← Chapters

လင်းယိ၏ လက်ထပ်ပွဲ...

Vol. 34 Ch. 513

လင်းယိ၏ လက်ထပ်ပွဲ...

Vol. 34 Ch. 513

ရွှမ်ဟွမ်မူလခန္ဓာကို လေ့ကျင့်ချိန်တွင် ရွှမ်ဟွမ်ကာကွယ်မှုအလင်းဟုခေါ်သော အော်ရာတစ်ခုက ခန္ဓာကိုယ်မှ အလိုလို ထွက်ပေါ်လာသည်။ ထိုအော်ရာက ဒြပ်စင်ခန္ဓာနှင့် မတူဘဲ တိုက်ခိုက်မှုတိုင်းကို ကာကွယ်ပေးမည်ဖြစ်သည်။

ရွှမ်ဟွမ်ကာကွယ်မှုအလင်း၊ သွေးပြန်လည်မွေးဖွားခြင်း၊ ဒြပ်စင်ခန္ဓာ၊ ယွမ်ရှန်းကျင်း။ ၎င်းတို့က လင်းယွမ်၏ အဓိကကာကွယ်မှုလေးခုဖြစ်သည်။ ယွမ်ရှန်းကျင်းက မူလခန္ဓာကိုယ်တွင် ရှိနေလျှင်တောင် အခြားကာကွယ်မှုသုံးခုက လင်းယွမ်ကို နဝမအလွှာ၏ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်စွမ်းရှိစေလေသည်။

VR ကမ္ဘာတွင် လင်းယွမ်က သူ၏ မိဘများနှင့် စကားပြောနေသည်။

" ရှောင်ယွမ် ယိအာ လက်ထပ်တော့မယ်။ " လုချုံးက ဝမ်းသာစရာသတင်းကို ပြောပြလိုက်သည်။

" လင်းယိက လက်ထပ်တေည့မှာလား။ " လင်းယွမ်က အနည်းငယ် ထိတ်လန့်သွား၏။ " ဒီလောက်တောင် မြန်တာလား။ "

သူ၏ ညီမက တစ်ယောက်ယောက်နှင့် အဆင်ပြေနေသည်ကို သူလည်း ကြားခဲ့လေသည်။ သို့သော် ယခုကဲ့သို့ လက်ထပ်သည်အထိ လျင်မြန်လိမ့်မည်ဟု မတွေးမိခဲ့ပေ။

" ဘာကို စောရမှာလဲ။ သူမက အသက်ကိုးဆယ်ကျော်နေပြီ။ ပြီးတော့ သား ရှောင်ယွမ် မင်းလည်းအသက်တစ်ရာကျော်နေပြီလေ။ " လုချုံးက လင်းယွမ်ကို မျက်လုံးပြူးပြီး ပြောလိုက်သည်။

" အသက်တစ်ရာကျော်ပြီ..." လင်းယွမ်က အတွေးများ ပျောက်ဆုံးသွားသည်။

ဆင့်ကဲပြောင်းလဲသူများ၏ သက်တမ်းက ရှည်လျားလေသည်။ ပထမနှင့် ဒုတိယအလွှာများပင် ဇီဝပစ္စည်းများ၏ အကူအညီနှင့် အသက်ရာချီမှ ထောင်နှင့်ချီ၍ အသက်ရှင်နိုင်လေသည်။ လူသားမျိုးနွယ်၏ နည်းလမ်းများဖြင့် သာမန်လူများပင် အသက်နှစ်ရာကျော်အထိ နေနိုင်ကြလေသည်။ ထို့ကြောင့် အသက်ကိုးဆယ်တွင် အိမ်ထောင်ပြုခြင်းက နောက်ကျသည်ဟုပင် ယူဆနိုင်လေသည်။

" ယိယိရဲ့ ချစ်သူက ရှမိသားစုက ကောင်လေးလား။ " လင်းယွမ်က မေးလိုက်သည်။

" ဟုတ်တယ်။ ရှခွန်ရန်က ရိုးသားတယ်၊ သစ္စာရှိတယ်။ ယိယိက သူနဲ့ဆို ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်နိုင်လိမ့်မယ်။ " လုချုံးက ပြောလိုက်သည်။

ရှမိသားစုက လူသားမျိုးနွယ်အတွင်း အင်အားကြီးသော မိသားစုတစ်ခုဖြစ်သည်။ သူတို့မိသားစုက သမိုင်းတွင် အဆင့်ရှစ်နိုင်ငံသားတစ်ယောက် ထွက်ပေါ်ဖူးပြီး ယခုအလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက် ဦးဆောင်နေသည်။ ထိုကဲ့သို့သော မိသားစုတစ်ခုမှ မွေးဖွားလာသူက ရိုးသားပြီး သစ္စာရှိသူဟူသော စကားနှင့် မလိုက်ဖက်လှပေ။ လင်းယိကို လက်ထပ်ခြင်းကလည်း လင်းယိအကို လင်းယွမ်ကြောင့်ပင် ဖြစ်နိုင်လေသည်။

သို့သော် လင်းယွမ်က ထိုကိစ္စအတွက် စိတ်မပူပေ။ သူ၏ အဆင့်နှင့် ရိုးရှင်းသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် ကြိုးစားခြင်းက လက်ခံနိုင်လေသည်။ လူသားမျိုးနွယ်တွင် ရှမိသားစုက နာမည်ကောင်းရှိပြီး လင်းယိ၏ လက်ထပ်မှုက လင်းယွမ်အတွက် မမျှော်လင့်ထားလျှင်တောင် သူ၏ မိဘများအတွက် အားကိုးရနိုင်လေသည်။

" လင်းယိရဲ့ ကောင်လေးကို ကျွန်တော်နဲ့ လာတွေ့ဖို့ ပြောလိုက်ပါ။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

ယေဘုယျအားဖြင့် သူက အလုပ်ရှုပ်သောကြောင့် အခြားသူများနှင့် တွေ့ဆုံခြင်းမရှိပေ။ သို့သော် သူ၏ ညီမအတွက် သူက လုပ်စရာရှိတာ လုပ်ရမည်ဖြစ်သည်။

ခနကြာပြီးသောအခါ လင်းယိနှင့် ချောမောသော ကောင်လေးတစ်ယောက်တို့က ပေါ်လာသည်။

" အကို " လင်းယိက ပြုံး၍ နှုတ်ဆက်လိုက်သည်။

" ရှခွန်ရန်က နဂါးငွေ့တန်းကြယ်သခင်ကိင နှုတ်ဆက်ပါတယ်။ " သူမ၏ ဘေးမှ လူငယ်က လေးစားစွာ ပြောလိုက်သည်။

ရှမိသားစု၏ တိုက်ရိုက်အဖွဲ့ဝင်တစ်ယောက်အနေဖြင့် ရှခွန်ရန် သတ္တမအလွှာ သို့မဟုတ် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် ရင်ဆိုင်ရလျှင်တောင် ယုံကြည်မှုရှိလေသည်။

သို့သော် နဂါးငွေ့တန်းကြယ်သခင်ကတော့။လင်းယိနှင့် မပက်သက်ခင် ရှမိသားစု၏ အလွှာဆယ့်တစ် ခေါင်းဆောင်က ရှခွန်ရန်ကို ခေါ်ခဲ့လေသည်။ သူ့ကို ပျော်ရွှင်မှုတစ်ခုအတွက်သာဆိုလျှင် နဂါးငွေ့တန်းကြယ်သခင်၏ ညီမကို မရွေးချယ်ရန် အကြိမ်ကြိမ် ညွှန်ကြားခဲ့သည်။

လူသားမျိုးနွယ်မှ အမျိုးသမီးများစွာနှင့် မျိုးနွယ်ခြားမှ အမျိုးသမီးများကို ရှမိသားစု၏ အရှိန်အဝါနှင့် ဖြေရှင်းနိုင်လေသည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်၏ ညီမကို အပျက်သဘောဆောင်သော အရာများ အဖြစ်ခံ၍ မရပေ။ မဟုတ်လျှင် ၎င်းက ရှမိသားစုက ကပ်ဘေးတစ်ခုကို ကြုံတွေ့ရနိုင်လေသည်။

" ရှခွန်ရန် " လင်းယွမ်က ပြုံးလိုက်သည်။ " မင်းတို့ ရှမိသားစုက လူသားမျိုးနွယ်အတွက် အများကြီး လုပ်ပေးခဲ့တာပဲ။ "

" အားလုံးက အတိတ်က အရာတွေပါ။ " ရှခွန်ရန်က နှိမ့်ချပြောလိုက်သည်။ သူက ရှမိသားစုမှ ဖြစ်နေလျှင်တောင် မာနထောင်လွှားခြင်းမရှိပေ။

" လင်းယိက အင်းအားကြီးတဲ့ ဆင့်ကဲပြောင်းလဲခြင်းမိသားစုတွေရဲ့ မျိုးဆက်တွေလိုမဟုတ်ဘူး။ မင်းတို့လက်ထပ်ပြီးရင် သူမကို စိတ်ဆင်းရဲအောင် မလုပ်ဖို့ ငါမျှော်လင့်ပါတယ်။ " လင်းယွမ်က ပြုံး၍ ရှခွန်ရန်ကို ပြောလိုက်သည်။

လင်းယွမ်၏ အကြည့်အောက်မှ ရှခွန်ရန်က ဖိအားကို ခံစားရလေသည်။ VR ကမ္ဘာမှာ ရှိနေလျှင်တောင် သူ၏ စိတ်က တုန်ယင်သွားသည်။

" ကျွန်တော်က ယိယိကို ကောင်းကောင်းဆက်ဆံမှာပါ။ " ရှခွန်ရန်က ကတိပေးလိုက်သည်။ တစ်ချိန်တည်းတွင် သူက စိတ်ထဲမှ တွေးလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်က ငါတို့ ဘိုးဘေးလိုမျိုး ခံစားချက်ကို ပေးနိုင်တာပဲ။ ဘိုးဘေးက ယိယိကို အရမ်းဂရုစိုက်ဖို့ ပြောခဲ့တာ အံ့ဩစရာမရှိဘူး။ "

သူက လင်းယိကို လိုက်ခဲ့ခြင်းမှာ နဂါးငွေ့တန်းကြယ်သခင်၏ သက်ရောက်မှုအနည်းငယ် ရှိခဲ့သော်လည်း လင်းယိကို အမှန်တကယ် နှစ်သက်ခြင်းက ထိုထက်ပိုလေသည်။

၎င်းက စစ်မှန်သော သံယောဇဉ်မဟုတ်လျှင် ရှမိသားစုခေါင်းဆောင်က သူတို့၏ ဆက်ဆံရေးကို ရှေ့ဆက်ခွင့်ပြုမည်မဟုတ်ပေ။

နဂါးငွေ့တန်းကြယ်သခင်ကဲ့သို့ အင်အားကြီးသူတစ်ယောက်က စိတ်မဖတ်နိုင်လျှင်တောင် လူတစ်ယောက်၏ အတွေးများကို အလွယ်တကူ မြင်နိုင်လေသည်။ လင်းယိကို သဘောမကျဘဲ လက်ထပ်ခြင်းက လင်းယွမ်၏ ငြိုငြင်မှုကို ခံရနိုင်လေသည်။

ထို့ကြောင့် ရှမိသားစုက နဂါးငွေ့တန်းကြယ်သခင်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်လျှင်တောင် သူတို့က အမှားအယွင်းလုံးဝမရှိရန် သေချာပေါက် စီစဉ်ပေးလိမ့်မည်။

" အကို ခွန်ရန်က ညီမကို တကယ်နှစ်သက်တာပါ။ " လင်းယိက ချက်ချင်း ပြောလိုက်သည်။

" ငါသိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူတို့စကားပြောပုံအရ ရှခွန်ရန်မှာ လင်းယိအပေါ် စစ်မှန်သော ခံစားချက်များရှိသည်ကို လင်းယွမ်က အာရုံခံမိလေသည်။ သို့သော် သံယောဇဉ် စိတ်ခံစားမှုများက ထာဝရတည်မြဲခြင်းမရှိပေ။ လင်းယိ၏ အကိုတစ်ယောက်အနေဖြင့် သူက သတိပေးသင့်သည်ကို ပေးရပေလိမ့်မည်။ ရှမိသားစုကလည်း ၎င်းကို နားလည်ပေလိမ့်မည်။

နောက်နေ့တွင် ရှခွန်ရန်နှင့် လင်းယိတို့၏ မင်္ဂလာပွဲကို ကျင်းပခဲ့ပြီး နေရာက VR ကမ္ဘာတွင် ဖြစ်သည်။ လူသားမျိုးနွယ်၏ အင်အားစုများစွာနှင့် မရေတွက်နိုင်သော ဧသည်များ တက်ရောက်ခဲ့ကြသည်။

နဂါးငွေ့တန်းကြယ်သခင်ကြောင့်သာမဟုတ်ဘဲ လူသားမျိုးနွယ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ရှမိသားစုကြောင့်လည်း ပါဝင်လေသည်။

" လူသားမျိုးနွယ် ရှမိသားစုရဲ့ မျိုးဆက်က နဂါးငွေ့တန်းကြယ်သခင်ရဲ့ ညီမနဲ့ လက်ထပ်တယ်။ တစ်ဖက်မှာက အဆုံးမဲ့ အလားအလာရှိသူနဲ့ တစ်ဖက်မှာက ဩဇာအာဏာကြီးတဲ့ အင်အားစုတစ်ခု... ဒီမင်္ဂလာပွဲက တကယ်ပြည့်စုံတယ်။ "

" ရှမိသားစုက နဂါးငွေ့တန်းကြယ်သခင်နဲ့ ပက်သက်မှုတစ်ခု ထူထောင်နိုင်တာ တကယ်ကံကောင်းတာပဲ။ "

မင်္ဂလာပွဲတွင် ဧည့်သည်များက ဆွေးနွေးနေကြသည်။ နဂါးငွေ့တန်းကြယ်သခင်၏ အလားအလာက အနည်းဆုံး အလွှာဆယ့်တစ်တွင် ရှိသည်ကို လူတိုင်းသိကြလေသည်။

အဋ္ဌမအလွှာတွင် အဋ္ဌမအလွှာ တားဆီးမရသူများကို ကြက်များသဖွယ် အလွယ်တကူ သတ်ဖြတ်နိုင်သူ၊ လူသားမျိုးနွယ်၏ ပါရမီအရှိဆုံးလူ၊ နဝမအလွှာတွင်လည်း နဝမအလွှာများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သူဖြစ်သည်။ ထိုကဲ့သို့ ထူးချွန်သူတစ်ယောက်ကို လူသားမျိုးနွယ်က အပြည့်အဝ ထောက်ပံ့ပေးပေလိမ့်မည်။ ထို့အပြင် အနာဂတ်တွင် ကြီးမြတ်သူအဆင့်ကိုလည်း စိန်ခေါ်ရန် အခွင့်အရေးရှိလေသည်။

ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် မလွယ်ကူသော်လည်း အနာဂတ်တွင် အလွှာဆယ့်တစ်၏ အထွတ်အထိပ်သို့ ဝင်ရောက်နိုင်လေသည်။ ရှမိသားစုအတွက် အရှုံးမရှိပေ။ ထို့ကြောင့်လည်း ဧည့်သည်များက ရှမိသားစု ကံကောင်းသည်ဟု ပြောကြခြင်းဖြစ်သည်။

လက်ရှိတွင် နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာတွင် ရှိနေပြီး ရှမိသားစုတွင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ရှိလေသည်။ သို့သော် လူမျိုးနွယ်ရှိ အင်အားစုဘယ်လောက်များက နဂါးငွေ့တန်းကြယ်သခင်နှင့် ပက်သက်မှုတစ်ခု တည်ဆောက်ချင်ကြလဲ မသိနိုင်ပေ။

လင်းယွမ်က သူ၏ စီနီယာအကိုများနှင့် စကားပြောနေခဲ့သည်။

" ဆရာက နဝမအလွှာကို တက်လှမ်းဖို့ တံခါးပိတ်ကျင့်ကြံနေတာလား။ "

လင်းယွမ်၏ ဆရာ ချီခွန်ကြယ်သခင်က တံခါးပိတ်ကျင့်ကြံနေသောကြောင့် မင်္ဂလာပွဲကို တက်ရောက်နိုင်ခြင်းမရှိပေ။ အဆင့်ချိုးဖျက်ခြင်းက အလွန်အရေးကြီးပြီး နှောက်ယှက်၍ မရပေ။

လွန်ခဲ့သော နှစ်နှစ်ဆယ်က တံခါးပိတ်ကျင့်ကြံခဲ့ပြီး နဝမအလွှာသို့ တက်လှမ်းခြင်းက ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အထိ ကြာနိုင်လေသည်။

" ဆရာက နဝမအလွှာကို တက်လှမ်းနိုင်မလားဆိုတာ ပြောဖို့ခက်တယ်။ "

ချီခွန်ကြယ်သခင်၏ တပည့်များက အနည်းငယ် စိုးရိမ်နေကြသည်။ အဋ္ဌမအလွှာမှ နဝမအလွှာကို တက်လှမ်းခြင်းက မလွယ်ကူပေ။ လူတစ်ယောက်က အဓိကနိယာမနှင့် သာမန်နိယာမများကို ပေါင်းစပ်ပြီးနောက် နဝမအလွှာသို့ တက်လှမ်းခဲ့လျှင် သဘာဝအတိုင်း လွယ်ကူပေလိမ့်မည်။ သို့သော် ချီခွန်ကြယ်သခင်၏ တံခါးပိတ်ကျင့်ကြံခြင်းက နိယာမပေယင်းစည်းခြင်း၏ နောက်ဆုံးအပိုင်းကို ပြီးမြောက်ရန် ဖြစ်သည်။

"ဘာပြဿနာမှ မရှိလောက်ပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။

ချီခွန်ကြယ်သခင်၏ မူလခန္ဓာကိုယ်က ကြယ်ပင်လယ်ခွန်ဖြစ်လေသည်။ ပင်မစကြာဝဠာရှိ လေဟာနယ်၏ ကောင်းချီးပေးခြင်းကို ခံရသူဖြစ်ပြီး လေဟာနယ်နိယာမကို မီးနိယာမနှင့် ပေါင်းစပ်ခြင်းက အခက်အခဲများ မရှိလောက်ပေ။

" အဲ့ဒါ နဂါးငွေ့တန်းကြယ်သခင်ပဲ။ "

" သူက နဂါးငွေ့တန်းပင်မကြယ်မှာ နေပြီး အပြင်ထွက်လေ့မရှိဘူး။ "

" နောက်ဆုံးတော့ ငါတို့ နဂါးငွေ့တန်းကြယ်သခင်ကို မြင်တွေ့ခွင့်ရပြီ။ "

ဧည့်သည်အားလုံးက လင်းယွမ်ကို အာရုံစိုက်နေကြသည်။ ရှမိသားစုကတော့ များစွာ အာရုံစိုက်ခြင်းမခံရပေ။ ရှမိသားစုမှ လူများက ထင်ရှားသူများဖြစ်ပြီး လူမြင်ကွင်းတွင် မကြာခဏ ပေါ်လာလေ့ရှိလေသည်။ ထို့ကြောင့် ဧည့်သည်များက သူတို့ကို မြင်တွေ့ဖူးကြလေသည်။

တစ်ဖက်တွင် နဂါးငွေ့တန်းကြယ်သခင်က လျင်မြန်စွာ တိုးတက်လာပြီး ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေသည်။ ထိုကြောင့် ဆင့်ကဲပြောင်းလဲသူများစွာက သူ့ကို မြင်တွေ့ဖူးချင်ကြလေသည်။

All Chapters