လူသားမျိုးနွယ်၏ အနာဂတ်....
Vol. 34 Ch. 518
" မင်းက အလွှာတစ်ဆယ်ကို မရောက်ခင် အချိန်နိယာမပုံစံအားလုံးကို နားလည်သွားရင် ငါ့ကို ထပ်ပြီး လာရှာလှည့်ပါ။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
ယခုအချိန်တွင် လူသားမျိုးနွယ်က အချိန်နိယာမပုံစံ ၂၁၇၃မျိုးကို စုစည်းထားလေသည်။ ၎င်းတို့အားလုံးကို ဖမ်းဆုပ်နိုင်ခြင်းက အချိန်နိယာမကို အတိုင်းအတာတစ်ခုအထိ နားလည်သည်ဟု ပြောနိုင်လေသည်။ ထိုအကွာအဝေးကို ကျော်လွန်ရန် ဆင့်ကဲပြောင်းလဲသူများက သူတို့ကိုသူတို့သာ မှီခိုနိုင်ကြလေသည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ဒါဆိုကျွန်တော်သွားလိုက်ပါဦးမယ်။ "
လင်းယွမ်၏ စကားဆုံးသည်နှင့် ပုံရိပ်တစ်ခုက သူ၏ ဘေးတွင်ပေါ်လာပြီး ကြီးမြတ်သူရှချင်ကို အရိုအသေပေးလိုက်သည်။
" နာလန် ဒုမျှော်စင်သခင် နာလန်..." လင်းယွမ်က တစ်ဖက်လူကို မှတ်မိသွားသောကြောင့် အံ့ဩသွားသည်။
ဒုမျှော်စင်သခင်နာလန်က ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် ကြီးမြတ်သူရှချင်၏ အောက်၌ ရပ်တည်နေလေသည်။ ယခု အင်းဆက်မျိုးနွယ်၏ ကိစ္စကို ကိုင်တွယ်ရာတွင် လူသားမျိုးနွယ်ကိုယ်စား ဟေးယွမ်မျိုးနွယ်ကို အရေးယူခဲ့သူမှာ နာလန်ဖြစ်သည်။
သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် ဟေးယွမ်မျိုးနွယ်မှ အလွှာတစ်ဆယ် အကြီးအကဲများကို ဟေးယွမ်လျို့ဝှက်နယ်မြေမှ ထွက်မလာရဲအောင် ဖိနှိပ်ခဲ့လေသည်။
ထို့အပြင် ကြီးမြတ်သူရှချင်၏ စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲကို လင်းယွမ်ဆီသို့ လာပို့ပေးခဲ့သူမှာ နာလန်ပင်ဖြစ်သည်။ နာလန်၏ ခွန်အားမှာ အလွှာတစ်ဆယ် အဆင့်အေအတွင်း အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်လေသည်။
လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုလုံး၏ ဒုမျှော်စင်သခင်အားလုံးက အလွှာတစ်ဆယ်များဖြစ်ကြသည်။ အကြောင်းမှာ အလွှာဆယ့်တစ်ရှိသူများက အဆုံးစွန်သော အဆင့်ကို စိန်ခေါ်ရန်အတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။ မျှော်လင့်ချက်အနည်းငယ် ရှိလျှင်တောင် ဘယ်တော့မှ လက်မလျော့ကြပေ။
ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်၏ ဒုမျှော်စင်သခင်များ၏ အခန်းကဏ္ဍက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အပြင်ဘက်မှ သေးငယ်သော ကိစ္စများကို ကိုင်တွယ်ခြင်းဖြစ်သည်။ ကြီးမြတ်သူများနှင့် အလွှာဆယ့်တစ်များ အချိန်ပေးရန် မလိုသည့်ကိစ္စများဖြစ်သည်။ ထို့ကြောင့် ဒုမျှော်စင်သခင်အဖြစ် တာဝန်ထမ်းဆောင်နေသူများက ယေဘုယျအားဖြင့် အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။
" နဂါးငွေ့တန်းကြယ်သခင် " ဒုမျှော်စင်သခင် နာလန်က အနည်းငယ် ခေါင်းညိမ့်လိုက်သည်။ သူလည်း သဘာဝအတိုင်း လင်းယွမ်ကို မှတ်မိလေသည်။
ယနေ့ခေတ်တွင် နဂါးငွေ့တန်းကြယ်သခင်၏ နာမည်က လူသားမျိုးနွယ်အတွင်း အကျော်ကြားဆုံး ဖြစ်လေသည်။ နဂါးငွေ့တန်းကြယ်သခင်က အသိအမှတ်ပြုရန် ထိုက်တန်သောကြောင့် နာလန်က မသက်မသာ မခံစားရပေ။
" ကြီးမြတ်သူ "
လင်းယွမ် ပျောက်ကွယ်သွားချိန်တွင် နာလန်က ပလ္လင်ပေါ်မှ ကြီးမြတ်သူရှချင်ကို ကြည့်လိုက်သည်။
" ကြီးမြတ်သူက စိတ်ခံစားချက် ကောင်းမွန်နေပုံရတယ်။ " နာလန်က သိလိုစိတ်ဖြစ်သွားသည်။
ကြီးမြတ်သူရှချင်က စိတ်ခံစားမှု အတက်အကျကို ဖော်ပြခြင်းက ရှားပါးလေသည်။ ထာဝရတည်ရှိနေသော ကြီးမြတ်သူများ၏ စိတ်ခံသားမှုကို လှုံ့ဆော်နိုင်သောအရာက မရှိသလောက်ပင် ဖြစ်သည်။
" ငါ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို မြင်ခဲ့ရတယ်။ " ကြီးမြတ်သူရှချင်က ပြုံး၍ ပြောလိုက်သည်။
နဝမအလွှာတွင် အချိန်နိယာမကို အတိုင်းအတာတစ်ခုအထိ နားလည်ထားသည့်အပြင် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုလည်း ဖန်တီးထားသည်။ ကြီးမြတ်သူရှချင်၏ အမြင်တ်ခင် လင်းယွမ်က အခြားအလွှာဆယ့်တစ်ဆင့်ကဲပြောင်းလဲသူများထက် ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အများကြီး ပို၍ မျှော်လင့်ချက် ရှိလေသည်။
" လူသားမျိုးနွယ်ရဲ့ အနာဂတ်လား။ " ဒုမျှော်စင်သခင် နာလန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
" ကြီးမြတ်သူရဲ့ လမ်းညွှန်မှုက တကယ်လွယ်ကူတဲ့ နည်းလမ်းတစ်ခုပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
ကြီးမြတ်သူရှချင်၏ လမ်းညွှန်မှုမရှိဘဲ သူက စန်းယိုအချိန်ညွှန်းကိန်းကို နားလည်ခဲ့လျှင်တောင် လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ် အချိန်ယူရပေလိမ့်မည်။
ကြီးမြတ်သူကို မမေးမီ သူက ထိုအတားအဆီးကို ကျော်လွှားရန် နည်းလမ်းအမျိုးမျိုးကို စဉ်းစားခဲ့သည်။ ထို့ကြောင့် ကြီးမြတ်သူရှချင်က အနည်းငယ် ရှင်းပြလိုက်သည်နှင့် သူက နားလည်သွားခြင်းဖြစ်သည်။
" ကြီးမြတ်သူရှချင်က ငါ့ကို အချိန်နိယာမပုံစံတွေအားလုံး နားလည်ရင် သူ့ကို ထပ်ပြီး လာတွေ့ဖို့ ပြောခဲ့တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ပင်မကြယ်ပေါ်တွင် ချွမ်ပို၊ ကျားလီ၊ ဟုန်ပိနှင့် အခြားသူများက လင်းယွမ်ကို လေးစားစွာ ဂါရဝပြုခဲ့ကြသည်။ ပုံမှန်အားဖြင့် နဂါးငွေ့တန်းကြယ်နယ်မြေ၏ ကိစ္စများကို သူတို့ကြားဆွေးနွေးပြီးနောက် ရလဒ်များကို လင်းယွမ်ကို အစီရင်ခံခဲ့ကြသည်။ သူတို့က ဆုံးဖြတ်၍ မရနိုင်သောကိစ္စ သို့မဟုတ် မဖြေရှင်းနိုင်သော ကိစ္စများနှင့် ရင်ဆိုင်ရလျှင် သူတို့က လင်းယွမ်ကို တွေ့ကြလေသည်။
" ကြယ်သခင် " သူတို့အားလုံးက ထိုင်နေသော လူငယ်ကို ကြည့်ရုံနှင့် သူတို့၏ စိတ်ဝိညာဉ်မှ တုန်လှုပ်မှုကို ခံစားရလေသည်။
" ကြယ်သခင်က သူ့ရဲ့ အော်ရာကို ထိန်းချုပ်ထားတာတောင် ငါတို့က ကြီးမားတဲ့ ဖိအားကို ခံစားနေရတုန်းပဲ။ ကြယ်သခင်က တကယ် ဘယ်လောက်တောင် အင်အားကြီးမားတာလဲ။ " ပင်မကြယ်၏ အုပ်ချုပ်သူများက တွေးမိလိုက်ကြသည်။
" အခုဆို လူသားမျိုးနွယ်မှာ ကြယ်သခင်ရဲ့ နာမည်က အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတွေထက်တောင် ကျော်လွန်နေပြီ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အဖြစ်အပျက်ကလည်း ကြယ်သခင်ကို မျိုးနွယ်ခြားတွေ ကြောက်ရွံ့သွားစေခဲ့တယ်။ "
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများအနေဖြင့် သတင်းအချက်အလက်များ ရရှိနိုင်လေသည်။ လူသားမျိုးနွယ်၏ အထက်ပိုင်းမှ အဖြစ်အပျက်များကို အများအားဖြင့် သိကြလေသည်။
" ကြယ်သခင်ရဲ့ လက်ရှိခွန်အားက သခင်ဟောင်းထက် အများကြီး ကျော်လွန်သွားပြီ။ " မျိုးနွယ်ခြားနှစ်ယောက်က တွေးလိုက်သည်။ " သခင်ဟောင်းက ကြယ်သခင် အဋ္ဌမအလွှာကို ရောက်ပြီး ကြယ်နယ်မြေကို တာဝန်ယူချိန်မှာ အနိုင်ကျင့်ခံရမှာကို စိုးရိမ်ခဲ့တယ်။ အခု ကြယ်သခင်ကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ။ "
ဟုန်ပိနှင့် လုယန်တို့က စိတ်လှုပ်ရှားနေကြသည်။ သူတို့က ချီခွန်ကြယ်သခင်ဆီမှ ယခု နဂါးငွေ့တန်းကြယ်သခင်အထိ ယုံကြည်စိတ်ချရသူများဟု ပြောနိုင်လေသည်။ မျိုးနွယ်ခြားများအနေဖြင့် သူတို့က များစွာ အရေးပါခြင်းမရှိဘဲ သူတို့အတွက် မှီခိုရာမှာ နဂါးငွေ့တန်းကြယ်သခင်သာ ဖြစ်သည်။
" ဘာလဲ။ " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ စိတ်အများစုက ကျင့်ကြံခြင်းထဲတွင် နစ်မြှုပ်နေဆဲ ဖြစ်ပြီး သူ၏ ရှေ့မှ လူအနည်းငယ်ကို ကြည့်လိုက်သည်။
ဆုံးဖြတ်မရနိုင်သောအခြေအနေ သို့မဟုတ် ကြယ်နယ်မြေတစ်ခုလုံးကို သက်ရောက်စေနိုင်သော ကိစ္စမရှိလျှင် သူ့ကို မနှောက်ယှက်ရန် မှာကြားထားခဲ့သည်။ ၎င်းက ကြယ်နယ်မြေကို အုပ်ချုပ်သော ကြယ်သခင်များအတွက် လုပ်လေ့ရှိသော အရာသာဖြစ်ပြီး သူတို့၏ အချိန်အများစုကို လေ့ကျင့်ခြင်းတွင်သာ ကုန်ဆုံးလေ့ရှိလေသည်။
" ကြယ်သခင် " ဟုန်ပိက လေးစားစွာ ပြောလိုက်သည်။ " အရိပ်မျိုးနွယ်က နဂါးငွေ့တန်းကြယ်နယ်မြေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ထူထောင်ချင်တယ်လို့ ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ "
" အရိပ်မျိုးနွယ်က ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ထူထောင်ချင်တာလား။ " လင်းယွမ်က အသေးစိတ်အချက်အလက်များကို သိလိုက်ရသည်။
နဂါးငွေ့တန်းကြယ်နယ်မြေက အစက အရိပ်မျိုးနွယ်၏ နယ်မြေဖြစ်သည်။ မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် လူသားမျိုးနွယ်ကို ရှုံးနိမ့်ပြီးနောက် သူတို့က ဆုတ်ခွာခဲ့ရလေသည်။ ထို့ကြောင့် နဂါးငွေ့တန်းကြယ်နယ်မြေက အရိပ်မျိုးနွယ်၏ နယ်မြေနှင့် နီးကပ်လျက်ရှိလေသည်။
" ငါသိပြီ။ " လင်းယွမ်က စဉ်းစားနေသည်။
ချွမ်ပို၊ ကျားလီ၊ ဟုန်ပိ၊ လုယန်နှင့် အခြားသူများက လင်းယွမ်ဆီသို့ လာရောက်ကြခြင်းမှာ အံ့ဩစရာမရှိပေ။ ၎င်းက သူတို့ကိုယ်တိုင် ဆုံးဖြတ်၍ မရသော အရာဖြစ်လေသည်။ မျိုးနွယ်ခြားတစ်ခုနှင့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ထူထောင်ခြင်းက ထိရှလွယ်သော ကိစ္စတစ်ခုဖြစ်ပြီး လူသားမျိုးနွယ်နှင့် ရန်ငြိုးရှိသော မျိုးနွယ်ဆိုလျှင် ပိုဆိုးလေသည်။
" အရိပ်မျိုးနွယ်ရဲ့ အရင်းအမြစ်အချို့က ငါတို့ရဲ့ လူသားမျိုးနွယ်အတွက် တကယ် အသုံးဝင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဥပမာ အရိပ်မျိုးနွယ်၏ အရိပ်ကျောက်တုံးက အဆင့်မြင့် စစ်သင်္ဘောများ တည်ဆောက်ရန် အတွက် အလွန်အသုံးဝင်ပြီး သင်္ဘောများ၏ ဖုံးကွယ်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်လေသည်။
" သဘောတူတယ်။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် လက်ခံလိုက်သည်။
မျိုးနွယ်ခြားများနှင့် သင့်တော်သော ကုန်သွယ်မှုက ကြယ်နယ်မြေ၏ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်လေသည်။ ယခုအချိန်တွင် သူက အလွှာတစ်ဆယ်သို့ ပြောင်းလဲနေပြီဖြစ်သောကြောင့် အရိပ်မျိုးနွယ်က ခြိမ်းခြောက်မှု မရှိတော့ပေ။
ကုန်သွယ်မှုအတိုင်းအတာကို ထိန်းချုပ်ထားပြီး လူသားမျိုးနွယ်မှ အရင်းအမြစ်များအတွက် စည်းမျဉ်းများ သတ်မှတ်ထားသရွေ့ ပြဿနာရှိလာမည်မဟုတ်ပေ။ ထို့အပြင် အရိပ်မျိုးနွယ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းက လင်းယွမ်၏ လက်ထဲတွင် ရှိနေပြီး ဘယ်အချိန်မဆို အဆုံးသတ်နိုင်လေသည်။
" ကောင်းပြီ။ " ချွမ်ပို၊ ကျားလီနှင့် အခြားသူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
" မကြာသေးခင်က ကြယ်နယ်မြေမှာ ထူးခြားတာ တစ်ခုခုဖြစ်ခဲ့သေးလား။ " လင်းယွမ်က မေးလိုက်သည်။
" ထူးခြားမှုမရှိပါဘူး။ " လုယန်က ပြောလိုက်သည်။ " ကြယ်သခင်ရဲ့ ဂုဏ်သတင်းကြောင့် စီးပွားရေအဖွဲ့အစည်းတွေက ပင်မကြယ်ပေါ်မှာ အဖွဲ့ခွဲတွေ ထူထောင်ဖို့ ဆန္ဒရှိနေကြတယ်။ ပင်မကြယ်ရဲ့ တိုးတက်မှုက မျှော်လင့်ထားတာထက် အများကြီး ပိုလျင်မြန်ပါတယ်။ "
လူသားမျိုးနွယ်မှ နယ်စပ်ကြယ်နယ်မြေတစ်ခု၏ တိုးတက်မှုက တည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှုအပေါ်တွင် အဓိကမူတည်လေသည်။ နယ်စပ်ကြယ်နယ်မြေများက မျိုးနွယ်ခြားများနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ထိပ်တိုက်ရင်ဆိုင်မှုများ မကြာခဏ ဖြစ်ပေါ်လေသည်။ ထိုအခြေအနေတွင် ကြယ်သခင်၏ ခွန်အားက အရေးကြီးဆုံးဖြစ်သည်။ အင်အားကြီးသော ကြယ်သခင်တစ်ယောက်က ကြယ်နယ်မြေအတွင်းရှိ နိုင်ငံသားများ အားလုံးကို ဘေးကင်းလုံခြုံမှုပေးနိုင်လေသည်။
" အခု နဂါးငွေ့တန်းကြယ်နယ်မြေက အကျိုးအမြတ်တွေ စရနေပြီ။ " အားလုံး ထွက်သွားပြီးသောအခါ လင်းယွမ်က တွေးလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သွေးနှင့်အသားများက တုန်ခါသွားသည်။