျူးထျန်လေ့နှငိ့ တခြားသူများက ဤသည်ကိုမြင်သောအခါ ဖြူဖျော့သွားကြသည်။ မိန်းကလေးများက ကြောက်လွန်းလှသဖြင့် ငိုကြွေးကုန်ကြသည်။
တကယ်တမ်းတွင် ဤသို့သောမြင်ကွင်းမျိုးက ၎င်းတို့အတွက် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သို့သော် အန်းချင်၏ မျက်လုံးများက တောက်ပလာသည်။
သူမအတွက် ယခုအချိန်တွင် အင်းဆက်ပိုးမွှားများစွာကို ကြောက်နေရန် မလိုအပ်တော့ပေ။
အန်းချင်က လက်ကို အနည်းငယ် လက်ဝှေ့ယမ်းလိုက်ရာ သားရဲကြီးက သူမကို ငုံ့ကြည့်လိုက်သည်။
“ငါ့ကောင်ကြီး ငါ့အတွက် အကုန်လုံးကို စားလိုက်…”
သားရဲကြီးက တိတ်တဆိတ် ခေါင်းညိတ်ပြကာ မတ်တပ်ရပ်၍ အင်းဆက်အုပ်စုဆီသို့ လျှောက်သွားသည်။
ဘမ်းးး
သားရဲကြီးက အောက်သို့ငုံ့သွားကာ ၎င်း၏ကြီးမားသောလက်ဖဝါးကို ဖြန့်လျက် ရာနှင့်ချီသော နတ်ဆိုးအင်းဆက်များကို လက်ဖြင့် တိုက်ရိုက်ဖမ်းဆုပ်ကာ တင်းတင်းကြပ်ကြပ်ဖိချေပစ်လိုက်သည်။ သားရဲကြီး၏ လက်ထဲတွင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသောအခါ ဤအင်းဆက်မျိုးနွယ်စုဝင်များက ကြေကွဲဖွယ်ကောင်းစွာ အော်ဟစ်လိုက်ကြလေတော့သည်။ ထိုအခါ သားရဲကြီးက ပါးစပ်ကို ဟ၍ ကြွေမွသွားသော အသားများကို ပစ်ထည့်လိုက်သည်။
တစ်ခဏအတွင်း၌ပင် ဧရာမ သားရဲကြီး၏ ခန္ဓာကိုယ်က ပို၍ ကြီးမားလာသည့်ပုံရသည်။ အလွန်ကြမ်းတမ်းရက်စက်လှသော ဤဖြစ်ရပ်ကြောင့် ကျူးထျန်လေ့နှင့် အခြားသူများက အံ့သြထိတ်လန့်ကုန်ကြသည်။
တစ်ချိန်က အင်းဆက်မျိုးနွယ်နှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့သည် အသတ်ခံရမည်ကို စောင့်ဆိုင်းနေသော ခိုကိုးရာမဲ့ သိုးသငယ်လေးများကဲ့သို့ ခံစားခဲ့ရသည်။ သို့သော် ယနေ့တွင် တစ်ချိန်က မာနကြီး၍ ရက်စက်ကြမ်းကြုတ်သော အင်းဆက်မျိုးနွယ်စုက သားရဲကြီး၏ ပါးစပ်အတွင်းတွင် အစာဖြစ်သွားခဲ့သည်။
ဝါးမျိုနေသည်ကိုကြည့်လျက် ကျူးထျန်လေ့နှင့် အခြားသူများ၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။
အချို့က အလွန်အမင်း တုန်လှုပ်သွားကြသည်။
၎င်းတို့အတွက် ဤပိုးကောင်များသည် ၎င်းတို့ အတူယှဥ်တွဲမနေထိုင်နိုင်သော အလွန်မုန်းတီးရသည့် ရန်သူများပင်ဖြစ်သည်။ အသားလက်တစ်ဆုပ်စာကို စားပြီးသည့်တိုင် သားရဲကြီးက အပြည့်အဝ မကျေနပ်သေးပုံပေါ်နေသေးကာ ဟိန်းဟောက်လျက် ၎င်း၏ လက်များကို ဧရာမ ဂေါ်ပြားအဖြစ်သို့ ပြောင်းလဲ၍ အင်းဆက်များကို ရိုက်ချပြီးနောက် ပါးစပ်ထဲသို့ သိမ်းကျုံးထည့်လိုက်သည်။
ခဏတာအတွင်း၌
အလွန်ကြောက်မက်ဖွယ်ကောင်းပုံပေါ်သော အင်းဆက်ကောင်အများစုက သားရဲကြီး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။ ကျန်ရှိနေသောအကောင်များက အနည်းငယ်ကျုံ့သွားသည်။ ထိုအချိန်တွင် ကြီးမားလှသော နှံကောင်တစ်ကောင်က အဝေးမှပျံသန်းလာကာ ကွင်းပြင်အခြေအနေကို မြင်၍ ဒေါသတကြီးအော်လိုက်သည်။
“ဒါဘာဖြစ်နေတာလဲ။ ငါ့ အင်းဆက်အုပ်ကို သတ်ရဲတဲ့အထိ ဘယ်ကောင်က သတ္တိရှိနေလဲ”
ထိုသို့ပြောနေစဥ် ဧရာမနှံကောင်ကြီးက ဆိုးယုတ်သော မျက်နှာထားရှိသည့် လူလတ်ပိုင်းအရွယ်အဖြစ်သို့ ပြောင်းလဲသွားကာ သားရဲကြီးဆီသို့ တည့်တည့် ချီတက်လာသည်။
ထိုစဥ် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
နှံကောင်၏ ဓားပုံစံလက်မောင်းများက သားရဲကြီး၏ ခေါင်းကို တိုက်ရိုက် ဖြတ်ပစ်လိုက်သည်။ သို့သော် ၎င်းက ကိုယ့်ကိုယ်ကိုယ် မကျေနပ်သေးခင်၌ အန်းချင်က အော်လိုက်သည်။
“ငါ့ကောင်ကြီး အဲ့တာကို စားလိုက်”
နှံကောင်က အော်ပင်မအော်နိုင်လိုက်ဘဲ သားရဲကြီး၏ လက်ထဲတွင် အဖမ်းခံလိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ။ ခေါင်းပြတ်သွားပြီလေ ဘယ်လိုလုပ် အသက်ဆက်ရှင်နေသေးတာလဲ” နှံကောင်က ဒေါသတကြီးအော်လျက် ရုန်းကန်နေသည်။
သားရဲကြီး၏ လည်ပင်းရှိအသားက အချိန်တိုအတွင်းတွင် ပြန်လည် အသစ်ထွက်လာကာ ခေါင်းအသစ်ထွက်လာသ်ည။
“မဟုတ်ဘူး…” နှံကောင်က ဝိဉာဥ်လွင့်သွားသည်အထိ ထိတ်လန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းက မရဏလောက၏ အရိပ်အမြွက်ကို ခံစားလိုက်ရသောကြောင့်ပင်ဖြစ်သည်။
“မင်းက မရဏလောကပဲ” ၎င်းက အော်လိုက်သည်။
ကံမကောင်းစွာဖြင့် သူ့စကားများထွက်ပေါ်လာချိန်တွင် သားရဲကြီးက ရုတ်တရက် အားထည့်လိုက်သည်။
ကြက်ဥကို ခြေလိုက်သည့်အလား နှံကောင်က ကြေမွသေဆုံးသွားသည်။ မသေဆုံးခင်အချိန်အထိ စိမ်းဖျော့ဖျော့သွေးများ စိမ့်ထွက်လာသည်။
“မ…”
သားရဲကြီးက ယင်း၏ အသနားခံမှုကို ဂရုမစိုက်ဘဲ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ဝါးစားနေချိန်တွင် နှံကောင်၏ အသံက အားနည်းလာကာ နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်။ ၎င်းက သေဆုံးသွားသဖြင့် ကျန်ရှိသော အင်းဆက်အုပ်စုက ထွက်ပြေးရန် စိတ်ကူးယဥ်နေသည်။
သို့သော် နှံကောင်တစ်ကောင်ကို စားသုံးပြီးနောက် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်က ထပ်မံကြီးမားလာပြန်သည်။ ထို့နောက် လက်ကိုမြှောက်လိုက်ရာ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အင်းဆက်အားလုံးကို အပိုင်းပိုင်းဖြတ်ပစ်လိုက်သည်။ ၎င်းသည်ကား နှံကောင်၏ ခြေသည်းများမှ အလင်းပင်ဖြစ်၏။
ထို လက်ဖက်ရည်တစ်ခွက် သောက်ချိန်မျှသာ ကြာသော အချိန်တိုအတွင်း၌ ရောက်ရှိလာသော အင်းဆက်အုပ်အစုအဝေးက လုံးလုံးလျားလျား ပျက်သုဥ်းသွားသည်။ ကျူးထျန်လေ့နှင့် အခြားသူများက ဤမြင်ကွင်းကို ထိတ်လန့်စွာကြည့်နေကြကာ နောက်ဆုံးတွင် အင်းဆက်မျိုးနွယ်စုကို ဖယ်ရှားခြင်းနှင့်ပတ်သက်၍ အန်းချင်ပြောခဲ့သော စကားများက ဟာသတစ်ခုမဟုတ်သည်ကို ယုံကြည်လာကြသည်။
“ခဲအို.. ဘယ်လိုလဲ” အန်းချင်က မာနပြည့်နေသော မျက်နှာလေးကို မော့လျက် ပြောလိုက်သည်။
“လုံးဝမဆိုးဘူး” ရွှယ်အန်းက ခေါင်းညိတ်သည်။
“ဟားဟား ဒီကောင်ကြီးက ပိုပိုပြီး ကြောက်ဖို့ကောင်းလာတယ်” အန်းချင်က ကျူးထျန်လေ့နှင့် အခြားသူများကို ပြန်လှည့်ကြည့်လိုက်သည်။
“ကျွန်မတို့က ဒီက အင်းဆက်ဘုရင်မကို ရှင်းလင်းဖို့ ပြင်ဆင်နေတာ။ ရှင်တို့လိုက်ချင်လား”
ကျူးထျန်လေ့နှင့် အခြားသူများက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကြပြီးနောက် ခေတ္တမျှ တုံ့ဆိုင်းသွားကြသည်။ ထို့နောက် ကျူးထျန်လေ့က အံကြိတ်ကာ ပြောလိုက်သည်။
“အိုကေလေ”
ဤအခိုက်အတန့်တွင် အင်းဆက်မျိုးနွယ်ဟု၏ အဓိကမြို့တော်သည် စစ်မြေပြင်တစ်ခုဖြစ်လာနေပြီဖြစ်သည်။ လျို့တှက်နယ်မြေတစ်ခုလုံးရှိ အင်းဆက်များက ဤနေရာတွင် စုဝေးလာကြသည်။ ၎င်းတို့အတွက်မူ ဘုရင်မ၏ အမိန့်သည် စိန်မခေါ်သင့်သော နတ်အမိန့်တစ်ခုဖြစ်သည်။ အဆင့်မြင့်အင်းဆက်မျိုးနွယ်စုဝင်များလည်း စုဝေးလာကြသည်။
“ဒီပြောင်းလဲမှုပြီးရင် ဘုရင်မကြီးက လုံးဝ စွမ်းအားကြီးလာတော့မှာပဲ”
“ဟုတ်တယ် ဘုရင်မကြီးစွမ်းအားကြီးလာလေလေ ငါတို့ အင်းဆက်အုပ်က ပိုပြီး ခိုင်မာလာလေလေပဲ”
“ဟား လူသားလောက အပြင်လူတစ်ယောက်က တကယ်ပဲ ငါတို့ အင်းဆက်မျိုးနွယ်စုကို သုတ်သင်နိုင်မယ်လို့ ထင်နေတာ ဟာသပဲ”
“ငါတို့ သူ့ကို အထင်မသေးသင့်ဘူး။ နောက်ဆုံးတော့လည်း သူက ဟွမ်ချွမ်ကို သတ်ပစ်လိုက်နိုင်တယ်လေ”
“ဟား ဟွမ်ချွမ်က ထောက်ပံ့ပေးတာပဲတော်တာ တိုက်ခိုက်တဲ့နေရာမှာမတော်ဘူး။ ဘုရင်မကြီးရဲ့ အစေခံတွေထဲက အစွမ်းအထက်ဆုံး ရှကို မတွေ့ဖူးဘူးလား”
အင်းဆက်ပိုးမွှားများစွာက ၎င်းတို့အထဲမှ အမြင့်ဆုံးအရပ်ဆီသို့ ငေးကြည့်လိုက်ကြသည်။ အကယ်၍ ရွှယ်အန်းသာ ဤနေရာတွင်မရှိနေခဲ့ပါက ဧကန်မုချ အာမေဋိတ်တစ်ခု ထွက်လာပေလိမ့်မည်။
‘ဧရာမ ပုရစ်ကြီး’
အမှန်စင်စစ် ဤရှသည် အဓိကအားဖြင့် ပုရစ်တစ်ကောင်ဖြစ်သည်။ သို့သော် ဤပုရစ်မျိုးသည် ၎င်း၏ ပြင်းထန်မှုနှင့် ခုခံနိုင်စွမ်းအတွက် လူသိများသည်။ အင်းဆက်မျိုးနွယ်စုတွင် ရှကို တိုက်ပွဲတွင် အပြင်းထန်ဆုံးနှင့် အသန်မာဆုံးဟု သိကြသည်။ အဆိပ်ပြင်းကင်းမြီးကောက်၊ ပင့်ကူဘုရင်နှင့် အခြားသော တူညီသော သတ္တဝါများပင်လျှင် ယင်းကို ဦးညွတ်ကြရပေလိမ့်မည်။ ဤအခိုက်အတန့်တွင် ရှ ၏ အကြည့်များက မသေချာမရေရာမှုနှင့် တုန်လှုပ်သွားသည်။ ပင်မမြို့တော်တွင် တစ်ရက်ကြာခဲ့ပြီဖြစ်သော်လည်း ဘုရင်မနှင့်မတွေ့ရသေးပေ။ တကယ်တမ်းတွင် ယင်းသာမကပေ။ မည်သည့် အင်းဆက်မျိုးနွယ်စုဝင်ကမှ ဆင့်ခေါ်ခြင်းမခံရသေးပေ။
‘ဧကရာဇ်ဘုရင်မ တကယ်ပဲ အခု ဘာတွေဖြစ်နေပြီလဲ’
ရှက အင်းဆက်မျိုးနွယ်စုဘုရားကျောင်းသို့ ရံဖန်ရံခါ တစ်ချက်တစ်ချက်ကြည့်လိုက်သည်။
“သခင်ရှ ဒီနေရာကို မတော်တစ လမ်းလျှောက်သွားကြတဲ့ လူသားအချို့ရှိတယ်။ ကျေးဇူးပြုပြီး သူတို့နဲ့ ပျော်ပါးပါ” ပိုးကောင်ကြီးတစ်ကောင်က လေးစားစွာပြောသည်။
၎င်းနောက်ကွယ်တွင် ယောက်ျားများစွာနှင့် မိန်းမများစွာက ကြောက်လန့်တုန်လှုပ်စွာမတ်တပ်ရပ်နေကြသည်။
“မင်းဘာလုပ်နေတာလဲ။ ဒါ ဘယ်နေရာလဲ။ ငါမင်းကို ပြောလိုက်မယ်။ မင်းအခု ဟာသဗီဒီယိုရိုက်နေတာမလား။ ငါအခု အရမ်းဒေါသထွက်နေပြီ ငါ့ကို ချက်ချင်းထွက်သွားခွင့်ပေး။ မဟုတ်ရင် တရားမဝင်ထိန်းသိမ်းထားတဲ့အတွက် ငါမင်းကို သေချာပေါက် တရားစွဲမယ်” ဆံပင်အဝါရောင်ဆိုးထားသော အမျိုးသားတစ်ဦးက ဒေါသတကြီးအော်သည်။
ရှက လက်ကို ဆန့်တန်းကာ ထိုသူကို ဆွဲ၍ တောင်ပံများကို ခတ်လိုက်သည်။ ကြေမွသွားသံနှင့်အတူ ထိုသူက အော်စပြုလာသည်။
“အားးး… မင်းတို့ နတ်ဆိုးတွေ… မင်း”
ရှက သူ့ကို လုံးလုံးလျားလျားဝါးမြိုလိုက်ပြီဖြစ်သောကြောင့် အော်ဟစ်သံများရုတ်ခြည်းရပ်တန့်သွားသည်။
ထို့နောက် ရှက နှာခေါင်းရှုံ့ကာ ခေါင်းခါလိုက်သည်။
“အရသာက တော်တော် သာမန်ပဲ”
ထို့နောက် ကျန်ရှိသော ယောက်ျားများနှင့် မိန်းမများကိုကြည့်လိုက်သည်။
၎င်းတို့သည် အကြောက်တရားကြောင့် စိတ်ဓာတ်များအားလုံးပြိုကွဲလုနီးနီးဖြစ်နေသည်။
မကြာသေးမီက အဆိုပါအမျိုးသားသေဆုံးမှုမှာ ၎င်းသည် နောက်ပြောင်သည့် ဂိမ်းတစ်ခုမဟုတ်ဘဲ လက်တွေ့ဖြစ်ကြောင်း အဖွဲ့ကို အတည်ပြုပေးခဲ့သည်။
"မင်းက ငါနောက်ထပ် စားမယ့်သူပဲ”
ရှက လက်ကိုဆန့်ထုတ်၍ အသက် ဆယ့်လေး သို့မဟုတ် ဆယ့်ငါးဝန်းကျင်ရှိ၍ ကျောင်းဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ယောက်ကို ဖမ်းဆွဲလိုက်သည်။
အခန်း(၄၆၂) ရုန်းကန်မှုနှင့် ကြေက်ရွံ့မှု
“မလုပ်နဲ့”
ကောင်မလေးက ကြောက်လန့်တကြားအော်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် သူမသည် အင်းဆက်၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သည်။
သို့သော် သူမ၏ အစွမ်းသတ္တိက အင်းဆက်၏ခွန်အားနှင့် မည်ကဲ့သို့ တူညီနိုင်မည်နည်း။
အင်းဆက်၏ အေးစက်သော မျက်လုံးများတွင် ကျေနပ်စွာဖြင့် လှောင်ပြောင်သည့်အမူအရာမျိုး ထင်ဟပ်နေသည်။
" မင်း များများ ရုန်းကန်လေကြောက်လေ မင်းအသားက ပိုအရသာရှိလေပဲ"
သူပြောနေစဉ် ဓားတစ်စင်း ဖြတ်သွားသည်။
မိန်းကလေး၏ ကျောတွင် ဒဏ်ရာတစ်ခု ပေါ်လာကာ သွေးများ ချက်ချင်း စီးကျ၍ တုန်တုန်ယင်ယင်နှင့် နာကျင်နေ၏။
အဆင့်မြင့် အင်းဆက်မျိုးနွယ်ဝင် အများအပြားက ဤသည်ကိုမြင်ကာ ကျယ်လောင်စွာ ရယ်မောခဲ့ကြသည်။
"အင်းဆက်သခင်က ဘယ်လိုပျော်ပါးရမလဲဆိုတာ သေချာသိတယ်"
"ကျွတ် ကျွတ် ငါ လှည့်ကွက်အသစ်တစ်ခုကို သင်ယူပြီးပြီ၊ နောက်တစ်ခါကျ လတ်ဆတ်တဲ့ သားကောင်တွေနဲ့ ဒါကိုလုပ်ကြည့်ချင်တယ်”
အင်းဆက်က လှောင်ပြောင်ကာ အတောင်များကို ဖြည်းညှင်းစွာခတ်၍ အစာစားရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"မင်းတို့ ညစ်ပတ်တဲ့ ပိုးကောင်တွေ ကောင်မလေးကို လွှတ်လိုက်စမ်း"
ပိုးကောင်က ခေတ္တရပ်၍ ခေါင်းကို လှည့်ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် ကောင်းကင်၌ ဧရာမအကောင်ကြီးတစ်ကောင်က ခြေလှမ်းကြီးများဖြင့် ၎င်းတို့ဆီသို့ ပြေးလာသည်။ အော်ပြောသူမှာ အကောင်ကြီး၏ ပခုံးပေါ်တွင် ထိုင်နေသော လူသားမျိုးနွယ်မှ မိန်းကလေးဖြစ်သည်။
ထိတ်လန့်တုန်လှုပ်နေသည့် အခိုက်အတန့်တွင် ဧရာမသတ္တဝါကြီးက ၎င်းတို့အပေါ်သို့ ရောက်လုနီးနီး ရှိနေသည်။
ပိုးကောင်က အေးစက်စွာ အမိန့်လိုက်သည်။
“သူ့ကိုတားလိုက်”
ဘမ်း
အင်းဆက်မျိုးနွယ်စု၏ မရေမတွက်နိုင်သော အဖွဲ့ဝင်များ စုလိုက်ရာ ၎င်းတို့၏ အရေအတွက်ကအလွန်များလှသဖြင့် အမြင့် ဆယ်မီတာကျော်အထိ တန်းစီကာ အကောင်ကြီးဆီသို့ ဦးတည်သွားကြသည်။ အန်းချင်သည် ဧရာမပခုံးပေါ်တွင် ရပ်နေ၍ ဤမြင်ကွင်းကို သူမကြည့်ကာ အနည်းငယ် ခေါင်းကျိန်းသွားရသည်။
ခရီးရှည်ကြီးပြီးနောက် သူမသည် နောက်ဆုံးတွင် အင်းဆက်မျိုးနွယ်စု၏ ပင်မမြို့သို့ ရောက်ရှိခဲ့သည်။
စိတ်စွမ်းအားကို မြင့်တက်လာခြင်းဖြင့် အန်းချင်၏ သိမြင်နိုင်စွမ်းက အလွန်တိုးမြင့်လာသောကြောင့် သူမသည် အင်းဆက်ပိုးကောင်လုပ်နေသည်ကို အဝေးမှမြင်ခဲ့ရကာ ဒေါသကိုမထိန်းနိုင်တော့ပေ။
"ငါ့ကောင်ကြီး မင်း သူတို့ကို အနိုင်ယူနိုင်မလား" အန်းချင်က ခပ်တိုးတိုးပြောသည်။
အကောင်ကြီးက နှုတ်ဆိတ်နေသော်လည်း ရုတ်တရက် လက်သီးများကို မြှောက်ကာ ပြင်းပြင်းထန်ထန် ထုရိုက်လိုက်သည်။
ဘမ်း
မြေပြင်ကို ရိုက်ချိုး၍ တွင်းနက်ကြီး နှစ်ပေါက်ကို ဖန်တီးခဲ့သည်။
ဤထိုးနှက်မှုကြောင့် မီတာဒါဇင်များစွာအတွင်း ပိုးကောင်မျိုးနွယ်ဝင်များအားလုံး ကွဲကြေသွားခဲ့သည်။ ထို့နောက် အကောင်ကြီးက အသက်ပြင်းပြင်းရှူကာ အင်းဆက်မျိုးနွယ်၏ အပိုင်းအစများကို စုပ်ယူသွားသည်။
ဤမြင်ကွင်းသည် ရှကို ထိတ်လန့်သွားစေခဲ့သည်။
"ဘာ... ဘာဖြစ်နေတာလဲ”
သို့သော် ယခုအချိန်တွင် အန်းချင်သည် အလွန်တည်ငြိမ်နေကာ ပိုးကောင်ကို လက်ယပ်ခေါ်လျက် သူမ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"နတ်ဆိုး၊ ရှင့်ရဲ့ သေမင်းကို လာတွေ့"
အင်းဆက်၏ မျက်လုံးအစုံသည် အေးစက်သောအလင်းရောင်များဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင် ဘုရင်မကြီး၏ ကြီးကျယ်ခမ်းနားသော အသံက ထွက်ပေါ်လာသည်။
"မင်း ဟွမ်ချွမ်ကို သတ်ရုံတင်မကဘဲ သူ့ရဲ့ မွေးရာပါ စုပ်ယူနိုင်တဲ့ အစွမ်းကိုလည်း မင်း ဝါးမျိုလိုက်တာလား။"
ဘုရင်မကြီး၏အသံက အင်းဆက်ကိုသတိပေးခဲ့ကာ နောက်ဆုံးတွင် အန်းချင်ဆီမှ အဘယ်ကြောင့် ဤမျှရင်းနှီးသောအငွေ့အသက်ရနေသည်ကို တွေ့ရှိနားလည်ခဲ့သည်။
“ပြောတာတော်ပြီ။ နင်တို့ နတ်ဆိုးတွေကို သုတ်သင်ဖို့ ဒီနေ့ ဒီကို လာခဲ့တာပဲ။ အကောင်ကြီး အဲ့တာတွေ အကုန်စားလိုက်" ယခုအခါတွင် စိတ်ဓာတ်မြင့်မားမှုနှင့် ဧရာမကောင်ကြီး၏ ကျောထောက်နောက်ခံဖြင့် အန်းချင်သည် သဘာဝအတိုင်း ကြောက်လန့်ခြင်းမရှိပေ။
သူမ၏ အမိန့်ကို လိုက်နာ၏ ဧရာမကောင်ကြီးက အင်းဆက်နှင့် အင်းဆက်မျိုးနွယ်စု ဘုရားကျောင်းဆီသို့ အမြန်ပြေးသွားသည်။ ၎င်းတို့ဆီသို့ မရောက်ခင်တွင် သံချပ်ကာပိုးဖလံကြီးတစ်ကောင်က ချီတက်လာ၏။
“သေစမ်း"
ပိုးဖလံ၏ ချီတက်မှုက အလွန်ထက်မြက်သည်။ သို့သော် အန်းချင်၏ ဧရာမသားရဲကြီးကို ရင်ဆိုင်ရာတွင်မူ ကိုယ့်သေတွင်းကိုယ်တူးခြင်းထက် မပိုလှပေ။
ဧရာမကောင်ကြီးက မရှောင်တိမ်းဘဲ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ ရိုးရှင်းစွာဖြင့်ပင် ပိုးဖလံကြီးက ချက်ချင်းပင် အမှုန့်အဖြစ်သို့ ကြေမွသွားပြီးနောက် သားရဲကြီးက ကိုက်စားပစ်လိုက်သည်။
ကိုက်စားလိုက်တိုင်း ဧရာမကောင်ကြီး၏အရပ်က ပို၍ရှည်လာကာ ၎င်း၏အရှိန်အဟုန်ကလည်း ပိုမြန်လာသည်။ သားရဲကြီးသည် ယခုအခါတွင် အမြင့် မီတာလေးဆယ်မှ ငါးဆယ်အထိ ကြီးမားသော ဧရာမဘီလူးကြီးအရွယ်ဖြစ်လာသည်။
ထိုဘီလူးကြီးကို မျက်နှာမူရင်းပင် ပိုးဖလံ၏နှလုံးသားထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများပြည့်လာသည်။
"အတူတူတိုက်ခိုက်" ပိုးကောင်က အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
အဆင့်မြင့် အင်းဆက်မျိုးနွယ်ဝင်များသည် ဧရာမအကောင်ကြီးအား ၎င်းတို့၏အရေအတွက်ဖြင့် အသေသတ်ရန် ကြံရွယ်ကာ အုံကြွလာကြသည်။ သို့သော် ဘီလူကြီးက နာကျင်မှုကို မခံစားရဘဲ အနည်းငယ်အကိုက်ခံလိုက်ရလျှင်ပင် ၎င်းပတ်ပတ်လည်ရှိ အသားများက ဆူပွက်လာကာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။
ဤသို့ဖြင့် အင်းဆက်မျိုးနွယ်စု၏ အတန်းမြင့်အဖွဲ့ဝင်တစ်ဒါဇင်သည် သားရဲကြီး၏ အစားအစာဖြစ်လာခဲ့သည်။ ရှ၏ နှလုံးသားက ရေခဲကဲ့သို့ အေးခဲသွားသည်။
အင်းဆက်မျိုးနွယ်ဝင်များအနေနှင့် ၎င်းတို့၏ ကျင့်ကြံရေးအဆင့် မြင့်မားလေ ၎င်းတို့၏စိတ်များ ပိုမိုလွတ်လပ်လေဖြစ်ရာ တူညီစွာပြောရလျှင် ၎င်းတို့က သေခြင်းကို ပိုကြောက်လေဖြစ်သည်။
ထို့ကြောင့် ရှသည် သူ၏တိုက်ခိုက်မှုကို မသိမသာလျှော့ချကာ နောက်ဆုတ်ရန် ကြိုးစားခဲ့သည်။ သူ တစ်ဦးတည်းမဟုတ် အင်းဆက်မျိုးနွယ်၏ အခြားအဆင့်မြင့်အဖွဲ့ဝင်များသည်လည်း အရူးများမဟုတ်ကြပေ။ အင်းဆက်မျိုးနွယ်စု၏ အောက်ခြေအဆင့်အဖွဲ့ဝင်အချို့ သို့မဟုတ် အဆင့်မြင့်အဆင့်သို့ တိုးမြှင့်ခံထားရသူများသာ ရဲရင့်စွာ ရှေ့သို့ ပြေးကြသည်။
ထိုအချိန်တွင် ဘုရင်မကြီးထံမှ အေးစက်သောအသံများက ရှ နှင့် အခြားသူများ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
"အင်းဆက်မျိုးနွယ်က သေခြင်းတရားကို ဘယ်တော့မှ မကြောက်ဘူး။ မင်းတို့ တန်ဖိုးမရှိတဲ့ကောင်တွေ"
ရှ နှင့် အခြားသူများ နှုတ်ဆိတ်နေခဲ့သည်။
ထို့နောက် ဘုရင်မကြီးက အော်လိုက်၏။
"ဟွမ်ချွမ်က ငါ့အမျိုးအနွယ်ပဲ။ သူ့ရဲ့ အရည်အချင်းကိုလည်း ငါ ပေးအပ်ထားတာ။ အခု ငါနဲ့ရင်ဆိုင်ဖို့ ငါ့ကိုယ်ပိုင်လက်ဆောင်ကို အသုံးပြုနေတာက တကယ်ရယ်စရာကောင်းတယ်"
သူမပြောလိုက်သည့်အခိုက်၌ အန်းချင်သည် သူမထံမှ တစ်စုံတစ်ရာကို ဆွဲထုတ်သွားသည့်အလား ခံစားလိုက်ရကာ သားရဲကြီးနှင့် သူမအကြား စိတ်ချင်းဆက်သွယ်မှု ချက်ချင်းပြတ်တောက်သွားသည်။ သို့မျှသာမက သားရဲကြီး၏ ဝါးမြိုနိုင်စွမ်းသည်လည်း ချက်ချင်းပင် အသုံးမဝင်တော့ပေ။
"အခုက အချိန်ကောင်းပဲ ဒီကောင်ကြီးကို အရင်ဖယ်ပစ်လိုက်" ရှက အမိန့်ပေးလိုက်သည်။
အန်းချင်သည် လေထဲ၌ ခြေထောက်ဆောင့်လျက် စိတ်ရှုပ်စွာပြောလိုက်၏။
“ခဲအို ရှင်ထွက်မလာသေးဘူးလား” "
အန်းချင်၏ စကားနှင့်အတူ ကောင်းကင်မှ ပေါ့ပါးသော ရယ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ရပ်တန့်ပြီးနောက် နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ရပ်နေသော ရွှယ်အန်းကို တွေ့လိုက်ရသည်။
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
"မင်းကိုယ်တိုင် ကိုင်တွယ်နိုင်မယ်လို့ ငါထင်ခဲ့တာ"
“ကျွန်မ တတ်နိုင်သလောက်လုပ်တာပဲ။ ဒါပေမယ့် ဘုရင်မဆိုတဲ့မိန်းမက ကျွန်မ စွမ်းအင်ကို ပြန်ယူသွားတယ်”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ကောင်းပြီ ကျန်တာ ငါနဲ့ထားလိုက်"
ထိုအချိန်တွင် အင်းဆက်မျိုးနွယ်ဝင်များအားလုံး ကောင်းကင်ယံရှိ ရွှယ်အန်းကို မျှော်ကြည့်နေကြသည်။ ဘုရင်မကြီး၏ အသံက ဘုရားကျောင်းထဲမှ ထွက်ပေါ်လာသည်။
"လူသားမျိုးနွယ်စု စစ်သူကြီး၊ အရင်ကိစ္စအတွက် ကျွန်မ တောင်းပန်ပါတယ်။ ရှင်အခုထွက်သွားရင် ပြီးခဲ့တာတွေကို ပြီးခဲ့သလိုပဲထားဖို့ ဆန္ဒရှိပါတယ်”
ရှ နှင့် အင်းဆက်ပိုးမွှားမျိုးနွယ်တို့က တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြည့်နေကြသည်။
‘ဘုရင်မကြီးဘာဖြစ်သွားတာလဲ’
‘သူက လူသားမျိုးနွယ်ဝင်တစ်ယောက်ကို အရှုံးပေးနေတာလား’
ဤသည်ကိုကြားသောအခါ ရွှယ်အန်းက အေးစက်စွာ ရယ်မောလိုက်သည်။
"ပြီးခဲ့တာတွေပြီးပါစေတော့ဟုတ်လား။ ကြားရတာ ငါကပဲ မင်းကို ကျေးဇူးတင်သင့်နေသလိုပဲ”
"လူသား၊ ရှင့်ကို ကျွန်မကြောက်တယ်လို့ မထင်နဲ့ ရှင် ဆက်ပြီး ကယောင်ကတမ်းတွေပြောနေရင် ဒီနေ့က ရှင် ဒီမှာ သေတဲ့နေ့ပဲ"
ထိုအချိန်တွင် ကျူးထျန်လေ့နှင့် အခြားသူများလည်း အလျင်အမြန် ပြေးလာကြသည်။
ရွှယ်အန်းက မြေပြင်ပေါ်ရှိ လူများကို လက်ညှိုးထိုးပြလိုက်၏။
"မင်းက ငါ့လူသားမျိုးနွယ်ကို ခွေးတွေဝက်တွေလို သတ်နေတာ၊ အခု မင်းငါ့ကို ပြီးခဲ့တာတွေပြီးပါစေတော့လို့ပြောနေတာလား။ စိတ်ကူးယဉ်ဆန်လိုက်တာ”
"ရှင်ဘာလိုချင်လဲ" ဘုရင်မကြီး၏ အသံတွင် ဒေါသအငွေ့အသက်များ ပြည့်နှက်နေသည်။
"အရမ်းရိုးရှင်းပါတယ်" ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာပြောလိုက်သည်။
"မင်းရဲ့ အင်းဆက်မျိုးနွယ်ကို သုတ်သင်လိုက်"
ဘမ်း
ရွှယ်အန်း၏ ခြေလှမ်းနှင့်အတူ မြေကြီး တုန်လှုပ်သွားသည်။
အင်းဆက်မျိုးနွယ်စု၏ မရေမတွက်နိုင်လောက်အောင်များပြားသော အဖွဲ့ဝင်များသည် ဤအဆင့်ဖိအားအောက်၌ ဖုန်မှုန့်များအဖြစ် တိုက်ရိုက် ကြေမွသွားသည်။
ကျူးထျန်လေ့နှင့် အခြားသူများ အံသြသွားကြသည်။
အန်းချင်က ကြောက်မက်ဖွယ်အကောင်းဆုံးဟု ၎င်းတို့က ထင်ခဲ့ကြသည်။ သို့သော် ဤလူက စွမ်းအားအကြီးဆုံးဖြစ်မည်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ထားခဲ့ကြပေ။
ခြေတစ်လှမ်းတည်းဖြင့် အင်းဆက်မျိုးနွယ်စု၏ ထက်ဝက်ကျော် သေဆုံးခဲ့ရသည်။
ဒေါသနှင့် ထိတ်လန့်မှုတို့ဖြင့် ဘုရင်မကြီးက အော်လိုက်သည်။
"သတ်ပစ်ကြ"
ရှ နှင့် အင်းဆက်ပိုးမွှားမျိုးနွယ်စုတို့က တုံ့ဆိုင်းနေဆဲဖြစ်သည်။
အင်အားပြင်းသော စိတ်စွမ်းအင်လှိုင်းလုံးကြီးသည် သူတို့၏ဦးခေါင်းများကို တိုက်ရိုက်ကွဲကြေစေကာ ကြောက်မက်ဖွယ်ကောင်းသော ဧရာမအင်းဆက်ပိုးကောင်အဖြစ်သို့ လျင်မြန်စွာ ပေါင်းစပ်သွားသည်။
ဧရာမသားရဲကြီးက တွန်းလှန်ရန် ကြိုးစားဆဲအခိုက်၌
အင်းဆက်ကောင်ကြီး၏ တစ်ချက်ရိုက်ချက်ဖြင့် အပိုင်းပိုင်းကွဲသွားခဲ့သည်။
"ငါ့ကောင်ကြီး" အန်းချင်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
သားရဲကြီးက သူမဘက်သို့ လှည့်လာကာ အင်းဆက်၏ ခြေထောက်က သူမကို တိုက်ရိုက်ထိမှန်သွားသည်။