← Chapters

အချိန်မြစ်ကို လေ့လာခြင်း...

Vol. 34 Ch. 522

အချိန်မြစ်ကို လေ့လာခြင်း...

Vol. 34 Ch. 522

" ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အလွှာတစ်ဆယ်ကနေ အလွှာဆယ့်တစ်ကို တက်လှမ်းရင် အတွင်းကမ္ဘာက လွတ်လပ်တာနဲ့ မလွတ်လပ်တာ ဘာကွာခြားမှုရှိလဲဆိုတာ ငါတို့ပြောဖို့လိုတယ်။ " ကြီးမြတ်သူရှချင်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

"တကယ်လို့ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အချိန်နိယာမကို နားလည်ထားခြင်းမရှိရင် ယာယီထောက်တိုင်မရှိဘူး။ အတွင်းကမ္ဘာက ပင်မစကြာဝဠာအပေါ်ပဲ မှီခိုနေလိမ့်မယ်။ ပြီးတော့ အဲ့ဒါက တွဲဖက်ကမ္ဘာတစ်ခုအဖြစ် ကျန်ရှိနေလိမ့်မယ်။ "

" တွဲဖက်ကမ္ဘာတွေက အဆင့်တက်တဲ့အခါ ပင်မစကြာဝဠာရဲ့ မူလရင်းမြစ် ပင်လယ်နဲ့ ဆက်သွယ်သွားတယ်။ အဲ့ဒီအချိန်မှာ ပင်မစကြာဝဠာက မူလရင်းမြစ် ပင်လယ်ရဲ့ ဝင်ပေါက်ကို ဖွင့်ပေးပြီး အတွင်းကမ္ဘာကို အလျင်အမြန် တိုးတက်စေဖို့အတွက် မူလရင်းမြစ် စွမ်းအားအများကြီးကို ထည့်ပေးလိမ့်မယ်။ "

" ဒါပေမယ့် အတွင်းကမ္ဘာကသာ လွတ်လပ်နေခဲ့ရင် ယာယီထောက်တိုင်နဲ့ လေဟာနယ်ထောက်တိုင်တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မယ်။ အဲ့ဒါကို လွတ်လပ်တဲ့ ကမ္ဘာတစ်ခုလို့ မှတ်ယူနိုင်တယ်။ "

" အဲ့ဒီလွတ်လပ်တဲ့ကမ္ဘာက ပင်မစကြာဝဠာနဲ့ ယှဉ်ရင် အရေးမပါရင်တောင် လွတ်လပ်နေဆဲပဲ။ သီအိုရီအရ ပင်မစကြာဝဠာနဲ့ အဆင့်တူမှာရှိနေတယ်။ အချိန်နဲ့ လေဟာနယ်ရဲ့ သီခြားထောက်တိုင်တွေကို ပိုင်ဆိုင်ထားတယ်။ "

" ဒီလိုလွတ်လပ်တဲ့ကမ္ဘာတွေက အဆင့်တက်လှမ်းတဲ့အခါ သူတို့က ပင်မစကြာဝဠာက မူလရင်းမြစ်ကို ရရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ဖရိုဖရဲဟင်းလင်းပြင်က မူလရင်းမြစ်ကို ရရှိလိမ့်မယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။

" အဲ့လိုကိုး။ " လင်းယွမ်က အတွေးနက်သွားသည်။

ဖရိုဖရဲဟင်းလင်းပြင်က စကြာဝဠာထက် ပို၍ ကျယ်ပြန့်ပြီး မူလရင်းမြစ်ကလည်း ပို၍ အဆင့်မြင့်လေသည်။ တွဲဖက်ကမ္ဘာ၏ အထက်တွင် စကြာဝဠာ၊ စကြာဝဠာ၏အထက်တွင် ဖရိုဖရဲဟင်းလင်းပြင်ဖြစ်သည်။

ပုံမှန်အားဖြင့် အလွှာဆယ့်တစ်များက ကြီးမြတ်သူဖြစ်လာရန် ကြိုးစားသောအခါ ဖရိုဖရဲဟင်းလင်းပြင်ဆီမှ အကျိုးကျေးဇူးများရရှိရန်သာ မျှော်လင့်ကြသည်။ အချိန်နိယာမကို နားလည်ခြင်းက ထိုအဆင့်တွင် ဖြစ်ပေါ်သောကြောင့် ဖြစ်သည်။

ကြီးမြတ်သူများသာ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အသွင်ကူးပြောင်းမှုကို အလွှာတစ်ဆယ်တွင်လည်း ကြုံတွေ့နိုင်လေသည်။

ထို့အပြင် လင်းယွမ်က နဝမအလွှာတွင် အချိန်နိယာမကို နားလည်ခဲ့လျှင် ဖရိုဖရဲဟင်းလင်းပြင်မှ အကျိုးကျေးဇူးများကို စောစီးစွာ ခံစားရပေလိမ့်မည်။

" ဖရိုဖရဲဟင်းလင်းပြင်က ရတဲ့ မူလရင်းမြစ်က အတွင်းကမ္ဘာကို တည်ငြိမ်စေမယ့်အပြင် အနှစ်သာရကို မြှင့်တင်ပေးပြီး အတွင်းစကြာဝဠာတစ်ခုကို အသွင်ကူးပြောင်းသွားစေလိမ့်မယ်။ "

" အချိန်နိယာမကို နားလည်ရင်တောင် အတွင်းကမ္ဘာကို လွတ်လပ်စေရုံပဲ။ အလွှာဆယ့်တစ်ကို ဝင်ရောက်နိုင်ဖို့ကတော့ မင်းကိုမင်းပဲ အားကိုးရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီအခြေခံအုတ်မြစ်က ကြီးမြတ်သူဖြစ်လာဖို့ အခက်အခဲ လျော့နည်းသွားလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

အလွှာဆယ့်နှစ်ထဲသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေကို မြှင့်တင်ခြင်းဖြစ်သည်။ ယခုအထိ လင်းယွမ်က အလွှာဆယ့်နှစ်အတွက် ကြိုးစားရန် အလးအလာကို တိုးမြှင့်နိုင်သော နည်းလမ်းနှစ်ခုအကြောင်းသာ ကြားဖူးလေသည်။ တစ်ခုက ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းကို ဖြန့်ကျက်ခြင်းဖြစ်ပြီး နောက်တစ်ခုက ဖရိုဖရဲနိယာမများကို နားလည်ခြင်းဖြစ်သည်။

အချိန်နှင့် လေဟာနယ်နိယာမများကို ပေါင်းစည်းခြင်းက ကြီးမြတ်သူအတွက် ကြိုတင်လိုအပ်ချက်တစ်ခုဖြစ်၏။ အချိန်နှင့် လေဟာနယ်ပေါင်းစည်းခြင်းကို မအောင်မြင်ဘဲ ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် ကြိုးစားခွင့်ပင်မရှိပေ။

" ကြီးမြတ်သူရှချင် အမှန်တော့ ကျွန်တော်က နဝမအလွှာမှာ အချိန်နိယာမကို နားမလည်နိုင်လောက်ဘူး။ " လင်းယွမ်က စဉ်းစားပြီး ပြောလိုက်သည်။

သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့်အတူ အသေးစားစကြာဝဠာကဲ့သို့သော ရတနာများနှင့် လင်းယွမ်က နဝမအလွှာတွင် အချိန်နိယာမကို နားလည်နိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်အဝ မရှိပေ။

အချိန်နိယာမကို နားလည်ခြင်းက အလွှာဆယ့်တစ်သို့ တက်လှမ်းခြင်းထက်ပင် ပို၍ ခက်ခဲလေသည်။ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူအများစုက နားမလည်ကြသေးပေ။

" မင်း အဲ့ဒါကို နားလည်တာနဲ့ ပက်သက်ပြီး မသေချာဘူးဆိုတာ ငါသိပါတယ်။ " ကြီးမြတ်သူရှချင်က လုံးဝ အံ့ဩပုံမရပေ။

" ဒါကြောင့် အချိန်နိယာမပုံစံအားလုံးကို နားလည်ရင် မင်းကို ငါ့ဆီလာဖို့ ပြောခဲ့တာပဲ။ ငါ မင်းကို တွန်းအားတစ်ခု ပေးဖို့ပဲ။ " ကြီးမြတ်သူရှချင်က ပြုံး၍ ပြောလိုက်သည်။

" တွန်းအားတစ်ခုလား။ " လင်းယွမ်က ခဏ တုန်လှုပ်သွား၏။

အချိန်နိယာမကို နားလည်ခြင်းက ကိုယ်တိုင်အပေါ်တွင်သာ မူတည်ပြီး သင်ကြားနိုင်သောအရာမဟုတ်ပေ။ အသေးစားစကြာဝဠာကဲ့သို့ အံ့ဖွယ်ပစ္စည်းများနှင့်ပင် အချိန်နိယာမကို နားလည်ရန် အခက်အခဲကိုသာ လျှော့ချနိုင်လေသည်။

" မှန်တယ်။ ငါမင်းကို အချိန်မြစ်ရဲ့ ရှုထောင့်အပြည့်အဝကို ပြမယ်။ " ကြီးမြတ်သူရှချင်က တည်ငြိမ်စွာပြောလိုက်သည်။

" အချိန်မြစ်ရဲ့ရှုထောင့်အပြည့်အဝလား။ " လင်းယွမ်က ပလ္လင်ပေါ်တွင် ထိုင်နေသော ကြီးမြတ်သူရှချက်ကို စိုက်ကြည့်လိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်ထဲတွင် စကြာဝဠာပေါင်းများစွာကို အချိန်မြစ်က ရှင်းလင်းသုတ်သင်ခဲ့သည်။ စကြာဝဠာထဲမှ အရာအားလုံးကလည်း အချိန်မြစ်အတွင်း ရှိနေသည်။ အချိန်မြစ်ထဲမှ ထွက်သွားနိုင်သော ကြီးမြတ်သူများမှလွဲ၍ သက်ရှိအားလုံးက အချိန်မြစ်၏ ရှင်းလင်းသုတ်သင်ခြင်းကို ခံရပေလိမ့်မည်။

သုတ်သင်ခြင်းက သက်တမ်း၏ အကန့်အသတ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အချိန်နိယာမကို နားလည်ထားသည်များပင် အချိန်မြစ်ထဲမှ ခဏထွက်နိုင်ရုံသာဖြစ်ပြီး နောက်ဆုံးတွင် သက်တမ်းအကန့်အသတ်သို့ ရောက်ရှိပေလိမ့်မည်။

အချိန်မြစ်ဆိုသည်မှာ ပုံသဏ္ဍန်မရှိသောအရာဖြစ်သော်လည်း ကြီးမြတ်သူရှချင်က သူ့အား အချိန်မြစ်ကို ပြသမည်ဟု ပြောလေသည်။

" အချိန်မြစ်ကို နားလည်တာက လူတိုင်းအတွက် ကွဲပြားတယ်။ ငါနားလည်ထားတဲ့ အချိန်နိယာမက မင်းနဲ့ ကိုက်ညီမှာမဟုတ်ဘူး။ "

" ဒါကြောင့် ငါက မင်းကို မင်းရဲ့ မျက်လုံးတွေနဲ့ အချိန်မြစ်ကို ကြည့်ဖို့ ပြသပေးမယ်။ မင်းဘာရသွားမလဲဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်။ " ကြီးမြတ်သူရှချင်းက ပြုံးလိုက်သည်။

လင်းယွမ်က သူ၏ စိတ်အသိမှာ တစ်စုံတစ်ခုမှ ရုတ်တရက် လွတ်မြောက်သွားပြီး ဆန်းကြယ်သော နေရာတစ်ခုသို့ ရောက်သွားသလိုခံစားလိုက်ရသည်။

" ဒါက ပင်မစကြာဝဠာမဟုတ်ဘူးလား။ "

အချိန်နိယာမအပေါ် နားလည်မှုနှင့် လင်းယွမ်က ထိုဆန်းကြယ်သော နေရာမှာ ပင်မစကြာဝဠာနှင့် ကွဲပြားနေသည်မှာ သေချာလေသည်။ သူ၏ စိတ်အသိက အချိန်မြစ်၏ အတက်အကျများကို အာရုံခံ၍ မရတော့ပေ။

လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်ပြီး မရေတွက်နိုင်သော ချောင်းများကို မြင်လိုက်ရသည်။ ထိုချောင်းများက အလွန်သန့်စင်သော အချိန်စွမ်းအားဖြင့် ဖွဲ့စည်းထားသည်။ အတိတ်မှ အနာဂတ်သို့ စီးဆင်းနေပြီး ၎င်းတို့ကို ရပ်တန့်နိုင်မည့်ပုံမပေါ်ပေ။

" ဒါက အချိန်မြစ်လား။ " လင်းယွမ်က တုန်လှုပ်သွားသည်။

မြစ်၏ နက်ရှိုင်းသော နေရာတွင် ကူးခတ်နေကြသော မတူညီသည့် ငါးများရှိနေသည်။ အချို့ငါးများက မြစ်တစ်ဝက်နီးပါး ကြီးမားပြီး အချို့ငါးများက သေးငယ်လွန်းလှသည်။ ငါးများကတော့ သူ၏ အကြည့်ကို သတိမထားမိကြပေ။

" ဒါက အချိန်မြစ်ပေါ့။ " လင်းယွမ်က စိတ်လှုပ်ရှားသွားပြီး ဂရုတစိုက် လေ့လာလိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နလည်နိုင်စွမ်းဖြင့် အချိန်မြစ်ကို လေ့လာပြီး အချိန်နိယာမအပေါ် နားလည်မှုက လျင်မြန်စွာ တိုးတက်လာပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နလည်နိုင်စွမ်းဖြင့် အချိန်မြစ်ကို လေ့လာပြီး အချိန်နိယာမအပေါ် နားလည်မှုက လျင်မြန်စွာ တိုးတက်လာပါပြီ။ ]

အချိန်နိယာမနှင့် ပက်သက်သော အသိအမြင်များစွာက လင်းယွမ်၏ စိတ်ထဲတွင် ပြည့်နှက်သွားသည်။ အသေးစားစကြာဝဠာထဲမှ အချိန်နိယာမနှင့် ယှဉ်လျှင် သူ၏ ရှေ့မှ အချိန်မြစ်က အလွန်ကျယ်ပြန့်ပြီး မရေတွက်နိုင်သော သက်ရှိများကို ဝန်းရံထားသည်။

" ဟင် " လင်းယွမ်က မြစ်၏ အတိတ်သို့ ကြည့်လိုက်သောအခါ လှိုင်းထန်သော မျက်နှာပြင်သို့ ငါးကြီးအချို့ ခုန်တက်လာသည်ကို မြင်လိုက်ရသည်။ ထိုငါးကြီးများက သူတို့၏ တည်ရှိမှုကို မြစ်၏ မျက်နှာပြင်ပေါ်တွင် ခဏသာ ထိန်းထားနိုင်ခဲ့သည်။

" အဲ့ဒီငါးကြီးတွေက အချိန်နိယာမကို နားလည်ထားတဲ့ သက်ရှိတွေဖြစ်ရမယ်။ ဒါပေမယ့် ခဏပဲ ခုန်တက်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က အချိန်မြစ်၏ အတိတ်မှ အနာဂတ်သို့ ကြည့်ရန် ကြိုးစားလိုက်သည်။

" ငါရှင်းရှင်းလင်းလင်း မမြင်ရဘူး။ " လင်းယွမ်က မအံ့ဩပေ။

အတိတ်က သေချာပြီး အနာဂတ်က မသေချာပေ။ ခဏအတွင်း မတူညီသော အနာဂတ်များကို ဖြစ်ပေါ်စေနိုင်လေသည်။ စွမ်းအားကြီးသော ကြီးမြတ်သူများပင် အချိန်မြစ်ကို ဆန့်ကျင်ပြီး အတိတ်သို့ သွားနိုင်ကြသော်လည်း အနာဂတ်ကိုတော့ ဝေးဝေးမသွားနိုင်ပေ။ ထိုသို့ လုပ်ရဲခဲ့လျှင် သူတို့က အချိန်စီးကြောင်းများထဲတွင် ပျောက်ဆုံးသွားပြီး ပစ္စုပ္ပုန်ကို ပြန်လာနိုင်တော့မည်မဟုတ်ပေ။

လင်းယွမ်က သူ၏ ဘေးတွင် ရပ်နေသော မြင့်မားသည့်ပုံရိပ်ကိုလည်း သတိထားမိခဲ့သည်။ ထိုမြင့်မားသောပုံရိပ်က အချိန်မြစ်၏ မြစ်ကမ်းဘေးတွင် ရပ်ပြီး သူ့ကို ကာကွယ်ပေးထားသည်။ ၎င်းက ကြီးမြတ်သူရှချင်ပင် ဖြစ်သည်။

ကြီးမြတ်သူတစ်ယောက်၏ အဆင့်သို့ မရောက်မီ လူတစ်ယောက်က အချိန်မြစ်ထဲမှ ထွက်ခွာနိုင်ခြင်းမရှိပေ။ ထိုစည်းမျဉ်းကို ဖောက်ဖျက်ရန် ကြီးမြတ်သူတစ်ယောက်ပင် တန်ဖိုးတစ်ခုကို ပေးဆပ်ရလေသည်။ ကြီးမြတ်သူရှချင်ပေးဆပ်ရသော တန်ဖိုးက သေဆုံးသော သက်ရှိအချို့ကို ပြန်လည်ရှင်သန်စေခြင်းထက် ပို၍ ပြင်းထန်လိမ့်မည်ကို လင်းယွမ်က သိလေသည်။

ယခင် ကြီးမြတ်သူ ရှချင်က လင်းယွမ်ကို အကြိမ်ကြိမ် စမ်းသပ်ခဲ့လေသည်။ ဒုမျှော်စင်သခင် နာလန်က လင်းယွမ်၏ အချိန်နိယာမအပေါ် နားလည်ထားသောအဆင့်ကို စစ်ဆေးခဲ့လေသည်။ လူတစ်ယောက်ကို အချိန်မြစ်၏ အပြင်ဘက်သို့ ခေါ်သွားရန် ကြီးမြတ်သူတစ်ယောက်ပင် သေချာစဉ်းစားရန် လိုအပ်သည်ကို ပြသနေသည်။

လင်းယွမ်က အချိန်မြစ်ကို ဆက်လက်လေ့လာနေရင်း မြစ်ကမ်းဘေးမှ အခြားနေရာများကို ကြည့်လိုက်သည်။ မကြာမီ သူက နောက်ထပ်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ရိုးရှင်းစွာ ရပ်နေရုံဖြင့် အဆုံးမဲ့စွမ်းအားများကို ကိုယ်စားပြုနေလေသည်။

All Chapters