← Chapters

အချိန်လေဟာနယ်ခြေလှမ်း၏ တိုးတက်မှု....

Vol. 34 Ch. 523

အချိန်လေဟာနယ်ခြေလှမ်း၏ တိုးတက်မှု....

Vol. 34 Ch. 523

" ကြီးမြတ်သူကုလီလား။ " လင်းယွမ်က ကြီးမြတ်သူကုလီကို ကိုယ်တိုင်မမြင်ဖူးခဲ့သော်လည်း အခြားတစ်ဖက်တွင် ၎င်းက ကြီးမြတ်သူကုလီဖြစ်သည်ဟု ခံစားရလေသည်။

ထိုပုံရိပ်က လင်းယွမ်၏ အကြည့်ကို အာရုံခံမိပုံရပြီး သူ၏ ခေါင်းကို ငုံ့၍ နွေးထွေးစွာ ပြန်ကြည့်လိုက်သည်။

လင်းယွမ်က အဝေးသို့ ဆက်လက်ကြည့်ရှုနေသည်။ သူက လူသားမျိုးနွယ်၏ ကြီးမြတ်သူများဖြစ်ကြသော ကြီးမြတ်သူယုတိုင်၊ ကြီးမြတ်သူဟင်းလင်းပြင်နတ်ဘုရား စသည်ဖြင့် အားလုံးကို တွေ့ခဲ့ရသည်။

မကြာမီ လင်းယွမ်က ဆယ်ယောက်မြောက် ကြီးမြတ်သူကို တွေ့လိုက်ရသည်။ ထိုကြီးမြတ်သူက လူသားမျိုးနွယ်မှ မဟုတ်ဘဲ မြူခိုးများ ဖုံးလွှမ်းနေသည်။ လင်းယွမ်က သူ့ကို ခဏသာကြည့်လိုက်သော်လည်း သူက သတိထားမိခဲ့သည်။

" ဟမ့် " မှေးမှိန်သော နှာမှုတ်သံတစ်ခု ထွက်ပေါ်လသည်။

လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း ဘေးမှ ကြီးမြတ်သူရှချင်က သူ၏ ညာလက်ကို မြှောက်ပြီး နှာမှုတ်သံကို ကာကွယ်ပေးလိုက်သည်။

" အဲ့ဒီကြီးမြတ်သူက ငါ့အပေါ် မကောင်းတဲ့အမြင်ရှိတာပဲ။ " လင်းယွမ်က ဆက်မကြည့်တောဘဲ အခြားအရာများကို လေ့လာနေသည်။

အနက်ရောင်မြူခိုးများဖုံးလွှမ်းနေသော ပုံရိပ်က ကြီးမြတ်သူရှချင်ကို အေးစက်စွာ ကြည့်လိုက်သည်။

" အချိန်နိယာမကိုတောင် နားမလည်သေးတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို အချိန်မြစ်ထဲက ခေါ်ထုတ်တာ တကယ်မိုက်မဲတာပဲ။ " မြင့်မားသော ပုံရိပ်က တွေးလိုက်သည်။

ထိုလုပ်ရပ်အတွက် ပေးဆပ်ရမည့်တန်ဖိုးက ကြောက်စရာကောင်းလှသည်။ အလွှာဆယ့်တစ် အင်းအားကြီးသူအချို့ကို ပြန်လည်ရှင်သန်စေခြင်းမှ စကြာဝဠာ၏ တန်ပြန်မှုနှင့် ယှဉ်နိုင်လေသည်။

ကြီးမြတ်သူရှချင်က ၎င်းကို လုပ်ခဲ့လေသည်။ အနာဂတ်တွင် သူ၏ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားကို ပြန်လည်ရရှိရန် အချိန်ယူရပေလိမ့်မည်။

" လူသားမျိုးနွယ် " မြင့်မားသော ပုံရိပ်က ရေရွတ်လိုက်သည်။

လူသားမျိုးနွယ်၏ တိုးတက်မှုက အထွတ်အထပ်မျိုးနွယ်များကြားတွင် အမြန်ဆုံးဖြစ်သည်။ အဓိကအကြောင်းရင်းမှာ လူသားများကြား စည်းလုံးမှုဖြစ်သည်။ သူတို့က ကြီးမြတ်သူများဖြစ်နေလျှင်တောင် လူသားမျိုးနွယ်အတွင်းမှ ပါရမီရှင်များကို ကူညီရန် တန်ဖိုးတစ်ခု ပေးရမည်ဆိုလျှင်တောင် မတွန့်ဆုတ်ကြပေ။

အခြားကြီးမြတ်သူများက ၎င်းကို စိတ်ပင်မကူးပေ။ ကြီးမြတ်သူအောက်မှ ရိုးရှင်းသော သက်ရှိတစ်ယောက်အတွက် ကြီးမြတ်သူကိုယ်တိုင်က တန်ဖိုးတစ်ခု ပေးရမှာလား။

လင်းယွမ်၏ စိတ်အသိက အဝေးသို့ ဆက်လက်ကြည့်ရှုနေပြီး ကြီးမြတ်သူများ၏ ပုံရိပ်များကို မြင်ခဲ့ရသည်။ ထိုပုံရိပ်များထဲမှ အချို့က လင်းယွမ်၏ အကြည့်ကို လျစ်လျူရှုခဲ့ကြသည်။ အချို့က ဖော်ရွေမှုကို ပြသကြပြီး အချို့က မကျေနပ်မှုကို ပြသကြလေသည်။ အားလုံးကို ကြီးမြတ်သူရှချင်က ပိတ်ဆို့ခဲ့သည်။

သူက ဆက်လက်လေ့လာသည်နှင့်အမျှ အချိန်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုက ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် တိုးတက်နေသည်။ ထိုနေရာက အချိန်နိယာမကို တိုက်ရိုက်လေ့လာနိုင်သော အချိန်မြစ်ဖြစ်လေသည်။

ပုံမှန်အားဖြင့် အချိန်မြစ်မှ ထွက်နိုင်သူများက အချိန်နိယာမကို နားလည်ထားသူများဖြစ်သည်။ ကြီးမြတ်သူရှချင်၏ အကူအညီနှင့် လင်းယွမ်က ထိုစည်းမျဉ်းကို ဖောက်ဖျက်ခဲ့လေသည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာပြီး ဘယ်လောက်ကြာသွားလဲ သူမသိပေ။

" မင်းပြန်ဖို့ အချိန်ကျပြီ။ " ကြီးမြတ်သူရှချင်၏ အသံက ထွက်ပေါ်လာပြီး လင်းယွမ်၏ စိတ်အသိက မှေးမှိန်လာသည်။

နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။

" ငါပြန်ရောက်လာပြီလား။" လင်းယွမ်က ထိုင်ပြီး သူ၏ စိတ်က မတည်မငြိမ်ဖြစ်နေသည်။ သူက အချိန်မြစ်ထဲမှ ခဏသာ ထွက်လိုက်ရလျှင်တောင် နဝမအလွှာတစ်ယောက်အတွက် ကြီးမားသော အခွင့်အရေးဖြစ်လေသည်။

" ကြီးမြတ်သူတွေရဲ့ မူလခန္ဓာတွေကို ငါမြင်ခဲ့ရတာလား။ " လင်းယွမ်က တွေးလိုက်သည်။

ကြီးမြတ်သူများက စစ်မြေပြင်ကြီးများတွင် တိုက်ခိုက်ခဲ့သော ပုံရိပ်များ ရှိခဲ့သော်လည်း ကြီးမြတ်သူများက အမှန်တကယ် ဘာတွေလဲဆိုတာ မရှင်းလင်းခဲ့ပေ။

" ကြီးမြတ်သူရှချင်ရဲ့ အသံက နည်းနည်းအားနည်းနေတဲ့ပုံပဲ။ "

ကြီးမြတ်သူရှချက်က အချိန်မြစ်ထဲမှ သူကို ခေါ်ထုတ်ရန် မည်မျှပေးဆပ်ခဲ့ရသည်ကို လင်းယွမ်မသိပေ။ သို့သော် သူ၏ အသံကို နားထောင်ကြည့်ရုံနှင့်ပင် ပေးဆပ်ရမည့်တန်ဖိုးက မနည်းသည်ကို သူသိလေသည်။

"ငါ ကြီးမြတ်သူတစ်ယောက် ဖြစ်လာနိုင်မလားမသိဘူး။ " လင်းယွမ်က အချိန်မြစ်ထဲမှ ထွက်ခဲ့ချိန်က လွတ်လပ်သည့် ခံစားချက်ကို ပြန်တွေးလိုက်မိသည်။

လင်းယွမ်၏ များပြားသော အခြေခံအုတ်မြစ်များနှင့်ပင် သူက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အာမခံချက်မရှိပေ။ ဖရိုဖရဲနိယာမကို နားလည်ခြင်းက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန်အတွက် အကျိုးရှိရုံသာဖြစ်သည်။

" ငါ့ရဲ့ အချိန်နိယာမအပေါ် နားလည်မှုက.." လင်းယွမ်က သူ၏ ပြောင်းလဲမှုများကို ဂရုတစိုက် ခံစားလိုက်သည်။

အချိန်မြစ်တစ်ခုလုံးကို လေ့လာခဲ့သောကြောင့် သူ၏ အချိန်နိယာမအပေါ် နားလည်မှုက အတိတ်နှင့် လုံးဝမတူသော အမြင်တစ်ခုကို ရရှိခဲ့သည်။

" အချိန် " လင်းယွမ်က သူ၏ လက်ကို ဆန့်လိုက်သည်နှင့် အချိန်အတက်အကျက နှောက်ယှက်ခံလိုက်ရပြီး သေးငယ်သော လှိုင်းတွန့်များ ဖြစ်ပေါ်လာသည်။

" အခု ငါက အချိန်နိယာမကို ကျွမ်းကျင်ဖို့ သိပ်မလိုတော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်နိယာမကို မကျွမ်းကျင်မီ ဆင့်ကဲပြောင်းလဲသူတိုင်းက အချိန်နိယာမကို နားလည်သည်ဟု မပြောနိုင်ပေ။ အချိန်နိယာမက အလွန်ကျယ်ပြန့်သောကြောင့် ထိုအဆင့်သို့ မရောက်မီ ၎င်းကို ကျွမ်းကျင်သည်ဟု သေချာ မပြောနိုင်ပေ။

သို့သော် လင်းယွမ်က မတူပေ။ သူက အချိန်မြစ်တစ်ခုလုံးကို လေ့လာခဲ့ပြီး အတိတ်နှင့်အနာဂတ်ကို တိကျသော နားလည်မှုတစ်ခုရရှိခဲ့သည်။ ထို့ကြောင့် အချိန်နိယာမကို နားလည်မှုက အခြားနားလည်သူများထက် ပို၍ ရှင်းလင်းလေသည်။

" နဝမအလွှာမှာ အချိန်နိယာမကို နားလည်ပြီး အတွင်းကမ္ဘာကို ခွဲထုတ်နိုင်ရင် အလွှာတစ်ဆယ်ကို ရောက်တဲ့အခါ ဖရိုဖရဲဟင်းလင်းပြင်ကနေ မူလရင်းမြစ်ကို ရရှိလိမ့်မယ်။ "

ထို့ကြောင့် ကြီးမြတ်သူရှချင်က တန်ဖိုးတစ်ခု ပေးဆပ်ပြီး လင်းယွမ်ကို အချိန်မြစ်၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကူညီပေးခဲ့ခြင်းဖြစ်သည်။ အချိန်နိယာမကို နားလည်မှုတွင် သူ့ကို တွန်းအားတစ်ခု ပေးခဲ့လေသည်။

လင်းယွမ်က အလွှာတစ်ဆယ်သို့ မဝင်ရောက်မီ အချိန်နိယာမကို နားလည်ရန်ဖြစ်သည်။ သို့မှသာ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို သူ၏ အတွင်းကမ္ဘာထဲသို့ ပေါင်းစည်းနိုင်ပေလိမ့်မည်။

" လက်ရှိဦးစားပေးက အချိန်နိယာမကို နားလည်ဖို့ပဲ။ "

ကြီးမြတ်သူရှချင်က သူ့ကို ထိုကဲ့သို့ တွန်းအားပေးခဲ့ပြီး သူက နဝမအလွှာတွင် အချိန်နိယာမကို နားမလည်နိုင်လျှင် လင်းယွမ်က အမှန်တကယ် ရှက်မိပေလိမ့်မည်။

" ငါ့ရဲ့ လက်ရှိနှုန်းနဲ့ဆို အချိန်နိယာမကို နားလည်ဖို့ နှစ်သုံးဆယ်လောက် ကြာလိမ့်မယ်။ " လင်းယွမ်က သူ့ကိုသူ စစ်ဆေးပြီး နားလည်လိုက်သည်။

သူ၏ အတွင်းကမ္ဘာအသွင်ပြောင်းလဲမှုကလည်း နှစ်သုံးဆယ်သာ ကြာမြင့်ပေလိမ့်မည်။ ထိုကဲ့သို့သော အချိန်တိုအတွင်း အချိန်နိယာမကို နားလည်ခြင်းက လင်းယွမ်အတွက် အံ့အားသင့်စရာပက်ဖြစ်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ။

ထိုက်ယန်မူလစိတ်ဝိညာဉ်က ဧကရာဇ်ရွှမ်ဟွမ်၏ နည်းစနစ်သုံးခုထဲမှ တစ်ခုဖြစ်သော အချိန်လေဟာနယ်ခြေလှမ်းကို လေ့ကျင့်နေခဲ့သည်။

" အချိန်မြစ်တစ်ခုလုံးကို လေ့လာတာက ဒီနည်းစနစ်ကိုလည်း တိုးတက်စေခဲ့တယ်။ " လင်းယွမ်က ရှေ့သို့ လှမ်းလိုက်သည်နှင့် လျို့ဝှက်နယ်မြေ၏ တစ်ဖက်တွင် ပေါ်လာသည်။

အချိန်လေဟာနယ်ခြေလှမ်းက အချိန်နိယာမနှင့် လေဟာနယ်နိယာမတို့၏ ရှုထောင့်များ ပါဝင်လေသည်။ အချိန်နှင့် လေဟာနယ်တို့၏ ပေါင်းစည်းမှုမှ ပေါက်ကွဲလာသော စွမ်းအားက လင်းယွမ်မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်ခဲ့သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ နက်ရှိုင်းသောနေရာတွင် လက်ခြောက်ဖက်နှင့် ပုံရိပ်က ထိုင်နေသည်။ လျို့ဝှက်နယ်၏ စိတ်အသိဖြစ်သောကြောင့် လျို့ဝှက်နယ်မြေအတွင်း ဖြစ်ပျက်သမျှက သူ၏ အာရုံမှမလွတ်မြောက်နိုင်ပေ။

" သခင်က အချိန်လေဟာနယ်ခြေလှမ်းကို ဒီလောက်တောင် ကျွမ်းကျင်နေပြီလား။ " လက်ခြောက်ဖက်ပုံရိပ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ မတူညီသော နေရာများတွင် အဆက်မပြတ် ပေါ်လာသော လင်းယွမ်ကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

လင်းယွမ်က ကြီးမားသော အကွာအဝေးများကို ဖြတ်ကျော်နေသည်ကို သူခံစားမိလေသည်။ ၎င်းက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စွမ်းအားဖြင့် မဟုတ်ဘဲ အချိန်လေဟာနယ်ခြေလှမ်းကို အသုံးပြုပြီး ဖြတ်ကျော်ခြင်းဖြစ်သည်။

" အချိန်လေဟာနယ်ခြေလှမ်းကို ဒီလိုအဆင့်တစ်ခုထိ ရောက်ဖို့က အချိန်နိယာမကို နားလည်ဖို့ သိပ်မလိုတော့ဘူး။ သခင်က နဝမအလွှာပဲ ရှိနေသေးပေမယ့် အချိန်နိယာမကို အပြည့်အဝ နားလည်ဖို့ နီးကပ်နေပြီပဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က မယုံကြည်နိုင်ဖြစ်နေသည်။

လင်းယွမ်က ရွှမ်ဟွမ်တိုက်ကွက်ကို လျင်မြန်စွာ တိုးတက်လာခြင်းက လက်ခံနိုင်သေးသည်။ သို့သော် အချိန်လေဟာနယ်ခြေလှမ်းက နိယာမများအပေါ် နားလည်မှုနှင့် သက်ဆိုင်လေသည်။

" အရှင်မင်းကြီး အရင်က ပြောခဲ့တာရှိတယ်။ အချိန်နိယာမကို စောစော နားလည်တာက ပိုအကျိုးရှိတယ်။ အလွှာတစ်ဆယ်မှာ အချိန်နိယာမကို နားလည်သွားတာက ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်လို့ ပြောလို့ရနေပြီ။ "

" သခင်ရဲ့ နားလည်မှုနှုန်းကို ကြည့်ရတာ နဝမအလွှာမှာပဲ အချိန်နိယာမကို နားလည်းသွားနိုင်ခြေများတယ်။ " လက်ခြောက်ဖက်နှင့်ပုံရိပ်က ရေရွတ်လိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က အသေးစားစကြာဝဠာကို ကိုင်ပြီး အတွင်းမှ အချိန်နိယာမ၏ လည်ပတ်မှုကို လေ့လာနေသည်။ အသေးစားစကြာဝဠာအတွင်းမှ အချိန်နိယာမက အချိန်မြစ်နှင့် မယှဉ်နိုင်သော်လည်း နိယာမ၏ ပြည့်စုံသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အသေးစားစကြာဝဠာအတွင်း အချိန်နိယာမနှင့် လေဟာနယ်နိယာမတို့အပါအဝင် နိယာမများစွာကို တည်ငြိမ်သော ဟန်ချက်ညီမှုတစ်ခုဖြင့် ဖွဲ့စည်းထားသည်။ လင်းယွမ်က အချိန်နိယာမကို ဆက်လက်လေ့လာနေစဉ် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" တစ်ယောက်ယောက်က ငါ့ကိုရှာနေတာလား။ " လင်းယွမ်က လေ့လာခြင်းကို မရပ်တန့်ဘဲ သူ၏ စိတ်အသိအပိုင်းအစတစ်ခုကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

All Chapters