ရွှမ်ဟွမ်မူလခန္ဓာကို လေ့ကျင့်ခြင်း...
Vol. 34 Ch. 512
လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများ သို့မဟုတ် အခြားမျိုးနွယ်များကြားတွင် အလွှာတစ်ဆယ်သို့ ရောက်သောအခါ ခွန်အားကွာခြားမှုက ရှုထောင့်အမျိုးမျိုးအပေါ် မူတည်လေသည်။ အလွှာတစ်ဆယ်တွင်လည်း နိယာမများကို ပေါင်းစပ်ရန် လိုအပ်ပြီး အချိန်နိယာမနှင့် အခြားအဓိကနိယာမများကိုလည်း ပေါင်းစပ်နိုင်လေသည်။
ဥပမာ အသက်နိယာမနှင့် သေခြင်းနိယာမတို့ ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသော သေခြင်းရှင်ခြင်းနိယာမက ကြောက်စရာကောင်းသော သတ်ဖြတ်နိုင်စွမ်းရှိလေသည်။ ထို့အပြင် လေဟာနယ်အလွှာများနှင့် ၎င်းကို ပိတ်ဆို့နိုင်ခြင်းမရှိပေ။
အထွတ်အထိပ်မျိုးနွယ်များက အလွှာတစ်ဆယ်များ၏ ခြိမ်းခြောက်မှုအဆင့်ကို အဆင့်ခြောက်ဆင့် ခွဲခြားထားလေသည်။ အဆင့်အေ၊ အဆင့်ဘီ၊ အဆင့်စီ၊ အဆင့်ဒီ၊ အဆင့်အီး၊ အဆင့်အက်တို့ဖြစ်ကြသည်။ အဆင့်အက်က အားအနည်းဆုံးဖြစ်ပြီး အဆင့်အေက အသန်မာဆုံး ဖြစ်သည်။
" နှစ်တစ်ထောင်အတွင်း ခြိမ်းခြောက်မှုအဆင့်ဘီကို ရောက်နိုင်ပြီး နှစ်ငါးထောင်အတွင်း ခြိမ်းခြောက်မှု အဆင့်အေကို ရောက်နိုင်တယ်။ "
ထိုနေရာတွင် ရှိနေသော အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ် အင်အားကြီးသူများက ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
" ငါက နဂါးငွေ့တန်းကြယ်သခင်က လက်ရှိခွန်အားနဲ့ အရင်က တိုးတက်မှုနှုန်းကို ကြည့်ပြီး ကောက်ချက်ချလိုက်ရုံပါပဲ။ " အလွှာဆယ့်တစ် တစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင် တုန်လှုပ်နေသည်။
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ အနာဂတ်ခွန်အားကို ကြိုသိထားတာက ကောင်းတဲ့အရာတစ်ခုပဲ။ "
နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားကို သိထားရုံနှင့် သူတို့က အနာဂတ်တွင် အစီအစဉ်များ ချမှတ်နိုင်ပြီဖြစ်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးသို့ ရောက်ရှိသွားသည်။ တစ်ချိန်တည်းတွင် သူက လျို့ဝှက်နယ်မြေ၏ အတွင်းဘက်ဒေသကို အာရုံခံနေခဲ့သည်။ အထူးသဖြင့် ထွက်ပြေးသွားသော နဝမအလွှာ မျိုးနွယ်ခြားများကို ဖြစ်သည်။
သူက သူ၏ ခွန်အားကို မထုတ်ဖော်ချင်သောကြောင့် နဝမအလွှာ မျိုးနွယ်ခြားများကို လိုက်လံသတ်ဖြတ်ခြင်းမပြုဘဲ လျို့ဝှက်နယ်မြေပိတ်ချိန်ထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်မှ သူက လျို့ဝှက်နယ်မြေနှင့် သူတို့ကို သုတ်သင်ပြီး ရတနာများကို စုဆောင်းနိုင်လေသည်။
" နဝမအလွှာ မျိုးနွယ်ခြား ၈၇၉၂ ယောက်။ " လင်းယွမ်က လျို့ဝှက်နယ်မြေမှတစ်ဆင့် မျိုးနွယ်ခြားများ၏ အရေအတွက်ကို စစ်ဆေးလိုက်သည်။
" ဒီလောက်အများကြီးနဲ့ဆို ငါ အကျိုးအမြတ်တွေ ဘယ်လောက်တောင်ရမလဲမသိဘူး။ " လင်းယွမ်က ပြုံးလိုက်သည်။
ယခင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖွင့်ချိန်တွင် လျို့ဝှက်နယ်မြေအတွင်း နေရန် ကြိုးစားသူများမှ ရရှိသော နဝမအလွှာ ရတနာ နှစ်ရာကျော်ရှိလေသည်။ သို့သော် သူတို့က သေဆုံးရန် တွက်ချက်ထားခဲ့သောကြောင့် ရတနာများကို အပြင်သို့ ထုတ်ယူသွားကြပေလိမ့်မည်။
သို့သော် အတွင်းဘက်ဒေသတွင် ပုန်းအောင်းနေသော နဝမအလွှာ မျိုးနွယ်ခြား ရှစ်ထောင်ကျော်၏ အခြေအနေက မတူညီပေ။ သူတို့က ပြင်ဆင်မှုများ မလုပ်ရသေးဘဲ သူတို့၏ ရတနာများက သူတို့နှင့်အတူ ရှိနေဆဲ ဖြစ်သည်။
" ရွှမ်ဟွမ်မူလခန္ဓာကို လေ့ကျင့်တာက ရွှမ်ဟွမ်သလင်းကျောက်တွေအပြင် လက်နက်တွေ ရတနာတွေကိုလည်း အသုံးပြုလို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ရွှမ်ဟွမ်မျိုးနွယ်၏ လျို့ဝှက်နည်းစနစ်သုံးခုမှ တစ်ခုဖြစ်သော ရွှမ်ဟွမ်မူလခန္ဓာက အရင်းအမြစ်များစွာ လိုအပ်လေသည်။ ၎င်းက လျို့ဝှက်ရတနာများနှင့် လက်နက်များကို စုပ်ယူပြီး ရွှမ်ဟွမ်မူလခန္ဓာ၏ အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲနိုင်လေသည်။
ရွှမ်ဟွမ်တိုက်ကွက်နှင့် အချိန်လေဟာနယ်ခြေလှမ်းတို့က ပြည့်စုံသော အဆင့်ထိ ရောက်ရန် အလွန်ခက်ခဲသော်လည်း ၎င်းက သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းအပေါ် မှီခိုနိုင်လေသည်။
သို့သော် ရွှမ်ဟွမ်မူလခန္ဓာ၏ အနှစ်သာရက အရင်းအမြစ်များ ဖြစ်ပြီး နားလည်နိုင်စွမ်းကိုသာ မှီခို၍ မရပေ။ အရင်းအမြစ်များက မရှိမဖြစ် လိုအပ်လေသည်။ လင်းယွမ်က သူ၏ မူလခန္ဓာကိုယ်သာ ရွှမ်ဟွမ်မူလခန္ဓာကို လေ့ကျင့်မည်မဟုတ်ဘဲ မူလစိတ်ဝိညာဉ်နှစ်ခုကလည်း လေ့ကျင့်မည်ဖြစ်သောကြောင့် အရင်းအမြစ်များက ပို၍ လိုအပ်လေသည်။
သို့သော် မျိုးနွယ်ခြား ရှစ်ထောင်ကျော်၏ ထောက်ပံ့မှုနှင့်အတူ လင်းယွမ်က ရွှမ်ဟွမ်မူလခန္ဓာကို လေ့ကျင့်ရာတွင် သူ၏ တိုးတက်မှုက လျင်မြန်လိမ့်မည်ဟု ယုံကြည်လေသည်။
နောက်ဆုံးတွင် သူက လျို့ဝှက်ရတနာများကို ရရှိခဲ့လျှင်တောင် ထင်ထင်ပေါ်ပေါ် အသုံးပြု၍ မရပေ။ ထိုအစား ရွှမ်ဟွမ်မူလခန္ဓာအတွက် အသုံးပြုလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။
" အခု အရေးကြီးဆုံးက ရွှမ်ဟွမ်သလင်းကျောက်ကို မြန်မြန် သန့်စင်နိုင်ဖို့ပဲ။ " လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် အဝါရောင်သလင်းကျောက်က ပျံဝဲနေသည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း တစ်နှစ်ကြာသွားခဲ့သည်။ လင်းယွမ်က လျို့ဝှက်နယ်မြေ၏ အမြုတေကို ကျင့်ကြံခြင်းမှာ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ဤအချိန်တွင် အဝါရောင်သလင်းကျောက်တစ်ခုက လင်းယွမ်၏ ရှေ့တွင် မျောလွင့်နေပြီး အပြည့်အဝ သန့်စင်နိုင်ရန် အနည်းငယ်သာ လိုတော့လေသည်။ ၎င်းကို အပြည့်အဝ သန့်စင်ပြီးသည်နှင့် လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။
ပင်မစကြာဝဠာ၏ အထွတ်အထိပ်မျိုးနွယ်များမှ ကြီးမြတ်သူများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို လိုချင်နေကြလေသည်။ လျို့ဝှက်နယ်မြေဖွင့်သည့်အကြိမ်တိုင်း ကြီးမြတ်သူများက ၎င်း၏ တည်နေရာကို ရှာဖွေရန် ကြိုးစားကြလေသည်။ လူသားမျိုးနွယ်လည်း အပါအဝင်ဖြစ်သည်။
ထို့ကြောင့်လည်း လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သခင်အသစ်ဖြစ်သည်ကို ထုတ်မပြောရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူက လူသားမျိုးနွယ်ကို သတိထားနေခြင်းမဟုတ်သော်လည်း မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားလိုသောကြောင့်သာ ဖြစ်သည်။
" ဒီရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပြည့်စုံတဲ့ ကမ္ဘာတစ်ခု မဟုတ်ဘူးပဲ။ " လင်းယွမ်က ၎င်း၏ အမြုတေကို သန့်စင်နိုင်ခါနီးပြီဖြစ်သောကြောင့် လျို့ဝှက်နယ်မြေ၏ အနှစ်သာရကို မြင်နိုင်လေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပင်မစကြာဝဠာအပေါ်တွင် မှီခိုနေဆဲ ဖြစ်ပြီး တူညီသော အချိန်နိယာမကို မျှဝေထားသည်။
" ရွှမ်ဟွမ်ရဲ့ နည်းလမ်းတွေက တကယ် နက်နဲတာပဲ။ " လင်းယွမ်က ရေရွတ်လိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပင်မစကြာဝဠာ၏ နက်ရှိုင်းသော လေဟာနယ်အလွှာများကြားတွင် ကွယ်ဝှက်နေပြီး ကြီးမြတ်သူများပင် ရှာဖွေနိုင်ခြင်းမရှိပေ။ အကြောင်းမှာ လျို့ဝှက်နယ်မြေက ပင်မစကြာဝဠာနှင့် တစ်ခုတည်း ပေါင်းစည်းခဲ့သောကြောင့် ဖြစ်သည်။
ပင်မစကြာဝဠာ၏ ကျယ်ပြန့်မှုကို အခွင့်ကောင်းယူပြီး ကြီးမြတ်သူများ၏ ရှာဖွေမှုကို တားဆီးနိုင်လေသည်။ ဧကရာဇ်ရွှမ်ဟွမ်၏ အဆင့်နှင့် သီးခြားကမ္ဘာတစ်ခုကို သေချာပေါက် ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် ၎င်းက ပင်မစကြာဝဠာနှင့် ကွာခြားနေပေလိမ့်မည်။
ဥပမာ အဖြူရောင်နောက်ခံပေါ်တွင် ဆန့်ကျင်ဘက် အနက်ရောင်အစက်လေး ပေါ်လာသကဲ့သို့ဖြစ်ပြီး မည်မျှသေးငယ်သည်ဖြစ်စေ နောက်ဆုံးတွင် သတိထားမိနိုင်လေသည်။ သို့သော် အဖြူရောင်ပေါ်တွင် အဖြူရောင်အစက်တစ်ခု ပေါ်လာခြင်းကို သတိထားမိရန် များစွာပိုမိုခက်ခဲလေသည်။
" ဟင် ငါက အလွန်ဝေးကွာတဲ့ နေရာက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွေကိုတောင် အာရုံခံနိုင်တာလား။ " လင်းယွမ်က လျို့ဝှက်နယ်မြေ၏ အမြုတေမှ အာရုံတစ်ခုရရှိလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေများက တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုရှိပုံပင်ဖြစ်သည်။ သို့သော် ၎င်းက သာမန်ဆက်သွယ်မှုတစ်ခုသာ ဖြစ်ပြီး တစ်ခုစီက ကွဲပြားသော စကြာဝဠာများတွင် တည်ရှိနေသည်။
ကြီးမြတ်သူတစ်ယောက်မဟုတ်သရွေ့ ထိုအကွာအဝေးကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ ကြီးမြတ်သူတစ်ယောက်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုကို ရရှိသည်နှင့် အခြားအရာများကို မက်မောမည်မဟုတ်ပေ။
သူတို့အတွက် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဆွဲဆောင်မှုက လျို့ဝှက်နည်းစနစ်သုံးမျိုးကဲ့သို့ ဧကရာဇ်ရွှမ်ဟွမ်၏ အမွေအနှစ်သာဖြစ်သည်။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဧကရာဇ်ရွှမ်ဟွမ် ပျောက်ကွယ်သွားပြီးကတည်းက ကြီးမြတ်သူတစ်ယောက်မှ မရှိသေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွန်မြင့်မားလေသည်။ ၎င်းကို ဖြန့်ကျက်ရန် ခက်ခဲပြီး အန္တိမအသိအမြင်အတွက် ကိုယ့်ကိုကိုယ်သာ အားကိုးရပေလိမ့်မည်။
ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ကြီးမြတ်သူ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လင်းယွမ်အတွက် သက်ရောက်မှုမရှိပေ။ သူက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် တစ်ခါမှ မတွေးဖူးပေ။
လင်းယွမ်အတွက် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လေ့လာသင်ယူရန်နှင့် အသိအမြင်များအတွက်ဖြစ်သည်။ သူက ၎င်း၏ အနှစ်သာရကို ထုတ်ယူပြီး သူ၏ လမ်းစဉ်ထဲသို့ ပေါင်းစည်းရုံသာ ဖြစ်သည်။
သူက သူကိုယ်တိုင် အစက ဖန်တီးခဲ့သော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုသာ ရွေးချယ်မည်ဖြစ်သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ယခု နဝမအလွှာသာ ရှိလေသည်။ သို့သော် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်က အလွှာဆယ့်နှစ်အထိ တက်လှမ်းနိုင်မည်ဟု ယုံကြည်မှုရှိလေသည်။
" ရွှမ်ဟွမ်မူလခန္ဓာကို ဆက်လေ့ကျင့်ရမယ်။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ရွှမ်ဟွမ်သလင်းကျောက်တစ်ခုကို ဖိခြေကာ သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။
ရွှမ်ဟွမ်မူလခန္ဓာကို လေ့ကျင့်ခြင်းက စိတ်စွမ်းအားများစွာ ကုန်ခမ်းခြင်းမရှိပေ။ လင်းယွမ်က ရွှမ်ဟွမ်သလင်းကျောက်များနှင့် လျို့ဝှက်ရတနာများကို စုပ်ယူရန်သာ လိုအပ်လေသည်။
" ဒီရွှမ်ဟွမ်မူလခန္ဓာက တကယ်စားသောက်နိုင်တာပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
အချိန်တိုအတွင်း ထိုလျို့ဝှက်နည်းစနစ်ကို ကျင့်ကြံခြင်းက စကြာဝဠာသလင်းကျောက်သန်းချီနှင့် ညီမျှသော ရွှမ်ဟွမ်သလင်းကျောက်များကို စုပ်ယူခဲ့လေသည်။ ထိုကဲ့သို့ ကုန်ကျမှုများပြားသော်လည်း ရလဒ်က ကျေနပ်စရာကောင်းလေသည်။ ထိုကဲ့သို့သော အချိန်တိုအတွင်း သူ၏ ခန္ဓာကိုယ်၏ ခွန်အားက နှစ်ဆတိုးလာခဲ့သည်။