ခရမ်းရောင်အရည်ကို စုပ်ယူခြင်း....
Vol. 34 Ch. 516
ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် မလေ့လာနိုင်ခြင်းမှာ ဖြစ်နိုင်ခြေနှစ်ခုသာ ရှိလေသည်။ တစ်ခုမှာ ခရမ်းရောင်အရည်တွင် နားလည်ရန် ထိုက်တန်သောအရာမရှိသောကြောင့်ဖြစ်သည်။ အခြားတစ်ခုမှာ ခရမ်းရောင်အရည်၏ အနှစ်သာရက လင်းယွမ်၏ လက်ရှိအဆင့်နှင့် လုံးဝနားမလည်နိုင်ခြင်းဖြစ်သည်။
ပထမအချက်မှာ အဓိပ္ပါယ်မရှိပေ။ အတွင်းကမ္ဘာ၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်သောအရာက နားလည်စရာမရှိခြင်းမှာ မဖြစ်နိုင်ပေ။
" ငါ နဝမအလွှာကို ရောက်နေပေမယ့် နည်းနည်းလေးတောင် နားမလည်ဘူး။ ဒီဘူးသီးခြောက်ရဲ့ မူလက စိတ်ကူးထားတာထက် ကျော်လွန်နေလောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ဘူးသီးခြောက်က ငါ့လက်ထဲမှာ ရှိနေတော့ တစ်နေ့ ဒါကို နားလည်နိုင်လိမ့်မယ်။ "
သူက အလွှာတစ်ဆယ် သို့မဟုတ် အလွှာဆယ့်တစ်သို့ ရောက်လျှင် ၎င်းကို နားမလည်နိုင်ဟု မယုံကြည်ပေ။ တကယ်နားမလည်နိုင်ခဲ့လျှင်လည်း ဝမ်းသာသင့်ပေသည်။ ၎င်း၏ အဓိပ္ပါယ်မှာ ဘူးသီးခြောက်၏ မူလက အလွန်လျို့ဝှက်ဆန်းကြယ်သည်ကို ဖော်ပြနေခြင်းဖြစ်သည်။
" ငါ ထပ်စောင့်နေရင် ဒီအရည်စက်က လွင့်ပျယ်သွားလိမ့်မယ်။ " လင်းယွမ်က ခရမ်းရောင်အရည်ကို စိုက်ကြည့်လိုက်သည်။
ခရမ်းရောင်အရည်ထွက်ပေါ်လာချိန်တွင် စကြာဝဠာဖိအားတစ်ခုက ခရမ်းရောင်အရည်စက်အား ဖျက်စီးပစ်ရန် ကြိုးစားနေသည်ကို လင်းယွမ်က ခံစားမိခဲ့သည်။
" ဒီခရမ်းရောင်အရည်က ငါ့အတွင်း အတွင်းကမ္ဘာကို မိုင်နှစ်ဘီလီယံ ကျော်သွားစေလောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
မိုင်တစ်ဘီလီယံရှိသော အတွင်းကမ္ဘာက စကြာဝဠာအတွင်းမှ အထူးသက်ရှိများအတွက်ပင် ကန့်သတ်ချက်တစ်ခုဖြစ်သည်။ မိုင်တစ်ဘီလီယံဆိုလျှင် ကန့်သတ်ချက်အပေါ်မှ ကန့်သတ်ချက်ဖြစ်သည်။
အပြာရောင်အရည်ကို စုပ်ယူပြီးချိန်တွင် လင်းယွမ်၏ အတွင်းကမ္ဘာက ၁.၆၆၅ ဘီလီယံမှ ၁.၉၉၈ ဘီလီယံအထိ ကျယ်ပြန့်လာခဲ့သည်။ နောက်ဆုံး ခရမ်းရောင်အရည်က ၂.၃၃၁ ဘီလီယံအထိ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
" စုပ်ယူမယ်။ " လင်းယွမ်က ခရမ်းရောင်အရည်ကို မျိုချလိုက်သည်။
ဝုန်း ဝုန်း ဝုန်း.....
ကြောက်စရာကောင်းသော ခရမ်းရောင်မီးတောက်များက လင်းယွမ်၏ ခန္ဓာကိုယ်အတွင်း ချက်ချင်း လောင်ကျွမ်းသွားသည်။ လင်းယွမ်၏ ခန္ဓာကိုယ်က ပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်။
ခဏကြာသောအခါ သူက သွေးပြန်လည်မွေးဖွားခြင်းမှ ပြန်လည်ရှင်သန်လာပြီး သူ၏ မျက်နှာတွင်ထိတ်လန့်သော အမူအရာနှင့် ရှိနေသည်။
" ဒီခရမ်းရောင်အရည်ကို စုပ်ယူဖို့က အရင်ခြောက်မျိုးထက် အများကြီး ပိုခက်ခဲတာပဲ။ " လင်းယွမ်က သူ့ကိုသူ ထိန်းချုပ်ပြီး တွေးလိုက်သည်။
" နောက်တစ်ကြိမ် " လင်းယွမ်က ခရမ်းရောင်အရည်စက်ကို နောက်တစ်ကြိမ် ထုတ်ပြီး မျိုချလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်ရှိ ကြီးမားသော ထာဝရလေဟာနယ်အက်ကြောင်းအောက်တွင် လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ထိုင်နေသည်။ အခြားအင်အားကြီးသက်ရှိများက တစ်ခါတစ်ရံ ဖြတ်သွားကြသော်လည်း သူ့ကို သတိထားမိခြင်းမရှိကြပေ။
ထာဝရလေဟာနယ်အက်ကြောင်းအနီးတွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို စုဆောင်းခြင်းက ပြင်ပတွင် လုပ်စရာမလိုဘဲ လေဟာနယ်အလွှာအတွင်းလည်း နေနိုင်လေသည်။
" ငါ အခု စုဆောင်းထားတဲ့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ၁၄၈မျှင် ရှိသွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
ကိုးကြိမ်မြောက်ဆင်းသက်မှုမတိုင်မီ လင်းယွမ်တွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ၁၂၀မျှင် ရှိခဲ့လေသည်။ ဆင်းသက်ပြီးနောက် ၁၁၀မျှင်ကျန်ခဲ့လေသည်။ ထိုအချိန်မှ ယနေ့အထိ ဆယ်နှစ်ကျော် ကြာသွားခဲ့ပြီး ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ၃၈မျှင်ကို စုဆောင်းနိုင်ခဲ့ခြင်းဖြစ်သည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ထာဝရလေဟာနယ်အက်ကြောင်းတွေက လာတယ်။ " လင်းယွမ်က စဉ်းစားနေသည်။
လေဟာနယ်ကို အဆက်မပြတ် အက်ကွဲစေခြင်းက ပင်မစကြာဝဠာကို ပျက်စီးစေနိုင်လေသည်။ သို့သော် ပင်မစကြာဝဠာ၏ စိတ်အသိက ၎င်းကို ခွင့်ပြုမည်မဟုတ်သော်လည်း ထာဝရလေဟာနယ်အက်ကြောင်းများကိုတော့ အတိုင်းအတာတစ်ခုအထိ ဂရုစိုက်ခြင်းမရှိပေ။
" ငါ အလွှာတစ်ဆယ်ကို ရောက်ရင် စစ်မြေပြင်ကြီးက ထာဝရလေဟာနယ်အက်ကြောင်းဆီ သွားလို့ရပြီ။ " လင်းယွမ်က တွေးလိုက်သည်။
စစ်မြေပြင်ကြီးမှ ထာဝရလေဟာနယ်အက်ကြောင်းများက ကြီးမြတ်သူများ၏ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အထွတ်အထိပ်မျိုးနွယ်များက အပြန်အလှန် တိုက်ခိုက်နေကြပြီး ကြီးမြတ်သူများက တစ်ခါတစ်ရံ ရင်ဆိုင်တွေ့ကြလေသည်။
ထိုနေရာက အင်အားကြီးသူများ စုစည်းနေသော နေရာဖြစ်သည်။ သို့သော် မလိုအပ်လျှင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက တိုက်ခိုက်ခြင်းမရှိပေ။ ကြီးမြတ်သူများကြားမှ ထိပ်တိုက်ရင်ဆိုင်မှုက ပို၍ ရှားပါးပြီး နှစ်တစ်သောင်း သို့မဟုတ် နှစ်နှစ်သောင်းမှ တစ်ကြိမ်လောက်သာ ဖြစ်နိုင်လေသည်။ လက်ရှိ ကြီးမြတ်သူများကြား ရင်ဆိုင်မှုမှာ မကြာသေးမီက ကြီးမြတ်သူတစ်ယောက်၏ ရုပ်အလောင်း ထွက်ပေါ်လာချိန်တွင် ဖြစ်သည်။
" အလွှာတစ်ဆယ်ထဲ ဝင်ရောက်ပြီးရင်တောင် စစ်မြေပြင်ကြီးမှာ ငါ့ကိုငါ ကာကွယ်နိုင်လောက်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။
သူက အလွှာတစ်ဆယ်သို့ ရောက်လျှင် ဘေးကင်းပေလိမ့်မည်။ ကျိန်စာသတ်ဖြတ်ခြင်းစွမ်းရည်ကို အသုံးပြုရန် အနည်းဆုံး အဆင့်ကြီးနှစ်ဆင့် မြင့်ရန် လိုအပ်သောကြောင့် ကြီးမြတ်သူတစ်ယောက်သာ အလွှာတစ်ဆယ်ကို ကျိန်စာဖြင့် သတ်ဖြတ်နိုင်ပေလိမ့်မည်။
မျိုးနွယ်ခြားမှ ကြီးမြတ်သူတစ်ယောက် လှုပ်ရှားလာလျှင် လူသားမျိုးနွယ်မှ ကြီးမြတ်သူတစ်ယောက်ကလည်း ဝင်ရောက် စွက်ဖက်ပေလိမ့်မည်။ ထိုအခြေအနေအောက်တွင် လင်းယွမ်အတွက် လုံခြုံမှုရှိလေသည်။
" စစ်မြေပြင်ကြီးက ထာဝရလေဟာနယ်အက်ကြောင်းမှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားစုဆောင်းတာက ဘယ်လောက်မြန်မလဲမသိဘူး။ " လင်းယွမ်က အနည်းငယ် မျှော်လင့်လေသည်။
VR ကမ္ဘာတွင် လင်းယွမ်က သော်ခဲနှင့် အခြားအထူးနဝမအလွှာများကို တွေ့ဆုံနေသည်။
" နဂါးငွေ့တန်းကြယ်သခင် အတွင်းဘက်ဒေသကို ထွက်ပြေးသွားတဲ့ နဝမအလွှာ မျိုးနွယ်ခြားအချို့က သူတို့ရဲ့ ကိုယ်ပွားတွေ လျို့ဝှက်နယ်မြေက ထွက်ခွာနိုင်ဖို့ ရတနာတွေအားလုံးကို ပေးဖို့ ဆန္ဒရှိနေကြတယ်။ " သော်ခဲက ပြောလိုက်သည်။
လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများ၏ အမဲလိုက်ခြင်းကို ခံရသူများထဲတွင် အင်းဆက်မျိုးနွယ်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များအပြင် အင်အားကြီးမျိုးနွယ်များနှင့် အထူးသက်ရှိများလည်း ပါဝင်လေသည်။
အချို့နဝမအလွှာ မျိုးနွယ်ခြားများက အထွတ်အထိပ်မျိုးနွယ်များ၏ ဆွဲဆောင်မှုကြောင့် လူသားမျိုးနွယ်၏ ဆန့်ကျင်ဘက်တွင် ရပ်ခဲ့ကြလေသည်။ ယခု အခြေအနေက သူတို့အတွက် အခွင့်အရေး လုံးဝမရှိတော့သည်ကို နားလည်လာကြသည်။
ထို့ကြောင့် နဝမအလွှာ မျိုးနွယ်ခြားအချို့က သူတို့၏ ကိုယ်ပွားများ အသက်ရှင်နိုင်ရန် လူသားမျိုးနွယ်ကို အညံ့ခံလိုကြလေသည်။
" သူတို့က အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်တွေနဲ့ ပူးပေါင်းခဲ့လို့ အကျိုးဆက်ကိုလည်း ခံယူသင့်တယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
လျို့ဝှက်နယ်မြေမှ ရတနာအားလုံးကို ပေးချင်တာလား။ သူတို့မပေးလျှင်တောင် လျို့ဝှက်နယ်မြေပိတ်လျှင် အားလုံးကို လင်းယွမ်က ရရှိသွားပေလိမ့်မည်။
" ကောင်းပြီ။ " သော်ခဲက ကျေနပ်လေသည်။
နဂါးငွေ့တန်းကြယ်သခင်က လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်လေသည်။ သူက မျိုးနွယ်ခြားများနှင့် သဘောတူညီမှုမယူခဲ့ပေ။
နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ခရမ်းရောင်အရည်အား စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် လောင်ကျွမ်းမှုကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ထိုက်ယန်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်တိုက်ကွက်နှင့် ရွှမ်ဟွမ်မူလခန္ဓာတို့ကို လေ့ကျင့်နေခဲ့သည်။ စစ်မြေပြင်ရှိ ထိုက်ယင်မူလစိတ်ဝိညာဉ်က အချိန်နိယာမကို လေ့လာနေပြီး အချိန်လေဟာနယ်ခြေလှမ်းကို လေ့ကျင့်နေခဲ့သည်။ ယခု မူလခန္ဓာကိုယ်က ဖရိုဖရဲသလင်းကျောက်၊ အသေးစားစကြာဝဠာနှင့် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာနေခဲ့သည်။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တကယ်အံ့ဩစရာပဲ။ အလွှာတစ်ဆယ်နဲ့ အလွှာဆယ့်တစ်ကဏ္ဍတွေက ငါတို့ လူသားမျိုးနွယ်ရဲ့ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုနဲ့ အတော်ကွဲပြားနေတယ်။ "
ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နက်ရှိုင်းစွာ လေ့လာသည်နှင့် ရွှမ်ဟွမ်တိုက်ကွက်နှင့် ရွှမ်ဟွမ်မူလခန္ဓာတို့၏ လေ့ကျင့်မှုကလည်း ပို၍ တိုးတက်စေနိုင်လေသည်။
နဝမအလွှာမှ ဒသမအလွှာသို့ တက်လှမ်းခြင်းက နှေးကွေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ နဝမအလွှာတွင် လေဟာနယ်အလွှာ သန်းပေါင်းများစွာကို ဖွင့်လှစ်ထားသောကြောင့် အလွှာအားလုံးကို တစ်ကြိမ်တည်းပြောင်းလဲရန် မဖြစ်နိုင်ပေ။
" ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ ပြောင်းလဲမှုကနှစ်တစ်ရာလောက် ကြာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
နဝမအလွှာမှ ဒသမအလွှာသို့ တက်လှမ်းချိန်တွင် ဆင့်ကဲပြောင်းလဲသူများက အလွန်သတိထားရလေသည်။ သူတို့၏ အတွင်းကမ္ဘာမှ လေဟာနယ်အလွှာများက အဆက်မပြတ် ပြောင်းလဲနေပြီး ရံဖန်ရံခါ ချိန်ညှိမှုများ ပြုလုပ်ပေးရလေသည်။
လင်းယွမ်က ပင်မစကြာဝဠာတွင် ကုန်ဆုံးခဲ့သောအချိန်က နှစ်တစ်ရာကျော်သာဖြစ်ပြီး ယခု အဆင့်တက်ခြင်းက နှစ်တစ်ရာအချိန်ယူပေလိမ့်မည်။
" ဒီနှစ်တစ်ရာအတွင်းမှာ ငါ ဆင်းသက်မှုလုပ်လို့မရဘူး။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။
ထိုနှစ်တစ်ရာအတွင်း ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို စုဆောင်းခြင်းက ပိုကောင်းလေသည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ စိတ်ကြိုက်ဆင်းသက်မှုက လင်းယွမ်ကို စိတ်ဝင်စားစေလေသည်။ စိတ်ကြိုက်ပြင်ဆင်မှုက ပင်မစကြာဝဠာတွင် မရရှိနိုင်သောအရာများကို ရွေးချယ်နိုင်လေသည်။
နောက်ဆုံးတွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက တစ်ရာမျှင်ကုန်ကျသောကြောင့် လင်းယွမ်က သေချာသော အကျိုးအမြတ်မရှိဘဲ လုပ်မည်မဟုတ်ပေ။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အလွှာတစ်ဆယ်က အချိန်နိယာမကို အာရုံစိုက်ထားတာပဲ။ ပြီးတော့ ရှယိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း အတူတူပဲ။ "
" နှစ်ခုလုံးက အချိန်နိယာမရဲ့ အနှစ်သာရကို ဖော်ပြထားပေမယ့် တစ်ခုနဲ့တစ်ခုက လုံးဝကွဲပြားနေတယ်။ " လင်းယွမ်က အံ့ဩနေသည်။