အခန်း (၄၆၆-၄၆၈)
Vol. 32 Ch. 466-468
အခန်း(၄၆၆)မကြုံစဖူး ကြီးမားသောပြောင်းလဲမှုများ
ကျန်းချူ၏ ခန္ဓာကိုယ်က ရွှယ်အန်းပြောလာမည်ကို မမျှော်လင့်ထားသကဲ့သို့ တုန်လှုပ်သွားကာ မော့ကြည့်လိုက်သည်။
"လူကြီးမင်း ရွှယ်…."
ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်၏။
"မင်းဘာပြောချင်တာလဲဆိုတာ ငါသိပါတယ်၊ တကယ်တော့ ကောင်းကင်ဘုံသခင်စံအိမ်ရဲ့ ရှေးရိုးစွဲနည်းလမ်းတွေက တော်တော်ကောင်းတာပဲ၊ ငါက ဝင်စွက်ဖက်ဖို့ မလိုပါဘူး၊ အချိန်တစ်ခုပေးလိုက်ရင် မင်းဟာ သင့်တော်တဲ့တပ်ကို သေချာလေ့ကျင့်နိုင်မယ်လို့ ငါထင်ပါတယ်"
ကျန်းချူ၏ အံ့အားသင့်နေသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အကြည့်က တဖြည်းဖြည်း ပေါ်လာသည်။
ဤကာလတွင် သူ ပျောက်ဆုံးသွားသည့်အလား ခံစားခဲ့ရသည်။
သွေးချီလင်အဖွဲ့က အလွန်အမင်း အသေအပျောက်များပြားခဲ့ကာ တာအိုကျင့်ကြံသူစံအိမ်ကြီး၏ စစ်သည်တော်များအားလုံး လုံးဝကျရှုံးသွားခဲ့ရသည်။ ဤသည်က ကျန်းချူကို မိမိကိုယ်မိမိ သံသယဝင်လာစေသည်။
‘သူတကယ် အင်အားကြီးတဲ့တပ်တွေ ဖွဲ့နိုင်ပါ့မလား’
ထို့ကြောင့် စစ်သေနာပတိဟူက ရွှယ်အန်း၏အကူအညီကိုတောင်းလိုကြောင်း လိမ္မာပါးနပ်စွာဖြင့် အကြံပြုလိုက်သောအခါတွင် သူက ချက်ချင်းခေါင်းညိတ်ကာ သဘောတူလိုက်ခြင်းဖြစ်သည်။ ယခု ရွှယ်အန်းပြောခဲ့သည့်စကားအရ ကောင်းကင်ဘုံသခင်စံအိမ်၏ ရှေးဟောင်းသိုင်းပညာများကို အသိအမှတ်ပြုခဲ့သည်မှာသိသာသည်။
မှန်သည်။ ထို့ကြောင့် ဤသည်က စိတ်ရှုပ်နေသည့် ကျန်းချူကို သဘာဝအတိုင်း စိတ်လှုပ်ရှားစေသည်။
"လူကြီးမင်း ရွှယ် ကျေးဇူးတင်ပါတယ်၊ ကောင်းကင်ဘုံသခင်စံအိမ်က မဆိုးဘူးဆိုတာကိုလည်း ကျွန်တော်သိပါတယ်၊ ကျွန်တော်က အတွေ့အကြုံနည်းလွန်းပြီး သင်ယူမှုနည်းတဲ့အတွက်၊ ခင်ဗျားအကူအညီမပါရင် သခင်ရဲ့ဓားကိုတောင် အဆင့်မြှင့်နိုင်ခဲ့မှာမဟုတ်ပါဘူး" ကျန်းချူက အနည်းငယ်ရှက်ရွံ့နေသော မျက်နှာဖြင့်ပြောလိုက်သည်။
ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်၏
"မင်းရဲ့သွေးချီလင်က တာအိုစံအိမ်ရဲ့ စစ်သည်တော်တွေရဲ့ သိုင်းပညာကို သုံးနေတာလား"
“ဟုတ်”
"ဒါပေမယ့် ငါ့အမြင်မှာတော့ ဒါက နည်းနည်း ချိနဲ့တဲ့ဗားရှင်းတစ်ခုလိုပါပဲ"
ကျန်းချူ၏အမူအရာက မှောင်မိုက်သွား၏။
“တာအို ကျင့်ကြံသူစံစအိမ်ရဲ့ စစ်မှန်တဲ့ စစ်သည်တော်တွေက အဲ့တုန်းက ဖရိုဖရဲဖြစ်နေကြတုန်းအချိန် စုန်မင်းဆက်အဆုံးသတ်မှာ ပျောက်ဆုံးသွားခဲ့ကြပါပြီ”
ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်လိုက်သည်။
"ငါ မကူညီနိုင်ပေမယ့် တာအိုစံအိမ်ရဲ့ တကယ့်စစ်သားတွေရဲ့ နည်းပညာကို ပြီးမြောက်အောင် ကူညီပေးနိုင်ပါတယ်”
ထိုစကားကိုကြားသောအခါ ကျန်းချူက ရုတ်တရက်ထရပ်ကာ ထိုင်နေရာမှထ၍ မြေပေါ်ဒူးထောက်လိုက်သည်။
"သခင်၊ ကျွန်တော့် ကောင်းကင်ဘုံသခင်စံအိမ်က ကာလကြာရှည် ပျောက်ဆုံးနေတဲ့ တာအိုကျင့်ကြံသူစံအိမ်ရဲ့ စစ်မှန်တဲ့ စစ်သားတွေရဲ့ သိုင်းပညာကို တကယ် ပြီးမြောက်အောင် ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော် ကျန်းချူက သခင့်အတွက် မြင်းတွေကို ဦးဆောင်ပြီး ရန်သူတွေကို နင်းခိုင်းဖို့ ဆန္ဒရှိနေပါတယ်"
ကျန်းချူက စိတ်လှုပ်ရှားလွန်းလှသဖြင့် မည်သို့ပြန်ပြောရမည်ကို မသိတော့ပေ။
ရွှယ်အန်းက ခေါင်းယမ်းလိုက်သည်။
"အဲ့လောက် မလိုပါဘူး၊ ဒီကမ္ဘာကြီးဟာ ပိုပိုပြီး ဖရိုဖရဲဖြစ်နေပြီ၊ မီးဖီးနစ်တစ်ဖွဲ့တည်းက အဲ့တာအားလုံးကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး၊ ဟွာရှား ရဲ့ အနောက်တောင်ပိုင်းကို ကာကွယ်ဖို့ ငါတို့ မင်းရဲ့ သွေးချီလင်အဖွဲ့ကိုလိုနေသေးတယ်"
ဤသည်ကိုကြားသောအခါ စစ်သေနာပတိဟူက ထိတ်လန့်သွားသည်။
“သခင်ပြောတာ….”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"နောင်မှာ ဒီလိုအဖြစ်မျိုးတွေ ပိုများလာလိမ့်မယ်"
"အဲ့တာ…ဘာဖြစ်လို့လဲ" စစ်သေနာပတိဟူက မေးသည်။
ရွှယ်အန်းက အရက်ကို တစ်ခွက်သောက်လိုက်၏။
"ကျုပ်လည်း အံသြမိပါတယ်၊ ကောင်းကင်နဲ့မြေကြီးကြားက ဝိညာဉ်စွမ်းအင်တွေ တဖြည်းဖြည်းတိုးလာတယ်၊ ထူးထူးခြားခြား သတ္တဝါတွေလည်း ပေါ်လာတယ်၊ တစ်ခုခုပျက်စီးသွားသလိုပဲ"
ဝိညာဉ်စွမ်းအင်များ ပြန်လည်ရှင်သန်လာခြင်းကြောင့် ထိုကဲ့သို့သော အဖြစ်အပျက်များဖြစ်ခြင်းက မျိုးစုံသောနယ်ပယ်များတွင် အထူးအဆန်းမဟုတ်ပေ။ သို့သော် ရွှယ်အန်းက ဤထက်မကရှိနေသည်ဟု အမြဲခံစားရသည်။
အလင်းဘုရားသခင်နှင့် သွေးဘိုးဘေးများ၏ ယခင်က ထွက်ပေါ်လာမှုများကလည်း သူ၏သံသယများကို အတည်ပြုခဲ့သည်။ ဤနယ်မြေက လုံးဝမရိုးရှင်းပေ။ မဟုတ်လျှင် ၎င်းသည် အနန္တစကြဝဠာ၏ နတ်ဘုရားများနှင့် နတ်ဆိုးများ၏ လိုချင်တပ်မက်မှုကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
ဤသည်ကိုတွေးကာ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်၌ အပြုံးအငွေ့အသက်များ ပေါ်လာသည်။
‘အရာအားလုံးက…. ပိုစိတ်ဝင်စားဖို့ကောင်းလာပြီ’
သို့သော် ရွှယ်အန်း၏စကားကြောင့် စစ်သေနာပတိဟူနှင့် ကျန်းချူနှစ်ဦးစလုံး၏ နှလုံးသားများ တုန်လှုပ်သွားပြီးနောက် ထိတ်လန့်သွားကြသည်။ ရွှယ်အန်း၏စကားအတိုင်း
ကမ္ဘာကြီးက ဖြစ်လာပါက မကြုံစဖူး ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မည်။
ဤသည်ကိုတွေး၍ အကြီးအကဲဟူကလည်း ထိုင်ခုံမှ မတ်တပ်မထဘဲ ခါးကိုကွေးပြီး ဦးညွတ်လိုက်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ ခွက်ထဲမှ ဝိုင်ကို ပြီးအောင် သောက်လိုက်သည်။
"လာခဲ့"
ကျန်းချူက လေးစားစွာ ချဉ်းကပ်လိုက်သည်။ ရွှယ်အန်းက သူ့ နဖူးပေါ် ညင်သာစွာဖြင့် လက်ဖြင့် ဖိထားလိုက်၏။ ကျန်းချူ၏ ခန္ဓာကိုယ်က တုန်ခါသွားကာ သူ့စိတ်ထဲတွင်မှတ်ဉာဏ်များစွာကို ခံစားလိုက်ရသည်။ ရွှယ်အန်းမှ ပေးအပ်ခဲ့သည့် တာအိုကျင့်ကြံသူစံအိမ်၏ စစ်မှန်သော စစ်သည်တော်များ၏ နည်းစနစ်များက ပြီးပြည့်စုံနေရုံမျှမက အစွမ်းထက်သော ဖွဲ့စည်းမှုပုံစံများလည်းပါဝင်နေသောကြောင့် ကျန်းချူက ဤဖွဲ့စည်းပုံများကို ခေတ္တမျှသာ ခံစားခဲ့ရသော်လည်း ၎င်းတို့တွင်ရှိသော ကြီးမားသော စွမ်းအားကို သူခံစားနိုင်သေးသည်။
"ကျေးဇူးတင်ပါတယ် ဆရာ အနာဂတ်မှာ တစ်ခုခုလိုအပ်ရင် ကျုပ် ကျန်းချူက မီးနဲ့ရေကိုဖြတ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး" ကျန်းချူက လေးနက်စွာပြောသည်။
ရွှယ်အန်းက ရယ်ရုံသာ ရယ်လိုက်သည်။
ပွဲက လူစုခွဲလိုက်ကြသည်။ ရွှယ်အန်းက သျန်ကျိုးတွင် တစ်ညထပ်နေခဲ့သည်။ နောက်တစ်နေ့၌ သူက မီးဖီးနစ်စခန်းသို့ ရောက်လာကာ တန်းလျားထဲသို့ လျှောက်သွားလိုက်သည်။ ချန်ဟောက်နှင့် အခြားသူများက ချက်ချင်းထရပ်ကာ သူ့ကို နှုတ်ဆက်ကြသည်။
“ဆရာ”
ရွှယ်အန်းက ခေါင်းညိတ်ပြပြီးနောက် ရောက်ရှိလာသူအားလုံးကို လှည့်ကြည့်လိုက်သည်။ မည်သူကမျှ စကားတစ်ခွန်းမျှမပြောဘဲ ရွှယ်အန်းကို သဘောကျသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ အခန်းကို ခေတ္တမျှ စူးစမ်းကြည့်ပြီးနောက် ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။
“မဆိုးပါဘူး”
ချန်ဟောက်နှင့် ကျန်သူများက သက်ပြင်းချလိုက်ကြသည်။ ဤလွန်ခဲ့သော ရက်များအတွင်းတွင် ၎င်းတို့ ဘယ်သောအခါမှ လက်မလျှော့ခဲ့ကြပေ။ နေ့စဥ်နေ့တိုင်း ၎င်းတို့၏ ကျင့်ကြံရေးအဆင့်များကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို တွေးနေခဲ့ကြကာ ယခုတွင် ရွှယ်အန်းထံမှ ချီးမွမ်းစကားတစ်ခွန်းကို ကြားလိုက်ရ၏။ ရွှယ်အန်းက ကျိုးသာ့နျို့ကို လက်ဟန်ပြလိုက်သည်။
ကျိုးသာ့နျိုက ရှေ့သို့ ခြေလှမ်းကြဲကြီးများလှမ်း၍ အော်ခေါ်လိုက်၏။
“နည်းပြ”
ရွှယ်အန်းက သူ့လက်မောင်းကို လှမ်းညှစ်လိုက်ပြီးနောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ မီးဖီးနစ်အဖွဲ့ဝင်များအနက် ကျင့်ကြံရေးအဆင့်တွင် အတိုးတက်ဆုံးမှာ ကျိုးသာ့နျိုဖြစ်သည်။ ရွှယ်အန်းက ပေးခဲ့သည့် ဖျက်ဆီး၍မရနိုင်သော ဝိဇ္ဇာကျင့်စဥ်ကို အလွန်မြင့်မားသောအဆင့်အထိရောက်အောင် လေ့ကျင့်ခဲ့သည်။
"ဒဏ်ရာရထားတာလား" ရွှယ်အန်းက မေးသည်။
"နည်းပြကို တင်ပြပါတယ်… ဒီပိုးဖလံကောင်ကြီးကြောင့် ဒဏ်ရာရသွားပေမယ့် အခု ကျွန်တော် အပြည့်အဝ သက်သာလာပြီ" ကျိုးသာ့နျိုက နုံအသောအသံဖြင့် ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်၍ ရုတ်တရက် သူ့ရင်ဘတ်သို့ လက်သီးတစ်ချက်ထိုးလိုက်သည်။
တစ်နေရာလုံး အနည်းငယ် တုန်လှုပ်သွားသည်။
သို့သော် ချန်ဟောက်နှင့် အခြားသူများမျက်နှာများထက်တွင် မနာလိုမှုများဖြတ်ပြေးသွားသည်။
၎င်းတို့က ရွှယ်အန်းက ကျိုးသာ့နျိုကို ဒဏ်ရာရစေမည်မဟုတ်ကြောင်း သေချာပေါက်သိထားသော်လည်း ဤသည်က သူ၏ ခန္ဓာကိုယ်ကို ကုသရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှသည်။
သေချာစွာဖြင့် ကျိုးသာ့နျိုက နည်းပြထံတွင် အထိုးခံခဲ့ရပြီးနောက် ရင်ဘတ်မှ စူးရှသော နာကျင်ကိုက်ခဲမှုက လုံးဝပျောက်ကွယ်သွားကာ အလွန်သက်သာရာရသွားသည်ကို ခံစားခဲ့ရသည်။ ကျိုးသာ့နျိုက ဤအခိုက်အတန့်ကို ကြည်နူးနေချိန်၌ ရွှယ်အန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“မင်းရဲ့ မဖျက်ဆီးနိုင်တဲ့ ဝိဇ္ဇာကျင့်စဥ်ကို ခွန်အားရှိသလောက်သုံးကြည့်ပါ”
ထိုစကားကိုကြားသောအခါ ကျိုးသာ့နျိုက စတင်၍ ဝိဇ္ဇာကျင့်စဥ်ကို အသက်သွင်းလိုက်ရာ ရွှေရောင်ကိုယ်ခန္ဓာရှိသော ရဟန္တာတစ်ပါးကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများဖြာထွက်လာသည်။ ချန်ဟောက်နှင့် ကျိုယိတို့က တအံ့တအသြဖြင့် အော်လိုက်မိကြသည်။ ကျိုးသာ့နျိုသည် မီးဖီးနစ်အဖွဲ့ထဲ၌ အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ရန် ထိုက်တန်သည်။ သူ၏ ကျင့်ကြံရေးအဆင့်တစ်ခုတည်းဖြင့် ဂုဏ်ယူရန် လုံလောက်သည်။
ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်၏။
“တကယ်ကို မဆိုးဘူး… လက်သီးကို ခံကြည့်”
ထိုစကားကိုပြောပြီးသည်နှင့် သူက လက်သီးတစ်ချက် ရုတ်တရက် ထိုးလိုက်သည်။ ဤလက်သီးက ကျိုးသာ့နျိုကို ယခင်က ကုသပေးရန် ထိုးခဲ့သော လက်သီးကဲ့သို့ မပျော့ညံ့ပေ။ မယုံနိင်လောက်အောင် ပြင်းထန်သော စွမ်းအားတစ်ခုပါလာသည့် အငွေ့အသက်မျိုးပင်ရှိနေသည်။
ကျိုးသာ့နျို၏ မျက်စံများက လျင်မြန်စွာကျုံ့သွားကာ ရွှယ်အန်း၏ လက်သီးချက်က သူ့ဆီသို့ တိုက်ရိုက်ပြိုကျလာသော တောင်ကြီးတစ်လုံးအလား ခံစားရစေသည်။
သို့သော် ရွှယ်အန်းက သူ့ကို ခွန်အားအပြည့်သုံးရန် ပြောလာသောကြောင့် ကျိုသာ့နျိုက ဖျက်ဆီး၍မရနိုင်သော ဝိဇ္ဇာကျင့်စဥ်ကို ပြင်းပြင်းထန်ထန် အသက်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ ပိုမိုတောက်ပလာခဲ့သည်။
ထိုအချိန်တွင် ရွှယ်အန်း၏ လက်သီးများ ရောက်လာသည်။
ဘမ်း
ထိုလက်သီးချက်ကြောင့် ထွက်ပေါ်လာသော လေထုက နံရံများကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။ ကျိုးသာ့နျို့၏ ရွှေရောင်အလင်းတန်းများက အကြိမ်အနည်းငယ် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။
“သာ့နျို” ကျိုးယိက စိုးရိမ်တကြီးအော်လိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းက လက်သီးကို ရုတ်သိမ်းလျက် နောက်ကျောတွင် လက်နှစ်ဖက်ယှက်ကာ ရပ်နေလိုက်သည်။
“ဖျက်ဆီးမရနိုင်တဲ့ ဝိဇ္ဇာက အရင် မဖျက်ဆီးဘဲ အဆင့်မတက်နိုင်ဘူး။ အခု မင်းရဲ့ ရွှေရောင်အလင်းကို ငါ ဖြိုခွဲပစ်လိုက်ပြီဆိုတော့ မင်းကို နောက်တစ်ဆင့် မြန်မြန်ရောက်အောင် ကူညီပေးနိုင်တယ်”
ရွှယ်အန်း၏ ပြောစကားကိုကြားသောအခါမှသာ လူတိုင်းက အခြေအနေကို နားလည်ကြ၍ ကျိုးသာ့နျိုကို မနာလိုစိတ်ဖြင့်ကြည့်လိုက်ကြသည်။ ကျိုးသာ့နျိုက နုံအစွာပြုံးလိုက်သည်။
“နည်းပြ ကျွန်တော်က ဆရာ ကျွန်တော့်ကို အဲ့လက်သီးနဲ့ သတ်လိုက်တော့မယ်လို့ ထင်လိုက်တာ။ ကျွန်တော်များ အမှား တစ်ခုခုလုပ်မိလားဆိုပြီး အရမ်းကြောက်သွားတာကို”
ကျိုးသာ့နျို၏ စကားကိုကြားသောအခါ အားလုံးက သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်ကြသည်။
ရွှယ်အန်းက ပေါ့ပါးစွာ ရယ်မော၍ ခေါင်းခါလိုက်ကာ အားလုံးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“မင်းတို့ရဲ့ ကျင့်ကြံရေးအဆင့်က အဆင့်တက်ဖို့ သိပ်မလုံလောက်သေးဘူး။ နောက်ပြီး ငါမင်းတို့ကို ရက်နည်းနည်းလောက် အထူးလေ့ကျင့်ရေးဆင်းပေးမယ်”
တစ်နေရာလုံးက မိုးခြိမ်းလိုက်သည့်အလား ပေါက်ကွဲသွားကာ ချန်ဟောက်က အလွန်အမင်းစိတ်လှုပ်ရှားစွာမေးလိုက်သည်။
“နည်းပြ ကျွန်တော်တို့ကို ဘယ်မှာ အထူးလေ့ကျင့်ပေးမှာလဲ”
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“အထူးလေ့ကျင့်ရေးနေရာက… ခွန်းလွန်ပဲ”
အခန်း(၄၆၇) ချင်မု၏ လက်ရှိ အခြေအနေ
ခွန်းလွန်လျှို့ဝှက်နယ်မြေ။
ချင်မုမြို့။
ချင်မုမြို့သည် တစ်ချိန်က ရွာငယ်လေးအဖြစ်မှ အရွယ်အစားကြီးမားသော မြို့တစ်မြို့အဖြစ်သို့ ပြောင်းလဲလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သာမန်အားဖြင့် ခွန်းလွန်၏ အဘက်ဘက်မှ ကားတန်းများသည် ဤနေရာသို့ နေ့စဉ် ဖြတ်သန်းသွားလာကြသည်။ သို့သော်လည်း ပြီးခဲ့သောလမှစတင်၍ လူစီးယာဉ်အရေအတွက် သိသိသာသာ ကျဆင်းလာခဲ့ကာ ယခုအခါ ထိုနေရာ၌ လူတစ်ဦးတစ်ယောက်မျှ မမြင်ရတော့ဘဲ လူသားဟူ၍ လုံးလုံးလျားလျားကင်းမဲ့သွားပြီဖြစ်သည်။
ပျံ့ချင်မုက ကျီကျိုးမြို့မှ အမိန့်စာကို ကိုင်ဆောင်လျက် ကောင်စီခန်းမတွင်ထိုင်နေကာ သူမ၏
အမူအရာကအလွန်ဆိုးရွားလျက်ရှိသည်။
ပျံ့ဟွာက သည်းမခံနိုင်တော့ဘဲ မတ်တပ်ရပ်၍ ပြောလိုက်သည်။
“ညီမချင်မု ကျီကျိုးမြို့ရဲ့ မြို့သခင်အသစ်က အရမ်းမောက်မာလွန်းတယ်။ တကယ်ကိုပဲ ငါတို့ ချင်မုမြို့ရဲ့ အခွန်တွေကို အပြည့်ပြန်ပေးခိုင်းနေတာ။ ဒါပေမယ့် သူရာထူးမတက်ခင်က အဲ့ချီးအခွန်တွေ တစ်ခုမှ မရှိဘူး။ ဒါက မျက်နှာပြောင်တိုက်ပြီး ငွေညှစ်နေတာပဲ”
ပျံ့ချင်မုက တိတ်ဆိတ်နေ၏။
“ဟုတ်တယ် မမချင်မု ဒီလူတွေက တကယ်ကို လွန်သွားပြီ။ အင်မော်တယ်သခင် ရွှယ်အန်းပြန်လာပြီး သူတို့နဲ့ စာရင်းရှင်းမှာ မကြောက်ဘူးလားမသိဘူး” ထက်မြက်သော
"ဟုတ်တယ်၊ ညီမ Qingmu၊ ဒီလူတွေက တကယ်ကို ဝေးလွန်းနေတယ်၊ မသေနိုင်တဲ့ ဆရာ ရွှယ်အန်းပြန်လာပြီး သူတို့နဲ့ အမှတ်ပေးမှာကို မကြောက်ဘူးလား" ထက်မြက်သော မိန်းမပျိုလေးဖြစ်လာသည့် ပျံ့ထျန်ကလည်း ဒေါသတကြီးပြောရုံမှတပါး မတတ်နိုင်တော့ပေ။
ပျံ့ချင်မု သူမစကားကြောင့် ခါးသက်စွာပြုံးလိုက်သည်။
‘သူတို့သာ တကယ်ကြောက်ရင် ငါတို့ကို ဒီလိုအခြေအနေရောက်အောင်လုပ်မှာမဟုတ်ဘူး’
တွက်ချက်ကြည့်သောအခါတွင် ခွန်းလွန်မှ ရွှယ်အန်းထွက်သွားခဲ့သည်မှာ နှစ်နှစ်ကျော်ကြာပြီဖြစ်သည်။
အစပိုင်းတွင် အရာအားလုံးသည် ပုံမှန်အတိုင်းသာဖြစ်ကာ ချင်မုမြို့ ကြီးပွားတိုးတက်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်လမှစတင်၍ အရာအားလုံးပြောင်းလဲသွားခဲ့သည်။ ပထမပိုင်းတွင် ကားတန်းများ ဝင်မလာတော့ပေ။ ထို့နောက် အခွန်ပေးဆောင်ရန် တောင်းဆိုမှုများ ဖြစ်ပေါ်လာသည်။
သို့သော် ပျံ့ချင်မုက ဤအရာများအားလုံးက ပြဿနာ၏ အပေါ်ယံများသာဖြစ်ကြောင်းသိသည်။ ဤသည်ကိုတွေး၍ ပျံ့ချင်မုက ခွန်းလွန်တွင်ရှိသော ကျူးရူယန်ဆီမှ လွန်ခဲ့သည့်ရက်အနည်းငယ်က သူမရရှိခဲ့သည့်စာကို ပြန်သတိရမိသည်။
ထိုစာတွင်ဖော်ပြထားသောအခြေအနေသည် ပျံ့ချင်မုကို အလေးအနက် စိုးရိမ်စေခဲ့သည်။ အသစ်ထွက်ပေါ်လာသော အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် မီးဘုရင်ဘုရားကျောင်းနှင့် လေပြင်းမျှော်စင်တို့သည် ခွန်းလွန်ကို သိမ်းပိုက်ကာ ရွှယ်အန်းပေါ်လာလျှင် ထိုသူကို ချေမှုန်းပစ်မည်ဟု ထပ်ခါတလဲလဲ ကြေညာခဲ့သည်။ ၎င်းသည် ချင်မုမြို့၏ လက်ရှိအခြေအနေ၏ စစ်မှန်သော အမြစ်ပင်ဖြစ်သည်။
ဤအင်အားစုနှစ်ရပ်၏ ကျောထောက်နောက်ခံမရှိဘဲ ကျီကျိုးမြို့သခင်က မည်ကဲ့သို့ ဤမျှ မိုက်မဲစွာ ပြုမူရဲမည်နည်း။
“အင်းပါ မပြောကြနဲ့တော့ နင်တို့နှစ်ယောက် မြို့တံခါးတွေပိတ်ထားကြ။ ငါ ဒီကိစ္စတွေကို ကိုင်တွယ်လိုက်မယ်”
ပျံ့ဟွာနှင့် ပျံ့ထျန်တို့က အကြည့်ချင်းဖလှယ်ကာ စကားပြောရန် ချီတုံချတုံဖြစ်နေသော်လည်း နောက်ဆုံးတွင် ခေါင်းငုံ့လိုက်သည်။
“ဟုတ်ကဲ့”
မောင်နှမနှစ်ယောက်က ကောင်စီခန်းမမှ ထွက်ခွာကာ မြို့တံခါးဆီသို့ ဦးတည်သွားကြသည်။ လမ်းတစ်လျှောက်တွင် ဆိုင်ခန်းများအားလုံးနီးပါး မဖွင့်သေးသည်ကို တွေ့ရကာ တစ်ချိန်က လူစည်ကားခဲ့သည့် လမ်းများက ယခုတွင် ဆိတ်ညံ၍တိတ်ဆိတ်နေသည်။
“ဒီ စည်းစိမ်မက်တဲ့ကောင်တွေက ညီမလေးတို့ အမြတ်အစွန်းတွေကို မြင်တော့ အားလုံး ဒီနေရာကို စုပြုံလာခဲ့ကြပေမယ့် အခု ပြဿနာလေမြင်ရတာနဲ့ ယုန်တွေထက် ပိုမြန်မြန်ပြေးကြတာပဲ” ပျံ့ထျန်က စိတ်မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။
ပျံ့ဟွာက ခေါင်းကို ခါယမ်းလိုက်ကာ သက်ပြင်းခပ်တိုးတိုးချလိုက်သည်။
“လုံလောက်ပြီ။ ဒီကုန်သည်တွေက ဒီလိုပဲ။ သူတို့ကို ဒေါသထွက်နေဖို့ မထိုက်တန်ဘူး။ အခု
အဓိကအချက်က ဒီအခက်အခဲကို ညီမချင်မု ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို အဖြေရှာဖို့ပဲ"
“ဒါပေမယ့် ညီမလေးတို့ ဘယ်လိုကူညီနိုင်မလဲ။ ကျီကျိုးမြို့သခင်က မဖြစ်နိုင်တဲ့ ပမာဏကို တောင်းနေတယ်၊ သူက ညီမလေးတို့ကို သေစေချင်နေတာပဲ" ပျံ့ထျန်က စိတ်ပျက်အားငယ်စွာပြောသည်။
ပျံ့ဟွာသည် သူ့ညီမ၏ ပြောစကားမှန်ကြောင်း သိသဖြင့် ခဏတာမျှ တိတ်ဆိတ်နေကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
"အင်မော်တယ်သခင် ရွှယ်အန်းသာ ပြန်လာခဲ့ရင်…"
"ဟုတ်တယ် အင်မော်တယ်သခင် ရွှယ်အန်းကသာ ဒီယုတ်မာတဲ့ကောင်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ" ပျံ့ထျန် ခါးသက်စွာပြုံး၍ ပြောသည်။
ထိုအချိန်တွင် မောင်နှမနှစ်ယောက်က မြို့တံခါးဝသို့ ရောက်လာကြပြီဖြစ်သည်။ ဘေးနံရံများတွင် မှီနေသော အစောင့်များက အတင်းအဖျင်းပြော၍ လမ်းလျှောက်လာသော မောင်နှမနှစ်ယောက်ကို မြင်သည့်တိုင် မတ်တပ်ရပ်လိုသည့် အရိပ်အယောင်မပြခဲ့ပေ။
ပျံ့ထျန်က အလျင်အမြန် လျှောက်လာကာ ထိုအစောင့်များကို သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်သည်။
“အချိန်ကျပြီ။ မြို့တံခါးကို အမြန်ပိတ်လိုက်ကြ”
အစောင့်အချို့က ပျံ့ထျန်ကို မော့ကြည့်ရုံသာ ကြည့်၍ ၎င်းတို့၏ ခေါင်းများကို ပြန်ငုံ့၍ ပျင်းရိစွာ စကားဆက်ပြောနေကြသည်။
“ဟေး… ငါ နင့်ကို ပြောနေတာ မကြားဘူးလား" ပျံ့ထျန်က ပို၍ပင် ဒေါသထွက်သွားသည်။
ထိုအချိန်တွင် စစ်သားခေါင်းဆောင် ရှုန်းလောင်စန်းက ခေါင်းကို မော့၍ အေးစက်စွာရယ်မောလိုက်သည်။
“မိန်းကလေး ပျံ့ထျန်၊ ညီကိုတွေက ထမင်းတောင်မစားနိုင်ရင် မြို့တံခါးကို ပိတ်ဖို့ ဘယ်လိုလုပ် ပိတ်ဖို့ ခွန်အားရှိမှာလဲ”
“ရှင်… “ ပျံ့ထျန်က သူ၏ စကားကြောင့် ဆွံ့အသွားသည်။
“ကျုပ်တို့ အရင်လက လစာရရမှာ အခုထိ တစ်ပြားမှကို မမြင်ရသေးဘူး။ မင်းတို့အားလုံးက မြင့်မြတ်တဲ့ ကျင့်ကြံသူတွေပါ။ ကျုပ်တို့က သာမန်လူတွေ၊ ပိုက်ဆံမရှိရင် ထမင်းတစ်နပ်တောင် မဝယ်စားနိုင်ဘူး။ ဒါ့ကြောင့် ကျုပ်တို့ လှုပ်ရှားစရာမလိုဘူး”
ရှုန်းလောင်စန်း၏ စကားများက သူ့လက်အောက်မှ စစ်သားများ၏ ဒေါသကို လှုံ့ဆော်ပေးသည်။
“မှန်တယ်။ ကျုပ်တို့ လစာတွေလိုချင်တယ်”
“ဒါက ဘယ်လိုလုပ်မှန်နိုင်မှာလဲ။ အနောက်မြောက်ရဲ့ အေးစက်တဲ့လေကို ခုခံနိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မင်းတို့အားလုံးက ဇိမ်ခံနေကြတာလေ”
"အတိအကျပဲ"
ပျံ့ထျန်က ဆယ့်လေးနှစ် သို့မဟုတ် ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးမျှသာဖြစ်ကာ ထိုသို့သောကိစ္စများကို တစ်ခါမျှမဖြေရှင်းခဲ့ဖူးပေ။ စစ်သားများ၏ နှုတ်ဖြင့် စော်ကားမှုအောက်တွင် သူမက ရှက်လွန်းလှသဖြင့် နားရွက်များပင် နီရဲလာသည်။
ထိုအချိန်တွင် ပျံ့ဟွာက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လေးနက်စွာပြောလိုက်သည်။
“မင်းကိုယ်မင်း ဘာလုပ်နေတယ်ထင်လဲ။ ရှုန်းလောင်စန်း မင်းက ချင်မုမြို့တိုးတက်နေတုန်းအချိန်မှာ ဒီရာထူးအတွက် မြို့သခင်ကို ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့တယ်လေ။ နောက်ပြီး မင်းတို့ကောင်တွေအားလုံး ဒီနှစ်နှစ်အတွင်းမှာ ပိုက်ဆံနည်းနည်းလောက် အလွဲသုံးစားလုပ်ခဲ့ပြီးပြီမလား”
“အခု လစာမရသေးတာ တစ်လပဲရှိသေးတယ်။ မင်းတို့ကောင်တွေက အဓိပ္ပါယ်မရှိတာတွေပြောနေကြပြီ။ မင်းတို့မှာ အသိစိတ်ဓာတ်မရှိဘူးလား”
ပျံ့ဟွာ၏ မေးမြန်းမှုအောက်တွင် ရှုန်းလောင်စန်း၏မျက်နှာက အပြာမှ အဖြူသို့ပြောင်းသွားကာ နောက်ဆုံးတွင် အံကြိတ်လျက် ဦးထုပ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“မင်းပြောနေတာတွေကို ငါနားမလည်ဘူး။ အလုပ်ပြီးလို့ လစာရမယ်ဆိုတာ သဘာဝကျတယ်ဆိုတာ ငါသိတယ်။ အခု မင်း ငါတို့ကို တစ်လစာမပေးရသေးဘူး။ တစ်ရက်နောက်ကျတာတောင်မှ လက်ခံပေးလို့မရဘူး။ ညီအစ်ကိုတို့ ချင်မုမြို့က ပြီးသွားပြီ။ ကျီကျိုးမြို့သခင်က သူတို့နဲ့ စာရင်းရှင်းချင်နေပြီ။ ငါတို့ အလုပ်ထွက်ကြမယ်”
"ဟုတ်တယ်၊ ငါတို့ ထွက်သွားတော့မယ်။" ရှုန်းလောင်စန်း၏ အော်သံနှင့်အတူ သူ့လက်အောက်ငယ်သားများ အားလုံးက မတ်တပ်ထရပ်လိုက်ကြသည်။ ဤအခြေအနေကို မြင်သောအခါ ပျံ့ဟွာက ဒေါသတကြီးနှင့် ခါးကြားတွင်ထိုးထားသော ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
“မင်းတို့ ပြဿနာရှာဖို့ တစ်ယောက်ယောက်ဆီမှာ သွေးထိုးလှုံ့ဆော်မှုခံထားရတာ သေချာတယ်”
“အိုး ကြည့်စမ်း သူက ဓားတောင်ထုတ်ရဲတယ်။ မင်းအဘိုးရှုန်းက မင်းကို ကြောက်နေပြီလို့ မင်းတကယ်ထင်နေလား။ ညီအစ်ကိုတို့၊ တိုက်ခိုက်ကြ။ တစ်ခုခုဖြစ်ရင် ကျီကျိုးမြို့သခင်က ငါတို့နောက်မှာ ရှိလိမ့်မယ်" ရှုန်းလောင်စန်းက အားပါးတရရယ်မောကာ ပြောလိုက်သည်။
သူ့စကားများက ပျံ့ဟွာ၏ သံသယများကို အတည်ပြုခဲ့သည်။ ဤလူညစ်များသည် ချင်မုမြို့ကို အမှန်ပင် သစ္စာဖောက်ကာ ကျီကျိုးမြို့၏ လက်ပါးစေများဖြစ်လာခဲ့သည်။ ပျံ့ဟွာက ဓားကို ဒေါသတကြီးကိုင်လျက် အကြိမ်ပေါင်းများစွာ လျင်မြန်စွာ ခုတ်ပိုင်းပစ်လိုက်သည်။
သို့သော် သူ၏ ပင်ကိုယ်စွမ်းရည်သည် အလယ်အလတ်ဖြစ်သဖြင့် သူ၏ ဓားချက်များက ရှုန်းလောင်စန်းကို ထိရန်ပင် မနီးစပ်ခဲ့ပေ။
ရှုန်းလောင်စန်းက ခပ်ကြမ်းကြမ်းရယ်လိုက်သည်။
"သားလေး၊ မင်းရဲ့အဘိုးရှုန်းကို အဲ့လောက်ဓားသိုင်းလေးနဲ့ စိန်ခေါ်ရဲလား။ ဒီနေ့ သင်ခန်းစာကောင်းကောင်းပေးမယ်"
ထိုစကားကြောင့် သူ၏လက်များက ရုတ်တရက်ကြီးမားလာကာ ထူထဲသော အနက်ရောင်ရောင်ဝါ ထွက်ပေါ်လာသည်။
“ဝက်ဝံနက်လက်ဝါး”
လက်ဝါးတစ်ချက်တည်းဖြင့် ရှုန်းလောင်စန်းသည် ပျံ့ဟွာ၏ ဓားရှည်ကို အဝေးသို့ ပျံထွက်သွားစေသည်။ ပျံ့ဟွာက ခြေလှမ်းအနည်းငယ် နောက်သို့ ပြန်ဆုတ်၍ ထိတ်လန့်တကြားအော်လိုက်သည်။
“မင်းတကယ် ကျင့်ကြံထားတာလား”
“ဟား မြို့တော်သခင်ရဲ့ စေတနာရဲ့ကျေးဇူးတွေပါပဲ။" ရှုန်းလောင်စန်းက ညစ်ညမ်းသော အပြုံးဖြင့် ပြော၍ ပျံ့ဟွာကို လက်ဖြင့် လှမ်းဖမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ပျံ့ထျန်ကိုလည်း စစ်သားအနည်းငယ်က ဝိုင်းရံထားသည်။
ပျံ့ထျန်၏ သိမ်မွေ့သော အသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် ၎င်းတို့၏ မျက်လုံးများ အားလုံးက တပ်မက်စိတ်များဖြင့် တောက်ပလာကာ မဖွယ်မရာစကားများ စတင်ပြောဆိုလာကြသည်။
“ကျွတ်..ကျွတ် ဒီကောင်မလေးက အရမ်းနူးညံ့တယ်။ မသိရင် သူ့ခန္ဓာကိုယ်ကနေ ရေတွေ ညှစ်ထုတ်နိုင်မယ့်ပုံ”
"ဟဲဟဲ၊ ငါတို့သူ့ကို ဖမ်းမိတာနဲ့ ငါတို့ညီအစ်ကိုတွေ ပျော်ပါးလို့ရပြီ"
"ငါအရင်လုပ်မယ်"
ဤစကားများက ပျံ့ထျန်ကို ဒေါသဖြင့် ပေါက်ကွဲလုနီးပါးဖြစ်စေကာ မျက်မှောင်ကြုတ်သွားစေသည်။
သို့သော်လည်း သူမ၏ စွမ်းရည်များက ပျံ့ဟွာထက် အနည်းငယ်သာလွန်၍ ယခုအခါ ထိုစစ်သားများအားလုံးကမူ သင့်လျော်သော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုအောက်တွင် ပျံ့ထျန်က လုံးဝအကာအကွယ်မဲ့နေကာ အန္တရာယ်ရှိသော အခြေအနေသို့ရောက်ရှိသွားသည်။
ထို့ကြောင့် ခဏတာ သတိမထားမိချိန်အတွင်း၌ ပျံ့ထျန်၏ ဓားရှည်က လွင့်ထွက်သွားကာ စစ်သားတစ်ဦးက ပြင်းပြင်းထန်ထန်ရယ်မောလျက် သူမကို ခုန်အုပ်လိုက်သည်။ သို့သော် ထိုအချိန်၌ အနက်ရောင်ဓားမြှောင်တစ်စင်းပေါ်လာ၍ စစ်သား၏ လည်ချောင်းကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။
သွေးများ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
အလောင်းက မြေပြင်ပေါ်သို့ လဲကျသွား၏။
အခန်း(၄၆၈) အင်မော်တယ်သခင်
“အဲ့တာ ဘယ်သူလဲ” ရှုန်းလောင်စန်းနှင့် အခြားသူများက ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြသည်။
စိတ်အေးသက်သာရနေသော မျက်နှာဖြင့် လူတစ်ယောက်က လေထုအလယ်၌ ပေါ်လာကာ အနည်းငယ်ပြုံးလိုက်သည်။
“မင်းတို့အားလုံးကို သတ်ပစ်မယ့်သူ”
“ဒီလူယုတ်မာက ကြမ်းတယ်။ အတူတူတိုက်ကြရအောင်”
ရှုန်းလောင်စန်းသည် ငတုံးငအမဟုတ်ပေ။ ဤလူ၏ သပ်ရပ်၍ ထိရောက်သော သတ်ဖြတ်နည်းကိုကြည့်၍ သာမန်လူမဟုတ်ကြောင်းသိသောကြောင့် ချက်ချင်းပင်ဆုံးဖြတ်ချက်ချလိုက်သည်။ စစ်သားတစ်ဒါဇင်ကျော်က ၎င်းတို့လက်နက်များကို ကိုင်မြှောက်ကာ ချီတက်လာကြသည်။ စွန်းလင်က ခပ်ဖျော့ဖျော့ပြုံး၍ နေရာမှ ပျောက်ကွယ်သွားရာ သက်ဆင်းလာသော ဓားများနှင့် ဓားရှည်များအားလုံးကို ၎င်းတို့၏ ပစ်မှတ်အားပျောက်သွားစေ၏။
ဝှစ်
နောက်ထပ် စစ်သားတစ်ဦး၏ လည်ချောင်းက ဓားမြှောင်ဖြင့် လှီးဖြတ်ခံလိုက်ရကာ လေပြွန်ထဲမှ သွေးများက ဖြန်းခနဲပန်းထွက်သဖြင့် လေတိုးသံမျိုးထွက်လာသည်။
ရှုန်းလောင်စန်းသည် သူတစ်ကိုယ်လုံး အေးစက်သွားသည့်အလား ခံစားလိုက်ရသည်။ ဤလူက သရဲတစ္ခေကဲ့သို့ လှုပ်ရှားနေသည်ဖြစ်ရာ ယင်းက မယုံနိုင်လောက်အောင်ပင် တွေ့ရခဲသည်။
သူ့အဖွဲ့သည် ဤလူနှင့် လုံးဝမယှဥ်နိုင်ပေ။ ရှုန်းလောင်စန်းက နောက်ဆုတ်ရန် တွေး၍
တိတ်တဆိတ် ရုန်းထွက်ရန် ကြိုးစားသည်။ ထိုအချိန်တွင် မြို့တံခါးအပြင်ဘက်၌ လူတစ်စုရောက်လာသည်။
၎င်းတို့ကို ဦးဆောင်သူမှာ ချန်ဟောက်ဖြစ်သည်။
ကွင်းပြင်ရှိ အခြေအနေကို မြင်သောအခါတွင် သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“စွန်းလင် လှည့်ပတ်ကစားမနေနဲ့။ နည်းပြနဲ့ အခြားသူတွေ မကြာခင်ရောက်လာတော့မယ်။ ဒီလို သွေးစွန်းနေတဲ့ မြင်ကွင်းကို မြင်လိုက်ရရင် ဘယ်လောက်တောင် ဆိုးမလဲ"
“ဟဲဟဲ သိပြီ” စွန်းလင်၏ ရယ်သံက ကွင်းပြင်ထဲမှ ထွက်ပေါ်လာကာ သူ၏ တိုက်ခိုက်မှုများက ရုတ်တရက် ပြင်းထန်လာသည်။
ဝှစ်
ဝှစ်
ဝှစ်
နောက်ထပ် အော်ဟစ်သံများ အများအပြားကြားရပြီးနောက် ကျန်ရှိသော စစ်သားအားလုံး သေဆုံးခဲ့ရသည်။ စွန်းလင်၏ တစ္ဆေ တိုက်ခိုက်မှုကြောင့် ရှုန်းလောင်စန်းသည် ရိုးတွင်းခြင်ဆီထဲမှ အကြောက်တရားကို ခံစားလိုက်ရသဖြင့် အံကို တင်းတင်းကြိတ်ကာ လှည့်ထွက်ပြေးသွားသည်။ ဤနေရာ၌ နေနေခြင်းသည် သေခြင်းတရားဆိုလိုသည်။ အသစ်ရောက်လာသူများက ထိုမျှလောက် စွမ်းအားမကြီးဟု လောင်းကြေးထပ်လိုက်ခြင်းက ပိုကောင်းနိုင်သည်။ ဤမျှော်လင့်ချက်ဖြင့် စိတ်ထဲတွင် ရှုန်းလောင်စန်းက အော်လိုက်သည်။
“ငါ့ကိုတားတဲ့လူက သေလိမ့်မယ်”
တစ်ချိန်တည်း၌ပင် သူက သူ၏ ဝက်ဝံနက်လက်ဝါးကို အပြည့်အဝအသက်သွင်း၍ သူ၏ လက်များကို မြှောက်ကာ လက်များကို လွှမ်းခြုံထားသည့် အနက်ရောင်စွမ်းအင်များက အမှန်ပင် ခြိမ်းခြောက်နေသည်။ စွန်းလင်က ပြန်ပေါ်လာပြီးနောက် လက်ပိုက်၍ မတ်တပ်ရပ်ကာ လိုက်မဖမ်းဘဲ ငြိမ်သက်စွာကြည့်နေသည်။ ရှုန်းလောင်စန်း၏ နှလုံးသားက ထို တစ္ဆေသရဲလိုက်မလာနိုင်သောကြောင့် ဝမ်းပန်းတသာ ခုန်နေကာ သူ၏ အသက်ရှင်နိုင်ခြေ သိသိသာသာတိုးလာသည်ဟုလည်း ထင်နေသည်။
သို့သော် စွန်းလင်၏ မျက်လုံးများမှ အပြုံးကိုမူ သူသတိမထားမိခဲ့ပေ။ သူက ချောင်ပိတ်ခံထားရသော သားရဲတစ်ကောင်က ထောင်ချောက်ထဲသို့ လမ်းလျှောက်ဝင်သွားသည်ကို ကြည့်နေသကဲ့သို့ပင်ဖြစ်၏။
“ငါ့လမ်းက ဖယ်စမ်း” အသစ်ရောက်လာသူများက မတုန်လှုပ်သည်ကို မြင်လိုက်ရသဖြင့် ရှုန်းလောင်စန်းက ထိတ်လန့်စွာအော်ကာ လက်ဖဝါးဖြင့်ရိုက်ချလိုက်သည်။ ဝက်ဝံနက်လက်ဝါးသည် အခြေခံကျသော သိုင်းပညာတစ်ခုဖြစ်သော်လည်း ရှုန်းလောင်စန်း၏ လက်ထဲတွင် ၎င်းက အင်အားအချို့ကို သယ်ဆောင်လာသည်။
ဤလက်ဖဝါးရိုက်ချက်ကြောင့် လေပြင်းများတိုက်ခတ်လာသည်။ ရှုန်းလောင်စန်းက သူ၏ သိုင်းပညာကို အလွန်သဘောကျဂုဏ်ယူစွာဖြင့် မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် ထိုအပြုံးက ပေါ်လာပြီးချက်ချင်းပင် တပြိုင်နက် အေးခဲသွားသည်။ သူ့ရှေ့တွင် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ထွားကျိုင်းသော လူတစ်ယောက်ပေါ်လာ၏။
ဝက်ဝံနက်လက်ဝါးက ထိုထွားကျိုင်းသော လူ၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားသည်။ သို့သော် ရှုန်းလောင်စန်က ကျောက်တုံးနှင့်ထိမိသည့်အလား ခံစားလိုက်ရသည်။
ရှုန်းလောင်စန်း၏ လက်ကောက်ဝတ်က ရိုက်ချက်၏ သက်ရောက်မှုကြောင့် ကြေမွသွားသည်။
ထွားကျိုင်းသောသူက တုန်လှုပ်ခြင်းအလျင်းမရှိဘဲ ပြုံး၍ ပြောလိုက်သည်။
“ဒါက ခွန်းလွန်စစ်သားတွေရဲ့ အင်အားလား။ ငါ့ အကာအကွယ်ရွှေရောင်အလင်းကိုတောင် မနှောက်ယှက်နိုင်ဘူး”
ရှုန်းလောင်စန်းက နာကျင်ကြောက်လန့်စွာဖြင့် အော်လိုက်သည်။
“မင်းက ဘယ်သူလဲ ငါက ကျီကျိုးမြို့သခင်ရဲ့ လက်ထောက်တစ်ယောက်ပဲ…”
ကျိုးသာ့နျိုက ရှုန်းလောင်စန်း၏ ခေါင်းကို ချက်ချင်းရိုက်လိုက်သည်။
“ဘာလို့ ဒီလောက် အကျယ်ကြီးအော်ရတာလဲ။ ခေါင်းကိုက်လိုက်တာ”
ပျံ့ဟွာနှင့် ပျံ့ထျန်တို့က အခင်းဖြစ်ရာနေရာကို ထိတ်လန့်တကြား ကြည့်နေကြသည်။ ပထမဆုံးစစ်သားသေဆုံးခြင်းမှစ၍ ရှုန်းလောင်စန်း၏ ခေါင်းကို ရိုက်ခွဲလိုက်ခြင်းအထိ အရာအားလုံးသည် အမွှေးတိုင်ချောင်း တစ်ဝက်ရောက်ရန်လောင်ကျွမ်းချိန်ကိုပင် မကျော်ခဲ့ပေ။
‘ဒီလူတွေက ဘယ်သူတွေလဲ’
၎င်းတို့ တုန်လှုပ်နေစဥ် ချန်ဟောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“အလောင်းတွေကို ရှင်းလိုက်”
ချက်ချင်းပင် လူများက ထို အခင်းဖြစ်ရာနေရာကို သပ်ရပ်စေရန် သန့်ရှင်းလိုက်ကြသည်။
ချန်ဟောက်က ရှေ့သို့ လှမ်းကာ အနည်းငယ်ပြုံးလိုက်သည်။
“ဟယ်လို ဒါက ချင်မုမြို့လားခင်ဗျ”
ပျံ့ဟွာက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ် ဒါက ချင်မုမြို့ပါ… အစ်ကိုက ဘယ်သူလဲဗျ”
“ကိုတို့က မီးဖီးနစ်အထူးတပ်ဖွဲ့ကပါ”
“မီးဖီးနစ်အထူးတပ်ဖွဲ့လား” ပျံ့ဟွာနှင့် ပျံ့ထျန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်စလုံး၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများက သိသာလှသည်။
“အစ်ကိုတို့ ဒီမှာ ဘာလုပ်နေတာလဲ” ပျံ့ဟွာက လေးနက်သောအသံဖြင့် မေးသည်။
ချန်ဟောက်က ပြုံး၍ ပြော၏။
“မင်းတို့က ပျံ့မိသားစုက မောင်နှမပဲဖြစ်ရမယ်။ ကိုတို့ နည်းပြက ဒီကို အရင်လာခိုင်းလိုက်လို့။ အခုလေးတင်ဖြစ်သွားတဲ့ ဖြစ်ရပ်ကို မြင်ပြီး ဒီစစ်သားတွေကို ကိုတို့ သတ်ပစ်လိုက်တာ”
“နည်းပြ…လား”
“ကိုတို့ နည်းပြက ရွှယ်အန်း” ချန်ဟောက်က လေးနက်စွာပြောလိုက်သည်။
ဤနာမည်ကို ကြားသည်နှင့် ပျံ့ဟွာနှင့် ပျံ့ထျန်တို့ နှစ်ယောက်လုံး သိသိသာသာ တုန်လှုပ်သွားပြီးနောက် ပျံ့ထျန်က အံ့သြစွာဖြင့် အော်လိုက်သည်။
“အင်မော်တယ်သခင်ပဲ.. အင်မော်တယ် သခင် နောက်ဆုံးတော့ပြန်လာပြီ”
ချန်ဟောက် အံ့သြသွားသည်။
‘အင်မော်တယ်သခင်တဲ့လား’
‘ကိုင်း … ဒီခေါင်းစီးက တော်တော်လေး လိုက်ဖက်ညီတဲ့ပုံပဲ’
ရွှယ်အန်းသည် သူ့မိသားစုကို ဦးဆောင်၍ ချင်မုမြို့သို့ ခြေချသောအခါ ပျံ့ချင်မုက သတင်းကို ယခုမှရသဖြင့် ၎င်းတို့ကို နှုတ်ဆက်ရန် အမြန်သွားခဲ့သည်။
“အင်မော်တယ်သခင်….” ပျံ့ချင်မုက စိတ်လှုပ်ရှားစွာ ထွက်လာခဲ့သော်လည်း သူမ၏ အသံက ရုတ်တရက်ရပ်တန့်သွားသည်။
ရွှယ်အန်း၏ ဘေး၌ အလွန်လှပသော အသွင်အပြင်မျိုးဖြင့်ရပ်နေသော အန်းယန်ကို မြင်လိုက်ရသောကြောင့်ပင်ဖြစ်၏။ အတူတူ ရပ်နေသည့် ၎င်းတို့နှစ်ဦးသည် အမှန်တကယ်ပင် အင်မော်တယ် စုံတွဲတစ်တွဲနှင့်တူသည်။ ပျံ့ချင်မုက ခဏမျှ ထိတ်လန့်သွားပြီးနောက် စိတ်ကို အမြန်ပြင်ဆင်၍ ဆက်ပြောလိုက်သည်။
“အင်မော်တယ်သခင်.. သခင်မ”
ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။
“ငါ့ကို ရွှယ်အန်းလို့ပဲခေါ်ပါ။ ‘အင်မော်တယ်သခင်’ ဆိုတဲ့ နာမည်ကြီးက ငါက မသိရင် အဘိုးကြီးကျနေတာပဲ’
သူ့စကားကြောင့် ပျံ့ချင်မှု၏ စိုးရိမ်ပူပန်နေသော နှလုံးသားက ရုတ်တရက် ပြေလျော့သွားကာ ပြုံးလိုက်သည်။
“ဟုတ်ကဲ့ပါ လူကြီးမင်းရွှယ်”
ထို့နောက် သူမ၏ အကြည့်များပြောင်းလဲသွား၍ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို စူးစိုက်ကြည့်နေသည်ကို သတိပြုမိကာ မျက်လုံးများ တောက်ပလာပြန်သည်။
‘တကယ့်ကို လက်ရာမြောက်မြောက် ထွင်းထုထားတဲ့ ချစ်စရာကလေးနှစ်ယောက်ပဲ”
‘သူတို့က လူကြီးမင်းရွှယ်ရဲ့ သမီးတွေထင်တယ်’
ယခုတစ်ကြိမ်တွင်၊ ခွန်းလွန်၏ လျို့ဝှက်နယ်မြေတွင် အထူးလေ့ကျင်မှုအတွက် အန်းယန်နှင့် သမီးဖြစ်သူနှစ်ဦးကိုပါ ခေါ်လာခဲ့သည်။ တကယ်တမ်းတွင် ၎င်းတို့က တစ်ရက်ခန့်စောစီး၍ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သော်လည်း ရွှယ်အန်းက ခွန်းလွန်တောင် တစ်ဝိုက်တွင် မီးဖီးနစ်အဖွဲ့နှင့် လှည့်ပတ်ကာ နတ်ဆိုးများစွာကို သတ်ဖြတ်ခဲ့သည်။
ကောင်မလေးနှစ်ယောက်က အရာရာကို ဆန်းသစ်သည်ဟုတွေးကာ လမ်းလျှောက်ရန် ဆန္ဒပြင်းပျနေသောကြောင့် ရွှယ်အန်းက ချန်ဟောက်နှင့် အခြားသူများကို ကင်းထောက်အဖြစ်ရှေ့မှသွားခိုင်းကာ ၎င်းတို့က နောက်မှ လိုက်ခဲ့ကြသည်။
ကောင်စီခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက် ရွှယ်အန်းက ပင်မထိုင်ခုံတွင် ထိုက်လိုက်သည်။ လတ်ဆတ်သော အသီးအနှံမျိုးစုံကို ယူလာကာ ပျံ့ထျန်က ကလေးမလေးနှစ်ယောက်ကို ပြောလိုက်သည်။
“မမလေးတို့ ကျေးဇူးပြုပြီး စားကြည့်ပါ။ ဒီသစ်သီးတွေက ချင်မုမြို့က အထူးထွက်ကုန်တွေပါပဲ” ပျံ့ထျန်က တောက်ပစွာပြုံး၍ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မမ” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ထိန်းမထားတော့ဘဲ အသီးများကို စတင်စားလိုက်ကြသည်။
‘မမ..’
ဤစကားတစ်လုံးက ပျံ့ထျန်၏ အပြုံးကို ပိုမိုတောက်ပလာစေသည်။ ရွှယ်အန်းက ပြန့်ကျဲနေသော လူအနည်းငယ်ရှိနေသည့် ကောင်စီခန်းမကို လှည့်ပတ်ကြည့်ပြီးနောက် မေးလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ”
ပျံ့ချင်မုက ခါးသက်စွာပြုံး၍ စကားစလုဆဲအချိန်တွင်
ပျံ့ထျန်က နာကျည်းသော အမူအရာမျိုးဖြင့် အော်လိုက်သည်။
“အင်မော်တယ်သခင်ကြီး… အဲ့တာတွေအားလုံးက လူဆိုးကြီးတွေကြောင့်ပဲ။ သူတို့က မမချင်မုကို တမင်တကာအနိုင်ကျင့်နေကြတာ”
ရွှယ်အန်းက မျက်ခုံးပင့်ကာ အနည်းငယ်ပြုံးလိုက်သည်။
“အိုး… ရှောင်ထျန် ပြောပါဦး ဘာဖြစ်သွားတာလဲ”
နောက်ဆုံးတွင် ပျံ့ထျန်၏ ရှင်းပြချက်မှတစ်ဆင့် ရွှယ်အန်းက ချင်မုမြို့၏ လက်ရှိ အခြေအနေကို နားလည်သွားခဲ့သည်။ ရွှယ်အန်းက ကုလားထိုင်ပေါ်သို့ ပြန်လှဲလိုက်ပြီးနောက် လက်တင်ခုံ၏ လက်တန်းပေါ်သို့ လက်များကို ခေါက်လိုက်ရာ တိတ်ဆိတ်သွားသော ကောင်စီခန်းမအတွင်း၌ ထိုအသံကပဲ့တင်ထပ်သွားသည်။
“မီးဘုရင် နန်းတော်၊ လေပြင်းမျှော်စင်..”
"မှန်ပါတယ်" ပျံ့ချင်မုက ပြောလျက် ခေါင်းညိတ်လိုက်သည်။
“ဒီအဖွဲ့အစည်းနှစ်ခုဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပေါ်ပေါက်လာခဲ့ပြီး ခေါင်းဆောင်တွေမှာ နားလည်လို့မရနိုင်လောက်တဲ့ ကျင့်ကြံရေးအဆင့်တွေရှိကြပါတယ်။ အစွမ်းအစက မယုံနိုင်လောက်အောင်ကို ကြောက်ဖို့အရမ်းကောင်းတယ်။ တစ်နှစ်အတွင်းမှာပဲ ခွန်းလွန်မြို့ကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး အင်မော်တယ်နန်းတော်ရဲ့ အရင်က စီးပွားရေးတွေကိုလည်း သူတို့ သိမ်းပိုက်သွားတယ်”