မိတ်ဆွေဖွဲ့ခြင်း....
Vol. 34 Ch. 515
" ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်တာက အန္တိမအသိအမြင်အတွက်ပဲ ကူညီနိုင်တာမဟုတ်ဘူး။ အဲ့ဒါက အလွှာဆယ့်နှစ်ထဲဝင်ရောက်ပြီးရင်တောင် ကျင့်ကြံမှုအတွက် အထောက်အကူဖြစ်စေတယ်။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အား ဖြန့်ကျက်ခြင်းကို လက်လျှော့မည်မဟုတ်ပေ။ ၎င်းကို ပင်မစကြာဝဠာတွင်သာမက အခြားကမ္ဘာများတွင်လည်း ဖြန့်ကျက်နေမည်ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်တာအိုကို ဖြန့်ကျက်ခြင်းက အနာဂတ်တွင် အဆုံးမဲ့အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု လင်းယွမ်က ခံစားမိလေသည်။
VR ကမ္ဘာတွင် ရှခွန်ရန်နှင့် လင်းယိတို့၏ မင်္ဂလာပွဲက ပြီးဆုံးသွားခဲ့သည်။ လူသား ရှမိသားစုနှင့် နဂါးငွေ့တန်းကြယ်သခင်တို့၏ လွှမ်းမိုးမှုကြောင့် ထိုမင်္ဂလာပွဲက လူသားမျိုးနွယ်အပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့လေသည်။
မင်္ဂလာပွဲပြီးသောအခါ လင်းယွမ်က မင်္ဂလာပွဲကို တက်ရောက်ခဲ့သော အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူအချို့နှင့် သီးသန့်တွေ့ဆုံခဲ့သည်။
" ဟားဟား ကျုပ်က နဂါးငွေ့တန်းကြယ်သခင်ရဲ့ ဂုဏ်သတင်းကို ကြားဖူးနေတာကြာပြီ။ အခုမှပဲ လူကိုယ်တိုင်တွေ့ရတော့တယ်။ " လက်တစ်ဖက်တည်းရှိသော လူတစ်ယောက်က ရယ်မောလိုက်သည်။
သူ၏ ဘယ်လက်ကမရှိဘဲ ညာလက်တစ်ဖက်တည်းသာ ရှိလေသည်။ လူသားမျိုးနွယ်၏ နည်းပညာများနှင့် ခေါင်းတစ်လုံးသာ ကျန်နေလျှင်တောင် ခန္ဓာကိုယ်ကို အလွယ်တကူ ပြန်လည်ဖန်တီးနိုင်ျလသည်။ ထို့အပြင် အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က လက်တစ်ဖက်ကို ပြန်လည်ကြီးထွားစေခြင်းက လွယ်ကူသော ကိစ္စတစ်ခုသာဖြစ်သည်။
သို့သော် ထိုလူ၏ ဘယ်လက်က အင်းဆက်မျိုးနွယ်မှ ကြောက်စရာကောင်းသော ရန်သူ၏ ဖြတ်တောက်ခြင်းခံခဲ့ရလေသည်။ ထိုလက်တစ်ဖက်ကို သူ၏ သတိပေးချက်တစ်ခုအနေဖြင့် ပြန်လာ်ကောင်းမွန်ခွင့်မပြုခြင်းဖြစ်သည်။
အလွှာတစ်ဆယ်များကြား ရင်ဆိုင်မှုတွင် ခန္ဓာကိုယ်အစိတ်အပိုင်းမရှိခြင်းထက် ပေါင်းစပ်နိယာမများက ပိုအရေးကြီးလေသည်။
" ကျုပ်လည်း အနက်ရောင်ကြယ်သခင်ရဲ့ နာမည်ကို ကြားဖူးပါတယ်။ " လင်းယွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။
လက်တစ်ဖက်တည်းနှင့် လူက အနက်ရောင်ကြယ်သခင်ဖြစ်ပြီး အလွန်ကြောက်စရာကောင်းသော အလွှာတစ်ဆယ် အင်အားကြီးသူတစ်ယောက်ဖြစ်သည်။ အချိန်ကြာမြင့်စွာကတည်းက အဆင့်အေ ခြိမ်းခြောက်မှုစာရင်းထဲသို့ ထည့်သွင်းခြင်းခံထားရလေသည်။ ထို့အပြင် အနက်ရောင်ကြယ်သခင်က ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုထဲမှ တစ်ခုဖြစ်သော အနက်ရောင်ရင်းမြစ်မျှော်စင်မှ ဆင်းသက်လာခြင်းဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင် ဒါက ကျွန်မတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုပါ။ " အစိမ်းရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက်က ပြုံး၍ ပြောလိုက်သည်။
" လျိုလီကြယ်သခင် လူသားမျိုးနွယ်ရဲ့ ခေတ်တစ်ခေတ်ကို လွှမ်းမိုးချိန်တုန်းက ကျုပ်မွေးတောင်မမွေးသေးပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။ " ကျုပ်က လျိုလီကြယ်သခင်ကို တကယ်လေးစားမိပါတယ်။ "
လျိုလီကြယ်သခင်က လူသားမျိုးနွယ် ခေတ်တစ်ခေတ်၏ ပါရမီရှင်တစ်ယောက်ဖြစ်၏။ သူမက အထူးခန္ဓာနှင့် သန်မာသော သွေးမျိုးဆက်ကို ပိုင်ဆိုင်လေသည်။ သူမက နဝမအလွှာတွင် လေဟာနယ်အလွှာ သန်းခြောက်ဆယ်နီးပါး ဖွင့်လှစ်ခဲ့သည်။ ထိုခေတ်က သူမကို အသန်မာဆုံး နဝမအလွှာအဖြစ် သတ်မှတ်ခဲ့ကြသည်။
" နဂါးငွေ့တန်းကြယ်သခင်က ရယ်စရာပြောနေတာပဲ။ " လျိုလီကြယ်သခင်က သက်ပြင်းချလိုက်သည်။
" ဟားဟား နဂါးငွေ့တန်းကြယ်သခင်ဖွင့်ထားတဲ့ လေဟာနယ်အလွှာ အရေအတွက်က လျိုလီထက် အများကြီးသာတယ်မဟုတ်လား။ အဲ့လိုပြောတော့ လျိုလီက ခြေထောက်နဲ့ မြေကြီးထိတော့မှာမဟုတ်ဘူး။ " ပိန်ပိန်နှင့် အဘိုးကြီးတစ်ယောက်က ပြောလိုက်သည်။ သူကလည်း အလွှာတစ်ဆယ် အဆင့်အေ တစ်ယောက်ဖြစ်လေသည်။
လင်းယွမ်က အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူ ဆယ်ယောက်ကျော်ကို ကြည့်လိုက်သည်။ သူတို့ထဲတွင် အားအနည်းဆုံးက အလွှာတစ်ဆယ် အဆင့်ဘီတွင် ရှိလေသည်။ တစ်ယောက်ချင်းဆီက အလွှာဆယ့်တစ်သို့ ဝင်ရောက်ရန် မျှော်လင့်ချက်ရှိကြလေသည်။ ယခုရှိသူအားလုံးထဲတွင် လင်းယွမ်က သံသယဝင်စရာမလိုပဲ နဝမအလွှာ အနိမ့်ဆုံးဖြစ်လေသည်။
သို့သော် သူတို့က လင်းယွမ်ကို အထင်မသေးရဲကြပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် နဂါးငွေ့တန်းကြယ်သခင် ပြသခဲ့သော ခွန်အားအရ အလွှာတစ်ဆယ်သို့ ရောက်ရန် အချိန်တစ်ခုသာ လိုအပ်လေသည်။ ထို့အပြင် အဆင့်အေသို့ လျင်မြန်စွာ ဝင်ရောက်လာပြီး အလွှာဆယ့်တစ်အောက်တွင် အသန်မာဆုံး တည်ရှိမှုဖြစ်လာပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ ပါရမီနဲ့ အရည်အချင်းက ကျုပ် တကယ်မနာလိုဖြစ်မိပါတယ်။ " ပိန်ပိန်နှင့် အဘိုးကြီးက ပြောလိုက်သည်။
အထူးခန္ဓာ၊ သန်မာသော သွေးမျိုးဆက်နှင့် ကြီးမြတ်သူတစ်ယောက်၏ မျိုးဆက်ဖြစ်သော လျိုလီကြယ်သခင်ကဲ့သို့ ပါရမီရှင်များကိုပင် သူမနာလိုမဖြစ်မိပေ။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က အထူးခန္ဓာနှင့် သွေးမျိုးဆက်များမရှိပေ။ ထို့အပြင် သူ၏ ဆရာကလည်း အဋ္ဌမအလွှာ တားဆီးမရသူဖြစ်သော ချီခွန်ကြယ်သခင်သာ ဖြစ်လေသည်။ နဂါးငွေ့တန်းကြယ်သခင်က လက်ရှိအဆင့်ကို သူ၏ ကြိုးစားမှုဖြင့် တက်လှမ်းခဲ့ခြင်းဖြစ်သည်။
" ပါရမီနဲ့ အရည်အချင်းတွေက နောက်ဆုံးမှာ နည်းနည်းပဲ အသုံးဝင်ပါတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူတို့အားလုံးက အလွှာဆယ့်တစ်သို့ ဝင်ရောက်ရန် မျှော်လင့်ချက်ရှိကြသောကြောင့် ကြီးမြတ်သူအဆင့်ကိုလည်း ရည်မှန်းထားကြလေသည်။ သို့သော် အလွှာဆယ့်တစ်သက်ရှိအများစုက အန္တိမအသိအမြင်ကို မကြိုးစားနိုင်ကြပေ။
အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အန္တိမအသိအမြင်အတွက် တိုက်ခိုက်ချိန်တွင် ကျရှုံးသွားသည်နှင့် သေဆုံးရမည်ဖြစ်သည်။ ကြီးမြတ်သူတစ်ယောက်ပင် ပြောင်းပြန်လှန်နိုင်စွမ်းမရှိပေ။
အနက်ရောင်ကြယ်သခင်က လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင် အလွှာတစ်ဆယ်ကို တက်လှမ်းပြီးရင် ပြင်ပကုန်းမြေကို ဝင်ရောက်မှာလား။ "
" ပြင်ပကုန်းမြေ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
ပြင်ပကုန်းမြေက ပင်မစကြာဝဠာအတွင်း တည်ရှိခြင်းမဟုတ်ပေ။ ၎င်းက လူသားမျိုးနွယ်၏ အရေးကြီးဆုံး အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်သည်။ လူသားမျိုးနွယ်က နှစ်ပေါင်းနှစ်သန်းကျော်နှင့် အလွှာတစ်ဆယ်၊ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကို ဘာလို့မွေးထုတ်ပေးနိုင်ခဲ့တာလဲ။
အဋ္ဌမအလွှာ သက်ရှိများပင် နှစ်ပေါင်း နှစ်သန်း သို့မဟုတ် သုံးသန်းအထိ အသက်ရှင်နိုင်လေသည်။ နတ်ဆိုးကျောက်စိမ်မျှော်စင်တွင် အဋ္ဌမအလွှာသက်ရှိတစ်ယောက်၏ သက်တမ်းက နှစ်ပေါင်း ငါးသန်းဖြစ်လေသည်။
၎င်းတို့က ပုံမှန်သက်တမ်းများဖြစ်ပြီး သစ်ပင်ကမ္ဘာ၏ သားတော်ကဲ့သို့ စကြာဝဠာထဲတွင် ရှည်လျားသော သက်တမ်းရှိသည့် သက်ရှိများလည်း ရှိလေသည်။
နှစ်ပေါင်းနှစ်သန်းကျော်အတွင်း လူသားမျိုးနွယ်က အင်အားကြီးသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည့် အဓိက အကြောင်းရင်းမှာ ပြင်ပကုန်းမြေဖြစ်လေသည်။ ပြင်ပကုန်းမြေ၏ အချိန်စီးဆင်းမှုက ပင်မစကြာဝဠာထက် ပိုမိုနှေးကွေးလေသည်။
အချိန်စီးဆင်မှုကွာခြားသွားလျှင် မဟာတာအို၏ နိယာမများအပေါ် အမြင်ကလည်း ဝေဝါးသွားမည်ဖြစ်သည်။ သို့သော် လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က ဟင်းလင်းပြင်နယ်မြေကို အသုံးပြုပြီး ပြင်ပကုန်းမြေမှ မဟာတာအို၏ နိယာမများကို ပြန်လည်တည်ဆောက်ခဲ့လေသည်။
၎င်းက ပင်မစကြာဝဠာ၏ နိယာမများကဲ့သို့ မပြည့်စုံလျှင်တောင် ဝေဝါးမှုကို အတိုင်းအတာတစ်ခုအထိ လျော့ချပေးနိုင်လေသည်။ မဟာတာအို၏ နိယာမများ ဝေဝါးမှုမှာ မြန်ဆန်သော အချိန်စီးဆင်းမှုကြောင့် ဖြစ်သည်။ ၎င်းကို လျော့ချနိုင်လျှင်တောင် ပြင်ပကုန်းမြေတွင် နားလည်ခဲ့သော နိယာမများက ပင်မစကြာဝဠာသို့ ပြန်ရောက်လျှင် သုံးပုံနှစ်ပုံ လျော့ကျသွားလေသည်။
" အချိန်တန်ရင်တော့ စဉ်းစားရမှာပေါ့။ " လင်းယွမ်က ပြင်ပကုန်းမြေကို စိတ်ဝင်စားမှုအချို့ ရှိလေသည်။
ပြင်ပကုန်းမြေတွင် မဟာတာအို၏ နိယာမများကို နားလည်ခြင်းက ပင်မစကြာဝဠာလောက်မကောင်းသော်လည်း ကွဲပြားသော အချိန်စီးဆင်းမှုကြောင့် နိယာမများကို ပေါင်းစည်းရာတွင် သင့်လျော်လေသည်။
လူသားမျိုးနွယ်တွင် အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်များသာ ပြင်ပကုန်းမြေထဲသို့ ဝင်ရောက်နိုင်လေသည်။ ပြင်ပကုန်းမြေ၏ အားနည်းချက်များကို လင်းယွမ်က ဖြေရှင်းနိုင်လေသည်။
၎င်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ ရသော ဖရိုဖရဲသလင်းကျောက်နှင့် အသေးစားစကြာဝဠာတို့ဖြစ်သည်။ ဖရိုဖရဲသလင်းကျောက်တွင် နိယာမအမျိုးမျိုးက ပေါင်းစည်းလိုက် ပြိုကွဲလိုက်ဖြစ်နေလေသည်။ အသေးစားစကြာဝဠာတွင် နိယာမများ၏ ပြည့်စုံသော ဟန်ချက်ညီမှုတစ်ခုကို ပေးလေသည်။
အလွှာတစ်ဆယ်များနှင့် တွေ့ဆုံနေစဉ် လင်းယွမ်က လျို့ဝှက်မက်ဆေ့ချ်များစွာကို ရရှိခဲ့လေသည်။ ၎င်းက လူသားမျိုးနွယ်တွင် မှတ်တမ်းမတင်ထားသော သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံများ ဖြစ်လေသည်။
မကြာမီ တွေ့ဆုံမှုက အဆုံးသတ်သွားပြီး လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်သည်။
" အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတွေက အတော်ဖော်ရွေကြတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
၎င်းကလည်း သူပြသခဲ့သော အရည်အချင်းနှင့် ခွန်အားကြောင့် ဖြစ်သည်ကို လင်းယွမ်က သိလေသည်။ အကယ်၍ သူသာ သာမန်နဝမအလွှာတစ်ယောက်ဖြစ်လျှင် ထိုအလွှာတစ်ဆယ်ဆင့်ကဲပြောင်းလဲသူများက လှည့်ပင်ကြည့်မည်မဟုတ်ပေ။
ဝုန်း....
လင်းယွမ်၏ အတွင်းကမ္ဘာက တဖြည်းဖြည်း ကျယ်ပြန့်လာပြီး နောက်ဆုံး မိုင် ၁.၉၉၈ ဘီလီယံတွင် ရပ်တန့်သွားသည်။
" အပြာရောင်အရည်ကို စုပ်ယူပြီးသွားပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
လင်းယွမ်က သူ၏ အတွင်းကမ္ဘာ မိုင်သန်းတစ်ရာကျော်ချိန်တွင် စကြာဝဠာမှ ဖိအားကို ခံစားရလေသည်။ မိုင်သန်းတစ်ရာရှိသော အတွင်းကမ္ဘာက စကြာဝဠာမှ ခွင့်ပြုထားသော ကန့်သတ်ချက်ထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။
" ဆက်လုပ်ရမယ်။ " လင်းယွမ်က ဘူးသီးခြောက်ကို ထုတ်ယူလိုက်သည်။
ဘူးသီးခြောက်ကို စောင်းလိုက်ချိန်တွင် ခရမ်းရောင်အရည်တစ်စက်က ဖြည်းညင်းစွာ စုစည်းလာသည်။ လင်းယွမ်က ခရမ်းရောင်အရည်စက်မှ ပြည့်စုံမှုတစ်ခု ပါဝင်နေသည်ကို ခံစားလိုက်ရသည်။
လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် ခရမ်းရောင်အရည်ကို လေ့ရန်ကြိုးစားလိုက်သော်လည်း အသုံးမဝင်ပေ။