← Chapters

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း(၄၈၁) မင်းရဲ့ မီးနတ်ဆိုးဘုံကိုပြန်တော့

ဤမီးတောက်သည် သာမာန်မီးမဟုတ်ဘဲ အနီရောင်အလင်းများဖြာထွက်နေသည့် မီးလျံတစ်မျိုးဖြစ်သည်။ ၎င်း ပျံထွက်သွားသည်နှင့်တစ်ပြိုင်နက် တောက်လောင်နေသော အပူရှိန်ကြောင့် လေများပင်ပွက်ပွက်ဆူလာသည်။ သို့ထိတိုင် ဤကဲ့သို့ ပြင်းထန်သည့် မီးတောက်ကို ရင်ဆိုင်နေရသော ရွှယ်အန်း၏အမူအရာက အရသာရှိသော သရေစာတစ်ခုကို မြင်လိုက်ရသည့်အလား

အစားကြူးသော အသွင်အပြင်မျိုးဖြင့် ပို၍ ပို၍ စိတ်လှုပ်ရှားပုံပေါ်လာသည်။

တစ်ခဏချင်း၌ပင် နတ်ဆိုးမီးတောက်က သူ့ဆီရောက်လာသည်။ အကန့်အသတ်မဲ့သော မီးပင်လယ်က ရွှယ်အန်း၏ခန္ဓာကိုယ်ကို ချက်ခြင်းဝါးမြိုလိုက်သည်။

မီးနတ်ဆိုးဘုရင်က လှောင်ရယ်လိုက်၏။

“မင်းမှာ ထူးခြားတဲ့စွမ်းအားတွေရှိလိမ့်မယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ မင်းငါ့ မီးတွေအောက်မှာ လောင်သွားတာပဲမလား။ စိတ်မရှိနဲ့ နောက်ကျရင် မင်းအတွက် သင့်တော်တဲ့ ခန္ဓာကိုယ်ကို ငါရှာပေးမယ်”

နောက်ဆုံးစကားက လိုင်ရှို့၏ ဝိဉာဥ်ကို ဦးတည်ထားခြင်းဖြစ်သည်။ သူ၏အမြင်တွင် သူ၏မီးတောက်အောက်၌ အင်မော်တယ်များအပါအဝင် မည်သူမဆို သေရပေလိမ့်မည်။ ရွှယ်အန်းက လုံးလုံးလျားလျားဖျက်ဆီးခံခဲ့ရကာ သူ၏ စိတ်ဝိဉာဥ်သည်လည်း မည်သည်မျှ မဖြစ်ခဲ့ပေ။

“အရှင်က တကယ်ပဲ နတ်စွမ်းအားတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီရွှယ်အန်းက အရမ်းမောက်မာတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်းအရှင့်လက်ထဲမှာ သုတ်သင်ခံလိုက်ရတာပါပဲ” လိုင်ရှို့က ဖော်လံဖားကာ ပြောလိုက်သည်။

မီးဘုရင်က ဟက်ဟက်ပက်ပက်ရယ်မောလျက် ဂုဏ်ယူစွာပြောသည်။

“သေမျိုးကျင့်ကြံသူတစ်ယောက်က ငါနဲ့ဘယ်လိုယှဥ်နိုင်မှာလဲ”

“အရှင်ပြောတာမှန်ပါတယ်။ ရွှမ်ငှက်က အရမ်းမိုက်မဲပြီး စိတ်ရှုပ်ထွေးပြီး သေသွားတာသနားစရာပဲ”

“အဲ့ ရွှမ်ငှက်က သခင်လွှတ်လိုက်တဲ့အရာတစ်ခုထက်မပိုပါဘူး။ သေသေရှင်ရှင် ကိစ္စမရှိဘူး”

လိုင်ရှို့က နောက်ထပ်တစ်ခါ မြှောက်ပင့်ပြောဆိုလိုက်ပြန်သည်။

သို့သော် ဤမီးနတ်ဆိုးဘုရင်သည် လိုင်ရှို့၏ ချီးကျူးစကားကြောင့် ဂုဏ်ယူရယ်မောကာ ဤသို့မြှောက်ပင့်ပြောဆိုမှုကို အမှန်ပင် နှစ်သက်လျက်ရှိသည်။ ထိုအချိန်၌ ရုတ်တရက်ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာသည်။

အလွန်ကြောက်မက်ဖွယ်ကောင်းသော သဘာဝရန်သူနှင့်ကြုံတွေ့ရသကဲ့သို့ လောင်ကျွမ်းနေသည့် နတ်ဆိုးမီးလျှံက ရုတ်တရက် လွင့်ပျံ့သွားသည်။ မီးနတ်ဆိုးဘုရင်၏ ဂုဏ်ယူရယ်မောသံက ရုတ်တရက် ရပ်တန့်သွားသည်။

တောက်လောင်နေသော နတ်ဆိုးမီးလျံအကြားတွင် ဖြူစင်သော ကြာဖြူပန်းတစ်ပွင့် တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ကြာဖြူပေါ်လာသည်နှင့်အမျှ လောင်ကျွမ်းနေသော နတ်ဆိုးမီးလျံအားလုံး လွင့်ပျံ့ကာ အကောင်ကြီးများအဖြစ်သို့ပြောင်းလဲ၍ ဒူးထောက်လျက် ကြာဖြူကို ဦးညွတ်လိုက်ကြသည်။

‘မီးတောက်အားလုံးက ကြာဖြူကို ကိုးကွယ်ကြတယ်’

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” မီးနတ်ဆိုးဘုရင်က မိန်းကလေးငယ်ကဲ့သို့ လှည့်စားခံရသည့်အလား အော်ဟစ်လိုက်သည်။

ကြာဖြူဆီမှ ထုတ်လွှတ်လိုက်သည့် ဖိအားများက မီးနတ်ဘုရားဘုရင်ကို ဒူးထောက်၍ ဦးညွတ်စေလာသည်။ ထိုအချိန်၌ ဦးညွတ်နေသည့် နတ်ဆိုးမီးတောက်များက တစ်စထက်တစ်စပေါက်ကွဲလာကာ ကြာဖြူထဲသို့ တိုးဝင်သွားကြသည်။ အရှိန်ပြင်းလာသည်နှင့်အမျှ ကြာဖြူက တဖြည်းဖြည်းပွင့်လာသည်။

ထို့အပြင် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသည့် ဖိအားများက ပိုမိုပြင်းထန်လာသည်။ မီးနတ်ဆိုးဘုရင်က ဤမြင်ကွင်းကိုကြည့်၍ တုန်လှုပ်နေသည်။ ကြာဖြူက လုံးလုံးလျားလျားပွင့်သွားသောအခါ တောက်လောင်နေသော အဖြူရောင်မီးတောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

“နတ်မီးလျံ ဒီကမ္ဘာကြီးမှာ ဘယ်လိုလုပ် နတ်မီးလျံရှိနေတာလဲ”

အဖြူရောင်မီးလျံအတွင်းမှ သွယ်လျ၍ သိမ်မွေ့သော လက်တစ်စုံက ဖြည်းညှင်းစွာထွက်လာပြီးနောက် ရွှယ်အန်း၏ ပုံစံထွက်လာသည်။

"အရသာကောင်းတယ်" ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။

မီးနတ်ဆိုးဘုရင်က အသုံးပြုသော မီးလျှံသည် နတ်ဆိုးနယ်မြေမှမီးလျံတစ်မျိုးဖြစ်ကာ ၎င်းကိုယ်တိုင်က စွမ်းအားကြီးသည်။သို့သော် ရွှယ်အန်း၏ရှေ့၌ ၎င်းသည် နတ်မီးလျံအတွက် အစားအစာအဖြစ်သာ လုပ်ဆောင်နိုင်ခဲ့သည်။

ဤမြင်ကွင်းကိူ မြင်သောအခါ မီးနတ်ဆိုးဘုရင် သူ့ဘဝတွင် လုပ်ဖူးသမျှထဲမှ ဉာဏ်အရှိဆုံးအရာကို ပြုလုပ်ခဲ့သည်။ သူက လှည့်၍ ပြေးသည်။ အဘယ်ကြောင့်ဆိုသော် သူက အခြားသူများထက်ပိုသိသောကြောင့်ပင်ဖြစ်သည်။ ဤကဲ့သို့နတ်မီးလျံကို အမိန့်ပေးနိုင်သူမျိုးကို ရန်စ၍ မရနိုင်ပေ။

သို့သော် ရွှယ်အန်းက သူ့ကို အလွတ်ပေးရန် ရည်ရွယ်ချက်မရှိသည်မှာ ရှင်းလင်းလှသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်သည်နှင့် နဂါးမြွေကဲ့သို့ ဖြူဖွေးသော မီးတောက်ချည်မျှင်များက ကောင်းကင်နှင့် မြေကြီး၏ အပိုင်းတစ်ပိုင်းကို လုံးဝဖုံးလလွှမ်းသွားသည်။

မီးနတ်ဆိုးဘုရင်က အထဲတွင် ပိတ်မိနေသည်။

“အခုမှ ထွက်သွားဖို့ တွေးနေတာ အရမ်းရိုင်းတယ်လို့ မင်းမမထင်ဘူးလား”

မီးနတ်ဆိုးဘုရင်ကလှည့်ကြည့်လျက် သူဩ ဂုဏ်သိက္ခာရှိသော မျက်နှာထက်တွင် အလွန်ဖော်ရွေသောအပြုံးတစ်ခု ပေါ်လာသည်။

“အရှင်… အရှင့်မှာ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားမျိုးရှိမယ်လို့ ကျွန်တော် တကယ်မသိခဲ့ပါဘူး။ ကျွန်တော် ရှုံးသွားပြီ။ ကျွန်တော် နတ်ဆိုးဘုံကို ပြန်သွားပြီး မီးဘုရင်ဆီသတင်းပို့ရပါ့မယ်။ အခုကစပြီး ဒီကမ္ဘာကို ပြန်မလာတော့ပါဘူး။ အရှင်ဘယ်လိုထင်ပါသလဲ”

မီးနတ်ဆိုးဘုရင်က လက်နက်ချလိုက်သည်။ သူ၏လက်နက်ချမှုက မယုံနိုင်လောက်အောင် လျင်မြန်၍ ပြတ်သားသည်။ ကြည့်ရှု့သူများအတွက် ဤအရာက အလွန်နားလည်ရခက်ပုံရသည်။ ဥပမာအားဖြင့် လိုင်ရှို့က လုံးဝ မယုံနိုင်ဖြစ်နေသည်။

ဤသို့ အင်အားကြီးသော မီးနတ်ဆိုးဘုရင်က အဘယ်ကြောင့် တိုက်ပွဲပင်မစသေးဘဲ အရှုံးပေးနေသနည်း။

ထို့ကြောင့် သူ၏ ဝိဉာဥ်က ပြောလိုက်သည်။

“သခင်…”

ပြတ်သားသော လျှပ်စီးအလင်းတစ်ချက်နှင့်အတူ မီးနတ်ဆိုးဘုရင်က သူ့လက်ထဲတွင် ကိုင်ထားသော လိုင်ရှို့၏ဝိဉာဥ်ကို တိုက်ရိုက် ဖျက်ဆီးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“သခင် အကုန်လုံးက ဒီလူလုပ်တာပါ။ ကျွန်တော်မျိုး ကျန်တာတွေကို မသိပါဘူး”

ရွှယ်အန်း၏နှုတ်ခမ်းများက အနည်းငယ် ကွေးသွားပြီးနောက် ခပ်ပါးပါးအပြုံးတစ်ခု ပေါ်လာသည်။

မီးနတ်ဆိုးဘုရင်၏ ကျောရိုးမရှိခြင်းက နတ်ဆိုးမျိုးနွယ်စု၏အခြေအနေတွင် ရွှယ်အန်းအတွက် လုံးလုံးလျားလျားပုံမှန်ဖြစ်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးနယ်မြေတွင် အင်အားနည်းသူများနှင့် အင်အားကြီးသူများအကြား အမဲလိုက်ခြင်းဥပဒေသသည် အလွန် သာမန်ဖြစ်သောကြောင့်သာဖြစ်သည်။

အင်အားကြီးသူများဆီတွင် လက်အောက်ခံကာ ကိုယ့်ထက်အင်အားနည်းသူများကို ဝါးမြိုခြင်းက အခြားကမ္ဘာတွင် တုံ့ဆိုင်းသွားစေလုသော လုပ်ရပ်များဖြစ်သော်လည်း နတ်ဆိုးဘုံတွင်မူ အသက်ရှုသကဲ့သို့ သဘာဝဆန်သည်။ ရွှယ်အန်း၏ တိတ်ဆိတ်မှုကို သတိပြုမိသော နတ်ဆိုးဘုရင်က ထိတ်လန့်စပြုလာသည်။

ယခုတင်မြင်လိုက်ရသည့် ကြာဖြူက သူ့ကို လုံးလုံးလျားလျား ထိတ်လန့်သွားစေသည်။

အဘဘ်ကြောင့်ဆိုသော် ယင်းမှာ နတ်ဆိုးနတ်ဘုရားများပင် မပိုင်ဆိုင်နိုင်သော ဖျက်ဆီးခြင်းမီးတောက်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ ရွှယ်အန်း၏ မီးလျှံသည် သူ့ဝိဉာဥ်နှင့် ပြန်လည်မွေးဖွားခဲ့ခြင်းဖြစ်သည်။ ဤမီးလျှံသည် ကောင်းကင်များအထက်မှ ကောင်းကင်များအကြောင်းလေ့လာ၍ အချိန်နှင့် အာကာသ အက်ကွဲမှုကြားမှ အမှတ်မထင်ဘဲ ရရှိခဲ့သော အရာဖြစ်သည်။

မူလအစတွင် ရွှယ်အန်းက စိတ်မဝင်စားလှသော်လည်း နောက်ပိုင်းတွင်မူ မီးလျှံ၏ အံ့သြဖွယ်ကောင်းမှုကို သူတွေ့ရှိခဲ့ရသည်။ ထိုအံ့ဖွယ်အရာသည်ကား ဤအရာကို အခြားမီးလျှံအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အလင်းဘုရားကျောင်းကို ဖျက်ဆီးလိုက်သောအခါ အလင်းသားတော်နှင့် အခြားသူများက ၎င်းတို့သည် နတ်မီးလျံနှင့် ရင်ဆိုင်ခဲ့ရသည်ဟုထင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ နတ်ဆိုးဘုရင်က ယင်းမှာ နတ်ဆိုးနယ်မြေ၏ စွမ်းအားအကြီးဆုံး မီးလျံဖြစ်ကြောင်း သိလိုက်ရသည်။

ခဏမျှ စဥ်းစားပြီးနောက် ရွှယ်အန်းက မီးနတ်ဆိုးဘုရင်ကို ပြောလိုက်သည်။

“မင်းက မီးနတ်ဆိုးနယ်မြေကလာတာလား”

“ဟုတ်ပါတယ်”

"ကောင်းပြီ၊ မင်းရဲ့ ဝိညာဉ်ကို ငါသက်ညှာပေးမယ်။ ပြန်ပြီး မင်းရဲ့ မီးဘုရင်လို့ခေါ်တဲ့ကောင်ကို သွားပြောလိုက်။ သူနောက်တစ်ခါ နှောက်ယှက်ရဲရင် မင်းတို့ရဲ့ မီးနတ်ဆိုးနယ်မြေကို ငါ ချေမှုန်းပစ်မှာ သတိထားကြ”

ဤစကားကိုကြားသောအခါ မီးနတ်ဆိုးဘုရင်က စူးဝါးဝါးအော်လိုက်သည်။

“အရှင် ကျွန်တော်က မီးနတ်ဆိုးဘုရင်လေးတစ်ကောင်ပါ။ ကျွန်တော်မျိုး အရှင့်စကားကို သေချာပေါက်ပြန်ပြောပေးပါမယ်။ ကျွန်တော်မျိုးရဲ့အသက်ကို သက်ညှာပေးပါ။

“မင်းကိုသက်ညှာပေးရမယ်ဟုတ်လား” ရွှယ်အန်း၏နှုတ်ခမ်းများက အေးစက်စွာ ကွေးညွတ်သွားသွားသည်။

“သေမျိုးလောကို မက်မောတဲ့လုပ်ရပ်က သေလောက်တဲ့အပြစ်ပဲ။ အခု မင်းရဲ့ ဝိဉာဥ်ကို ချန်ထားပေးတာက သက်ညှာမှုတစ်ခုပဲ။ မင်း မကျေနပ်သေးဘူးလား။ ဒါမှမဟုတ် ငါ မင်းကို အပြီးတိုင် ချေမှုန်းပစ်သင့်လား"

“မဟုတ်ပါဘူး မဟုတ်ပါဘူး” မီးနတ်ဆိုးဘုရင်က သူ၏အခြေနေမှန်ကို ရုတ်တရက် ပြန်သတိရသွားသည်။

ဤလူသည် အခြားသော လူသားကျင့်ကြံသူများနှင့်မတူပေ။

သူ၏ သတ်ဖြတ်မှုများက ပြတ်သားကာ၊ သူ၏ နည်းလမ်းများသည်လည်း လျို့ဝှက်ဆန်းကြယ်၍ နားလည်ရခက်သောအရာများဖြစ်နေသည်။ အကယ်၍ သူစကားဆက်ပြောနေပါက လုံးဝ ပျက်ဆီးသွားနိုင်သည်။

ရွှယ်အန်း၏လက်ဝှေ့ယမ်းမှုနှင့်အတူ ချည်မျှင်များကဲ့သို့ အဖြူရောင်မီးတောက်များသည် မီးနတ်ဆိုးဘုရင်ကို ချည်နှောင်ထားလျက် ထိုချည်မျှင်များ၏ အဆုံးသတ်များက မီးနတ်ဆိုးဘုရင်၏ခန္ဓာကိုယ်ကို ထိုးစိုက်ကာ သူ၏ အနှစ်သာရသွေးကို ပြင်းပြင်းထန်ထန်စုပ်ယူလိုက်သည်။ ပြင်းထန်သော အော်သံများထွက်လာချိန်၌ မီးနတ်ဆိုးဘုရင်၏မျက်နှာပေါ်တွင် ထိတ်လန့်မှုအငွေ့အသက်များပေါ်လာသည်။

တစ်ချိန်တည်း၌ပင် သူ၏ ကြီးမားသောအသွင်အပြင်က လျင်မြန်စွာသေးကျုံ့သွားသည်။ ခဏအကြာတွင် လက်ခေျာင်းတစ်ချောင်းအရွယ်သာရှိတော့သည့် မီးလျံတစ်ခုဖြစ်သွား၏။

ထိုမှသာ အဖြူရောင်မီးလျှံသည် ၎င်း၏ ချည်နှောင်မှုကိုဖြေလျှော့ပေးလိုက်သည်။

အားလျော့သွားသော မီးတောက်က အချိန်မရွေးငြိမ်းသွားနိုင်သကဲ့သို့ လေထုအလယ်တွင် လွင့်ပျံသွားကာ အလွန် တိုးလျသော အသံတစ်ခု ထွက်ပေါ်လာသည်။

"သခင်၊ သနားတော်မူပါ"

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“မှတ်ထား မင်းရဲ့ မီးဘုရင်ကို ပြန်ပြောလိုက်။ နောက်ထပ် မသင့်တော်တဲ့အတွေးတွေကို ထပ်တွေးရင် ရလဒ်က မင်းတို့ထင်ထားတာထက် အဆတစ်ရာ ပိုဆိုးလိမ့်မယ်”

“ဟုတ်ကဲ့ပါ သခင်”

“သွားတော့”

အခန်း(၄၈၂) အားနည်းမှုက မူလအပြစ်ပဲ

မီးနတ်ဆိုးဘုရင်သည် ယခုအခါတွင် ဖယောင်းတိုင်မီးလျှံအရွယ်အထိရောက်သွားကာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သဖြင့် မီးနတ်ဆိုးနယ်မြေသို့ တိုက်ရိုက်ပြန်လာခဲ့သည်။ စိုက်ရောက်လာသောအခါ အာကာသဆိုင်ရာ ဥပဒေသများဖြင့် ချည်နှောင်ခြင်းခံရမည်ကို စိုးရိမ်သောကြောင့် သူ၏ အစွမ်းသတ္တိကို ဖိနှိပ်ကာ ပြန်လာခဲ့သည်။ သို့သော် အပြန်ခရီးက ပိုမို ချောမွေ့သည်။ အာကာသဥပဒေသများက ဤကဲ့သို့ သေးကွေးသော မီးလျှံကို ဂရုမစိုက်ကြပေ။ ရလဒ်အနေဖြင့် သူက နတ်ဆိုးနယ်မြေသို့ လွယ်လင့်တကူ ပြန်သွားနိုင်ခဲ့သည်။

များပြားလှသော နယ်ပယ်များအတွင်း၌ နတ်ဆိုးမျိုးနွယ်စုပိုင်နက်သည် မယုံကြည်နိုင်ဖွယ်ကောင်းစွာ ကျယ်ပြော၍ ကြီးစိုးနေသော မျိုးနွယ်စုတစ်ခုလည်းဖြစ်သည်။

ဤအရာသည် ၎င်းတို့ ပိုင်ဆိုင်ထားသော ကမ္ဘာအရေအတွက်များမှ သက်သေပင်ဖြစ်သည်။ နတ်ဆိုးနယ်မြေက ကျယ်ပြန့်ကာ အကန့်အသတ်မဲ့သော အဓိကနယ်မြေတစ်ခုရှိ၍ များပြားလှသော နေရာများကြားတွင် ဆက်လက် အဆင့်မြင့်လျက်ရှိသည်။ တစ်ချိန်တည်း၌ပင် အစိမ်းရောင်တောင်တန်း မြေခွေးနယ်မြေ၊ မြွေနတ်ဆိုးမြေနှင့် စသည်ဖြင့်ရှိရာ ပင်စည်နှင့်အရွက်များနှင့်တူကာ ပင်မနတ်ဆိုးနယ်မြေသည်မူ သစ်ပင်ကြီးတစ်ပင်နှင့်တူသည်။ ။

အလေးအနက်ထားပြောရလျှင် နဂါးနယ်မြေသည် နတ်ဆိုးနယ်မြေ၏ တစ်ပိုင်းတစ်စလည်းဖြစ်သည်။

သို့သော် နဂါးမျိုးနွယ်စု၏ လွှမ်းမိုးနိုင်စွမ်းနှင့် အနန္တစကြဝဌာတစ်လျှောက်ရှိ ၎င်းတို့၏ တည်ရှိမှုများကြောင့် များစွာသောလူတို့သည် နဂါးနယ်မြေကို နတ်ဆိုးနယ်မြေ၏လက်အောက်ခံဟုမသတ်မှတ်ကြဘဲ သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ်ရှု့မြင်ကြသည်။

မီးနတ်ဆိုးဘုရင်ပြန်လာခဲ့သည့် မီးနတ်ဆိုးနယ်မြေသည် ဤမျှပင်အရေးမပါသော ကမ္ဘာတစ်ခုဖြစ်သည်။ အထင်ကြီး‌လောက်ဖွယ်မရှိသော်လည်း ဤမီးနတ်ဆိုးနယ်မြေကိုလည်း ကျယ်ပြောသည်ဟုဆိုနိုင်သည်။ သို့သော် ပတ်ဝန်းကျင်ကမူ ပို၍ကြမ်းတမ်း၏။ နေရာတိုင်းတွင် ရင်ပြင်မရှိသလောက်နည်းပါးကာ မီးတောင်များပေါက်ကွဲနေခြင်း သို့မဟုတ် ပေါက်ကွဲခါနီးမီးတောင်များရှိနေသည်။ ချော်ရည်များက နေရာအနှံ့သို့ စီးဆင်းလျက် ရှည်လျားသော မြစ်များအဖြစ် ပေါင်းစုသွားကြသည်။

လေထုထဲတွင် ဆာလဖာ၏ညှော်နံ့များဖြင့်ပြည့်နေသည်။ ဤသို့သောအခြေအနေမျိုးတွင် သာမန်လူသားများမဆိုနှင့် သာမန်ကျင့်ကြံသူများပင်လျှင် ရှင်သန်ရန် ရုန်းကန်ကြရပေလိမ့်မည်။ သို့သော် မီးနတ်ဆိုးမျိုးနွယ်အတွင်းတွင် ဤသည်က သဘာဝအရဖြစ်ပေါ်လာသော နိဗာန်ပင်ဖြစ်သည်။ မီးနတ်ဆိုးဘုရင်က မီးတောင်အဝသို့ စိတ်အားထက်သန်စွာခုန်ဆင်းကာ ထူထဲသော ချော်ရည်များကြား၌ ရေချိုးလိုက်သည်။

“အား…အရမ်းဇိမ်ကျတာပဲ” မီးနတ်ဆိုးဘုရင်က စိတ်အားထက်သန်စွာဖြင့် ညည်းတွားလိုက်သည်။

သူ့အတွက် ချော်ရည်ထဲတွင် စိမ်ခြင်းက ရေပူစမ်းထဲတွင်ရေချိုးသကဲ့သို့ လုံးဝသက်သာရာရစေကာ သူ၏ ယခင်ခန္ဓာကိုယ်မှ အင်အားနည်းနေသော မီးလျံများပင် ပြန်လည် အင်အားကောင်းလာသည်။

“ဒီနေ့ သေမျိုးကမ္ဘာမှာ ငါသေလုနီးပါးပဲ။ အဲ့လူက တကယ်ပဲ ဘယ်သူလဲ” မီးနတ်ဆိုးဘုရင်က တွေးသည်။

ထိုအချိန်တွင် ပြင်းထန်သော စုပ်ယူမှုစွမ်းအားက သူ့ကို ချော်ရည်ထဲမှ ဆွဲထုတ်လိုက်သည်။ သူ မတုံ့ပြန်ခင်၌ ကောင်းကင်ကို ပျံတက်သွားသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ခဏအကြာတွင် ထိတ်လန့်တုန်လှုပ်နေသော မီးနတ်ဆိုးဘုရင်က မီးခဲများဖြင့် တည်ဆောက်ထားသော ကြီးမားကျယ်ပြန့်သော နန်းတော်ရှေ့တွင် သူ့ကိုယ်သူပြန်တွေ့လိုက်ရသည်။

နန်းတော်ပုလ္လင်ထက်၌ ထိုင်နေသည်မှာ ကြီးမားလှသော မီးသတ္တဝါကြီးတစ်ကောင်ဖြစ်သည်။ ဤအကောင်ကြီးကိုမြင်သောအခါ မီးနတ်ဆိုးဘုရင်က တုန်လှုပ်ချောက်ခြားစွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မီးတောက်အဖြစ်မှ လူသားအသွင်သို့ပြောင်းလဲသွားသည်။

"မီး... မီးဘုရင်"

သူ့အသံက အားနည်းကာ တုန်ယင်နေသည်။

နန်းတော်၏နှစ်ဘက်လုံးမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

"ကျွတ်…ကျွတ် ဒါက မီးနတ်ဆိုးဘုရင်မဟုတ်ဘူးလား။ ခင်ဗျားဘယ်လိုလုပ် မီးရှုူးတိုင်လောက်ပဲရှိတော့တာလဲ”

“မီးနယ်မြေကိုပြန်လာပြီးတော့ သခင့်ဆီလာရမယ့်အစား မင်းက မီးတောင်ထဲမှာသွားပုန်းနေတယ်။ ဒါ့ကြောင့် မင်းရဲ့ နှလုံးသားက ပြစ်တင်ရှုံ့ချထိုက်တယ်ကွ”

ဤကဲ့ရဲ့သံများအားလုံးသည် မီးနတ်ဆိုးဘုရင်များစွာထံမှထွက်ပေါ်လာခြင်းဖြစ်သည်။ မီးနတ်ဆိုးဘုရင်က မြေပြင်ထက်တွင် ဒူးထောက်နေစဥ် ၎င်းတို့အားလုံးက အေးစက်စွာပြုံးကြည့်လျက် ရယ်မောနေကြသည်။

ထိုအချိန်၌ ရာဇပုလ္လင်ပေါ်တွင် ထိုင်နေသော မီးဘုရင်က ပြောလိုက်သည်။

“ဘာဖြစ်လာတာလဲ။ မင်းဘာလို့ ဒီအခြေအနေဖြစ်သွားတာလဲ”

“မီးအရှင် အရှင့်ကို သတင်းမပို့ခင် ကျွန်တော့်ရဲ့ မီးဇစ်မြစ်ကို ထိန်းသိမ်းထားဖို့ ရည်ရွယ်ခဲ့တာပါ။ ကျွန်တော် ခွန်းလွန်နယ်မြေကို ဆင်းသွားခဲ့ပါတယ်။ အရာအားလုံဂကချောချောမွေ့မွေ့ဖြစ်နေတုန်းမှာ ရုတ်တရက် လူတစ်ယောက်ပေါ်လာပြီး ရွှမ်ငှက်ကို သတ်ပြီးတော့ ကျွန်တော့်ကို ဒီအခြေအနေဖြစ်အောင်လုပ်ခဲ့ပါတယ်” မီးနတ်ဆိုးဘုရင်က အော်ဟစ်ကာ အကူအညီတောင်းလိုက်သည်။

သူ့စကားကိုကြားသောအခါ မီးနတ်ဆိုးဘုရင်များထံမှ ရယ်မောသံများထွက်ပေါ်လာသည်။ ရယ်မောခြင်းက ကျေနပ်ခြင်းတို့နှင့် ဆက်စပ်နေသော်လည်း အများစုမှာ လှောင်ရယ်ခြင်းနှင့် အထင်သေးခြင်းများပြည့်နေသည်။

"ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲကွာ ကမ္ဘာကြီးက ပျက်ဆီးနေတာကြာပြီး ခွန်းလွန်လျို့ဝှက်နယ်မြေတောင်မှ တဖြည်းဖြည်းပျက်ဆီးလာနေပြီကွ။ ဘယ်သူက နတ်ဆိုးဘုရင်ကိုဒီလိုအခြေအနေရောက်အောင်လုပ်နိုင်မှာလဲ”

“အတိအကျပဲ အခုအချိန်က မီးဘုရင်ကိုယ်တိုင်က ကူညီပေးထားတာ။ ဒါတောင် မီးရင်းမြစ်မပျက်ဆီးရုံတမယ် အရိုက်ခံခဲ့ရတယ်။… တကယ့် အမှိုက်ပဲ”

သရော်လှောင်ပြောင်မှုများနှင့် စော်ကားမှုများသည် မီးနတ်ဆိုးဘုရင်ကို ဒေါသအမျက်ထွက်လုနီးပါးဖြစ်စေခဲ့သည်။ သို့သော် ယခုအချိန်၌ အင်အားနည်းနေလွန်းသောကြောင့် အသက်ပြင်းပြင်းတစ်ချက်သာရှုလိုက်သည်။

နတ်ဆိုးနယ်မြေတွင် အားနည်းမှုသည် မူလအပြစ်ဖြစ်သည်။

“မင်းကို တစ်ယောက်ယောက်က ဒီလိုအခြေအနေထိဖြစ်အောင်ရိုက်လိုက်တယ်လို့ ပြောချင်တာလား။” မီးဘုရင်၏ မျက်နှာထက်တွင် မီးတောက်များဖြင့် ဖုံးလွှမ်းနေသောကြောင့် မည်သည့်ခံစားချက်မျှမပြဘဲ မေးလိုက်သည်။

“ဟုတ်”

"ဒါနဲ့ မင်းကို ဘယ်လိုရိုက်ခဲ့တာလဲ အသေးစိတ်ပြောပြပါဦး"

မီးနတ်ဆိုးဘုရင်က ကြောက်လန့်တုန်လှုပ်လျက် ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြသည်။ သို့သော် ရွှယ်အန်းက နတ်ဆိုးမီးလျံကို အသုံးပြုခဲ့ကြောင်း ကြားလိုက်ကြရသောအခါ နတ်ဆိုးနယ်မြေတစ်ခုလုံးက ရယ်မောသံအောက်တွင် နစ်မြုပ်သွားခဲ့သည်။

“ဒါက တကယ့်ကို ရယ်စရာကောင်းတယ်။ မီးဘုရင်တောင်မှ မပိုင်နိုင်တဲ့နတ်မီးလျံကို လူတစ်ယောက်က ကျွမ်းကျွမ်းကျင်ကျင်နဲ့ စီမံခန့်ခွဲနေတယ်ပေါ့။ မင်းရဲ့စိတ်ကူးကတော့ တကယ့် ကြွယ်တာပဲ ဟားဟား”

“ဟားဟား သူ့ကျင့်ကြံရေးအဆင့်ကို ဆုံးရှုံးလိုက်ရတာ သူ့မိုက်မဲမှုကြောင့်ပဲလို့ ငါတော့ထင်တယ်”

မီးဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ မီး‌တောက်များက ရုတ်တရက် ပိုမိုလောင်ကျွမ်းလာသည်။

“တိတ်ကြစမ်း”

ချက်ချင်းဆိုသကဲ့သို့ပင် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထိုအခါ မီးဘုရင်က ရွှင်မြူးသောလေသံဖြင့်ပြောလိုက်၏။

“ဒါဆို မင်းက သေမျိုးလောကမှာ ငါ့ထက်ကျင့်ကြံ‌ရေးအဆင့်မြင့်တဲ့လူတစ်ယောက်နဲ့ကြုံလိုက်ရပြီး အဲ့လူက မင်းကို ဒီလိုအခြေအနေရောက်အောင် အနိုင်ယူလိုက်တယ်လို့ ပြောနေတာလား”

ခန်းမထဲတွင် ရယ်သံတချို့ထွက်လာပြန်သည်။

မီးနတ်ဆိုးဘုရင်က တုန်လှုပ်ခြောက်ခြားလျက် ပြောလိုက်သည်။

“မီးဘုရင်ကို လျှောက်တင်ပါတယ်။ ဒါ တကယ်ဖြစ်ခဲ့တာပါ”

“ကောင်းပြီ။ ဒီလိုဆိုမှတော့ ငါမင်းကို တကယ် အပြစ်မတင်နိုင်တော့ဘူး။ မင်း သေမျိုးလောကမှာ

မင်းတော်တော်ခံစားရပြီးပြီ။ မင်းရဲ့ကျင့်ကြံရေးအဆင့်တွေလည်း အကုန်ဆုံးရှုံးလိုက်ရပြီ”

မီးနတ်ဆိုးဘုရင်၏ အသံက ဆို့နင့်လာသည်။

“မီးဘုရင်က ကြင်နာလွန်းပါတယ်။ ဒါ ကျွန်တော် အရည်အချင်းမရှိလို့ပါ”

မီးဘုရင်က တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

“ဒီကိုလာခဲ့ မင်းအတွက် လက်ဆောင်ရှိတယ်”

ဤစကားလုံးများက မီးနတ်ဆိုးဘုရင်ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

“မီးဘုရင် ကျွန်တော်မျိုးရဲ့ ကျင့်ကြံရေးအဆင့် ဆုံးရှုံးသွားရပေမယ့် ကျွန်တော့်မှာ မီးဇစ်မြစ်ရှိနေတုန်းပါပဲ။ ကျွန်တော့်ကို အချိန်နှစ်တစ်ရာပဲပေးပါ… မဟုတ်ဘူး… နှစ်ငါးဆယ်ပဲပေးပါ။ ကျွန်တော်မျိုး အရင် အခြေအနေကို ပြန်ရောက်အောင်လုပ်နိုင်တယ်လို့ ကတိပေးပါတယ်။ နောက်ပြီးရင် အရှင့်ဆီ ခစားနိုင်ပါသေးတယ်”

မီးဘုရင်က နူးညံ့စွာပြုံးသည်။

“ငါမင်းကို လက်ဆောင်ပေးတာလေ မင်းကဘာကိုကြောက်နေတာလဲ။ ဒီကိုလာခဲ့”

ခန်းမက တိတ်ဆိတ်နေသည်။ တစ်ဖက်တစ်ချက်ဆီတွင် တန်းစီနေသော မိစ္ဆာဘုရင်များက ထူးမခြားနားသော အမူအရာဖြင့် ကြည့်နေကြသည်။

မီးနတ်ဆိုးဘုရင်က ကြာကြာဆက်၍ မငြင်းဆိုနိုင်တော့သဖြင့် ဒူးထောက်ကာ ခြေလှမ်းအနည်းငယ် တွားသွားလျက် ပြောလိုက်သည်။

“မီးဘုရင်၊ ကျွန်တော့်နယ်မြေမှာ မီးသလင်းကျောက်တွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်မျိုး အရှင့်ကို အကုန်ပေးပါ့မယ်”

သူ့စကားမဆုံးခင်တွင် မီးဘုရင်၏ မီးများတောက်လောင်နေသော လက်တစ်ဖက်က မီးနတ်ဆိုးဘုရင်ကို ဖမ်းဆုတ်လိုက်သည်။

“မီးဘုရင်.. ကျွန်တော့်ကို မသတ်ပါနဲ့။… တောင်းပန်ပါတယ်”

မီးဘုရင်၏ မီးတောက်လက်ကြီးက ဆွဲညှစ်လိုက်ရာ မီးနတ်ဆိုးဘုရင်၏ မီးဇစ်မြစ် လုံးလုံးလျာလျား ကြေမွသွားပြီးနောက် မီးဘုရင်က ပါးစပ်ကို ဖွင့်၍ မြိုချလိုက်သည်။

“ငါ့ကို ပေးမယ်ဟုတ်လား။ ဟားဟား ငါမင်းကိုစားလိုက်ရင် ဘယ်ဟာက ငါ့ဟာမဟုတ်လို့လဲကွ” မီးဘုရင်က လှောင်ပြောင်ပြောဆိုသည်။

ခန်းမအတွင်းရှိ အခြားသော မီးနတ်ဆိုးဘုရင်များ၏ မျက်နှာထက်တွင် စိုးရိမ်မှုအရိပ်အမြွက်များပင်ပြသခြင်းမရှိပေ။ နတ်ဆိုးနယ်မြေတွင် အနည်းဆုံး မီးနတ်ဆိုးနယ်မြေတွင် ထိုသို့သောအရာများသာ သာမန်သာဖြစ်သည်။ နောက်ဆုံးတွင်မူ မီးနတ်ဆိုးဘုရင်က ၎င်း၏ ကျင့်ကြံရေးအဆင့်ကို ဆုံးရှုံးခဲ့ရသော်လည်း မီးဇစ်မြစ်ကျန်သေးသဖြင့် ယင်းကို စားသုံးပြီးလျှင် စားသုံးသူက အကျိုးအမြတ်များစွာရမည်ဖြစ်သည်။

မီးဘုရင်က မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဖြစ်ခဲ့သမျှကို သိနိုင်ရန် မီးနတ်ဆိုးဘုရင်၏ ဝိဉာဥ်မှ မှတ်ဉာဏ်များကိုရှာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် နတ်အာရုံက ဤအပိုင်းအစများကို ထိလိုက်သည်နှင့် အင်အားနည်းသော်လည်း မယှဥ်နိုင်သည့် မီးတောက်ဖြူတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

အခန်း(၄၈၃) နတ်ဘုရားက မရိုမသေလုပ်ရင် မီးဖီးနစ်က သူတို့အားလုံးကို သတ်ပစ်မယ်

မီးချည်မျှင်က မီးဘုရင်၏ နတ်အာရုံကို အချည်းအနှီးဖြစ်စေကာ မီးဘုရင်၏ ကိုယ်ပိုင်မီးလျှံများကိုပင် အရူးအမူးဝါးမြိုလျက် အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။ ထိတ်လန့်တကြားဖြစ်နေခဲ့သော မီးနတ်ဆိုးဘုရင်ထက် ကျင့်ကြံရေးအဆင့်များစွာမြင့်သည့် မီးဘုရင်က စစ်မှန်သောအင်မော်တယ်အဆင့်သို့ ဝင်ရောက်နှင့်ပြီးဖြစ်ရာ ချက်ချင်းပင် သူ၏ ကျင့်ကြံရေးအဆင့်အားလုံးကို နတ်မီးလျှံက ချက်ချင်း ဖုံးလွှမ်းသွားသည်။ ယင်းမီးလျှံက အလွန်အင်အားနည်းသော်လည်း မီးတောက်အားလုံးကို လောင်ကျွမ်းသွားကာ ကိုင်တွယ်ရန်အလွန်ခက်ခဲလှသည်။

မီးဘုရင်က နည်းလမ်းမျိုးစုံကို အသုံးချခဲ့သော်လည်း လုံးဝငြှိမ်းသက်နိုင်ခြင်းမရှိခဲ့ပေ။ အဆုံးတွင် သူက အံကြိတ်လျက် မီးလျံ၏ အဝိုင်းခံထားရသော သူ၏ ကျင့်ကြံရေးအဆင့်ကို ခန္ဓာကိုယ်မှဖယ်ထုတ်ခဲ့သည်။

ဤအရာအားလုံးသည် မီးဘုရင်၏ ခန္ဓာကိုယ်အတွင်းတွင်ဖြစ်ခဲ့ခြင်းဖြစ်၍ ခန်းမအတွင်းရှိ နတ်ဆိုးဘုရင်မျိုးစုံတို့က မသိခဲ့ကြပေ။ မီးဘုရင်၏ ခန္ဓာကိုယ်မှ မီးလျှံများက တောက်လောင်သွားသည်ကို မြင်သာမြင်လိုက်ရပြီးနောက် ဖြစ်ခဲ့သမျှကို သတိမထားမိပေ။

ထို့နောက် ဤမီးလုံးက ပေါ်လာသည်။ ထိုအချိန်တွင် မီးဘုရင်က ခန်းမအလယ်၌ လွင့်နေသော မီးလုံးကြီးကို ကြောက်လန့်တကြားကြည့်၍ နောက်ဆုံးတွင် မီးနတ်ဆိုးဘုရင်ပြောသမျှက အမှန်တရားဖြစ်နေကြောင်းသိလိုက်ရသည်။ ဤမီးချည်မျှင်က အင်အားနည်းနေသော်လည်း သူ၏ ကိုယ်ပိုင်မီးလျှံထက် အဆပေါင်း တစ်သောင်းကျော် ပို၍အရည်အသွေးမြင့်သည်။ ထိတ်လန့်တုန်လှုပ်နေချိန်တွင် မီးလုံးကြီးမှ ဧရာမရုပ်သွင်ကြီးတစ်ခု ဖြည်းညှင်းစွာပေါ်လာသည်။

ယင်းသည်ကား ရွှယ်အန်း၏နတ်အာရုံမှလွဲ၍အခြားမဟုတ်ပေ။

“မင်း သေမျိုးကမ္ဘာကို ထပ်ပြီး တက်မက်ရဲရင် မင်းနေရာမှာ ဒီလိုကံကြမ္မာကိုမျှော်လင့်ထားလိုက်”

ထိုစကားနှင့်အတူ မီးလုံးက ကြီးမားသော မီးလျံဓားရှည်ကြီးအဖြစ် ရုတ်တရက်ပြောင်းလဲသွားကာ ရွှယ်အန်း၏ပုံရိပ်က ဓားကိုကိုင်ထားလျက်ဖြင့် ပြင်းထန်စွာ ခုတ်လှဲချလိုက်သည်။

မယုံနိုင်လောက်အောင် မာကျောသော သလင်းကျောက်များဖြင့် တည်ဆောက်ထားသည့် မီးသလင်းကျောက်ခန်းမသည် ကျယ်လောင်သောအသံနှင့်အတူ ထက်ခြမ်းခွဲခံလိုက်ရသည်။

ထို့နောက် ရွှယ်အန်းနှင့် မီးလုံးတို့ ပျောက်ကွယ်သွားသည်။ ခန်းမတစ်ခွင်တွင် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားသည်။ နတ်ဆိုးဘုရင်များအပါအဝင် မီးဘုရင်ကပါ ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

တစ်ချိန်တည်း၌ပင် ကွဲထွက်သွားသော မီးသလင်းကျောက်ခန်းမက တစ်ဖက်တစ်ချက်ဆီသို့ ဖြည်းညှင်းစွာပြိုလဲသွားပြီးနောက် မီးနီရောင်ကောင်းကင်ကြီးပေါ်လာသည်။

အချိန်အတန်ကြာပြီးနောက် နတ်ဆိုးဘုရင်တစ်ပါးက တုန်လှုပ်သောအသံဖြင့် မေးသည်။

“အရှင် မီးဘုရင် အခု ဘာဖြစ်သွားတာလဲ”

ရာဇပလ္လင်ပေါ်တွင် မှိန်းသေစွာထိုင်နေသော မီးဘုရင်က ဤစကားကိုကြားသောအခါ ခါးသက်စွာရယ်လိုက်သည်။

“ကြည့်ရတာ… မီးနတ်ဆိုးဘုရင်ကို သတ်ခဲ့တဲ့လူက သေမျိုးလောကကပဲ”

နတ်ဆိုးဘုရင်များအားလုံး အသက်ကို ပြင်းထန်စွာရှုလျက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အချင်းချင်း၏မျက်လုံးများမှ ထိတ်လန့်မှုကို မြင်လိုက်ကြရသည်။

ထိုအချိန်တွင် မီးဘုရင်သည် စိတ်ပျက်လက်ပျက် လေသံဖြင့်ပြောလိုက်သည်။

“ငါတို့ ဒီအဖြစ်အပျက်ကို စကားတစ်ခွန်းမှဖြန့်လို့မဖြစ်ဘူး။ တစ်ချိန်တည်းမှာပဲ ငါ့အမိန့်ကို ဖြန့်လိုက်”

“သေမျိုးလောကကို လေ့လာရှာဖွေခိုင်းထားတာကို ဖျက်သိမ်းတော့”

“ဟုတ်ကဲ့”

မြောက်မြားစွာသော နတ်ဆိုးဘုရင်များက တညီတညွတ်တည်း တုံ့ပြန်ကြသည်။ ၎င်းတို့တွင် ယခင်ကကဲ့သို့ မောက်မာမှုမျိုးမရှိကြတော့ပေ။

ထိုအချိန်တွင် ခွန်းလွန်လျို့ဝှက်နယ်မြေရှိ ဖီချွန်းမျှော်စင်ထက်တွင် ရွှယ်အန်းက သူ၏နတ်အာရုံကို ခံစားမိကာ အနည်းငယ်ပြုံးလိုက်သည်။ မီးနတ်ဆိုးဘုရင်ထဲတွင် သူချန်ထားခဲ့သည့် မီးစည်းချိပ်က အသက်ဝင်သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။

ရွှယ်အန်းက နတ်ဆိုးမျိုးနွယ်စုက မည်သို့လုပ်ဆောင်လေ့ရှိသည်ကို ကောင်းစွာသိထားသောကြောင့် မီးနတ်ဆိုးဘုရင်ထဲတွင် စည်းချိပ်ထားခဲ့ခြင်းဖြစ်သည်။ မည်သူမဆို ဝါးမြိုလိုက်ပါက ၎င်းတို့ကို လေးနက်သော သင်ခန်းစာတစ်ခု ပေးနိုင်မည်ဖြစ်သည်။

ဤအဖြစ်အပျက်ပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစကို မစဥ်းစားကြဘဲ လောကရေးရာများတွင် မဆင်မခြင်ဝင်ရောက်စွက်ဖက်တတ်သည့် နတ်ဆိုးမျိုးနွယ်စုကို အတိုင်းအတာတစ်ခုအထိ ငြိမ်သက်သွားစေလိမ့်မည်ဟု သူယုံကြည်သည်။

“ယောက်ျား ဘာတွေပြုံးနေတာလဲ”

“အာ ဘာမှမဟုတ်ပါဘူး။ ချန်‌ဟောက်တို့ ပြန်လာကြပြီလား”

“မလာသေးဘူး” အန်းယန်က စိုးရိမ်တကြီးပြောသည်။

“တစ်ခုခုများပြဿနာဖြစ်နေလား။ ရှင်ဘာလို့ သွားမကြည့်တာလဲ”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“မလိုပါဘူး။ ဒီလိုမျိုး တစ်ခုကိုတောင် မဖြေရှင်းနိုင်ရင် ကို့အတွက်တော့တကယ်စိတ်ပျက်စရာပါပဲ”

မီးနတ်ဆိုးဘုရင်ကို သတ်ပြီးနောက် ရွှယ်အန်းက ဖီချွန်းမျှော်စင်သို့ တိုက်ရိုက်ပြန်လာခဲ့သည်။ ရွှယ်အန်းက လေပြင်းမျှော်စင်နှင့် မီးဘုရင်ခန်းမတို့က ရှားပါးသော ဓားသွေးကျောက်များဖြစ်သည်ကို ရှင်းလင်းစွာပြသပြီးဖြစ်သည်။ ယခု ရွှယ်အန်းက ရွှမ်ငှက်နှင့်နတ်ဆိုးဘုရင်ကို ချေမှုန်းနိုင်ခဲ့ပြီဖြစ်သဖြင့် ကျန်ရှိသည်မှာ မီးဖီးနစ်အဖွဲ့သားများ၏ တာဝန်ဖြစ်သည်။

ဓားသွေးကျောက်များရှိလျှင်ပင် ဓားကိုချွန်ခြင်းသည် ဓားကိုယ်တိုင်လုပ်ရမည့်အရာဖြစ်သည်။ ယင်းဓားနေရာတွင် အခြားဓားများဖြင့် အစားထိုး၍ မရနိုင်ပေ။ ကျူးရူယန်နှင့် လုရွှင်ရွှယ်တို့က တစ်စုံတစ်ခုကို ပြောချင်နေကြသော်လည်း တုံ့ဆိုင်းနေကြသည်။

ခွန်းလွန်မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေသည့် ကြီးမားသော ကြုံးဝါးသံကို ၎င်းတို့ကြားလိုက်ရပြီး မကြာမီ၌ ရွှယ်အန်းပြန်ရောက်လာသည်။

အချိန်တိုအတွင်း၌ သူက လေပြင်းမျှော်စင်နှင့် မီးဘုရင်ခန်းမတို့၏ ခေါင်းဆောင်နှစ်ဦးကို သတ်ခဲ့ခြင်းဖြစ်နိုင်သလား။

သို့သော် ရွှယ်အန်းက စကားမပြောသောကြောင့် ၎င်းတို့ကလည်း စကားတစ်ခွန်းမျှ မပြောဝံ့ကြတော့ပေ။ ထိုအခိုက်အတန့်၌ လေပြင်းမျှော်စင်ရှိ လူတိုင်း၏မျက်နှာများက ဖြူဖျော့နေကာ အခန်းမှထွက်မလာရဲသော မိန်းကလေးများအပါအဝင် အကုန်လုံဂက ကြောက်လန့်တုန်လှုပ်နေကြသည်။ အဝေးမှ တုန်လှုပ်ခြောက်ခြားဖွယ် အော်ဟစ်သံများကြောင့် အပြင်လောကတွင်ဖြစ်ပျက်နေသမျှကို သိနိုင်နေသည်။

“မိုးလင်းခါနီးနေပြီ” ရွှယ်အန်းက ရုတ်တရက် လျစ်လျူရှု့၍ ပြောလိုက်ပြီးနောက် ဝိုင်တစ်ငုံကို ဖြည်းညှင်းစွာသောက်လိုက်သည်။

လူတိုင်းကလှည့်ကြည့်လိုက်ကြသည်။

အမှန်ပင် အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှ ရွှေချည်မျှင်များ ဖြည်းညှင်းစွာထွက်လာသည်ကို မြင်လိုက်ကြရသည်။

ထို့နောက် နှင်းများရပ်တန့်သွားသည်။

“ယောက်ျား…” အန်းယန်က တစ်ခုခုကို ပြောချင်နေသည်။

သူမက မီးဖီးနစ်မှလူများအတွက် စိုးရိမ်နေဆဲဖြစ်သည်။ ထိုအချိန်၌ပင် ကျူးရူယန်က ရုတ်တရက် တုန်ယင်သောအသံဖြင့်ပြောလိုက်သည်။

“ပြန်လာကြပြီ။ ပြန်လာကြပြီ”

အားလုံးက မျှော်ကြည့်လိုက်ရာ အဝေးရှိ လမ်းအဆုံးမှ ဖြည်းညှင်းစွာလျှောက်လာကြသော လူတစ်စုကိုမြင်လိုက်ကြရသည်။ ဤလူများကို သတ်ဖြတ်ရောင်ဝါများ သွေးများက ဖုံးလွှမ်းလျက်ရှိရာ ခြေတစ်လှမ်းလျှောက်တိုင်းတွင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ လေပြင်းမျှောစင်ရှေ့သို့ရောက်သောအခါ ချန်ဟောက် ရှေ့သို့ လှမ်း၍ ပြောလိုက်သည်။

“နည်းပြ၊ ဒီတိုက်ပွဲမှာ မီးဖီးနစ်က အင်မော်တယ် ထက်ဝက်အဆင့် နှစ်ကောင်၊ လွတ်မြောက်အင်မော်တယ် ဆယ့်သုံးကောင်၊ ကောင်းကင်လူသား တစ်ရာနှစ်ဆယ့်တစ်ကောင်၊ ရေတွက်လို့မရနိုင်တဲ့ ရှောင်ယောင်းအဆင့်တွေ အများကြီးကို သုတ်သင်ခဲ့ပါတယ်။ နောက်ပြီး မီးဖီးနစ်‌ရှစ်ယောက်အပြင်းအထန်ဒဏ်ရာရခဲ့ပေမယ့် တစ်ယောက်မှ မသေခဲ့ပါဘူုး”

ထိုသို့ပြောပြီးနောက် သွေးများစွန်းထင်းနေသော ချန်‌ဟောက်က ဂုဏ်ယူသောအကြည့်ဖြင့် အားလုံးကိုကြည့်လိုက်သည်။ ဤအောင်မြင်မှုက ၎င်းတို့အတွက် ဂုဏ်ယူရန် လုံလောက်သည်။ လွတ်မြောက်အင်မော်တယ်တစ်ယောက်ကို သတ်ခြင်းကပင် မီးဖီးနစ်အဖွဲ့ဝင်များအတွက် ခက်ခဲသောအလုပ်တစ်ခုဖြစ်နေသောကြောင့်ပင်ဖြစ်၏။ သို့သော် ခွန်းလွန်လျို့ဝှက်နယ်မြေထဲသို့ဝင်ရောက်လာခဲ့စဥ်ကတည်းက ရွှယ်အန်းသည် ၎င်းတို့တစ်ဦးစီအတွက် ခွန်းလွန်၏ ကြွယ်ဝသော ဝိဉာဥ်စွမ်းအင်များနှင့် ပေါင်းစပ်ထားသည့် အဆင့်မြင့်ကျင့်ကြံရေးနည်းလမ်းများကို ပေးအပ်ခဲ့ရာ မီးဖီးနစ်အဖွဲ့ဝင်တိုင်းက ၎င်းတို့၏ ကျင့်ကြံရေးအဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်ခဲ့ကြသည်။

နှင်းများထူထပ်သော ည၌ ဤသို့သော တိုက်ပွဲတွင် ၎င်းတို့က အသေအပျောက်မရှိဘဲ လွတ်မြောက်အင်မော်တယ် တစ်ဒါဇင်ကျော်ကို ချေမှုန်းနိုင်ခဲ့ကာ အင်မော်တယ်ထက်ဝက်အဆင့်များကိုပင် သုတ်သင်နိုင်ခဲ့သေးသည်။ ထိုသို့သော စံချိန်က ခွန်းလွန်တစ်ခုလုံးကို သိမ်းပိုက်ရန် လုံလောက်သည်။ ထို့ကြောင့် ချန်ဟောက်က ဂုဏ်ယူစွာပြောလိုက်သောအခါ အားလုံးက အံ့သြသွားကြသည်။

ဖီချွန်းမျှော်စင်တွင်းမှလူများက ထိုစကားများကိုကြားရသောအခါ တုန်လှုပ်သွားကြသည်။ ဤသို့သောနေရာမျိုးတွင် အချိန်ဖြုန်းရန်တတ်နိုင်သူများသည် ခွန်းလွန်မြို့၏ အထင်ကရပုဂ္ဂိုလ်များပင်ဖြစ်ကြသည်။ လေပြင်းမျှော်စင်နှင့် မီးဘုရင်ခန်းမကို လုံးဝဖျက်ဆီးလိုက်ကြောင်း ၎င်းတို့ကြားသောအခါ နောက်ဆုံးတွင် မြို့တွင်းပဋိပက္ခများနှင့် အော်ဟစ်သံများအားလုံးကို နားလည်သွားကြသည်။

သတ္တိရှိသူအချို့က ကြည့်ရှု့ရန် ပြတင်းပေါက်များကို ခိုးဝှက်ဖွင့်ထားကြသည်။ ထိုအချိန်၌ ရွှယ်အန်းက ဒဏ်ရာအသီးသီးရရှိထားသော်လည်း စိတ်ဓာတ်ပြတ်သားမှု ဂုဏ်ယူမှုတို့ဖြင့် ပြည့်နေသော မီးဖီးနစ်အဖွဲ့သားများကို တိတ်တဆိတ်ကြည့်နေသည်။ သူ၏အကြည့်များရောက်သွားတိုင်း အဖွဲ့သားတိုင်းက ၎င်းတို့၏ ကိုယ်နေဟန်ထားကို အလိုအလျောက်တည့်မတ်လိုက်ကြသည်။ ထို့နောက် ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်ပြကာ ခပ်ပါးပါးပြုံးလိုက်သည်။

“ကောင်းပြီ။ ဒီတိုက်ပွဲပြီးရင် မင်းတို့ကိုယ်မင်းတို့ တိုက်ပွဲပေါင်းတစ်ရာကျော်ရဲ့ စစ်ပြန်တွေလို့ ခေါ်လို့ရတယ်။ အခုကစပြီး နတ်ဘုရားက အညံ့မခံရင် မီးဖီးနစ်က သတ်ပစ်လိုက်။ နတ်ဆိုးတွေ ပရမ်းပတာလုပ်ရင် မီးဖီးနစ်က ဖျက်ဆီးပစ်လိုက်ပါ။ မင်းတို့ ယုံကြည်ချက်ရှိလား”

ရွှယ်အန်း၏ စကားများက ၎င်းတို့အားလုံး၏မျက်လုံးများကို တောက်ပလာစေသည်။

ထို့နောက် ၎င်းတို့က ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြသည်။

“ကျွန်‌တော်တို့ ဆရာ့မျှော်လင့်ချက်တွေကို အရာမထင်မဖြစ်စေရပါဘူး”

၎င်းတို့အသံများက တောတစ်ခုလုံးကို တုန်ခါသွားစေပြီးနောက် အိမ်ခေါင်မိုးများမှ ဆီးနှင်းများကို ကျလာစေသည်။

All Chapters