ကြီးမြတ်သူရှချင်နှင့် တိုင်ပင်ခြင်း...
Vol. 34 Ch. 517
ရှယိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးစွန်သော တည်ရှိမှုက ကြီးမြတ်သူရှချင်ဖြစ်၏။
လင်းယွမ်၏ လက်ရှိပိုင်ဆိုင်မှုနှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ အကျိုးအမြတ်များကို ပေါင်းလျှင် သူက လူသားမျိုးနွယ်၏ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုလုံးကို ဝယ်ယူနိုင်လေသည်။
လင်းယွမ်အတွက် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များမှာ အသိအမြင်များအတွက်ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရကို နားလည်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲသို့ ပေါင်းထည့်ရန်ဖြစ်သည်။
" အချိန် " လင်းယွမ်က အသေးစားစကြာဝဠာကို ထုတ်ပြီး အတွင်းမှ အချိန်နိယာမ၏ ပြည့်စုံသော လည်ပတ်မှုကို လေ့လာရန်ပြင်လိုက်သည်။
" ငါ အချိန်နိယာမပုံစံ ၁၈၂၃ခုကို နားလည်သွားပြီ။ ဒါပေမယ့် အချိန်နိယာမအပေါ် နားလည်မှုက ရှုပ်ထွေးလာတယ်။ "
အချိန်နိယာမအပေါ် နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ သူနားလည်ထားသောအရာက သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်ကို သိလာခဲ့သည်။ အချိန်မြစ်၏ ရှေ့တွင် အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က ပိုကြီးသော ငါးတစ်ကောင်သာ ဖြစ်သည်။ ကြီးမြတ်သူတစ်ယောက်ကတော့ အချိန်မြစ်မှ ထွက်ပြီး ထာဝရတည်ရှိနိုင်ပြီဖြစ်သည်။
" အချိန်နိယာမပုံစံ ၁၈၂၃ခုကို နားလည်တာတောင် အဝေးကြီးလိုသေးတယ်လို့ ခံစားနေရတုန်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။
လက်ရှိတွင် လူသားမျိုးနွယ်က အချိန်နိယာမပုံစံ ၂၁၇၃ခုကို အနှစ်ချုပ်ထားသည်။ သို့သော် ထိုအချိန်နိယာမပုံစံများကို နားလည်သည်နှင့် ပြည့်စုံသော အချိန်နိယာမကို နားလည်သည်ဟုမဆိုလိုပေ။
လေဟာနယ်နိယာမနှင့် မတူညီခြင်းမှာ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက လေဟာနယ်နိယာမအပေါ် ပို၍ နက်ရှိုင်းစွာ နားလည်ထားသောကြောင့်ဖြစ်သည်။ ပင်မလေဟာနယ်ပုံစံများကို နားလည်သည်နှင့် ပြည့်စုံသော လေဟာနယ်နိယာမကို နားလည်ခြင်းသို့ ဦးတည်သွားပေလိမ့်မည်။
သို့သော် လူတစ်ယောက်က အချိန်နိယာမပုံစံများကို နားလည်ခြင်းက ပြည့်စုံသော အချိန်နိယာမကို နားလည်ရန် မလုံလောက်ပေ။ အချိန်နိယာမကို အပြည့်အဝ နားလည်ရန် မိမိကိုယ်သာ အားကိုးရပေလိမ့်မည်။
" အချိန်နိယာမကို လေ့လာရာမှာ ငါက အတားအဆီးနဲ့ ရင်ဆိုင်နေရပြီ။ " လင်းယွမ်က ရပ်တန့်လိုက်သည်။
ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အသေးစားစကြာဝဠာမှ အချိန်နိယာမ၏ ပြည့်စုံသော လည်ပတ်မှုကို လေ့လာခြင်းဖြင့် နောက်ထပ် အချိန်နိယာမပုံစံကို နားလည်ခြင်းက အတားအဆီးနှင့် တွေ့ခဲ့ရသည်။
" ငါ ကြီးမြတ်သူတစ်ယောက်နဲ့ ဆွေးနွေးရမယ်ထင်တယ်။ " လင်းယွမ်က ရုတ်တရက် တွေးလိုက်မိသည်။
အတားအဆီးတစ်ခုက လင်းယွမ်အတွက် ခဏသာဖြစ်သော်လည်း ပို၍ လွယ်ကူသော နည်းလမ်းလည်းရှိနေလေသည်။ လင်းယွမ်က ကြီးမြတ်သူရှချင်နှင့် တွေ့ဆုံပြီးနောက် လေ့ကျင့်မှုနှင့် နားမလည်သည့် မေးခွန်းများရှိလျှင် အချိန်မရွေးလာနိုင်သည်ဟု ပြောခဲ့လေသည်။
" မေးကြည့်ရမှာပေါ့။ " လင်းယွမ်က ကြီးမြတ်သူရှချင်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။ သူက ရှယိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့်ပက်သက်၍လည်း မေးခွန်းအချို့ ရှိနေသောကြောင့် အခြေအနေက အဆင်ပြေလေသည်။
ခမ်းတားသော ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ပေါ်တွင် ကြီးမြတ်သူရှချင်က ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။
" ဟ ဒီကောင်လေးက ငါ့ကို ဆက်သွယ်လာတာလား။ " ကြီးမြတ်သူရှချင်က လင်းယွမ်၏ မက်ဆေ့ချ်ကို ကြည့်ပြီး ပြုံးလိုက်သည်။
လင်းယွမ်က လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်၏။ သူက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် မသေချာသော်လည်း ထိုကဲ့သို့သော ပါရမီရှင်ကို လမ်းညွှန်ပေးခြင်းက ကြီးမြတ်သူရှချင်ကိုပင် ကျေနပ်မှုကို ခံစားရစေသည်။
" ဒီကိုလာခဲ့။ " ကြီးမြတ်သူရှချင်က လင်းယွမ်နှင့် တွေ့ဆုံရန် လက်ခံလိုက်သည်။
လင်းယွမ်၏ ပုံရိပ်က အောက်တွင်ပေါ်လာသည်။ " ကြီးမြတ်သူရှချင်ကို နှုတ်ဆက်ပါတယ်။ "
၎င်းက VR ကမ္ဘာမှ ကြီးမြတ်သူရှချင်၏ ကိုယ်ပိုင်ကမ္ဘာဖြစ်ပြီး အပြင်လူများ ခွင့်ပြုချက်မရှိဘဲ မဝင်နိုင်ပေ။
" မင်းရဲ့ မေးခွန်းတွေကို ပြောပါဦး။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။
လေ့ကျင့်မှုနှင့် ပက်သက်သော လင်းယွမ်၏ မေးခွန်းများကို သူက သိလိုစိတ်ရှိခဲ့လေသည်။ ၎င်းက လေဟာနယ်နှင့် ဆက်စပ်နေလိမ့်မည်ဟု သူကတွေးခဲ့သည်။ လင်းယွမ်က နဝမအလွှာသာဖြစ်ပြီး လေဟာနယ်အလွှာအများအပြားကို ဖွင့်ထားလျှင်တောင် နဝမအလွှာသာဖြစ်နေဆဲ ဖြစ်သည်။
" ကြီးမြတ်သူရှချင် " လင်းယွမ်က ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။ " ကျွန်တော် ရှယိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က စန်းယိုအချိန်ညွှန်းကိန်းနဲ့ပက်သက်ပြီး နားမလည်လို့ပါ။ စန်းယိုအချိန်ညွှန်းကိန်းဆိုတာ အချိန်ရဲ့ မတူညီတဲ့ အခြေအနေသုံးခုလား။ ဒါမှမဟုတ် စန်းယိုပုံသဏ္ဍန်မှာ ရောက်ယှက်နေတဲ့ အချိန်ဝဲတစ်ခုလား။ "
ရှယိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ကွဲပြားသော အချိန်နယ်ပယ်များ၏ အခြေအနေများနှင့် ပက်သက်၍ စန်းယိုအချိန်ညွှန်းကိန်းကို လင်းယွမ်က အချိန်နိယာမပုံစံများနှင့် နှိုင်းယှဉ်ခဲ့သော်လည်း ရှုပ်ထွေးမှုများရှိနေခဲ့သည်။
" ရှယိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လား။ " ကြီးမြတ်သူရှချင်က မျက်ခုံးများပင့်သွားပြီးနောက် တုန်လှုပ်သွား၏။
စန်းယိုအချိန်ညွှန်းကိန်းက ရှယိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလွှာဆယ့်တစ်မှအကြောင်းအရာဖြစ်သည်။ ရှယိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးစွန်သော တည်ရှိမှုအနေဖြင့် သူက စန်းယိုအချိန်ညွှန်းကိန်းကို ကောင်းကောင်းနားလည်လေသည်။
အချိန်နိယာမကို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်မှသာ စန်းယိုအချိန်ညွှန်းကိန်းကို နားလည်ရန် မျှော်လင့်နိုင်လေသည်။ အလွှာဆယ့်တစ်သို့ ရောက်နေသော ဆင့်ကဲပြောင်းလဲသူများပင် အချိန်ညွှန်းကိန်းကို နားမလည်သော်လည်း လင်းယွမ်က နားလည်နေလေသည်။
" အဲ့ဒါက စန်းယိုအချိန်ညွှန်းကိန်းဆိုတာ မင်း သေချာရဲ့လား။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို မေးလိုက်သည်။
" ဟုတ်ပါတယ်။ စန်းယိုအချိန်ညွှန်းကိန်းပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က ယုံကြည်စိတ်ချရလေသည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါး၊ ဆန်းကြယ်သော ဘူးသီးခြောက်၊ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနှင့် အချို့အရာများကိုသာ ချန်ထားပြီး အခြားအရာများကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။ အထူးသဖြင့် အချိန်နိယာမအား နားလည်ခြင်းကို ဖော်ပြခြင်းက သူ့အတွက် ပို၍ပင် အကျိုးရှိလေသည်။
" စန်းယိုအချိန်ညွှန်းကိန်းဆိုတာ အချိန်စီးဆင်းမှုရဲ့ သီးခြားအတိုင်းအတာတစ်ခုပဲ။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ခဏစိုက်ကြည့်ပြီး စတင်ရှင်းပြလိုက်သည်။
ထိုအကြောင်းအရာများကို ကြားသောအခါ အသိအမြင်များစွာက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး အချိန်နိယာမနှင့် ပက်သက်သော အဖြေများကို ရရှိလာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်နိယာမ၏ အနှစ်သာရများကို နားထောင်ပြီး ၁၈၂၃ခုမြောက် အချိန်နိယာမပုံစံအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်နိယာမ၏ အနှစ်သာရများကို နားထောင်ပြီး ၁၈၂၃ခုမြောက် အချိန်နိယာမပုံစံအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
မီနစ်သုံးဆယ်ပင်မပြည့်ဘဲ လင်းယွမ်၏ ရှုပ်ထွေးနေသော အချိန်နိယာမပုံစံများက ရှင်းလင်းလာပြီး အချိန်နိယာမအပေါ် နားလည်မှုက အဆင့်တစ်ခုသို့ ရောက်လာသည်။
" အချိန် ဒါက အချိန်ပဲ။ " လင်းယွမ်က ကျေနပ်သွားသည်။
ကြီးမြတ်သူရှချင်၏ စန်းယိုအချိန်ညွှန်းကိန်းက သူအား အချိန်နိယာမ၏ ရှုထောင့်တစ်ခုကို ပြသခဲ့သည်။
ကြီးမြတ်သူရှချင်က လင်းယွမ် တိတ်ဆိတ်နေသည်ကို ကြည့်ပြီး ခဏကြာသောအခါ မေးလိုက်သည်။ " ဘယ်လိုလဲ။ မင်းနားလည်ရဲ့လား။ ငါမင်းကို နောက်တစ်ခေါက် ထပ်ရှင်းပြမယ်။ "
ပုံမှန်အားဖြင့် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများပင် စန်းယိုအချိန်ညွှန်းကိန်း၏ သဘောတရားကို ပထမဆုံး ကြုံတွေ့ချိန်တွင် အလွန်ရှုပ်ထွေးကြလေသည်။ သူတို့ကို သူကိုယ်တိုင် ရှင်းပြလျှင်တောင် အချိန်တစ်ခုအထိ ရှုပ်ထွေးနေပေလိမ့်မည်။ ပင်မစကြာဝဠာ၏ အချိန်နိယာမကို လေ့လာပြီး တဖြည်းဖြည်း နားလည်ရန် ကြိုးစားရလေသည်။
" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူရှချင်။ ကျွန်တော် အခုနားလည်သွားပါပြီ။ "
ထိုအခိုက်အတန့်တွင် သူက စန်းယိုအချိန်ညွှန်းကိန်းဖြင့် အချိန်နိယာမပုံစံ ၁၈၂၃ခုလုံးကို နားလည်သွားခဲ့သည်။ လင်းယွမ်က အချိန်နိယာမနှင့် ပက်သက်၍ ရှုပ်ထွေးခြင်းမရှိတော့ပေ။
" ဟမ် မင်းနားလည်သွားပြီလား။ " ကြီးမြတ်သူရှချင်က တိတ်ဆိတ်သွားပြန်သည်။
တစ်ကြိမ် ရှင်းပြရုံနဲ့ မင်းက နားလည်သွားတာလား။
" ဟုတ်ကဲ့ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ပြီး အချိန်ကြိုးများက သူ၏ လက်ချောင်းထိပ်များတွင် ရစ်ပတ်သွားပြီး ၁၈၂၃ခုမြောက် အချိန်နိယာမပုံစံ ပေါ်လာသည်။
" အင်း " ကြီးမြတ်သူရှချင်က လင်းယွမ်တည်ဆောက်ထားသော အချိန်နိယာမပုံစံကို တစ်ချက်ကြည့်လိုက်ပြီး လင်းယွမ်က အမှန်တကယ် နားလည်သွားသည်ကို အတည်ပြုနိုင်ခဲ့သည်။
နားလည်မှုမရှိဘဲ ထိုကဲ့သို့သော အချိန်နိယာမပုံစံတစ်ခုကို တည်ဆောက်နိုင်ခြင်းမရှိပေ။
" လင်းယွမ်..." ကြီးမြတ်သူရှချင်က ရှုပ်ထွေးသော ခံစားချက်များနှင့် လင်းယွမ်ကို ကြည့်လိုက်သည်။ " မင်းက ငါ့ကို တကယ် အံ့အားသင့်စေတာပဲ။ "
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ အဖြစ်အပျက်များကို သူလည်း သိထားလေသည်။ သူက လင်းယွမ်တွင် လေဟာနယ်နိယာမအပေါ် မြင့်မားသော နားလည်မှုရှိသည်ဟုသာ တွေးခဲ့သည်။ သို့သော် အချိန်နိယာမတွင်လည်း လင်းယွမ်၏ နားလည်မှုက ယခုလောက်ထိ နက်ရှိုင်းလိမ့်မည်ဟု သူမတွေးမိခဲ့ပေ။
၁၈၂၃ခုမြောက် အချိန်နိယာမပုံစံကို သူက အလွှာတစ်ဆယ်ရောက်မှ နားလည်ခဲ့ခြင်းဖြစ်သည်။ အချိန်နိယာမအပေါ် နားလည်မှုက တူညီသော ကာလတစ်ခုအတွင်း ကြီးမြတ်သူများထက်ပင် သာလွန်နေခဲ့သည်။
အချိန်ဂုဏ်သတ္တိများဖြင့် မွေးဖွားလာသော အချို့အထူးသက်ရှိများက အချိန်နိယာမကို နားလည်ရန် လွယ်ကူလေသည်။ သို့သော် လင်းယွမ်က အထူးသက်ရှိဖြစ်ရန်မပြောနှင့် အထူးသွေးမျိုးဆက်ပင် မရှိပေ။
" ဒါက ကံကောင်းလို့ပါ။ မကြာသေးခင်က နားလည်မှုအချို့ ရှိခဲ့တာပါ။ " လင်းယွမ်က ပြောလိုက်သည်။
" နားလည်မှုအချို့လား။ " ကြီးမြတ်သူရှချင်က ထိုစကားကို တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။
" အချိန်နိယာမက အရမ်းအရေးကြီးတယ်။ " ကြီးမြတ်သူရှချင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " မင်းက အချိန်နိယာမကို စောစော နားလည်ထားလေ အနာဂတ်အတွက် အကျိုးရှိလေပဲ။ "