အခန်း (၄၉၃-၄၉၅)
Vol. 33 Ch. 493-495
အခန်း(၄၉၃) တဖြည်းဖြည်း စိတ်ရှည်သည်းခံမှုကျဆင်းခြင်း
ဧည့်ခံက ထွက်သွားပြီးနောက် ထျန်ပေါ်ကျွင်းက ခြေထောက်ချိတ်ထိုင်လျက် ဆိုဖာပေါ်သို့ ပက်လက်လန်ကာ မောက်မာစွာထိုင်နေသည်။ သူ၏အမြင်တွင် ရွှယ်အန်းက ဟန်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း သေချာသည်။
ဘုတ်အဖွဲ့ဝင်တိုင်းက သူ့ကိုလာတွေ့ရန် တွန်းအားရဲသည်။
‘သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ’
ဤအတွေးဖြင့် ထျန်ပေါ်ကျွင်းက အေးစက်စက် ရယ်မောလိုက်သည်။ ထိုလူသည် ဤအခြေအနေမှ သူ့ကိုယ်သူ မည်သို့ ရုန်းထွက်မည်နည်းဟု တွေးမိသည်။
ယခုအချိန်တွင် လူအုပ်ကြီးသည် မနီးမဝေးတွင် စုရုံးနေကြကာ လူများကလည်း ထိုကိစ္စကို တိတ်တိတ်ဆိတ်ဆိတ်ပင် ပြောဆိုနေကြသည်။
"ဘာတွေဖြစ်နေတာလဲ ထျန်ပါ့ဖီ ပြဿနာရှာပြန်ပြီလား" တစ်ယောက်ယောက်က ကဲ့ရဲ့သည်။
"အေးပါကွာ၊ ထျန်ပေါ်ကျွင်းကြားရင် မင်းကိုသေချာထုတ်ပစ်လိမ့်မယ် ထျန်ပေါ်ကျွင်းနဲ့ လူတစ်ယောက် ထိပ်တိုက်တွေ့နေတာကို ငါကြားလိုက်ရတယ်။ အခုကိစ္စကြီးဖြစ်သွားပြီ။"
"တကယ်ကို သတ္တိရှိတဲ့သူပဲ ဒါပေမယ့် ဥက္ကဌချောင်က ထျန်ပေါ်ကျွင်းကို ကျောထောက်နောက်ခံပေးနေတာ သူ့ကို ရန်စဖို့ ဘယ်သူက သတ္တိရှိမှာလဲ" တခြားလူက ညည်းတွား၍ သက်ပြင်းချလိုက်သည်။
ဤသူများသည် ထျန်ပေါ်ကျွင်း၏လုပ်ရပ်များကို အလွန်မကျေနပ်ကြသူများဖြစ်သည်။ တစ်ချိန်တည်း၌ပင် ထျန်ပေါ်ကျွင်း၏ လက်ပါးစေ အများအပြားသည်လည်း အတင်းအဖျင်းပြောနေကြသည်။
"ဟေ့၊ ဥက္ကဌတွေအားလုံးကို ကိုယ်တိုင်လာတွေ့စေချင်တယ်လို့ ကြွားလုံးထုတ်နေတာ ငါကြားလိုက်ရတယ်။"
"တကယ်လား သတ္တိရှိတဲ့ ဒီကောင်က ဘယ်သူလဲ"
"ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးသေးတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်လို့ ငါထင်တာပဲ။ ကောင်းကင်ကံကြမ္မာကုမ္ပဏီမှာ ပြဿနာရှာရဲတာဆိုတော့ ပွဲကောင်းတစ်ပွဲကို စောင့်ရုံပါပဲ။"
"အဟက် မန်နေဂျာထျန်နဲ့ သွားရှုပ်နေတာ။ သူ 'သေမင်း' ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်း ရှင်းရှင်းလင်းလင်း သိပုံမပေါ်ဘူး"
ဤညည်းညူသံများကိုကြားလိုက်သောအခါ ထျန်ပေါ်ကျွင်းက သူ့ဘေးတွင်ထိုင်နေသော ရွှယ်အန်းကို ပို၍ပင် အထင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
သို့သော် ရွှယ်အန်းက ဆိုဖာပေါ်တွင် အနားယူကာ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေကာ လုံးဝ အလျင်စလိုမရှိပုံရသည်။
‘ဒီလူက သူ့စိတ်ကို အေးချမ်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ တကယ်သိတာပဲ’
ထျန်ပေါ်ကျွင်းက ခါးသက်စွာတွေးလိုက်သည်။
စက္ကန့်နဲ့ မိနစ်များ ကုန်လွန်သွားသည်။
အချိန်ကြာလာသည်နှင့်အမျှ ထျန်ပေါ်ကျွင်း၏မျက်နှာပေါ်မှ အထင်သေးမှုများနှင့် သရော်လှောင်ပြောင်သည့်အကြည့်များက ပို၍ပို၍ပြင်းထန်လာသည်။
ကြည့်ရှုသူလူအုပ်ကြီးက ပိုမိုများပြားလာကာ ၎င်းတို့၏ တိတ်တိတ်ဆိတ်ဆိတ် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ပေါ်ပေါက်လာသည့် အခြေအနေနှင့် ပတ်သက်၍ မည်သူမျှ အကောင်းမြင်ခြင်း မရှိပေ။
နောက်ဆုံးတွင်မူ ဇာတ်လမ်းတစ်ခုလုံးက အံ့ဖွယ်ပုံပြင်တစ်ပုဒ်နှင့်ဆင်တူသည်။
ကောင်းကင်ကံကြမ္မာကုမ္ပဏီသည် အလွန်အရေးကြီးသော ကောင်းကင်ကံကြမ္မာဆေး နှင့် ဗျူဟာမြောက် အရေးပါသော အပြည်ပြည်ဆိုင်ရာ ကြီးမားသောကော်ပိုရေးရှင်းတစ်ခုဖြစ်ကာ ကျန်အရာများထက် ရပ်တည်နေနိုင်သည်ကို လူတိုင်းက ကောင်းစွာသိကြသည်။
နိုင်ငံ့အကြီးအကဲများ လာရောက်လည်ပတ်မည်ဆိုလျှင်ပင် ဒါရိုက်တာများအားလုံးကို မဆင့်ခေါ်နိုင်ပေ။
ဤလူ အရှက်ကွဲတော့မည်ဟု လူအများက ထင်နေကြသည်။
ထိုအချိန်တွင် အပေါ်ထပ်ရှိ ရုံးခန်းတစ်ခု၌ ချောင်လဲ့က သူ့အတွင်းရေးမှူးဝင်လာသောအခါ အလုပ်ရှုပ်နေသည်။
"ဒါရိုက်တာချောင် ဒါတွေက ဆရာသုံးသပ်ပြီး ဒီနေ့ လက်မှတ်ထိုးရမယ့် စာရွက်စာတမ်းတွေပဲ" အတွင်းရေးမှုးက စာရွက်အမြောက်အမြားကို စားပွဲခုံပေါ်တင်လိုက်သည်။
ချောင်လဲ့က သက်ပြင်းတစ်ချက် ချလိုက်၏။ "ဒါတွေများနေပြန်ပြီလား”
"ဒါက နည်းနည်းပဲရှိသေးတာ တစ်ဝက်ကျန်သေးတယ်”
ချောင်လဲ့က စိတ်ပျက်အားငယ်နေသည့်ပုံဖြင့် သူ့ထိုင်ခုံပေါ်တွင် လဲကျသွားသည်။
ဤသည်ကိုမြင်သောအခါ အတွင်းရေးမှုးက သူမ၏ နှုတ်ခမ်းကို အုပ်လျက် တိတ်တဆိတ်ရယ်မောလိုက်သည်။ ကျော်ကြားသော ကောင်းကင်ကံကြမ္မာဒါရိုက်တာတစ်ဦးဖြစ်ကာ ချမ်းသာသူများစာရင်းဝင်သော်လည်း၊ ကိုယ်ပိုင်ဘဝ၌ ချောင်လဲ့သည် သာမန် ယောက်ျားလေးတစ်ယောက်နှင့် ပိုတူသည်။ သက်ပြင်းအနည်းငယ်ချပြီးနောက် အားမာန်အပြည့်ဖြင့် ဆက်လက်လုပ်ဆောင်ခဲ့သည်။
အတွင်းရေးမှူးမက ရုံးခန်းကို သန့်ရှင်းရေးလုပ်ရန် အလုပ်ရှုပ်နေ၏။ သန့်ရှင်းရေးကို သီးသန့်သန့်ရှင်းရေးဝန်ထမ်းတွေက ကိုင်တွယ်လေ့ရှိပါတယ်။
သို့သော် ဤအတွင်းရေးမှူးက သူကိုယ်တိုင်လုပ်ရသည်ကို သဘောကျသည်။
အဘယ်ကြောင့်ဆိုသော် ဒါရိုက်တာချောင်နှင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေး ပိုရလာသောကြောင့်ပင်ဖြစ်၏။
ဤအချိန်တွင် အပြင်လူများက ချောင်လဲ့၊ ကျောက်ရွှယ်ဟွေ့နှင့် ယန်ပင်းယီကို အဘယ်ကြောင့် "စိန်လူပျိုကြီးများ" ဟု စတင်ခေါ်ဝေါ်ကြသည်ကို သိရှိခဲ့သည်။ မရေမတွက်နိုင်သော အမျိုးသမီးများသည် ဤဒါရိုက်တာသုံးဦးနှင့် နီးနီးကပ်ကပ်ရှိရန် အိပ်မက်မက် မျှော်လင့်ကြသည်။
ထို့အပြင် ဤအတွင်းရေးမှုးမလည်း ခြွင်းချက်မရှိပေ။ သူမက စားပွဲကို အေးအေးဆေးဆေး သုတ်နေစဉ်တွင် ဖုန်းမြည်လာသည်။
"ဒါက ဒါရိုက်တာချောင်ရဲ့ရုံးခန်းပါ၊ ဒါက ဘာကိစ္စလဲ မေးလို့ရမလား"
စာကြောင်းနှစ်ကြောင်းကို နားထောင်ပြီးနောက် အတွင်းရေးမှုးက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါကို ငါတကယ်တင်ပြဖို့ လိုသလား။ ဟန်ဆောင်မှုအမျိုးမျိုးနဲ့ ဒါရိုက်တာတွေကို ချဉ်းကပ်ဖို့ နေ့တိုင်း မရေမတွက်နိုင်တဲ့ လူတွေအများကြီးရှိတယ်၊ ဘာလို့ သူ့ကို ပြန်မလွှတ်လိုက်တာလဲ"
သူ့စကားပြီးသောအခါ အတွင်းရေးမှုးက ဖုန်းချလိုက်သည်။
သူ့အလုပ်တွင် နစ်မြုပ်နေသော ချောင်လဲ့က "ဘာဖြစ်တာလဲ" ဟု ခေါင်းမမော့ဘဲ မေးလာသာ်။
"ဒါရိုက်တာချောင် ရုံးခန်းက ဒါရိုက်တာတွေအားလုံး သူ့ကိုတွေ့ဖို့ ဧည့်ခန်းကို သွားသင့်တယ်လို့ လူတစ်ယောက်က လှမ်းပြောလိုက်တယ်"
"ဟင်" ချောင်လဲ့က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို မော့လိုက်သည်။
အတွင်းရေးမှူးက ဆက်ပြောသည်။
"ပြီးတော့ သူက 'ငါ ပြန်လာပြီ' လို့ ပြောလိုက်တာနဲ့ ဒါရိုက်တာတွေအကုန်လာတွေ့လိမ့်မယ်တဲ့။ အရူးတစ်ကောင်ထင်ပါတယ် သူ့ကို ဖယ်ထုတ်ဖို့ လူတစ်ယောက် လွှတ်ဖို့ ကျွန်မပြောလိုက်တယ်”
သူမပြောပြီးနောက် ကျယ်လောင်သော အသံတစ်ခု ကျယ်လောင်စွာထွက်လာသည်။ အတွင်းရေးမှူးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းကိုပြန်လှည့်ကြည့်လိုက်သောအခါ ချောင်လဲ့က မတ်တတ်ရပ်နေသည်ကိုသာ မြင်လိုက်ရသည်။
ချောင်လဲ့က ပြင်းပြင်း ထန်ထန် ထကာ စားပွဲပေါ်မှ လက်ပ်တော့ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"မင်းဘာပြောလိုက်တာလဲ"
အတွင်းရေးမှူး၏ အသံက ကြောက်ရွံ့တုန်လှုပ်သွားသည်။
"ကျွန်မပြောတာက… ငါပြန်လာပြီလို့ပြောတာနဲ့ ဒါရိုက်တာတွေအားလုံးက သူ့ကိုတွေ့သင့်တယ်လို့ ပြောတဲ့လူတစ်ယောက်ရှိတယ်တဲ့"
သူမ စကားမဆုံးခင်တွင် ချောင်လဲ့က စားပွဲခုံပေါ်မှ ခုန်ဆင်းကာ ရုံးခန်းထဲမှ ခြေလှမ်းနှစ်လှမ်းလှမ်း၍ ပြေးထွက်သွားသည်။
အတွင်းရေးမှုးမက ဖြစ်ပျက်ခဲ့သမျှကို အံသြသွားကာ ထိုနေရာတွင် ရပ်နေသည်။ ရုံးခန်းထဲမှ အပြေးအလွှားထွက်လာပြီးနောက် ချောင်လဲ့သည် အစည်းအဝေးခန်းသို့ ပြေးသွားကာ တံခါးကို ခြေထောက်တစ်ဖက်ဖြင့် ဖွင့်လိုက်သည်။
အတွင်းတွင် ကျောက်ရွှယ်ဟွေ့၊ ယန်ပင်းယီ၊ ရှု့လျို့၊ ကောင်းရှန်နန်နှင့် အခြားသူများက အစည်းအဝေးလုပ်နေကြသည်။
ဤရုတ်တရက်ဝင်ရောက်လာမှုကြောင့် အတွင်းလူများ ထိတ်လန့်သွားခဲ့သည်။
ကျောက်ရွှယ်ဟွေ့က အနည်းငယ် မျက်မှောင်ကြုတ်၍ လေးနက်စွာပြော၏။
"ညီ(၃) ဘာကိစ္စရှိလို့လဲ၊ မင်းဘာလုပ်နေတာလဲ"
"အဲတာက... အစ်ကို(၂)လေ အစ်ကို(၂) ပြန်လာပြီ" ချောင်လဲ့က ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်သည်။
ကျောက်ရွှယ်ဟွေ့အံ့အားသင့်သွားပြီးနောက် ဆတ်ခနဲ ထရပ်လိုက်၏။
“ရှောင်အန်းအကြောင်း ပြောနေတာလား။"
"သူအခု ဧည့်ခန်းထဲမှာစောင့်နေတာ ဒါရိုက်တာတွေအားလုံးကို အခုတွေ့စေချင်တယ်တဲ့"
ဤသည်က်ုကြားသောအခါ အခန်းထဲမှ လူများအားလုံး မတ်တပ်ထရပ်လိုက်ကြသည်။
ကျောက်ရွှယ်ဟွေ့၏အမူအရာက တဖြည်းဖြည်း လေးနက်လွန်းလာသည်။
"ဒီတစ်ခါပြန်လာတာ ညီ(၂)က တိုက်ရိုက် မခေါ်ဘဲ ဧည့်ခန်းကနေ အကြောင်းကြားခိုင်းတယ်ပေါ့။ တစ်ခုခုဖြစ်နေပြီ၊ မြန်မြန်သွားရအောင်"
ဤသို့ပြော၍ လူတိုင်းရှေ့မှ ပြေးထွက်သွားကြသည်။
ချောင်လဲ့နှင့် ယန်ပင်းယီတို့က နောက်မှ အနီးကပ်လိုက်ကြသည်။
ကောင်းရှန်နန် နှင့် ရှု့လျို တို့က အကြည့်ချင်းဖလှယ်ကာ ကမန်းကတန်း လိုက်သွားကြသည်။
၎င်းတို့နှစ်ယောက်လုံးက ယခုမှသာ နားလည်သွားကြသည်။ ဤညီအစ်ကိုသုံးယောက်ကို စိတ်ပူစေနိုင်သည့်သူမှာ သူသာလျှင်ဖြစ်သည်။
၎င်းတို့ စုပေါင်း၍ အပြေးအလွှားသွားနေကြခြင်းက ဤမြင်ကွင်းကိုမြင်သည့် ဝန်ထမ်းတိုင်းကို လုံးဝ အံ့ဩသွားစေသည်။
ဒါရိုက်တာများအားလုံးက အဘယ်ကြောင့် ဤသို့လေးနက်သော အမူအရာများဖြင့် ပြေးလွှားနေကြသနည်း။
‘ဘာတွေဖြစ်နေတာလဲ’
ဓာတ်လှေကားနား မရောက်ခင်၌ပင် ကျောက်ရွှယ်ဟွေ့က ကျယ်လောင်စွာအော်လိုက်သည်။
"ဓာတ်လှေခါး အမြန်ဖွင့်ပေး"
ဤရုံးခန်းအဆောက်အအုံတွင် ဒါရိုက်တာများနှင့် ဝန်ထမ်းများမှ သီးသန့်အသုံးပြုသော VIP ဓာတ်လှေကားပါရှိသည်။ ကျောက်ရွှယ်ဟွေ့၏အော်သံကြောင့် တစ်စုံတစ်ယောက်က ဓာတ်လှေကားကို ချက်ချင်းဖွင့်လိုက်သည်။
၎င်းတို့က အမြန်ဝင်၍ ပထမထပ်အတွက် ခလုတ်ကို ချက်ခြင်း နှိပ်လိုက်သည်။
ထိုသို့ ဓာတ်လှေကား အမြန်ဆင်းလာသည့်အချိန်၌
ဧည့်ခန်းရှိ ထျန်ပေါ်ကျွင်းက စိတ်မရှည်စွာ မတ်တပ်ရပ်လိုက်သည်။
"ဆယ်မိနစ်တောင်ကြာနေပြီ၊ မင်းခေါ်တဲ့ ဒါရိုက်တာတစ်ယောက်မှ ပေါ်လာတာမဟုတ်ဘူး။ အခု မင်းမှာ ပြောစရာရှိသေးလား"
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"မင်းရဲ့ အသံနေအသံထားအရ မင်းငါ့ကို ချောင်ပိတ်ပြီလို့ ယုံကြည်ချက်အပြည့်ရှိနေပုံပဲ”
အေးစက်စွာ ကဲ့ရဲ့ကာ ထျန်ပေါ်ကျွင်း၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခုပေါ်လာသည်။
"မှန်တယ် ငါသေချာပါတယ်၊ ဒါနဲ့ပတ်သက်ပြီး မင်းဘာလုပ်နိုင်မှာလဲ…. လုံခြုံရေး၊ ဒီကောင်ကို ဖမ်းပေး"
လုံခြုံရေးအစောင့်များက ဘေးတွင်စောင့်နေကာ ဒီအမိန့်ပေးချက်အရ ရှေ့ကိုတိုးလာ၍ လှုပ်ရှားရန် အသင့်ဖြစ်နေကြသည်။
ရွှယ်အန်း၏ အကြည့်များက အေးစက်လာကာ သူ၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည်။
ထိုအချိန်တွင် အဝေးမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
"ဘုရားရေ အဲ့တာ ဒါရိုက်တာချောင်နဲ့ ဒါရိုက်တာကျောက်တို့တွေပဲ"
"ဒါရိုက်တာတွေ အားလုံး ဒီရောက်လာပြီ"
ဤစကားကိုကြားသောအခါ ထျန်ပေါ်ကျွင်းက အံ့အားသင့်စွာဖြင့် ခေါင်းကိုလှည့်လိုက်ရာ ချောင်လဲ့၊ ကျောက်ရွှယ်ဟွေ့နှင့် အခြားသူများက ချွေစီးများဖြင့် စိုရွှဲလျက် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
အခန်း(၄၉၄) ဒါကို ရှောင်နိုင်မယ် ထင်လား
ထျန်ပေါ်ကျွင်းက ခံစားချက်မကောင်းလှတော့သော်လည်း မျက်နှာချိုသွေးသော အပြုံးကိုထိန်းထားကာ ရောက်လာသူကို နှုတ်ဆက်ရန် သွားခဲ့သည်။
"ဒါရိုက်တာချောင်..ဘာကိစ္စရှိလို့များ…."
သူ့စကားမဆုံးလိုက်ပေ။
ယခင်က သူ့ကို ခင်မင်ရင်းနှီးစွာ ဆက်ဆံလေ့ရှိသော ချောင်လဲ့သည် ယခု တစ်ချက်မျှ မကြည့်ဘဲ သူ့ရှေ့တည့်တည့်သို့ လျှောက်သွား၏။ ထျန်ပေါ်ကျွင်း၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း တင်းမာလာသည်။
လူတိုင်း၏မျက်လုံးများသည် ချောင်လဲ့နှင့် သူ၏အဖော်များဆီသို့ ရောက်သွားကြသည်။ ကောင်းကင်ကံကြမ္မာကုမ္ပဏီ၏ ဒါရိုက်တာများ မည်ကဲ့သို့ ကြံစည်နေသည်ကို မည်သူမျှ မသိခဲ့ကြသကဲ့သို့ မည်သူမျှ လည်း မပြောရဲကြပေ။ ခန်းမက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
ချောင်လဲ့နှင့် အခြားသူများသည် ရွှယ်အန်းဆီသို့ တိုက်ရိုက်သွားကြသည်။ အသက်အကြီးဆုံး ကျောက်ရွှယ်ဟွေ့မှလွဲ၍ အခြားသူများက တစ်ညီတစ်ညွတ်တည်း ဦးညွတ်လိုက်ကြသည်။
"အစ်ကို(၂)"
"ရွှယ်လူကြီးမင်း"
၎င်းတို့၏ အသံများက ကျယ်လောင်လွန်းလှသည်မဟုတ်သော်လည်း ကျည်ဆန်တစ်စင်းကဲ့သို့ ရိုက်ခတ်သွားကာ ခန်းမအတွင်းရှိလူတိုင်းကို ကြက်သီးထသွားစေသည်။
ထျန်ပေါ်ကျွင်းက ဘဲဥသုံးလုံးဖြင့် အံဝင်ခွင်ကျဖြစ်လောက်အောင် ပါးစပ်အဟောင်းသားဖြစ်နေလျက် ထိုမြင်ကွင်းကို စိုက်ကြည့်နေသည်။ လက်ဖက်ရည်ကို ဖြည်းညှင်းစွာသောက်လျက် ရွှယ်အန်း၏ မျက်လုံးများက ကျဉ်းလာပြီးနောက် သက်ပြင်းချလိုက်သည်။
"အမှန်အတိုင်းပြောရရင် ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်"
ကျောက်ရွှယ်ဟွေ့နှင့် အခြားသူများအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။
"ညီအစ်ကိုတို့ တစ်ချိန်က မင်းတို့ကို စည်းစိမ်ဥစ္စာတွေ ဘုန်းစည်းစိမ်ပေးမယ်လို့ ငါ ကတိပေးခဲ့တယ်၊ ဒါကြောင့် ငါ ကောင်းကင်ကံကြမ္မာကို ဖန်ဆင်းခဲ့တာ။ ဒါပေမယ့် စည်းစိမ်ဥစ္စာတွေ အကောင်အထည်မပေါ်ခင်မှာ အောက်ခြေလွတ်တာက အမြစ်စွဲနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
ရွှယ်အန်း၏ စကားကြောင့် ကျောက်ရွှယ်ဟွေ့နှင့် သူ၏ ညီအကို နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်နှာများ တဖြည်းဖြည်း နီရဲလာသည်။
"ညီ(၂) အဲ့တာ ဘာကိုဆိုလိုတာလဲ၊ ငါတို့ အမှားတစ်ခုလုပ်မိလို့လား" ကျောက်ရွှယ်ဟွေ့က ခါးသက်စွာပြုံး၍ မေးသည်။
"ချောင်လဲ့"
"အစ်ကို(၂)" ချောင်လဲ့က ရှေ့သို့ တိုးလာသည်။
"ဒီလူကို မင်းမှတ်မိလား"
ရွှယ်အန်းသည် ချွေးစိုနေသော ထျန်ပေါ်ဟန်ကိုလက်ညှိုးထိုးပြလိုက်သည်။
ချောင်လဲ့က အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ငါ သူ့ကို သိပါတယ်။ ဒါက စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ရထားတဲ့ ငါ့ အထက်တန်းကျောင်းနေဖက် ထျန်ပေါ်ကျွင်းပါ။ နောက်ပိုင်းမှာ သူ့ကို HR ဌာနရဲ့ အကြီးအကဲ ဖြစ်လာအောင်လုပ်ပေးထားတာပါ။ အစ်ကို(၂) က ဘာဖြစ်လို့လဲ”
ရွှယ်အန်း၏နှုတ်ခမ်းတွင် အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။
"ဒီကိစ္စကို မင်းအတန်းဖော်ကိုမေးသင့်တယ်ထင်တယ်"
ချောင်လဲ့သည် လူမိုက်မဟုတ်ပေ။ တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း ရွှယ်အန်း၏ လေသံမှပြောနိုင်ကာ သူမျက်နှာကချက်ချင်းပင် မီးခိုးရောင်ပြောင်းသွားသည်။ သူက ထျန်ပေါ်ကျွင်းကို စူးဝါးဝါးစိုက်ကြည့်လိုက်သည်။
“ထျန်ပေါ်ကျွင်း မင်းဘာလုပ်လိုက်တာလဲ”
ထျန်ပေါ်ကျွင်းသည် ယခုအခါတွင် အလွန်တုန်လှုပ်ခြောက်ခြားနေကာ ယခင်က ရိုင်းစိုင်းနေသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာဖြင့် ကြောက်လန့်နေသည်။ မည်သို့ပင်စေကာမူ ဤလူပြောခဲ့သည်များအားလုံးက အမှန်ဖြစ်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။ အခြားဒါရိုက်တာများက ထိတ်လန့်ကြောက်လန့်စွာပေါ်လာသည်ကိုမြင်လိုက်ရသဖြင့် ထိုအမျိုးသား၏ အဆင့်အတန်းက မထင်မှတ်ထားနိုင်ဖွယ်မြင့်မားနေပုံရသည်။
ထို့ကြောင့် ထျန်ပေါ်ကျွင်း၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု၊ နောင်တတရားနှင့် စိတ်ပျက်အားငယ်မှုများရောထွေးလာသည်။ အထူးသဖြင့် ချောင်လဲ့၏ စွပ်စွဲချက်ကိုကြားလိုက်ရပြီးနောက် သူက ပို၍ ပင် ထိတ်လန့်သွားသည်။
“ချောင်… ဒါရိုက်တာချောင်..ငါ…ငါ”
သို့သော် သူက စကားကိုအဆုံးမသတ်နိုင်ခဲ့ပေ။ ချောင်လဲ့၏မျက်နှာက မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ပိုမိုလေးနက်လာသည်။
ထျန်ပေါ်ကျွင်းက မာနကြီးကာ အခြားသူများကို အနိုင်ယူရန် သူ့ရာထူးကိုအသုံး ပြုကြောင်း အောက်မှ တီးတိုးပြောသံများကို သူကြားခဲ့ရသည်။ သူအကြိမ်ကြိမ်မေးခဲ့သော်လည်း ထျန်ပေါ်ကျွင်းက သူ့ရင်ဘတ်ကိုကိုင်၍ ကျိန်ဆိုကာ တစ်ခါမျှ မလုပ်ဖူးကြောင်း အာမခံခဲ့သည်။
သူ့အတန်းဖော်ကို ယုံကြည်မှုကြောင့် နုံချာသည့် ချောင်လဲ့က သူ့ကို အမှန်ပင်ယုံကြည်ခဲ့သည်။ သို့သော် ယခုအခြေအနေကိုကြည့်၍ လူထုံလူအတစ်ယောက်ကပင် တစ်စုံတစ်ခုလွဲမှားနေပြီဖြစ်ကြောင်း မြင်နိုင်သည်။
"ထျန်ကျွင်း ငါ မင်းကို မေးနေတယ် ငါ့ရဲ့ အစ်ကို(၂)ကို ဒေါသထွက်အောင် မင်းဘာလုပ်ခဲ့တာလဲ" ချောင်လဲ့က အံကြိတ်ကာမေးသည်။
ထျန်ပေါ်ကျွင်းက မြေပြင်ပေါ်တွင် ကြောက်လန့်တကြား ဒူးထောက်လိုက်၏။
"ဒါရိုက်တာ ချောင် ကျုပ် ကျုပ် လူမဆန်ဘူး၊ ဒီလူကြီးမင်းက မင်းရဲ့ ဒုတိယ အကိုကြီးမှန်း ကျုပ်တကယ်မသိခဲ့ဘူး၊ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျုပ်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါ"
ချောင်လဲ့က အလွန်ဒေါသထွက်လှသော်လည်း သူ့အတန်းဖော်က တောင်းပန်သည့်ပုံစံကို မြင်သောအခါတွင် သူ မတွန့်ဆုတ်နိုင်ဘဲ ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။
“အစ်ကို(၂)…”
ရွှယ်အန်းက စကားမပြောရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ထို့နောက် လက်ဖက်ရည်ခွက်ကိုချ၍ သမီးနှစ်ယောက်ကို လျှို့ဝှက်နည်းပညာဖြင့် ဖုံးကွယ်ရန် ပေါ့ပေါ့ပါးပါး လက်ကိုဝှေ့ယမ်းကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ချောင်လဲ့နှင့် အခြားသူများ ရှောင်ဖယ်သွားစဉ် ရွှယ်အန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ထျန်ပေါ်ကျွင်းဆီသို့ တည့်တည့် လျှောက်သွားကာ သူ့ကို ငုံ့ကြည့်လိုက်သည်။
"ခဏလောက် ဦးညွတ်နေရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မင်းထင်လား"
ထျန်ပေါ်ကျွင်းက တုန်လှုပ်လျက် စကားပင် မပြောနိုင်လောက်အောင် သွားများ တဆက်ဆက်တုန်နေသည်။
ရွှယ်အန်းသည် ထျန်ပေါ်ကျွင်း၏နောက်၌ ရပ်နေသော ထျန်ပေါ်ဟန်ကို လှမ်းကြည့်ပြီးနောက် အနည်းငယ်ပြုံးလိုက်သည်။
"မင်းရဲ့ဝမ်းကွဲက စကားတောင် မပြောနိုင်လောက်အောင်ကို ကြောက်နေပုံပဲ"
ထျန်ပေါ်ဟန်က တုံတုံယင်ယင်နှင့် ပြုံးလိုက်သည်။
"လူကြီးမင်း… လူကြီးမင်းရွှယ်… မှန်ပါတယ်"
"သူစကားမပြောနိုင်ရင် မင်းပြောလေ။ မင်းတို့နှစ်ယောက်လုပ်ခဲ့သမျှကို အသေးစိတ်ပြောပြ၊ နားလည်လား" ရွှယ်အန်းက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“လူကြီးမင်း….” ထျန်ပေါ်ဟန်က ခေတ္တခဏတုံ့ဆိုင်းသွားသည်။
ထို့နောက် ချက်ချင်းဆိုသကဲ့သို့ပင် ဓားအလင်းတန်းတစ်ခုက သူ့နားရွက်ကို တိုက်ရိုက်ဖြတ်တောက်ပစ်လိုက်ရာ သွေးများထွက်ကျလာ၍ သူ့မေးစေ့သို့ စီးကျလာသည်။
“အားးးး”
"မင်း ထပ်ပြီး တုံ့ဆိုင်းနေရင် မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ချို့က မင်းကို နှုတ်ဆက်သွားလိမ့်မယ် နားလည်လား"
ရွှယ်အန်း၏ လုပ်ရပ်က လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
လူအများအပြားသည် မျက်နှာဖြူဖျော့ဖျော့ဖြစ်နေကာ သတ္တိနည်းသော အခြားသူများမှာ အလွန်ထိတ်လန့်ကာ ခြေထောက်များ တုန်သွားကြသည်။ ထျန်ပေါ်ဟန်က ရွှယ်အန်းကိုကြောက်လန့်တကြားကြည့်နေပြီးနောက်
ပဲစေ့အိတ်တစ်လုံး ပေါက်ကျသည့်အလား လွန်ခဲ့သည့်တစ်နှစ်အတွင်း သူနှင့် သူ၏ဝမ်းကွဲညီအကိုတို့ လုပ်ခဲ့သော အပုတ်အပွမှန်သမျှက ဖိတ်စင်သွားခဲ့သည်။
ကောင်းကင်ကံကြမ္မာတွင် အလုပ်ရမည်ဟူသောအချက်ကိုငှါးစာအဖြစ်အသုံးပြု၍ အမျိုးသမီးများကို ဖျားယောင်းခြင်းများ။
ပိုဆိုးသည်မှ ဤထျန်ပေါ်ကျွင်းက ကောင်းကင်ကံကြမ္မာဆေးကို တိတ်တဆိတ်ရောင်းရန် သူ့ရာထူးကို အသုံးပြုခဲ့သည်။ သူက
ဆေးဖော်မြူလာကို ခိုးယူရန် ကြိုးစားသည့် နိုင်ငံခြားထောက်လှမ်းရေးဝန်ထမ်းများထံမှ လာဘ်ငွေများကိုပင် လက်ခံခဲ့သော်လည်း ကောင်းကင်ကံကြမ္မာကုမ္ပဏီ၏ လုံခြုံရေးအစီအမံများသည် အလွန်တင်းကျပ်သောကြောင့် အောင်မြင်ရန် အခွင့်အလမ်းမရှိသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ခြင်းဖြစ်သည်။
ပြောပြီးသည်နှင့် ၎င်းတို့က မြေပြင်ပေါ်တွင် လူသေတစ်ကောင်သဖွယ် လဲကျသွားသည့် ထျန်ပေါ်ကျွင်းကိုဝိုင်းကြည့်လိုက်ကြသည်။
ချောင်လဲ့က နားထောင်လျက် တကိုယ်လုံး တုန်လှုပ်သွားသည်၊ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ထိန်းမနိုင်သိမ်းမရ ဒေါသတကြီး ပြေးလာ၍ ကန်ချက်တစ်ချက်ဖြင့် ထျန်ပေါ်ဟန်၏ နှာခေါင်းကို ချက်ခြင်းချိုးပစ်လိုက်သည်။
"ခွေးမသား၊ မင်းကိုခေါ်သွားပေးဖို့ ငါ့ကို တောင်းပန်ခဲ့တယ် ငါ မင်းကို သနားပြီး ကောင်းကင်ကံကြမ္မာမှာ အလုပ်လုပ်ခွင့်ပေးခဲ့တာကွ ဒါပေမယ့် မင်း ဒီလိုသစ္စာဖောက်သူဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး၊ မင်းကိုသတ်ပစ်မယ်"
ချောင်လဲ့၏ မျက်လုံးများက သွေးရောင်ဖြင့်နီရဲလျက် ပတ်ဝန်းကျင်ကို ကြည့်ကာ ဘေးစားပွဲပေါ်ရှိ ပြာခွက်ကို ကောက်ကိုင်လိုက်၍ ဒေါသတကြီး ရိုက်ခွဲလိုက်သည်။
“ဒါရိုက်တာချောင် ကျုပ်မှားသွားပြီ၊ ကျေးဇူးပြုပြီး လွှတ်ပေးပါ။ ကျုပ် အခုချက်ချင်းထွက်သွားပြီး နောက်ဘယ်တော့မှ ပြန်မလာတော့ဘူး၊ ငါ့ကို ညှာတာပေးပါ"
ချောင်လဲ့က ဖိုင်ဘာပြာခွက်ကို အပိုင်းပိုင်းခွဲကာ သူ့ကို လှည့်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ထျန်ပေါ်ဟန်က သွေးများဖြင့် ဖုံးလွှမ်းနေကာ သည်းမခံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုသဖွယ်ဖြစ်လျက်ရှိသည်။
ထို့နောက် ချောင်လဲ့က ရွှယ်အန်းကို လှည့်ကြည့်ကာ တုံ့ဆိုင်းစွာဖြင့် ခပ်တိုးတိုးပြော၏။
"ဒုတိယအစ်ကို..."
သူက ပြင်းထန်သော ခံစားချက်ရှိသောသူဖြစ်သည့်တိုင် ထျန်ပေါ်ကျွင်းက သူ၏ အထက်တန်းကျောင်းနေဖက် ဖြစ်သောကြောင့် ကြမ်းတမ်းစွာ ပြောဆိုသော်လည်း ထိုမျှ မလုပ်ဆောင်နိုင်သေးပေ။ ရွှယ်အန်းသည် ဤလူကို ကယ်တင်လိမ့်မည်ဟုလည်း သူမျှော်လင့်ခဲ့သည်။
ရွှယ်အန်းသည် ချောင်လဲ့၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သော်လည်း သွေးများဖြင့် ပြည့်နေသော ထျန်ပေါ်ကျွင်းကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။
"မင်းကို ငါ ဒီတိုင်းလွှတ်ပေးလိုက်မယ်လို့ထင်လား”
အခန်း(၄၉၅) နှလုံးသားထဲမှ ပြင်းထန်သော ကျားတစ်ကောင်
ထျန်ပေါ်ကျွင်းက ဖော်မပြနိုင်သော အကြောက်တရားများဖြင့် ပြည့်နေသော မျက်လုံးများဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။
ရွှယ်အန်း၏အမူအရာမှ ဝမ်းသာမှု သို့မဟုတ် ဒေါသ မည်သည့်အရိပ်အမြွက်ကိုမျှ မမြင်ရဘဲ အာဏာအငွေ့အသက်မျှသာခံစားရသည်။
ထိုခံစားမှုသည် ဧကရာဇ်မင်းမြတ်က သူ့အား တရားစီရင်ခြင်းခံရသကဲ့သို့ပင်ဖြစ်၏။
"ဘာ...နောက်ထပ် ဘာလိုချင်သေးလဲ၊ လိုအပ်ရင် ငါ ကုမ္ပဏီကို ပိုက်ဆံပြန်ပေးမယ်။" ထျန်ပေါ်ကျွင်းက တဆတ်ဆတ်တုန်နေသည့် အသံဖြင့် ပြောလိုက်သည်။
"ငါ မှန်းကြည့်မယ်။ မင်း အိတ်ကပ်ထဲမှာ ဖုန်းခေါ်ဖို့ ဖုန်းရှိနေတယ် မဟုတ်လား။ မင်း ဒီကနေ ထွက်သွားပြီးရင် တစ်ယောက်ယောက်ကို ဒီမှတ်တမ်းဖိုင်တွေပို့ဖို့ စီစဉ်နေတာလား" ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။
ထျန်ပေါ်ကျွင်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါနေလျင် ရွှယ်အန်းကို မယုံကြည်နိုင်လောက်အောင်ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။
“မင်း… ဘယ်လိုသိတာလဲ”
"ငါဘယ်လိုသိတာလဲဟုတ်လား။ ဒါတင်မကသေးဘူး။ မင်းဘာတွေတွေးနေလဲဆိုတာကိုလည်း ငါအတိအကျသိတယ်။ ကောင်းကင်ကံကြမ္မာအတွက် ပြဿနာဖြစ်အောင် သက်သေအဖြစ် သုံးဖို့စီစဉ်နေတာလား ဒါမှမဟုတ် မင်းကိုခေါ်လာပေးတဲ့ ချောင်လဲ့အတွက် ပြဿနာရှာဖို့လုပ်နေတယ်လို့ ငါပြောသင့်လား"
ရွှယ်အန်း၏စကားကိုကြားသောအခါ ချောင်လဲ့က ထိတ်လန့်သွားကာ သတ်ဖြတ်ချင်စိတ်အပြည့်ဖြစ်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။
“ထျန်ပေါ်ကျွင်း မင်းက တကယ်ကို ကျေးဇူးကန်းတဲ့ဝံပုလွေပဲ”
ထိုအချိန်တွင် ထျန်ပေါ်ကျွင်းက လုံးဝလက်လျှော့လိုက်ကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ဒါဆို ငါက ဘာဖြစ်ရမှာလဲ။ ငါ တိတ်တိတ်လေး ဖုန်းခေါ်ပြီး မင်းရဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေ အားလုံးကို ဖြန့်ပြီးပြီဆိုတာ မင်းတို့ သိလည်းအေးတာပဲ"
"ဒီလူတွေအားလုံးရှေ့မှာ မင်းငါ့ကိုသတ်ရဲမယ်လို့ ငါမယုံဘူး ကောင်းကင်ကံကြမ္မာရဲ့သူဌေးက လူမြင်ကွင်းမှာ တစ်ယောက်ယောက်ကို သတ်လိုက်ရင် သတင်းတွေထွက်လာရင် နိုင်ငံတကာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မယ်ကွ မင်းတို့ တွေးကြည့်နိုင်မလား။ ဟားဟား..."
ရယ်မောသံများ ရုတ်ခြည်း ရပ်တန့်သွားသည်။
ထျန်ပေါ်ကျွင်းက သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း သူ့လက်ချောင်းများကြားမှ ထွက်ကျလာသည့်သွေးများကို တားဆီး၍ မရသေးပေ။ ရွှယ်အန်းက သူ့ကို အမှန်တကယ်ပင် သတ်ဝံ့လိမ့်မည်ဟု မယုံကြည်နိုင်သေးသဖြင့် မယုံနိုင်စွာဖြင့် ကြည့်နေမိသည့်တိုင် ရွှယ်အန်းက အေးစက်စွာပြောလိုက်သည်။
"နားညီးလိုက်တာ"
ကျယ်လောင်သော အသက်ငင်နေသည့် ဆူညံသံများက ထျန်ပေါ်ကျွင်း၏ လည်ချောင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကာ သူ၏ ကွဲနေသော လေပြွန်မှ နောက်ဆုံးသော လေအနည်းငယ် ထွက်လာသည်။
အသံသည် သေလုနီးနီး တိတ်ဆိတ်နေသော ခန်းမထဲတွင် ပဲ့တင်ထပ်သွားကာ အပြစ်ရှိစိတ်မကင်းသော လူအများ၏ ကျောရိုးတစ်လျှောက် အေးခဲသွားသည်။
ရွှယ်အန်းက ထျန်ပေါ်ကျွင်း၏ ရင်ဘတ်ထဲရှိ မီးလင်းနေသော ဖုန်းကိုကိုင်လျက် နားနားကပ်ကာပြောလိုက်သည်။
"မင်းဘယ်သူပဲဖြစ်ဖြစ် ကောင်းကင်ကံကြမ္မာကို ဆန့်ကျင်ရဲရင် မင်းတို့ အားလုံးကို ငရဲဆီပို့ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး"
ထို့နောက် ရွှယ်အန်းက ဖုန်းကို ချကာ ထျန်ပေါ်ကျွင်းကို ပြုံးပြလိုက်၏။
"မင်း ကောင်းကောင်းတွေးထားပေမယ့် တစ်ခုတော့ လွတ်သွားတယ်။ မင်းဟာ အဆုံးမဲ့စွမ်းအားနဲ့ အကြွင်းမဲ့အာဏာရှိတဲ့ အရာတစ်ခုနဲ့ရင်ဆိုင်ရတဲ့အခါ အခြားသူတွေရဲ့အတွေးက တန်ဖိုးမရှိဘူး”
ထိုစကားများကို ကြားလိုက်သောအခါ ထျန်ပေါ်ကျွင်း၏ မျက်လုံးများတွင် စိတ်ပျက်မှုအရိပ်အမြွက်များ ထွက်ပေါ်လာသည်။ သူ့တွင်သာ ရွေးချယ်ခွင့်ရှိလျှင် ဤလူကို ဘယ်သောအခါမှ ဆန့်ကျင်မည်မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် နောက်တရရန် နောက်ကျသွားပြီဖြစ်သည်။ သူ၏ ခြေလက်များက ရုတ်ရက်ပြိုလဲသွားပြီးနောက် မျက်လုံးထဲမှ
အလင်းရောင်က ပျောက်ကွယ်သွားသည်အထိ တဖြည်းဖြည်း မှိန်သွားသည်။
မည်သူကမျှ မည်သည်ကိုမျှ မပြောရဲကြတော့ပေ။
ခန်းမကြီးသည် သင်္ချိုင်းတစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။
ဆီးနံ့ တစ်ခုက ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာ၏။
ထျန်ပေါ်ဟန်သည် ယခုတင်ဖြစ်ပျက်သွားသည့် မြင်ကွင်းကြောင့် ဆီးသွားသည်အထိ ကြောက်လန့်နေသည်။
ရွှယ်အန်းက သူ့ကို မော့ကြည့်၍ စကားမပြောခင် အနည်းငယ် ပြုံးပြလိုက်သည်။
ထျန်ပေါ်ဟန်သည် ယခုမူ အရူးတစ်ကောင်ကဲ့သို့ နှပ်ချေးများဖြင့် ငိုယိုနေပြီဖြစ်၏။
"လူကြီးမင်းရွှယ် ကျွန်တော့် အသက်ကို ချမ်းသာပေးပါ၊ အကုန် ထျန်ပေါ်ကျွင်းလုပ်တာပါ ကျွန်တော်က လက်အောက်ငယ်သားပါ ခွင့်လွှတ်ပါလို့ မေတ္တာရပ်ခံပါတယ်။"
"လူ့အခွင့်အရေးအရ ငါမင်းကို သက်ညှာပေးသင့်တယ်" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
ထျန်ပေါ်ဟန်က သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ထိုအချိန်တွင် လည်ပင်းတွင် အေးစက်သွားကာ တစ်ကိုယ်လုံး ပေါ့ပါးလာသည်။ သူ့ဦးခေါင်းသည် အဝေးသို့ တရွေ့ရွေ့ ရွေ့လျားသွားကာ ရွှယ်အန်း၏ ခြေထောက်များဆီသို့ လှိမ့်လျက် ထာဝရအမှောင်ထဲသို့ မကျရောက်မီ ရွှယ်အန်း၏ မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင်ကို တွေ့လိုက်ရသည်။
"ဒါပေမယ့် အာဏာနဲ့ အနိုင်ကျင့်တဲ့သူတွေဟာ အဓိကကျူးလွန်သူတွေထက် ပိုပြီး မုန်းခံရသင့်တယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝဘေးအန္တရာယ်တွေကြုံတဲ့အခါ ကူပါကယ်ပါနဲ့ အတင်းအကြပ်အော်ကြလေ့ရှိပေမယ့် အဲ့လိုအချိန်မျိုးမတိုင်ခင်မှာ သူတို့ဟာ မာန်တက်နေတတ်ကြတယ်”
ရွှယ်အန်း၏ ငြိမ်သက်သောအသံက ခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။
လူများစွာသည် အလိုအလျောက် တုန်လှုပ်ခြောက်ခြားကာ ခေါင်းငုံ့ထားကြသည်။ ယွမ်မန်ရင်က တကိုယ်လုံး တုန်ယင်နေကာ ထျန်ပေါ်ဟန်က သူ၏ ဝမ်းကွဲအစ်ကို အကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ကြွားဝါနေခဲ့ချိန်များကို ပြန်တွေးမိနေသည်။
‘ဒီလျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့လူ… တကယ်မှန်တာပဲ’
ထိုအချိန်တွင် ရွှယ်အန်းက ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများကို ကွဲပြားသောအမူအရာဖြင့် စိုက်ကြည့်ကာပြောလိုက်သည်။
"ငါနဲ့အတူ ရုံးကို ပြန်ရအောင်"
ပြောပြီးသည်နှင့် သူ့မိသားစုကို အရင်ဦးဆောင်၍ ထွက်သွားသည်။
ကျောက်ရွှယ်ဟွေ့နှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးသက်စွာပြုံးလျက် ခန်းမထဲမှ အမြန်ထွက်လာခဲ့ကြသည်။
အလောင်းများနှင့် သွေးများ မကြာမီတွင် သန့်စင်သွားခဲ့သည်။
ခပ်ပါးပါး သွေးရနံ့သင်းသင်းမှလွဲ၍ ဤနေရာတွင် လူနှစ်ဦးသေဆုံးသွားပြီဟု မထင်ရပေ။ ခန်းမတွင်းရှိ လူအုပ်ကြီးသည် ဤအချိန်၌ ထိတ်လန့်မှုမှ တဖြည်းဖြည်း ပြန်လည် သက်သာလာခဲ့သည်။
“သေစမ်း ဒါလူနှစ်ယောက်ကို သတ်လိုက်တာပဲ ဆိုးလိုက်တာ ထျန်ပေါ်ကျွင်းက တကယ်ဒီလိုဖြစ်သွားတာပဲ" တစ်ယောက်ယောက်က အော်လိုက်သည်။
"ဒီဘဲက ဘယ်သူလဲ၊ သူက ဘယ်လောက်တောင် စွမ်းအားကြီးပြီး ကြီးစိုးနေလို့ ဒါရိုက်တာတွေတောင် သူ့ရှေ့မှာ အသက်ပြင်းပြင်းမရှုရဲကြတာလဲ” အခြားသူတစ်ဦးက အံ့သြစွာပြောသည်။
အစကတည်းက ရှိခဲ့သော ကောင်းကင်ကံကြမ္မာကုမ္ပဏီမှ ဝါရင့်ဝန်ထမ်းအချို့က ရိုသေစွာ နှုတ်ဆက်ကြသည်။
"ဒါဆို ဒါရိုက်တာတွေက ဒီလူကို အရိုအသေမတန်ရဲကြဘူး။ ရှင်းရှင်းပြောရရင် သူက ကောင်းကင်ကံကြမ္မာကို အခြေခံကနေ စတည်ဆောက်တဲ့သူပဲ၊ ဒါရိုက်တာတွေနဲ့ ဆက်ဆံရေးကောင်းလို့ သူတို့ကို စီမံခန့်ခွဲခွင့်ပေးလိုက်တာ" ၎င်းတို့ကရှင်းပြသည်။ .
ဤစကားများကိုကြားသောအခါ လူတိုင်းက စူးစူးရှရှ အသက်ရှုကြပ်သွားကြသည်။ အသိပညာပိုရှိသော လူအနည်းငယ်သည် ၎င်းတို့၏မျက်နှာများတွင် အလွန်အမင်း ကြောက်ရွံ့သည့် အသွင်ကို ပြသလာကြသည်။
“ဒီလူကလွဲလို့ တခြားလူမဟုတ်ဘူး…”
ဝန်ထမ်းအချို့က ခေါင်းညိတ်သည်။
"မှန်တယ် အဲ့တာ ကျုံးတုကို မင်္ဂလာဆောင်နဲ့ လှုပ်ယမ်းခဲ့တဲ့ ရွှယ်လူကြီးမင်းပဲ"
ဤသာမန်လူများအတွက် ရွှယ်အန်း၏ အလင်းဘုရားကျောင်းကို ဖျက်ဆီးခြင်းကဲ့သို့ လုပ်ဆောင်ချက်များကို လက်လှမ်းမမီနိုင်ပေ။ သို့သော် တစ်ချိန်က ဟွာရှားတစ်ခွင် တုန်လှုပ်စေခဲ့သော ထိုမင်္ဂလာပွဲသည် ၎င်းတို့ စိတ်ထဲ၌ ဆန်းသစ်နေဆဲဖြစ်သည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်
"ဟဲ၊ လူကြီးမင်းရွှယ်ကို စော်ကားရဲတာက ထျန်ပေါ်ဟန်က သေဖို့ထိုက်တန်တယ်" လူတစ်ယောက်က အေးစက်စွာ ရယ်မောလျက် ပြောသည်။
ထိုအချိန်၌ အပေါ်ဆုံးထပ်မှ ရုံးခန်းထဲတွင် ရွှယ်အန်းသည် ကျယ်ဝန်းသော စားပွဲနောက်တွင် ထိုင်ကာ စားပွဲထက်သို့ လက်ချောင်းများဖြင့်ခေါက်၍ အမူအရာက ခံစားချက်ကင်းမဲ့နေသည်။
ကျောက်ရွှယ်ဟွေ့သည် အကြိမ်ပေါင်းများစွာ စကားပြောရန် တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်သာ ချနိုင်ခဲ့သည်။
ကောင်းရှန်နန် နှင့် ရှု့လျိုတို့သည် အခြားသူများနှင့်အတူ စကားမပြောဝံ့ပေ။
ခဏအကြာတွင် ခေါင်းငုံ့ထားသည့် ချောင်လဲ့က ရှက်ရွံ့သောမျက်နှာဖြင့် ရှေ့သို့လှမ်းလာသည်။
"အကိုကြီး၊ ဒါ ငါ့အမှားပါ ငါ ထျန်ပေါ်ကျွင်းရဲ့ ရိုင်းစိုင်းတဲ့ ရည်မှန်းချက်ကို မြင်နိုင်ခဲ့ရင်၊ ဒါဖြစ်လာမှာ မဟုတ်ဘူး။ ငါ ပြစ်ဒဏ်လက်ခံဖို့ အဆင်သင့်ပဲ၊ ဒါမှမဟုတ် မင်းငါ့ကို ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ရင်တောင် ငါလက်ခံနိုင်ပါတယ်"
ရွှယ်အန်းက ချောင်လဲ့ကို တိတ်တဆိတ်ကြည့်ပြီးမှ ခဏအကြာတွင် ပြောလိုက်သည်။
"ညီ(၃) မင်းတကယ်မှားသွားတာကို နားလည်လား"
"ပြဿနာက မင်း လူတစ်ယောက်ကို အကဲမခတ်တတ်တာမဟုတ်ဘူး ပြဿနာက အကျင့်မကောင်း ယုတ်မာတဲ့ကောင်အပေါ် မင်းရဲ့ညှာတာမှုပဲ"
"လူတိုင်းက လူအကဲခတ်မှားတတ်ပေမယ့် အမှားကို နားလည်ပြီး ဖြတ်ပစ်ရဲတဲ့ သတ္တိရှိမရှိက အဓိကပါပဲ။"
"ထျန်ပေါ်ကျွင်းက သေဖို့ ထိုက်တန်တယ်၊ မင်း သူ့အပေါ် နည်းနည်းမှ ကြင်နာနေစရာမလိုဘူး"
"ဘာလို့လဲဆိုတော့ ဒီလောကကြီးမှာ လူဆိုးတွေအပေါ် စေတနာထားတယ်ဆိုတာ တကယ်တော့ လူကောင်းတွေအပေါ် ရက်စက်လိုက်တာပဲ ညီ(၃) ရ"
"ဒါတွေအကုန်နားလည်လား"
ရွှယ်အန်း၏ စကားတစ်ခွန်းတိုင်းတွင် ချောင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ အဆုံးတွင် သူ့မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေကာ နဖူးပေါ်မှ ချွေးစီးများ စီးကျနေသည်။
"အစ်ကိုကြီး ငါ နားလည်ပါတယ်" သူကအတည်ပြုသည်။
ရွှယ်အန်းက ခပ်ပါးပါးပြုံး၏
"စီးပွားရေးလောကက စစ်မြေပြင်လိုပါပဲ။ မင်းရှင်သန်ပြီး တခြားသူတွေထက် ပိုကောင်းအောင် ရှင်သန်ချင်တယ်ဆိုရင် မင်းမှာ ပြင်းထန်တဲ့ ကျားတစ်ကောင်ရဲ့ နှလုံးသားရှိရမယ့်အပြင် နှင်းဆီပန်းနံ့ရဖို့အတွက် အာရုံခံနိုင်စွမ်းရှိရမယ်။"
ကျောက်ရွှယ်ဟွေ့အပါအဝင် အားလုံးသည် ၎င်းတို့၏ မျက်နှာများပေါ်တွင် ရုတ်ချည်း နားလည်သဘောပေါက် သိမြင်လာမှုကို ပြသလာသည်။
၎င်းတို့အတွက် ဤအဖြစ်အပျက်သာ် နာကျင်စဖွယ်ကောင်းသော အပြောင်းအလဲတစ်ခုပင်ဖြစ်သည်။
သို့သော် အသွင်ပြောင်းခြင်းဖြင့်သာ ပိုးအိမ်မှ ခွဲထွက်၍ လိပ်ပြာဖြစ်လာနိုင်သည်မဟုတ်ပေတကား။