နာလန်နှင့် ယှဉ်ပြိုင်ခြင်း....
Vol. 34 Ch. 521
" ကြီးမြတ်သူ အခြားတစ်ယောက် ပြောင်းလို့မရဘူးလား။ " နာလန်က အနီးမှ လင်းယွမ်ကို တစ်ချက်ကြည့်ပြီး တွန့်ဆုတ်စွာပြောလိုက်သည်။
ကြီးမြတ်သူက နဂါးငွေ့တန်းကြယ်သခင်အား သတိပေးရန် မလိုအပ်ဟု သူက ခံစားရလေသည်။ လူသားမျိုးနွယ်၏ အသန်မာဆုံး ပါရမီရှင်တစ်ယောက်က မရပ်တန့်ဘဲ ရှေ့ဆက်ရမည်မှာ သဘာဝသာဖြစ်သည်။
" မင်းပဲ။ အခြားဘယ်သူမှ မသင့်တော်ဘူး။ " ကြီးမြတ်သူရှချင်က သူ၏ ခေါင်းကို ခါလိုက်သည်။
" ကောင်းပါပြီ။ " နာလန်က ခေါင်းညိမ့်လိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင် မင်း မခုခံနိုင်ရင် အရှုံးပေးလို့ရတယ်။ " နာလန်က သတိပေးလိုက်သည်။
ကြီးမြတ်သူရှချင်က ပြိုင်ပွဲကို အချိန်နိယာမပေါ်တွင်သာ ကန့်သတ်ထားသောကြောင့် အချိန်နိယာမပုံစံအားလုံးကို နားလည်ထားသော သူက ခြေတစ်လှမ်းသာနေလေသည်။ နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာသာ ရှိသေးပြီး အချိန်အတက်အကျများကို သိမြင်ရန်ပင် ရုန်းကန်နေရဆဲဖြစ်သည်။
" နားလည်ပါပြီ။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်နေသည်။
နာလန်၏ စကားများက သူ့အပေါ် ဖိအားပေးနိုင်လေသည်။ သူသတ္တမအလွှာတွင် ရှိချိန်က နာလန်၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရလေသည်။ ထိုအချိန်က နာလန်မှာ ဟေးယွမ်မျိုးနွယ်ကို တိုက်ခိုက်နေခဲ့ပြီး အင်ဆက်မျိုးနွယ်သာရောက်မလာလျှင် ဟေးယွမ်မျိုးနွယ်တစ်ခုလုံး ဖျက်ဆီးခံရပေလိမ့်မည်။
" စမယ်။ " ကြီးမြတ်သူရှချင်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
လင်းယွမ်နှင့် နာလန်တို့၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး ကြယ်မရှိသော နေရာတစ်ခုသို့ ရောက်သွားခဲ့သည်။ ကြီးမြတ်သူရှချင်၏ အခွင့်အာဏာနှင့် သူတို့က ပြိုင်ပွဲကမ္ဘာတစ်ခုသို့ ပို့ဆောင်ခြင်းက အတွေးတစ်ချက်သာ လိုအပ်လေသည်။
" နဂါးငွေ့တန်းကြယ်သခင် စပါ။ " နာလန်က စီနီယာတစ်ယောက်အနေဖြင့် ပြောလိုက်သည်။
ထို့အပြင် သူက အနိုင်ရရှိမည်ဟု ယုံကြည်နေသောကြောင့်ဖြစ်သည်။ ကြီးမားသော ကွာဟမှုအောက်တွင် နာလန်က အရင်ဆုံးတိုက်ခိုက်လျှင် ရှက်စရာကောင်းနေပေလိမ့်မည်။
" အစွမ်းကုန်ထုတ်ပါ။ ဒါက မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေးဖြစ်နိုင်တယ်။ " နာလန်က ပေါ့ပေါ့ပါးပါး သတိပေးလိုက်သည်။
အချိန်နိယာမနယ်ပယ်တွင် ထိပ်တိုက်တွေ့ဆုံမှုက မတူညီသော အချိန်နိယာမများ၏ တွေ့ဆုံခြင်းဖြစ်ပြီး အားနည်းသည့်ဘက်က ခုခံရန် အခွင့်အရေးမရှိသလောက်ပင်ဖြစ်သည်။
" ကောင်းပြီ။ ကျုပ် အစွမ်းကုန်ထုတ်ပါမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ရုတ်တရက် လင်းယွမ်က ပျောက်ကွယ်သွားသည်ကို နာလန်က သတိထားမိလိုက်သည်။
" ဟင် " နာလန်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း သိလိုက်သည်။
" အချိန်စီးဆင်းမှုက.... ပြောင်းလဲသွားတာလား။ " နာလန်၏ အမူအရာက လေးနက်သွားသည်။
နာလန်က သူ၏ လက်ကို မြှောက်ပြီး အချိန်အတက်အကျ၏ ပေါက်ကွဲမှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်မှ အချိန်စီးဆင်းမှုများကို အဆက်မပြတ် နှောက်ယှက်နေသည်။
" ဖျက်ဆီးစမ်း။ " နာလန်က တစ်စုံတစ်ခုကို နားလည်သွားပြီး အချိန်နိယာမ၏ နားလည်မှုကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။ သူ့ကို ဝန်းရံထားသော အချိန်တင်းကျပ်မှုများမှ လွတ်မြောက်ရန် ကြိုးစားနေသည်။
အပြင်ဘက်တွင် လင်းယွမ်က တည်ငြိမ်စွာ ရပ်နေပြီး အချိန်အတက်အကျများဖြင့် ဖွဲ့စည်းထားသော အလင်းလုံးတစ်ခုကို ထိန်းချုပ်နေသည်။ အလင်းလုံးအတွင်း နာလန်က အဆက်မပြတ် ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် နက်ရှိုင်းသော အချိန်တစ်ခုထဲတွင် ပိတ်မိသွားသည်။ သူ့ကို အချိန်စီးဆင်းမှုအမျိုးမျိုးက ဝန်းရံထားပြီး အချိန်နယ်ပယ်အတွင်းမှ လွတ်မြောက်နိုင်စွမ်းမရှိတော့ပေ။
လင်းယွမ်က အချိန်နိယာမပုံစံများကို အဆက်မပြတ် ပေါင်းစည်းနေပြီး အချိန်နိယာမ၏ လျို့ဝှက်နည်းစနစ်များကို အသုံးပြုခဲ့သည်။ ထိုအထဲမှ အချိန်အကျဉ်းထောင်က လင်းယွမ်အတွက် ဂုဏ်ယူစရာဖြစ်သည်။ သူက အချိန်နိယာမပုံစံ ၁၃၃၇ခုကို ပေါင်းစည်းပြီး အချိန်နံရံများကို တည်ဆောက်ခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့က အချိန်အကျဉ်းထောင်တစ်ခု ဖြစ်သွားသည်။
အချိန်အကျဉ်းထောင်ထဲတွင် ပိတ်မိနေသော ဘယ်သူမဆို အချိန်နိယာမအပေါ် သူတို့၏ နားလည်မှုက လင်းယွမ်ထက် မကျော်လွန်လျှင် သူတို့၏ ကိုယ်ပိုင်အချိန်စီးဆင်းမှုကို နားလည်နိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင် အချိန်အကျဉ်းထောင်အတွင်းမှ သက်ရှိ ကြုံတွေ့ရသော အချိန်ပမာဏက လင်းယွမ်အပေါ်တွင် လုံးဝ မူတည်နေလေသည်။
အတွေးတစ်ချက်နှင့် လင်းယွမ်က ပြိုင်ဘက်ကို ပြင်ပကမ္ဘာတွင် တစ်နှစ်ဖြစ်ချိန်တွင် တစ်ရက်ကြုံတွေ့စေနိုင်သည်။ သို့မဟုတ် ပြင်ပကမ္ဘာတွင် တစ်ရက်ကုန်သွားလျှင် ပြိုင်ဘက်ကို တစ်နှစ်ကြုံတွေ့စေနိုင်လေသည်။ ၎င်းက ကစားနေခြင်းမဟုတ်လျှင် အခြား ဘာဖြစ်နိုင်မှာလဲ။ ဖျက်စီးနိုင်သည့်နည်းလမ်းမှာ နာလန်က လင်းယွမ်ထက် အဆင့်ပိုမြင့်သောကြောင့် သူ၏ ခွန်အားကို ထုတ်ဖော်လိုက်လျှင် လွတ်မြောက်နိုင်ပေလိမ့်မည်။
အချိန်နိယာမက မရှုံးနိမ့်နိုင်သော နိယာမတစ်ခုမဟုတ်ပေ။ သို့သော် အချိန်နိယာမကို ကန့်သတ်ထားခြင်းမဟုတ်ဘဲ လင်းယွမ်နှင့် နာလန်တို့က အစွမ်းကုန်တိုက်ခိုက်ကြလျှင် လင်းယွမ်က သူ၏ ပြိုင်ဘက်ကို အနိုင်မယူနိုင်လျှင်တောင် အချိန်နိယာမ၏ အကူအညီဖြင့် လုံခြုံစွာ ဆုတ်ခွာနိုင်လေသည်။
" အချိန်အကျဉ်းထောင်လား။ " အထက်တွင် ကြီးမြတ်သူရှချင်က လင်းယွမ်၏ ရှေ့မှ အချိန်အလင်းလုံးကို လေ့လာနေသည်။
နာလန်က အလင်းလုံးအတွင်း အသည်းအသန် ရုန်းကန်နေသော်လည်း အကျဉ်းထောင်ကို လှုပ်ခါနိုင်ခြင်းမရှိခဲ့ပေ။
" အချိန်နိယာမပုံစံတစ်ထောင်ကျော်ကို ပေါင်းစပ်ထားတဲ့ ဒီလိုအချိန်လျို့ဝှက်နည်းစနစ်မျိုးက ရန်သူတွေကို ထောင်ချောက်ဆင်နိုင်တယ်။ အလွှာတစ်ဆယ်မှာတောင် ဒါကို နက်နဲတယ်လို့ ယူဆလို့ရတယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်၏ အချိန်နိယာမအပေါ် နားလည်မှုကို ခန့်မှန်းရင်း တွေးလိုက်သည်။
နာလန်သာမရှိလျှင် လင်းယွမ်က ရန်သူတစ်ယောက်ကို ပိတ်လှောင်ထားနိုင်သော အချိန်အကျဉ်းထောင်ကို ပြသနိုင်မည်မဟုတ်ပေ။ ကြီးမြတ်သူရှချင်ကလည်း လင်းယွမ်၏ နားလည်မှုကို ခွဲခြားနိုင်မည်မဟုတ်ပေ။
သို့သော် အကျဉ်းထောင်အတွင်း နာလန်က အဆက်မပြတ် ကြိုးစားနေသောကြောင့် ကြီးမြတ်သူက ၎င်း၏ အနှစ်သာရကို သဘာဝအတိုင်း မြင်နိုင်လေသည်။
" ကောင်းပြီ။ ရပ်လိုက်။ " ခဏလောက်စောင့်ကြည့်ပြီးနောက် ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
ရုတ်တရက် အားလုံးက ကြီးမြတ်သူရှချင်၏ ကမ္ဘာတွင် ပြန်ပေါ်လာကြသည်။ အချိန်အလင်းလုံးအတွင်း ရုန်းကန်နေသော နာလန်ကလည်း ရပ်တန့်လိုက်သည်။ သူ၏ အချိန်နိယာမ နည်းစနစ်များဖြင့် လွတ်မြောက်နိုင်မည်မဟုတ်သည်ကို နားလည်လိုက်သည်။ လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ အချိန်အလင်းလုံးက ပြိုကွဲသွားသည်။
" အပြင်ပြန်ရောက်လာပြီလား။ "
အမှန်တွင် တိုက်ပွဲက အသက်ဆယ့်နှစ်ကြိမ်ရှူချိန်သာ ကြာခဲ့လေသည်။ သို့သော် အချိန်အကျဉ်းထောင်အတွင်း နာလန်က ဆယ်မိနစ်ကျော် ကုန်ဆုံးခဲ့လေသည်။ ထိုအချိန်အကျဉ်းထောင်က လင်းယွမ်၏ လက်ချက်ဖြစ်သည်ကို နားလည်သွားခဲ့သည်။
" နဂါးငွေ့တန်းကြယ်သခင် " နာလန်က လင်းယွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
အချိန်အကျဉ်းထောင်အတွင်း နာလန်က လင်းယွမ်၏ အချိန်နိယာမနည်းစနစ်များကို မြင်တွေ့ခဲ့ရလေသည်။ လင်းယွမ်က အချိန်နိယာမပုံစံအားလုံးကို နားလည်ထားသည့်အပြင် သူ့ထက်ပင် သာလွန်လေသည်။ အချိန်နိယာမနယ်ပယ်တွင် နဝမအလွှာသာ ရှိသော လင်းယွမ်က အလွှာတစ်ဆယ် အဆင့်အေရှိသော သူထက် သာလွန်နေခဲ့သည်။
နာလန်က ကြီးမြတ်သူရှချင်ကို ကြည့်လိုက်သည်။ ကြီးမြတ်သူရှချင်က နဂါးငွေ့တန်းကြယ်သခင်ကို သတိပေးရန်မဟုတ်ဘဲ သူ့ကို အသုံးပြုပြီး နဂါးငွေ့တန်းကြယ်သခင်၏ အချိန်နိယာမအပေါ် နားလည်မှုကို လေ့လာရန်ဖြစ်သည်။
" ခင်ဗျားက အရမ်းကြင်နာခဲ့ပါတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
ပြိုင်ပွဲတွင် နာလန်က အချိန်နိယာမအပေါ် သူ၏ နားလည်မှုကို မသိခဲ့ပေ။ ထို့အပြင် သူ့ကိုလည်း အရင်လှုပ်ရှားခွင့်ပေးခဲ့လေသည်။ ရလဒ်အနေဖြင့် လင်းယွမ်က နာလန်ကို ခုခံနိုင်စွမ်းမရှိအောင် အချိန်အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ခဲ့သည်။
" မင်းက နဝမအလွှာနဲ့ အချိန်နိယာမကို ဒီအဆင့်ထိ နားလည်ထားတယ်။ ငါ ရှုံးနိမ့်တယ်ဆိုတာ ဝန်ခံပါတယ်။ " နာလန်က သက်ပြင်းချလိုက်သည်။
လင်းယွမ်၏ တိုးတက်မှုနှုန်းကို စဉ်းစားကြည့်လျှင် အနာဂတ်တွင် သူတို့ကြားကွာဟမှုက ပို၍ ကြီးမားလာပေလိမ့်မည်။
" နာလန် မင်းထွက်သွားလို့ရပြီ။ " ကြီးမြတ်သူရှချင်က နာလန်ကို တစ်ချက်ကြည့်လိုက်သည်။
" ဟုတ်ကဲ့ " နာလန်က ဦးညွှတ်ပြီး ပျောက်ကွယ်သွားသည်။
" ကြီးမြတ်သူ " လင်းယွမ်က အနည်းငယ် ဦးညွှတ်လိုက်သည်။
" မင်းက မွန်းစတားပဲ။ " ကြီးမြတ်သူက သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။
အချိန်နိယာမပုံစံအားလုံးကို နားလည်ခြင်းက အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများအတွက် စံနှုန်းတစ်ခုဖြစ်သည်။ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများ အချိန်နိယာမပုံစံတစ်ဝက်ကို နားလည်ခြင်းက အလွန်ရှားပါးလေသည်။
သို့သော် နဝမအလွှာတစ်ယောက်က အချိန်နိယာမပုံစံအားလုံးကို နားလည်ခြင်းမှာ ကြီးမြတ်သူရှချင်းက ကြားပင်မကြားဖူးခဲ့ပေ။
" ကြီးမြတ်သူက ကျွန်တော် အချိန်နိယာမပုံစံအားလုံးကို နားလည်ပြီးရင် ထပ်လာဖို့ ခေါ်ခဲ့တာက အကြောင်းတစ်ခုခုရှိလို့လား။ " လင်းယွမ်က မေးလိုက်သည်။
" မှန်တယ်။ အကြောင်းတစ်ခုရှိနေတယ်။ " ကြီးမြတ်သူရှချင်က ခေါင်းညိမ့်လိုက်သည်။
အကယ်၍ လင်းယွမ်က အချိန်တန်သောအခါ အချိန်နိယာမပုံစံအားလုံးကို နားမလည်ခဲ့လျှင် ကြီးမြတ်သူရှချင်က အများကြီး ပြောမည်မဟုတ်ပေ။ သို့သော် ယခု လင်းယွမ်၏ စွမ်းဆောင်ရည်က ကြီးမြတ်သူရှချင်ကို မျှော်လင့်ချက်ပေးခဲ့လေသည်။
" မင်း အချိန်နိယာမကို စောစောနားလည်သွားတာနဲ့ မင်းရဲ့အတွင်းကမ္ဘာက လွတ်လပ်သွားရင် အကျိုးကျေးဇူးတွေ ပိုများမယ်ဆိုတာ မင်းသိလောက်ပါတယ်။ " ကြီးမြတ်သူရှချင်က စကားစလိုက်သည်။
" မှန်တယ်။ ကျွန်တော် အဲ့ဒါကို သိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လူသားမျိုးနွယ်၏ သမိုင်းတွင် အလွှာတစ်ဆယ်နှင့် အချိန်နိယာမကို နားလည်သွားသော ပါရမီရှင်များ ရှိခဲ့လေသည်။ ထို့ကြောင့် အချိန်နိယာမကို စောစောနားလည်ခြင်းက အကျိုးကျေးဇူးများ ပိုများသည်ကို လင်းယွမ်က သိထားလေသည်။
" ဒါဆို မင်းက ဘယ်လိုအကျိုးကျေးဇူးတွေနဲ့ အတွင်းကမ္ဘာက ဘာကြောင့် အသွင်ကူးတပြာင်းမှုကြုံတွေ့ရတာလဲဆိုတာမင်းသိလား။ " ကြီးမြတ်သူရှချင်က ပြုံး၍ မေးလိုက်သည်။
" ကျွန်တော်မသိဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူက အကျိုးကျေးဇူးများရှိသည်ဟုသာ သိပြီး အတိအကျဘာလဲမသိပေ။ သူကြည့်ရှုနိုင်သော အချက်အလက်များက အဆင့်ရှစ်နိုင်ငံသားအဆင့်နှင့် မလုံလောက်ခဲ့ပေ။