ငါစုရီ ရောက်ပြီ ... ။
Vol. 43 Ch. 505
“ ငါမျက်စိကန်းပြီး ... စော်ကားလိုက်မိတဲ့အတွက် ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ် မိတ်ဆွေ ... ။ ”
တာအိုဝတ်ရုံဝတ် အမျိုးသားခမျာ ကြောက်လန့်စိတ်ဖြင့် ချက်ချင်း တောင်းပန် တော့၏။
“ ဒါဆို ငါ့မေးခွန်းတွေ မင်းဖြေပေး ။ ”
“ မေးပါ ... ။ ”
တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားက လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး၊
“ ငါသိသမျှ မင်းကိုပြောပြမယ် ... ။ ”
-ဟု အလောတကြီး ပြောကြား၏။
“ မင်းရဲ့ဇာစ်မြစ်ကို ပြောပါ။ ”
“ ငါက မရဏတံခါးဂိုဏ်းအောက်မှာ နှစ်ပေါင်း(၁၃၀) ကျော် လေ့ကျင့်နေခဲ့တာ ဒီကို ရောက်လာတာ မကြာသေးပါဘူး ... ။ ”
ထိုအဖြေကြောင့် စုရီက ဆက်မေးရန် ပျင်းရိသွားလေသည်။ အခြားအချင်းအရာထံ ဦးတည်လိုက်၏။
“ မင်းနဲ့ချင်လော ဘယ်လိုတွေ့တာလဲ။ ”
“ ရိုးသားစွာပြောရရင် ... လွန်ခဲ့တဲ့ လဝက်လောက်က သူ့ကိုယ်သူ ချင်လောလို့ ခေါ်ဆိုတဲ့ လူငယ်လေး ရုတ်တရက် ပေါ်လာပြီး ...
... ငါအသက်ရှင်ချင်တယ်ဆိုရင် သူ့ကိုကူညီရမယ် မဟုတ်ရင် ဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ ”
“ မင်းကို ဘာလုပ်ခိုင်းတာလဲ။ ”
“ တစ္ဆေလင်းနို့ မွေးမြူခိုင်းတာပါ ... ချင်လောရဲ့အဆိုအရ သူ့မှာ ငရဲဝိညာဉ်သဲတွေ လိုနေတယ် အဲဒါကိုရဖို့ တစ္ဆေလင်းနို့နဲ့ သန့်စင်ရမယ် ဒါကြောင့် ...
... ငါ့တပည့်တွေကို သွေးနဲ့ ဝိညာည်တွေအမဲလိုက်ဖို့ တောင်အောက်ကို ဆင်းခိုင်းရတာပါ။ ”
စုရီမှ မျက်ခုံးပင့်လိုက်တော့၏။
“ ဟမ့် ... မင်းက ချင်လောအပေါ် အပြစ်တင်ပြီး ငါ့ကိုဒုက္ခဖြစ်အောင် ရည်ရွယ် ပြောနေတာလား။ ”
ထိုစကားကြောင့် တာအိုဝတ်လုံ ဝတ်ဆင်ထားသော အမျိုးသားက တုန်လှုပ် ခြောက်ခြားသွားကာ၊
“ ငါ့မှာ ဒီလိုမျိုးအတွေးမျိုး လုံးဝမရှိဘူး ... ။ ”
-ဟု ချက်ချင်း ငြင်းဆန်၏။
“ မင်းမှာ ဒီလိုအတွေးမျိုး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သေခြင်းက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”
ဤတစ်ကြိမ်တွင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားသည် ခဏမျှ ထိတ်လန့်သွားပြီး ချက်ချင်း အနက်ရောင် မီးတောက်အဖြစ် ပြောင်းလဲကာ ထွက်ပြေးတော့သည်။
သို့သော် ခဏလေးအတွင်းမှာပင် ဓားနှင့်ခုတ်ခံရပြီး သူ့ဝိညာဉ် ကွဲအက်သွား၏။
“ ကောင်းကင်ဘုံနတ်မိစ္ဆာခြံဝင်းက နတ်ဆိုးသားရဲတွေအပေါ် ရူးသွပ်လာအောင် လုပ်ဆောင်ပြီး မရဏတံခါးက ...
... နတ်ဆိုးသားရဲတွေအတွက် လူသားရဲ့သွေးနဲ့ ဝိညာဉ်ကို အစာအဖြစ်ကျွေးဖို့ ရည်ရွယ်နေတယ် ...
... ဒီကမ္ဘာပေါ်က သက်ရှိအားလုံးကို မင်းတို့ဆန္ဒရှိသလိုသတ်ပစ်ဖို့ သားကောင်အဖြစ် ရှုမြင်နေကြပုံပဲ။ ”
ထို့နောက်တွင် စုရီပုံရိပ်သည် လေထဲပျံသန်းကာ မက်မွန်တောအုပ်အတွင်းမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
***
သွေးနတ်ဆိုးတောင်တန်းကြီးပေါ်ရှိ ကျောက်ဆောင်များနှင့် အပင်များကြားတွင် ပြန်လည်ရှင်သန်နေသော ဝိညာဉ်စွမ်းအင်များကို မြင်နိုင်သည်။
“ ကမ္ဘာကြီးက အရင်နဲ့ လုံးဝမတူတော့ဘူး။ ”
ဤမတိုင်မီတွင် သူရဲကောင်းချန်ကျန့်၏ အပြာရောင်တပ်ရင်းသည် တောင်ခြေတစ်နေရာ တပ်စွဲထား၏။ ယခုမူ အခြားကမ္ဘာတစ်ခုကဲ့သို့ ခံစားရချေပြီ။
“ ဒါက ကမ္ဘာကြီးရဲ့ ပြောင်းလဲခြင်းပဲ တကယ်လို့ ဒီဖရိုဖရဲကမ္ဘာမှာ ရှင်သန်ချင်ရင် ငါတို့တွေ ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းဆီ လက်အောက်ခံရမယ် မဟုတ်ရင် ငါတို့ ရပ်တည်ဖို့နေရာ မရှိတော့ဘူး။ ”
“ ဒါပေမယ့် သူတို့က နတ်ဆိုးတွေပဲ ... မဟာကျိုးရဲ့ ဒီရက်အတွင်း အပြစ်မဲ့ပြည်သူတွေ အပေါ် မရေမတွက်နိုင်အောင် သတ်ပစ်ခဲ့တယ် သူတို့ဆီမှာဆက်ပြီး ထမ်းဆောင်ရမယ်ဆိုရင် ငါတို့လည်း ခွင့်မလွှတ်နိုင်တဲ့ နတ်ဆိုးတွေ ဖြစ်လာမှာ မဟုတ်ဘူးလား။ ”
“ ဘာဖြစ်လဲ ... ဒီကမ္ဘာကြီးမှာ အကောင်းနဲ့အဆိုး ခွဲခြားမှု မရှိတော့ပါဘူး တော်ဝင်မိသားစုနဲ့ လျှို့ဝှက်နဂါးဓားဂိုဏ်း တို့တောင် လက်နက်ချတာကို မင်းမမြင်ဘူးလား။ ”
ငယ်ငယ်ရွယ်ရွယ်နှင့် အရွယ်စုံ စစ်သည်တော်များသည် စုဝေးပြီး စကားစမြည် ပြောဆိုနေကြ၏။ စုရီ ရောက်ရှိလာသော အခါတွင် သူတို့က ချက်ချင်းပင် ထရပ်ပြီး၊
“ ကောင်လေး၊ ဒါက ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းနယ်မြေပါ မင်းဒီမှာ ဘာလုပ် နေတာလဲ။ ”
-ဟု အဖြူရောင်ဝတ်ရုံဝတ် အဘိုးကြီးတစ်ယောက်က မေးသည်။
“ ခွေးဖြစ်ရတာ ဘယ်လို ခံစားရလဲ။ ”
စုရီက တုန့်ပြန်၏။ သူ့စကားကြောင့် မျက်နှာများ မည်းမှောင်သွားကြလေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စကားပြောရန်ပြင်နေစဉ်၊
“ ငါ ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းက လူတွေကို သတ်ဖို့လာတယ် ငါ့ကို တားမှာလား ဒါမှမဟုတ် ရပ်ကြည့်နေမှာလား။ ”
-ဟု စုရီမှ ပြောကြားလိုက်၏။
လူတိုင်း၏မျက်နှာများတွင် ထူးဆန်းသောအမူအရာများ ဖြစ်ပေါ်လာ ကြသည်။
လူငယ်တစ်ဦးသည် သွေးနတ်ဆိုး တောင်တန်းသို့ ရုတ်တရက် ရောက်လာပြီး ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းမှ လူအများကို သတ်ပစ်ချင်သည်ဟု ပြောနေခဲ့၏။ ရူးသွပ်နေပုံရသည်။
ရုတ်တရက် အနက်ရောင်ဝတ် လူငယ်တစ်ဦးက၊
“ မင်း နားမကြားဘူးလား ဒါက ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း နယ်မြေပဲ ဘယ်သူမှ ခွင့်မပြုဘဲ ဒီကိုသွားခွင့်မရှိဘူး။ ”
-ဟု အော်ငေါက်လာ၏။
“ ဒါဆို မင်းက ခွေးဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ ”
“ လူမိုက် ... မင်းမမြင်ဘူးလား၊ ငါတို့အားလုံးလက်နက်ချပြီးပြီ မင်းကို ငါတို့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ ... ။ ”
“ ရွှပ် ... ။ ”
စကားဆုံးသည်နှင့် အနက်၀တ် လူငယ်မှာ ခေါင်းဖြတ်ခံလိုက်ရပြီး သွေးများ ပန်းထွက်လာ ခဲ့သည်။
လူတိုင်း အံ့အားသင့်သွားကာ မျက်နှာများသိသိသာသာ ပြောင်းသွားတော့၏။ စုရီက လျစ်လျူရှုလျက်၊
“ ကြွက်တစ်ကောင်က အညံ့ခံတာ မထူးဆန်းပါဘူး ... ဒါပေမယ့် ငါ့လမ်းမှာ မရပ်သင့်ဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
ထို့နောက် ရှေ့ဆက်လာ၏။ မည်သူမျှ တားဆီးဝံ့ခြင်း မရှိချေ။ အဖြူဝတ် အဘိုးအိုက ရှုပ်ထွေးသောအမူအရာဖြင့်၊
“ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းကို ဖျက်ဆီးချင်နေတာလား အမှန်တကယ် ဖျက်ဆီးပစ်နိုင်ပါစေလို့ ငါမျှော်လင့်ပါတယ် ...
... ဒါဆို ငါတို့အားလုံး လူယုတ်မာတွေ လက်ကနေ လွတ်မြောက်သွားရုံသာမကဘဲ မဟာကျိုးရဲ့ ဖရိုဖရဲဖြစ်ရပ်တွေ ငြိမ်းချမ်းနိုင်မယ်။ ”
“ ဆရာလီ .. မင်းစကား သတိထားပြောပါ။ ”
တစ်စုံတစ်ယောက်က သတိပေး၏။
“ ငါ လီချန်လင်းဟာ တစ်ချိန်က လုယန်အကယ်ဒမီရဲ့ နန်းတော်သခင် ဖြစ်ခဲ့ပြီး မဟာကျိုးတလျှောက် ကျော်ကြားပါတယ် ...
... ဒါပေမယ့် အခုတော့ ငါဟာ ခွေးတစ်ကောင်လို ဒူးထောက်ပြီး ဒီအခြေအနေ အထိ ရောက်သွားခဲ့ရတယ် ... ဒါဆို ဘာများ သတိထားနေရဦးမှာလဲ။”
လူတိုင်း တိတ်ဆိတ်ကုန်၏။ မဟာကျိုးရှိ ယခင်သြဇာကြီးမားလှသော ပုဂ္ဂိုလ်များအနက် အချို့သည် သေဆုံးကုန်ပြီး၊ အချို့မှာ အညံ့ခံခဲ့ကြသည်။
“ လာ ... လိုက်ကြည့်ရအောင် ... ။ ”
ရုတ်တရက် တစ်စုံတစ်ဦးမှ အကြံပြု၏။ များကြာခင် လူပေါင်းများစွာသည် စုရီနောက် ပြေးလိုက်သွားကြတော့သည်။
မြေအောက်ကမ္ဘာတွင် ထည်ဝါသော နန်းတော်များစွာရှိနေ၏။ ထိုအရာများအားလုံး မကြာသေးမီအချိန်ကမှ တည်ဆောက်ထားခြင်း ပေပင်။
ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းသည် ဤနေရာကို ၎င်းတို့၏အခြေစိုက်စခန်းအဖြစ် မှတ်ယူထားခဲ့ပြီး အလွန်အားကောင်းသော တားမြစ်ဝင်္ကပါများ ခင်းကျင်းထား၏။
မြေအောက်ကမ္ဘာ၏ နက်ရှိုင်းသော နေရာတွင် ပေတစ်ရာ အကျယ်အဝန်းရှိသော အရာဝတ္ထုတစ်ခု လေထဲဆိုင်းငံ့နေသည်။
ယင်းသည် သွေးနီဥများ လွင့်မျောနေသော ယဇ်ပလ္လင်တစ်လုံးဖြစ်၏။ ယဇ်ပလ္လင်ပေါ်တွင် ဆေးအိုးတစ်လုံးရှိသည်။
ဆေးမီးဖိုအတွင်း နီမြန်းသောသွေးများ ပွက်ပွက်ဆူနေပြီး အတွင်း၌ နူးညံ့သိမ်မွေ့သော ကလေးငယ်တစ်ဦး တင်ပျဉ်ခွေထိုင်နေ၏။
ကလေးငယ်၏ မျက်နှာသည် အပြစ်ကင်းစင်ပြီး ဖြူဖွေးသော ကိုယ်ခန္ဓာတွင် သွေးများစွန်းထင်းလျက် ကြောက်မက်ဖွယ် ရောင်ဝါများ ထွက်ပေါ်နေသည်။
ထူးဆန်းသော အနက်ရောင် အလင်းတန်းများသည် ယဇ်ပလ္လင်အနားတွင် ရစ်သိုင်းနေပြီး ကလေးငယ် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွား၏။
အနီရောင်ဝတ်လုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လက်ထဲ ကျောက်စိမ်း ပုလင်းကို ကိုင်ဆောင်ကာ ရိုသေသော အကြည့်ဖြင့် ဘေးတွင်ရပ်နေသည်။
သူ့အမည်မှာ တုပိုင်ကျန်းဖြစ်၏။ ဝိညာဉ်ထင်ရှားခြင်း နှောင်းပိုင်းအဆင့်တွင် ရှိသော ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း၏ အကြီးအကဲဖြစ်သည်။
ဆေးအိုးအတွင်း သွေးများကုန်ချိန်တိုင်း တုပိုင်ကျန်းမှ လေးလေးစားစား လှမ်းတက်ကာ ကျောက်စိမ်းပုလင်းထဲက သွေးအနှစ်သာရကို လောင်းထည့်ပေးနေသည်။
၎င်းသည် စစ်သည်တော်များထံမှ စုဆောင်းပြီး သန့်စင်ထားသော သွေးဖြစ်သည်။ ဤသည်မှာ ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း၏ အမြင့်ဆုံး ‘နတ်ဆိုးဝိညာဉ်ရွှေသွေး’ကို ပိုင်ဆိုင်ထားသော သူတော်စင် ကလေးငယ်ပေပင်။
ထိုကလေးငယ်၏ အသိစိတ် ပင်လယ်အတွင်းတွင် ဧကရာဇ်စွမ်းအားကို တံဆိပ်ခတ်ထား၏။
ထို့ကြောင့် တုပိုင်ကျန်းသည် ကလေးငယ်ရှေ့တွင် လေးစားရိုသေမှု အပြည့် ရှိနေခြင်းဖြစ်သည်။
“ ငါစုရီ ... ချူရှနဲ့တွေ့ဖို့လာတယ်။ ”
ထိုအချိန်တွင် ခေါင်းလောင်း ထိုးလိုက်သကဲ့သို့ ကျယ်လောင်သောအသံများ ပဲ့တင်ထပ်လာတော့၏။
***