အခန်း (၄၇၅-၄၇၇)
Vol. 32 Ch. 475-477
အခန်း(၄၇၅) ဒါက လက်စားချေခြင်းပဲ
အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ စောင့်မျှော်နေခဲ့သည့်အသံကို ကြားလိုက်ရသောကြောင့် ကျူးရူယန်က အနည်းငယ်မော့ကြည့်လိုက်သည်။
အိပ်မက်ထဲတွင်ပေါ်လာတတ်သော တောက်ပသည့်အပြုံးကို သူမမြင်လိုက်ရသည်။
ကျူးရူယန်၏နှုတ်ခမ်းဖျားများတွင် အပြုံးတစ်ခုပေါ်လာ၏။
အံ့သြစရာကောင်းလိုက်တာ။
သူပြန်လာပြီ
ပြသနာအားလုံး ပြေလည်သွားမှာပါ။
လန့်လုံက သူ၏ ကျန်ရှိသော မျက်လုံးတစ်လုံးဖြင့် ရွှယ်အန်းကို စူးစိုက်က်ကြည့်ကာ အကြည့်များတွင် ဒေါသနှင့် ထိတ်လန့်မှုတို့ကြောင့်င တ်စဖျပ်ဖျပ်လတ်နေသည်။
သူ့ဘေးမှ ကျူးလေ့က သစ်ရွက်ကဲ့သို့ တုန်ယင်လျက် ပြောလိုက်သည်။
“သခင်.. သခင်…အဲ့တာ ရွှယ်အန်း
ရွှယ်အန်းက လက်ရှိတွင် မြေပြင်ပေါ်ရှိ ကျူးရူယန်နှင့်လုရွှင်ရွှယ်တို့ကို ငုံ့ကြည့်နေသည်။ ခဏအကြာတွင် သူက သက်ပြင်းချ၍ လန့်လုံကို မော့ကြည့်လိုက်သည်။
“ဒါ မင်းလုပ်ထားတာလား”
လန့်လုံက တစ်ခဏမျှ ထိတ်လန့်သွားကာ ပြောလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ။ သူတို့က ဈေးပေါတဲ့ မိန်းမနှစ်ယောက်ပဲ..."
"ဒါဆို ကောင်းပြီ" ရွှယ်အန်းက စကားစဖြတ်ပြီးနောက် နေရာမှ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခိုက်၌ လန့်လုံ၏ရှေ့၌ ရပ်နေပြီဖြစ်ကာ ရုတ်တရက် လည်ချောင်းကိုဆုပ်ကိုင်လိုက်သည်။
လန့်လုံက အသည်းအသန်ရုန်းကန်ကာ ပျက်ဆီးသွားခဲ့သော လျို့ဝှက်ဆန်းကြယ်ငှက်၏ပုံရိပ်ကို တစ်ဖန်ပြန်လည် အသက်သွင်းရန် ကြိုးစားလိုက်သည်။ အင်မော်တယ်အဆင့်ကျင့်ကြံရေးစွမ်းအားများကို ငှားယူကာ ဤလျို့ဝှကဆန်းကြယ်သော ငှက်၏ ကြောက်မက်ဖွယ်ရောင်ဝါကို ဖြည့်တင်းလိုက်သည်။
လန့်လုံက တစ်ဟုန်ထိုး စိတ်လှုပ်ရှားသွားသကဲ့သို့ ခံစားလိုက်သည်။ သူသာ ဤအခွင့်ကိုဆုတ်ကိုင်၍ ရွှယ်အန်းကို သတ်နိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိုသို့ဖြင့် လျို့ဝှက်ဆန်းကြယ်ငှက်၏ ပါးစပ်ကိုဖွင့်လိုက်သောအခါ မီးတောက်တစ်ခုထွက်လာသည်။ မီးက ပြင်းလွန်းလှသဖြင့် လေများပင်လျှင် လောင်ကျွမ်းကာ တဖောက်ဖောက်ပေါက်ကွဲလျက်ရှိသည်။
သို့သော် ရွှယ်အန်းက ဘာသိဘာသာ ပြုံး၍ ကျယ်လောင်စွာအော်လိုက်သည်။
“သေစမ်း”
လျို့ဝှက်ဆန်းကြယ်ငှက်၏ပုံရိပ်က ဤအော်သံကိုကြားသောအခါ ခုခံနိုင်စွမ်းပင်မရှိတော့ဘဲ အပိုင်းပိုင်းတိုက်ရိုက်ပေါက်ကွဲသွားသည်။
လန့်လုံအံ့ဩသွားသည်။
‘ဒါဘယ်လိုဖြစ်နိုင်မှာလဲ’
ကြီးကျယ်ခမ်းနားသော လေပြင်းမျှော်စင်မှ ကိုးကွယ်သော လျို့ဝှက်ဆန်းကြယ်ငှက်၏
ပုံရိပ်ကို အမှန်တကယ် မည်သို့ ဖြိုခွဲနိုင်မည်နည်း။
‘ဒီ…’
သူ့နှလုံးသားထဲသို့ အကြောက်တရားက ချက်ချင်းတိုးဝင်လာသည်။ ရွှယ်အန်းက သူ၏လည်ပင်းကို တင်းကြပ်စွာ ညှစ်ထားသည်။
ဘမ်း
ကြမ်းပြင်ကြီးက ရုတ်တရက် အပိုင်းပိုင်းကွဲကြေသွားသည်။ သစ်သားအပိုင်းအစများက လန့်လုံ၏ မျက်နှာထက်သို့ တိုက်ရိုက်ပျံ့လွင့်ထိုးစိုက်သွားသည်။
ဤသည်က လန့်လုံကိုအလွန်အမင်း ဒေါသဖြစ်စေ၏။
“ခွေးမသား ငါမင်းကို သတ်မယ်”
သို့သော် သူမည်မျှပင်ကြိုးစားစေကာမူ သူ့လည်ချောင်းကိုဖိထားသည့်လက်က သံမဏိကဲ့သို့ မာကျောလှကာ လှုပ်ရှား၍မရနိုင်ဖြစ်နေသည်။ လန့်လုံ၏ ဦးခေါင်းက ကြမ်းပြင်တွင် မြုပ်နှံထားရကာ ခြေလက်များက ဒေါသတကြီးရုန်းကန်နေသည်။ လွတ်မြောက်အင်မော်တယ်အဆင့်က သူ့၏ ရုန်းကန်မှုကို အလွန်အမင်း စွမ်းအားကြီးစေသည်။ အနည်းဆုံးအနေဖြင့် အဆောက်အဦတစ်ခုလုံးက ထိုအလေးချိန်ကို မတောင့်ခံနိုင်သဖြင့် ကျယ်လောင်သောအသံများနှင့် တုန်ယင်နေသည်။
ဤသည်ကိုမြင်သောအခါ ရွှယ်အန်းက အေးစက်စွာရယ်မော၍ ရုတ်တရက် လက်သီးကိုမြှောက်လိုက်သည်။
ဘမ်း
ရွှယ်အန်း၏ လက်သီးက သူ၏ ကျောရိုးကို တိုက်ရိုက် ခြေခွဲပစ်လိုက်သည်။ သို့သော် အင်မော်တယ်အဆင့်၏ ကုစားနိုင်စွမ်းက သူ၏ ဒဏ်ရာများကို အလျင်အမြန်သက်သာသွားစေသည်။ ရွှယ်အန်းက ခပ်ပါးပါးပြုံးကာ လက်သီးတစ်ချက်ပြီးတစ်ချက်ထိုးချလိုက်သည်။ လန့်လုံ၏ ခန္ဓာကိုယ်က လက်သီးတစ်ချက်စီတိုင်းကြောင့် တုန်ယင်နေသည်။
လက်သီးချက်များစွာအဆုံးတွင် လန့်လုံက လက်ကို မြှောက်လိုက်သည်။
အလင်းတန်းတစ်ခုက ပျက်ဆီးသွားသောနေရာများကို ကုသရန် ကြိုးစားနေသော်လည်း လန့်လုံ၏ ခေါင်းက ပြားချပ်နေပြီဖြစ်သည်။ ဝက်တစ်ကောင်ကဲ့သို့ ဖောင်းကားရောင်ကိုင်းနေသော လန့်လုံ၏မျက်နှာကထက်တွင် ကြောက်လန့်တရားများနှင့်ပြည့်နေသေးသည်။
“မင်း…”
ရွှယ်အန်းက ခေါင်းကိုခါလိုက်သည်။
“အစကတော့ မင်းဘဝကိုလက်သီးတစ်ချက်တည်းနဲ့အဆုံဂသတ်မလိုပဲ။ ဒါပေမယ့် မင်းရူယန်နဲ့ အခြားသူတွေကိုလုပ်ခဲ့တာတွေက ငါ့ကို ဒေါသထွက်စေတယ်။ ဒါ့ကြောင့် ငါမင်းအတွက်ပျော်ရွှင်စရာ ညနေခင်းလေးတစ်ခု ဖန်တီးပေးသင့်တယ်လို့တွေးမိတယ်”
ဤအခိုက်အတန့်၌ လန့်လုံ၏မျက်နှာမှ ရောင်ကိုင်းဒဏ်ရာကပြေလျော့သွားပြီးနောက် ဒေါသတကြီးအော်သံထွက်လာသည်။
“မင်းဘာဆက်လုပ်မှာလဲ”
လန့်လုံက ဤအခိုက်အတန့်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
တန်ပြန်တိုက်ခိုက်ရန် အကြိမ်ကြိမ်ကြိုးစားမှုအားလုံးသည် အချည်းနှီးပင်ဖြစ်သွားသည်။ ရွှယ်အန်း၏ ကျင့်ကြံရေးအဆင့်က သူ့ထက် အဆပေါင်းများစွာပိုမိုမြင့်မားကြောင်း ထင်ရှားလှသည်။
ဤသည်ကလည်း လန့်လုံ၏ မောက်မာမှုကို သိသိသာသာလျော့ပါးသွားစေသည်။ ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“ဘာမှတော့မဟုတ်ပါဘူး။ သေတဲ့အထိ နှိပ်စက်ခံရသလို ခံစားချက်လေးကို အမြည်းလေးကြွေးချင်လို့”
“လာခဲ့ကြ” ရွှယ်အန်းကညင်သာစွာပြောလိုက်သည်။
“သူ၏အသံထွက်ပေါ်လာသည်နှင့် ချန်ဟောက်နှင့်အခြားသူများက အမျိုးမျိုးသော နေရာများမှ နောက်ဆုံးတွင်ထွက်ပေါ်လာသည်။
“ဒီကောင်ကို မင်းတို့ဆီအပ်လိုက်ပြီ။ အခု သူ့ကို မင်းတို့ လေ့လာထားတဲ့ စစ်ကြောရေးနည်းပညာတွေအကုန် ထုတ်သုံးလိုက်ကြ”
“ဟုတ်ကဲ့ပါ နည်းပြ” ချန်ဟောက်က ခေါင်းညိတ်လိုက်သည်။
လန့်လုံ၏နှလုံးသားက ပျော်ရွှင်မှုဖြင့် ခုန်ပေါက်သွားသည်။
ရွှယ်အန်း၏ ထိန်းချုပ်မှုအောက်မှ လွတ်နိုင်ပါက တစ်နည်းနည်းဖြင့် သူလွတ်မြောက်နိုင်သေးသည်။ သို့သော် ရွှယ်အန်းက သူ့ကို ထိုအခွင့်အရေးအားလုံးဝမပေးခဲ့ပေ။
သူက လက်သီးကိုမြှောက်၍ လန့်လုံ၏ဒန်ထျန်ကို တိုက်ရိုက် ထိုးချလိုက်သည်။
ဘမ်း
လန့်လုံ၏ခန္ဓာကိုယ်မှ အသံတစ်ခုထွက်ပေါ်လာပြီးနောက် တစ််စုံတစ်ယောက်ကသူ၏ လေအဆို့ရှင်ကို ဖွင့်လိုက်သကဲ့သို့ သူ၏ရောင်ဝါများအားလုံးက အပြင်သို့ ထွက်ကာ တဖြည်းဖြည်း ဖြူဖျော့လာသည်။
“မင်း… မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”လန်ု့လုံက အနိုင်ကျင့်ခံရသော မိန်းကလေးတစ်ဦးကဲ့သို့ တုန်ယင်စွာဖြင့် ပြောလိုက်သည်။
ရွှယ်အန်းက ဘာသိဘာသာပြောလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး။မင်းရဲ့ ကျင့်ကြံရေးအဆင့်ကို ဖျက်ပစ်လိုက်တာ”
“မဖြစ်ဘူး..မဖြစ်ဘူး… မင်းက နတ်ဆိုး…” လန့်လုံက ရူးသွပ်သွားတော့မည့်အလားဖြစ်သွားသည်။
သူ၏ခက်ခဲသောကျင့်ကြံမှုများက ဤလူ၏ လက်သီးတစ်ချက်တည်းအောက်၌ ပျက်ဆီးသွားသည်။
“နတ်ဆိုးဟုတ်လား။ မင်းထက်အားနည်းတဲ့သူတွေကို သက်သက်မဲ့ သတ်ပြီး မင်းကိုယ်မင်း ဘာလို့ နတ်ဆိုးလို့ မတွေးကြည့်တာလဲ”
လန့်လုံက ဆွံ့အသွားသည်။
ကျိုယိက ရှေ့သို့တိုးလာကာ လန့်လုံ၏ဆံပင်ကိုဆွဲ၍နံဘေးရှိ အခန်းဆီသို့ဆွဲခေါ်သွားသ်ည။
"မဟုတ်ဘူး၊ မလုပ်ပါနဲ့၊ ငါမင်းကို မင်းလိုချင်တာမှန်သမျှ ပေးနိုင်တယ်၊ ဒီလိုမလုပ်ပါနဲ့... ငါ ငယ်ငယ်ကတည်းက မိဘတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံခဲ့ရတယ်၊ ပြီးတော့ လေပြင်းမျှော်စင်ရဲ့ သခင်မဆီမှာ နှိပ်စက်ခံရတယ်။ ဒါတွေကြောင့် ငါဒီလိုဖြစ်လာတာပါ။ ရွှယ်အန်း ငါ့ကို အခွင့်အရေးပေးပါ။ ငါမှားသွားပါတယ်။ ငါ့ကို သက်ညှာပေးပါ” လန့်လုံသည် ကြောက်လန့်မှုအပြည့်ဖြင့် အော်ဟစ်နေလေသည်။
ရွှယ်အန်းသည် ထိုစကားကိုကြားသောအခါတွင် သူ့နားကို လက်ညိုးဖြင့် အေးအေးဆေးဆေး သန့်စင်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။
"မင်း အနိုင်ကျင့်ခံရတယ်။ မင်းရဲ့အကျင့်စရိုက်က ဒါ့ကြောင့် ဒီလိုဆိုးလာတယ်။ ဟားဟား ဒါက မင်းသူများတွေကို ရက်ရက်စက်စက်သတ်ဖို့ အကြောင်းပြချက်လား။ အခုတော့ မင်း အကြောက်တရားကိုသိပြီပေါ့။ နောင်တရဖို့ အချိန်နှောင်းသွားပြီ။ သူ့ကိုဆွဲထုတ်သွား”
“ဟုတ်” ကျိုယိက အားပါးတရရယ်၍ တောင့်တင်းနေသော လန့်လုံဆီသို့ ကိုယ်ကိုကိုင်းကာပြောလိုက်သည်။
"စိတ်ချပါ သားလေး၊ ငါဘယ်လိုလုပ်ရမယ်ဆိုတာ အထူးလေ့လာထားပြီးပြီ၊ မင်းအတွက် အံ့သြစရာကောင်းတဲ့ညလေးဖြစ်မှာ သေချာပါတယ်"
ထိုသို့ပြော၍ သူက လန့်လုံကို ကပ်လျက်နေရာရှိ အခန်းသို့ဆွဲခေါ်သွားသည်။ အခန်းတံခါးပိတ်လိုက်သည်နှင့် တခဏအတွင်း၌ပင် လန့်လုံ၏အော်သံက အသတ်ခံနေရသော ဝက်တစ်ကောင်၏ အော်သံကဲ့သို့ထွက်ပေါ်လာသည်။
“မလုပ်ပါနဲ့…”
ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်သည်။
၎င်းတို့၏ အရိပ်မဲများကို အခြားသူများကို ထိခိုက်နစ်နာစေရသည့်အကြောင်းပြချက်များအဖြစ်အသုံးပြုသော လူများစွာသူမြင်ခဲ့ဖူးသည်။ ၎င်းတို့က မိမိတို့အလှည့်သို့ရောက်သောအခါတွင် အမှိုက်ကဲ့သို့အင်အားနည်းသွားကြသည်။
ရွှယ်အန်းက သူ့လက်ကိုမြှောက်လိုက်ရာ မမြင်နိုင်သောအတားအဆီးတစ်ခုက အခန်းကို ဖုံးလွှမ်းသွားသည်။
အော်သံက ချက်ချင်းရပ်တန့်သွားသည်။ ထိုမှသာရွှယ်အန်းဘက်သို့လှည့်၍ ခြေထောက်များကြားတွင် ကြောက်လန့်တကြားဆီးသွားထားသော ကျူးလေ့ဘက်သို့လှည့်ကြည့်လိုက်သည်။
"ဟယ်လို၊ ငါတို့ပြန်တွေ့ကြပြီ"
"ကျူးလေ့”
ရွှယ်အန်း၏ အပြုံးသည် ပို၍ အေးစက်လာသည်။
“မင်းညီမကို အာဏာအတွက် အလဲအလှယ်လုပြီး ဘာမှမလုပ်ဘဲ နှိပ်စက်တာကို ထိုင်ကြည့်နေခဲ့တာ အခုတော့ သက်ညှာပေးဖို့ တောင်းဆိုရဲသေးတယ်ပေါ့”
"မင်းဟာ အဲဒီ လန့်လုံထက်တောင် ပိုရွံရှာစရာကောင်းတယ်။ စွန်းလင်"
“ရှိပါတယ်ဆရာ"
"အခုတော့ မင်းအပေါ်မှာပဲ မူတည်တယ်"
“ဟုတ်”
စွန်းလင်သည် အေးစက်စက် ရယ်မော၍ လက်ထဲမှ မီးရောင်တောက်နေသည့်ဓားကို ကိုင်ကာ ရှေ့သို့ လျှောက်သွား၍ ကျူးလေ့၏ အသံကြိုးကို အမြန်ဖြတ်ကာ သူ၏အော်သံများကို တားဆီးလိုက်သည်။
“မင်းက ယောက်ျားစစ်စစ်တစ်ယောက်ရောဟုတ်ရဲ့လား။ ငါတောင် ရှက်တယ်”
ထိုသို့ပြော၍သူက တောင့်တင်းနေသော ကျူးလေ့ကို အခြားအခန်းသို့ ဆွဲခေါ်သွားသည်။
လူသတ်သမားများကို သတ်၍ အနိုင်ကျင့်သူများကို နှိပ်စက်ညှင်းပန်းသည်။
ဤသည်ကို လက်စားချေခြင်းဟုခေါ်သည်။
အခန်း(၄၇၆) မက်မွန်သီးဝိုင်တစ်ခွက်နှင့် ဇီးလေညှင်းများ
ရွှယ်အန်းက ကောင်းကင်ကံကြမ္မာထည့်ထားသော ပုလင်းနှစ်လုံးကိုထုတ်ယူ၍ ကျူးရူယန်နှင့် လုရွှင်ရွှယ်တို့၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ ဤအရာများသည် အခြေခံတည်ဆောက်ရေးဆေးလုံးများထက်ပင် ပိုမို အသုံးဝင်သည်။ ၎င်းက နာမကျန်းမှုများကို ကုသပေးနိုင်ကာ ခန္ဓာကိုယ်ကို အားကောင်းစေသည့် ဆေးတစ်မျိုးပင်ဖြစ်သည်။
ခဏအကြာ၌ ကျူးရူယန်က ပထမဦးစွာ ပြန်လည်ကောင်းမွန်လာကာ အခြားမည်သည်ကိုမျှဂရုမစိုက်ဘဲ ထထိုင်ကာ သူမ၏ အကြီးတန်းအစ်မ လုရွှင်ရွှယ်ထံသို့ တန်းတန်းမတ်မတ်ပြေးသွားသည်။ ထိုအချိန်၌ လုရွှင်ရွှယ်၏မျက်နှာက ဖြူဖျော့နေကာ သူမ၏ လက်ဘယ်ဘက်တစ်ခြမ်းရှိ အရိုးများအားလုံးကို လန့်လုံက ခွဲထုတ်ထားပြီးဖြစ်သည့်အပြင် ပခုံးထက်မှဒဏ်ရာသည်လည်း အလွန်ပြင်းထန်သည်။
သူမက ကောင်းကင်ကံကြမ္မာဆေးကို သောက်ခဲ့သော်လည်း ထိုပြင်းထန်သော ဒဏ်ရာများက အချိန်တိုအတွင်း သက်သာပျောက်ကင်းသွားနိုင်တော့မည်မဟုတ်ပေ။
ကျူးရူယန်၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာသည်။
“မမ….”
လုရွှင်ရွှယ်က တခစ်ခစ်ရယ်လျက် ခေါင်းခါလိုက်သည်။
“မင်း ငါ့ကို မိန်းကလေးလုလို့မခေါ်တော့ဘူးပဲ”
ကျူးရူယန်က ပိုမိုဝမ်းနည်းစွာငိုကြွေးလိုက်သည်။
“မမ… ညီမလေးတောင်းပန်ပါတယ်။ ဒီမနက် ကျူးလေ့နဲ့ပူးပေါင်းလိုက်ပြီလို့ ထင်ခဲ့တာ”
“တကယ်တော့…ဒီမနက် ငါတကယ် မင်းကို ဖြောင်းဖျချင်ခဲ့တာပါ”
“ထပ်မပြောနဲ့တော့ မမ… ညီမလေး တကယ်တောင်းပန်ပါတယ်” ကျူးရူယန်က ကျယ်လောင်စွာအော်ငိုလျက် ပြောလိုက်သည်။
လုရွှင်ရွှယ်က ပြုံး၍ ရွှယ်အန်းဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများက အနည်းငယ်ရှုပ်ထွေးနေသည်။
“လူကြီးမင်းရွှယ်…”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
သူ ယခင်က လုရွှင်ရွှယ်အပေါ် အကောင်းမြင်ခြင်းမရှိခဲ့သော်လည်း ယနေ့ သူမလုပ်ခဲ့သော လုပ်ရပ်များက ထိုအမြင်များကို ပြောင်းလဲသွားစေသည်။
“အဲ့ လန့်လုံက လေပြင်းမျှော်စင်ရဲ့ ထိပ်တန်းအဖွဲ့ဝင်တစ်ယောက်ပဲ။ အခု ရှင်သူ့ကို သတ်လိုက်တာနဲ့ လေပြင်းမျှော်စင်က ကျိန်းသေ ဒေါသဖြစ်လိမ့်မယ်” လုရွှင်ရွှယ်က ပြောလိုက်သည်။
သို့သော် ရွှယ်အန်းက ပြုံးလိုက်၏။
“သူတို့ ဒေါသထွက်ထွက်မထွက်ထွက် အရေးမကြီးတော့ဘူး”
“ဟမ်”
“မီးဘုရင်နန်းတော်နဲ့ လေပြင်းမျှော်စင်တို့လိုနေရာတွေက သိပ်မကြာခင်မှာ ရှိတော့မှာမဟုတ်ဘူး” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
ဤစကားများက လုရွှင်ရွှယ်ကို ထိတ်လန့်စေသည်။
“ရှင် ဂိုဏ်းနှစ်ခုလုံးကို တစ်ချိန်တည်းမှာ ကိုင်တွယ်မှာလား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဂိုဏ်းနှစ်ခုလုံးရဲ့ ဂိုဏ်းခေါင်းဆောင်တွေက ထူးထူးခြားခြား လေးနက်တဲ့ ကျင့်ကြံရေးအဆင့်မှာရှိပြီး သူတို့နှစ်ယောက်လုံးမှာ ရွှေအင်မော်တယ်ကျင့်ကြံရေးအဆင့်ရှိတယ်လို့ပြောကြတယ်”
လုရွှင်ရွှယ်ကကျန်စကားများကို ဆက်မပြောနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ရွှေအင်မော်တယ်ကျင့်ကြံရေးအဆင့်ကို ပြောပြီးသည်နှင့် ရွှယ်အန်း၏ မျက်လုံးများက တောက်ပလာသည်။
“တကယ်လား အံ့သြစရာပဲ” ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
လုရွှင်ရွှယ်က လုံးဝ အံ့သြသွား၏။ အခြားသူများက ၎င်းတို့၏ ပြိုင်ဘက်ကို ရွှေအင်မော်တယ်ကျင့်ကြံရေးအဆင့်တွင်ရှိနေကြောင်း ကြားသိရသောအခါ အကြောက်တရားနှင့် စိုးရိမ်စိတ်တို့ကို ခံစားရပေလိမ့်မည်။
ရွှယ်အန်းသာ ကျေနပ်နေပုံရသည်။
တစ်ချိန်တည်း၌ပင် ကျူးရူယန်က စိတ်ရှုပ်ထွေးစွာဖြင့် ရွှယ်အန်းနှင့် သူ့နောက်မှ အန်းယန်ကိုကြည့်နေသည်။ သူမ၏အကြည့်များက အစပိုင်းတွင် ဆန်းစစ်ဝေဖန်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် အချိန်အတန်ကြာ ကြည့်နေပြီးနောက် ဤဝေဖန်မှုများက တဖြည်းဖြည်းနှင့် အထင်ကြီးမှုများအဖြစ်ပြောင်းလဲသွားသည်။
နောက်ဆုံးတွင် ကျူးရူယန် သဘောပေါက်သွားသည်။ ရွှယ်အန်းက အတိတ်သို့ပြန်သွားရန် အဘယ်ကြောင့် အလွန်စိတ်အားထက်သန်နေခဲ့ကာ သူမကို အနည်းငယ်မျှ မျက်နှာသာမပေးခဲ့သည်ကို နားလည်သွားသည်။ အဘယ်ကြောင့်ဆိုသော် အန်းယန်သည် စိတ်နေစိတ်ထားဖြစ်စေ ရုပ်ရည်ဖြစ်စေ အစစအရာရာတွင်လုံးဝ လွှမ်းမိုးနေသောကြောင့်ဖြစ်သည်။
သူမက ဤအတွေးများကိုတွေးပြီးနောက် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် အန်းယန်က ပြုံး၍ ကလေးမလေးနှစ်ယောက်နှင့်အတူ ချဥ်းကပ်လာသည်။
“မင်းက ညီမရူယန်လား”
ကျူးရူယန်က အံ့သြသွားပြီးနောက် အန်းယန်ကို ပြောင်ကျကျစိုက်ကြည့်နေကာ ခေါင်းညိတလိုက်သည်။
“မင်းအကြောင်း အစ်မယောက်ျားက မကြာခဏ ပြောတာကြားဖူးပါတယ်။ မင်းတို့မိသားစုရဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်ကြောင့် မီးခိုးတွေနဲ့ ပန်းတွေပြည့်နေတဲ့နေရာမှာ နေခဲ့ရတာလို့ ကြားရတဘ်။ အရမ်းမိုက်တာပဲ။ အစ်မ မင်းကို အရမ်းလေးစားတယ်။ သူငယ်ချင်းလုပ်ကြရအောင်”
အန်းယန်က လက်ကိုဆန့်ထုတ်ကာ ကျူးရူယန်ကိုပြုံး၍ ကြည့်နေသည်။
ကျူးရူယန်က သူမ၏လက်ကို လွတ်လပ်စွာဆန့်ထုတ်၍ ပျော့ပြောင်းစွာဖြင့် ညှစ်လိုက်သည်။
ထိုအခိုက်အတန့်၌ လုရွှင်ရွှယ်၏ ဒဏ်ရာများက များစွာကောင်းမွန်နေပြီဖြစ်ကာ ဤမြင်ကွင်းကို မြင်ရသောအခါ သူမက ခေါင်းကိုခါလိုက်သည်။
သူ့ညီမလေး၏ မညီမျှသော ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ ယုံကြည်မှုလုံးဝပျောက်ဆုံးသွားသည်။ အန်းယန်၏အပြုအမူပေါ်အခြေခံကြည့်လျှင် သူမက သာမန်လူများကိုအနိုင်ယူခဲ့ပြီးဖြစ်သည်မှာသိသာလှသည်။
ကျူးရူယန်က သူမနှင့်ယှဥ်ရန် မည်သည်ကို အသုံးပြုနိုင်မည်နည်း။
ဤတုန်လှုပ်မှုက လေပြင်းမျှော်စင်၏ အာရုံကို အလိုအလျောက်ဆွဲဆောင်လိုက်သည်။ ပြည့်တန်ဆာခန်းမ၏ သခင်မက လှေကားထစ်ဝင်ပေါက်မှ ထိတ်လန့်စွာချောင်းကြည့်နေသော်လည်း ရှေ့သို့တိုးမလာရဲပေ။
ရွှယ်အန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
“မင်း ဒီကိုလာခဲ့”
ထိုအမျိုးသမီးက ကြောက်လန့်မှုဖြင့် တုန်လှုပ်သွားကာ အမြန်ပြေးလာသည်။
“ဘာ… ဆရာ ဘာကို အမိန့်ပေးချင်လို့လဲ”
“ပွဲကျင်းပတဲ့ခုံတွေ အများကြီးယူလာခဲ့”
“ဟုတ်” ကြမ်းပြင်အနှံ့ပေကျံနေသော သွေးများကိုမြင်လိုက်ရသဖြင့် ထိုအမျိုးသမီး၏ ခြေထောက်များ တုန်လှုပ်သွားကာ လူကြီးမင်းလုံနှင့် ကျူးလေ့တို့ မည်သည့်နေရာသို့ရောက်သွားသည်ကိုမေးရန်ပင် မေ့သွားသည်။ ကြီးမားခမ်းနားသော အိမ်တော်တစ်ခုအနေဖြင့် ပွဲအတွက် ခုံများစွာ စီစဥ်ခြင်းက ရိုးရှင်းလှသည်။ လက်ဖက်ရည်တစ်ခွက်သောက်စာအချိန်အတွင်း၌ လှပသော အမျိုးသမီးများစွာက အမျိုးမျိုးသော ဟင်းပွဲများကို သယ်ဆောင်လာကြသည်။
ဤမြင်ကွင်းက မီးဖီးနစ်မှ လူတိုင်းကို ထိတ်လန့်အံ့သြသွားစေသည်။
အမျိုးသမီးက ခါးကိုကိုင်းကာ ခပ်တိုးတိုးအသံဖြင့်ပြောလိုက်သည်။
“ဆရာ ဒီမိန်းကလေးတွေကို စိတ်တိုင်းကျပါရဲ့လားရှင့်”
ရွှယ်အန်းက အနည်းငယ်ရယ်မောကာ စိတ်လည်းရှုပ်သွားသည်။ သူနှင့် အပေါင်းအဖော်များကို အပျော်ရှာသူများဟု သဘောထားနေခြင်းဖြစ်သလော။
သို့သော် မီးဖီးနစ်အဖွဲ့မှလူများ၏ မျက်လုံးများ တောက်ပလာသည်ကိုမြင်လိုက်ရသဖြင့် ရွှယ်အန်းက မငြင်းတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ သူတို့ကျေနပ်ပါတယ်”
ပွဲကစတင်သောအခါ ချန်ဟောက်နှင့်အခြားသူများက အနားမကပ်ရဲကြပေ။
“သွားစား မင်းတို့တွေ ပြေးနေရတာကြာပြီ။ တစ်ခုခုသွားစားချေ”
ဤသည်ကိုကြားသောအခါ ချန်ဟောက်နှင့်အခြားသူများက သတိထား၍ စားရန်ထိုင်လိုက်သည်။ ဤသည်ကို သတိထားမိသောအခါ မိန်းကလေးအားလုံးက ခေါင်းဆောင်သူမှာ ရွှယ်အန်းဖြစ်ကြောင်းသိလိုက်ကြကာ သူ့ဆီသို့သွားမည့်လမ်းကို မက်မောစွာကြည့်လိုက်ကြသည်။
သို့သော် အန်းယန်က လှည့်၍ ရွှယ်အန်းဘေးတွင်ရပ်လိုက်သောအခါ ဤအမျိုးသမီးများ၏ ပရောပရည်ကျသော အပြုအမူများအားလုံး ချက်ချင်းပင် အဆင်မပြေဖြစ်သွားသည်။ သန့်ရှင်းသပ်ရပ်သော စားပွဲတစ်လုံးကို ၎င်းတို့အတွက် သီးသန့်ထားကာ ရွှယ်အန်းသည်လည်း မိသားစုဝင်များ၊ ကျူးရူယန်၊ လုရွှင်ရွှယ်နှင့် အခြားသူများနှင့် ထိုင်နေခဲ့သည်။
ဟင်းများက အရသာကောင်းလှသည်။ ပို၍ အရေးကြီးသည်မှာ စားပွဲ၏ အလယ်ဗဟို၌ ကြေးနီအပူအိုးတစ်အိုးရှိသည်။ ယခုအချိန်က ခွန်းလွန်မြို့၏ အေးချမ်းသော ဆောင်းရာသီဖြစ်သည်။ ချမ်းအေးသော ဆောင်းညတစ်ညတွင် ဟော့ပေါ့စားရခြင်းက တကယ့်ကိုပင် ကျေနပ်စဖွယ်ဖြစ်သည်။ သို့သော် ပြင်းထန်သော ဒဏ်ရာများကြောင့် ကျူးရူယန်နှင့် လုရွှင်ရွှယ်တို့က ခပ်များများမစားနိုင်ခဲ့ကြပေ။
ကလေးမလေးနှစ်ယောက်ကမူ ပျော်ပျော်ရွှင်ရွှင်စားသောက်နေကြသည်။ ၎င်းတို့ထမင်းစားနေစဥ် ကျိုးယိနှင့် စွန်းလင်တို့က အဝတ်အစားအသစ်များဝတ်လာကာ ရွှယ်အန်းကို မသိမသာ ခေါင်းညိတ်ပြလိုက်သည်။
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“သွားစား”
ထို့နောက် နှစ်ယောက်သား ထမင်းစားရန် ထိုင်ကြသည်။ ထိုအချိန်၌ ကျူးရူယန်က ရုတ်တရက်မေးလိုက်သည်။
“သူတို့နှစ်ယောက်… သေပြီလား”
ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ မတုံ့ပြန်ဘဲ အဝေးရှိ မှန်ကွဲနေသော ပြတင်းတံခါးမှမြင်နေရသော မြင်ကွင်းကို ငေးကြည့်နေသည်။
"ကြည့်ပါဦး နှင်းတွေကျနေတယ်"
အားလုံးက ခေါင်းကို လှည့်ကြည့်လိုက်သည်။
အမှန်ပင်။
လွန်ခဲ့သည့်အခိုက်အတန့်က ကြည်လင်သောညကောင်းကင်ယံသည် ယခုအခါတွင် လရောင်ကို ဖုံးလွှမ်းနေသည့် တိမ်မည်းများဖုံးလွှမ်းကာ နှင်းပွင့်များကြွေကျ၍ ကမ္ဘာကြီးကို လျင်မြန်စွာဖြူဖွေးလာစေသည်။ ဤလှပသော နှင်းကျသည့်မြင်ကွင်းက ယခင်က ဆူညံနေသည့် လူအုပ်ကို တိတ်ဆိတ်သွားစေသည်။
ရွှယ်အန်းက ဖန်ခွက်ကိုမြှောက်၍ အေော်လိုက်သည်။
“ကြွေနေတဲ့ မက်မွန်းပွင့်တွေနဲ့ ဇီးပန်းတွေအောက်က ဝိုင်တစ်ခွက်၊ မြစ်ကမ်းစပ်က ဆယ်နှစ်ကြာ မီးအိမ်တစ်လုံး။ လူဆိုးတွေကိုသတ်တာဟာ သီလရှိတဲ့အတွေးတစ်ခုပဲ။ ဒါကိုမင်းနားလည်သင့်တယ်။ မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံရေးနည်းလမ်းကို မင်းကိုပေးထားတာက ဖြုန်းတီးရာကျလိမ့်မယ်။
ကျူးရူယန်က တုန်လှုပ်စွာဖြင့် သူမ၏နေရာတွင်ပင် မတ်တပ်ထရပ်၍ လေးစားစွာပြောလိုက်သည်။
“ဆရာ ကျွန်မက မိုက်မဲတဲ့ စိတ်ထားကောင်းတဲ့လူတစ်ယောက်မဟုတ်ပါဘူး။ ကျွန်မစိုးရိမ်တဲ့အရာက သူတို့သေမှာမဟုတ်ဘူး”
ရွှယ်အန်းက လှိုက်လှိုက်လှဲလှဲရယ်လိုက်သည်။
“ကောင်းတယ်။ ဒါက စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ။ စိတ်ချပါ သူတို့ရဲ့ဝိဉာဥ်တွေက ငါ့ ပိုင်နက်ထဲမှာရှိနေပါပြီ”
ဤသို့ပြော၍ ရွှယ်အန်းက လက်ဖဝါးဖြန့်လိုက်သည်။
သူ့လက်ထဲတွင် အလင်းနှစ်ခုထွက်ပေါ်လာသည်။
တစ်ခုက ကြီး၍ စွမ်းအားလည်းကြီးကာ တစ်ခုကမူ အင်အားနည်းသည်။ ကျူးရူယန်က ဤဝိဉာဥ်နှစ်ခုကိုကြည့်ကာ စကားပြောတော့မည့်အခိုက်၌ ရွှယ်အန်းက လက်သီးကို ရုတ်တရက် ဆုပ်လိုက်သည်။
လန့်လုံနှင့် ကျူးလေ့၏ နောက်ဆုံးအသက်စွမ်းအင်များ၏ ဤကမ္ဘာပေါ်တွင် တည်ရှိနေမှုကို ရှင်းရှင်းလင်းလင်း ဖျောက်ဖျက်ပစ်ခဲ့သည်။
ထို့နောက် ရွှယ်အန်းက ဘာသိဘာသာမေးလိုက်၏။
“မင်းတို့ ဗိုက်ဖြည့်ပြီးကြပြီလား”
ချန်ဟောက်နှင့်အခြားသူများက မတ်တပ်ရပ်လိုက်ကြသည်။
“ပြီးပါပြီ ဆရာ”
“ကောင်းတယ်။ အခု မီးဘုရင်ခန်းမနဲ့ လေပြင်းမျှော်စင်ကို သုတ်သင်ဖို့ သွားကြမယ်”
“ဟုတ်ကဲ့!!”
အခန်း (၄၇၇) နှင်းမုန်တိုင်းကြားမှ မငြိမ်သက်မှု
ဖေးပိုင်က တည်းခိုးခန်း၏ အပြင်ဘက်သို့ ခြေတစ်လှမ်းထွက်လာလိုက်ပြီးနောက် နှင်းများ စတင်ကျဆင်းနေသည်ကို သိလိုက်ရသည်။ စုပြုံနေသည့် နှင်းများက သူ၏ ဖိနပ်ထိပ်ကို ကျော်နေပြီဖြစ်သည်။ လမ်းများ၌ ခွေးတစ်ကောင် ကြောင်တစ်မြှီးပင်မမြင်ရသည်အထိ လူသူကင်းမဲ့နေသည်။ ဤသို့သော ရာသီဥတုမျိုး၌ သူတောင်းစားများပင်လျှင် အနွေးထွေးဆုံးနေရာကိုရှာ နေကြပေလိမ့်မည်ဖြစ်သည်။
ဖေးဖိုင်က အသက်ပြင်းပြင်းရှုလိုက်သည်။ စူးရှအေးစက်သော လေက သူ့ရင်တွင်းသို့တစ်ဖန်ပြန်ဝင်လာကာ ချောင်းဆိုးခြင်းကို တားလိုက်သည်။ သူက ဓားကို တင်းကြပ်စွာဆုပ်ကိုင်လျက် တည်းခိုခန်းဘေးရှိ လမ်းခြားထဲသို့ ဆက်လျှောက်သွားသည်။ မြင့်မားသော တံတိုင်းများစွာကို ကျော်ဖြတ်ပြီးနောက် ဖေးပို်က တောက်ပစူးရှလှသည့် လေပြင်းမျှော်စင်ကို ခပ်လှမ်းလှမ်း၌ မြင်နေရပြီဖြစ်သည်။
သူက ထော့်တစ်ခုတွင် ပုန်းနေ မျက်နှာထက်တွင် ပုံမှန်မဟုတ်သော နီမြန်းမှုတစ်ခု ပျံ့နှံ့နေသည်။
ဖေးပိုင်က သူ သေရတော့မည်ကို သိလိုက်သည်။
လွန်ခဲ့သည့် သုံးလခန့်က ခွန်းလွန်မြို့မြောက်ပိုင်းရှိ ဓားထိန်းချုပ်ရေးဗီလာကို လေပြင်းမျှော်စင်ဂိုဏ်းမှ ရုတ်တရက် ကျူးကျော်ဝင်ရောက်ခဲ့သည်။ အိမ်တော်သခင် ဝူပုချန်နှင့် ဓားထိန်းချုပ်ရေးဗီလာ၏ အကြီးအကဲ့ ဆယ့်နှစ်ယောက်တို့က ဤတိုက်ပွဲ၌ ကျရှုံးခဲ့သည်။ ဤသို့ဖြင့် ဓားထိန်းချုပ်ရေးဗီလာက ပျက်ဆီးသွားခဲ့သည်။ တကယ်တမ်းတွင် ထိုစဥ်က သူသေခဲ့သင့်သည်။ အကယ်၍ ဝူပုချန်က လူတိုင်းကို အတင်းအကြပ်ဖိအားပေးကာ သွေးခင်းသောလမ်းကို မဖောက်ပေးနိုင်ခဲ့ပါက ထိုအချိန်ကတည်းက ဖေးပိုင် သေဆုံးသွားခဲ့ရပေလိမ့်မည်။
သူမသေခဲ့သော်လည်း လေပြင်းမျှော်စင်သခင်၏ လက်ဝါးချက်အောက်တွင် အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ဤအတွင်းဒဏ်ရာက ဆက်လက်တည်ရှိနေကာ တဖြည်းဖြည်း ပို၍ ပြင်းထန်လာသည်။ ဖေးပိုင်က မသေခင်က သခင်ဖြစ်သူ၏ အသွင်အပြင်ကို ပြန်သတိရမိသည်။
“ဖေးပိုင် မင်းရှင်သန်ရမယ်။ အခု နှစ်တစ်ထောင်ကျော် ကြာပြီဖြစ်တဲ့ ဓားထိန်းချုပ်ရေးဗီလာရဲ့ ဓားပညာအမွေက မင်းအပေါ်မှာပဲ မူတည်နေတော့တယ်”
ဤစကားများပြောနေစဥ်က ဝူပုချန်သည် ဒါဇင်နှင့်ချီသော ဓားဒဏ်ရာများအပြင်းအထန်ရခဲ့ကာ သူနှင့်အတူ နှစ်တစ်ရာကျော်ရှိခဲ့သည့် သူ၏ ပင်လယ်သံစဥ်ဓားပင် ကျိုးသွားခဲ့ရသည်။ သို့သော် သေခါနီးတွင်ပင် ဓားထိန်းချုပ်ရေးဗီလာ၏ အမွေအနှစ်များအကြောင်း သူတွေးတောနေခဲ့သေးသည်။
ဤအတွေးဖြင့် ဖေးပိုင်က ခါးသက်စွာပြုံးလိုက်သည်။
‘သခင် မထိုက်တန်တဲ့ တပည့် ကြာကြာမနေနိုင်တော့ဘူးနဲ့တူပါတယ်’
‘ဒါပေမယ့် မသေခင်တစ်ခုခုလုပ်ရမယ်’
ပြီးခဲ့သောနှစ်တွင် အားဟန်နန်းတော်က မီးဘုရင်းခန်းမအောက်၌ ဖျက်ဆီးခြင်းခံခဲ့ရကာ အခြားဂိုဏ်းများစွာသည်လည်း လွတ်မြောက်ခြင်းမရှိခဲ့ပေ။ နောက်ဆုံးအခိုက်အတန့်တွင် မဟာဘုန်းတော်ကြီး မီယိုအိက ဗုဒ္ဓနိုင်ငံတော် ပျက်သုဥ်းစေရန်အတွက် သူ၏ ရွှေခန္ဓာကိုယ်ကို အသုံးပြုကာ မီးဘုရင်ခန်းမ၏ ထိပ်တန်းပညာရှင် တစ်ဒါဇင်ကျော်ကို တစ်ချက်တည်းဖြင့် ဖယ်ရှားပစ်ခဲ့သည်။ ဘုရားလောင်းက သနားတတ်သည်ဟု ဆိုကြသော်လည်း အဆုံးသတ်တွင်မူ ထိုမဟာဘုန်းတော်ကြီး၏ ဒေါသက အလွန်အမင်းလွန်ကဲနေခဲ့သည်မဟုတ်ပေလော။
ဖေးပိုင်က နောက်ထပ် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ရာ အေးစက်သောလေက တိုးဝင်လာ၍ ရင်ဘက်အတွင်း၌ တင်းမာမှုကသိသိသာသာ သက်သာသွားကာ ပျံ့လွင့်နေသော အတွေးများအားလုံးကို လွင့်စင်သွားစေသည်။
‘သခင် ကျွန်တော့်ကို စောင့်ပါ ကျွန်တော် လာခဲ့မယ်’
ဖေးပိုင်က လက်ထဲမှ ဓားကို ဖြည်းညှင်းစွာ ဆွဲယူလိုက်သည်။ သူ၏ ယခင်ဓားက ပျက်ဆီးသွားခဲ့သဖြင့် ယခုတွင် ပန်းပဲဆိုင်မှ ငွေနှစ်ဆယ်ဖြင့်ဝယ်ယူခဲ့သော သံဓားကို အသုံးပြုလျက်ရှိသည်။ ဖေးပိုင်က သံဓားကိုကိုင်ဆောင်ကာ အမှောင်ရိပ်မှထွက်လာ၍ ပြိုးပြိုးပြက်ပြက်တောက်ပနေသည့် လေပြင်းမျှောစင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
လေနှင့် ဆီးနှင်းများ တဟုန်းဟုန်း တောက်လောင်နေ၏။
ထိုအချိန်တွင် ဝင်ပေါက်တံခါးမှ အစောင့်အကြပ်များလည်း လျော့ပါးသွားသည်။
‘ဒီလိုရာသီဥတုမျိုးမှာမှ လာမရှာရင် ဘယ်ချိန်လာရှာရမလဲ’
နံရံထောင့်တစ်နေရာ၌ စုပြုံကာ လူအချို့ စကားပြောနေကြသည်။
“မျှော်စင်သခင်မက အခြားကောင်လေးတစ်ယောက်ကို ခေါ်သွားပြန်ပြီတဲ့။ သူက အရမ်းတောက်ပြောင်နေတယ်လို့ကြားတယ်”
“ကျွတ်… ဒီက ဘယ်နှစ်ကောင်လဲ”
“ငါကြားတာတော့ အရင်ကောင်တွေ သေသွားပြီတဲ့ တော်တော် ဆိုးဆိုးဝါးဝါးသေသွားကြတာ။ အားလုံးက စပါးခွံတွေလိုတောင် ခြောက်သွားတယ်လို့ကြားတယ်ကွ”
“ချီးပဲ။ သခင်မက ဒီလောက်တောင် အစားကြူးလား”
၎င်းတို့ ဆွေးနွေးနေကြစဥ် ဖေးပိုင်က အသက်ကိုထိန်းရှုကာ စိတ်ကိုစုစည်း၍ တတ်နိုင်သလောက် အနီးကပ်ဆုံးသို့ချဥ်းကပ်လာသည်။ သို့သော် သူ၏ လက်ရှိကျင့်ကြံရေးအဆင့်က ကောင်းကင်လူသားအဆင့်နှင့်ပင်မယှဥ်နိုင်သေးသဖြင့် ခြေလှမ်းဒါဇင်ကျော်မျှ လှမ်းပြီးနောက်၌ ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။
“ငါတို့မှာ တစ်ခုခုရှိနေပြီ”
သူက ပြော၍ စစ်ဆေးကြည့်ရန် ထတော့မည့်အခိုက်တွင်…
‘အချိန်ကျပြီ’
ဖေးပိုင်က အံကိုကြတ်ကာ သူ၏ ကျန်ရှိသော ကျင့်ကြံရေးစွမ်းအားအားလုံးကို ခြေထောက်များထဲသို့ စုစည်းလျက် ရုတ်တရက် ခုန်ကာ အဖွဲ့ကိုစတင်တိုက်ခိုက်လိုက်သည်။ ၎င်းက သာမန် သံမဏိဓားတစ်စင်းမျှသာဖြစ်သော်လည်း ဓားဆီမှတောက်ပသော ချီစွမ်းအင်များ ထွက်ပေါ်လာဆဲဖြစ်သည်။
ဖွီး…
အပြင်ဘက်အကျဆုံးနေရာမှ အစောင့်နှစ်ဦးက ၎င်းတို့၏ လည်ချောင်းများကို ဓားချီဖြင့် အဖြတ်ခံလိုက်ရသဖြင့် မြေပြင်ပေါ် လဲကျသေဆုံးသွားသည်။ သို့သော် ခေါင်းဆောင်က သာမန်လူမဟုတ်ကြောင်း ထင်ရှားလှသည်။ သူက အေးစက်စွာအော်၍ ဓားဖြင့်ခုတ်ရန် မြှောက်လိုက်သည်။
သတ္တုသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဖေးပိုင်၏ ဓားရှည်က ထိုသက်ရောက်မှုကြောင့် ကျိုးထွက်သွားသည်။ ထို့နောက် ခေါင်းဆောင်ကရှေ့သို့တိုးကာ သူ၏ဓားဖြင့်ခုတ်ရန် မြှောက်လိုက်သည်။ ဖေးပိုင်က ရုတ်တရက် ခန္ဓာကိုယ်ကိုရွှေ့လျက် ရှောင်တိမ်းလိုက်သော်လည်း သူ၏ နောက်ကျောက ထိုအခိုက်တွင် အကာအကွယ်မဲ့သွားသည်။
ဓားက ဖေးပိုင်၏ နောက်ကျောပြင်တစ်လျှောက်၌ သွေးသံတရဲရဲ အပေါက်များစွာကို ချန်ထားရစ်ခဲ့သည်။ သို့သော် ခေါင်းဆောင်က ပျော်နေရန် အချိန်မရှိပေ။ ဖေးပိုင်က ဓားတိုကိုဆွဲထုတ်ကာ အလင်း၏အလျင်ဖြင့် ခေါင်းဆောင်ကို တိုက်ခိုက်ရာ နှလုံးသားတည့်တည့်ဆီသို့ ဓားဖြင့်ထိုးလိုက်သည်။
ဘမ်း
ခေါင်းဆောင်က တစ်စုံတစ်ယောက်သည် ဤမျှ အလွန်ရဲရင့်နေမည်ဟု မယုံကြည်နိုင်သေးသော မျက်နှာဖြင့် အထိုးခံလိုက်ရသော နှလုံးသားကိုကြည့်လျက် ပြိုလဲသေဆုံးသွားသည်။ ကျန်အစောင့်များက တုန်လှုပ်ခြောက်ခြားစွာဖြင့် ရှေ့သို့ပြေးကာ ဓားများကို လွှဲယမ်းလိုက်ကြသည်။ မောပန်းကာ တုန်ယင်နေသော ဖေးပိုင်က အစောင့်အားလုံးကို သတ်ရန် သူ၏ နောက်ဆုံးသော ခွန်အားကိုသုံးလိုက်သည်။
သို့သော် ဤသည်က အထဲရှိလူများကိုလည်း အသိပေးလိုက်သကဲ့သို့ပင်ဖြစ်၏။
ထို့ကြောင့် အတွင်းပို်းမှ လှုပ်လှုပ်ယွယွဖြစ်လာကာ ခြေသံများထွက်ပေါ်လာသည်။
ယခုအခါတွင်ဖေးပိုင်၌မည်သည့်ခွန်အားမျှမရှိတော့ဘဲ ခေါင်းဆောင်၏ နှလုံးသားထဲမှ ဓားတိုကိုဆွဲထုတ်၍ နံရံကိုမှီလျက် တုန်လှုပ်စွာဖြင့် အသက်ကို မောဟိုက်စွာရှုနေသည်။
သတ္တုအရသာ သွေးများက သူ့လည်ချောင်းတစ်လျှောက်ပြည့်လျှံနေကာ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် နီရဲလတ်ဆက်နေသော သွေးများ အန်ထွက်လာသည်။
ဖြူဖွေးသော နှင်းပွင့်များပေါ်သို့ သွေးများ ပြန့်သွားရာ ဇီးပန်းများနှင့်ပင် ဆင်တူလှသည်။
‘ဒါ ငါလုပ်နိုင်တာ အကုန်ပဲလား’
‘အစောင့်နည်းနည်းလောက်ကို သတ်ပြီးတော့လေ… ဘယ်လောက်တောင် မကျေနပ်ချင်စရာကောင်းလဲ သခင်ရယ်’
ဖေးပိုင်က ခါးသပ်စွာပြုံးလိုက်ပြီးနောက် စူးရှသော လေပြင်းမျှော်စင်မှ လူများက ဓားရှည်များဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ သူ့အမြင်အာရုံမှာ မှုန်ဝါးလာသည်။
“ဒီမှာပဲ"
"ဒီလူက တံခါးစောင့်တွေကို သတ်လိုက်တာ။"
"သူ့ကိုသတ်ကြ"
ဤအော်သံများကြားတွင် ဖေးပိုင်၏ အသိစိတ်များ မှိန်ဖျော့သွားတော့သည်။
သူသေတော့မည်ဖြစ်ကြောင်း သူသိသည်။ သို့သော် ဤလူများ၏ လက်ထဲတွင် သူမသေချင်သေးပေ။
ထို့ကြောင့် လက်ကိုမြှောက်ကာ သူ့ဘဝသူအဆုံးသတ်ရန် အဆင်သင့်ဖြစ်နေသောအခိုက်၌ အနက်ရောင်ညရောင်အောက်၌ လူတစ်စုထွက်ပေါ်လာသည်။ ဤလူများက အလွန်ထူးခြားသော အဝတ်အစားများကို ဝတ်စားထားကာ ချက်ချင်းပင်ရှေ့သို့ ချီတက်လာကြသည်။
ဖေးပိုင်က မယုံမကြည်နိုင်ဖြစ်နေဆဲပင်ဖြစ်သည်။
နောက်ထပ်အခိုက်အတန့်တစ်ခုက သူ့ကို လုံးဝထိတ်လန့်သွားစေသည်။ ရောက်လာသူများ၏ ကျင့်ကြံရေးအဆင့်များက ကွဲပြားကာ အမြင့်ဆုံးအနေဖြင့် လွတ်မြောက်အင်မော်တယ်အဆင့်တွင် ရှိနေကြသည်။ သို့သော် ၎င်းတို့၏ ယှဥ်တွဲတိုက်ခိုက်မှုက ချောမွေ့ကာ နတ်တစ်ပါးနီးပါးပင်ဖြစ်သည်။
ထို့ကြောင့် ခဏတာတိုက်ခိုက်ပြီးနောက် လေပြင်းမျှော်စင်မှ လူများက ပြန်လည် တိုက်ခိုက်ရန်
အခွင့်အရေးပင်မရှိခဲ့ဘဲ အားလုံးသေသွားကြသည်။
ဝင်လာသောသူများ၏ ခေါင်းဆောင်က ဖြည်းညှင်းစွာချဉ်းကပ်လာကာ ဖေးပိုင်ကို မေးလိုက်သည်။
"မင်းကဘယ်သူလဲ"
"ကျွန်တော်က ဓားအင်မော်တယ်တောင်ကြားက ဖေးပိုင်ပါ။ အစ်ကိုက ဘယ်သူလဲ”
ဖေးပိုင်က ပြန်ပြောကာ ထိုလူကို စိုက်ကြည့်သည်။
"ငါတို့က လေပြင်းမျှော်စင်ကို ချေမှုန်းဖို့ နည်းပြရဲ့အမိန့်အရရောက်နေတာ”
‘နည်းပြ’
‘လေပြင်းမျှော်စင်ကို ချေမှုန်းပစ်မယ်’
ဖေးပိုင်က လန့်သွားပြီးနောက် တစ်စုံတစ်ခုကို ပြောတော့မည့်အခိုက်တွင် အမှောင်ထဲမှ နောက်ထပ်လူတစ်ယောက် ထွက်လာသည်။
ချောမောလှပသော အသွင်ပြင်လက္ခဏာမျိုးဖြင့် ထိုသူ၏ မျက်လုံးများက သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှကာ မျက်နှာထက်မှ အပြုံးသည်လည်း တောက်ပနေသည်။
ဖေးပိုင်တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
ထိုလူက ရိုးရှင်းစွာပြုံးလိုက်၏။
"မတွေ့တာကြာပြီ"
ဖေးပိုင်အသက်ပြင်းပြင်းရှူလိုက်သည်။
“ရွှယ်အန်း”
ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်၊ ငါပဲ"
ဖေးပိုင်က ရုတ်တရက် ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။
တစ်ချိန်က သူသည် ရွှယ်အန်းနှင့် ဓားချင်းယှဥ်တိုက်ခဲ့ကာ ရှုံးနိမ့်ခဲ့သည့်တိုင် သူ၏ ဂုဏ်အသရေကို ထိန်းထားခဲ့သည်။ သို့သော် ယနေ့တွင်မူ သူသည် ဖျားနေသော ခွေးတစ်ကောင်ကဲ့သို့ ခြေတရွတ်တိုက်ဖြင့်
ဤအဆင့်နိမ့်သော တံခါးစောင့်များဖြင့် တိုက်ခိုက်နေရသည်။
ဤသို့ ဆန့်ကျင်ဘက်ဖြစ်နေသော အခြေအနေအောက်၌ ဖေးပိုင်က ဆွံ့အသွား၏။
ရွှယ်အန်းက သူ့အတွေးများကို နားလည်ပုံဖြင့် ခပ်ပါးပါးပြုံးလိုက်သည်။
“တိုက်ဆိုင်လိုက်တာ မင်းလည်း ဒီ လေပြင်းမျှောစင်ကို သုတ်သင်ဖို့ ဒီကိုရောက်နေတာလား"