← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း(၄၉၀) သတ်သေဖို့မဖြစ်နိုင်ဘူး

ကျားကတုံးက ထိုသို့ ပူလောင်လှသည့် ရထားပေါ်မှ ဆင်း၍ ထွက်လာခဲ့ရာ လမ်းထောင့်တစ်ခု၌ ချိုးပြီးမှသာ ရပ်လိုက်သည်။

“သူဌေး၊ သူဌေးလက်” သူ့လက်အောက်ငယ်သားတစ်ယောက်က ရည်ရွယ်ချက်ကောင်းဖြင့် သူ့ကို သတိပေးလိုက်ရာ

ကျားကတုံးသည် ဒေါသတကြီး ပြေးလာလျက် လက်အောက်ငယ်သားကို ပါးရိုက်လိုက်သည်။

လက်အောက်ငယ်သားများအားလုံး စကားမပြောဝံ့ကြတော့ပေ။ ကျားကတုံးက တုန်တုန်ယင်ယင်ဖြင့် သူ့ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"မင်္ဂလာပါ သူဌေး"

လိုင်း၏အခြားတစ်ဖက်မှပုဂ္ဂိုလ်မှာ အနောက်တောင်ဒေသတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော ကျားကတုံး၏သူဌေးဖြစ်သည်။

"ကျားကြီး ဘယ်လိုဖြစ်တာလဲ၊ အဲ့ကောင်မလေးကို ဖမ်းမိသလား၊ ဖမ်းမိရင် ငါ့ဆီ အရင်ပို့ပေးပါ။ ငါအရသာခံချင်တယ်"

ကျားကတုံးက အသက်ပြင်းပြင်းရှူလိုက်သည်။ "သူဌေး၊ အစီအစဉ်တွေ အပြောင်းအလဲရှိနေပြီ"

"ဟမ်”

"ကျွန်တော်တို့ ပိုက်ဆံရပြီ"

"ဒါလည်း ကောင်းပါတယ် လက်ငင်း တစ်သန်းပေါ့ မင်းတော်လိုက်တာ”

“ဒါပေမယ့်…”

ကျားကတုံးက လျှာသပ်လျက် ပြောရခက်နေသည်။

"ဒါပေမယ့် ဘာလဲ"

"ဒါပေမယ့် ကျွန်တော် လူတစ်ယောက်နဲ့ကြုံခဲ့ရတာ ချေးငွေစာချုပ်ကို ဆယ်သန်းရေးခိုင်းပြီး အဲရတဲ့ တစ်သန်းကို နုတ်ပြီး အခု ကိုးသန်းနဲ့ တစ်ထောင် အကြွေးတင်နေတယ်"

"ဘာလဲ၊ မင်းက ငတုံးပဲ သူက မင်းကို စာရေးခိုင်းတိုင်း ရေးလိုက်တာပဲလား" သူဌေးက ဒေါသ ထွက်သွားသည်။

ကျားကတုံးက ငြိမ်သက်စွာ နားထောင်သည်။

သူဌေးက တစ်မိနစ်ကျော်ကြာ ကျိန်ဆဲပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။

“အေးပါကွာ၊ ဒီလိုမျိုး အနောက်တောင်ဒေသမှာ ဘယ်သူက ငါ့ကောင်တွေကိုလာရှုပ်ရဲလဲ။ သတ်ပစ်မယ် ပြောစမ်းပါ”

"အဲ့တာ ယွီမိသားစုကပါ" ကျားကတုံးက ခါးသက်သက် အပြုံးဖြင့် ပြောသည်။

လိုင်း၏အခြားတစ်ဖက်က တိတ်ဆိတ်သွားသည်။

"အတိအကျပြောရမယ်ဆိုရင် ယွီမိသားစုက ကူညီနေတာပဲ၊ စာချုပ်ကို တကယ်ရေးခိုင်းတဲ့သူက ယွီမသားစုကတောင် လေးလေးစားစား ဆက်ဆံတဲ့သူ၊ လူကြီးမင်း လို့ ခေါ်တဲ့သူပါ။"

ကျားကတုံး၏ စကားဆုံးပြီးမကြာခင်၌ တစ်ဖက်စွန်းမှ ထွက်လာသော မှန်ကွဲသံကိုကြားလိုက်ရပြီးနောက် သူဌေးက ထိတ်လန့်တကြားလေသံဖြင့်ပြောလိုက်သည်။

"မင်းဘာပြောလိုက်တာလဲ ယွီမိသားစုကတောင် သူ့ကို လူကြီးမင်းလို့ခေါ်တယ်ဟုတ်လား။ ဒီလူက လူက အလေးအမြတ်ထားရတဲ့ပုဂ္ဂိုလ်လိုမျိုးလား”

ကျားကတုံးက ခေတ္တမျှတွေးလိုက်ပြီးနောက် ရွှယ်အန်း၏ အမူအရာက အမှန်တကယ်ပင် အထွတ်အမြတ်ထားခံရသည့်ပုံစံမျိုးဟုတွေးလိုက်သည်။

“ဟုတ်ပါတယ်”

ဖုန်း၏အခြားတစ်ဖက်တွင် တိတ်ဆိတ်သွားပြန်သည်။

ကျားကတုံးက အစမ်းသဘောမေးလိုက်သည်။

“သူဌေး ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ အခု ကျွန်တ်ော အကြွေး ကိုးသန်းကျော်တင်နေပြီ… သူဌေး…”

“အိုး ကျားကြီး” သူဌေးက ရုတ်တရက်ရွှင်မြူးသောအသံဖြင့်ပြောလိုက်သည်။

“ဟမ်”

“မင်းက တကယ်ကံကောင်းလိုက်တာ။ အခုမင်း ဘုရားကျောင်းသွားပြီး သူတို့ ကောင်းချီးအတွက် ကျေးဇူးတင်သင့်တယ်”

ကျားကတုံး၏ မျက်ရည်များစတင်ဝဲတက်လာသည်။

"သူဌေး၊ ကျုပ်ကို မလှောင်ပါနဲ့၊ ကောင်းပြီလား။ ရုတ်တရက် ကျုပ်က အကြွေးကိုးသန်းကျော်တင်သွားတာကို ကံကောင်းတယ်လို့ပြောနတာလား”

“ဟေးဟေး ဘဝက ကိုးသန်းကျော်တန်တယ်ကွ ကျားကြီးရ မင်းဘယ်သူနဲ့တွေ့ခဲ့တာလဲမင်းသိလား။ အဲ့တာ တစ်ကမ္ဘာလုံးက အနိုင်ယူလို့မရတဲ့လူလို့ခေါ်တဲ့ပုဂ္ဂိုလ်ပဲ မင်းကို မသတ်ဘဲ ငွေပဲပေးခိုင်းတာ မင်းဘိုးဘေးတွေရဲ့ ကောင်းမှုကြောင့်ကံကောင်းသွားတာဖြစ်မယ်”

သူဌေးပြောသည်ကိုကြားသောအခါ ကျားကတုံးက အနည်းငယ် ထိတ်လန့်သွားသည်။

“သူဌေးဆိုလိုတာ… သူက…”

"ဟုတ်တယ် ဒါ သူပဲ"

ကျားကတုံးသည် ချွေးစေးများ ကျလျက် ခြေထောက်ပင် ကောင်းစွာမရပ်နိုင်တော့ဘဲ လမ်းဘေးရှိ တယ်လီဖုန်းတိုင်ကို မှီကာ စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

“မထူးဆန်းတော့ပါဘူး။ သူဌေး ကျွန်တော်ပေးရမယ့် ပိုက်ဆံက ဘယ်လိုလုပ်ရမလဲ”

“အဓိပ္ပါယ်မရှိတာ သူ့ဆီ အကြွေးတင်ပြီး ပိုက်ဆံပြန်မဆပ်ဘဲ ဘယ်သူလုပ်ရဲလဲ။ မင်းတကယ်မဆပ်ဘဲနေရဲရင် သူမဟုတ်ဘဲ ယွီမိသားစုက အပိုင်းပိုင်းဖြဲပစ်လိမ့်မယ်”

“ဒါပေမယ့် ဒါက ကိုးသန်းကျော်နေတယ် သူဌေးရာ။ ကျုပ်ကို သူ‌ဌေးအဲ့လိုထား ခဲ့လို့မရဘူး။ သူဌေး…”

“အိုး ကျားကြီး မင်းက ဒီလုပ်ငန်းအတွက် အသက်ကြီးနေပြီလို့ ငါထင်တယ်။ စောစောအငြိမ်းစားယူလိုက်တာ ပိုကောင်းလိမ့်မယ်။ မင်းပေးရမယ့်ငွေအတွက်ကတော့… ဖြည်းဖြည်းချင်းဆပ်နိုင်တယ်လေ။ နောက်ဆုံးကျရင် မင်းအကုန်ပေးပြီးတဲ့နေ့ရှိလာမှာမဟုတ်ဘူးလား”

“ဟယ်လို သူဌေး…ခင်ဗျား … ခွေးမသား” ကျားကတုံးက တစ်ခုခုထပ်ပြောချင်နေသော်လည်း ဖုန်းကိုချလိုက်ပြီဖြစ်သောကြောင့် အလွန်ဒေါသထွက်စွာဖြင့် ပစ်ပေါက်လိုက်ရာ ဖုန်းက အပိုင်းပိုင်းကွဲသွားသည်။

"တစ်​​ယောက်​​ယောက်​ ငါ့ကို ​ဆေးရုံ​ခေါ်သွားပေး" ကျားကတုံးက နာကျင်နေသော လက်ချောင်းများကို ငုံ့ကြည့်ကာ လေးနက်သော မျက်နှာဖြင့်ပြောလိုက်သည်။

မည်သူမျှ ပြန်မဖြေကြပေ။

ကျားကတုံးက မော့ကြည့်ကာ အော်လိုက်၏။

“မင်းတို့အားလုံး ဆွံ့အနားမကြားတွေလားကွ”

သူ့လက်အောက်ငယ်သားများက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီးနောက် ထူးဆန်းသောအမူအရာများဖြစ်လာသည်။ သူ့စိတ်ထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် ကျားကတုံး၏ အသံက ပျော့ပြောင်းသွားသည်။

“ညီ(၃) ငါ့ကို ဆေးရုံပို့ပေးပါ”

ညီ(၃) ဟူသည် သူခုဏက ပါးရိုက်ခဲ့သူဖြစ်သည်။

ဤသည်ကိုကြားသောအခါ ထိုသူက အေးစက်စွာပြုံး၍ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

“အစ်ကိုဟူ အိမ်မှာ ရုတ်တရက် ကိစ္စတစ်ခုပေါ်လာလို့ ပြန်ရတော့မယ်။ ဆောရီးပါ နောက်မှတွေ့မယ်”

ထိုသို့ပြော၍ သူက လှည့်ထွက်သွားသည်။ သူထွက်သွားသည်နှင့် အခြားသူများကလည်း အကြောင်းပြချက်များပင်မပေးနေတော့ဘဲ သူ့နောက်လိုက်သွားကြ၏။ ကျားကတုံးက ဒေါသဖြင့် တောက်လောင်နေပဲီဖြစ်သည်။

“မင်းတို့ဘာလုပ်ဖို့ ကြိုးစားနေတာလဲကွ… မအေလိုးတွေ ပုန်ကန်ဖို့တွေးနေကြတာလား။ ငါ…”

သူ၏နောက်လိုက်များက အေးစက်စွာ လှည့်ကြည့်၍ ပြောလိုက်သည်။

“အစ်ကိုဟူ အခုတင် သူဌေးပြောတဲ့ဟာကို ကျွန်တော်တို့ကြားလိုက်ပါပြီ။ ခင်ဗျားက အိုနေပြီ။ အနားယူရတော့မယ့်အချိန်ရောက်ပြီ။ အသက်ရှင်ပြီး အကြွေးတွေပေးဖို့ သတိရပါ။ နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီးနောက် လက်အောက်ငယ်သားများသည် နောက်ပြန်မလှည့်ဘဲ ထွက်သွားကြသည်။

ကျားကတုံးသည် ထိုနေရာတွင် ရပ်နေကာ သူ့လူများ၏ နောက်ကျောများကိုကြည့်လျက် ရုတ်တရက် သူ့လက်ချောင်းများတွင် ပို၍ပင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

အကြွေးကိုးသန်း၊ ပြတ်သွားသည့်လက်ချောင်းမှနာကျင်မှု၊ ယခု သူ့လူများ၏ သစ္စာဖောက်ခံရမှု။

နေ့တစ်ဝက်အတွင်း၌ပင် ဤလူက ဤဒုက္ခမျိုးစုံကို မြည်းစမ်းစေခဲ့သည်။ သူက စိတ်အားထက်သန်စွာဖြင့် လှည့်၍ တောင်ပေါ်မှ ခုန်ချရန် ကြိုးစားလိုက်သည်။ သူကားတိုက်ခံလိုက်ရလျှင် အရာအားလုံဂ အဆုံးသတ်သွားနိုင်သည်။

ကျားကတုံးက ဤသို့တွေးလိုက်သော်လည်း ရုတ်တရက် လူနှစ်ယောက်က သူ့လမ်းကြောင်းကို ပိတ်လိုက်သည်။ နှစ်ယောက်လုံးကယွီမိသားစုဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ကို ဖျတ်ခနဲပြုံးပြလိုက်သည်။

"တောင်းပန်ပါတယ် အစ်ကို ဟူ၊ ငါတို့ မိသားစု အကြီးအကဲက မင်းကို တိတ်တဆိတ် လိုက်ဖို့ ညွှန်ကြားထားတယ်။ ငါတို့သခင်မလေးက ပြောတယ်"

“သေကြောင်းကြံစည်လို့မရဘူးတဲ့ ဒီတစ်သက်မှာ မင်းကိုယ်မင်းသတ်သေနိုင်မှာမဟုတ်ဘူး”

ကျားကတုံး၏ အမြင်အာရုံမျာ ဝေဝါးသွားပြီးနောက် မူးလဲတော့မည့်ဆဲဆဲဖြစ်သွားသည်။ သူက သူ၏ အလွန်ဆိုးရွားသော အနာဂတ်ကို ကြိုမြင်လိုက်ရ၏။

ထိုအချိန် ရထားပေါ်တွင် ရွှယ်အန်းက ယွီမင်ကို တစ်ချက်ကြည့်၍ ဘာသိဘာသာပြောလိုက်သည်။

"မင်းရဲ့ဓားပညာက တော်တော်ကို အထင်ကြီးစရာကောင်းတယ်”

ယွီမင်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ တောက်ပလာသည်။

“သခင့်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် သခင်”

"မင်း ကောင်းချီးရခဲ့တာလား"

ယွီမင်ခေါင်းညိတ်လိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်၏။

"မင်း တော်တော် ကံကောင်းတာပဲ"

ကောင်းချီးဆိုသည်မှာ ကျင့်ကြံသူက မျှော်လင့်ရုံသာမက မရှာနိုင်သော အခွင့်အလမ်းတစ်ခုဖြစ်သည်။ ယခင်က ယွီမင်၏ ဓားတာအိုသည် လမ်းကြောင်းလွဲနေခဲ့သော်လည်း ဤဇာတ်သိမ်းအပြီးတွင် မမျှော်လင့်ဘဲ မှန်ကန်သော လမ်းကြောင်းသို့ပြန်လည်ရောက်ရှိခဲ့သည်။ ရွှယ်အန်းက ယွီမင်၏ ကံကြမ္မာကိုပင် အံ့သြသွားမိသည်။

“ငါ့မီးဖီးနစ်မှာ လတ်တလော ဓားပညာရှင်တစ်ယောက်ရထားတယ်။ ငါတို့ ပြန်ရင် မင်းတို့ ဓားလေ့ကျင့်လို့ရတယ်”

ယွီမင်၏ မျက်လုံးများတောက်ပလာသည်။

“ကျေးဇူးပါ လူကြီးမင်း”

သူ့ကဲ့သို့ ဓားတာအိုတစ်ဦးအတွက် အညီအမျှ အရည်အချင်းရှိသော ကျွမ်းကျင်သူနှင့် လေ့ကျင့်နိုင်မည့်အခွင့်အရေးက အလွန်ရှားသည်။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၍ ဝမ်းနည်းမှုများဖြင့်ပြည့်နေသော ရူယန်ကိုကြည့်လိုက်သည်။

"မတွေ့တာကြာပြီ"

ရူယန်က အနည်းငယ် တုန်လှုပ်သွားပြီးမှ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

"လူကြီးမင်းကို လာတွေ့ပါတယ်"

ရထားထဲဝင်ကတည်းက ရူယန် သည် ရွှယ်အန်းနှင့် အန်းယန်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ အင်မော်တယ်စုံတွဲတစ်တွဲကဲ့သို့ ၎င်းတို့နှစ်ယောက်အတူနေနေသည်ကိုမြင်လိုက်ရသောအခါ သူမ၏ နောက်ဆုံးမျှော်လင့်ချက်က ကွဲအက်သွားခဲ့သည်။ လတ်တလော မည်သည့်အရာများဖြစ်နေသည်ကို မသိဘဲ သူမက ယင်းကို ငေးကြည့်နေခဲ့မိသည်။

ရွှယ်အန်းက များများစားစားမပြောဘဲ အနည်းယ်ခေါင်းညိတ်လိုက်၏။

ယွီမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။

"လူကြီးမင်း၊ လင်နန်ကို ရောက်လာပြီဆိုတော့ ကျေးဇူးပြုပြီး ယွီမိသားစုမှာရက်အနည်းငယ်နေပေးပါ"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"မလိုပါဘူး၊ ငါတို့ ကျုံးတုကိုပြန်ဖို့ ပြင်ဆင်နေတာ ဒီအဖြစ်အပျက်ကို မကြုံခဲ့ရင် ငါတို့ မင်းကို အကြောင်းကြားမှာ မဟုတ်ဘူး။"

ယွီမင်က ပိုပြောချင်သော်လည်း ရွှယ်အန်း၏ အမူအရာကိုမြင်သောအခါ သူ့ကို ယုံကြည်ရန်မဖြစ်နိုင်ကြောင်း သိသွား၍ ခေါင်းငုံ့ကာ တုံ့ပြန်လိုက်သည်။

"နားလည်ပါပြီ”

အခန်း(၄၉၁) ကနေသော လူပြက်

ယွီမိသားစုများဝင်များအားလုံးကျန်ရစ်ခဲ့သည်။ ရထားတွဲက ငြိမ်သက်စွာဖြင့် ပြန်လည်ခုတ်မောင်းသည်။ ကြမ်းပြင်ပေါ်ရှိ စွန်းထင်နေသော သွေးများကသာ မကြာသေးမီက အဖြစ်အပျက်များကို ပြန်လည် အမှတ်ရစေသည်။ အားလုံးက ရွှယ်အန်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။

ရွှယ်အန်းသည် အမှန်တကယ် မည်သူဖြစ်သည်ကို မသိကြပေ။

သို့သော် ယခုတင်အာဏာပြခဲ့မှုမှကြည့်၍ သူသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ ထိုအချိန်၌ ယွမ်မန်ရင်က မတ်တပ်ထရပ်ကာ သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီမြန်းနေလျက်ဖြင့်

ဒူးထောက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

အကယ်၍ ရွှယ်အန်းက ကြားဝင်မစွက်ဖက်ပါက သူမ၏ လက်ရှိအခြေအနေသည် အလွန်အန္တရာယ်များမည်မှာ သေချာပါသည်။

ကျေးဇူးတင်ကြောင်းဖော်ပြရန် အခြားနည်းလမ်းမရှိ၊ ဒူးထောက်ခြင်းသည် သူမ၏တစ်ခုတည်းသောရွေးချယ်မှုဖြစ်သည်။

ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

နူးညံ့သိမ်မွေ့သော အင်အားတစ်ခုက သူမအား ဒူးထောက်ကာ ဒူးထောက်ရန် တားမြစ်လိုက်၏။

"မင်းရဲ့ ဖြူစင်မှုကြောင့် ငါ မင်းကို ကယ်တင်ခဲ့တာ တခြားအကြောင်းကြောင့် မဟုတ်ဘူး၊ ဒူးထောက်နေစရာ မလိုဘူး"

ယွမ်မန်ရင်၏ ကျေးဇူးသိတတ်မှုက နက်ရှိုင်းလှကာ မည်သည့်စကားပြောရမည်ကိုမသိတော့သောကြောင့် မျက်ရည်စက်လက်ဖြင့်သာ ခေါင်းညိတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ဆီးသွားလိုသည်ဟု ဟန်ဆောင်ကာ ထွက်သွားသည့် ထျန်ပေါ်ဟန်က သတိကြီးစွာ ချောင်းကြည့်လိုက်သည်။ ရထားပေါ်တွင် ကျားဂတုံးဂိုဏ်း၏ အရိပ်အခြေကိုမမြင်ရသဖြင့် သက်ပြင်းတစ်ချချကာ ဝင်လာသည်။

“အာ ဘာဖြစ်သွားတာလဲမသိဘူး။ ဒါပေမယ့် ဗိုက်အရမ်းနာနေတော့ တော်တော်ကြာသွားတာ။ အိုး… အဲ့လူတွေ သွားကုန်ကြပြီလား” ထျန်ပေါ်ဟန်နက အံ့သြပုံပြပြီးနောက် ချက်ချင်းပင်အမူအရာက ဒေါသတကြီးဖြစ်သွားသည်။

“သူတို့‌အေးဆေးထွက်သွားပေလို့ပေါ့ကွာ… ငါသာ ရုတ်တရက်ဗိုက်မနာလိုက်ရင် သေချာပေါက် အဲ့ကောင်တွေကို ပညာပြလိုက်မှာ”

မည်သူကမျှ စကားမပြောတော့ဘဲ ရထားပေါ်ရှိ လူတိုင်းက သူ့ကို ထူးဆန်းစွာကြည့်နေကြသည်။ ၎င်းတို့က အရူးတစ်ကောင်၏ သရုပ်ဆောင်မှုကိုကြည့်နေရသကဲ့သို့ကြည့်နေကြ၏။

ဤအကြည့်များအောက်တွင် စိတ်မသက်သာမဖြစ်နေသောထျန်ပေါ်ဟန်က ချောင်းနှစ်ခါဟန့်လျက် ယွမ်မန်ရင်ကို ပြုံးပြလိုက်သည်။

“မိန်းကလေးယွမ် မင်းအဆင်ပြေလို့ တော်ပါသေးရဲ့။ ငါတို့ ကျုံးတုကိုရောက်ရင်

ကောင်းကင်ကံကြမ္မာနဲ့ပူးပေါင်းဖို့ ငါ့ဝမ်းကွဲအစ်ကိုကိုပြောပြီး မင်းကိုစီစဉ်ပေးမယ်။"

ယွမ်မန်ရင်က အေးစက်သောအမူအရာဖြင့် သူ့ကိုကြည့်ရုံသာကြည့်နေသည်။

ရွှယ်အန်းကပြုံးလိုက်၏။

“မင်းက ဘယ်ကောင်းကင်ကံကြမ္မာကို ဆိုလိုတာလဲ”

ထျန်ပေါ်ဟန်က ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။

“ဘယ်ကောင်းကင်ကံကြမ္မာဖြစ်နိုင်လို့လဲ။ ကျုပ်ပြောနေတာ ကောင်းကင်ကံကြမ္မာကုမ္ပဏီကထုတ်တဲ့ ကမ္ဘာ့ ထိပ်တန်း စာရင်းဝင် ကောင်းကင်ကံကြမ္မာဆေးတွေပဲ။

“ကမ္ဘာ့ထိပ်တန်းစာရင်းထဲမှာပါနေတာလား”

"ဟုတ်တယ် ခင်ဗျား ဒါကို တကယ်မသိဘူးလား။ ကောင်းကင်ကံကြမ္မာကုမ္ပဏီကိုတည်ထောင်ခဲ့တာ တစ်နှစ်ကျော်လောက်ပဲကြာသေးပေမယ့် ကောင်းကင်ကံကြမ္မာရဲ့ ထူးခြားတဲ့ ကုသရေးစွမ်းပကားတွေကြောင့် လျင်လျင်မြန်မြန်ပဲ အဆင့်သတ်မှတ်ခံခဲ့ရပြီး အခုတော့ ကမ္ဘာစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းမိတယ်”ထျန်ပေါ်ဟန်က ကောင်းကင်ကံကြမ္မာကုမ္ပဏီက သူ့အပိုင်ဖြစ်နေသည့်အလား ဂုဏ်ယူစွာပြောသည်။

ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်ကာပြုံးလိုက်သည်။

"ဒီလို ကုမ္ပဏီကြီးတစ်ခုဆီ လူတွေဝင်လို့ရအောင် မင်းက စီစဥ်ပေးနိုင်တယ်ပေါ့”

"တခြားသူတွေ မတတ်နိုင်ပေမယ့် ငါသေချာပေါက် တတ်နိုင်တယ်၊ ငါ့ဝမ်းကွဲက ကောင်းကင်ကံကြမ္မာမှာ ဌာနခွဲမန်နေဂျာပဲ။ သူက ကောင်းကင်ကံကြမ္မာရဲ့ ဥက္ကဌ ချောင်လဲ့နဲ့ အထက်တန်းကျောင်းနေဖက်လေ။ ဒီလိုအချိတ်အဆက်တွေရှိတော့ လူတစ်ယောက်လောက်ကို အလုပ်ပေးဖို့ စီစဥ်ပေးတာ ကိစ္စမရှိဘူး”

‘ချောင်လဲ့ရဲ့ကျောင်းနေဖက်လား’

ရွှယ်အန်း၏ စိတ်က အနည်းငယ်တုန်လှုပ်သွားသည်။

ထိုအချိန်တွင် ထျန်ပေါ်ဟန်က ယွမ်မန်ရင်ကို လှည့်၍ပြုံးပြလိုက်သည်။

“မိန်းကလေးယွမ် ပြန်သွားထိုင်ရအောင်၊ မင်းကြိုတင်ဖြည့်ရမယ့်ဖောင်တွေရှိတယ်"

ယွမ်မန်ရင်က ဆက်၍ ထိုင်နေကာ ခေါင်းယမ်းလျက် ငြင်းဆိုရန်အဆင်သင့်ဖြစ်နေသည်။

ရွှယ်အန်းက ပြုံး၍ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ မိန်းကလေးယွမ် ဘာလို့ သူနဲ့မလိုက်သွားကြသည့်တာလဲ”

ထိုသို့ပြောကာ ရွှယ်အန်းက ယွမ်မန်ရင်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

ယွမ်မန်ရင်အံ့အားသင့်သွားသည်။

တကယ်တမ်းတွင် သူမက ဤအကျပ်အတည်းကြောင့် တစ်လျှောက်လုံး ပြဿာနတက်နေခဲ့ခြင်းဖြစ်ရာ စျေးရောင်းသူများနှင့် ပတ်သက်သည့် ကိစ္စမှာ ပြေလည်သွားသော်လည်း သူ့အမေ၏ ရောဂါသည်မူ ဖြစ်နေဆဲပင်ဖြစ်သည်။ ယွမ်မန်ရင်က သူမတောင်းဆိုပါက ဤလျို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးသောသူက သူမကို ကူညီလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် သူမသည် သူအတွက် သူစိမ်းတစ်ယောက်ဖြစ်ကာ သူမအား ဒေါ်လာတစ်သန်းတန်အကြွေးနှင့်ပတ်သက်၍ ကူညီပေးခဲ့ပြီးဖြစ်သဖြင့် ထပ်ဆင့် အကူအညီ‌တောင်းရန် သူမ အလွန်ရှက်ရွံ့လျက်ရှိသည်။

အခု ကောင်းကင်ကံကြမ္မာဆေးကို မရနိုင်ရင် ငါ့အမေရဲ့ရောဂါကို ကုသနိုင်မှာမဟုတ်တော့ဘူး။

ထို့အပြင် သူမက ထျန်ပေါ်ဟန်ကို အလွန်အမင်း ရွံရှာမုန်းတီးသော်လည်း နှုတ်ဆိတ်နေလျက်ဖြင့်သာ တုံ့ပြန်နိုင်ခဲ့သည်။ သူမ၏ စိတ်များ အလွန် ကမောက်ကမဖြစ်နေသည်။

‘ထျန်ပေါ်ဟန်နောက်ကိုလိုက်တာကာ ကျေးဇဓးရှင်ကို စိတ်ဆိုးသွားစေမလား’

နောက်ဆုံးတွင်င သူမက ငြင်းရန် ဆုံးဖြတ်ထားသော်လည်း အံ့ဖွယ်ကောင်းစွာဖြင့် ရွှယ်အန်းသည် သူမအား သူနှင့်အတူလိုက်စေချင်ခဲ့သည်။ သူမက အနည်းငယ်အံ့အားသင့်စွာဖြင့် ခေါင်းညိတ်လျက် ရွှယ်အန်းနှင့် အန်းယန်ကို လေးလေးနက်နက်ဦးညွတ်ကာ နောက်ပြန်လှည့်၍ ထိုင်ခုံဆီသို့ ပြန်လိုက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ထျန်ပေါ်ဟန်က သူမကို ပြောင်ပြောင်တင်းတင်း မထိပါးရဲတော့ဘဲ သူ၏ အကိုဝမ်းကွဲက မည်မျှ အံ့ဖွယ်ကောင်းကြောင်း ကြွားလုံးထုတ်နေသည်။ ယွမ်မန်ရင်၏ အတွေးများက သူ့ထံတွင် လုံးဝမရှိဘဲ ရှု့ခင်းကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။

မည်သို့သော ကံကြမ္မာမျိုးက သူမ၏ရှေ့၌ စောင့်ကြိုနေကြောင်း မသိနိုင်ပေ။

အကယ်၍ သူမသည် ကောင်းကင်ကံကြမ္မာသို့ အမှန်တကယ်ဝင်ရောက်ခဲ့မည်ဆိုလျှင် သူမ၏မိခင်၏ရောဂါက သက်သာသွားပေလိမ့်မည်၊ သို့သော် ၎င်းသည် သူမ၏ကိုယ်ကျင့်သီလကို ဆုံးရှုံးစေလိမ့်မည်ဖြစ်သည်။ ထျန်ပေါ်ဟန်နှင့် သဘောတူထားသောအခြေအနေမှာ သူမသာ ကောင်းကင်ကံကြမ္မာသို့ဝင်ရောက်နိုင်ပါက သူနှင့်အတူ တစ်လခန့် အချိန်ဖြုန်းရမည်ဖြစ်သည်။ ဤအတွေးကြောင့် ယွမ်မန်ရင်သည် နှလုံးသားထဲမှ နာကျင်ကိုက်ခဲမှုတစ်ခုကို ခံစားလိုက်ရကာ အဝေးမှ ရွှယ်အန်းကို တစ်ချက်ခိုးကြည့်လိုက်သည်။

ရွှယ်အန်းသည် သူမ၏ အကြည့်ကို သတိထားမိသဖြင့် အနည်းငယ် ပြုံးပြလိုက်သည်။

မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိနိုင်သော်လည်း ရွှယ်အန်း၏အပြုံးကို မြင်လျှင် ယွမ်မန်ရင် စိတ်ထဲ၌ သက်သာရာရမိသည်။ သို့သော် ထျန်ပေါ်ဟန်က ထိုအချိန်ကို သတိထားမိသွားသည်ကို သူမမသိလိုက်ပေ။ သူ၏ အမူအရာက တဖြည်းဖြည်း မှုန်မှိုင်းလာသည်။

ကျန်ရှိသော ခရီးတွင် မည်သည့်အထူးအဆန်းမျှမဖြစ်ခဲ့ပေ။ ထို့နောက် ရထားက ကျုံးတုဘူတာသို့ ဖြည်းဖြည်းချင်း စိုက်သွားသည်။

ထျန်ပေါ်ဟန်က ယွမ်မန်ရင်ကို ဦးဆောင်ကာ ရထားပေါ်မှဆင်းလာသည်။

“မူလကတော့ အစ်ကိုဝမ်းကွဲက ငါ့ကို လာကြိုရမှာပေမယ့် ဒါရိုက်တာချောင်က သူ့ကို မီတင်တစ်ခုအတွက် ခေါ်သွားလို့ မလာကြိုနိုင်ခဲ့ဘူးတဲ့။ တက္ကစီစီးသွားကြရအောင်” ထျန်ပေါ်ဟန်က ပြောလိုက်သည်။

ယွမ်မန်ရင်က တိတ်ဆိတ်နေကာ စကားတစ်ခွန်းမျှပြန်မပြောဘဲ သူမ၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ခံစားချက်များ ပြည့်နှက်နေသည်။

ထိုအချိန်တွင် တည်ငြိမ်သောအသံတစ်ခုထွက်ပေါ်လာသည်။

"မင်း အခု ကောင်းကင်ကံကြမ္မာကိုသွားနေတာလား"

ယွမ်မန်ရင်မော့ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် မိသားစုနှင့်အတူရှိသော ရွှယ်အန်းက ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

ယွမ်မန်ရင်က ခေါင်းညိတ်လိုက်သည်။

"တိုက်ဆိုင်လိုက်တာကွာ၊ ငါတို့လည်း ကောင်းကင်ကံကြမ္မာကိုသွားမလို့ပဲ။ အတူတူသွားရအောင်"

နွေးထွေးမှုက ယွမ်မန်ရင်ရဲ့နှလုံးသားကို ပြည့်လျှံစေကာ မျက်ရည်ကျလုနီးပါးပင်ဖြစ်သွားရသည်။ ထျန်ပေါ်ဟန်၏ မျက်နှာက ပို၍ ပို၍ ရုပ်ဆိုးလာကာ အေးစက်စွာလှောင်ရယ်လိုက်သည်။

“ကောင်ကံကြမ္မာကုမ္ပဏီမှာ မင်းဘာလိုချင်လို့လဲ”

"ဘာလို့လဲဆိုတော့ ငါ့မှာ ကောင်းကင်ကံကြမ္မာမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းတချို့ရှိလို့"

ထျန်ပေါ်ဟန်က အံ့အားသင့်သွားပြီးနောက် သူ့မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

"အိုး…ဟုတ်လား။ အဲ့တာ ဘယ်သူလဲ။ ငါ ကောင်းကင်ကံကြမ္မာမှာ အလုပ်မလုပ်ပေမယ့် ထူးခြားတဲ့သူတွေကို သိပါတယ်”

“လောင်ကျောက်တို့ ရှောင်လဲ့တို့လိုပေါ့”

ဤစကားကိုကြားသောအခါ ထျန်ပေါ်ဟန်က ပထမဆုံး ထိတ်လန့်သွားသည်။

“လောင်ကျောက်…. ကောင်းကင်ကံကြမ္မာရဲ့ ခြံ‌စောင့်ပဲဖြစ်ရမယ်’

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြ၍ ဖျတ်ခနဲ ပြုံးလိုက်သည်။

"မင်း ခန့်မှန်းထားတာ မှန်တယ်"

ထျန်ပေါ်ဟန်က မယုံနိုင်စွာ ကြည့်နေသည်။

သူပြောသည့်အတိုင်းပင် သူက ကောင်းကင်ကံကြမ္မာတွင် အလုပ်မလုပ်သော်လည်း အစ်ကိုဖြစ်သူ ထျန်ပေါ်ကျွင်းကြောင့် သူက ထိုနေရာရှိ ပုဂ္ဂိုလ်ကြီးများအကြောင်း သိထားသည်။ ရွှယ်အန်းပြောခဲ့သည့်နာမည်များက ၎င်းတို့နှင့်လားလားမျှ သက်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူက အလေးအနက်မထားခဲ့ပေ။

ရွှယ်အန်းက ခပ်ပါးပါးပြုံးကာ အန်းယန်ကို ပြောလိုက်သည်။

"ကောင်းကင်ကံကြမ္မာကိုလည်း သွားရအောင်"

ရွှယ်အန်းက မည်သူ့ကိုမျှ သတိပေးခြင်းမရှိဘဲ ကျုံးတုသို့ ပြန်လာခဲ့ခြင်းဖြစ်သောကြောင့် သူ့ကို လာကြိုမည့်ကား မရှိပေ။

ထို့‌ကြောင့် သူသည်လည်း ကားတစ်စီးကိုငှား၍ မိသားစုနှင့်အတူ ကောင်းကင်ကံကြမ္မာကုမ္ပဏီသို့ သွားခဲ့သည်။

အခန်း(၄၉၂) မင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေအားလုံး ငါ့ကို လာတွေ့ခိုင်းလိုက်

ကောင်းကင်ကံကြမ္မာကုမ္ပဏီရှေ့သို့ သူရောက်ရှိချိန်တွင် ရွှယ်အန်းက ကားထဲမှ ဆင်းပြီးနောက် အနည်းငယ် အံ့သြသွားသည့်အလား ခံစားလိုက်ရသည်။

လူစည်ကားသောမြို့လယ်ခေါင်တွင်ရှိသော မိုးမျှော်တိုက်တစ်ခုဖြစ်သည်။

‘ကောင်းကင်ကံကြမ္မာ’ဟူသော စာလုံးများက အဆောက်အဦ၏ထိပ်တွင် တောက်ပနေကာ ဝင်လာသူများနှင့် ထွက်သွားသူများအားလုံးက စမတ်ကျစွာဝတ်ဆင်ထားကြသည်။ ရွှယ်အန်းက ကျုံးတုမှ ထွက်ခွာလာခဲ့စဥ်က ကောင်းကင်ကံကြမ္မာ၏ ရုံးခွဲများက ရုံးခန်းအဆောက်အဦထဲတွင်ပင်ဖြစ်သည်။

မတွေ့ရသည်မှာတစ်နှစ်ကျော်ကြာပြီးနောက် ဤသို့ပြောင်းလာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သို့သော် ၎င်းက ကမ္ဘာ့အဆင့်မီ လုပ်ငန်းတစ်ခု၏အရိပ်အခြေမျိုးပင် အနည်းငယ်ပြသလျက်ရှိနေပြီဖြစ်သည်။

၎င်းတို့ ကောင်းကင်ကံကြမ္မာသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့စဥ်ကတည်းက ထျန်ပေါ်ဟန်သည်လည်း ဝင်ပေါက်တွင်ရှိနေသည်။ ရွှယ်အန်း၏ မျက်နှာထက်မှ အံ့အားသင့်မှုကို မြင်လိုက်ရသောကြောင့် သူက အေးစက်စွာ ရယ်မောလိုက်သည်။

“ဘယ်လိုလဲ အံ့သြသွားတာလား။ ဒီမိုးမျှော်တိုက်က ကျုံးတုတစ်ခုလုံးမှာ အမြင့်ဆုံး အဆောက်အဦးဖြစ်ပြီး ကောင်းကင်ကံကြမ္မာရဲ့ 'သခင်လေး' ရဲ့ ဌာနချုပ်က ဒီမှာပါ"

ထိုစကားကို ပြောပြီးနောက် သူက ယွမ်မန်ရင်ကို ပြောလိုက်သည်။

“သွား ငါ့ဝမ်းကွဲကိုတွေ့ဖို့လိုက်ခဲ့ချေ”

ဤသို့ဖြင့်‌ သူက ဂုဏ်ယူသောအမူအရာဖြင့် ကောင်းကင်ကံကြမ္မာရုံးချုပ်သို့ လျှောက်သွားသည်။

ဧည့်ခန်းသည် အလွန်ကျယ်ဝန်းကာ ခမ်းနားလျက် လူများစွာလည်း အလုပ်ရှုပ်လျက်ရှိသည်။

ထျန်ပေါ်ဟန်က ဧည့်ခံကောင်တာသို့ ချဥ်းကပ်ကာ လှပစွာ ပြင်ဆင်ထားသော ဧည့်ကြိုကို ပြောလိုက်သည်။

“မင်္ဂလာပါ မန်နေဂျာ ထျန်ပေါ်ကျွင်း အထဲမှာရှိလား”

ဧည့်ခံဝန်ထမ်းက သူ့ကို မော့ကြည့်၍ ပြုံးလိုက်သည်။

“လူကြီးမင်းက မန်နေဂျာထျန်နဲ့ ဘာကိစ္စရှိလဲလို့ သိနိုင်မလားရှင့်”

“ကျုပ်က မန်နေဂျာထျန်ရဲ့ ဝမ်းကွဲအစ်ကိုပါ။ သူလာခိုင်းထားလို့ပါ”

“မန်နေဂျာထျန်က မီတင်လုပ်နေပါတယ်။ လူကြီးမင်းလာရင် ပြောခိုင်းထားပါတယ်။ ဒီမှာ ခဏစောင့်ပေးပါ”

နောက်ဆုံးတွင်မူ ထျန်ပေါ်ကျွင်းသည် ယခု ကောင်းကင်ကံကြမ္မာကုမ္ပဏီ၌ အလယ်အလတ်အဆင့် ခေါင်းဆောင်တစ်ယောက်ဖြစ်ကာ အရင်းအမြစ်များစွာကို ထိန်းချုပ်ထားခြင်းအပြင် ဥက္ကဌချောင်၏ အတန်းဖော်လည်းဖြစ်သောကြောင့် သူများစွာက သူ့ကို လေးစားကြရသည်။

ဤသည်ကိုကြားသောအခါ ထျန်ပေါ်ဟန်၏ အမူအရာက ပို၍ မာန်တက်လာပုံပေါ်ကာ ရွှယ်အန်းနှင့် အနားရှိအခြားသူများကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။ သို့သော် ရွှယ်အန်းကမူ ပြုံးရုံသာပြုံး၍ ထိုသူ၏ အဓိပ္ပါယ်မဲ့သော ကြွားဝါချက်ကို စိတ်မဝင်စားပေ။

ဧည့်ခန်းတွင် အစည်းအဝေးကျင်းပရန် သတ်မှတ်ထားသော နေရာတစ်ခုရှိသည်။ ထျန်ပေါ်ဟန်သည် ပျော့ပျောင်း၍ သက်တောင့်သက်သာရှိသော ဆိုဖာပေါ်တွင် ပျင်းရိစွာ ဆန့်တန်းထိုင်လိုက်သည်။

ထို့နောက် ဧည့်ခံသူကိုယ်တိုင်ရောက်လာကာ ကောင်းစွာလှီးဖြတ်ထားသော အသီးအနှံတစ်ပန်းကန်ကိုလာပေးသည်။

“သုံးဆောင်တော်မူပါ လူကြီးမင်းထျန်” ထိုမိန်းမပျိုလေးက ပြုံး၍ပြောသည်။

“ကျေးဇူးပါ” ထျန်ပေါ်ဟန်က တဏှာပြည့်နေသော အပြုံးဖြင့် ပြောလိုက်၏။

ယွမ်မန်ရင်၏ မျက်နှာက အနည်းငယ်ပြောင်းသွားသည်။ ကြည့်ရသည်မှာ ထျန်ပေါ်ဟန်က လိမ်လည်နေခြင်းမဟုတ်နိုင်ပေ။

သူ၏ဝမ်းကွဲတော်သူသည် ကောင်းကင်ကံကြမ္မာတွင် အာဏာအချို့ရှိနေရမည်။ မဟုတ်ပါက ဤလူများက ထိုသို့လေးစားမှုမျိုးပြနိုင်မည်မဟုတ်ပေ။ ဆယ့်ငါးမိနစ်ခန့်အကြာတွင် ထျန်ပေါ်ဟန်၏ ဖုန်းမြည်လာသည်။

"ဟယ်လို အစ်ကိုဝမ်းကွဲ ဟုတ်တယ်၊ ငါရောက်ပြီ၊ ဧည့်ခန်းမှာ ရောက်နေတာ။ ဘာလဲ၊ မင်းလာမှာလား။ ဟုတ်ပြီ"

ဖုန်းချပြီးနောက် ထျန်ပေါ်ဟန်က ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်၏။

"တွေ့လား အစ်ကိုဝမ်းကွဲက ငါ့ကို လာကြိုနေပြီ”

များမကြာမီတွင် အဆင့်မြင့် ၀တ်စုံဝတ်ထားသူတစ်ဦးက မောက်မာသော အမူအရာဖြင့် ဓါတ်လှေကားမှ ထွက်လာခဲ့သည်။ သူလာသောလမ်းတစ်လျှောက်ရှိ ကောင်းကင်ကံကြမ္မာကုမ္ပဏီမှ ဝန်ထမ်းအများအပြား ဘေးသို့ခြေတစ်လှမ်းဆုတ်လိုက်ကြသည်။

"မန်နေဂျာထျန်"

"မန်နေဂျာထျန်၊ ဆရာ ရောက်ပြီလား"

နှုတ်ခွန်းဆက်စကားများစွာထွက်ပေါ်လာသည်။

ထျန်ပေါ်ဟန်က မာနကြီးစွာ ခေါင်းညိတ်လိုက်သည်။

ဧည့်ခံသူ၏ မျက်လုံးများ တောက်ပလာသည်။

မန်နေဂျာထျန် ဆရာ့ ဝမ်းကွဲအစ်ကိုက အခု ဧည့်ကြိုခန်းမထဲမှာ စောင့်နေပါတယ်။ ကျွန်မနောက်လိုက်ခဲ့ပါ”

ဧည့်ကြိုခန်းမသို့ သူမ လျှောက်လာစဉ် ထျန်ပေါ်ဟန်သည် ၎င်း၏ဝမ်းကွဲအစ်ကိုကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

"ဝမ်းကွဲ"

ထျန်ပေါ်ကျွင်းက ခေါင်းညိတ်ပြသော်လည်း သူ့အကြည့်များက နောက်တွင်ရပ်နေသော ယွမ်မန်ရင်ဆီသို့ ရောက်သွားကာ မျက်လုံးများက တောက်ပလာသည်။

"ဒါ မင်းပြောခဲ့တဲ့လူပဲလား။"

ထျန်ပေါ်ဟန်က ခေါင်းညိတ်လိုက်ပြီးနောက် ယွမ်မန်ရင်ဘက်လှည့်လိုက်သည်။

"မင်း ငါ့ဝမ်းကွဲအစ်ကိုကို မတွေ့ရသေးဘူး"

ယွမ်မန်ရင်က ရှေ့ကို တိုးလာ၏။

"မန်နေဂျာထျန်"

ထျန်ပေါ်ကျွင်းက သူမကို ကြိမ်ဖန်များစွာ လောဘကြီးစွာ ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ၏

"ပေါ်ဟန် ဒီတစ်ခါရောင်းကုန်က လုံးဝမဆိုးဘူး"

သူ့စကားကိုကြားသောအခါ ထျန်ပေါ်ဟန်၏အပြုံးက ပို၍ ‌တောက်ပလာသည်။ ထို့နောက် ကြည့်ရှု့နေသူ အနည်းငယ်ကို ဂရုမစိုက်ဘဲ ထျန်ပေါ်ဟန်က လက်ကိုဆန့်ကာ ယွမ်မန်ရင်၏ ပခုံးပေါ်သို့တင်လိုက်သည်။

"ပေါ်ဟန်က အခြေအနေတွေအားလုံးကို မင်းကိုပြောပြခဲ့တယ်မဟုတ်လား"

ယွမ်မန်ရင်က တုန်လှုပ်သွားသည်။

“သူ… သူပြောခဲ့ပါတယ်”

"ကောင်းပြီ ပေါ်ဟန် နောက်မှ သူ့ကို ဆေးကြောဖို့ ခေါ်သွားပြီး ငါ့ရုံးခန်းကို ခေါ်ခဲ့"

“ဟုတ်”

ယွမ်မန်ရင်က ရုတ်တရက် ခေါင်းမော့ကာ ထျန်ပေါ်ဟန်ကိုကြည့်လိုက်သည်။

“ရှင်… ရှင်ပြောတော့ ရှင်….တစ်ယောက်တည်း…”

ယွမ်မန်ရင်က ‘ရှင်တစ်ယောက်တည်းဆို’ဟူပြောချင်နေသော်လည်း သူမက ဤစကားလုံးများကို ပြောရန် အလွန်ခက်ခဲလျက်ရှိသည်။

ထျန်ပေါ်ဟန်က ဆိုးယုတ်စွာရယ်မောလိုက်သည်။

“မိန်းကလေးယွမ် ငါ့အစ်ကိုဝမ်းကွဲက မင်းကို သဘောကျတာ မင်းကံကောင်းတာပဲ။ နာခံပြီး ကောင်းကောင်းနားထောင်ပါ”

ထျန်ပေါ်ကျွန်းက ဂုဏ်ယူစွာပြုံးလိုက်သည်။

“ပေါ်ဟန်ပြောတာမှန်တယ်။ ငါမင်းကိုသဘောကျတာ မင်းကံကောင်းလို့ပဲ။ မင်းဝင်ချင်တာ ကောင်းကင်ကံကြမ္မာကုမ္ပဏီမဟုတ်ဘူးလား။ မင်းကို ဒီလို မန်နေဂျာလေးတစ်ယောက်ဖြစ်အောင်လုပ်နိုင်တယ်။ မင်းဇိမ်ကျကျနေနိုင်လိမ့်မယ်။ သေချာတာပေါ့။ မင်းသာ ငါ့ကို ကောင်းကောင်းဝန်ဆောင်မှုပေးရင်ပေါ့”

ဝန်ဆောင်မှုပေးဟူသော စကားကိုနေစဥ် ထျန်ပေါ်ကျွန်း၏ မျက်နှာထက်၌ ယုတ်မာသောအ ပြုံးတစ်ခု ကောင်းစွာမြင်နေရသည်။

“စကားမစပ် သူက…’ပါကင်’မလား။ ငါတစ်ပါတ်ရစ်တွေကို လုံးဝရွံတတ်တယ်နော်” ထျန်ပေါ်ကျွင်းကမေးသည်။

ထျန်ပေါ်ဟန်က အမြန်ပြန်ဖြေလိုက်၏။

“မှန်မှာပါ… သူကိုယ်တိုင်ပြောတာပဲ”

ဝမ်းကွဲများက ယခု စတင်၍ အလွန်အရှက်မဲ့လာကြသည်။ ယွမ်မန်ရင်က ဖျော့တော့လျက် အသားမျာ းလည်း တဆက်ဆက်တုန်လာသည်။ သူမကို ကုန်ပစ္စည်းတစ်ခုထက်မပိုသောအရာတစ်ခုအဖြစ် သဘောထားနေပြီပင်ဖြစ်သည်။ သို့သော် ကောင်းကင်ကံကြမ္မာဆေးနှင့် မိခင်ဖြစ်သူကို ကုသနိုင်မည်ကို တွေးကာ သူမက မျက်ရည်များကို ထိန်းထားလိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သက်ပြင်းတစ်ချက်ချလိုက်သည်။

“ကောင်းကင်ကံကြမ္မာကုမ္ပဏီကြီးက အခု မင်းရဲ့အပိုင်မြေဖြစ်နေတာလား။ ဘယ်သူဝင်ဝင်ဝင်လို့ရလား”

“ဘယ်ကောင်က အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ” ထျန်ပေါ်ဟန်က ဒေါသတကြီး အော်လိုက်သည်။

ထို့နောက် ရွှယ်အန်းက လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်လျက် သူ့ ကို အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြုံး၍ကြည့်နေသည်ကိုမြင်လိုက်ရသည်။

"မင်းဘယ်သူလဲ၊ မင်းအရင်ပြောခဲ့တဲ့စကားက ဘာကိုဆိုလိုတာလဲ။" ထျန်ပေါ်ကျွင်းက မျက်လုံးများ တဖျပ်ဖျပ်တောက်ကာ မေးလိုက်သည်။

ထျန်ပေါ်ဟန်က ရှေ့သို့ အမြန်လှမ်းကာပြောလိုက်သည်။

“အစ်ကို ဒီကောင်က ငါတို့နဲ့အတူ ရထားပေါ်မှာလိုက်လာတာ။ သူက ကောင်းကင်ကံကြမ္မာကုမ္ပဏီရဲ့ လူတစ်ယောက်ကို သိတယ်လို့ပြောပေမယ့် နာမည်မေးတော့ ‘လောင်ကျောက်’ဆိုလားဘာဆိုလားပဲပြောတယ်”

ထျန်ပေါ်ကျွင်းက ဤသည်ကိုကြားသောအခါ လှောင်ရယ်လိုက်သည်။

“မင်းဘာပြောလိုက်တာလဲ။ မှန်တယ်။ ကောင်းကင်ကံကြမ္မာမှာ ငါဝင်စေချင်တဲ့လူမှန်သမျှ ဝင်လို့ရတယ်”

"ဘယ်လောက်တောင် စိတ်ကြီးဝင်နေတာလဲ ဒီလိုပြောဖို့ မင်းကို ဘယ်သူက ယုံကြည်မှုပေးခဲ့တာလဲ။" ရွှယ်အန်းက ဖြည်းညှင်းစွာ ရယ်မော၍ ခေါင်းကို ခါလျက် ပေါ့ပါးစွာပြောလိုက်သည်။

"ဒါရိုက်တာချောင်က ငါ့ရဲ့ အထက်တန်းကျောင်း အတန်းဖော်ပဲ။သူက ကုမ္ပဏီကိုတည်ထောင်သူလေ။ ဘယ်လိုလဲ။ ဒါ ယုံကြည်မှုရှိဖို့ လုံလောက်လား” ထျန်ပေါ်ကျွင်းက ဂုဏ်ယူသောမျက်နှာဖြင့်ပြောလိုက်သည်။

ရွှယ်အန်းက ခြောက်ကပ်စွာရယ်မောလျက် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ချောင်လဲ့ ဒီကောင်၊ သူ့လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲဖို့ လုံးဝ ဂရုမစိုက်ဘူးလား"

"မင်း ငါတို့ဒါရိုက်တာကို နာမည်တပ်ပြီး ဒီလိုခေါ်ရဲနေတာ တော်တော်သတ္တိရှိတာပဲ။ မင်း မိုက်မိုက်မဲမဲ အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေဦးမယ်ဆိုရင် ဒီတံခါးကနေတောင် ထွက်သွားလို့မရမှာကို သတိထား”

ထို့နောက် ရွှယ်အန်း၏ အကြည့်က အေးစက်သွားကာ ဧည့်ကြိုမိန်းကလေးကို ပြောလိုက်သည််။

"မင်းရဲ့ဒါရိုက်တာဘုတ်အဖွဲ့ကို အခုချက်ချင်း ငါ့ကိုလာတွေ့ဖို့ အကြောင်းကြားလိုက်"

ဤသည်ကိုကြားသောအခါ ထျန်ပေါ်ကျွင်းနှင့် ထျန်ပေါ်ဟန်တို့က အကြည့်ချင်းဖလှယ်ကာ ရယ်မောလိုက်ကြသည်။

“မင်းရူးနေတာလားကောင်လေး။ ငါတို့ ဒါရိုက်တာ ဘုတ်အဖွဲ့တစ်ခုလုံဂက မင်းကို လာတွေ့ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲကွ”

ရွှယ်အန်းက ၎င်းတို့၏ ကဲ့ရဲ့မှုကို ဂရုမစိုက်ဘဲ ဧည့်ကြိုကိုပြောလိုက်သည်။

“သူတို့ကို အကြောင်းကြားပြီး ငါပြန်ရောက်နေပြီလို့သာ ပြောလိုက်”

ဧည့်ကြိုဝန်ထမ်းက သွားရန် တုံ့ဆိုင်းနေသော်လည်း ထျန်ပေါ်ကျွင်းက ပြောလိုက်သည်။

“သူတို့ကို အကြောင်းကြားလိုက်။ ငါ ဒီကောင်ဘယ်လိုသေမလဲဆိုတာ ကြည့်ချင်သေးတယ်”

All Chapters