← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း(၄၆၃) ဓားအလင်းလှောင်အိမ်

ဓားအလင်းတန်းတစ်ခု ဖြတ်သွားသည်။ ခြိမ်းခြောက်နေသည့် ဤပိုးကောင်ခြေထောက်ကို ချက်ချင်းဖြတ်ပစ်လိုက်သည်။ အင်းဆက်ကြီးက နာကျင်စွာအော်လိုက်၏။

သို့သော် ပြတ်သွားသော ခြေထောက်က မြေကြီးပေါ်သို့ ပြန်မချနိုင်ခင်တွင် အသစ်ပြန်ပေါက်နေပြီဖြစ်သည်။

ထို့နောက်တွင် လူသားဘာသာစကားပြောတတ်သည့် အင်းဆက်ကြီးက ပြော၏။

“အသုံးမဝင်ပါဘူး၊ ဒီကမ္ဘာမှာ ငါက မသေနိုင်တဲ့ခန္ဓာကိုယ်က်ု ပိုင်ဆိုင်ထားတယ်။ မင်းငါ့ကို လုံးဝမသတ်နိုင်ဘူး”

ဤသည်ကိုကြားသောအခါ ရွှယ်အန်းက အေးစက်စက် ပြုံး၍ တုံ့ပြန်လိုက်သည်။

“မင်းမှာ မသေနိုင်တဲ့ ခန္ဓာကိုယ်ရှိနယ်လို့ ပြောဖို့ သတ္တိရှိတယ်ပေါ့”

အနန္တစကြဝဌာတွင် မသေနိုင်သောခန္ဓာကိုယ်များကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့်အရာများ အမှန်တကယ်ရှိသည်။

သို့သော် ခြွင်းချက်မရှိ ဤသတ္တဝါများသည် အလွန်လေးနက်သော ကျင့်ကြံရေး အဆင့်များနှင့် တင်းကြပ်သော အခြေအနေများ လိုအပ်သည် သို့မဟုတ် ရှားပါးသော သွေးသားများကို ပိုင်ဆိုင်ရန် လိုအပ်သည်။ ၎င်းတို့ကို အင်မော်တယ်များဟု ခေါ်ကြသော်လည်း၊ တကယ်တမ်းတွင် ၎င်းတို့ကို သတ်ရန် ပို၍ခက်ခဲနေခြင်းသာဖြစ်သည်။

အမှန်စင်စစ် မသေနိုင်သောအရာဟူ၍ မရှိနိုင်ပေ။

ရွှယ်အန်း၏စကားကိုကြားသောအခါ ဧရာမအင်းဆက်က ဒေါသတကြီးကြုံးဝါးလိုက်သည်။

“စိတ်ကြီးဝင်နေတဲ့ကောင် ငါမင်းကို နည်းနည်းချင်းစားမယ်"

ရွှယ်အန်းက ဤစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒီစကားတွေပဲ၊ နောက်တစ်ခါ မင်းထပ်ပြီး အသစ်တစ်ခုခုများ ပြောကြည့်နိုင်မလား"

ထိုစကားနှင့်အတူ ရွှယ်အန်းက လက်သီးကို မြှောက်၍ ထုလိုက်သည်။

ကြီးမားလှသော အင်းဆက်သည် ၎င်း၏မျက်နှာတစ်ခုလုံးကို လက်သီးဖြင့်တိုက်ရိုက်ထိမှန်သွားသဖြင့် တုံ့ပြန်ရန်အချိန်ပင်မရှိခဲ့ပေ။

ထို့နောက် တစ်ကိုယ်လုံးက ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။ ခြေလက်များပြတ်ထွက်လျက်

ပိုးကောင်များ၏ အနံ့အသက်များဖြင့် ပြည့်နှက်သွားသည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့က ဧရာမအင်းဆက်ကြီးအဖြစ် ပြန်လည်စုစည်းလာပြန်သည်။

“ငါပြောသားပဲ ငါ့မှာ မသေနိုင်တဲ့ခန္ဓာကိုယ် ရှိပါတယ်လို့…”

စကားမဆုံးခင်တွင် ရွှယ်အန်းက ကောင်းကင်သို့ ပျံတက်သွားကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

"နားညီးတယ်"

ဤတစ်ကြိမ်တွင် ရွှယ်အန်းရှန်က ဧရာမအင်းဆက်ကြီးကို အသားပြားအဖြစ် ရိုက်ချခဲ့သည်။ တဒင်္ဂတုန်လှုပ်ပြီးနောက် ပြန်လည်ရှင်သန်လာခဲ့သော်လည်း ရွှယ်အန်းကို ကြည့်လိုက်သောအခါ ၎င်း၏မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အမြွက်ပေါ်လာသည်။

မသေနိုင်သော်လည်း အသတ်ခံရသည့် ခံစားမှုကိုမူ မခံရပ်နိုင်သေးပေ။ သို့သော် ရွှယ်အန်းက ယခုအခါ ဧရာမအင်းဆက်ကြီးကို တုံ့ပြန်ခွင့်မပေးခဲ့ပေ။

"စိတ်ဝင်စားစရာပဲ၊ မင်းဒါကို ဘယ်နှစ်ခါခံနိုင်ရည်ရှိလဲဆိုတာ ကြည့်ရအောင်"

ဤသို့ဖြင့် ဓားချီများထွက်လာကာ ဧရာမပိုးကောင်ကြီးကို အပြည့် လွှမ်းခြုံသွားသည်။ ပိုးကောင်ကြီး၏ နာကျင်စွာအော်သံများနှင့် ရောထွေးနေသော အသားများကိုခုတ်ပိုင်းပစ်နေသည့် အသံများက လူတိုင်းကို အံသြသွားစေသည်။

အထူးသဖြင့် ကျူးထျန်လေ့ကဲ့သို့သော လူများက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကန်တော့ကြသည်။

၎င်းတို့အတွက် ရွှယ်အန်း၏ လက်ရှိနည်းလမ်းများသည် နတ်ဘုရားနီးပါးဖြစ်ကာ လေးလေးနက်နက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အင်းဆက်မျိုးနွယ်ကို သတ်ပစ်ပေးခြင်းက သဘာဝအတိုင်း ၎င်းတို့၏ လေးစားထိုက်သူဖြစ်လာစေသည်။

ရွှယ်အန်းကမူ ဤအရာများကို ဂရုမစိုက်ပေ။

သူက ဓားအလင်းဖြင့် ဖုံးအုပ်ထားသော ဧရာမပိုးကောင်ကြီးကို တိတ်တဆိတ် ကြည့်နေသည်။

အသတ်ခံရ၊ ပြန်ရှင်သန်၊ ပြန်အသတ်ခံရ၊ ပြန်လည်ရှင်သန်လာပြန်သည်။

အချိန်တိုလေးအတွင်း၌ပင် ဧရာမအင်းဆက်ကြီးက အကြိမ်ရာနှင့်ချီ၍ အသတ်ခံခဲ့ရသည်။

ယခုအချိန်တွင် ၎င်း၏ ပြန်လည်နိုးထမှုအရှိန်က သိသိသာသာ နှေးကွေးသွားခဲ့သည်။ ၎င်း၏ပုံစံသည်လည်း အရွယ်အစား သိသိသာသာ လျော့ကျသွားသည်။

“မဖြစ်ဘူး….” ဧရာမ အင်းဆက်ကြီး၏ အသံက ကြောက်လန့်မှု အပြည့်ရှိနေသည်။

ကြိမ်ဖန်များစွာ သတ်ပစ်နိုင်သည့် ဤမျှ ကြီးစိုးသော တစ်စုံတစ်ယောက် ရှိနိုင်မည်ဟု မထင်ထားခဲ့ပေ။

အင်းဆက်မျိုးနွယ်စု အတွင်းမှ ဒေါသထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"လူသား၊ ရှင် အခု ပြန်ဆုတ်သွားမယ်ဆိုရင် ကျွန်မ ရှင့်ကို လိုက်မရှာတော့ဘူး"

"မင်းရဲ့ အင်းဆက်မျိုးနွယ်ကို ချေမှုန်းပစ်မယ်လို့ ငါပြောထားပြီးသားပဲ"

ဤသို့ပြောနေစဉ် ဓားအလင်းက ရွှယ်အန်း၏လက်ထဲတွင် တဖျပ်ဖျပ်ဖျပ်လတ်ကာ မီတာရာနှင့်ချီရှည်လျားသော ဓားရှည်တစ်လက်ကို လျင်မြန်စွာဖွဲ့စည်၍ မိုးကြိုးပစ်သည့်အလား ပြိုကျလာသည်။

“မလုပ်နဲ့…”

ပိုးကောင်ကြီးက ကြောက်လန့်တကြား အော်လိုက်သည်။

အဆင့်မြင့် အင်းဆက်မျိုးနွယ်အားလုံး၏ စုပေါင်းထားခြင်းဖြစ်သောကြောင့် ၎င်းသည် သဘာဝအတိုင်း သေခြင်းတရားကို ကြောက်ရွံ့မှုရှိသည်။ ယခု သေမင်းတမန်ဓားချီနှင့် ရင်ဆိုင်ခဲ့ရကာ လုံးဝပြိုကျသွားသည်။

မကြာသေးမီက စုစည်းထားသည့် ဧရာမအင်းဆက်ကြီးသည် ချက်ချင်းပင် ကွဲသွားကာ နှံကောင်များနှင့် အခြားအင်းဆက်ကောင်များ၏ အကောင်များ ကွဲထွက်လာပြီးနောက် အသဲအသန် ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် အလွန်အမင်းနောက်ကျသွားခဲ့သည်။ ၎င်းတို့၏ အမြန်နှုန်းက ဓားကို မကျော်နိုင်ခဲ့ပေ။ ချက်ခြင်းပင် ထိုဓားတစ်ချက်ထိုးချက်ကြောင့် အင်းဆက်မျိုးနွယ်ဝင်အားလုံးကို ချေမှုန်းခံလိုက်ရသည်။

ကျန်နေသော ခန္ဓာကိုယ်များက ပေါင်းစပ်ရန် ကြိုးစားသော်လည်း၊ ထိုသို့ပြုလုပ်ရန် ကြိုးပမ်းသည့်အခါတိုင်း ဓားချီ၏ ၏အလင်းတန်းများက တုန်ခါသွားကာ ၎င်းတို့ကို ဖုန်မှုန့်များအဖြစ်သို့ ပြန်လှီးဖြတ်သွားကြသည်။

မဖြစ်နိုင်တော့သည်မှာ ရှင်းလင်းလှသည်။ ရွှယ်အန်းက အန်းချင်ကို ကြည့်လိုက်သည်။

အန်းချင်က လက်ကိုမြှောက်ကာ ကျယ်လောင်စွာ မြှောက်ကာ အော်လိုက်သည်။

“ငါ့ကောင်ကြီး”

သူမစကားအဆုံးတွင် မြေပြင်ပေါ်ရှိ အင်းဆက်မျိုးနွယ်၏သွေးနှင့် အသားတို့က တွန့်လိမ်လာကာ သွေးနှင့်အသားတို့ဖြင့်ပြုလုပ်ထားသော ဧရာမသားရဲကြီးတစ်ကောင်အဖြစ် လျင်မြန်စွာဖြစ်ပေါ်လာသည်။

အန်းချင်၏ မျက်လုံးများက ရွှင်မြူးစွာဖြင့် တောက်ပနေ၍ ဤဧရာမအကောင်ကြီးသည် ယခင်ကောင်များထက် အဆများစွာ ပိုကြောက်မက်ဖွယ်ကောင်းကြောင်း သူမ၏ အပြုံးက ထင်ရှားစေသည်။

ထိုအချိန်တွင် ရွှယ်အန်းက အင်းဆက်မျိုးနွယ်ဘုရားကျောင်းဆီသို့ မော့ကြည့်လိုက်သည်။ အင်းဆက်ဘုရင်မသည် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို သံသယဖြစ်ဖွယ်တွေ့မြင်ခဲ့ရသော်လည်း သူမသည် အရိပ်အယောင်မပြဘဲ သူမ၏ရှိနေခြင်းကိုပင် မခံစားနိုင်ပေ။

"မင်း အပြင်မထွက်ချင်ဘူးလား”

ဤသို့ပြော၍ သူ့လက်ကို မြှောက်ကာ တွန်းလှဲလိုက်သည်။

ကောင်းကင်ယံ၌ ဓားချီများ တဖျပ်ဖျပ်ခတ်ကာ မြေကြီးကွဲအက်လုသည့် အလင်းတန်းသည် အင်းဆက်မျိုးနွယ်ဘုရားကျောင်းကို ထက်ဝက်ပိုင်းဖြတိလိုက်သည်။ သို့သော် အတွင်းပိုင်းတွင် မည်သည့်အရာမျှမရှိပေ။

ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ၏ နတ်အာရုံကို ဖွင့်ထုတ်၍ အေးစက်စွာ ပြုံးလိုက်သည်။

"မင်း အခု လွတ်မြောက်ချင်သေးသလား၊ ဆိုးလိုက်တာ၊ နောက်ကျသွားပြီ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက လေထဲသို့ခုန်ဆင်းကာ အသက်ပြင်းပြင်းရှူ၍ ထလော့…ထလော့” ဟု ကျယ်လောင်စွာအော်လိုက်သည်။

အမိန့်ပေးပြီးနောက် မြေပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။

အင်းဆက်မျိုးနွယ်စု၏ ပင်မမြို့ကြီးတစ်ခုလုံး တဖြည်းဖြည်း မြင့်လာသည်နှင့်အမျှ ကျူးထျန်လေ့နှင့် အခြားသူများက ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။ ရွှယ်အန်းက သူ၏ ကျင့်ကြံမှုအဆင့်ကို အသုံးပြု၍ ဤမြေပြန့်ကျယ်ကြီးကို အတင်းအဓမ္မ မတင်လိုက်သည်။

ခဏကြာသော် အင်းဆက်မျိုးနွယ်စု၏ ပင်မမြို့တော်ကြီးတစ်ခုလုံး လေထဲသို့ မြင့်တက်လာကာ ရွှယ်အန်းက လေဟာနယ်တွင် မန္တန်တစ်ခုကိုရေးလိုက်သည်။

"စည်းချိပ်"

မန္တန်မှ ရုတ်တရက် ပြိုးပြိုးပြက်ပြက်တောက်ပနေသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီနောက်တွင် မြေကြီးအောက်မှ သနားစဖွယ် အော်သံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် မြေပြင်သည် အက်ကွဲသွားကာ သေးငယ်သောပုံရိပ်တစ်ခုက ပြေးထွက်ရန် ကြိုးစားနေသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှယ်အန်းက

သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယ််းလိုက်ရာ ရာနှင့်ချီသော ဓားချီများက ထိုအလင်းတန်းကို ပိတ်ထားလိုက်သည်။

"မင်း ပြေးနိုင်သေးတယ်လို့ မင်းထင်လား အင်းဆက်ဘုရင်မ"

ထိုစကားကြောင့် အန်းချင်အပါအဝင် လူတိုင်းသည် ပိတ်မိနေသော အင်းဆက်ဘုရင်မကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။

သို့သော် ၎င်းတို့က သူမကိုတွေ့လိုက်ရသောအခါ အမှတ်တမဲ့ အံ့သဩသွားကြသည်။

ဓားအလင်းလှောင်အိမ်အတွင်းမှ အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်ထက် မပိုသော ကလေးမလေးတစ်ဦးကို မြင်လိုက်ကြရ၏

"သခင်​​လေး ကျွန်​​မအမှား​တွေသိပါတယ်​" မိန်းကလေးက ရွှယ်အန်းကို နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

သူမ၏ အသံက ချိုမြိန်လွန်းလှသည်။ ကျူးထျန်လေ့နှင့် အခြားသူများသည် အနည်းငယ် စွဲမက်သွားမိကြသည်။

ဤမိန်းကလေးသည် ရိုးရိုးရှင်းရှင်း လှပလွန်းကာ သူမ၏ အသွင်အပြင်က လောကအတွက် ရိုးသားလှသည့်ပုံပေါ်နေသည်။

သူမလုပ်သမျှသည် အလိုလို သိမြင်လာသော အပြုအမူတစ်ခုသာဖြစ်ကောင်းဖြစ်နိုင်သည်ဟု ကျူးထျန်လေ့နှင့် သူ့အဖွဲ့က ထင်မြင်ယူဆမိကြသည်။

သို့သော် ရွှယ်အန်းက အနည်းငယ် မျက်ခုံးပင့်ကာ မှိန်ဖျော့ဖျော့ အပြုံးဖြင့် ကောင်မလေးကို ကြည့်နေသည်။

"မင်းအမှားကိုသိလား ဘာအမှားလဲ ဝန်ခံလား"

"အင်းဆက်မျိုးနွယ်ကို သေမျိုးလောကဆီ မစေလွှတ်သင့်သလို၊ ကျွန်မရဲ့လက်အောက်ငယ်သားတွေကိုလည်း လူသားမျိုးနွယ်ကို ညှဉ်းပန်းနှိပ်စက်ဖို့ ခွင့်မပြုသင့်ပါဘူး။ ဒါပေမယ့် ကျွန်မက ဒီ မြင့်မြတ်တဲ့ဗိမာန်တော်မှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့တာကြောင့် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ရတဲ့ အရာအများကြီးရှိပါတယ်” အင်းဆက်ဘုရင်မက နောင်တရနေပုံပေါ်သည်။

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

"ဒါဆို မင်းက ဒီတစ်ခုမှ မင်းနဲ့ မသက်ဆိုင်ဘူးလို့ ပြောနေတာလား။"

"အရှင် ကျွန်မ ဒါမျိုး မပြောရဲပေမယ့် တကယ်ကိုယ်ရေးကိုယ်တာအမှားမျိုး မလုပ်မိသေးဘူးလို့ ယူဆရင် ကျေးဇူးပြုပြီး ကျွန်မအသက်ကို သက်ညှာပေးအါ။ ကျွန်မ အရှင့်ဆီမှာ အစေခံဖို့ ဆန္ဒရှိပါတယ်..."

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ငါ့ကို အစေခံစရာမလိုပါဘူး။ ငါမင်းကို သက်ညှာပေးဖို့ကတော့…”

အင်းဆက်ဘုရင်မ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုအငွေ့အသက်များ ပေါ်လာချိန်၌ ရွှယ်အန်းက လက်သီးကို အနည်းငယ်ဆုပ်လိုက်ရာ ဓားအလင်းလှောင်အိမ်သည် ရုတ်ချည်း ပြိုကျသွားသည်။

ကြက်ခြေခတ်ဓားစွမ်းအင်များက ကလေးမလေး၏ ခန္ဓာကိုယ်ကို ချက်ခြင်း ခုတ်ထစ်လိုက်သည်။

နေရာတိုင်းတွင် သွေးများ စွန်းထင်းလာသည်။

မိန်းကလေး၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သည့်အကြည့်ပေါ်လာ၏။

“ရှင် ကျွန်မကို ဘာလို့ သတ်ချက်နေသေးတာလဲ”

ရွှယ်အန်းက သူ့နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ရပ်နေသည်။

"ဟာသပဲ ချစ်စရာကောင်းတဲ့အမူအရာက မင်းအသက်ကို ကယ်တင်နိုင်မယ်လို့ မင်းတကယ်ထင်ခဲ့တာလား”

အခန်း(၄၆၄) အန်းချင်ပြန်လည်ရောက်ရှိမှု

ချန်ဟောက်က စီးကရက်နှစ်လိပ်ကို မီးညှိ၍ စွန်းလင်ကို ပေးလိုက်သည်။ ထိုအချိန်တွင် စွန်းလင်က ခန္ဓာကိုယ်အပေါ်ပိုင်းကို ပတ်တီးများဖြင့် စည်းထားကာ စစ်ကား၏ ထိုင်ခုံကို မှီလျက် ထိုင်နေသည်။ သူက စီးကရက်ကို နက်ရှိုင်းစွာရှိုက်လိုက်ပြီးနောက် အပြင်းအထန် ချောင်းဆိုးလာ၏။

"ဘယ်လိုဖြစ်တာလဲ"

"စိတ်မပူပါနဲ့ ငါမသေပါဘူးကွာ၊ ဒီနတ်ဆိုး အင်းဆက်တွေက တကယ်ကို ရက်စက်တယ်" စွန်းလင်က နောက်တစ်ချက်ရှိုက်လိုက်၏။

မီးဖီးနစ်အဖွဲ့ဝင်များသည် ယခုအခါ အလွန်တိတ်ဆိတ်သွားကြသည်။ အန်းချင်၏ ခန္ဓာကိုယ်ကို စစ်မြေပြင်လူနာတင်ယာဥ်ပေါ်၌ စနစ်တကျ ထားထားသည်။ ဒဏ်ရာရရှိသူများကိုလည်း နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သို့သော် မီးဖီးနစ်မှလူများကထွက်ခွာမသွားကြသေးဘဲ နည်းပြပြန်လာသည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ပတ်ဝန်းကျင်လေထုက အတန်ငယ်ဖိစီးနေသည်။

“ခေါင်းဆောင် နည်းပြက အန်းချင်ကို ကယ်နိုင်မယ်လို့ထင်လား" စွန်းလင်သည်ကမီးခိုးငွေ့များကို မှုတ်ထုတ်လျက် ပြောလိုက်သည်။

ချန်ဟောက်က တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် လေးနက်စွာခေါင်းညိတ်လိုက်၏။

“သေချာပါတယ်”

“သူသေချာပေါက် နိုင်မယ်လို့ ငါထင်ပါတယ်။ နောက်ဆုံးတော့လည်း ငါတို့ နည်းပြက ကမ္ဘာပေါ်မှာ နံပါတ်တစ်လူတစ်ယောက်ပဲ” ဤသို့ပြောလျက် စွန်းလင်၏ မျက်လုံးများနီရဲလာကာ ခေါင်းငုံ့၍ အလွန်ဝမ်းနည်းစွာပြောလိုက်သည်။

“ဒါပေမယ့် အန်းချင်သာ တကယ်ပြန်မလာနိုင်ဘူးဆိုရင် မီးဖီးနစ်ကို မီးဖီးနစ်လို့ ခေါ်လို့ရပါဦးမလားလို့ စိုးရိမ်မိတယ်"

သူ့စကားကိုကြားသောအခါ လူအချို့၏ မျက်လုံးများနီရဲလာသည်။ ကျိုးသာ့နျိုက ဒေါသတကြီးနှင့် ရုတ်တရက် မြေပြင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

“အန်းချင်သာ တစ်ခုခုဖြစ်ရင် ဒီအင်းဆက်တွေအားလုံးကို အစိတ်စိတ်အမွှာမွာ ဖျက်ဆီးပစ်မယ်”

ကျန်းချူက ဘေးမှ မနာလိုစွာကြည့်နေသည်။ မီးဖီးနစ်အဖွဲ့သည် စွမ်းအားကြီးရုံသာမက ပို၍ အရေးကြီးသည်မှာ မယုံနိုင်လောက်အောင် ခိုင်မာသော စည်းလုံးမှုရှိနေခြင်းဖြစ်ကြောင်း သူနားလည်ခဲ့သည်။

ထိုနေရာတွင် သူ၏ သွေးချီလင်အဖွဲ့က အလွန်နိမ့်ကျသည်။ ရွှယ်အန်းက အင်းဆက်မျိုးနွယ်စု လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည်မှာ သုံးရက်ပင်ရှိခဲ့ပြီဖြစ်သည်။ ဤသုံးရက်အတွင်းတွင် အခြေအနေပြောင်းလဲမှုကို စိုးရိမ်သော စစ်သေနာပတိဟူက နယ်မြေကို အဆင့်လိုက် စောင့်ရှောက်ရန် သျန်ကျိုး၏ စစ်တပ်ထက်ဝက်နီးပါးကို စုစည်းခဲ့သည်။

အားလုံးက ရွှယ်အန်းနှင့် အန်းချင်ပြန်လာသည်ကို စောင့်ဆိုင်းနေကြသည်။ အန်းယန်သည် စစ်မြေပြင်လူနာတင်ယာဉ်အတွင်းထိုင်ကာ ညီမဖြစ်သူ အန်းချင်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။

ထိုအချိန်တွင် အန်းချင်၏အသက်ရှူသံက အားနည်းနေကာ အသားအရည်သည်လည်း လူသေခဲ့သို့ ဖြူဖျော့နေသည်။

အန်းယန်က ဤမြင်ကွင်းကိုကြည့်လျက် ငိုချင်လာသည်။ ဤသုံးရက်အတွင်း သူမက များစွာ တွေးတောနေခဲ့သည်။ သူမနှင့် အန်းချင်တို့ နှစ်များတစ်လျှောက်ကြုံတွေ့ခဲ့ရသော သေးငယ်သည့်အရာများကို ပြန်သတိရတမ်းတမိသည်။ အထူးသဖြင့် နောက်ပိုင်းတွင်ဖြစ်ခဲ့သော အဖြစ်အပျက်များကို ပြန် သတိရမိသည်။ ဤအရာအားလုံးက အန်းယန်ကို နက်ရှိုင်းစွာ နာကျင်စေသည်။ မိန်းကလေးနှစ်ယောက်က တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံပေါ်ကာ နှစ်ယောက်စလုံးက ဘေး၌ ထိုင်လျက် ငြိမ်နေကြသည်။ ဤအချိန်တွင် မြေပြင်က ရုတ်တရက် တုန်ခါသွားသည်။

“ကြည့်စမ်း တောင်ပေါ်မှာ တစ်ခုခုလှုပ်ရှားနေတယ်”

အားလုံးက ကမန်းကတန်းမျှော်ကြည့်လိုက်ကြသည်။ ရွှယ်အန်းက ဓားဖြင့် ဖွင့်လိုက်သည့် အင်းဆက်အင်မော်တယ်လှိုဏ်ဂူအတွင်းမှ အနက်ရောင်လေထုက တစ်ဟုန်ထိုး မြင့်တက်လာသည်ကို မြင်လိုက်ကြရသည်။ ခဏအကြာ၌ အထဲမှ လူများစွာထွက်လာသည်။

"အားလုံးသတိရှိကြ"

စစ်သားအားလုံးသည် ၎င်းတို့၏ သေနတ်များကို မဆိုင်းမတွဆွဲထုတ်၍ အမိန့်ပေးကာ ထွက်လာသည့်အဖွဲ့အား သေနတ်များဖြင့် ချိန်ရွယ်လိုက်ကြသည်။ ထွက်လာကြသောလူများက စစ်သားအမြောက်အမြားကို မြင်လိုက်ကြရကာ ၎င်းတို့၏ မျက်နှာများတွင် ရှုပ်ထွေးသော အမူအရာများပေါ်လွင်နေသည်။ တစ်သက်တာ ဖြတ်သန်းခဲ့ရသော ခံစားချက်များအပြင် ထိတ်လန့်ကြောက်ရွံ့မှုများလည်း ရှိသည်။

"မပစ်ပါနဲ့ ငါတို့အားလုံးက လူသားတွေပဲ"

ကျူးထျန်လေ့က သူ့လက်ကို မြင့်မြင့်မြှောက်ကာ အော်လိုက်သည်။

‘ဟမ်’

လူတိုင်း ထိတ်လန့်သွားကြသည်။ ကျန်းချူက လက်တစ်ဖက်ကို ဓားပုံသဏ္ဍာန်ဖော်၍ သူ၏ မျက်ခုံးမွှေးကို နူးညံ့စွာ ထိလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ် သေချာကြည့်ကာ အသက်ကို လေးနက်စွာရှုလိုက်သည်။

“သူတို့အားလုံဂက လူတွေပဲ မပစ်ကြနဲ့”

သို့သော် လူများစွာက အံ့သြနေကြဆဲဖြစ်သည်။

‘ဘယ်လိုလုပ် ဒီလောက်လူတွေအများကြီးရှိနေမှာလဲ’

ကျူးထျန်လေ့နှင့် အခြားသူများ ချဉ်းကပ်လာသောအခါ တစ်စုံတစ်ယောက်က ၎င်းတို့ကို ဂရုတစိုက်ရှာဖွေပြီးနောက် မည်သည့် ထူးခြားသောအရာမျှ မတွေ့ခဲ့ပေ။

ကျူးထျန်လေ့က ခါးသက်စွာပြုံး၍ သူ့အနီးနားတစ်ဝိုက်ရှိ လူဒါဇင်အနည်းငယ်ကို လက်ညှိုးထိုးပြလိုက်သည်။

“ကျုပ်တို့အားလုံးက ကမ္ဘာမြေပေါ် လူသားတွေပါ။ ဘယ်လိုဖြစ်သွားလဲဆိုတာ မသိပေမယ့် ကျုပ်တို့ကို ကြောက်စရာကောင်းတဲ့ နေရာကို ခေါ်သွားတယ်။ အခု အင်မော်တယ်ရဲ့ ကျေးဇူးနဲ့ ကျုပ်တို့ ဒီလို ပြန်လာနိုင်ခဲ့တယ်”

"အင်မော်တယ်ဟုတ်လား"

“ဟုတ်” ကျူးထျန်လေ့က သူမြင်ခဲ့ရသမျှကို ပြန်ပြောပြသည်။

အန်းချင်က လုံခြုံ၍ အင်းဆက်ဘုရင်မကို ရွှယ်အန်းနှင့်အတူ ရှင်းလင်းသုတ်သင်ခဲ့ကြောင်း လူတိုင်းက ကြားသိလိုက်ရသောအခါ ​​မီးဖီးနစ်မှလူများ အားလုံး သက်ပြင်းချကြသည်။

“ငါမင်းကို ပြောသားပဲ။ ငါတို့ ဆရာက အင်မော်တယ်ပဲ။ သူ ဘာမှမဖြစ်နိုင်ဘူး” စွန်းလင်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

“အင်မော်တယ်က တကယ်ပဲ မင်းတို့ရဲ့ နည်းပြလား” ကျူးထျန်လေ့က ယုံရခက်ဖြစ်နေသည်။

ချန်ဟောက်က စိတ်ကောင်းဝင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ ခင်ဗျားတို့ ဘယ်လို ပြန်လာကြတာလဲ။ ကျုပ်တို့ နည်းပြရော ဘယ်မှာလဲ”

“အင်မော်တယ်က အဲ့ဒီ ကြောက်စရာအင်းဆက်တွေအကုန်လုံးကို သုတ်သင်ရှင်းလင်းလို့ မပြီးမချင်း ထွက်လာမှာမဟုတ်ဘူးလို့ ပြောပြီး ကျွန်တော်တို့ကို အရင်ထွက်လာခိုင်းလိုက်တာ။ ဒါပေမယ့် သူအခု ထွက်လာတော့မယ်ထင်တယ်”

၎င်းတို့ စကားပြောနေစဥ် အလွန်ထူထဲသော မီးခိုးငွေ့များ ပျံ့လွင့်လာသည်.

ထို့နောက် ကြီးမားသော ခြေထောက်တစ်ချောင်း ထွက်လာ၏။ ခြေထောက်က တံတားကြီးတစ်ခု၏ ဆိပ်ခံများကဲ့သို့ ထူထဲနေသည်။ ၎င်းတို့အားလုံးက တုန်လှုပ်ထိတ်လန့်နေကြစဥ်တွင် ကြီးမားသော

အသွင်သဏ္ဍာန်တစ်ခုလုံး ထွက်ပေါ်လာသည်။ မီတာခုနစ်ဆယ်မှ ရှစ်ဆယ်အထိ မြင့်သော ဧရာမအကောင်ကြီးတစ်ကောင် ထွက်ပေါ်လာမှုကြောင့် ပတ်ဝန်းကျင်ရှိ လူများကို အံ့အားသင့်စွာ အော်ဟစ်စေခဲ့သည်။

ပိုမိုကြောက်တတ်သော စစ်သားတချို့က ၎င်းတို့၏ သေနတ်မများကိုပင် မှန်မှန်မကိုင်နိုင်ကြတော့ပေ။ တကယ်တမ်းတွင် ဤမြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ထို့နောက် သတ္တဝါကြီးက ဖြည်းညှင်းစွာ ထိုင်ချလျက် ငုံ့လိုက်သည်ကို တွေ့လိုက်ကြရသည်။ ထိုအချိန်တွင် သတ္တဝါကြီး၏ ပခုံးပေါ်၌ ထိုင်နေသည်မှာ အန်းချင်မှတပါး အခြားသူမဟုတ်သည်ကို လူတိုင်း သတိပြုလိုက်မိကြ၏။

အန်းချင် ခုန်ဆင်းလာသည်။

သူမက ရွှင်မြူးသော အပြုံးဖြင့် လူအုပ်ကို ခေါင်းညိတ်ပြလိုက်၏။

“လူကြီးမင်းတို့ ကျွန်မပြန်လာတော်မူပါပြီ”

လူများစွာက သရဲတစ္ဆေကို မြင်လိုက်ကြရသည့်အလား ကြည့်နေကြသည်။ အန်းချင်၏ လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုများက သာမန်လူတစ်ယောက်နှင့်မတူပေ။ သို့သော် သူမ၏ ခန္ဓာကိုယ်က လူနာတင်ယာဥ်ပေါ်တွင် လဲလျောင်းနေကြောင်း ထင်ရှားနေသောကြောင့် ဤသည်က သူမ၏ ဝိဉာဥ်ဖြစ်ကြောင်း သိသာသည်။

‘ဘာတွေဖြစ်နေတာလဲ’

ထိုအချိန်တွင် အလင်းတန်းတစ်ခု လင်းလက်လာကာ ရွှယ်အန်းသည် ကွင်းပြင်အလယ်တွင် ပေါ်လာသည်။

"ဆရာ" ချန်ဟောက်နှင့် အခြားသူများက အရိုအသေပြုကာ ခေါင်းကို အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။

ရွှယ်အန်းအနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထို့နောက် အန်းယန်ရောက်ရှိလာ၍ အန်းချင်ကိုမြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားသော်လည်း သူမသည် ရှေ့သို့ ပြေးကာ ‌ပွေ့ဖက်လျက် မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

“အရူးမလေး ချင်အာ.. နင် နင့်အစ်မကို သေအောင်ခြောက်လှန့်လုနီးပါးပဲ”

အန်းချင်က အနည်းငယ်စိတ်လှုပ်ရှားသွားသော်လည်း သူမကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

“မမ အဆင်ပြေသွားပြီ။ ညီမလေး လုံလုံခြုံခြုံပြန်ရောက်လာပြီမလား။ နောက်ပြီး ခဲအိုကလည်း အဆိုးထဲက အကောင်းရခဲ့တယ်လို့ ပြောတယ်”

“အဆိုးထဲက အကောင်းဟုတ်လား”

“အွန်း ညီမလေးရဲ့ ဝိဉာဥ်က သာမန်လူတစ်ယောက်နဲ့မတူတော့တာ သတိမထားမိဘူးလား” အန်းချင်က တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။

မကြာသေးမီက အင်းဆက်မျိုးနွယ် လျှို့ဝှက်နယ်မြေတွင်၊ ရွှယ်အန်းသည် ထွက်ပြေးလာသော အင်းဆက်ဘုရင်မကို ချောင်ပိတ်ကာ ကွပ်မျက်ခဲ့သည်။ သို့သော် အင်းဆက်မျိုးနွယ်စုဘုရင်မသည် လျို့ဝှက်နယ်မြေနှင့် ချည်နှောင်ထားပြီးဖြစ်၍ သတ်လိုက်လျှင်ပင် ခဏအကြာ၌ ပြန်လည် ရှင်သန်လာပေလိမ့်မည်ဖြစ်သည်။

ဤသည်က သူမ ငယ်ရွယ်နေမှု၏ အကြောင်းပြချက်ပင်ဖြစ်သည်။ သို့သော် ရွှယ်အန်းက အန်းချင်သည် ၎င်း၏ သေဆုံးပြီးနောက် ကျန်ခဲ့‌သော ဝိညာဉ်အပိုင်းအစများကို စုပ်ယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤလှုပ်ရှားမှုသည် ၎င်း၏ပြန်လည်မွေးဖွားနိုင်ခြေကို လုံးဝဖြတ်တောက်ပစ်လိုက်သည်။

တစ်ချိန်တည်း၌ပင် ၎င်းသည် အန်းချင်အား ကြီးမားသော အကျိုးကျေးဇူးများ ပေးခဲ့သည်။

၎င်းတို့ထဲမှ တစ်ခုမှာ သူမ၏ ဝိညာဉ်က အငွေ့အဖြစ်မှ အသားကဲ့သို့ မြင်သာထင်သာရှိသည့် အရာတစ်ခုအဖြစ်သို့ ရောက်သွားခြင်းဖြစ်သည်။ ယခုအခါ အန်းချင်သည် အင်းဆက်ဘုရင်မ၏ မွေးရာပါစွမ်းရည်များကိုပင် အမွေဆက်ခံခဲ့သည်။

ဆန္ဒရှိလျှင် သူ့ကိုယ်ပိုင် အင်းဆက်ကောင်များကို မွေးမြူနိုင်သည်။

သို့သော် အန်းချင်က ယင်းကို စိတ်မဝင်စားပေ။ သူမက တစ်နေလုံး ပိုးမွှားများနှင့်အတူ နေထိုင်ချင်စိတ်မရှိပေ။

“ချင်းအာရဲ့ ခန္ဓာကိုယ်ကရော ဘယ်လိုလုပ်မလဲ” အန်းယန်က မေးသည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံး၏။

"ဝိညာဉ်က အသားလိုမျိုး ထင်သာမြင်သာရှိနေပေမယ့် ခန္ဓာကိုယ်နဲ့တော့ အစားထိုးလို့မရူး။ ထုံးစံတိုင်း ကိုတို့ သူ့ကို လူ့အသွင်သဏ္ဍာန်သို့ ပြန်ရအောင်လုပ်ပေးရမယ်”

အန်းချင်၏ ဝိဉာဥ်က သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသောအခါ ခဏအကြာတွင် ရုတ်တရက် ထထိုင်၍ သူမ၏ လက်ကို ဆန့်တန်းကာ ကြောင်အစွာပြောလိုက်သည်။

“ခဲအို ကျွန်မက ဘာလို့ လူပုံစံနဲ့နေရတာ တစ်မျိုးကြီးဖြစ်နေတာလဲ”

အခန်း(၄၆၅) ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး

"ဒါက မင်းဝိဉာဉ်အဖြစ်နဲ့ အချိန်အတော်ကြာနေခဲ့ပြီး ပေါ့ပါးနေတဲ့ ခံစားချက်ကို အသားကျနေတာကြောင့်ပဲ ရုတ်တရက် ပြန်ဝင်သွားတော့ စိတ်မသက်မသာခံစားရတာ သဘာဝပါပဲ"

"အာ… ဒါဆိုကျွန်မ ခန္ဓာကိုယ်ကို နောင်ကျ ထားခဲ့နိုင်သေးလား" အန်းချင်က မေးသည်။

"ရတယ်" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ "မင်းလိုချင်တဲ့အချိန်တိုင်း"

"ဒီအကောင်ကြီးကော ဘယ်လိုလုပ်ရမှာလဲ" အန်းချင်က သားရဲကြီးကို ညွှန်ပြသည်။

ရွှယ်အန်းက ရယ်လိုက်၏။

"အင်းဆက်ဘုရင်မရဲ့ ဝိညာဉ်ကို လုံးဝ စုပ်ယူထားတာကြောင့် အင်းဆက်မျိုးနွယ်ရဲ့ လျှို့ဝှက်နယ်မြေကို ပြန်သွားခိုင်းလို့ ရတယ်။ အဲ့နယ်မြေက အခု မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။ မင်းအဲ့ကို အချိန်မရွေး ပြန်သွားနိုင်ပြီး ဒီကောင်ကြီးကို မင်းလိုတဲ့အချိန်တိုင်း ခေါ်လို့ရတယ်လေ"

"အားးး အဲ့လိုဆို အရမ်းကောင်းတယ်" အန်းချင်က ရွှင်မြူး၍ ညွှန်ကြားချက်အနည်းငယ်ကို တီးတိုးပြောကာ သားရဲကြီး၏ ပုတ်လိုက်သည်။

သားရဲကြီးက ခေါင်းညိတ်လိုက်ပြီးနောက် ချက်ခြင်းပင် လေထုထဲ၌ ပျောက်ကွယ်သွားသည်။ အင်းဆက်အင်မော်တယ်တောင်ကြား အလယ်ရှိ အက်ကွဲကြောင်းကြားမှ ချီစွမ်းအင် အနက်ရောင်များက တဖြည်းဖြည်း ပြန့်ကျဲသွား၍ နောက်ဆုံးတွင် မှိန်သွားခဲ့သည်။

ဤသည်က အင်းဆက်မျိုးနွယ်စု၏ နိဂုံးပင်ဖြစ်သည်။

အန်းချင်သည် အဆုံးတွင် မိမိက အကျိုးအမြတ်အရဆုံးသူဖြစ်ကြောင်း သိလာရသည်။

သူမတွင် အင်းဆက်ဘုရင်မ၏ ပင်ကိုယ်စွမ်းရည်ကို ရရှိရုံသာမက အရေးအကြီးဆုံးအရာမှာ သူမ၏ဝိညာဉ်ကို မြင်သာထင်သာနီးပါးဖြစ်အောင်အထိ ပြုပြင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

ဤအရာ၏ အရေးပါမှုကို ယခု သူမ နားမလည်နိုင်သော်လည်း တစ်နေ့တွင် သန်မာသော ဝိညာဉ်ရှိခြင်း၏ အကျိုးကျေးဇူးများစွာကို သူမ သိရှိလာမည်ဖြစ်သည်။

"မမ နင် ဟန်းနီးမွန်း ဆက်သွားမှာလား" အန်းချင်က မေးသည်။

အန်းယန်က ခေါင်းခါလိုက်၏။

"ဟင့်အင်း ငါတို့မသွားတော့ဘူး။ ပျော်စရာမကောင်းဘူး။ အိမ်မှာ သရဲဂိမ်းကစားရတာ ပိုပျော်တယ်။"

ဤသည်ကိုကြားသောအခါ အန်းချင်က ရယ်မော၍ လျှို့ဝှက်ဆန်းကြယ်စွာပြောလိုက်သည်။

"မမ ညီမလေးပြောပြမယ် တကယ်ထိတ်လန့်စရာ ကြုံချင်ရင် ညီမလေးတို့ မစ်ရှင်မှာလည်း ပါဝင်လို့ရတယ်။ သိပ်မကြာခင်က နှစ်တစ်ထောင်ရှိတဲ့ တစ္ဆေဗိုလ်ချုပ်နဲ့ နတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်ခဲ့ရတယ်"

“အကုန်လုံးက ထိတ်လန့်စရာပဲ။ စိတ်လှုပ်ရှားဖို့လည်းကောင်းပြီး ဆံပင်တောင်ထောင်လောက်တဲ့အထိ ကြောက်အောင်လုပ်ပေးနိုင်မယ်လို့ ညီမလေး အာမခံနိုင်တယ်”

နားထောင်လျက် အန်းယန်၏မျက်နှာက ဖြူဖျော့လာသည်။

ရွှယ်အန်းက လှောင်ပြောင်ရယ်မောလိုက်သည်။

"မင်းအစ်မက ကြောက်လန့်တကြားနဲ့ ဂိမ်းဆော့ပြီးတောင် ငိုနိုင်တယ်ကွ။ မင်းနဲ့သာ မစ်ရှင်ထဲအတူလိုက်သွားမယ်ဆိုရင်… အိမ်း… စိတ်တောင်ကူးကြည့်လို့မရဘူး”

အန်းယန်က မျက်ခုံးပင့်ကာ ရွှယ်အန်း၏ခါးပေါ်သို့ သူမ၏နူးညံ့သောလက်ကို မခို့တရို့တင်လိုက်သည်။

“ယောက်ျား ရှင်က ဘယ်သူက ကြောက်တယ်လို့ ပြောနေတာလဲ"

သူမပြောနေစဉ် အန်းယန်က ရွှယ်အန်း၏ အသားကိုဆွဲကာ နာရီလက်တံအတိုင်း လှည့်လိုက်သည်။ ရွှယ်အန်းက ချက်ချင်းပင် မျက်နှာကို ရှုံ့မဲ့၍ သက်ညှာပေးရန် တောင်းဆိုလိုက်သည်။

“ကို မင်းအကြောင်း ပြောနေတာမဟုတ်ဘူး ယန်အာ… ကို တကယ် မပြောဘူး။ ကိုကောင်းကင်ကို တိုင်တည်ပြီးကျိန်ပါတယ်”

သူပြောပြီးသည်နှင့် ကောင်းကင်ယံ၌ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ ရွှယ်အန်းက မျက်လုံးများကို မှိတ်ထားကာ ကြည်လင်သော ကောင်းကင်ကို မော့ကြည့်ကာပြောလိုက်၏။

"ဒါက မင်းနဲ့ မဆိုင်ပါဘူး၊ ဝင်ပါတာ ရပ်လိုက်"

ရွှယ်အန်း၏စကားကြောင့် ကျယ်လောင်သော မိုးခြိမ်းသံက ချက်ချင်းရပ်တန့်သွားသည်။

ထို့နောက် ရွှယ်အန်းကပြုံး၍ အန်းယန်ကိုကြည့်လိုက်သည်။

“တွေ့လား ကိုမင်းအကြောင်း မပြောခဲ့ပါဘူး။ ပြောလို့လား”

အန်းယန်က ရယ်မောလိုက်သည်။ အမှန်ပင် သူမက ခပ်ပြင်းပြင်း ဗိုက်ခေါက်ဆွဲလိမ်ချင်စိတ်မရှိဘဲ ပေါ့ပါးစွာသာ ဆုံးမခြင်းပင်ဖြစ်သည်။ ထို့အပြင် ရွှယ်အန်းက အမှန်တကယ် နာကျင်မှုမရှိကြောင်း သူမသိသည်။ ဤအရာများအားလုံးသည် ဟန်ဆောင်နေခြင်းမျှသာဖြစ်၏။

ယခု ရွှယ်အန်းက မည်မျှ အရှက်မဲ့ကြောင်း မြင်လိုက်ရသောကြောင့် သူမက နှာခေါင်းအနည်းငယ်ရှုံ့၍ ပြောလိုက်သည်။

“ရှင်က အရမ်းစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတာပဲ။ အမြဲစနောက်နေတာ”

“ဟီးဟီး ကောင်းပြီ ကောင်းပြီ ယန်အာ စိတ်မဆိုးပါနဲ့ကွာ”

၎င်တို့၏ လူသိရှင်ကား ချစ်ခင်ကြင်နာပြမှုက ဘေးတွင်ရပ်နေသော အန်းချင်ကို စိတ်မသာမသာဖြစ်စေသဖြင့် မည်သည့်စကားမျှပင်မပြောနိုင်တော့ဘဲ ကောင်းကင်ယံသို့ မကြည့်ချင်ယောင်ဆောင်ကာ မော့ကြည့်နေသည်။

“တီလေး ဘာလို့ ကောင်းကင်ကို ကြည့်နေတာလဲ” နျန်နျန်က မေးသည်။

“အိုး ဘာမှမဟုတ်ပါဘူး။ နျန်နျန် ဟိုးက တိမ်ကြီးက ခွေးစာကြီးတစ်ခုနဲ့မတူဘူးလား”

“ခွေးစာလား” နျန်နျန်က အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်သည်။

ထို့နောက် သူမက ခေါင်းယမ်းလိုက်၏။

“ဟင့်အင်း မတူပါဘူး”

“အမ် ဘယ်လိုသိတာလဲ”

နျန်နျန်၏ မျက်နှာဝိုင်းစက်စက်လေးပေါ်တွင် ရှက်သွေးများဖြန်းသွားသည်။

“တီလေး သမီး တီလေးကို လျို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ဒါပေမယ့် တီလေး ဘယ်သူ့ကိုမှ ပြန်မပြောဘူးမလား”

"အွန်းအွန်း”

“သမီး အရင်က ခိုးပြီး မြည်းကြည့်ဖူးတယ်”

အန်းချင်၏ မျက်လုံးများက ထိတ်လန့်စွာ ပြူးကျယ်သွားသဖြင့် နျန်နျန်ကို ရှက်ရွံ့သွားစေသဖြင့် သူမက နောက်ဆုံးတွင် မေးလိုက်သည်။

“အင်း… အဲ့တာ အရသာရှိလား”

နျန်နျန်က သူ့အဒေါ်ဖြစ်သူမှ ထိုသို့မေးလာမည်ဟု မမျှော်လင့်ထားသဖြင့် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါပြလိုက်သည်။

“အစကတော့ အရသာရှိတယ်၊ ဒါပေမယ့် အများကြီးစားပြီးတော့သိပ်အရသာမရှိတော့ဘူး”

"ဘယ်လောက်စားလိုက်တာလဲ"

"တစ်ထုပ်"

ရှန်းရှန်းက သူမ၏ အဒေါ်နှင့် ညီမတို့ အချင်းချင်း တီးတိုးပြောနေသည်ကို သံသယဖြစ်စွာဖြင့်ကြည့်ကာ ၎င်းတို့ မည်သည့်အကြောင်း ပြောနေသည်ကို သိချင်လာမိသည်။

‘သူတို့နှစ်ယောက်က မယုံချင်စရာ ပြုံးနေကြတာပဲ’

ထိုအချိန်မှာပင် စစ်သေနာပတိဟူက လူကိုယ်တိုင် အမြန်ရောက်လာသည်။

"လူကြီးမင်းရွှယ်" စစ်သေနာပတိဟူက လေးစားစွာဖြင့် ပြောသည်။

ရွှယ်အန်းအနည်းငယ် ခေါင်းညိတ်လိုက်သည်။

အန်းချင်က တစ်ဖက်တွင်တီးတိုး ရေရွတ်လိုက်၏။

‘ဒါက ခုဏတုန်းက ငါ့အစ်မရှေ့မှာ တစ်ချိန်လုံးပြုံးရယ်နေတဲ့လူပဲလား’

‘အပြောင်းအလဲက အရမ်းကြီးလွန်းတယ်’

"မီးဖီးနစ်နဲ့ ဆရာ့ရဲ့အကူအညီအတွက် ဆရာ့ကိုကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် သျန်ကျိုးမြို့သားတွေက အန္တရာယ်ကြီးကြီးမားမား ဖြစ်သွားနိုင်တယ်။ ကျုပ် ရိုးရိုးရှင်းရှင်း ပွဲတော်တစ်ပွဲပြင်ထားပါတယ်။ ကျေးဇူးပြုပြီး ကျုပ်တို့ကျေးဇူးတင်တာလေးခံပေးပါဦး”

စစ်သေနာပတိဟူသည် ယခုအချိန်တွင် မီးဖီးနစ်အဖွဲ့နှင့် အပြိုင်အဆိုင်စိတ်ဓာတ်မျိုး မကျန်တော့ဘဲ လုံးလုံးလျားလျား ခယနေပြီဖြစ်သည်။

အထူးသဖြင့် ရွှယ်အန်းနှင့် ပတ်သက်၍ ယခု သူသည် အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုမှတပါး အခြား မည်သည့်အရာကိုမျှ မခံစားရတော့ပေ။ သူက အင်းဆက်မျိုးနွယ်စု၏ ခွန်အားနှင့် ရက်စက်မှုကို ကိုယ်တိုင်တွေ့မြင်ဖူးသည်။ သို့သော် ရွှယ်အန်းရောက်လာပြီး နှစ်ရက်တိုအတွင်း၌ အင်းဆက်မျိုးနွယ်စု၏ ခံထပ်ကို ဖြိုချပစ်နိုင်ခဲ့လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ဆိုလိုသည်မှာ ရွှယ်အန်း၏ အင်အားက ကောလဟာလများထက်ပင် နားမလည်နိုင်ဖွယ်ကောင်းလွန်းလှနေခြင်းဖြစ်သည်။

လူများက ဤသို့ပင်ဖြစ်သည်။

ခွန်အားများ တန်းတူညီတူရှိနေသောအခါတွင် မနာလိုစိတ်နှင့် အခြားအတွေးများ အလွယ်ဆုံး ပေါ်ပေါက်လာတတ်သည်။ သို့သော် အင်အားကွာဟချက်က အလွန်ကြီးနေလျှင်မူ သင်ခံစားနိုင်သမျှမှာ လေးစားမှုသာဖြစ်ပေလိမ့်မည်။ ရွှယ်အန်းက သွေးချီလင်အဖွဲ့ဝင်များနှင့် တက်ကြွစွာ စကားပြောဆိုနေသည့် မီးဖီးနစ်အဖွဲ့ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုမှတော့ ခင်ဗျားရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျုပ် ခဏနေပါဦးမယ်"

အခမ်းအနားက စစ်သေနာပတိဟူပြောသကဲ့သို့ ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ အလွန်ခမ်းနားလွန်းနေသည်။ တစ်ချိန်တည်း၌ပင် သျန်ကျိုး၏ အထက်တန်းလွှာများအားလုံးနီးပါးရောက်ရှိနေကြသည်။ ဤလူများက ဟွာရှားတွင် ထိပ်တန်းအင်အားစုအဖြစ်သတ်မှတ်ခံထားရသော မီးဖီးနစ်က မည်ကဲ့သို့ဖြစ်သည်ကို ၎င်းတို့ကိုယ်တိုင်မြင်ချင်ကြသည်။ ၎င်းတို့ကို လက်ဝှေ့ယမ်းလိုက်ရုံဖြင့် တိမ်များမှ မိုးခေါ်ဆောင်နိုင်သော ရွှယ်အန်းကို မျက်မြင်ကိုယ်တွေ့မြင်ချင်ကြသည်။

သို့သော် အများအပြားက စိတ်ပျက်ခဲ့ရ၏။ ရွှယ်အန်းနှင့် စစ်သေနာပတိဟူတို့က ပင်မခန်းမတွင် မရှိနေဘဲ သီးခြား ဗွီအိုင်ပီ ခန်းမတစ်ခုတွင်ခမ်းနားသော ပွဲတော်တစ်ခု ကျင်းနေသောကြောင့်ပင်ဖြစ်သည်။ စစ်သေနာပတိဟူက ကလေးများ၏ အကြိုက်ဆုံး အစားအစာနှင့် အရုပ်များကို ပြင်ဆင်ရန် သူ၏ဝန်ထမ်းများကို ခိုင်းထားသဖြင့် ကောင်မလေးနှစ်ယောက်က အနားတွင် ပျော်ရွှင်စွာဆော့ကစားနေကြသည်။

အန်းယန်နှင့် အန်းချင်တို့ ညီအစ်မနှစ်ယောက်က ၎င်းတို့နှင့်အတူ ပျော်ရွှင်စွာ ကစားနေသည်။ ဤသည်ကိုမြင်သောအခါ စစ်သေနာပတိဟူက ပြောလိုက်သည်။

"လူကြီးမင်းရွှယ်က အရမ်းကံကောင်းတယ်"

ရွှယ်အန်းက မည်သည့်စကားမျှမပြောဘဲ အနည်းငယ် ပြုံးလိုက်သည်။

"ဒီတစ်ခွက်က သျန်ကျိုးက သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ကိုယ်စားကျေးဇူးတင်တဲ့အတွက်" စစ်သေနာပတိဟူက လေးနက်စွာ ပြောလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီး ခွက်ကို တစ်ချက်တည်းဖြင့် မော့ချလိုက်ကာ ဘာသိဘာသာပြောလိုက်သည်။

“စစ်သေနာပတိဟူ၏ ဧည့်ဝတ်ကျေပွန်မှုက လွန်ကဲနေပါပြီ။ ဒါပေမယ့် … ခင်ဗျားမှာ အကူအညီတောင်းစရာများရှိလို့လား”

“တကယ့်ကို ဆရာက ဉာဏ်ပညာရှိပါတယ် ဆရာ။ ဟုတ်ပါတယ် အကူအညီတောင်းစရာလေးရှိလို့ပါ”

ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“သွေးချီလင်အကြောင်းလား"

စစ်သေနာပတိဟူ၏မျက်နှာတွင် ရှက်ရွံ့မှုအရိပ်အမြွက်ပေါ်လာသည်။

“ဟုတ်ကဲ့”

ထိုအချိန်တွင် ကျန်းချူက ခေါင်းငုံ့ကာ တိတ်ဆိတ်နေ၏။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဗိုလ်မှူးဟူ၊ ခင်ဗျားပြောချင်တာကို ကျုပ်သိပါတယ်၊ ဒါပေမယ့် ကျုပ်က မီးဖီးနစ်အဖွဲ့ကို ဝင်ပါပြီးသွားပြီဆိုတော့ သွေးချီလင်ကိစ္စတွေနဲ့ ပတ်သက်လို့မရတော့ဘူး။ တကယ်တော့လည်း ခေါင်းဆောင်ကျန်းက သူတို့ကို ဂရုစိုက်ပေးနေပါပြီ”

All Chapters