← Chapters

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း(၄၈၄) သံမဏိသွေးဖီးနစ်

ဤမြင်ကွင်းက ကြည့်ရှု့သူတိုင်းကို ထိတ်လန့်စေခဲ့သည်။ အချို့သော နှလုံးသားနုနယ်သူတို့က စိတ်ပိုပျက်ကာ ဘောင်းဘီထဲ ဆီးသွားလုနီးပါးဖြစ်နေကြသည်။ ဖေးပိုင်က မီးဖီးနစ်အဖွဲ့သားများကို မနာလိုစွာ ကြည့်နေကြသည်။ နှင်းထူထဲသောည၌ တိုက်ပွဲတစ်လျှောက်လုံးပါဝင်ခဲ့ကာ အလွန်အံ့အားသင့်ခဲ့ရသည်။ လူများက ဤနည်းဖြင့် တိုက်ခိုက်နိုင်သည်ကို သူ ပထမဆုံးတွေ့မြင်ခဲ့ဖူးခြင်းဖြစ်သည်။

အားလုံးက ဖေးပိုင်ကို အလွန်အံ့အားသင့်စေသည်။

တစ်စုံတစ်ယောက်က မည်သည့်အချိန်၌မဆို အခြားတစ်ယောက်အတွက် သေရန် ဆန္ဒရှိကြသည်။ ရုတ်တရက် ဖေးပိုင်သည် ပျမ်းမျှ ကျင့်ကြံရေးအဆင့်သာရှိသည့် မီးဖီးနစ်က ၎င်းတို့ထက်ကျင့်ကြံရေးအဆင့် သာလွန်သူများကို အဘယ်ကြောင့် သတ်နိုင်သည်ကို ရုတ်တရက် နားလည်သွားသည်။

ဤသည်က ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် စည်းလုံးမှုများကြောင့်သာဖြစ်သည်။ တစ်ချိန်တည်း၌ပင် ဖေးပိုင်သည်လည်း မီးဖီးနစ်အဖွဲ့သားများ၏အမြင်၌ အဘယ်ကြောင့် ရွှယ်အန်း၏အဆင့်အတန်းက ထူးခြားနေသည်ကို နားလည်လာခဲ့သည်။ ထိုကဲ့သို့သော နည်းပြဆရာကသာ ဤကဲ့သို့ စစ်တပ်ကို လေ့ကျင့်ပေးနိုင်လိမ့်မည်ဖြစ်သည်။ သာမန်အားဖြင့် သီးသန့်လေ့ကျင့်တတ်သော ဖေးပိုင်က ရုတ်တရက် မျှော်လင့်ချက်အလင်းရောင်ကို ခံစားလိုက်ရသည်။ ဤသို့သောအဖွဲ့မျိုးတွင် ပါဝင်ရသည်မှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။

ဤသည်ကိုတွေးတောနေရင်းဖြင့် ကျိုးသာ့နျိုက သူ့ပခုံးကို ရိုက်ကာ ဟက်ဟက်ပက်ပက်ရယ်မောနေသည်ကိုတွေ့လိုက်ရသည်။

“သားလေး မင်းမနေ့က ဓားသိုင်းက မျက်လုံးပြူးစရာပဲ။ တကယ့်ကို အထင်ကြီးဖို့ကောင်းတယ်ကွ”

ကျိုယိကလည်း ပြုံးလိုက်သည်။

“ဟုတ်တယ် ဆရာကလွဲရင်ပြီး ဓားကျွမ်းကျင်တဲ့သူကို ပထမဆုံးတွေ့ဖူးတာပဲ”

တစ်ညတာလုံး လုံးထွေးတိုက်ခိုက်ပြီးနောက် ဖေးပိုင်က အံ့ဖွယ်ဓားရှည်ဖြင့်တိုက်ခိုက်ကာ ဤမာနကြီးသူများကို အနိုင်ယူနိုင်ခဲ့သည်။

ထို့နောက် ချန်ဟောက်က ပြုံး၍ လာကာပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ချန်ဟောက်က သူ့ကို ယမန်နေ့က အဖြစ်အပျက်အတွက် ကျေးဇူးတင်နေခြင်းဖြစ်သည်။ ယမန်နေ့ညက ၎င်းတို့ အင်မော်တယ်ထက်ဝက်အဆင့်ကို ဝိုင်းရံထားကြစဥ်တွင် ချန်ဟောက်က ထိုသူ၏ လျို့ဝှက်နည်းပညာကြောင့် သားကောင်ဖြစ်လုနီးပါးဖြစ်ခဲ့ရသော်လည်း ကံကောင်းစွာဖြင့် ဖေးပိုင်အချိန်မီရောက်လာကာ ထိုသူကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းချလိုက်သည်။

ထို့ကြောင့် ချန်‌ဟောက်က ကျေးဇူးတင်ကြောင်း ပြောခဲ့ခြင်းပင်ဖြစ်သည်။ မီးဖီးနစ်အဖွဲ့သားများအားလုံးက သူကို စစ်မှန်သော နွေးထွေးမှုဖြင့် ပြုံးပြနေကြသော်ကြောင့် ဖေးပိုင်က အနည်းငယ်ရှက်သွားသည်။

ဤခံစားချက်က ဖေးပိုင်အတွက် အလွန်ထူးဆန်းနေသည့်တိုင်… အလွန်လည်း နွေးထွေးသည်။

"လေးစားရပါသော ဧည့်သည်တော်များ ၊ ကျေးဇူးပြု၍ အပေါ်ထပ်သို့ ကြွပါ ဆရာက အမိန့်ပေးပြီးပါပြီ။ ချိုးရေလည်းအဆင်သင့်ဖြစ်ပါပြီ။ ပွဲတော်ကလည်း အဆင်သင့်ပါပဲ” အများအားဖြင့် လိမ္မာပါးနပ်ကာ အလွန် ရေပန်းစားသသည့် အသက်ကြီးကြီး အမျိုးသမီးကြီးက ယခုအခါတွင် စကားထစ်နေသ်ည။

ချန်ဟောက်နှင့် အခြားသူများ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဩဘာနှင့် ရက်စက်ကြမ်းကြုတ်မှုတို့သည် အလွန်ပြင်းထန်သောကြောင့် အပေါ်မှ ပျံသန်းနေသော ငှက်များပင် မြေပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားသည်။

"သွားရအောင်၊ သောက်ရအောင်" ချန်ဟောက်က ရွှင်မြူးစွာပြောလျက် ဖေးပိုင်ကို အထဲသို့ ခေါ်သွားသည်။ ၎င်းတို့အသီးသီးက အမွှေးအမျှင်များရိတ်ကာ ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားပြီးသောအခါ ရွှယ်အန်းက အဖွဲ့ဝင်အချို့၏ ပြင်းထန်သော ဒဏ်ရာများကို ကုသပေးနေပြီးဖြစ်သည်။ ကောင်းကင်ကံကြမ္မာဆေးလုံး၏ အပြင်းစားပုံစံသည် တိုက်ရိုက်သောက်သုံးခြင်းနှင့် ပြင်ပလိမ်းခြင်းနှစ်မျိုးရှိကာ နှစ်မျိုးလုံးက ရိုးရှင်းသော အံ့ဖွယ်ဆေးတစ်မျိုးဖြစ်သည်။ အားလုံးက ထိုင်ပြီးသောအခါ ရွှယ်အန်းက ခွက်ကိုမြှောက်လိုက်သည်။

“မင်းတို့အားလုံးကြိုးစားခဲ့တယ်။ ဒီတစ်ခွက်က မင်းတို့အတွက်ပဲ”

ချန်ဟောက်နှင့်အခြားသူများက လျင်မြန်စွာ မတ်တပ်ရပ်လိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် ဆရာ..”

သုံးကြိမ်သောက်ပြီးနောက် ဖေးပိုင်က ခွက်ကို ကိုင်လျက် ရုတ်တရက်ရောက်လာသည်။

"သခင်၊ ဘဝမှာ ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့တဲ့ ကျေးဇူးကို ကျွန်တော် မဆပ်နိုင်ပါဘူး။ အခု ခွန်းလွန်နဲ့ ဘာဆွေမျိုး မိတ်ဆွေမှမရှိတဲ့အတွက် ကျွန်တော် အရှင့်ရဲ့ မီးဖီးနစ်အဖွဲ့ကို ဝင်ချင်ပါတယ်”

စားသောက်နေစဥ်အတွင်း၌ ဖေးပိုင်က ဤကိစ္စကိုတွေးနေခဲ့ကာ ယခု နောက်ဆုံးတွင် စိတ်ထဲမှ ထုတ်ပြောလိုက်သည်။

ဤသည်ကိုကြားသောအခါ ရွှယ်အန်းက ပြောလိုက်သည်။

“မင်း ဓားထိန်းချုပ်ခြင်းဗီလာကို ပြန်မတည်ဆောက်ချင်ဘူးလား”

“ကျွန်‌တော် လုပ်ချင်ပါတယ်”

“ဒါဆို မီးဖီးနစ်ကို ဘာလို့ ဝင်တာလဲ”

“ဘာလို့လဲဆိုတော့ ကျွန်တော် မီးထိန်းချုပ်ခြင်းဗီလာကို ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်စေချင်ပါတယ်။ ခွန်းလွန်မှာပုန်းနေတဲ့ ဂိုဏ်းငယ်လေးတစ်ခု မဖြစ်စေချင်ပါဘူး” ဖေးပိုင်က စိတ်အားထက်သန်စွာပြုံးသည်။

အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ချန်ဟောက်နှင့် အခြားသူများက ရွှယ်အန်းကို မျှော်လင့်ချက်ရှိသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ယမန်နေ့ညက တိုက်ပွဲအပြီးတွင် ဖေးပိုင်က မီးဖီးနစ်နှင့်ပူးပေါင်းလိမ့်မည်ဟု အားလုံးက မျှော်လင့်ခဲ့ကြသည်။ နောက်ဆုံးတွင်မူ ထိုကဲ့သို့

ဓားကျွမ်းကျင်သူတစ်ဦးကို ထပ်မံရရှိခြင်းက မီးဖီးနစ်၏ခွန်အားကို တိုးမြှင့်နိုင်သည်။ ဤသည်ကိုကြားသောအခါ ရွှယ်အန်းက ရယ်လိုက်သည်။

“မင်း ဒီလောက်ပဲ ယုံကြည်မှုရှိသလား”

ဖေးပိုင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“အရင်က မရှိခဲ့ဘူး။ ဒါပေမယ့် အခုတော့ရှိနေပြီလေ။ ဒါတွေအားလုံးက အရှင့်ရဲ့ စိတ်နှလုံးနဲ့ အနာဂတ်မှာအရှင်လုပ်မယ့် ‌အောင်မြင်မှုကို ယုံကြည်လို့ပါ”

ရွှယ်အန်းက ဖေးပိုင်၏မျက်နှာပေါ်ရှိ ပြတ်သားသောအမူအရာကိုကြည့်ကာ နှုတ်ခမ်း‌ထောင့်ဖျား၌ အပြုံးတစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာသည်။ ။

"တကယ်တော့ မင်းမပါဝင်ချင်ဘူးဆိုရင်တောင် မင်းပူးပေါင်းဖို့ ငါနည်းလမ်းရှာခဲ့တယ် နောက်ဆုံးတော့ မင်းရဲ့ဓားပညာရဲ့နှလုံးသားနဲ့ဆခိရင် ဒီကောင်းကင်နဲ့ မြေကြီးမှာ ချုပ်နှောင်ထားတာက အချည်းအနှီးပဲ”

ချန်ဟောက်က အမြန်လျှောက်လာ၍ ဖေးပိုင်၏ပခုံးကို ပုတ်လိုက်သောအခါ ဖေးပိုင်က အံ့အားသင့်သွားသည်။

"ဆရာ့ကို ကျေးဇူးမတင်ဘူးလား"

ဖေးပိုင်က အသိစိတ်ဝင်လာကာပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

အခန်းတွင်းရှိ လေထုသည် ရုတ်တရက် ပို၍ စိတ်အားထက်သန်လာသည်။

တစ်ချိန်တည်း၌ပင် အသက်ကြီးကြီးအမျိုးသမီးက အလွန် သတိထားလျက် ထိပ်တန်း အပျိုမယ်များကို အဆောင်ထဲသို့လွှတ်လိုက်သည်။

ရွှယ်အန်းက ယင်းကို မတားဆီးခဲ့ပေ။ တိုက်ပွဲကြီးအပြီးတွင် ဤအဖွဲ့ဝင်များက အပန်းဖြေအနားယူရန် ထိုက်တန်သည်။ ရွှယ်အန်းက ကိုယ်တိုင်သတ်မှတ်ထားသော စံနှုန်းများကို လိုက်နာရန်အခြားသူများကို မည်သည့်အခါကျမှ အတင်းအကြပ် ခိုင်းစေခြင်းမပြုခဲ့ပေ။ ထိုနေ့တွင် မီးဖီးနစ်အဖွဲ့ဝင်များက တစ်နေကုန်သောက်ကာ တစ်ညလုံး ပျော်ပါးကြည်နူးလျက်ရှိကြသည်။ ထိုအချိန်၌ မီးဘုရင်ခန်းမနှင့် လေပြင်းမျှော်စင်တို့က လုံးဝပျက်ဆီးသွားကာ ရွှယ်အန်းကြောင့် ၎င်းတို့၏ဂိုဏ်းခေါင်းဆောင်များ သေဆုံးခဲ့သည့် သတင်းသည် ဟာရီကိန်းတစ်ခုအလားပျံ့နှံ့သွားခဲ့သည်။

ဤသတင်းက တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသည်။ ရွှယ်အန်းပြန်လာပြီးနောက် ရက်အနည်းငယ်အတွင်းတွင် ဤအသစ်တက်လာသည့် အင်အားကြီးသော အင်အားစုနှစ်ခုကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြပေ။

၎င်းသည် ကြားနေရပ်တည်လိုကြသော သူအများအပြား၏အတွေးကို ရပ်တန့်စေခဲ့သည်။ မည်ကဲ့သို့ ပံ့ပိုးပေးမည်ကို မဆုံးဖြတ်ခင် အခြေအနမည်သို့ဖြစ်လာမည်ကို စောင့်ကြည့်နေခဲ့ကြသည်။ သို့သော် ရွှယ်အန်းက ဤကဲ့သို့ ဤအင်အားစုနှစ်ခုကို လျှပ်စီးတစ်ခုနှယ်ချေမှုန်းပစ်မည်ဟု မည်သူက မျှော်လင့်နိုင်မည်နည်း။

ထိုအင်အားစုနှစ်ခုနှင့် ပတ်သက်ခဲ့ကြသူများသည် ယခုအခါတွင် အလွန်ထိတ်လန့်ကြလျက်ဖြင့် ဆောင်းရာသီ၏ ပုစဥ်းရင်ကွဲများကဲသို့ တိတ်ဆိတ်နေကြကာ ရွှယ်အန်းကဲ့သို့ ပြိုင်ဘက်ကင်းပညာရှင်တစ်ဦးက ၎င်းတို့ကို မမှတ်မိကြရန် တိတ်တဆိတ် ဆုတောင်းလျက်ရှိကြသည်။

သို့သော် ဤတစ်ကြိမ်တွင် ၎င်းတို့၏ ဆုတောင်းချက်များက အချည်းအနှီးဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခု ရွှယ်အန်းတွင် မီးဖီးနစ်အဖွဲ့ရှိနေပြီဖြစ်သောကြောင့်ပင်ဖြစ်၏။ နောက်ရက်များတွင် ဤအဖွဲ့အစည်းနှစ်ခုနှင့် ပူးပေါင်း၍ စိတ်ဓာတ်ပျက်ပြားနေသူအားလုံးကို မီးဖီးနစ်အဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြသည်။

ပြိုင်ဘက်က မည်သူဖြစ်နေစေကာမူ ၎င်းတို့က ဤအင်အားစုနှင့် သာတူညီမျှ ရပ်တည်နိုင်မည်မဟုတ်ပေ။ သံမဏိသွေးဖီးနစ်၏ ကြောက်မက်ဖွယ်ကောင်းသောဂုဏ်သတင်းက ဤနယ်ပယ်တစ်ခုလုံးတွင်ပဲ့တင်ထပ်လာသည်။

ချင်မုမြို့ ။

ယနေ့တွင် ပျံ့ထျန်နှင့် ပျံ့ဟွာတို့က မြို့တံခါးကိုဖွင့်လိုက်သောအခါတွင် အပြင်ဘက်၌ ကုန်သည်များစွာ ထူထပ်ပြည့်နှက်နေကာ လမ်းများပေါ်၌ လှည်းများစွာကို တွေ့လိုက်ရသည်။

ပျံ့ထျန်နှင့် ပျံ့ဟွာတို့ အံ့အားသင့်သွားသည့်အခိုက်အတန့်တွင် ထိုကုန်သည်များက ကျယ်လောင်စွာအော်လိုက်သည်။

“သခင်မချင်မုကို ကျေးဇူးပြုပြီး သတင်းစကားပေးလို့ရမလား။ ကျွန်တော်တို့က စစ်မှန်တဲ့ သလင်းကျောက်ရောင်းဝယ်ရေးကပါ။ ဒီကို ချင်မုမြို့နဲ့ စီးပွားရေးလုပ်ငန်းလုပ်ဖို့ လာခဲ့ကြတာပါ”

“ကျွန်တော်တို့က ကျောက်စိမ်းရောင်းဝယ်ရေးကုန်သည်တွေပါ”

ဤအော်သံများအားလုံးက ထပ်သွားကာ အမျိုးမျိုးသော ကုန်သွယ်ကားတန်းကြီးများ မောင်းနှင်လာကြသည်။ ပျံ့ထျန်က ဤလူအုပ်ကြီးရှုပ်ထွေးမှုများကို အစောပိုင်းတွင် မကျေနပ်သော်လည်း ၎င်းတို့ ရောက်လာသည်ကိုမြင်သောအခါ လှည့်၍ ပျံ့ချင်မုထံသို့ စာပို့လိုက်သည်။

ပျံ့ချင်မုက မြို့တော်မျှော်စင်ထိပ်တွင် ပေါ်လာသည်။

ဤကုန်သွယ်ကားတန်းများ၏ ခေါင်းဆောင်များကရှေ့သို့တိုးလာပြီးနောက် တညီတညွတ်တည်း ဒူးထောက်လိုက်ကြသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။

“သခင်မချင်မု ကျွန်တော်တို့ရဲ့ စိတ်တွေကို ဝက်ဆီတွေနဲ့ဖုံးသွားလို့ပါ။ ကျွန်တော်တို့ ဒီအာဏာရှင်တွေဆီမှာ အရှက်မဲ့ အရှုံးပေးပြီး ထွက်ပြေးသွားခဲ့မိပါတယ်။ အားလုံးက ကျွန်တော်တို့ အပြစ်တွေပါပဲ။ ခွင့်လွှတ်ပေးပါ”

“ဟုတ်တယ် ကျုပ်တို့ အပြစ်တွေပါ။ ကျုပ်တို့ အပြစ်တွေအတွက် ငွေအလုံအလောက်ပေးဖို့ ဆန္ဒရှိပါတယ်”

ပျံ့ချင်မုက ၎င်းတို့၏လုပ်ရပ်များနောက်ကွယ်မှ အကြောင်းအရင်းကို သိရှိကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုသတင်းကို ပထမဆုံးကြားလိုက်ရပြီးနောက် သူမ ထိတ်လန့်သွားသည်။ မီးဖီးနစ်က ရုတ်တရက် ထွက်ပေါ်လာကာ အင်အားစုနှစ်ခုကို တစ်ညတည်းဖြင့် ဖျက်ဆီးလိုက်သည်။

ဤထိတ်လန့်ဖွယ်အမှန်တရားများက ရွှယ်အန်းးကို ဆန့်ကျင်ခြင်းက မည်သည့်အဓိပ္ပါယ်ဖြစ်သည်ကို လူတိုင်းကို ပြောလိုက်ခြင်းပင်ဖြစ်သည်။ ဤအကြောင်းကြောင့် ကုန်သွယ်ကားတန်းများ ရောက်လာခြင်းဖြစ်သည်။

“အားလုံး ထကြတော့” ပျံ့ချင်မုက ဘာသိဘာသာပြောလိုက်သည်။

ကုန်သည်များက သဘာဝကျစွာပင် အကျိုးအမြတ်ရှာတတ်၍ အန္တရာယ်ကိုရှောင်တိမ်းတတ်ကြောင်း သိသောကြောင့် ဤလူများ ကို လွန်လွန်ကဲကဲ အပြစ်မတင်ချင်ခဲ့ပေ။

“ဟုတ်ကဲ့” ကုန်သွယ်ကားတန်းမှ ခေါင်းဆောင်များက ကျေးဇူးတင်စွာဖြင့် မတ်တပ်ထရပ်လိုက်ကြသည်။

ကန်သွယ်ကားတန်းများ ပြန်အခြေချလာသောအခါ ချင်မုမြို့၏ သာယာဝပြောမှုက ယခင် ဂုဏ်ကျက်သရေကို အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။

အခန်း(၄၈၅) ရေခဲမုန့်ခိုးသော သားအဖ

အန်းယန်က အခန်းထဲ၌ အိပ်ပျော်လျက်ရှိသည်။ ရွှယ်အန်းနှင့် သူ၏သမီးများဖြစ်သော နျန်နျန်နှင့်ရှန်းရှန်းတို့က အခြေအနေကို စောင့်ကြည့်လျက်ရှိ၏။

"ဖေဖေ၊ မေမေ အိပ်ပျော်သွားပုံပဲ" ရှန်းရှန်းက ခပ်တိုးတိုးပြောသည်။

"ပုံပဲမဟုတ်ဘူး တကယ်အိပ်ပျော်သွားပြီ။ ငါ မေမေ့ဟောက်သံတောင်ကြားနေရတယ်” နျန်နျန်ကပြောသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။

“သမီးတို့နှစ်ယောက် ဒီမှာစောင့်နေကြ။ ဘယ်မှမသွားနဲ့နော် နားလည်လား”

ကလေးမလေးနှစ်ယောက်က တညီတညွတ်တည်းခေါင်းညိတ်လိုက်ကြသည်။

ရွှယ်အန်းက အခန်းထဲသို့ ခြေဖျားထောက်လျက် ဝင်လိုက်သည်။

အပြင်ဘက်၌ အေးခဲနေသော်လည်း အခန်းတွင်းတွင် "火龙" ဟုခေါ်သော ရှေးခေတ်အပူပေးနည်းပညာဖြင့် အပူပေးထားသဖြင့် အခန်းထဲဝင်လာပြီးနောက်နွေးထွေးမှုကို သူခံစားလိုက်ရသည်။ ရွှယ်အန်းကက ကုတင်ဘေးသို့သွားကာ ခဏမျှ အနီးကပ်ကြည့်ပြီးနောက် အန်းယန်ဝတ်ထားသော လက်စွပ်ကို ညင်သာစွာကိုင်လိုက်သည်။

အလင်းတဖျပ်ဖျပ်တောက်သွားသည်။

ရွှယ်အန်းသည် မုန်ညင်းစေ့လက်စွပ်ကို ဖွင့်၍ အရှိန်ဖြင့် ထိုထဲမှ သေတ္တာကြီးတစ်ခုကို ထုတ်ယူလိုက်သည်။

အလင်းက မှိန်သွားသည်။

ရွှယ်အန်းက သေတ္တာကိုင်လျက် လှည့်၍ ထွက်သွားတော့မည့်အခိုက်၌ အန်းယန်၏ ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။

ယင်းကြောင့် အပြင်ဘက် တံခါးပေါက်ကြားရှိ အက်ကွဲကြောင်းအတွင်းမှ မိန်းကလေးငယ်နှစ်ဦး လန့်ဖျပ်သွားခဲ့သည်။ နျန်နျန်သည် အချက်ပေးသံဖြင့် အော်ဟစ်လုနီးပါးဖြစ်သော်လည်း ရှန်းရှန်းသည် သူမ၏ပါးစပ်ကို အမြန်ပိတ်လိုက်သောကြောင့် ကံကောင်းစွာ ငြိမ်သက်သွားခဲ့သည်။

ရွှယ်အန်းက အသက်ရှုအောင့်ကာ သူမကို တိတ်တဆိတ်ကြည့်နေသည်။ အန်းယန်က နောက်ပြန်လှည့်လျက် အိပ်ပျော်သွားသည်ကိုမြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချကာ “အိုကေ” ဟု အချက်ပြလိုက်သည်။

ကောင်မလေးနှစ်ယောက်၏မျက်လုံးထဲတွင် ကြယ်ကလေးများ လင်းလက်နေသည်။

ရွှယ်အန်းက တံခါးဝသို့မရောက်မချင်း ဖြည်းညှင်းစွာနောက်ပြန်ဆုတ်သွားလိုက်၏။

“ဖေဖေ့နောက်လိုက်ခဲ့”

လှည့်ကြီးနောက် ရွှယ်အန်းက တစ်စုံတစ်ခုကို ခိုးယူဆုပ်ကိုင်ထားသည့် ကြွက်တစ်ကောင်ကဲ့သို့ ရှေ့သို့ ခြေဖျားထောက်လျက် ခုန်လိုက်ရာ သူ့နောက်တွင်လည်း ပေါ့ပေါ့ပါးပါး ခြေဖော့နင်းနေသော မိန်းကလေးနှစ်ယောက်လိုက်ပါလာသည်။ ‌နောက်ဆုံး၌ ၎င်းတို့က လှေကားအောက်ခြေသို့ရောက်၍ စင်္ကြံထောင့်သို့လှည့်လိုက်သောအခါ နျန်နျန်က ရွှင်မြူးစွာအော်လိုက်သည်။

“ရေးးး ဖေဖေက အကောင်းဆုံးပဲ”

ရွှယ်အန်းသည် ပြုံးလျက် ငုတ်တုတ်ထိုင်ကာ ကြီးမားသော သေတ္တာကြီးကို လက်ရန်းပေါ်တွင် တင်လိုက်သည်။ ကောင်မလေးနှစ်ယောက်ကလည်း ဝိုင်းအုံလျက် သုံးယောက်သား သေတ္တာအဝိုင်းလေးကို တိတ်တဆိတ် စိုက်ကြည့်နေကြသည်။

အချိန်အတော်ကြာပြီးနောက် ရှန်းရှန်းက လျှာသပ်လျက် ပြောလိုက်သည်။

“ဖေဖေ သမီးတို့ ဖွင့်ကြမလား”

“အင်း ဖွင့်လိုက်” ရွှယ်အန်းကခေါင်းညိတ်လိုက်သည်။

နျန်နျန်က သွားရည်များယိုကျလျက်ဖြင့်ပြောလိုက်သည်။

“ဖေဖေ သမီးတို့ အကုန်စားလို့ရလား”

“အင်း ရတယ်”

ထိုသို့ပြော၍ ရွှယ်အန်းက သေတ္တာအဝိုင်းကြီး၏အဖုံးကို ဖွင့်လိုက်ရာ ဗနီလာအနံ့ရောနေသော ခရင်မ်များ ထွက်ပေါ်လာသည်။ ထို့နောက် ရွှယ်အန်းက စက္ကူအကာကို ဖွင့်လိုက်ရာ လက်ဆက်သော မြက်ခင်း၏ ရနံ့ဖြင့် သင်းပျံ့နေသည့် ရေခဲမုန့်ထွက်ပေါ်လာသည်။

ဤရေခဲမုန့်က ပုံမှန်ထက် များစွာပိုကြီးကာ ဗူးကြီဂတစ်ခုလုံး ပြည့်လုနီးနီးဖြစ်နေသည်။ ကလေးမလေးနှစ်ယောက်၏မျက်လုံးများက တောက်ပလျက် ယင်းကို ငေးကြည့်နေကြသည်။

နျနျန်က အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်ကျလုနီးပါးဖြစ်နေသည်။

“ဖေဖေ ဒီရေခဲမုန့်ကိုဘယ်တုန်းကဝယ်ထားတာလဲ”

ရွှယ်အန်းက ရယ်မောလျက် ပြောသည်။

“ဖေဖေ ဝယ်ထားတာကြာပြီ။ သမီးတို့မေမေက မုန်ညှင်းစေ့လက်စွပ်ထဲထည့်သိမ်းထားပြီး သမီးတို့ကို စားခွင့်မပြုလို့”

ရွှယ်အန်းက သမီးဖြစ်သူနှစ်ဦးက ရေခဲမုန့်ကြိုက်ကြကြောင်းသိသဖြင့် Häagen-Dazs စက်ရုံကို တိုက်ရိုက်ဆက်သွယ်၍ ၎င်းတို့ နှစ်သက်သော အရသာများစွာကို မှာယူခဲ့သည်။

မှန်သည်။

ပထမက ကုမ္ပဏီက ရွှယ်အန်းကို ဂရုမစိုက်ပေ။

နောက်ဆုံးတွင်မူ ရွှယ်အန်းက မည်မျှပင် မှာယူစေကာမူ ယင်းသည် ကုမ္ပဏီကြီးတစ်ခုအတွက် မပြောပလောက်သော ပမာဏပင်ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် ငွေနှင့် မဖြေရှင်းနိုင်သော အရာမရှိဟု ထင်ရသည်။

ထို့ကြောင့် သူက ကမ္ဘာတစ်ဝှမ်းလုံးမှ ထူးခြားသော အထူးရေခဲမုန့်များစွာကို မှာယူခဲ့သည်။ သားအဖသုံးဦးသားက စိတ်လှုပ်ရှားစွာဖြင့် ဗူးရှေ့၌ ရှိနေကြသော်လည်း နောက်ပိုင်းတွင် ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ကြရသည်။

‘ဇွန်းတွေမရှိဘူး’

“သမီးတို့ ဘာလုပ်ရမှာလဲ လက်နဲစကားကြမလား” ရှန်းရှန်းကမေးသည်။

“ငါတော့ ကန့်ကွက်စရာမရှိဘူး။ ဒါအလုပ်မဖြစ်ရင် ငါ အမြဲလျက်လို့လည်းရတယ်’ရွှယ်နျန်က စိတ်မရှည်တော့ပေ။

ရွှယ်အန်းက လည်ပင်းတွင်ချိတ်ထားသည့် ဒယ်ပြားလေးကိုညွှန်ပြကာ ပြောလိုက်သည်။

“ဒါနဲ့စားကြလေ”

“ဟမ်” ကလေးမလေးနှစ်ယောက်လုံး အံ့ဩသွားကြသည်။

ရွှယ်အန်းက ရယ်မောလိုက်ပြီးနောက် ထိုင်ချကာ ဒယ်ပြားလေးနှစ်လုံးကို ကိုင်လိုက်သည်။ ထို့နောက် မျက်လုံးကို အနည်းငယ်မှိတ်ထား၍ ခဏအကြာတွင် ပြန်ဖွင့်ကာ ပြောလိုက်၏။

“ကောင်းပြီ အခု သမီးတို့ ဆွဲကြိုးတွေချွတ်ပြီး ‘ရေခဲမုန့်စားချင်တယ်’လို့ အော်လိုက်”

ကလေးမလေးနှစ်ယောက်က ဒယ်ပြာများကို ချက်ချင်းချွတ်၍ ‘ရေခဲမုန့်စားချင်တယ်’ဟု တညီတညွတ်တည်းအော်လိုက်သည်။

အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီးနောက်က သေးငယ်သော ဒယ်ပြားနှစ်ခုက ဇွန်းကြီးနှစ်ချောင်းအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ဤသည်ကိုမြင်လိုက်ရသောအခါ ကလေးမလေးနှစ်ယောက်က ဝမ်းသာအားရဖြစ်လျက် ရှေ့သို့ ပြေးသွားကာ ရွှယ်အန်းကို ပါးတစ်ဖက်တစ်ချက်စီသို့ နမ်းလိုက်ကြသည်။

“ဖေဖေက အံ့သြစရာကြီး”

ရွှယ်အန်းက ဂုဏ်ယူစွာဖြင့် သူ အမှန်တကယ်ပင် အံ့ဖွယ်ကောင်းသည်ဟုတွေးလိုက်သည်။ မဟုတ်လျှင် သာမန်လူတစ်ယောက်က ချင်မု ဝိဉာဥ်ရေးပစ္စည်းကို ဇွန်းအပိုအဖြစ်လုပ်ဆောင်ချက် မည်သို့ထည့်၍ ရနို်ငမည်နည်း။

ထို့နောက် ပြုံးလိုက်သည်။

“ကောင်းပြီ မြန်မြန်သွားစားကြ မဟုတ်ရင် မေမေတွေ့ရင် မစားရတော့ဘဲနေလိမ့်မယ်”

"ဟမ်"

ကလေးမလေးနှစ်ယောက်က ၎င်းတို့၏ ချင်မုဇွန်းများဖြင့် ရေခဲမုန့်များကို နှိုက်စားကြသည်။

အပြင်ဘက်မှ ကမ္ဘာကြီးသည် အရည်မပျော်သေးသော နှင်းများအောက်တွင်ရှိနေသည်။ လေအေးလေညှင်းများက စင်္ကြံကို ဖြတ်၍ တိုက်ခိုက်လာသော်လည်း ကလေးမလေးများကမူ လုံးဝစိတ်မဝင်စားဘဲ မိမိတို့၏ ရေခဲမုန့်ကိုသာ အားပါးတရ ဆက်စားနေကြသည်။

မြင်ကွင်းက အမြဲတစေထူးဆန်းလှသည်။ အနည်းဆုံး ကျူးရူယန်က ဖြတ်သွား၍ ယင်းကို မြင်သောအခါ သူမ အနည်းငယ် အံ့အားသင့်သွားသည်။

“ဆရာ၊ ဒါက…”

ရွှယ်အန်းက တိတ်တိတ်နေရန် ခြေဟန်လက်ဟန်ပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ကလေးနှစ်ယောက်က ရေခဲမုန့်အရမ်းစားချင်နေတာကို ယန်အာက အအေးမိမှာစိုးလို့ဆိုပြီး ခွင့်မပြုပေးလို့ ခိုးကျွေးနေရတာ”

ကျူးရူယန်က ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။ ခွန်းလွန်တစ်ခွင်တွင် နာမည်ကျော်သည့် လူကြီးမင်းရွှယ်သည် သူ့သမီးများကို ရေခဲမုန့်ခိုးယူ၍ ကျွေးလိမ့်မည်ဟု မည်သူက စိတ်ကူးနိုင်မည်နည်း။

သို့ထိတိုင် သူမက စိတ်ပူသဖြင့် ပြောလိုက်မိသည်။

“အရှင် သူတို့ တကယ်နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ”

ရွှယ်အန်းက ရယ်မော၍ ခေါင်းခါလိုက်သည်။

“အဲ့တာ ငါ့သမီးတွေဟ၊ ရေခဲမုန့်စားပြီး ဘယ်လိုလုပ်နေမကောင်းဖြစ်မှာလဲ”

ကျူးရူယန်က အံသြစွာ ရယ်မောလိုက်သည်။

“သခင် ဒါပေမယ့် အရမ်းမကျွေးတာပိုကောင်းမယ်ထင်ပါတယ်။ အစ်မယန်သိသွားရင် သူစိတ်ဆိုးမှာမဟုတ်ဘူးလား”

စကားအဆုံး၌ ရွှယ်အန်းက မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

“မလိုပါဘူး ယန်အာအိပ်ပျော်နေတယ်။ သူနိုးလာတဲ့အချိန်ကျရင် ငါတို့ ရေခဲမုန့်စားပြီးလောက်ပြီ။ သူမသိပါဘူး။ နောက်ပြီး… မင်း မျက်လုံးတွေက ဘာဖြစ်နေတာလဲ ရူယန်”

ထိုအချိန်၌ အနောက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“အိုး တကယ်လား”

ဤအသံကိုကြားသောအခါ ရွှယ်အန်း၏တစ်ကိုယ်လုံး တောင့်တင်းလျက် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် အန်းယန်က လက်နှစ်ဖက်ကို နောက်ကျောတွင် ယှက်လျက် ရပ်နေကာ ရယ်မောလျက် သူ့ကိုကြည့်နေသည်။

ရွှယ်အန်းက သဘာဝမကျသော အပြုံးပြုံးကာ ပြောလိုက်သည်။

“အဟမ်း ယန်အာ ကိုပြောတာ နားထောင် မင်းက အရမ်းအိပ်မောကျနေလို့ ကိုက အိပ်နေတာ မနှောက်ယှက်ချင်တာနဲ့ ရေခဲမုန့်မယူခင်မနှိုးလိုက်တာပါ”

ကလေးမလေးနှစ်ယောက်လုံးကလည်း မိခင်ရောက်ရှိလာသည်ကိုမြင်သဖြင့် ခေါင်းကို အမြန်လှည့်ကာ ၎င်းတို့၏ ခန္ဓာကိုယ်လေးများဖြင့် ရေခဲမုန့်ဗူးကို ကာလိုက်ကြသည်။

နျန်နျန်၏နှုတ်ခမ်းထောင့်တွင် ရေခဲမုန့်အကြွင်းအကျန်များကျန်ရှိနေဆဲဖြစ်သဖြင့် ရှန်းရှန်းက သူမကိုယ်ကို တွန်းကာ အချက်ပြလိုက်သည်။ နျန်နျန်က နှုတ်ခမ်း‌ထောင့်ကို လျှာဖြင့် အမြန် သန့်ရှင်းကာ

အန်းယန်က ရယ်ရခက်ငိုရခက်ဖြစ်လျက် ဤမြင်ကွင်းကိုကြည့်၍

အခြားရွေးချယ်စရာမရှိသဖြင့် သူမသည် တင်းမာသောမျက်နှာထားဖြင့် ရွှယ်အန်းကို ပြောလိုက်သည်။

“သမီးနှစ်ယောက်နဲ့ ခိုးကြောင်ခိုးဝှက်ရေခဲမုန့်ခိုးစားတယ်။ မင်းကို ဘယ်လိုအပြစ်ပေးရမလဲ”

ရွှယ်အန်းက အန်းယန်၏ ကိုယ်ကျင့်တရားသင်ခန်းစာများကို ခံယူ၍ ခါးသက်သော အမူအရာဖြင့် ရပ်နေကာ ကလေးမလေးနှစ်ဦးသည်လည်း သူ့ဘေးတွင်ရပ်လျက် အပြစ်ပေးခံနေရသည်။ ရံဖန်ရံခါတွင် သုံးယောက်သားက တစ်ယောက်နှင့်တစ်ယောက် တိတ်တဆိတ်ပြောင်ပြနေကြသည်။

အန်းယန်က အိမ်သူအိမ်သားဘုရင်မအဖြစ်ဟန်ဆောင်ကာ တင်းမာသော မျက်နှာကို ထိန်းထားဆဲဖြစ်သည်။

ကျူးရူယန်သည် ဤအဖြစ်အပျက်ကိုကြည့်လျက် ရုတ်တရက် အားကျလျက်ရှိသည်။

‘ဒါ… မိသားစုဆိုတာ ဒါပဲ’

အခန်း(၄၈၆) ရထားပေါ်ရှိ ရှု့မြင်သုံးသပ်ချက်များ

နှင်းများကြားမှ တိုက်ပွဲဖြစ်ပြီး တစ်လခန့်ကြာခဲ့ပြီဖြစ်သည်။ ခွန်းလွန်လျို့ဝှက်နယ်မြေတွင် အရာအားလုံးက ငြိမ်သက်နေရာ ပင်လယ်ပြင်တစ်ခုလုံးတွင် ငြိမ်းချမ်းမှုက ကြီးစိုးလျက်ရှိသည်။

ထိုအချိန်၌ တရားထိုင်နေသော ကျိုးသာ့နျို၏ မျက်လုံးထက်၌ များစွာသော ထင်ယောင်ထင်မှား ပုံရိပ်များထွက်ပေါ်လာသည်။ ဤပုံရိပ်များထဲတွင် သူ့ရင်ခွင်ထဲသို့ တိုးဝင်နေသောစွဲမက်ဖွယ် မိန်းမပျိုများ၊ ဝံပုလွေများနှင့် ကြမ်းတမ်းသော ကျားများလည်းရှိသည်။

သို့သော် ခြိမ်းခြောက်မှုများ မည်သို့ပင်ပြောင်းလဲစေကာမူ ကျိုးသာ့နျိုက တဟုန်းဟုန်းတောက်နေသော လှိုင်းလုံးကြီးများကြား၌ မလှုပ်မရှားရှိနေဆဲဖြစ်သည်။

ခဏအကြာ၌ ကျိုးသာ့နျို၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်။ ခဏအကြာတွင် အလင်းရောင်က ယခင်ကဲ့သို့ ပြိုးပြိုးပြက်ပြက်မရှိတော့သော်လည်း နူညံ့သော အသလင်းတန်းတစ်ခုက ဖြာထွက်နေသည်။ တစ်ချိန်တည်း၌ပင် စစ်ဝံပုလွေလျို့ဝှက်နယ်မြေအတွင်း၌ ကျိုးသာ့နျိုရရှိခဲ့သော ဝံပုလွေနတ်ဘုရား၏ သွေးအနှစ်သာရက ရွှေရောင်အလင်းတန်းများနှင့် တဖြည်းဖြည်း ရောယှက်ကာ တစ်သားတည်းဖြစ်လာသည်။

ခဏအကြာတွင် စူးရှသော အသံတစ်ခုထွက်ပေါ်လာ၏။

ကျိုးသာ့နျို၏ ဦးခေါင်းထက်ရှိ ပုံရိပ်များက ရုတ်တရက် ကွဲကြေသွားကာ သူ့ခန္ဓာကိုယ်သည် ရောယှက်ကာ သွေးနီရောင်သန်းနေသည်။ ကြောက်မက်ဖွယ်ရောင်ဝါက ကောင်းကင်ယံထိဖြာထွက်၍ တိမ်များကိုပင် လှုပ်ခါ၍ အရောင်ပြောင်းသွားစေသည်။ ကျိုးသာ့နျိုက ရုတ်တရက် မျက်လုံးများကိုဖွင့်လိုက်ရာ ရွှေရောင်အလင်းတစ်ခုဖျတ်ခနဲလတ်လာပြီးနောက် ပုံမှန်ပြန်ဖြစ်သွားသည်။

လွတ်မြောက်အင်မော်တယ်အထွတ်အထိပ်။

တစ်လတာ မဆုတ်မနစ် ကြိုးစားမှုအဆုံးတွင် ကျိုးသာ့နျိုက အောင်မြင်မှုရရှိခဲ့ကာ လွတ်မြောက်အင်မော်တယ်အထွတ်အထိပ်အဆင့်သို့ရောက်ရှိသွားသည့် ပထမဆုံး မီးဖီးနစ်အဖွဲ့ဝင်ဖြစ်လာသည်။

ဤရိုးသားတုံးအသောသူသည် မီးဖီးနစ်အဖွဲ့သားများအားလုံးကြားတွင် ကျင့်ကြံရန် အကောင်းဆုံးအရည်အချင်းရှိသူဖြစ်သည်။ သူ့အပြင် အခြား မီးဖီးနစ်အဖွဲ့သားများကလည်း ထင်ရှားသော တိုးတက်မှုများရှိခဲ့သည်။ အဖွဲ့ခေါင်းဆောင်ချန်ဟောက်က လွတ်မြောက်အင်မော်တယ်အထွတ်အထိပ်ကို ဖြတ်ကျော်ရန် ဆံချည်မျှင်တစ်မျှင် အကွာအဝေးသာလိုတော့သည်။

သို့သော် ကျင့်ကြံခြင်းသည် ထိုကဲ့သို့ပင်ဖြစ်ကာ ကံကြမ္မာနှင့် အခွင့်အလမ်းတို့နှင့်သက်ဆိုင်နေသည်။ အခွင့်အလမ်းကမမှန်ကန်ပါက ကြိုးစားမှုတစ်ခုတည်းဖြင့် ဖြတ်ကျော်၍ မရနိုင်သော ကွာဟချက်ရှိနေပေလိမ့်မည်။ ရွှယ်အန်းက မီးဖီးနစ်အဖွဲ့များက ၎င်းတို့၏ကန့်သတ်ချက်များသို့ရောက်နေပြီဖြစ်ကြောင်းနှင့် ခွန်းလွန်နယ်မြေတွင် ဆက်လက်နေခြင်းက အလွန်အဓိပ္ပါယ်ရှိလှမည်မဟုတ်ကြောင်း သိသောကြောင့် နောက်နေ့တွင် ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

ကျူးရူယန်သည် ဤရလဒ်အတွက် ပြင်ဆင်ထားသော်လည်း သူမ အလွန်ဝမ်းနည်းရသေးသည်။ လွန်ခဲ့သောလများအတွင် သူမက မည်သည့်အရာမျှမလုပ်ဘဲ ရွှယ်အန်းထံမှ မှော်ပညာများစွာကို

သင်ယူခဲ့သည်။ ကျူးရူယန်၏ ကျင့်ကြံရေးအဆင့်က လွတ်မြောက်အင်မော်တယ်အထွတ်အထိပ်တွင် ရှီနေသော်လည်း အတွေ့အကြုံအလုံအလောက်မရှိသေးပေ။

ယင်းကြောင့် သူမက ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ဖိနှိပ်ခံနေရခြင်းဖြစ်သည်။ သို့သော် တစ်လကျော်ကြာ ခက်ခက်ခဲခဲကျင့်ကြံပြီးသည့်နောက် ကျူးရူယန်၏ မှော်ပညာက သိသိသာသာ တိုးတက်လာသည်။ ယခုတွင် သူမကိုယ်သူမကပင် ကောင်းစွာကာကွယ်နိုင်နေပြီဖြစ်သည်။ ဤအကြောင်းပြချက်ကြောင့် ကျူးရူယန်က ရွှယ်အန်းထွက်သွားမည်ကို ပိုမို စိတ်မကောင်းဖြစ်လျက်ရှိသည်။

ဤအချက်ကြောင့် ရွှယ်အန်းက ပြုံးရုံသာပြုံးလိုက်သည်။

“ဒီနေရာက ငါ့အတွက်အရမ်းအရေးကြီးတယ်။ မင်းသာစိတ်ပါရင် ငါ့ကို ဒီနေရာကိုစီမံခန့်ခွဲပြီး ကူညီပေးလို့ရတယ်။ ဒီလိုဆို ငါ့အတွက် အများကြီးအကူအညီဖြစ်မှာပဲ။ ဘယ်လိုသဘောရလဲ”

ရွှယ်အန်း၏စကားများကိုကြားသောအခါ ကျူးရူယန်၏ မျက်လုံးများ တဖြည်းဖြည်းချင်းတောက်ပလာကာ သူမက အားထက်သရောခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ”

ကျူးရူယန်က ယခုမှစတင်၍ ရွှယ်အန်းကို ဆရာဟုခေါ်တော့မည်ဖြစ်သည်။

သူမက ထိုယခင်က စိတ်ကူးယဥ်အတွေးများကို သူမ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်းမြှုပ်နှံထားပြီးဖြစ်ရာ သူမ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းရှိရန် မိမိကိုယ်မိမိ အမြဲသတိပေးလျက်ရှိသည်။

သူ့ကို ဆရာဟုခေါ်လိုက်ခြင်းက သူမ၏ စိတ်ဆန္ဒကို ဖြတ်တောက်ရန် နည်းလမ်းတစ်ခုလညး်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ၎င်းတို့သည် ခွန်းလွန်တောင်များဆီသို့ မပြန်ဘဲ သျန်ကျိုးပေါ်သို့ တိုက်ရိုက် ဆင်းသက်သွားကြသည်။ ရွှယ်အန်းနှင့် အခြားလူများပေါ်လာသည်နှင့် တစ်ပြိုင်နက် စစ်သေနာပတိဟူက ချက်ချင်း ထိတ်လန့်သွားသည်။ သူက ရွှယ်အန်းနှင့် သူ၏ အဖွဲ့ကို ကွပ်ကဲမှုဌာနချုပ်သို့ ဖိတ်ကြားရန် တစ်စုံတစ်ဦးကို အရေးတကြီးစေလွှတ်ခဲ့သည်။

ရက်အတော်ကြာမတွေ့ခဲ့ရသော မီးဖီးနစ်အဖွဲ့ကို မြင်သောအခါ စစ်သေနာပတိဟူက အံ့အားသင့်သွားမိသည်။ ၎င်းတို့ထွက်သွားခဲ့စဥ်ကထက် ဤအဖွဲ့က ပိုမို ကြမ်းတမ်း၍ ကြောက်မက်ဖွယ်ကောင်းလာသည်။

“လူကြီးမင်းရွှယ် ဗိုလ်ချုပ်အန်းက သျန်ကျိုးက ထွက်သွားပြီး ကျုံးတုကို ပြန်သွားပါပြီ” စစ်သေနာပတိဟူက ပြောသည်။

ရွှယ်အန်းက ခေါင်းညိတ်ပြကာ လူတိုင်းကို လှည့်ပတ်ကြည့်ရှု့ပြီးနောက် မေးလိုက်သည်။

“ကျန်းချူကရော”

စစ်သေနာပတိဟူက ရယ်လိုက်သည်။

“ကျန်းချူက သွေးချီလင်အဖွဲ့နဲ့ မစ်ရှင်တစ်ခုလိုက်သွားတယ်။ လူကြီးမင်းရွှယ် ကျန်းချူကို ပေးခဲ့တဲ့ အခြေခံ ဖွဲ့စည်းပုံအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ အခုတော့ သွေးချီလင်က အရင်ကထက် အများကြီး အားရှိလာပါပြီ”

ရွှယ်အန်းက ဘာမှမပြောဘဲ ပြုံးလိုက်သည်။ ယခုသျန်ကျိုးက ငြိမ်သက်နေသဖြင့် ရွှယ်အန်းက မီးဖီးနစ်ကို ၎င်းတို့ အဖွဲ့ထံသို့ ပြန်ခွင့်ပြုလိုက်သည်။ ထို့နောက် ကျုံးတုသို့ ပြန်သွားရန် ပြင်ဆင်လျက် မိသားစုကို ဦးဆောင်ခဲ့သည်။

ရွှယ်အန်း၏ စိတ်ကြိုက်အလိုအရ ၎င်းတို့သည် မူလက ပြန်ပျံသန်းရန် စီစဉ်ခဲ့သည်။ သို့သော် ရွှယ်ရှန်းနှင့် နျန်နျန်တို့က မကြာသေးမီကာလများတွင် ရထားများနှင့်ပတ်သက်သည့် ကာတွန်းကားများကို စွဲလမ်းခဲ့၍ ရထားနှင့်ပြန်ရန် တောင်းဆိုခဲ့ကြသည်။ သမီးများကို အလိုလိုက်ဖျက်ဆီးတတ်သော စူပါဖေဖေတစ်ယောက်အနေဖြင့် သူ၏သားသမီးများ၏ ဆန္ဒကို ဖြည်းဆည်းပေးရမည်ဖြစ်သည်။

သို့သော် ၎င်းတို့က ရထားပေါ်သို့ တက်ပြီးသည်နှင့်ချက်ချင်း ကလေးမလေးနှစ်ယောက်က ခဏတာမျှ ၎င်းတို့၏ ပတ်ဝန်းကျင်ကို လေ့လာလိုက်ကြသည်။

“ဖေဖေ ဒါက ရထားလား” ရှန်းရှန်းက မေးသည်။

“ဟုတ်တယ်”

“ဒါပေမယ့် ဒီရထားက ဘာလို့ မီးခိုးခေါင်းတိုင်အရှည်ကြီးမပါတာလဲ” နျန်နျန်က ဆက်မေးသည်။

“အင်းလေ ပြီးတော့ အဲ့လောက်ရှည်တဲ့ဟွန်းသံကြီးလည်းမကြားရဘူး” ရှန်းရှန်းက ဆက်ပြောသည်။

"...."

“အွန်း… ဒီရထားက အရမ်းငယ်သေးလို့ မီးခိုးခေါင်းတိုင်က မထွက်လာသေးတာထင်တယ်” ရွှယ်ရှန်းက ပြန်ဖြေ၏။

ဤရှင်းပြချက်က အတန်ငယ်လွန်ကဲနေသော်လည်း ကောင်မလေးနှစ်ယောက်က ၎င်းကို ယုံကြည်ခဲ့ကြသည်။

"ဖေဖေပြေတာမှန်တယ် ဒီရထားက မကြီးသေးဘူး၊ ကြီးလာရင် မီးခိုးခေါင်းတိုင် ပေါက်သွားလိမ့်မယ်" နျန်နျန်က ပြောသည်။

"ဒါဆို မြန်မြန်ကြီးသွားအောင် သမီးတို့ ဘယ်လိုလုပ်ရမလဲ" ရှန်းရှန်းမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါသိတယ်" နျန်နျန်က မျက်လုံးများတောက်ပလာလျက်ပြောလိုက်သည်။

“ငါတို့ သူ့ကို ရေခဲမုန့်ကျွေးရမှာပေါ့”

"ရေခဲမုန့်စားဖို့ပဲ နင်သိတယ်”

“နင်လည်းအတူတူပဲမဟုတ်ဘူးလား” နျန်နျန်က နှာခေါင်းစူ၍ ပြန်ပြောလိုက်သည်။

“ငါမဟုတ်တာ သေချာပေါက်ပဲ”

“မနေ့ညက ငါ့ထက် ရေခဲမုန့်တစ်ကိုက်ပိုစားလိုက်တယ်”

“ဘာလို့လဲဆိုတော့ မနေ့က နင် ငါ့ ချောကလက်တစ်ခုပိုစားထားလို့လေ”

ကောင်မလေးနှစ်ယောက်က မည်သူက သရေစာပိုစားသည်ကိုငြင်းခုန်လျက် အသံများ ဆူညံလာသည်။ ဤမြင်ကွင်းက ရထားပေါ်ရှိ အခြားခရီးသည်များထံမှ အပြုံးများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

နောက်ဆုံးတွင်မူ ၎င်းတို့ကဲ့သို့ ထူးထူးခြားခြားကလေးမလေးနှစ်ယောက်က မည်သည့်နေရာသို့သွားစေကာမူ ရေပန်းစားမည်မှာသေချာသည်။ ရထားထွက်ခါနီးတွင် နောက်ထပ်ခရီးသည်နှစ်ဦးက ရထားပေါ်သို့ရောက်ရှိလာကြသည်။

အဆိုပါခရီးသည်နှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။

ထိုအမျိုးသားသည် ဆံပင်ကိုနောက်သို့အပြောင်လှန်သိမ်းလျက် သီးသန့်ချုပ်လုပ်ထားသော ဝတ်စုံကိုဝတ်ဆင်ထားလျက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်နေသည်။ ကောင်မလေးက လှပသော်လည်း ရှက်၍ တွေဝေနေပုံပေါ်ကာ ယခုမှ ကျောင်းပြီးခဲ့ခြင်းဖြစ်နိုင်သည်။ သူမက ရိုးရှင်းစွာဝတ်ဆင်ထားသောကြောင့် ချမ်းသာသောမိသားစုမှဆင်းသက်လာခြင်းမဟုတ်ကြောင်း ပြသနေသည်။

၎င်းတို့နှစ်ယာက်က ရွှယ်အန်း၏ မျက်စောင်းထိုးနေရာရှိ ခုံတွင်ထိုင်ကြသည်။ သူက ၎င်းတို့ ဂရုမစိုက်လှပေ။ ၎င်းတို့ထိုင်ပြီး မကြာခင်၌ပင် ရထားကစတင်ရွေ့လာသည်။

ထို့နောက် ဝတ်စုံပြည့် ဝတ်ထားသောအမျိုးသားကပြုံးလိုက်သည်။

“အစကတော့ ဝမ်းကွဲညီက ကားနဲ့လာကြိုမလို့ပဲ ဒါပေမယ့် နောက်ဆုံးအချိန်ကပ်မှ အလုပ်တစ်ခုပေါ်လို့ မလာနိုင်ခဲ့ဘူး။ မဟုတ်ရင် ကိုတို့ ဒီစုတ်ပဲ့တဲ့ရထားနဲ့ဘာလို့ အလုပ်ရှုပ်ခံရမှာလဲ”

ထိုလူ၏စကားတွင် မာန်တက်မှုက သိသာစွာပေါ်လွင်လာသည်။ ကောင်မလေးက မဝံ့မရဲခေါင်းငုံ့ကာ မှတ်ချက်ကိုကြားသောအခါ ငြိမ်သွားသည်။ ဝတ်စုံပြည့်ဝတ်ထားသည့်အမျိုးသားက အားပါးတရရယ်၍ ကောင်မလေး၏ပခုံးပေါ်သို့သူ့လက်ကိုတင်ရန် လှမ်းလိုက်သည်။

မိန်းကလေးက ထိတ်လန့်တုန်လှုပ်ကာ နောက်သို့ ရွှေ့လိုက်သည်။

"မလုပ်နဲ့...အဲလိုမလုပ်နဲ့"

အဲဒီလူက သူ့လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီးနောက် ပြောလိုက်၏။

“ကလေးမ ကို မင်းရဲ့ပခုံးလေးပဲထိတာပါ။ ဘာလို့ ရှောင်နေတာလဲ”

မိန်းကလေးက ခပ်တိုးတိုးအသံဖြင့်ပြောသည်။

“ထျန်လူကြီးမင်း ရှင် ကျွန်မကို ကျုံးတုကို ခေါ်သွားပေးပြီး ကောင်းကင်ကံကြမ္မာကုမ္ပဏီမှာ အလုပ်သွင်းပေးမယ်လို့ပြောခဲ့တာလေ”

“ဒါပေါ့”

“အဲ့တာမတိုင်ခင် ရှင်ကျွန်မကို ဒီလိုမလုပ်ဖို့မျှော်လင့်ပါတယ်”

ဤသည်ကိုကြားသောအခါ ထျန်ပေါ်ဟန်၏ နှုတ်ခမ်းများက ခပ်ပါးပါးကွေးတက်သွားကာ အေးစက်သော အပြုံးတစ်ခုပေါ်လာသည်။

“ဒါ မှန်တယ်။ ဒါပေမယ့် မင်းငါ့ကို အတိုးအရင် ပေးသင့်တယ်မလား”

All Chapters