← Chapters

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း(၄၈၇) သူက မင်းကို ပိုက်ဆံဘယ်လောက်ပေးစရာရှိလဲ

"ကောင်းကင်ကံကြမ္မာကုမ္ပဏီထဲကို ဝင်ဖို့က လွယ်တယ်လို့ မင်းထင်လား။ ငါ့ဝမ်းကွဲကသာ အဲ့က မန်နေဂျာမဟုတ်ရင် မင်းရဲ့ပညာရေးနဲ့ အတွေ့အကြုံအရ ကောင်းကင်ကံကြမ္မာကုမ္ပဏီတံခါးထဲကို ခြေချဖို့ အိပ်မက်တောင် မမက်လိုက်ပါနဲ့။" ထျန်ပေါ််ဟန်က အေးစက်စွာပြောသည်။

ယွမ်မန်ရင်က ခေါင်းငုံ့လိုက်၏။

“ဒါပေမယ့်… ဒါပေမယ့်…”

"ဒါပေမယ့်ဆိုတာမရှိဘူး။ ယွမ်မန်ရင် တောင်းဆိုခဲ့တဲ့သူက မင်းပဲဆိုတာ မှတ်ထား”

“အင်း…” ယွမ်မန်ရင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သို့မှသာ ထျန်ပေါ်ဟန်က ကျေနပ်အားရစွာဖြင့် လက်ကိုဆန့်ထုတ်လျက် ယွမ်မန်ရင်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

ယွမ်မန်ရင်က တုန်လှုပ်ခြောက်ခြားသွားသော်လည်း သူမ၏မျက်လုံးများနီရဲလာရုံမျှသာဖြစ်၍ ခုခံရန်မဝံ့ရဲပေ။ ၎င်းတို့၏ စကားပြောသံများက မကျယ်လှသဖြင့် အခြားသူများက ဂရုမစိုက်ကြပေ။ ရွှယ်အန်းတစ်ဦးတည်းကသာ ယင်းတို့ကိုကြားကာ မျက်မှောင်ကြုတ်လိုက်သည်။

ကောင်းကင်ကံကြမ္မာကုမ္ပဏီလား

သူ့ရဲ့ ကောင်းကင်ကံကြမ္မာကုမ္ပဏီ

ပြီးတော့ ဒီလူက ဘယ်သူလဲ။

ရွှယ်အန်းသည် အနည်းငယ်တွေးမိသွားသော်လည်း ၎င်းကို မပြဘဲ ငြိမ်သက်စွာ ကြည့်နေသည်။

ထျန်ပေါ်ဟန်က လက်ကို ဆုပ်ကိုင်ထားရုံဖြင့် မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။

သူ့လက်က ဂနာမငြိမ်ဖြစ်နေသည်။ သို့သော် ထိုလက်က ယွမ်မန်ရင်၏ ခါးကို ထိလိုက်သည်နှင့် သူမက ဓာတ်လိုက်သည့်အလား ခုန်တက်သွားရာ အကြည့်များစွာကိုဆွဲဆောင်လိုက်သည်။ ထျန်ပေါ်ဟန်က ဤသည်ကို မမျှော်လင့်ထားကြောင့် သိသာသော်လည်း သူက လူအများ၏ရှေ့၌ ပြောင်ပြောင်တင်းတင်းမပြုမူရဲသောကြောင့် အကြောင်းပြချက်တစ်ခုထုတ်၍ ယင်းကိုရှောင်လိုက်သည်။

ယွမ်မန်ရင်က ပြန်ထိုင်ချလိုက်သည့်အခါ ဤတစ်ကြိမ်တွင် သူမသည် ထျန်ပေါ်ဟန်နှင့် ပိုဝေးသောနေရာတွင် ထိုင်လိုက်သည်။ ထျန်ပေါ်ဟန်၏ အမူအရာက ဤအခိုက်အတန့်တွင် ပိုဆိုးလာကာ ယွမ်မန်ရင်အပေါ်ရှိ သူ့အကြည့်များက ပို၍ ဆိုးဝါးလာသည်။

သို့သော်လည်း သူက အခြားမည်သည့်အရာကိုမျှ မလုပ်ရဲသောကြောင့် နောက်တစ်ရာတွင်ရပ်ထားသည့်အချိန်မတိုင်မီအထိ ထိုအတိုင်းနေခဲ့ကြသည်။ သျန်ကျိုးမှထွက်ခွာ၍ ကျုံးတုသို့ ဝင်ရန် များစွာသော အဓိကမြို့များကို ဖြတ်ကျော်ရန် လိုအပ်သည်။ ယခုအခါတွင် ၎င်းတို့က အဓိကမြို့ကြီးတစ်မြို့ဖြစ်သော လင်နန်မြို့တွင် ရပ်နေကြသည်။

ရထားက ထိုနေရာ အချိန်အတန်ကြာရပ်တန့်ရန် လိုအပ်သည်။ လူအများက ရထားပေါ်မှ ဤမှတ်တိုင်တွင်ဆင်းကြကာ အခြားသူများစွာလည်းတက်လာကြသည်။

သို့သော် ထိုအချိန်၌ပင် ရထားတံခါးကိုတွန်းဖွင့်၍ ဆံပင်နီဆိုးထားသည့် လူအုပ်တစ်စုက ၎င်းတို့၏ မျက်နှာများတွင် “လူယုတ်မာ”ဟု စာထွင်းထားသည့်အလား ဝင်လာကြသည်။ ၎င်းတို့က ရထားကို ဝေ့ဝိုက်ကြည့်ကာ ထောင့်တွင်ထိုင်နေသော ယွမ်မန်ရင်ကို မျက်လုံးများနှင့် စိုက်ကြည့်၍ ပြုံးပြလျက် လမ်းလျှောက်လာကြသည်။

ယွမ်မန်ရင်က ဤအဖွဲ့က ရထားဆီသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ထိတ်လန့်တကြားဖြစ်နေခြင်းဖြစ်ရာ ယခု သူမအနီးသို့ကပ်လာကြသောကြောင့် တစ်ကိုယ်လုံး တုန်လှုပ်နေသည်။

ထိုအချိန်၌ ဂန်းစတားများက ထိုင်ခုံသို့ရောက်လာ၍ ကြွက်သားတောင့်တင်းကာ ခေါင်းပြောင်သောခေါင်းဆောင်က လှောင်ရယ်လိုက်သည်။

“ယွမ်မိန်းကလေး ဘာများဖြစ်လို့လဲ။ ပိုက်ဆံချေးပြီးပြန်မပေးဘူးလား။ ထွက်ပြေးဖို့ကြိုးစားနေတာလား”

ယွမ်မန်ရင်၏ အသံက တုန်ယင်နေသည်။

“ကျွန်မထွက်မပြေးပါဘူး။ ကျွန်မအမေက ဆေးရုံမှာပဲရှိနေသေးတာ ကျွန်မဘယ်လိုထွက်ပြေးရမလဲ။ ကျုံးတုကိုသွားပြီး အမေ့ကိုကယ်နိုင်မယ့်ဆေးလေးရှာချင်ရုံပါ”

ထိုသူက ကြမ်းပြင်ပေါ်သို့ တံတွေးတစတ်ချက်တွေးကာ အထင်သေးစွာရယ်မောလိုက်သည်။

“မိန်းကလေးယွမ် မင်း ငါတို့ကို ကလေးတွေထင်နေလား။ အဘွားကြီးက သေခါနီးနေပြီကွ။ ဆေးရုံမှာရှိတော့ရော ဘာလုပ်ရမှာလဲ။ မင်းအမေကိုကယ်ဖို့ ကျုံးတုကိုသွားမယ်ဟုတ်လား။ ဟား ငါတို့က ဒါကို ယုံမယ်ထင်နေလား”

ယွမ်မန်ရင်က ပြောလိုက်သည်။

“မှန်တယ်။ ကောင်းကင်ကံကြမ္မာကုမ္ပဏီဆီ ကျွန်မကိုပို့ပေးဖို့ ထျန်ပေါ်ဟန်မှာ အဆက်အသွယ်တွေရှိပါတယ်။ ကျွန်မ ကောင်းကင်ကံကြမ္မာကုမ္ပဏီကိုရောက်ပြီး ဝန်ထမ်းတစ်ယောက်ဖြစ်လာတာနဲ့ ကောင်းကင်ကံကြမ္မာဆေးရည်တစ်ပုလင်း အလကားရမှာပါ။ အဲ့ကျ ကျွန်မအမေကို ကယ်လို့ရတယ်”

“ကျွန်မကို အချိန်နည်းနည်းလောက်ထပ်ပေးပါ။ ရှင်တို့ကိုပေးရမယ့်ငွေကို ကျွန်မသေချာပေါက် ပြန်ဆပ်ပါမယ်”

“မင်းရဲ့ အလိမ်အညာစကားတွေကို ရပ်လိုက်စမ်းပါ။ ငါက ကျားကတုံးက မင်းအပေါ် လေးစားမှုတွေ လုံလုံလောက်လောက်ပေးပြီးပြီ။ မင်းပိုက်ဆံချေးပြီးတည်းက အခွင့်အရေးသုံးကြိမ်ပေးခဲ့တယ်။ မင်း ဒီနေ့ ပိုက်ဆံမရှာနိုင်ရင် ငါတို့အဆိုးမဆိုနဲ့”

ထိုသို့ဖြင့် ထိပ်ပြောင်၍ ကြွက်သားတောင့်ခိုင်သောသူက လျှာသပ်ကာ ပြုံးလိုက်သည်။

“ငါတို့ မင်းကို အရင်မြည်းကြည့်ပြီးရင် အခြားယောက်ျားတွေနဲ့လိုက်ဖို့ ရောင်းလိုက်မယ်။ မင်းပိုက်ဆံအလုံအလောက်ရပြီဆိုမှ ငါတို့ လွှတ်ပေးမယ် ဘယ်လိုလဲ”

ဤပြောင်ပြောင်တင်းတင်းစကားများသည် ရထားပေါ်ရှိ ခရီးသည်များစွာကို ဒေါသထွက်စေခဲ့သည်။

သို့သော် ကျားကတုံးနှင့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်တူသော အပေါင်းအသင်းများကို မြင်သဖြင့် လူများစွာက ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်ကြသည်။

ယွမ်မန်ရင်က စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။

“အစ်ကိုကျား ကျေးဇူးပြုပြီး ကျွန်မကို အချိန်တစ်ခုလောက်ပေးပါ။ မဟုတ်ရင် ကျွန်မအမေသေရလိမ့်မယ်”

"ကျွတ်…ကျွတ် ဒီလိုမျိုး လူလိမ်မ။ မင်းရုတ်တရက်ကြီး သျန်ကျိုးကနေထွက်သွားတာက မင်းအပေါ် ယုံကြည်မှုပျက်စေတယ်။ ငါသာ သတင်းမကြားဘဲ အခုလို အမြန်လိုက်မလာရင် မင်းတကယ် ထွက်ပြေးနိုင်လောက်ပြီ ခွေးမ” ကျားကတုံးက လှောင်ရယ်လိုက်သည်။

ယွမ်မန်ရင်က ထျန်‌ပေါ်ဟန်ကို နောက်ဆုံးမျှော်လင့်ချက်ထားကာ လှည့်ကြည့်လိုက်သည်။

“ထျန်၊ ကျေးဇူးပြုပြီး ကျွန်မအတွက် တစ်ခွန်းလောက်ပြောပေးပါ။ ကျွန်မ‌ သေချာပေါက် ပြန်ဆပ်မှာပါ”

ထျန်ပေါ်ဟန်က ပြောချင်နေသော်လည်း ကျားကတုံးဘက်မှ လူတစ်ယောက်က ဓားကိုဆွဲထုတ်၍ သူ၏ ကျောအောက်တွင် ဖိထားသောကြောင့် ပြင်းပြင်းထန်ထန်အော်လိုက်သည်။

“မင်းကိစ္စမင်းရှင်း”

သူ၏အောက်ပိုင်းရှိ အေးစက်စူးရှသောခံစားမှုက ထျန်ပေါ်ဟန်ကို ထိတ်လန့်စေနေပြီဖြစ်သောကြောင့် ယွမ်မန်ရင်၏အကူအညီတောင်းခံမှုကို သူကြားသောအခါတွင် အတင်းပြုံး၍ ကျားကတုံးဘက်သို့ ဦးညွတ်ကာပြောလိုက်သည်။

“အစ်ကိုကြီး ကျွန်တော် ရှူးပေါက်ချင်လို့ အိမ်သာသွားလို့ရမလား”

ကျားကတုံးက လက်ကို စိတ်မရှည်စွာဝှေ့ယမ်းလိုက်သည်။ ထျန်ပေါ်ဟန်က ထိတ်လန့်တကြားထ၍ ထွက်ပြေး၏။ ဤသည်ကို မြင်သောအခါ ယွမ်မန်ရင်က လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားသည်။

“ကောင်းကင်ကံကြမ္မာကုမ္ပဏီကို ဒီလိုအမှိုက်မျိုးက ဝင်မယ်ဟုတ်လား။ ကြည့်ရတာ လိင်ကိစ္စအတွက် လိမ်လည်ဖို့ အကြံထုတ်နေတဲ့ ကောင်မတစ်ကောင်ပဲ”

သူ့စကားကြောင့် လက်အောက်ငယ်သားများထံမှ ရယ်မောသံများထွက်ပေါ်လာသည်။ သို့သော် ထိုရယ်သံများကြား၌ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“သူ မင်းတို့ကို ဘယ်လောက်ပေးရမှာလဲ”

ဟမ် ဟမ်

ရယ်မောသံများ ပျောက်ကွယ်သွားကာ ရထားတွဲသည်လည်း ငြိမ်သက်လျက် ကျားကတုံးက စကားပြောလာသူဘက်သို့ စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်သည်။

ရွှယ်အန်းက သူ့ထိုင်ခုံတွင် ထိုင်နေလျက် ယွမ်မန်ရင်ကို လက်ညှိုးထိုးပြလိုက်သည်။

“သူမင်းကို ဘယ်လောက်ပေးရမှာလဲ”

"မင်းဘာလုပ်ဖို့ ကြံစည်နေတာလဲ” ကျားကတုံးက အေးစက်စွာမေးလိုက်သည်။

“မင်းတို့ပြောနေတာ ငါကြားလိုက်ရတယ်။ ဒီမိန်းကလေးက မင်းတို့အပေါ် အကြွေးတင်နေတာမလား။ ငါ သူ့အတွက် ပြန်ဆပ်ပေးနိုင်တယ်”

"မင်း သူ့အတွက် ပြန်ပေးမှာလား" ကျားကတုံးက အနည်းငယ်အံ့သြသွားသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

ကျားကတုံးက ရွှယ်အန်းကို အချိန်အတန်ကြာစိုက်ကြည့်နေပြီးနောက်မှ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“သူငယ်ချင်း မင်းကြိုက်သလို စားလို့ရတယ်။ ဒါပေမယ့် အဓိပ္ပါယ်မရှိတဲ့စကားတွေပြောလို့မရဘူး။ သူ ငါတို့ကို ပိုက်ဆံဘယ်လောက်ပေးစရာရှိလဲ မင်းသိလား”

ဤသို့ပြောပြီးနောက် ကျားကတုံးက လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သည်။

“သိန်းတစ်သန်းကွ”

ဤပမာဏက ရထားပေါ်မှ လူများ၏ မျက်နှာများထက်တွင် အံ့သြထိတ်လန့်မှုအငွေ့အသက်များပေါ်လာစေသည်။

"အခု မင်း သူ့အတွက် ပြန်ဆပ်ချင်သေးလား" ကျားကတုံးက ရယ်မောလိုက်သည်။

လူရမ်းကားအုပ်စုကလည်း ပြင်းထန်စွာ ရယ်မောလိုက်ကြသည်။

ကျားကတုံး၏အမြင်အရ ရွှယ်အန်း၏ စိတ်နေစိတ်ထားနှင့် အပြုအမူသည် သာမန်လူတစ်ဦးကဲ့သို့မဟုတ်သော်လည်း အများဆုံးအနေဖြင့် သူသည် အနည်းငယ်ချမ်းသာသောမိသားစု၏သားဖြစ်နိုင်သည့်တိုင် ချမ်းသာလွန်းသူမဟုတ်နိုင်ပေ။

ဤသို့မှမဟုတ်ပါက သူက ဤသို့သော ရထားမျိုးကိုစီးလိမ့်မည်မဟုတ်ပေ။

အစောပိုင်းက အော်ပြောခြင်းသည် ဟီးရိုးအဖြစ် အလှလေးကိုကယ်တင်ရန် ကြိုးစားမှုတစ်ခုဖြစ်နိုင်သည်။

သို့သော် တစ်သန်းဟူသောပမာဏက လူများစွာကို နှစ်ခါပြန်တွေးစေလောက်သည်။

အမှန်ပင် ရွှယ်အန်းက တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ ခေါင်းညိတ်လိုက်သည်။ ကျားကတုံးက အေးစက်စွာရယ်မောလိုက်၏။ မျှော်လင့်ချက်အရိပ်အယောင်ကိုမြင်လိုက်ရသော ယွမ်မန်ရင်က နောက်ထပ်တစ်ကြိမ် စိတ်ပျက်လက်ပျက်ဖြစ်သွားပြန်သည်။

တစ်သန်း။

ဤပမာဏက လူများစွာကိုထိတ်လန့်သွားစေလုနီးပါးပင်ဖြစ်သည်။

“မန်ရင် ငါတို့နဲ့လိုက်ခဲ့တော့” ကျားကတုံးက ယွမ်မန်ရင်၏လက်ကို လှမ်းဆွဲကာ ရှေ့သို့ တိုးလာသည်။

ထိုအချိန်တွင် ရွှယ်အန်း၏ အသံထွက်လာ၏။

"တောင်းပန်ပါတယ်၊ ဒီလောက်ပမာဏနည်းနည်းပဲရှိတဲ့ ဘဏ်ကတ်တစ်ခုတော့ မရှိဘူး၊ ငါဖုန်းဆက်ပြီး မင်းဆီကို တစ်ယောက်ယောက်ကို လွှဲခိုင်းလိုက်မယ်”

အခန်း(၄၈၈) သတ်ဖြတ်လိုစိတ်ကြီးထွားလာခြင်း

ကျားကတုံး ရူးသွားသည်။ ဘဏ်ကတ်တွင် ထိုပမာဏမျှနည်းသောငွေမရှိခြင်းကြောင့်ဟူသည်မှာ သူမည်သည်ကိုဆိုလိုနေခြင်းဖြစ်သနည်း။ တစ်သန်းကို သေးငယ်သော ပမာဏဟု ယူဆနေသေးသလော။

ထိုအချိန်တွင် ရွှယ်အန်းက ယွမ်မန်ရင်ကို ပြုံးပြလိုက်၏။

"မေးပါရစေ၊ ဒါ လင်းနန်ဘူတာပဲ မဟုတ်လား"

ယွမ်မန်ရင်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့”

ထို့နောက် ရွှယ်အန်းက သူ့ဖုန်းကို ထုတ်လိုက်ကာ နံပါတ်တစ်ခုကိုနှိပ်၍ ပြောလိုက်သည်။

“ငါရထားပေါ်မှာ တစ်သန်းမြန်မြန်ပို့ပေး”

စကားပြောပြီးနောက် သူက ဖုန်းကို ချ၍ ကျားကတုံးကို ပြုံးပြလိုက်သည်။

"ခဏစောင့်၊ တစ်ယောက်ယောက်က ပိုက်ဆံယူလာလိမ့်မယ်"

ကျားကတုံး၏မျက်နှာသည် အရိပ်များနှင့် အလင်းရောင်များ ရောနှောနေသည်။

"ကလေး၊ မင်း ငါတို့ကို လိမ်ရဲရင် နောင်တရလိမ့်မယ် အာမခံတယ်"

တစ်ဖက်တွင် အန်းယန်က ယွမ်မန်ရင်ကို ဝှေ့ယမ်းပြကာ ခေါ်လိုက်သည်။

“မိန်းကလေး ဒီကိုလာခဲ့”

ယွမ်မန်ရင်တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မဝံ့မရဲ မတ်တပ်ရပ်ကာ လမ်းလျှောက်လာခဲ့သည်။

"မင်းကြည့်ရတာ ပိန်လွန်းတယ်။ တစ်ခုခုအရင်စားလိုက်” အန်းယန်က ပြုံး၍ ပြောသည်။

အန်းယန်၏ အပြုံးတွင် နူးညံ့နွေးထွေးမှုကို မြင်လိုက်‌ရသောအခါ ယွမ်မန်ရင်က ရုတ်တရက် ငိုချင်စိတ်ကို ခံစားလိုက်ရသည်။ သူမက လှည့်ဖြားမှုများနှင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်တွင် တစ်နှစ်ကျော် နေထိုင်ခဲ့ကာ မည်သူကမျှ သူမကို ကြင်နာစွာ ပြုံးပြခဲ့ဖူးခြင်းမရှိပေ။

ယွမ်မန်ရင်က အမှန်ပင် ဗိုက်ဆာနေလျက်ဖြင့် ဤရက်ပိုင်းတွင် မိခင်၏ ရောဂါပိုဆိုးလာသည်နှင့်အမျှ ဆေးရုံတွင်းနေ့စဥ်စားစရိတ်က သိသိသာသာပိုမိုများပြားလာသည်။ ထို့ကြောင့် ပိုက်ဆံစုရန်အတွက် သူမ၏ စားဝတ်နေရေးကုန်ကျငွေကို လျှော့ချရန် အရိုးရှင်းဆုံး ဆုံးဖြတ်ခဲ့သည်။

နေ့တိုင်းလိုလို ပေါင်မုန့်နှစ်လုံးသာစားသည်။ သို့ထိတိုင် ဤအိမ်တွင် ရှိသမျှ အကုန်ရောင်းချ၍ စိတ်ပျကအားငယ်စွာဖြင့် ကျားကတုံးကဲ့သို့သော သူများထံမျ ငွေချေးခဲ့သည်။ သူမက နှစ်သိန်းကျော်သာ ချေးခဲ့ရာ အချို့ကို အချိန်ပိုင်းလုပ်၍ ပြန်ပေးခဲ့သေ‌ော်လည်း အတိုးနှုန်းမှာ တစ်သန်းကျော်သို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။

ယွမ်မန်ရင်က လုံးဝ ပြန်မဆပ်နိုင်တော့ပေ။

ကျားကတုံးက သူမ၏ ခန္ဓာကိုယ်နှင့် အကြွေးဆပ်ရန် အကြံပြုခဲ့သော်လည်း ယွမ်မန်ရင်က သဘာဝကျစွာငြင်းဆိုခဲ့သည်။ ထို့ကြောင့် သူမထွက်သွားပြီး‌နောက် သူမနောက်သို့ လိုက်ရန် ကျားကတုံးက လူများခေါ်လာခြင်းဖြစ်သည်။

"သခင်လေးရဲ့ ကြင်နာမှုကို ကျွန်မတန်ဖိုးထားပါတယ်။ ဒါပေမယ့် တစ်သန်းဆိုတဲ့ပမာဏက မနည်းလှပါဘူး။ သခင်လေးတို့ နောက်မှထွက်သွားပါ။ ကျွန်မ သူတို့နောက်လိုက်သွားလိုက်မယ်” ယွမ်မန်ရင်က သူမ၏ ဗိုက်ကိုဖြည့်ပြီးနောက် နူးညံ့စွာ ခပ်တိုးတိုးပြောလိုက်သည်။

ရွှယ်အန်းကအနည်းငယ်ပြုံးလိုက်၏။

“သူတို့နဲ့ပြန်လိုက်သွားရင် မင်းဘာဖြစ်သွားမလဲ မတွေးဖူးဘူးလား”

ယွမ်မန်ရင်ဝမ်းနည်းစွာ ခေါင်းငုံ့လိုက်သည်။

"ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မရဲ့လမ်းကဆုံးနေပါပြီ။ ထွက်ပေါက်မရှိတော့ဘူး။ ကျွန်မအမေက သူ့နောက်ဆုံးထွက်သက်နားနီးနေပြီ၊ သာမန်ဆေးက ထိရောက်မှုမရှိတော့ဘူးတဲ့ ဆရာဝန်က ကောင်းကင်ကံကြမ္မာဆေးကပဲ မေမေ့ကိုကယ်နိုင်မယ်လို့ပြောပေမယ့်လို့ အဲ့ဆေးတစ်ပုလင်းကို သိန်းသန်းနဲ့ချီပြီးတန်ဖိုးရှိနေတယ်လေ။ ကျွန်မမဝယ်နိုင်ပါဘူး”

“ဒါဆို ဒါ့ကြောင့် မင်းက ကောင်းကင်ကံကြမ္မာကုမ္ပဏီမှာ အလုပ်လုပ်ဖို့ တွေးနေတာမလား”

ယွမ်မန်ရင်က ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်ကံကြမ္မာမှာ အလုပ်ရနိုင်ရင် ကောင်းကင်ကံကြမ္မာဆေးတစ်ပုလင်းရနိုင်တယ်လေ။ လစာကလည်း ရက်ရက်ရောရောပဲဆိုတော့ အခု လူအများက အဲ့မှာအလုပ်လုပ်ရတာကိုဂုဏ်ယူကြတယ်။ ဒါပေမယ့်…”

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

"ထွက်လမ်းဆိုတာ အမြဲရှိပါတယ် ငါမင်းကိုကူညီမယ်ပြောပြီးပြီ၊ ငါသေချာပေါက်လုပ်မှာပါကွာ။ ခဏစောင့်ပါ။"

ယွမ်မန်ရင်က ဆက်မပြောတော့ပေ။ နောက်ဆုံးတွင် သူမသည် ကောင်းကင်ကံကြမ္မာကုမ္ပဏီသို့ မိတ်ဆက်ပေးနိုင်သူ တစ်ဦးနှင့် သိခွင့်ရရန် အဆက်အသွယ်များကို အသုံးပြုခဲ့ပြီးနောက် ဤသို့သာဖြစ်လာခဲ့သည်။

ဆယ်မိနစ်ကျော်သွားပြီးသည့်တိုင် ထျန်ပေါ်ဟန်က ပြန်မလာသေးပေ။

ရွှယ်အန်းက မည်သည့်စကားမျှမပြောဘဲ နာရီကို တိတ်တဆိတ်ကြည့်နေလိုက်သည်။

ဆယ်မိနစ်။

မိနစ်နှစ်ဆယ်။

မိနစ်သုံးဆယ်။

နာရီဝက်​​ကျော်​ပြီးသောအခါ ကျားကတုံး၏ မျက်နှာထက်တွင် စိတ်မရှည်မှုများပေါ်လာပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

"လုံလောက်ပြီ ကောင်လေး။ မင်းတကယ် ငါတို့ကို အရူးလာလုပ်နေတာပဲ’

ထို့နောက် သူက ယွမ်မန်ရင်ကို ပြောလိုက်သည်။

“ငါတို့နဲ့လိုက်ခဲ့ပေတော့”

ယွမ်မန်ရင်က မတ်တပ်ထတော့မည့်အခိုက်၌ ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် သူမကို မလှုပ်ရှားရန် လက်ပြလိုက်သည်။

ကျားကတုံး၏ အမူအရာကအလွန်ဆိုးဝါးသွားသည်။

“ကလေး မင်းတကယ်သေချင်နေတာပဲ။ ဖယ်…”

သူ့စကားအဆုံးမသတ်နိုင်ခင်တွင် ပြတင်းတံခါးဘက်မှ ခြေသံများစွာကိုကြားလိုက်ရသည်။ ကျားကတုံးက အံ့သြနေသောအချိန်၌ ရထားတံခါးက ကန်ဖွင့်ခံလိုက်ရ၏။ ထို့နောက် လူတစ်စုက ရထားပေါ်သို့တက်လာသည်။ ၎င်းတို့အားလုံးသည် ဓားသိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ထွားကျိုင်းသော လူငယ်လေးများဖြစ်ကာ ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် နူးညံ့သိမ်မွေ့သော ဓားတိုပုံစံကို ပန်းချည်ထိုးထားသည်။

ဤလူများကို မြင်သောအခါ ကျားကတုံးလေးနက်စွာတုန်လှုပ်သွားကာ အလောင်းကောင်တစ်ကောင်အလား ဖြူဖျော့သွားသည်။

“ယွီ… ယွီမိသားစု”

လင်နန်မှ ယွီမိသားစုသည် အနောက်တောင်ဘက်တစ်ခုလုံးတွင် ကြီးမားသောသြဇာလွှမ်းမိုးမှုရှိသည်။ လင်နန်၏ မူလဓားအင်မော်တယ် သေဆုံးသွားသော်လည်း လက်ရှိအချိန်တွင် ယွီမင်၏ ဓားပညာက ပို၍ပင် သာလွန်နေပုံရသည်။

‘ဘာတွေဖြစ်နေတာလဲ.. ယွီမိသားစုကလူတွေက ဘာလို့ရုတ်တရက်ကြီးပေါ်လာတာလဲ’

ကျားကတုံး၏ မျက်နှာက မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည်။

ထို့နောက် ရထားပေါ်သို့ လျင်မြန်စွာ ဝင်ရောက်လာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သူတွေ့လိုက်ရသည်။

နှစ်ယောက်လုံးက ပန်းချီကားထဲမှထွက်လာသည့်အလား‌ ချောမောလှပကြသည်။ သို့သော် ၎င်းတို့နှစ်ဦးလုံးထံမှ ထုတ်လွှင့်နေသော ဓားချီက လူများကို အအေးဓာတ်မခံစားရဘဲ တုန်လှုပ်သွားစေသည်။ ဤနှစ်ယောက်ကို မြင်လိုက်ရသောအခါ ကျားကတုံး၏ အသားအရည်က ပြာလုနီးနီးဖြူဖျော့သွားသည်။

ရောက်လာသူမှာ လင်နန်၏ ဓားအင်မော်တယ်ဟု လူသိများသော ယွီမင်မှလွဲ၍ အခြားသူမဟုတ်သောကြောင့်နှင့် ယွီမိသားစုတွင် သြဇာလွှမ်းမိုးမှုက အထွတ်အထိပ်သို့ရောက်ရှိသွားသောကြောင့်ပင်ဖြစ်သည်။

သဘာဝကျစွာပင် မိန်းကလေးသည်မူ ယွီမိသားစု၏ အဖိုးတန်သမီး ယွီရန်ပင်ဖြစ်သည်။ ကျားကတုံးသည် တစ်ချိန်က လင်နန်တွင် မြင့်မြတ်သော မိသားစုများစုဝေးခဲ့စဥ်က ၎င်းတို့၏ခေါင်းဆောင်နှင့်အတူ လိုက်ပါခဲ့ဖူးသောကြောင့် ၎င်းတို့နှစ်ဦးကို သိနေခြင်းပင်ဖြစ်သည်။

စုဝေးပွဲမှာ သူ၏ခေါင်းဆောင်က ယွီမင်အားဝိုင်တစ်ခွက်ဆက်သကာ ဦးညွတ်ခဲ့သည်။ သို့သော် ယွီမင်က သူ့ကို တစ်ချက်ကလေးမျှပင် လှည့်ကြည့်ခဲ့ခြင်းမရှိပေ။

သို့တိုင် ကျားကတုံး၏ ခေါင်းဆောင်က တစ်ချက်မှ အပြစ်ဆိုခြင်းမရှိခဲ့ပေ။

ယွီမိသားစုကဲ့သို့ မြင့်မြတ်သောမိသားစုများနှင့်နှိုင်းယှဥ်လျှင် ဟေးကန်က မည်သည့်အဆင့်ရှိသနည်း။

ဤမျှကြီးမားသော ပုဂ္ဂိုလ်ကို နှိုးဆော်နိုင်သည်အထိ ကမ္ဘာပေါ်မှ မည်သည့်အရာကအရေးကြီးသနည်း။

‘ငါရှေ့တိုးပြီး ဂါရဝပြုသင့်လား’

ကျားကတုံးက တွေးတောနေစဥ်၌ သေလုနီးပါးပြင်းထန်၍ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ယွီမင်နှင့် ယွီရန်တို့သည် ရွှယ်အန်းနားသို့သွား၍ လေးနက်စွာဦးညွတ်လိုက်သည်ကိုမြင်လို်ကကြရသည်။

“ကျွန်တော်တို့ ဆရာ့ကို လာတွေ့ပါတယ်”

၎င်းတို့၏ အပြုအမူများကိုကြည့်၍ ယွီမိသားစုမှ ကျန်သော အဖွဲ့သားများကလည်း ဦးညွတ်၍ အော်ပြောလိုက်ကြသည်။

“ဆရာ့ကို လာတွေ့ပါတယ်”

ရထားတစ်စင်းလုံး တိတ်ဆိတ်သွားသည်။

အားလုံးက အခင်းဖြစ်နေရာကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။

ကျားကတုံးသည် သူ့မျက်လုံးများရှေ့တွင် အမှောင်ထုကို ခံစားလိုက်ရကာ သူ့တစ်ကိုယ်လုံး ယိမ်းယိုင်လာသည်။

၏"ငါတောင်းထားတဲ့ ပိုက်ဆံယူလာကြလား”

"ဆရာ့ကို တင်ပြပါတယ်။ ကျွန်တော်တို့ယူလာပါပြီ..."

ထို့နောက် သေတ္တာများကိုဖွင့်လိုက်ပြီးနောက်အထဲမှ အသစ်စက်စက်ငွေသားများထွက်ပေါ်လာသည်။

“ဒီလောက်မြန်မြန်ကြီးခေါ်လိုက်တာမို့ ကျွန်တော်တို့ ငါးသန်းပဲယူခဲ့ရပါတယ်။ လောက်ရဲ့လား ဆရာ” ယွီမင်က က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"ဒါဆို လုံလောက်ပြီ"

ထို့နောက် ကျားကတုံးကို ညွှန်ပြသည်။

"သူ့ကို တစ်သန်းပေးလိုက်။ သူတောင်းထားတာ"

ယွီမင်က ကျားကတုံးဘက်သို့လှည့်ကြည့်ကာ အကြည့်များအေးစက်လာသည်။ လွန်ခဲ့သည့်တစ်နာရီက အိမ်တွင်ရှိစဉ် ရွှယ်အန်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိကာ တစ်သန်းကိုပြင်၍ ရထားဘူတာသို့ပို့ပေးရန် ရွှယ်အန်းကပြောလာသည်ကိုကြားခဲ့ရသည်။ ထို့ကြောင့် ရွှယ်အန်းတွင် အခြေအနေတစ်ချို့ရှိနေနိုင်ကြောင်း သူချက်ချင်းနားလည်ခဲ့သည်။

ထို့ကြောင့် သူက နှောင့်နှေးမနေဘဲ ပိုက်ဆံကိုချက်ချင်းယူ၍ အပြေးအလွှားလာခဲ့သည်။

ရွှယ်အန်းလာကြောင်း ယွီရန်သိသောအခါ သူမလည်း လိုက်လာသည်။

ယခု ရွှယ်အန်း၏ စကားများကို ကြားလိုက်ရသောအခါ …ဤလူက ပြဿနာရှာနေသည်ဟုထင်ရသည်။

‘ဒါသေချင်နေတာပဲ’

‘ငါတို့ လင်နန်မြေမှာ ရွှယ်လူကြီးမင်းကို ဘယ်သူက ရန်စဖို့ သတ္တိရှိတာလဲ’

ယွီမင်က သတ်ဖြတ်လိုစိတ်က မြင့်တက်လာသည်။

အခန်း(၄၈၉) ငါက ကျိုးကြောင်းစီလျော်တဲ့ပုဂ္ဂိုလ်ပဲ

အားပြင်းသောဖိအားတစ်ခုက ရထားတစ်ခုလုံးကို ဖုံးအုပ်ထားလျက် ကျားကတုံးနံဘေးတွင် ထားရှိထားသော အပူခံခွက်က တစ်စုံတစ်ခုကြောင့် ပြတ်တောက်သွားသည့်အလား ချောမွေ့စွာ ဖြတ်တောက်ခြင်းခံလိုက်ရသည်။

ကျားကတုံး၏လည်ပင်းတစ်ဝိုက်ရှိ ရှုပ်ပွနေသော ဆုတောင်းပုတီးစေ့များကလည်း ပြတ်ထွက်လျက် သူ၏ သူ့လက်ပေါ်မှ ပုတီးစေ့များသည်လည်း ချက်ခြင်းပြတ်တောက်သွားကာ ကြမ်းပြင်တစ်ခုလုံးတွင် ပြန့်ကျဲသွားသည်။ ရွှယ်အန်းက အနောက်မှကြည့်၍ မျက်ခုံးပင့်ကာ အနည်းငယ်ပြုံးပြလိုက်သည်။

"မင်းက ရွှယ်လူကြီးမင်းဆီက တစ်သန်းတောင်းတာလား။" ယွီမင်က ဘာသိဘာသာပြောလိုက်သည်။

ကျားကတုံးက တစ်ကိုယ်လုံးတောင့်တင်း၍ မလှုပ်ရှားရဲတော့ပေ။

ထိုဆုတောင်းပုတီးများကဲ့သို့ သူ၏ ဦးခေါင်းလည်းကွဲကြေသွားမည်ကိုစိုးရိမ်သောကြောင့် ခက်ခက်ခဲခဲသာ တစ်ခွန်းပြောလိုက်သည်။

“ကျွန်တော်… အဲ့မိန်းကလေးဆီက အကြွေးပဲတောင်းတာပါ။ ဒီလူကြီးမင်းက သူ့အကြွေးကိုပေးပေးတာ။ ကျွန်တော်တကယ်ကို မရည်ရွယ်ပါဘူး”

အဆုံးထိရောက်သောအခါ ကျားကတုံးကငိုလုမတက်ဖြစ်နေသည်။

“ကြီးမြတ်တဲ့ သခင်ယွီ ကျွန်တော်တကယ် မရည်ရွယ်ပါဘူး”

ယွီမင်က ရယ်မောကာ လှုပ်ရှားတော့မည့်အခိုက်၌ ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

“ဆရာ…”

ရွှယ်အန်းက ခပ်ပါးပါးပြုံးကာ ကျားကတုံးကိုပြောလိုက်သည်။

“ငါက သူ့အတွက်ပေးမယ်လို့ပြောထားတာဆိုတော့ တစ်သန်းကို မင်းအခုယူလို့ရပြီ”

ဤတစ်ကြိမ်တွင် ကျားကတုံးသည် သတိထားလျက် ယွီမင်ကို ခိုးကြည့်နေသည်။ သို့သော် ယွီမင်က ဘေးသို့ထွက်သွားသည်ကိုမြင်သောအခါ သူက အေးစက်စွာပြောလိုက်သည်။

“လူကြီးမင်းကပြောနေတယ်။ သွားယူလိုက်”

ကျားကတုံး၏နှလုံးက တဖြည်းဖြည်း တက်ကြွလာသည်။ ဤလူ၏ အဆင့်အတန်းက ယွီမင်ထက် ပိုမြင့်သည်ဟုထင်ရသော်လည်း… သူက မည်သူနည်း။

ဤမျှ အဆင့်အတန်းရှိသောလူတစ်ယောက်က အဘယ်ကြောင့် ဤသို့ရထားနှင့် သွားနေရသနည်း။

‘ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ။ အရေးအကြီးဆုံးက ပိုက်ဆံအရှင်ရှာဖို့ပဲ”

ဤပုဂ္ဂိုလ်ကြီးများတွင် အမြဲတစေ ထူးဆန်းသော အလေ့အကျင့်များရှိတတ်သည်။ ဤသည်ကိုတွေး၍ ကျားကတုံးက လေးနက်စွာပြုံးကာ သေတ္တာလေးကို ကောက်ယူလျက် ရင်ဘတ်ထဲမှ ငွေချေးစာချုပ်ကို လေးစားစွာထုတ်လိုက်သည်။

“မိန်းကလေးယွမ် ဒီမှာ ကျုပ်တို့စာချုပ်ပါ။ အခု ကျုပ်တို့ ရှင်းသွားပါပြီ”

ထို့နောက် သူက ရွှယ်အန်းနှင့် ယွီမင်ထံ ဦးညွတ်လိုက်သည်။

“ကျန်တဲ့ကိစ္စမရှိတော့ရင် ကျုပ်တို့ သွားတော့မယ်နော်”

ဤသို့ဖြင့် သူက ထွက်သွားရန် လှည့်လိုက်သည်။

"နေပါဦး" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။

ယွီမိသားစုမှလူများက ကျားကတုံး၏လမ်းကို ပိတ်ထားလိုက်ကြသည်။ ကျားကတုံးက တုန်တုန်ယင်ယင်ဖြင့် လှည့်ကြည့်လိုက်သည်။

“ဆရာ့မှာ အခြားကိစ္စရှိသေးလား”

"ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ မင်းထင်လား"

"အမ်... အဲတာ ဘာကိုဆိုလိုတာလဲ..."

"သူက မင်းအပေါ် အကြွေးတင်နေတယ်။ နောက်ပြီး ငါပေးလိုက်တယ်။ မင်းပေးရမယ့် ငွေကရော”

“ကျုပ်ပေးရမယ့် ပိုက်ဆံဟုတ်လား” ကျားကတုံးက လုံးဝကြောင်အသွားသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ငါက အရမ်းကျိုးကြောင်းစီလျော်တဲ့လူတစ်ယောက်ပဲကွ။ မင်းရထားပေါ်ရောက်ကတည်းက မင်းရဲ့ အမျိုးမျိုး နှုတ်နဲ့ စော်ကားမှုတွေက ဒီအမျိုးသမီးရဲ့ ဂုဏ်သိက္ခာကို အရမ်းထိခိုက်စေတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် ‌လျော်ကြေးနည်းနည်းတောင်းတာက တရားမျှတမှုမရှိဘူးလား”

ကျားကတုံးက ထိတ်လန့်စွာကြည့်၍ ပါးစပ်ကို ကျယ်လောင်စွာဟထားသည်။ ယွီမင်နှင့် ယွီရန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပျော်မြူးနေကြ၏။ လူကြီးမင်းက သူ့ကို လှည့်စားရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။

“ဘယ်လောက်လိုချင်လဲ…”

"မိန်းမပျိုရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ၀င်ငွေတွေ ဆုံးရှုံးခြင်းအတွက် မင်း ယွမ်တစ်ထောင်ပေးရမယ်" ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

ဤပမာဏကိုကြားသောအခါ ကျားကတုံးက သက်တောင့်သက်သာဖြစ်စွာဖြင့် အသက်ရှုသွင်းလိုက်သည်။

‘ဘုရားတရားမလို့ ယွမ်တစ်ထောင်တည်းတဲ့။ ဒါကလက်ခံနိုင်စရာပါပဲ’

ထို့ကြောင့် သူက ချက်ချင်းပေးတော့မည်ဖြစ်သည်။

"နေပါဦး"

"ဆရာ အခြားကိစ္စရှိသေးလား"

"မင်းက မိန်းကလေးကို ယွမ်တစ်ထောင်ပေးနေတာ၊ ငါကရော"

"ဆရာလား" ကျားကတုံး၏ မျက်နှာက ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

"ငါက ငါ့ဘာသာဒီမှာနေနေတာ။ ​​ဒါပေမယ့် ဖုန်းခေါ်ရတာက မင်းကြောင့်ပဲ။ ငါ့ရဲ့ဆင်းကတ်က နိုင်ငံတကာသုံးတဲ့ဟာဆိုတော့ roaming သုံးတာက ဘယ်လောက်စျေးကြီးလဲဆိုတာ မင်းတွေးနိုင်လား။ ဖုန်းဘေအတွက် မင်းပေးရမယ်”

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ပေးပါ့မယ်။ ပေးပါ့မယ်။" ကျားကတုံးက ကတိပေးလိုက်သည်။

ဖုန်းဘေလ်တစ်ခုမျှသာဖြစ်၍ အများဆုံးအနေဖြင့် ငွေတစ်ရာသာပေးချေရနိုင်သည်။

"ကောင်းပြီ၊ ဖုန်းဘေလ်အတွက် ဆယ်သန်းပဲပေးပါ အများကြီးမတောင်းပါဘူး"

အစပိုင်းတွင် တည်တည်ငြိမ်ငြိမ် မျက်နှာထားရှိသော ကျားကတုံးသည် ယခုအခါ လုံးဝ အံ့အားသင့်သွားခဲ့ပြီးနောက် တုန်တုန်ယင်ယင်မေးလိုက်သည်။

“လူကြီးမင်းရွှယ် … ဘယ်လောက်လို့ပြောလိုက်တာလဲ”

ရွှယ်လူကြီးမင်းက လက်တစ်ချောင်းထောင်ပြသည်။

"ဆယ်သန်း၊ အဲ့တာက မင်း ပူးပေါင်းဆောင်ရွက်ပေးလို့ ခင်မင်တဲ့အနေနဲ့လျှော့ပေးထားတာ”

ကျားကတုံးက အသက်ပြင်းပြင်းရှုလိုက်ကာ မားစ်ဂြိုလ်သို့ ဖုန်းခေါ်ဆိုလိုက်သလားဟုမေးချင်နေသည်။

ဆယ်သန်းဖြင့် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီငယ်တစ်ခုကို ဝယ်နိုင်သည်ကိုလည်း သိထာသည်ဖြစ်ရာ ဖုန်းဘေအဖြစ်သို့ ပြောင်းလဲမည်ဆိုပါက ၎င်းသည် ကမ္ဘာမြေကြီး၏ အဆုံးတိုင်အောင် ပြောဆိုနိုင်ဖွယ်ရှိသည်။

"ရွှယ်လူကြီးမင်း၊ ကျုပ်ကို မနောက်ပါနဲ့ ဆယ်သန်း... ဆရာ ကျုပ်ကို သတ်ရင်တောင် ကျုပ်မတတ်နိုင်လောက်ဘူး" ကျားကတုံးက လျှော့ပေါ့ပေးရန် တောင်းဆိုတော့မည်ဖြစ်သည်။

"ငါမင်းကိုသတ်ဖို့မကြံဘူး။ အကြွေးပြန်ဆပ်တာက ပုံမှန်ပဲလေ။ မင်း ဒီအမျိုးသမီးဆီက အကြွေးတောင်းနေလို့ ငါသူ့အစားပေးလိုက်တယ်။ အခု မင်းငါ့ကို အကြွေးတင်နေတော့မှ ဘာလိုလ့ သေခြင်းတရားအကြောင်း လာပြောနေရတာလဲ” ရွှယ်အန်းက ကုလားထိုင်ကိုမှီထိုင်ကာ ပေါ့ပါးအေးဆေးစွာပြောလိုက်သည်။ ။

ကျားကတုံး၏ခြေထောက်များ အားနည်းသွားကာ ဒူးထောက်လျက် လဲကျသွားသည်။

အစပိုင်းတွင် မောက်မာသော မာန်မာနများဖြင့် လှည့်ပတ်နေသော သူ၏ အဖွဲ့သားများက သစ်ရွက်များကဲ့သို့ လှုပ်ခါနေပြီဖြစ်၍ သူဌေးက ဒူးထောက်လိုက်သည်နှင့် ချက်ချင်းလိုက်ထောက်ကြသည်။

ရထားတွဲက တိတ်ဆိတ်သွားကာ အားလုံးက အခင်းဖြစ်ရာကို ငေးကြည့်နေကြသည်။

ကျားကတုံးသည် ဒူးထောက်လိုက်ခြင်းဖြင့် တစ်ဖက်လူက သူ့ကို မျက်နှာသာပေးမည်ဟု မျှော်လင့်ထားသော်လည်း ရွှယ်အန်း၏ လေးနက်သော အမူအရာနှင့် ယွီမင်၏ လူသတ်မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့နှလုံးသားလည်း နစ်မြုပ်သွားတော့သည်။

"ရွှယ်လူကြီးမင်း ကျုပ်ကို အသက်ရှင်ဖို့ အခွင့်အရေးပေးပါ” ကျားကတုံးက ငိုသံဖြင့် တောင်းပန်သည်။

"ဒါဆို မင်းပြောနေတာက ဆယ်သန်းလေးတောင် မတတ်နိုင်ဘူးဆိုတဲ့သဘောလား"

ကျားကတုံးက ခါးသက်စွာခေါင်းညိတ်လိုက်သည်။

“ဆရာ ကျုပ်ကိုသတ်ရင်တောင် ကျုပ်မှာ အဲ့လောက်ပိုက်ဆံမှရှိပါဘူး။ နောက်ပြီး ကျွန်တော်အကြွေးသိမ်းထားတဲ့ငွေတွေက ခေါင်းဆောင်ကိုပြန်ပေးရမှာပါ”

“သိပြီ…” ရွှယ်အန်းက ပြောလျက်ဖြင့် ဘေးနားမှလူများဘက်သို့လှည့်ကြည့်ကာ ပြောလိုက်သည်။

“စာရွက်နဲ့ ဘောလ်ပင်တွေ ရှိလား”

"ငါ့မှာ စာရွက်ရှိတယ်၊ ဒါပေမယ့် ဘောပင်မရှိဘူး"

"စာရွက်ရှိတယ်ဆို သူကိုပေးလိုက်"

တစ်ယောက်ယောက်က ကျားကတုံးကို စာရွက်ဖြူတစ်ရွက် ပေးလိုက်သည်။ ကျားကတုံး၏ မျက်နှာထက်၌ အံ့သြမှုအငွေ့အသက်များအပြည့် ထင်ဟပ်နေသည်။

ဒါက ဘာကို ဆိုလိုတာလဲ။

"မင်း အခု မဆပ်နိုင်သေးလည်း အဆင်ပြေပါတယ်။ အခု စာချုပ်တစ်စောင်ရေးလိုက်မယ်။ ... အမ်၊ မင်းနာမည်ဘယ်လိုခေါ်လဲ"

ယွမ်မန်ရင်က ကြောင်ကြည့်နေရာမှ ရွှယ်လူကြီးမင်း၏မေးခွန်းက သူမကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါမှ အသိပြန်ဝင်လာာသည်။

"အင်း ကျွန်မနာမည်က ယွမ်မန်ရင်"

"ကောင်းပြီ ဒါဆို မင်းက ယွမ်မန်ရင်ကို အကြွေးဆယ်သန်းပေးဖို့ရှိတယ်လို့ ရေး” ရွှယ်အန်းက ကျားကတုံးကို ခပ်ပြုံးပြုံးဖြင့် ပြောသည်။

"ချေးငွေစာချုပ် ဘယ်လိုရေးရမလဲ သိတယ်ထင်တယ် …သိတယ်မဟုတ်လား"

ရွှယ်အန်း၏အပြုံးကိုမြင်လိုက်ရသောအခါ ကျားကတုံးသည် ရေခဲခန်းထဲသို့ ပြုတ်ကျသွားသည့်အလား ခံစားလိုက်ရသည်။

"အတိုးနှုန်းကတော့ မင်းအခြားသူတွေအပေါ် ကောက်တဲ့ မင်းရဲ့စံနှုန်းအတိုင်းပဲထားလိုက်ပါ။ မှတ်ထားပါ အဲ့တာတွေကို ပေါင်းသင့်တယ်ဆိုတာ”

ကျားကတုံး၏ ခန္ဓာကိုယ်က လှုပ်ခါလာသည်။

“ရွှယ်လူကြီးမင်း”

"ရေးပါ"

သို့သော် ထိုစကားလုံးက ကျားကတုံး၏နှလုံးသားထဲသို့ သံမှိုကဲ့သို့ စိုက်ဝင်သွားသည်။

"ဆရာက ကျုပ်ကို စာရေးခိုင်းပေမယ့် ကျုပ်မှာ ဘောပင်မရှိဘူး"

ကျားကတုံးပြောပြီးသည်နှင့် ရွှယ်အန်းက လက်ကိုပေါ့ပါးစွာဝှေ့ယမ်း၍ ဓားအလင်းများထွက်လာစေကာ ကျားကတုံး၏ လက်ချောင်းတစ်ချောင်းကို ဖြတ်လိုက်သည်။

"မင်းရဲ့သွေးကို မှင်အဖြစ်သုံးပါ၊ ဒါမှ ပိုထိရောက်မှာ။ မင်းသဘောမတူဘူးလား” ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။

ကျားကတုံးအတွက် ဤလူ၏ အပြုံးက နတ်ဆိုးတစ်ကောင်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။

နာကျင်မှုကြောင့် တဆတ်ဆတ်တုန်နေသော်လည်း နှောင့်နှေးမနေဝံ့ဘဲ ချေးငွေစာချုပ်ကို ချက်ချင်းရေးခဲ့သည်။

“ပြီးပါပြီ…”

ရွှယ်အန်းက ယင်းကိုမယူဘဲ ယွီမင်ကို တစ်ချက်ကြည့်လိုက်သည်။ ယွီမင်က ရှေ့သို့လှမ်းလာ၍ ချေးငွေစာချုပ်ကိုယူကာ ယွမ်မန်ရန်ဆီပေးလိုက်သည်။

ထို့နောက်တွင်တော့ ရွှယ်အန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဒီလိုမှပေါ့။ ဒါပေမယ့် မမေ့နဲ့နော် အချိန်မီပြန်ဆပ်။ မဟုတ်ရင်…”

ရွှယ်အန်း၏ စကားမဆုံးခင် ယွီမင်က ပြောလိုက်သည်။

“လူကြီးမင်းရွှယ် စိတ်ချပါ။ သူပြန်မဆပ်ရဲရင် ယွီမိသားစုက သူ့ ကို သေချာပေါက်သတ်လိမ့်မယ်”

All Chapters