← Chapters

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း(၄၆၉) ချွန်ထက်သော ကျောက်တုံးနှစ်တုံး

ထိုအကြောင်းအရာများကို ပြောလျက် ပျံ့ချင်မု၏နှလုံးသားထဲတွင် လေးလံသော လေးလံမှုကို ခံစားလိုက်ရသည်။ ပြီးခဲ့သောနှစ်တွင် မီးဖီးနစ်ဂိုဏ်းနှင့် လေပြင်းမျှော်စင်တို့က ပေါ်ပေါက်လာကာ ခွန်းလွန်လျို့ဝှက်နယ်မြေ၏ ထက်ဝက်ကျော်ခန့်ကို သိမ်းပိုက်ခဲ့သည်။ နှစ်ထောင်ပေါင်းများစွာ အမွေအနှစ်များရှိသည့် ရှေးဟောင်းဂိုဏ်းများစွာက ဖျက်ဆီးခံခဲ့ရကာ ကျော်ကြားသော သခင်များစွာလည်း သတ်ဖြတ်ခံခဲ့ရသည်။

ဤကဲ့သို့ လျင်မြန်စွာ ကြီးထွားလာခြင်းသည် ဤဂိုဏ်းနှစ်ခု၏ ကြောက်မက်ဖွယ် စွမ်းအားကို သက်သေပြရန် လုံလောက်သည်။ ထို့အပြင် ဤဂိုဏ်းနှစ်ဂိုဏ်းသည် ရွှယ်အန်းပြန်လာလျှင် ထိုသူအား ကျိန်းသေ ကွပ်မျက်မည်ဟု တစ်ကြိမ်ထက်မက ကြွေးကြော်ထားသည်။

ပျံ့ချင်မုသည် ရွှယ်အန်း၏ ခွန်အားကို ယုံကြည်သော်လည်း ယခုအကြိမ်တွင် သူမကြုံတွေ့နေရသည့်အရာမှာ အင်မော်တယ်နန်းတော်ထက် အဆင့်မနိမ့်သော ဂိုဏ်းနှစ်ခုဖြစ်သည်။ ပျံ့ချင်မုက သူမ၏ နှလုံးသားထဲ၌ မသေချာ မရေရာမှုများစွာကို အမြဲတစေ ခံစားနေခဲ့ရသည်။

ဤသည်ကိုကြားသောအခါ ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

“စိတ်ဝင်စားစရာပဲ”

ထို့နောက် သူသည် ချန်ဟောက်နှင့် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်၏။

“မင်းတို့ရဲ့ အထူးလေ့ကျင့်ရေးအတွက် ခွန်းလွန်လျို့ဝှက်နယ်မြေကို ငါခေါ်လာခဲ့တာ။ အခု ငါတို့မှာ အဆင်သင့်ရှိနေတဲ့ ဓားသွေးကျောက်တွေရှိနေပြီဆိုတော့ မနက်ဖြန်ကျ စကြမယ်”

“ဟုတ်” ချန်ဟောက်နှင့် အခြားသူများသည် တစ်ခဲနက် ဦးညွှတ်ကြသည်။

၎င်းတို့၏ အသံများက အမိုးမိုးထားသည့် ကျောက်ပြားများကို တုန်လှုပ်သွားစေသည်။ ပျံ့ချင်မုက လက်သီးလက်မောင်းပြင်နေသော မီးဖီးနစ်အဖွဲ့ဝင်များကို ကြည့်ကာ ရိုးတွင်းခြင်ဆီတစ်လျှောက်သို့ ပျံ့သွားသည့် အအေးဓာတ်ကို ခံစားလိုက်ရသည်။

‘ဓားသွေးကျောက်တွေ’

ထို့ကြောင့် သခင်၏ အမြင်တွင် ခွန်းလွန်၌ ဤအခြေအနေထိဖြစ်စေခဲ့သော ကြီးမားလှသည့် ဂိုဏ်းကြီးနှစ်ခုသည် ဓားသွေးကျောက်များသာဖြစ်သည်။ ဤအခိုက်အတန့်၌ ပျံ့ထျန်က မေးလိုက်သည်။

“အင်မော်တယ်သခင် မနက်ဖြန် ဘယ်ကို အရင်သွားရမလဲ”

"ငါတို့ရဲ့ မြို့တော်သခင်က အခွန်ကောက်ဖို့ တောင်းထားတာဆိုတော့ ငါတို့ သူ့ကို မျက်နှာသာပေးရမှာပေါ့။ ကျီကျိုးနဲ့စလိုက်ရအောင်” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

ကျီကျိုးမြို့။

ကျာ့ယင်းဖာသည် ဤရက်အနည်းငယ်အတွင်း စိတ်ကောင်းဝင်လျက်ရှိသည်။ မီးဖီးနစ်ဂိုဏ်းမှ အထောက်အပံ့များကို ရှာတွေ့ခဲ့စဥ်ကတည်းက ကျာ့ယင်းဖာက သူ၏ ကံကြမ္မာများပြောင်းလဲသွားပြီဟု ခံစားမိသည်။ မဟုတ်လျှင် သူ မည်ကဲ့သို့ ကျီကျိုးမြို့၏ သခင်ဖြစ်လာနိုင်မည်နည်း။

“ချင်မုမြို့က အခွန်တွေရောက်ပြီလား” ကျာ့ယင်းဖာက မေးသည်။

“မရောက်သေးပါဘူး သခင်”

“အဓိပ္ပါယ်မရှိတာ” ကျာ့ယင်းဖာက စားပွဲပေါ်သို့ ‌ဆောင့်ရိုက်ကာ မတ်တပ်ထရပ်လိုက်သည်။

“ရက်လွန်အခွန်တွေကို သုံးရက်အတွင်းပေးဖို့ သူတို့ကို အမိန့်ထုတ်ထားခဲ့တယ်လေ။ မနက်ဖြန်က သုံးရက်မြောက်နေ့ပဲ၊ အခုထိ သူတို့အရိပ်တောင် မမြင်ရသေးဘူး၊ ချင်မုမြို့က ငါ့ကို မြို့သခင်လို့ မသတ်မှတ်ထားဘူးထင်တယ်”

ကျာ့ယင်းဖာက သူ၏ မုတ်ဆိတ်မွေးများကို သပ်ကာ မျက်လုံးများပြူးလျက် ဒေါသတကြီး အေးစက်စွာပြောလိုက်သည်။

"မနက်ဖြန် မလာသေးရင် ဒီ ချင်မုမြို့လေးကို ပြာချပစ်ဖို့ လူတွေပို့လိုက်"

“ဟုတ်”

ကျာ့ယင်းဖာက သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကျွန်ဖြစ်သူက နောက်သို့ ပြန်ဆုတ်သွားသည်။ ထို့နောက် ကျာ့ယင်းဖာက ဒေါသတကြီး မျက်နှာဖြင့် အနောက်သို့ ပြေးသွားကာ ဒူးထောက်ချလိုက်သည်။

“တပည့်က နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”

"ထပါ"

ကျာ့ယင်းဖာက မတ်တပ်ထရပ်ကာ ဦးညွတ်လျက် ပြောသည်။

“နန်းဆောင်သခင်ကို အစီရင်ခံပါတယ်… ဒီနေ့အထိ ချင်မုမြို့က လူတွေ မလာသေးဘူး၊ မနက်ဖြန် နောက်ဆုံးနေ့ လာတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ခန့်မှန်းမိပါတယ်"

မီးနတ်ဘုရားကျောင်း နန်းဆောင်သခင် တုပင်းက သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီးနောက် ရယ်လိုက်သည်။

"ကောင်းပြီ၊ မင်းလုပ်တာ ကောင်းတယ်။ ဒါကို နောက်မှ သခင့်ဆီ သတင်းပို့လိုက်မယ်”

ကျာ့ယင်းဖာက အလွန်ဝမ်းသာလျက်ပြောလိုက်သည်။

“ကျေးဇူးပါ နန်းဆောင်သခင် ကျွန်‌ောတ် သူတို့ မနက်ဖြန် နောက်ဆုံးထားပြီး ရောက်မလာသေးရင် ချင်မုမြို့ကို ဖြိုခွင်းဖို့ လူတွေကို ချက်ချင်းလွှတ်လိုက်ပါမယ်”

တုပင်းက ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် အသံတိုး၍ ပြောလိုက်၏။

“ချင်မုမြို့သခင်က မိန်းမတစ်ယောက်လို့ ငါကြားဖူးတယ်”

ဤစကားကိုကြားသောအခါ ကျာ့ယင်းဖာက သိတတ်သော အပြုံးဖြင့် ပြော၏။

“နန်းဆောင်သခင် ချင်မုမြို့သခင် ပျံ့ချင်မုက သူ့အလှတရားကြောင့် လူသိများတဲ့ ခွန်းလွန်အရှေ့ပိုင်းဒေသက နာမည်ကြီး အမျိုးသမီးတစ်ဦးပါ။ ပြီးတော့ သူ့ညီမ ပျံ့ထျန်ကလည်း ငယ်ရွယ်နုပျိုပြီး ရင်သပ်ရှုမောဖို့ကောင်းတဲ့ အလှလေးအဖြစ် ပွင့်လန်းလာပြီလို့ ကျွန်တော်ကြားပါတယ်”

တုပင်း၏ မျက်လုံးများ တောက်ပလာပြီးနောက် ချောင်းကို ခပ်ပါးပါးဆိုး၍ ပြောလိုက်သည်။

“ဒီမိန်းမနှစ်ယောက်က ရွှယ်အန်းရဲ့ လျှို့ဝှက်ချက်တစ်ချို့ကို သိလိမ့်မယ်လို့ ငါယုံကြည်တယ်။ အချိန်တန်ရင် သူတို့ကို မထိခိုက်စေနဲ့ မေးလို့ရအောင် အေးဆေးခေါ်လာခဲ့"

"စိတ်ချပါ နန်းဆောင်သခင် အရှင့်အတွက် ကျွန်တော် ဒီကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်ပေးပါ့မယ်’

တုပင်းက ကျာ့ယင်းဖာ၏ ပခုံးပေါ်သို့ ကျေနပ်စွာပုတ်လိုက်သည်။

“ကောင်းလိုက်တာ။ မင်းမှာ အလားအလာရှိတယ်။ နောင်ကျရင် မင်းနန်းဆောင်သခင်ဖြစ်လာဖို့ သေချာပေါက် အခွင့်အရေးရလိမ့်မယ်။ အခု သွားတော့"

“ဟုတ်”

အိမ်နောက်ဖေးမှ ထွက်သွားသောအခါ၊ ကျာ့ယင်းဖာသည် တစ်ကိုယ်လုံး ပေါ့ပါးလျက် ပေါင်သုံးပေါ်ကျသွားသည့်အလားခံစားလိုက်ရသည်။ ယခုအချိန်တွင် မီးနတ်ဘုရားကျောင်း၏ နန်းဆောင်သခင်တစ်ဦးဖြစ်လုနီးပါးဖြစ်နေပြီဖြစ်ကာ ဒေသတစ်ခု၏ အုပ်ချုပ်ခံ မြို့သခင်ရာထူးကို ထမ်းဆောင်နိုင်နေပြီဖြစ်သည်။ အကယ်၍ သူသာ နန်းဆောင်သခင်ဖြစ်လာပါက၊ စည်းစိမ်ဥစ္စာ၊ ဘုန်းအသရေနှင့် ထာဝရငယ်ရွယ်မှုတို့ကို လွယ်ကူစွာရနိုင်မည်မဟုတ်လော။ သူတွေးလျက်ဖြင့် ကျာ့ယင်းဖာက ချင်မုမြို့မှာ သူ၏ အနာဂတ်ပျော်ရွှင်ဖွယ်ဘဝအတွက် သော့ချက်ဖြစ်သည်ဟု ပို၍ ခံစားလာရသည်။

‘ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်ရမယ်’ကျာ့ယင်းဖာက နှလုံးသားထဲ၌ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်သည်။ ထိုညတွင် သူသည် သူ၏ ထိပ်တန်း ကျွမ်းကျင်သူ အများအပြားကို ခေါ်ကာ အစီအစဉ် အမျိုးမျိုးကို ဂရုတစိုက် ချမှတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျာ့ယင်းဖာက အမိန့်ထုတ်ပြန်ခဲ့သည်။

ပျံ့ချင်မုနှင့် ပျံ့ထျန်တို့ မောင်နှမကို အသက်ရှင်လျက် ဖမ်းယူရန်သာဖြစ်၏။ အားလုံးအဆင်သင့်ဖြစ်ချိန်တွင် မွန်းတည့်ချိန်သို့ရောက်နေပြီဖြစ်သဖြင့် ကျာ့ယင်းဖာက ခရီးစထွက်ရန် ပြင်လိုက်သည်။

ကျွန်တစ်ယောက်က ထူးခြားသောအမူအရာမျိုးဖြင့် ကမန်းကတန်း ပြေးလာသည်။

"သခင်​​... ချင်မုမြို့ကလူ​တွေ​ရောက်​​နေပြီ"

"ဟမ်" ကျာ့ယင်းဖာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"လူဘယ်နှစ်ယောက်ရောက်နေပြီလဲ"

"တော်တော်လေးများတယ် အခွန်ပေးဆောင်ဖို့လို့ ပြောတယ်"

ကျာ့ယင်းဖာအနည်းငယ် အံ့အားသင့်သွားသည်။

ထိုအချိန်တွင်၊ သူသည် ချင်မူးမြို့ကို စစ်တိုက်ရန် အကြောင်းပြချက်တစ်ခုရှာနိုင်ရန်အတွက် အံ့သြဖွယ်ကောင်းလောက်အောင်ကြီးမားသော ပမာဏကို တောင်းဆိုခဲ့၏။

၎င်းတို့က အမှန်တကယ်ပေးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ကျာ့ယင်းဖာက ခေတ္တမျှ စဥ်းစားပြီးနောက် ဆိုးယုတ်သောအမူအရာဖြင့် ပြောလိုက်သည်။

"သွားကြည့်ရအောင်"

ကျာ့ယင်းဖာက ရှေ့သို့ လျှောက်သွားရာ အမှန်ပင် အိမ်ကြီး၏ တံခါးဝတွင် လူများစွာ ရပ်နေသည်ကို သူတွေ့လိုက်ရသည်။

“မင်းတို့အားလုံးက ချင်မုမြို့ကလား’

ပျံ့ချင်မုက ရွှယ်အန်းနှင့် စကားပြောနေစဥ်တွင် သူ၏ အော်သံကိုကြားလိုက်ရခြင်းဖြစ်သဖြင့်

ကျာ့ယင်းဖာကို မြင်ရရန် မော့ကြည့်၍ အံကြိတ်လိုက်သည်။

“သခင် ဒါက ကျီကျိုးမြို့သခင်ပဲ”

ဤအခိုက်အတန့်၌ ကျာ့ယင်းဖာက ပျံ့ချင်မုကို မြင်သဖြင့် အနည်းငယ်ရယ်မောလိုက်သည်။

“မြို့သခင်ပျံ့ မင်းက သုံးရက်အတွင်းလို့ပြောခဲ့ပြီး တကယ်ပဲ အချိန်မှန်တာပဲ။ နောက်ဆုံးအချိန်ကျမှ ကျီကျိုးမြို့ကို အညံ့ခံမလို့လား”

ပျံ့ချင်မုစကားမပြောမီ ရွှယ်အန်းသည် အနည်းငယ်ပြုံးကာ ရှေ့သို့ တိုးလာသည်။

"ပြီးတော့ မင်းဘယ်သူလဲ"

"ငါလား" ကျာ့ယင်းဖာက မာနကြီးစွာ ခေါင်းမော့လိုက်သည်။

“ငါက ကျီကျိုးမြို့သခင်ပဲ။ ကောင်လေး ငါက ဘယ်သူလဲမေးနေတာ.. မင်းကရောဘယ်သူလဲ”

“အိုး ဒါဆို မင်းက ကျီကျိုးမြို့ရဲ့သခင်ပေါ့။ ဒါဆို ချင်မုမြို့ကို အတင်းအကြပ် အခွန်ပေးခိုင်းတဲ့လူက မင်းပဲမလား”

“အတင်းအကြပ် ဟုတ်လား.. ဘာကိုဆိုလိုတာလဲ။ ဒါ သူတို့ ပေးသင့်တဲ့အရာပဲလေ”

“မင်းက အဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ” ပျံ့ဟွာက သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ ထအော်လိုက်သည်။

"ငါမေးပြီးပြီ။ ကျီကျိုးရဲ့ နယ်မြေတစ်ခုလုံးမှာ မင်း ငါတို့ ချင်မုမြို့တစ်ခုတည်းကိုပဲ အခွန်ပေးခိုင်းတာ။ ငါတို့ ဘာလုပ်သင့်လဲဆိုတာကို ပြောဖို့ သတ္တိရှိသေးလား”

မြို့ခသ်ငပျံ့က ဒီကို ပြဿနာလာရှာတဲ့ပုံပဲ”

ရွှယ်အန်းက ပြုံး၍ ခေါင်းခါလိုက်သည်။

“မင်းမှားနေပြီ”

“ငါတို့ ပြဿနာရှာဖို့လာတာမဟုတ်ဘူး။ သတ်ဖို့လာတာ”

ရွှယ်အန်း၏ စကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်လူအုပ်ကြားတွင် ပုန်းနေကြသည့် မီးဖီးနစ်အဖွဲ့ဝင်များအားလုံး ရုတ်တရက် ပေါက်ကွဲသွားကြသည်။

ကျာ့ယင်းဖာပတ်၀န်းကျင်ရှိ အစောင့်များက တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ချန်ဟောက်နှင့် အခြားသူများထံတွင် လျပ်တပြက် တိုက်ခိုက်ခံလိုက်ရသည်။ ဤအရာအားလုံဂက လျှပ်စီး၏ အလျင်ဖြင့် လျင်မြန်စွာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ရာ ကျာ့ယင်းဖာ၏ အစောင့်များက တုံ့ပြန်ရန် အခွင့်အလမ်းပင်မရခဲ့ဘဲ သေဆုံးသွားခဲ့ကြသည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်က တုန်လှုပ်၍ မျက်နှာထက်၌ ထိတ်လန့်သည့် အမူအရာ ပေါ်လာသည်။

အခန်း(၄၇၀) လည်ပင်းကိုသန့်ရှင်းအောင်လုပ်ပြီး ငါမင်းကို သတ်တာ စောင့်နေ

ထိုအချိန်၌ပင် သူ့နောက်က လေထုထဲမှလေလှိုင်းများတုန်ခါသွားကာ လက်တစ်ဖက်ထွက်လာ၍ ကျာ့ယင်းဖာ၏ ခေါင်းကို ဖြတ်ရန် ဓားမြှောင်ဖြင့် ချိန်လိုက်သည်။ ထိုအချိန်၌ တစ်စုံတစ်ယောက်က အော်လိုက်၏။

‘ဘယ်သူက မြို့သခင်ကို အန္တာရယ်ပြုရဲတာလဲကွ”

၎င်းတို့ စကားပြောနေစဥ်တွင် လူတစ်ဒါဇင်ကျော်ခန့်က အလျင်အမြန်ပြေးလာကာ ခေါင်းဆောင်က လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဘမ်း

စွန်းလင်က လက်သီးကို ရှောင်တိမ်းရန် သူ့ကိုယ်သူ ကိုယ်ထင်ပြရမည်ဖြစ်သည်။

ရောက်ရှိလာသောသူများမှာ ကျာ့ယင်းဖာမှ ငှားရမ်းထားသော ကျွမ်းကျင်သော အစောင့်များဖြစ်ကာ သူ၏ အကြီးမားဆုံး အားကိုးအားထားရာလည်းဖြစ်သ်ည။ ဤလူများပေါ်လာသည်နှင့် တပြိုင်နက် ကျာ့ယင်းဖာသည် သူ့ကျောကို တည့်တည့်မတ်မတ်ထားလိုက်သည်။

“ချင်မုမြို့က ပုန်ကန်ရဲတယ်။ သက်ညှာမပေးနဲ့”

“ဟုတ်”

အစောင့်များအားလုံးသည် ထူးခြားသည့် ကျင့်ကြံရေးအဆင့်ကို ပိုင်ဆိုင်ထားရှိကာ ကျာ့ယင်းဖာ၏ စကားကိုကြားသောအခါ ၎င်းတို့အားလုံး ရှေ့သို့ တိုးလာကြသည်။ ၎င်းတို့၏ မျက်လုံးများတွင် ချန်ဟောက်နှင့် သူ၏ အပေါင်းအဖော်များ၏ အမြင့်ဆုံးကျင့်ကြံရေးအဆင့်က လွတ်မြောက်အင်မော်တယ်အဆင့်မျှသာရှိ၍ ထည့်သွင်းဖော်ပြရန်ပင် မတန်ပေ။

ထို့ကြောင့် သူတို့အားလုံးက ရန်သူကို အတန်ငယ် လျှော့တွက်ထားကြသည်။ သို့သော်

ချန်ဟောက်နှင့် သူ၏အပေါင်းအဖော်များ၏ ကျင့်ကြံရေးအဆင့်က အမှန်တကယ်ပင် နိမ့်ကျသော်လည်း၊ ၎င်းတို့သည် သွေးနှင့်မီးလေ့ကျင့်မှု၊ ရှင်သန်ခြင်းနှင့် သေဆုံးမှုတို့ကြား၌ အဖွဲ့လိုက်လုပ်ဆောင်ရာတွင် အထူးကျွမ်းကျင်ကြသည်။ ထို့ကြောင့် ထိပ်တိုက်တွေ့သောအခါတွင် မီးဖီးနစ်၏ ဝိုင်းရံမှုအောက်၌ ၎င်းတို့ ပိတ်မိသွားသည်ကို သိလိုက်ကြရသည်။ ထို့အပြင် ၎င်းတို့၏ ကျင့်ကြံရေးနည်းစနစ်များက သိသိသာသာထူးခြားနေကာ ကိုင်တွယ်ရန် ခက်ခဲသည်။ ၎င်းတို့ထက် ပိုမိုမြင့်မားသော ကျင့်ကြံရေးအဆင့်ရှိသူများပင် ၎င်းတို့ကို ရှုံးနိမ့်ခဲ့ကြသည်။

“သေစမ်း မင်း ငါ့ကို တရားမျှတအောင် တိုက်ဖို့ သတ္တိရှိရင် ရှေ့ထွက်လာခဲ့” စွန်းလင်၏ လျပ်တပြက်တိုက်ခိုက်မှုများကြောင့် ဒေါသထွက်နေသော အစောင့်တစ်ဦးက ကျယ်လောင်စွာအော်လိုက်သည်။

ကျို့သာ့နျိုက မည်သည့်စကားမျှ မပြောဘဲ ရှေ့သို့တိုးလာရာ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ဖြာထွက်လျက် လက်သီးဖြင့် ထိုးလိုက်သည်။ အစောင့်က ယင်းကို အလေးအနက်မထားဘဲ တားဆီးရန် သူ၏ လက်သီးကိုမြှောက်လိုက်သည်။

ကျို့သာ့နျိုက အစောင့်၏လက်ကို အပိုင်းပိုင်း ချိုးပစ်လိုက်သည်။ ထိုအစောင့်က နာကျင်စွာမအော်ဟစ်နိုင်မီ၌ အနက်ရောင်ဓားမြှောင်က သူ့အသက်ကို စုပ်ယူလိုက်သည်။

စွန်းလင်၏ ပုံရိပ်ပေါ်လာကာ သူက ကျိုးသာ့နျိုကို ရယ်မော၍ နောက်ထပ်တစ်ကြိမ် လေဟာနယ်ထဲသို့ ခုန်ဆင်းသွားလိုက်သည်။ ကျိုးသာ့နျိုက နှာခေါင်းကိုကိုင်လျက် ရိုးအစွာ ရယ်လိုက်သည်။ ထိုအခိုက်အတန့်၌

ဓားကိုင်ထားသော အခြားအစောင့်တစ်ဦးသည် အခွင့်အရေးကို မြင်သဖြင့် ချောင်းမြောင်းတိုက်ခိုက်ရာ သူ၏ ဓားဖြင့် ကျိုးသာ့နျို၏ နောက်ကျောကို ခုတ်လိုက်သည်။ အစောင့်က ကျိန်းသေ သုတ်သင်နိုင်မည်ဟုထင်မြင်ခဲ့သောအရာက တကယ်တမ်းတွင် ရွှေရောင်အလင်းအကာအကွယ်ကိုသာ အကြိမ်အနည်းငယ် တုန်ခါသွားစေသည်။ ထို့နောက် ကျိုးသာ့နျိုက လုံးဝအံံအားသင့်နေသော အစောင့်ဘက်သို့ လှည့်ကြည့်လိုက်၏။

“နည်းပြက ပြောတယ်။ ဒီနေ့ မင်းတို့ တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး”

ထိုသို့ဖြင့် ကျိုးသာ့နျိုက ပန်းကန်တစ်လုံးတမျှ ကြီးမားသော လက်သီးကို လွှဲယမ်း၍ အစောင့်ကို တိုက်ရိုက်ရိုက်ချလိုက်သည်။ အစောင့်က သူ၏ ဓားဖြင့်တားဆီးရန် ကြိုးစားသော်လည်း ကျိုးသာ့နျို၏ လက်ချက်ကြောင့် လွင့်ထွက်သွားသည်။ ၎င်းက မြေပြင်သို့ထိမှန်သွားသောအခိုက်အတန့်၌ သွေးများရွှဲနစ်ကာ သေဆုံးသွားပြီဖြစ်သည်။

ကျိုးသာ့နျိုနှင့် ချန်ဟောက်တို့က အစောင့်များကို လျင်မြန်စွာ သုတ်သင်ပစ်လိုက်သည်။ အချိန်တိုအတွင်း၌ပင် အစောင့် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့် သေဆုံးခဲ့သည်။ ကျန်ရှိသောသူများက မြင်လိုက်ရသောအရာကြောင့် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ သို့သော် ချန်ဟောက်နှင့် သူ့အဖော်များက ၎င်းတို့ကို လွတ်မြောက်ခွင့်မပေးဘဲ ၎င်းတို့ဆီသို့ တိုက်ရိုက် ချီတက်သွားကြသည်။

အချိန်တိုအတွင်း၌ အစောင့်များအားလုံးက သေဆုံးသွားကြသည်။ ခန်းမရှေ့မှ အစိမ်းရောင်ကျောက်ဆောင်များတွင် နီရဲသော သွေးများ စွန်းထင်းနေသည်။ ထိုအချိန်တွင် ကျာ့ယင်းဖာက အကူအညီတောင်းရန် အိမ်တော်အတွင်းသို့ လှည့်ပြေးနေပြီဖြစ်သည်။

“နန်းဆောင်သခင်… နန်းဆောင်သခင် ပြဿနာတက်ပြီ။ ချင်မုမြို့ကလူတွေ ဖောက်ထွင်းဝင်လာကြပြီ” ကျာ့ယင်းဖာက ကျယ်လောင်စွာအော်၍ အကူအညီတောင်းလိုက်သည်။

ဤသည်ကိုကြားသောအခါ လေပြင်းမျှော်စင် သခင် တုပင်းက အခန်းထဲမှ ထွက်လာကာ ကြောက်လန့်တကြားဖြစ်နေသော ကျာ့ယင်းဖာကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

"ဘာကိုအော်နေတာလဲ"

“နန်းဆောင်သခင် ချင်မုမြို့ကလူတွေ ကျူးကျော်လာကြပြီ။ သူတို့ ပုန်ကန်နေကြပြီ။ အခု ကျွန်တော် ပြေးမလာရင် အသတ်ခံလိုက်ရတာ ကြာလောက်ပြီ" ကျာ့ယင်းဖာက ထိတ်လန့်စွာ ထအော်သည်။

“ပုန်ကန်တယ်ဟုတ်လား”

“ချင်မုမြို့ငယ်လေးကလား။ ကျာ့ယင်းဖာ မင်းက အရှက်မဲ့လွန်းတယ်။ ဒီကောင်တွေကို ငါဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်ပါ"

ထိုသို့ပြောလျက် တုပင်းက အပြင်သို့ လမ်းလျှောက်ကာ ထွက်လာသည်။

ထိုအချိန်၌ တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာ၏။

‘မင်းက… လေပြင်းမျှော်စင်ကလား”

တုပင်းက အံ့အားသင့်သွားပြီးနောက် မော့ကြည့်လိုက်သည်။ ရွှယ်အန်းက သူ့အနားသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီးနောက် ခပ်ပါးပါးပြုံးလိုက်သည်။

“အင်မော်တယ်လား ဟမ် ကျာ့ယင်းဖာ မာန်တက်နေတာ မဆန်းဘူးပဲ”

တုပင်း၏ အမူအရာက တဖြည်းဖြည်း လေးနက်လာသည်။

“မင်းက ဘယ်သူလဲ”

“ငါလား” ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"မင်းငါ့ကို လိုက်ရှာနေတာ မဟုတ်ဘူးလား မင်းပဲ ငါ့ကို သတ်မယ်လို့ ကြွေးကျော်နေတာဆို"

တုပင်းက တုန်လှုပ်သွားသည်။

“မင်း…မင်းက ရွှယ်အန်းပဲ”

ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်လိုက်သည်။ တုပင်း၏ နှလုံးသားက နစ်မြုပ်စပြုလာသည်။ ကျာ့ယင်းဖာ၏ တစ်ကိုယ်လုံးက ဆန်ခါခြင်းကဲ့သို့ တုန်ယင်နေသည်။ ရွှယ်အန်း၏ ဂုဏ်သတင်းက ယခုအချိန်တွင် များစွာ ကျဆင်းသွားခဲ့သော်လည်း သူအတိတ်တွင် လုပ်ခဲ့သောအရာများကို အများစုက မှတ်မိကြသေးသည်။

ထို နတ်သုတ်သင်သူက ယနေ့ လာလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။

ကျာ့ယင်းဖာ၏ အတွင်းစိတ်ထဲ၌ ငိုကြွေးလိုက်မိသည်။

သို့သော် တုပင်းက လှောင်ရယ်လိုက်၏။

“ရွှယ်အန်း မင်း တကယ်ပဲ ပေါ်လာဖို့ သတ္တိရှိတယ်ပေါ့။ မီးဘုရင်ခန်းမနဲ့ လေပြင်းမျှော်စင်နှစ်ခုလုံဂက မင်းကို ရှာနေတာ မင်းမသိဘူးလား”

“အဲ့တော့ ဘာဖြစ်လဲ”

“ရွှယ်အန်း မင်း အဲ့တုန်းက အင်မော်တယ် နန်းတော်ကို ဖျက်ဆီးနိုင်ခဲ့တာ မယုံနိုင်စရာပဲဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ငါတို့ နန်းဆောင်သခင်က အင်မော်တယ်နန်းတော်သခင်ထက် အဆပေါင်းများစွာသာတယ်ကွ။ မီးဘုရင်ခန်းမရဲ့ လူတစ်ယောက်ကို ထိတာ မင်းကိုယ့်သေတွင်းကိုယ်တူးသလိုပဲ”

တုပင်းက ပြင်းထန်‌သော်လည်း တုန်လှုပ်နေသောအသံဖြင့် ပြောလိုက်သည်။ ရွှယ်အန်းကို သူတစ်ဦးတည်းက မည်ကဲ့သို့ ဖြေရှင်းနိုင်မည်နည်း။ ထို့ကြောင့် သူက ရွှယ်အန်း ကြောက်ရွံ့လာစေရန် မျှော်လင့်၍ မီးဘုရင်ခန်းမ၏ အမည်ကို ထည့်ပြောခဲ့သည်။

သို့သော် သူ၏ တွက်ချက်မှုက အချည်းအနှီးသာဖြစ်သည်။ ရွှယ်အန်းက သူ့စကားကြောင့် ပြုံးရုံသာပြုံးလိုက်သည်။

“တိုက်ဆိုင်တာပဲ။ တကယ်တော့ မင်းရဲ့ မီးဘုရင်ခန်းမကို ငါရှာနေတာ ကြာပြီ။ အခု မင်း ဒီကို ရောက်လာတာက ငါ့ကို အများကြီးသက်သာစေတယ်။"

တုပင်းက တစ်စုံတစ်ခုကို ပြောတော့မည့်ဆဲဆဲ၌ ထိတ်လန့်သွားသည်။ သို့သော် ရုတ်တရက် ရွှယ်အန်းက သူ့ရှေ့သို့ လျှောက်လာ၍ လည်ပင်းကို ဆွဲကိုင်ကာ လေထဲသို့ မြှောက်လိုက်သည်။

တုပင်းက ဒေါသတကြီးဖြင့် ရုန်းကန်ရန် ကြိုးစားခဲ့သည်။ သို့သော် ထိုအချိန်တွင် ရွှယ်အန်း၏ ဖမ်းချုပ်မှုမှ ရုန်းကန်၍ပင်မရသောကြောင့် ထိတ်လန့်တကြားဖြစ်သွား၏။ ကျာ့ယင်းဖာက ယင်းကိုကြည့်ကာ တစ်ကိုယ်လုံး တုန်နေသည်။

‘ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…’

‘နန်းဆောင်သခင်က အင်မော်တယ်အဆင့်ရှိလောက်တယ်လေ’

‘ဒါတောင် ရွှယ်အန်းက သူ့ကို လက်တစ်ဖက်တည်းနဲ့ ဆွဲမနိုင်တာလား’

ထိုအချိန်တွင် ရွှယ်အန်းက ခရမ်းရောင်မျက်နှာဖြစ်နေသော တုပင်းကိုမော့ကြည့်လိုက်သည်။

“မင်းက အင်မော်တယ်ကျင့်ကြံရေးအဆင့်လောက်ရောက်နိုင်တာနဲ့ ထူးခြားနေပြီလို့ မထင်လိုက်နဲ့။ ငါ့အတွက် တကယ့် အင်မော်တယ်တွေတောင်မှ ခွေးတွေ ဝက်တွေလိုပဲကွ”

ထိုစကားများကို ကြားလိုက်သောအခါ တုပင်းက ပြင်းထန်စွာ တုန်လှုပ်သွားကာ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ အပြည့်ပေါ်လာသည်။

ထို့နောက် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မင်းရဲ့ နတ်အာရုံက ဒါကို မြင်နိုင်မယ်ဆိုတာ ငါသိပါတယ်၊ ဒါကြောင့် မင်းကို ကြိုပြောထားမယ် မင်းလည်ချောင်းကိုရှင်းပြီး ငါသတ်တာကို စောင့်နေ”

ထိုသို့ပြော၍ ရွှယ်အန်းက သူ့လက်ထဲသို့ ဖိအားအနည်းငယ်ထည့်လိုက်ရာ အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် တုပင်း၏ လည်ပင်းက ကြိုးသွားသည်။ သူ၏ ဦးခေါင်းက မြေပြင်ပေါ်သို့ ပြုတ်ကျလျက် ကျာ့ယင်းဖာ၏ ခြေထောက်များနားသို့ လိမ့်သွားသည်။

ထိုအချိန်တွင် ကျာ့ယင်းဖာ၏ ခြေထောက်များက အလွန်တုန်ယင်နေကာ မထိန်းနိုင်တော့သဖြင့် ဆီးနံ့များက လေထုထဲသို့ ပျံ့လွင့်လာသည်။ ထိုအခိုက်၌ သူမည်မျှ မိုက်မဲခဲ့သည်ကို ရုတ်တရက် သိလိုက်ရသည်။

ပြိုင်ဘက်ကင်း နန်းဆောင်သခင်သည် ဤလူရှေ့တွင် ရုန်းကန်ခြင်းမရှိဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

တစ်ချိန်က သူ့ကို အင်မော်တယ်တစ်ပါးအဖြစ် သတ်မှတ်ခဲ့ခြင်းက ဟာသတစ်ခုပင်ဖြစ်၏။ ရွှယ်အန်းက ကျာ့ယင်းဖာကို ငုံ့ကြည့်ပြီးနောက် ခေါင်းယမ်းကာ ထွက်သွားသည်။

ဤလူကို သူ့လက်နှင့် သတ်ခြင်းက လက်ကိုသာ ညစ်ပတ်စေလိမ့်မည်ဖြစ်သည်။

ကျာ့ယင်းဖာက သက်ပြင်းတစ်ချက်ချလိုက်သည်။

သူသေရတော့မည်မဟုတ်ဟု ထင်ရသောကြောင့် စိတ်သက်သာရာရသွားသည်။

သို့သော် ထိုအတွေးက စိတ်ထဲရောက်လာသောအခိုက်၌ သူ့ကျောမှ စူးရှသော နာကျင်မှုတစ်ခုက သူ့ကို လက်တွေ့ဘဝသို့ ပြန်ရောက်သွားစေသည်။

အောက်ကိုငုံ့ကြည့်လိုက်သောအခါ ရင်ဘတ်ထဲမှ ဓားရှည်တစ်စင်းထွက်လာသည်ကို မြင်လိုက်ရသည်။

ကျာ့ယင်းဖာက တောင့်တင်းစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဒေါသတကြီး သူ့ကိုကြည့်နေသည့် ပျံ့ထျန်ကိုမြင်လိုက်ရ၏။

“ထွီး.. ခွေးသား နင်ကများ ငါ့အစ်မကို အနိုင်ကျင့်ရဲတယ်ပေါ့။ ငရဲကို သွားသေလိုက်”

အခန်း(၄၇၁) မိန်းကလေးလု ကျေးဇူးပြုပြီး ပြန်ပါတော့

ကျာ့ယင်းဖာသည် ကလေးမလေး၏လက်တွင် သေဆုံးလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ဒေါသတကြီး အော်လိုက်ကာ ပျံ့ထျန်ကို ဖမ်းရန် လက်လှမ်းလိုက်သည်။

ပျံ့ထျန်က ကြောက်လန့်တကြား ခြေတစ်လှမ်းဆုတ်လိုက်၏။

ထိုအချိန်၌ပင် ကျာ့ယင်းဖာ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ပေါက်ကွဲသွား၏။ သွေးများ အသားများ ပျံ့နှံ့သွားသောအခါမှ ကျိုးသာ့နျိုက သူ၏ လက်သီးကို ရုတ်သိမ်းလိုက်သည်။

ကျိုယိက ဘေးမှ ကူကယ်ရာမဲ့စွာပြောလိုက်၏။

“ငါ ဒီလောက်ခွန်အားမသုံးဖို့ အခုလေးတင်ပြောလိုက်တာကို။ အခုဖြစ်တာကိုကြည့်ဦး ကလေးမလေးတစ်ကိုယ်လုံး သွေးတွေပေကျံကုန်ပြီ”

ဤသည်ကိုကြားသောအခါ ကျိုးသာ့နျိုက ပျံ့ထျန်ကို တောင်းပန်ရန် ပြုံးပြလိုက်သည်။

ပျံ့ထျန်က ရယ်ရခက်ငိုရခက်ဖြစ်လျက် ကျိုးသာ့နျိုက သူမကို ကယ်တင်လိုက်ခြင်းဖြစ်ကြောင်း သိသောကြောင့် သူမက ကျေးဇူးတင်စွာပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး သာ့နျို”

ကျိုးသာ့နျို၏ မျက်နှာက ချက်ချင်းပင် နီရဲသွားကာ တုံ့ပြန်ရန် ခေါင်းညိတ်ပြီးနောက် အော်ဟစ်ကာ လှည့်ထွက်ပြေးသွားသည်။ တိုက်ပွဲ အစမှအဆုံးထိ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်မျှသာ ကြာမြင့်ခဲ့သည်။

မီးနတ်ဘုရားနန်းဆောင်သခင်အပါအဝင် အားလုံးက ယခုအခါတွင် သေဆုံးသွားကြသည်။ ရွှယ်အန်းက မြို့သခင်အိမ်တော်ရှေ့၌ ရပ်၍ မီးဖီးနစ် အဖွဲ့ဝင်များကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ဤ ခွန်းလွန်လျှို့ဝှက်နယ်မြေအတွင်း ဝိညာဉ်စွမ်းအင်က ကမ္ဘာမြေထက် များစွာ ပိုမိုသိပ်သည်းသည်။

မီးဖီးနစ်၏အဖွဲ့ဝင်များဝင်ရောက်လာပြီးနောက် ၎င်းတို့သည် ရေထဲတွင်ရှင်သန်နေသော ငါးများကဲ့သို့ ရက်ပိုင်းအတွင်းတွင် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်များ တိုးမြင့်လာကြသည်။

မှန်သည်။ ဤသည်က မီးဖီးနစ်အဖွဲ့ဝင်အားလုံးက ပါရမီရှင်များဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်များက တိုးတက်ရန် အဆင်သင့်ဖြစ်နေကြသည်မှာကြာပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဝိညာဉ်စွမ်းအင် ရှားပါးလာခြင်းကြောင့် စစ်မှန်သော အောင်မြင်မှုများ ရရှိရန် လုံလောက်သော စွမ်းအင်ကို ဖြည်းညှင်းစွာ စုဆောင်းရန် လိုအပ်လာခဲ့သည်။ ထို့အပြင် ဤခွန်းလွန်လျို့ဝှက်နယ်မြေ၏ သိသည်းသော ဝိဉာဥ်စွမ်းအင်က ၎င်းတို့ကို အချိန်ကုန် သက်သာစေခဲ့သည်။

ထိုကြောင့် ဤနေရာတွင် တစ်ရက်မျှ ကျင့်ကြံခြင်းက ကမ္ဘာမြေပေါ်တွင် ဆယ်ရက်ကြာ ကျင့်ကြံခြင်းထက် များစွာသာလွန်၏။ ထို့ကြောင့်ပင် မီးဖီးနစ်အဖွဲ့သားများအားလုံးက အလွန်အမင်း စိတ်အားထက်သန်လျက် နေ့နေ့ညည ပြင်းပြစွာ လေ့ကျင့်ကြသည်။ ဤသို့ဖြင့် ဤတိုက်ပွဲတွင် ကျီကျိုးမြို့သခင်အိမ်တော်မှ ကျွမ်းကျင်သူများကို အလွယ်တကူကိုင်တွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပျံ့ချင်မုက ကမ္ဘာသစ်တစ်ခုဆီသို့ မျက်လုံးဖွင့်ကြည့်လိုက်သည့်အလားခံစားလိုက်ရသည်။

ချန်ဟောက်နှင့် အခြားသူများ၏ နည်းဗျူဟာများက သူမကို အလွန် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ယနေ့မတိုင်ခင်ကအထိ ထိုသို့သော နည်းဗျူဟာများဖြင့် တိုက်ခိုက်နိုင်သည်ကို သူမမသိခဲ့ပေ။

“ဆရာ မီးဖီးနစ်အဖွဲ့သားတွေအားလုံး အသေအပျောက်မရှိဘဲ ရန်သူသုံးဆယ့်ရှစ်ယောက်ကို ချေမှုန်းနိုင်ခဲ့ပါပြီ။ ကျေးဇူးပြုပြီး ညွှန်ကြားပါ” ချန်ဟောက်က မတ်တပ်ရပ်၍ ဂုဏ်ယူစွာပြောလိုက်သည်။

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်၏။

"အရမ်းကောင်းတယ်၊ ဒါပေမယ့် ဒါက အစပဲရှိသေးတယ်။ တကယ့်ဓားသွေးကျောက်က ရှိသေးတယ်။ မင်းတို့... ယုံကြည်မှုရှိလား"

“ဟုတ်”

"ကောင်းပြီ သွားကြစို့"

ဤတစ်ကြိမ်တွင် ရွှယ်အန်းက ခွန်းလွန်မြို့ကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်၌ ခွန်းလွန်မြို့ရှိ မီးနတ်ဘုရားကျောင်းအတွင်းရှိ မီးဘုရင်နန်းဆောင်၏ နန်းဆောင်သခင်သည် အိပ်နေရာမှ ရုတ်တရက် နိုးထလာသည်။ ထို့နောက် ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။

“တစ်ယောက်ယောက်လာခဲ့”

“နန်းဆောင်သခင်” အမှောင်ထဲမှ လူတစ်ယောက်က ပြန်ဖြေလိုက်သည်။

“အစောင့်အကြပ်ကို ခိုင်ခံအောင်လုပ်ဖို့ အမိန့်ပေးတယ်…သူပြန်လာပြီ”

“ဟုတ်”

ထိုလူထွက်သွားပြီးနောက်၊ မီးဘုရင်နန်းဆောင်သခင် လိုင်ရှို့သည် ဧကရာဇ်မင်းတစ်ပါးကဲ့သို့ ကြီးကျယ်ခမ်းနားသောပုံစံဖြင့် ထိုင်နေသည်။ ရွှယ်အန်း ကြိုတင်မှန်းဆထားသကဲ့သို့ပင် သူသည် နန်းဆောင်သခင်နှင့် အခြားသူများ၏ အသိစိတ်ပင်လယ်ထဲ၌ မြှုပ်နှံထားသည့် နတ်အာရုံဖြင့်

ဖြစ်ပျက်သမျှကို အာရုံခံစားနိုင်သည် ။

ထို့ကြောင့် ရွှယ်အန်း၏ စကားကိုလည်း ကြားလိုက်ရသည်။

“တုပင်းနဲ့ အခြားသူတွေရဲ့ အလောင်းတွေကနေကြည့်ရသလောက်တော့ မင်းက တကယ်ကျွမ်းကျင်တာပဲ” လိုင်ရှို့က ခပ်တိုးတိုးပြေလိုက်ရာ မီးအလင်းဖြင့် လင်းထိန်နေသော နတ်ဘုရားရုပ်တု၏ မျက်လုံးများက မီးရောင်ဖြင့် တဖျပ်ဖျပ်လတ်သွားပုံရသည်။ ဤအခန်းသည် အလွန်အဆင့်မြင့်သော ဇိမ်ခံနန်းဆောင်ဖြစ်သည်။

ခမ်းနားထည်ဝါသောအဝတ်အစားများပြုလုပ်ရန်အသုံးပြုသည့် တိမ်လွှာပိတ်စများကို အခန်းတစ်ခန်းလုံးအလှဆင်ရန် ချိတ်ဆွဲထားသည်။ ရွှေဒြပ်စင်ငါးမျိုးဖြင့် ပြုလုပ်ထားသော အမွှေးတိုင်မီးဖိုမှ အပြာရောင်မီးခိုးငွေ့များ လွင့်ပျံလာသည်။ သင်းပျံ့သောရနံ့သည် အခန်းထဲကို လွှမ်းခြုံသွားကာ လောကီလောကကို မေ့သွားစေသည်။

တောက်ပသောမျက်နှာနှင့် လှပသောအမျိုးသမီးတစ်ဦးက အတန်ငယ် ခယသော အသံမျိုးဖြင့် ပြောလိုက်သည်။

“ကြီးမြတ်တဲ့ လေပြင်းမျှော်စင်ရဲ့ သခင်မရှင့် မီးဘုရင်နန်းဆောင်က လောလောဆယ် အစောင့်တွေ အားဖြည့်ထားတဲ့ပုံရတယ်”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မိန်းမတစ်ယောက်၏ ရယ်မောသံက ကုတင်နောက်ကွယ်မှ ထွက်ပေါ်လာသည်။

“အဟက် ဒီကောင် လောင်ရှို့က ဘယ်တော့မှာ မသေချာတဲ့အကျင့်မရှိဘူး။ ဆိုလိုတာက… အင်မော်တယ်နန်းတော်ကို ဖျက်ဆီးခဲ့တဲ့ ရွှယ်အန်းပြန်ရောက်လာပြီပဲမဟုတ်လား"

မည်သူမျှ ပြန်မဖြေရဲကြပေ။

ကျောက်စိမ်းမှ ဖြည်းညှင်းစွာထုလုပ်ထားသည်ဟုထင်ရသော ခြေထောက်တစ်ချောင်းက ဆန့်ထွက်လာကာ ကုတင်ရှေ့ရှိ ပူနွေးသော ရေနွေးဇလုံထဲသို့ စိမ်လိုက်သည်။ သူမ၏ မျက်နှာကို ရှင်းလင်းစွာမမြင်ရသည့်တိုင် ရောင်ပြန်ဟပ်နေသောပုံရိပ်ကို မြင်နိုင်ရုံမျှဖြင့်ပင် သွေးများတစ်ဟုန်ထိုး တိုးလာစေနိုင်သည်။ သို့သော် ထိုအမျိုးသမီးများကမူ ခေါင်းကို ငုံ့ထားကာ ပေါ့ပေါ့ဆဆ မကြည့်ရဲကြပေ။

“အမိန့်ကို ဖြန့်လိုက်။ အချက်အလက်တွေကိုသေချာစုဆောင်းပါ။ ရွှယ်အန်းက ခွန်းလွန်ကို ဘယ်အချိန်ဝင်မလဲဆိုတာ အတိအကျသိချင်တယ်။ သူ့ရဲ့ အသေးစိတ် နောက်ကြောင်းအကုန်လုံးကို စုံစမ်း”

“ဟုတ်”

ခွန်းလွန်မြို့၏ ငြိမ်သက်နေသော ရေများက ထပ်မံ၍ လှုပ်ခါစပြုလာသည်။ သို့သော် ဤအရာအားလုံးကို ကျူးရူယန်က မသိခဲ့ပေ။ ရွှယ်အန်းက သင်ကြားပေးခဲ့သော ကျင့်ကြံနည်းကို လေ့ကျင့်၍ ယခုအခါတွင် သူမ၏ နယ်မြေကို တစ်ခါမျှ စွန့်ခွာသွားခဲ့ခြင်းမရှိခဲ့ပေ။

သို့သော် သူမက အပြင်သို့မထွက်လိုခြင်းမဟုတ်ဘဲ မထွက်နိုင်ခြင်းသာဖြစ်သည်။

ရွှယ်အန်း၏ ဘက်တွင် တစ်ချိန်က နေခဲ့ဖူးသော လူတစ်ဦးအနေဖြင့် ယခုအခါတွင် သူမက မီးနတ်ဘုရားနန်းဆောင်နှင့် လေပြင်းမျှော်စင်နှစ်ခုလုံး၏ အနီးကပ်စောင့်ကြည့်ခြင်းခံနေရသဖြင့် တစ်နည်းအားဖြင့် ပြောရလျှင် နေအိမ်အကျယ်ချုပ်ချခံထားရခြင်းကဲ့သို့ပင်ဖြစ်သည်။ ပြတင်းတံခါးမှ ခေါက်သံကြောင့် ကျူးရူယန်က နက်ရှိုင်းစွာ တရားထိုင်နေရာမှ နိုးထလာသည်။ မော့ကြည့်လိုက်သော ညီမဖြစ်သူ လုရွှင်ရွှယ်ကို မြင်လိုက်ရသဖြင့် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တံခါးဖွင့်လိုက်သည်။

“စီနီယာအစ်မ”

လုရွှင်ရွှယ်က ရှက်ရွံ့နေသော အမူအရာမျိုးဖြင့် ဘေးသို့ ဖယ်လိုက်ရာ ကျူးလေ့နှင့် အခြားသူများကို သူမနောက်တွင်တွေ့လိုက်ရသည်။ ဤလူများကိုတွေ့လိုက်ရသည်နှင့် ကျူးရူယန်၏ အမူအရာက စိတ်တိုသည့်ပုံစံမျိုးသို့ပြောင်းလဲသွားသည်။

“စီနီယာအစ်မ…”

ကျူးလေ့က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“ရူယန် ညီမလေး ရွှင်ရွှယ်ကို အပြစ်မတင်ပါနဲ့ အစ်ကို သူ့ကို ဒီလိုလုပ်ခိုင်းလိုက်တာပါ”

“ရှင် ဘာလိုချင်လို့လဲ” ကျူးရူယန်က လေသံမာမားဖြင့်မေးလိုက်သည်။

“ညီမလေးရူယန် မင်းက အစ်ကိုလို့တောင်မခေါ်တော့ဘူးပဲ”

ကျူးရူယန်က လှောင်ရယ်လိုက်သည်။

“ရှင်နဲ့မတန်လို့လေ”

ကျူးလေ့က သက်ပြင်းမသိမသာချလိုက်၏။

“ဒါဆိုကောင်းပြီ။ အစ်ကို ဒီကို အခြားအကြောင်းပြချက်ရှိလို့ ရောက်နေတာမဟုတ်ဘူး။ ရွှယ်အန်းသင်ပေးခဲ့တဲ့ ကျင့်ကြံရေးနည်းလမ်းကို အစ်ကို့ကို ပေးပါ။ ဒါဆို အစ်ကို ပြန်သွားမယ်။ ဘယ်လိုလဲ”

“စဥ်းတောင်မစဥ်းစားနဲ့”

“ညီမလေး ရူယန် နောက်ဆုံးတစ်ကြိမ်အဖြစ် ငါမင်းကို ညီမလေးလို့ခေါ်လိုက်မယ်။ အခု မီးနတ်ဘုရား နန်းဆောင်နဲ့ လေပြင်းမျှော်စင်က ခွန်းလွန်ကိုသိမ်းပိုက်လိုက်ပြီဆိုတော့ ပြန်ဖို့ မဖြစ်နိုင်တော့ဘူး”

"မင်းငါ့ကို ကျင့်စဥ်လွှဲပေးရင် မင်းရဲ့ လုံခြုံရေးကို အာမခံပေးပါမယ်”

“ရှင်က ကျွန်မ လုံခြုံရေးကို ဘယ်လိုအာမခံနိုင်မှာလဲ။ မီးနတ်ဘုရားနန်းဆောင် ဒါမှမဟုတ် လေပြင်းမျှော်စင်ကလူတွေဆီ ဦးညွတ်ခိုင်းပြီးတော့လား။ စိတ်မကောင်းပါဘူး ကျွန်မမလုပ်နိုင်ဘူး” ကျူးရူယန်က အေးစက်စွာပြောသည်။

ကျူးလေ့၏ အမူအရာက အရုပ်ဆိုးသွားသည်။

“ရူယန် ခေါင်းသိပ်မမာပါနဲ့။ သူပြန်မလာနိုင်တော့ဘူး။ သူလာရင်တောင် မင်းသေရမှာပါ။ မင်းဆက်ပြီး ခေါင်းမာနေရင် မင်းသေရင်တောင် အလောင်းမြှုပ်ဖို့ နေရာရမှာမဟုတ်ဘူး”

“ဟား ရှင်က ကြောက်နေတာပဲ မဟုတ်ဘူးလား။ ဘာ ရှင်ကများ သူနဲ့ရင်ဆိုင်ဖို့ ကျွန်မ ကျင့်ကြံရေးနည်းလမ်းကို သုံးချင်နေတာလား။ မဖြစ်နိုင်ဘူးလို့ ကျွန်မ ပြောလိုက်မယ်။ ကျွန်မသေရင်တောင် သူ့ကို သစ္စာမဖောက်ဘူးရှင့်” ကျူးရှုယန်က တင်းမာသောမျက်နှာဖြင့် ပြောလိုက်သည်။

ကျူးလေ့၏ အမူအရာက နောက်ဆုံးတွင် အေးစက်သွားသည်။

“ဒါဆိုကောင်းပြီ။ မင်းက ဒီလောက်တောင်ဖြစ်နေမှတော့ ငါထပ်ပြီး ပြောစရာမရှိတော့ဘူး။ ဒါပေမယ့် ငါမင်းကို ပြောရမယ်။ သေခြင်းတရားထပ်ပိုဆိုးတဲ့အရာတွေအများကြီးက မင်းကို စောင့်နေတယ်ကွ”

ထိုသို့ပြော၍ ကျူးလေ့က လှည့်ထွက်သွားသည်။ ကျူးရူယန်၏ လက်များက တံခါးဘောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် လက်ချောင်းများမှ သွေးများပင်ဆုတ်ယုတ်ကာ ဖြူဖျော့လာသည်။

လုရွှင်ရွှယ်က လေးလေးနက်နက် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ညီမ…”

“မပြောနဲ့တော့ မိန်းကလေး လု၊ ကျေးဇူးပြုပြီး ထွက်သွားပါ” ကျူးရူယန်က ပြော၍ တံခါးကို လှည့်ပိတ်လိုက်သည်။

လုရွှင်ရွှယ်က တံခါးတွင် ကြောင်အစွာရပ်နေ၏။

မိန်းကလေးလု…

ဤအခေါ်အဝေါ်က သူမကို ခါးသက်စွာပြုံးသွားစေသည်။

All Chapters