ဖန်ချင်း၏ စိတ်အသိ ပျောက်သွားခြင်း....
Vol. 34 Ch. 524
VR ကမ္ဘာ။
လင်းယွမ်က ကိုယ်ပိုင်နေရာတွင် ထိုင်နေပြီး သူ၏ ရှေ့တွင် မုတ်ဆိတ်ဖြူ အဘိုးအိုတစ်ယောက် ပေါ်လာသည်။
" နဂါးငွေ့တန်းကြယ်သခင်ကို နှုတ်ဆက်ပါတယ်။ " မုတ်ဆိတ်ဖြူအဘိုအိုက. လေးစားစွာ ပြောလိုက်သည်။
သူ၏ ရှေ့မှ လူငယ်က ဒဏ္ဍာရီလာ နဂါးငွေ့တန်းကြယ်သခင်ဖြစ်လေသည်။ သာမန်ဆင့်ကဲပြောင်းလဲသူများက သူနှင့် တွေ့ဆုံရန် မဖြစ်နိုင်ပေ။ သူ့လို စိတ်ဝိညာဉ်ပုံစံတစ်ခုက နဂါးငွေ့တန်းကြယ်သခင်နှင့် တွေ့ခွင့်ရခြင်းမှာ အတိတ်မှ အကြောင်းအရာများကြောင့်ဖြစ်သည်။
" မင်းက ဖန်ချင်းနောက်လိုက်နေတဲ့ စိတ်ဝိညာဉ်တစ်ခုမဟုတ်လား။ " လင်းယွမ်က မုတ်ဆိတ်ဖြူအဘိုးအိုကို ကြည့်ပြီး ဂရုမစိုက်ဘဲပြောလိုက်သည်။
ဖန်ချင်းက ကန်လန်ကြယ်တွင် လင်းယွမ်နှင့် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ခဲ့လေသည်။ သူက ဆဋ္ဌမအလွှာသို့ မရောက်မီ ဟေးယုအိုနှင့် ရင်ဆိုင်ရချိန်တွင် ဖန်ချင်းက သူ၏ဘက်တွင် ရပ်တည်ပေးခဲ့သည်။
လင်းယွမ်က ရှစ်စန်းတောင်ထိပ်သခင်ဖြစ်လာပြီးနောက် ဖန်ချင်းက ရှစ်စန်းတောင်ထိပ်သို့ ခေါ်ယူခဲ့လေသည်။ ဖန်ချင်းက နှစ်ပေါင်းများစွာ ကြိုးစားပြီးလျှင် ပင်မအဖွဲ့ဝင်တစ်ယောက်ဖြစ်လာနိုင်သော်လည်း လင်းယွမ်၏ လူယုံတစ်ယောက်အနေဖြင့် ဖန်ချင်း၏ အဆင့်အတန်းက ကြယ်သခင်နှင့် တောင်ထိပ်သခင်များအောက်တွင်သာ ရှိလေသည်။
လင်းယွမ်က နဂါးငွေ့တန်းကြယ်သခင်ဖြစ်လာပြီးနောက် ချီခွန်ပင်မကြယ်ကို များစွာအာရုံစိုက်ခြင်းမရှိခဲ့ပေ။ ဖန်ချင်းက ဆဋ္ဌမအလွှာသို့ ဝင်ရောက်ပြီး နာမည်ကြီးလာသည်ကိုတော့ ကြားခဲ့လေသည်။
ဖန်ချင်း၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်သည်။ ထိုကဲ့သို့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အလွန်သတိထားရလေသည်။ ချောမွေ့စွာ ကျင့်ကြံနိုင်လျှင် ကျင့်ကြံမှုအရှိန်က လျင်မြန်နိုင်လေသည်။
ရှေးဟောင်းနတ်ဘုရားဆင့်ကဲပြောင်းလဲခြသ်းလမ်းစဉ်က စကြာဝဠာအတွင်းမှ ရှေးဟောင်းနတ်ဘုရားများကို အတုယူထားခြင်းဖြစ်သည်။ ထိုရှေးဟောင်းနတ်ဘုရားများက ပုံမှန်အားဖြင့် အလွှာဆယ့်တစ်များဖြစ်ကြသည်။
ဖန်ချင်းက ရှစ်စန်းတောင်ထိပ်၏ စီမံခန့်ခွဲသူဖြစ်သောကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့လေသည်။ ထို့ကြောင့်လည်း သူက နှစ်တစ်ရာမပြည့်မီ ဆဋ္ဌမအလွှာသို့ ရောက်ခဲ့ခြင်းဖြစ်သည်။
" ဟုတ်ပါတယ် နဂါးငွေ့တန်းကြယ်သခင်။ ကျွန်တော်သခင်က ဖန်ချင်းပါ။ ဖန်ချင်က မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့တယ်။ " မုဆိတ်ဖြူအဘိုးအိုကပြောလိုက်သည်။
" ဖန်ချင်းက မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့တာလား။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
လူသားမျိုးနွယ်အတွင်း သူနှင့် ဖန်ချင်း၏ ဆက်ဆံရေးကို မသိသူမရှိသလောက်ပင်ဖြစ်သည်။ ဖန်ချင်းက အမှန်တကယ် တစ်ယောက်ယောက်ကို ဆန့်ကျင်ခဲ့လျှင်တောင် သူတို့က အရင်ဆုံး လင်းယွမ်ကို ဆက်သွယ်ပေလိမ့်မည်။ ထို့ကြောင့် ဖန်ချင်း၏ ပြဿနာက လူသားမျိုးနွယ်အတွင်းမှမဖြစ်နိုင်ပေ။
" နဂါးငွေ့တန်းကြယ်သခင် လွန်ခဲ့တဲ့တစ်နာရီက ဖန်ချင်းက ကျင့်ကြံနေရင်း ရုတ်တရက် သတိလစ်သွားပါတယ်။ သူ့ရဲ့အသက်လက္ခဏာတွေနဲ့ စိတ်ဝိညာဉ်က ပုံမှန်ပါပဲ။ ဒါပေမယ့် သူ့ရဲ့ စိတ်အသိက ပျောက်ကွယ်သွားတယ်။ " မုတ်ဆိတ်ဖြးအဘိုးအိုက လျင်မြန်စွာ ရှင်းပြလိုက်သည်။
" စိတ်အသိ ပျောက်ကွယ်သွားတာလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
သက်ရှိများအတွက် အရေးအကြီးဆုံးက ရုပ်ခန္ဓာလား၊ စိတ်ဝိညာဉ်လား။ မဟုတ်ပေ။ အရာအားလုံးကို ထိန်းချုပ်ပေးသော စိတ်အသိသာဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင် ဖန်ချင်က သေသွားတာလား။ " မုတ်ဆိတ်ဖြူအဘိုးအို၏ အသံက တုန်ယင်နေသည်။
ဖန်ချင်း ကျင့်ကြံအားထုတ်ရန် သူက များစွာကြိုးစားခဲ့လေသည်။ သူ၏ အရင်သခင်၏ ရန်ငြိုးကို လက်စားမချေရသေးမီ ဖန်ချင်းက သေသွားခဲ့ပြီလား။ ထို့အပြင် ဖန်ချင်းနှင့် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့သောကြောင့် သူတို့ကြား သံယောဇဉ်များရှိနေပြီဖြစ်သည်။
" ဖန်ချင်း မသေသေးဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူက ဖန်ချင်းအကြောင်းကြားလိုက်ရချိန်တွင် သူက ဖန်ချင်းနှင့် ကြောင်းကျိုးဆက်နွယ်မှုနောက်လိုက်ပြီး ၎င်းကို သိရှိခြင်းဖြစ်သည်။ ဖန်ချင်းနှင့် ကြောင်းကျိုးဆက်နွယ်မှုက ရှိနေဆဲဖြစ်သောကြောင့် ဖန်ချင်း မသေသည့်အဓိပ္ပါယ်ပင်ဖြစ်သည်။ သူက ကြောင်းကျိုးဆက်နွယ်မှုနောက် လိုက်ခဲ့သော်လည်း ပိတ်ဆို့ခြင်းခံခဲ့ရလေသည်။ ထိုဆက်နွယ်မှုက စကြာဝဠာ၏ နက်ရှိုင်းသော နေရာသို့ ဦးတည်သွားခဲ့ခြင်းဖြစ်သည်။
" ရှေးဟောင်းနတ်ဘုရားတစ်ပါးက လှုပ်ရှားခဲ့တာလား။ " လင်းယွမ်က တွေးလိုက်သည်။
အလွှာဆယ့်တစ် ရှေးဟောင်းနတ်ဘုရားများမှ လွဲ၍ ဖန်ချင်း၏ စိတ်အသိက လူသားမျိုးနွယ်မှ စကြာဝဠာ၏ နက်ရှိုင်းသော နေရာသို့ ရွှေ့ပြောင်းနိုင်သူများမရှိပေ။
" အဲ့ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ရှေးဟောင်းနတ်ဘုရားဖြစ်နိုင်လား။ " မုတ်ဆိတ်ဖြူအဘိုးအို၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။
လူသားမျိုးနွယ်က ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ ပြန့်ပွားမှုကို ဖိနှိပ်ထားခဲ့သည်။ အကြောင်းမှာ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသော ဆင့်ကဲပြောင်းလဲသူများက ရှေးဟောင်းနတ်ဘုရားများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့်ဖြစ်သည်။
ပုံမှန်အခြေအနေများတွင် ရှေးဟောင်းနတ်ဘုရားများက သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အား ကျင့်ကြံသူများကို စိတ်ဝင်စားခြင်းမရှိပေ။ ၎င်းက သိက္ခာကျသောကြောင့်ဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားများက အထူးသက်ရှိများဖြစ်သည့်အလျောက် အလွန်ဂုဏ်မောက်ကြလေသည်။ သူတို့က ကြီးမြတ်သူဖြစ်လာရန် အန္တိမအသိအမြင်အတွက်သာ သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ကြခြင်းဖြစ်သည်။
" အရမ်းမစိုးရိမ်နဲ့။ ငါနည်းနည်း စုံစမ်းကြည့်မယ်။ " လင်းယွမ်က မုတ်ဆိတ်ဖြူအဘိုးအိုကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့ " မုတ်ဆိတ်ဖြူအဘိုးအိုက သူ့ကိုသူ ထိန်းချုပ်၍ ပြောလိုက်ပြီး ပျောက်ကွယ်သွားသည်။
" ဖန်ချင်းကျင့်ကြံနေတဲ့ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..." လင်းယွမ်က သူ၏ အခွင့်အာဏာကို အသုံးပြုပြီး ချက်ချင်းရှာဖွေလိုက်သည်။
အဆင့်ရှစ်နိုင်ငံသား၊ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်အနေဖြင့် လင်းယွမ်က လူသားမျိုးနွယ်၏ ထိပ်တန်းလျို့ဝှက်ချက်များမှ လွဲ၍ အားလုံးနီးပါးကို သိနိုင်လေသည်။ မကြာမီ လင်းယွမ်က ဖန်ချင်းကျင့်ကြံနေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်း အသေးစိတ်အချက်အလက်များကို ရရှိလိုက်သည်။
" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထို့ပါရှေးဟောင်းနတ်ဘုရားဆီကလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။
ဖန်ချင်း၏ ကြောင်းကျိုးဆက်နွယ်မှုကလည်း ရှေးဟောင်းနတ်ဘုရားထို့ပါ၏ နယ်မြေသို့ ဦးတည်နေခဲ့သည်။
" ဒါဆို ရှေးဟောင်းနတ်ဘုရားထို့ပါလုပ်တာဖြစ်ရမယ်။ ဒါပေမယ့် သူလို ရှေးဟောင်းနတ်ဘုရားအတွက် ဆဋ္ဌမအလွှာတစ်ယောက်ရဲ့ စိတ်အသိက ဘာအသုံးဝင်လို့လဲ။ " လင်းယွမ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ရှေးဟောင်းနတ်ဘုရားထို့ပါက အချိန်နိယာမကို နားလည်ထားပြီး အချိန်နှင့် လေဟာနယ်နိယာမပေါင်းစည်းခြင်းတွင်လည်း အဆုံးသို့ ရောက်ခဲ့သူဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားများကြားမှာပင် သူက အားနည်းခြင်းမရှိပေ။ ထိုကဲ့သို့သော တည်ရှိမှုတစ်ခုအတွက် ဆဋ္ဌမအလွှာတစ်ယောက်၏ စိတ်အသိက အရေးမပါလှပေ။
လင်းယွမ်က အကြောင်းရင်းကို မတွေးနိုင်သေးပေ။
" ပထမဆုံး ရှေးဟောင်းနတ်ဘုရား ထို့ပါကို ဆက်သွယ်နိုင်မလားကြည့်ရမှာပေါ့။ " လင်းယွမ်က ထိုကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟု ထင်မိလေသည်။
ယခုအချိန်ထိ ရှေးဟောင်းနတ်ဘုရားထို့ပါက လူသားမျိုးနွယ်နှင့် ပဋိပက္ခများ ဖြစ်ထားခြင်းမရှိပေ။ အကယ်၍ လင်းယွမ်က အနည်းငယ် ညှိနှိုင်းကြည့်လျှင် ဖန်ချင်း၏ စိတ်အသိကို ရယူနိုင်လောက်ပေသည်။
ထိုအတွေးနှင့် လင်းယွမ်က မိတ်ဆွေအချို့ကို ဆက်သွယ်လိုက်သည်။ လင်းယိ၏ မင်္ဂလာပွဲတွင် သူက အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူအချို့နှင့် တွေ့ဆုံခဲ့လေသည်။
" နဂါးငွေ့တန်းကြယ်သခင်က ရှေးဟောင်းနတ်ဘုရားထို့ပါကို ဆက်သွယ်ချင်လို့လား။ "
" အဲ့ဒီရှေးဟောင်းနတ်ဘုရားရဲ့ စိတ်နေစိတ်ထားက အတော်လေးဆိုးတယ်လို့ ပြောကြတယ်။ "
" ငါက ရှေးဟောင်းနတ်ဘုရား ထို့ပါနဲ့တော့ မသိဘူး။ အခြားရှေးဟောင်းနတ်ဘုရားတွေကိုတော့ သိတယ်။ ရှေးဟောင်းနတ်ဘုရားတွေကြားမှာ ဆက်သွယ်မှုတော့ ရှိလောက်ပါတယ်။ "
မကြာမီ လင်းယွမ်၏ ကိုယ်ပိုင်နေရာအတွင်း ဝတုတ်တုတ် ပုံရိပ်တစ်ခု ပေါ်ဘာသည်။
" နဂါးငွေ့တန်းကြယ်သခင် " သူ၏ အသံက အနည်းငယ် ရှုပ်ထွေးနေသည်။
" မင်းလား။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။
ထိုဝတုတ်တုတ် ပုံရိပ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ မာဒိုခရီးသည်ပင်ဖြစ်သည်။ မာဒိုခရီးသည်ကလည်း အထူးသက်ရှိတစ်မျိုးဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ မျိုးဆက်ဖြစ်သည်။
လူသားမျိုးနွယ်၏ VR ကမ္ဘာက ပုံမှန်အားဖြင့် အခြားမျိုးနွယ်များအတွက် မဖွင့်ပေးပေ။ သို့သော် အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ကွန်ရက်တစ်ခုတည်ဆောက်ရန် လျှောက်ထားနိုင်ပြီး အခြားမျိုးနွယ်များနှင့် ဆက်သွယ်နိုင်လေသည်။
" ငါ့ရဲ့ ဘိုးဘေးက ရှေးဟောင်းနတ်ဘုရားထို့ပါကို သိတယ်လို့ပြောတယ်။ သူက မင်းတို့ ဆက်သွယ်ဖို့ ကူညီပေးနိုင်တယ်လို့ ပြောခဲ့တယ်။ " မာဒိုခရီးသည်က ပြောလိုက်သည်။
မာဒိုခရီးသည်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် မလှုပ်ရှားခဲ့သောကြောင့် ရှေးဟောင်းနတ်ဘုရားက မကျေမနပ်ဖြစ်ခဲ့လေသည်။
ယခု နဂါးငွေ့တန်းကြယ်သခင်က ရှေးဟောင်းနတ်ဘုရားထို့ပါကို ဆက်သွယ်ရန် ဆန္ဒရှိသည်ဟု ကြားသောအခါ မာဒိုခရီးသည်၏ ဘိုးဘေးက အခွင့်အရေးရောက်လာပြီကို နားလည်လေသည်။ နဂါးငွေ့တန်းကြယ်သခင်က ရှေးဟောင်းနတ်ဘုရားထို့ပါကို ဆက်သွယ်ချင်သည့် အကြောင်းရင်းကို သူမသိသော်လည်း ၎င်းကို ကူညီပေးလျှင် အကျိုးကျေးဇူးမရရှိလျှင်တောင် နဂါးငွေ့တန်းကြယ်သခင်နှင့် အဆက်အဆံပြုလုပ်ရပေလိမ့်မည်။
" ငါသိပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ဒါဆို ရှေးဟောင်းနတ်ဘုရား စစ်ကျုံးကို ကျေးဇူးတင်ရမှာပဲ။ "
မာဒိုခရီးသည်၏ ဘိုးဘေးက ရှေးဟောင်းနတ်ဘုရားစစ်ကျုံးဖြစ်ပြီး ကျယ်ပြန့်သော အဆက်အသွယ်နှင့် နာမည်ကြီးလေသည်။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားထို့ပါကို သိသည်က အံ့ဩစရာမရှိပေ။
" ဒါပေမယ့် ရှေးဟောင်းနတ်ဘုရားထို့ပါရဲ့ စိတ်နေစိတ်ထားက ဆိုးတယ်လို့ပြောတယ်။ အဲ့ဒါကြောင့် ရှေးဟောင်းနတ်ဘုရားထို့ပါနဲ့ မတွေ့ခင် ဘိုးဘေးက မင်းနဲ့ တွေ့ချင်တယ်လို့ပြောတယ်။ " မာဒိုခရီးသည်က ပြောလိုက်သည်။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။