← Chapters

ငှက်ပြာလေးနှင့် နဂါးနက် ... ။

Vol. 43 Ch. 511

ငှက်ပြာလေးနှင့် နဂါးနက် ... ။

Vol. 43 Ch. 511

“ ချင်လော ... ချင်ဆိုတာ အပြာရောင် လောဆိုတာ ကောင်းကင်ပေါ်က ဆန်းကြယ်တဲ့ ငှက်ကလေး ... ။ ”

“ နာမည်ကောင်းတယ်။ ”

ချူရှက ချီးကျူးလိုက်သော်လည်း စိတ်ရှုပ်ထွေးလာသည်။ ဤလူသည် ထူးဆန်းပြီး ဆန်းကြယ်ချေ၏။ မိုးပြာတိုက်ကြီးမှ ဖြစ်ပုံမရချေ။

“ ငါတို့ ဘယ်တော့သွားမှာလဲ။ ”

ချင်လောက အနည်းငယ် အလျင်လိုနေပုံရ၏။

“ ခဏစောင့်ပါဦး တာအိုမိတ်ဆွေ။ ”

ချူရှမှ တုန့်ပြန်သည်။

“ အဲဒီဓားစာခံနှစ်ယောက်ကို မင်းစောင့်နေတာလား။ ”

ချူရှတစ်ယောက် မျက်ခုံးပင့်လိုက်၏။ တစ်ဖက်လူသည် သူ့အတွးများကို အကုန်သိနေ ချေပြီ။

“ ဟုတ်တယ် ... ။ ”

“ ဒါဆို မင်းပြောနေတဲ့ စုရီက လာမှာလား။ ”

ဤတစ်ကြိမ်တွင် ချူရှမျက်ဝန်းများ၌ ထိန်းချုပ်မရသော အမုန်းတရားများစွာတို့ဖြင့် တောက်ပလာပြီး၊

“ အနှေးနဲ့ ... အမြန်ပဲ။ ”

-ဟု ပြန်ဖြေလိုက်၏။

“ မုန်းတီးမှုက စိတ်နဲ့မျက်လုံးတွေကို တိမ်ကောသွားစေတယ် မင်းသူ့ကို အရမ်းမုန်းတဲ့ အတွက် ... သူက သာမန်လူ မဟုတ်လောက်ဘူး မင်းဂရုစိုက်တာ ပိုကောင်းမယ်။ ”

“ ဟမ့် ... ဒီကောင့်ကို ငါဘယ်လောက်ပဲ သတ်ချင်နေပါစေ ... သူ မဟာရှမှာ ရှိနေတာမို့ ဆက်ဆံဖို့ အခွင့်အရေး မရှိတော့မှာ ငါကြောက်တယ် ... ။ ”

“ မဟာရှလား အခွင့်အရေးရရင် ငါလည်းအဲဒီကိုသွားမယ်။ ”

နာရီဝက်ကုန်လွန်သွားပြီးနောက် ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း၏ အကြီးအကဲ နှစ်ဦးသည် ဝမ်ချောင်တုံနှင့် သူ့ဇနီးကိုခေါ်ကာ ကျွန်းပေါ်သို့ ဆင်းသက်လာခဲ့၏။

“ သွားရအောင် ... ။ ”

ထို့နောက်တွင် လူများစုစည်းစေလျက် အင်မော်တယ်ဓားမျှော်စင် အပျက်အစီးမြေသို့ ဦးတည်လာခဲ့ကြသည်။

တစ်နာရီအကြာတွင် အဝေး၌ ပင်လယ်ရေမျက်နှာပြင် အထက်တွင် မြူထုကြီး ပိန်းပိတ်နေသည်ကို မြင်လိုက်ရ၏။

“ ပုံမှန်အားဖြင့်တော့ အဲဒီနေရာကို တားမြစ်ဝင်္ကပါတစ်ခုနဲ့ ဖုံးအုပ်ထားတာကြောင့် သာမန်လူတွေ ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး။ ”

ချူရှက လူငယ်ကို ညွှန်ပြလိုက်သည်။ လူငယ်က လေထုအလဘ် ရပ်တန့်လိုက်ပြီး မြူထုအတွင်း မျှော်ကြည့်ကာ၊

“ ဒါဆို အဲဒီ နဂါးနက်က ဒီမြူထဲမှာ ပုန်းနေတာပေါ့။ ”

“ အမှန်ပါပဲ ... ။ ”

“ လူယုတ်မာ၊ မင်း ဒီကို ဘယ်လို လာရဲတာလဲ ငါဘယ်သူ့ကိုမှ မသတ်ဝံ့ဘူးလို့ တကယ်ထင်နေတာလား ဟမ့် ... ။ ”

ထိုစဉ် ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကြား ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထွက်လာသည်။ ချူရှနှင့်အဖွဲ့သည် ချက်ချင်း အေးခဲသွားပြီး သတိနှင့် ကြည့်လိုက်ကြတော့၏။

“ တာအိုမိတ်ဆွေ ဒါနဂါးနက်ပဲ။ ”

ဤဒေသအတွင်း တစ်ကြိမ်ထက်မက ဝင်ရောက်ထားဖူးသောကြောင့် နဂါးနက် မည်မျှ ကြောက်စရာကောင်းသည်ကို သဘာဝကျကျ သူ သိထားသည်။

ပင်လယ်ပြင်အတွင်း လှိုင်းထလာကာ မြူထုများကွဲလျက် ပုံရိပ်တစ်ရိပ်ပေါ်လာခဲ့၏။ ယင်းသည် အဖြူရောင်ဝတ်ရုံဖြင့် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

ရောင်ဝါသည် အားကောင်းလွန်းသဖြင့် ကောင်းကင်နှင့် မြေကြီးကို အရောင်ပြောင်းကာ လေနှင့်တိမ်များ ကမောက်ကမ ဖြစ်လာ၏။

သူ့ဆီမှ ထွက်ပေါ်နေသော ဝိညာဉ်ထင်ရှားခြင်းအဆင့် ဖိအားများသည် ကြောက်မက်ဖွယ်ရာ ကောင်းနေချေပြီ။

“ တိမ်တွေက နဂါးနောက်ကိုလိုက်တယ် လေတွေက ကျားနောက်လိုက်တယ် ဒီနဂါးက အလွန်ကောင်းမွန်တဲ့ အမွေတစ်မျိုးကို ရထားတာပဲ။ ”

အဖြူဝတ်လူငယ်၏ မျက်လုံးများသည် ကမ္ဘာပေါ်တွင် အရသာအရှိဆုံးသောစားဖွယ် မြင်လိုက်ရသလို တောက်ပလျက် ရေရွတ်လိုက်တော့၏။

“ မင်းက ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းရဲ့ ခွေးလား။ ”

ရင်ချုံးက ချူရှကို သတိထားမိကာ မေးမြန်းလိုက်သည်။ ချင်လောမှ ခေါင်းခါပြပြီး၊

“ မဟုတ်ဘူး ... ငါက အဖော်မဲ့နေတဲ့ တစ္ဆေတစ်ကောင်ပါပဲ နိုးထပြီးနောက်မှာတောင် ငါ့ရဲ့ဇစ်မြစ်ကို ငါမရှာဖွေနိုင်သေးဘူး။ ”

“ ဒါဆို မင်းဘာလို့ ဒီကိုလာတာလဲ။ ”

“ ငါ အင်မော်တယ်ဓားမျှော်စင် အပျက်အစီးတွေကို သွားကြည့်ချင်နေတယ် ပြီးတော့ မင်းကို အရမ်းစိတ်ဝင်စားတယ်။ ”

“ ငါ့ကို ... ။ ”

“ ဟုတ်တယ် ... ရှင်းရှင်းပြောရရင် ငါမင်းကိုစားချင်နေတယ်။ ”

ချူရှနှင့် ကောင်းကင်နတ်မိစ္ဆာခြံဝင်း၏ ကျွမ်းကျင်သူများသည် ချင်လောစကားကြောင့် ထိတ်လန့်သွားကြ၏။ နဂါးနက်ဟူသည် ဝိညာဉ်ထင်ရှားခြင်းအဆင့် နဂါးပေပင်။

“ မင်းနဲ့ငါ ရန်ငြိုးရှိလား။ ”

ရင်ချုံးမှ ပြန်မေး၏။ ချင်လောက ခေါင်းယမ်းပြသည်။

“ မရှိဘူး ... ဒါပေမယ့် ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံး အကြောင်းပြချက် ရှိတယ် ... ငါမင်းနဲ့ ရန်ငြိုးမရှိဘူး ... ဒါပေမယ့် ငါ့စားချင်စိတ်ကို ဖြည့်ဆည်းရမယ်။ ”

“ အစာစားချင်စိတ်ကို ဖြည့်ဆည်းချင်တာလား။ ”

ထိုအဖြေသည် ရင်ချုံး၏ မျက်လုံးများ၌ အလင်းရောင်တစ်ချက် တောက်ပလာစေပြီး၊

“ ဒါဆို မင်းမှာ ဒီလိုစွမ်းရည်မျိုး ... ရှိ၊မရှိ ငါကြည့်ချင်တယ်။ ”

“ ငါ့ရဲ့ လက်ရှိစွမ်းရည်က သိပ်ပြီး အထင်ကြီးစရာမရှိပါဘူး ဒါပေမယ့် မင်းလို သားရဲလေးနဲ့ ဆက်ဆံဖို့ကတော့ ပြဿနာ မဖြစ်သင့်ဘူး။ ”

စကားဆုံးသည်နှင့် များပြားလှသော အနက်ရောင်အငွေ့အသက်များ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

ပင်လယ်ရေမျက်နှာပြင် တုန်ခါပြီး လေဟာနယ်ပျက်ပြယ်လျက် လူတိုင်းအမြင်တွင် ချင်လောရုပ်သွင်သည် ကောင်းကင်ကို ထိုးဖောက်မည့် လှံတစ်စင်းဖြစ်လာ၏။

ချင်လော၏အငွေ့အသက် ပြောင်းလဲမှုကြောင့် ရင်ချုံးတစ်ယောက် ပို၍ လေးနက်လာချေပြီ။

( ဝိညာဉ် ထင်ရှားခြင်းအဆင့် ရောင်ဝါမဟုတ်လား ဒီကောင်လေးက မရိုးရှင်းဘူး။ )

ရင်ချုံးတစ်ယောက် ဝတ်လုံစများ တဖျပ်ဖျပ်ခတ်လျက် ဝိညာဉ်ထင်ရှားခြင်းအဆင့် ရောင်ဝါများ ထုတ်ဖော်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးရောင်ဝါဖိအားများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေသော နဂါးနက်ကြီး၏ ပြောင်းလဲလာသည်။

“ ဒါက အသုံးမဝင်ပါဘူး။ ”

သို့သော် ချင်လောက ခေါင်းယမ်းလျက် ရုတ်တရက် လေထဲလှမ်းတက်လိုက်ပြီး ရှေ့သို့ လှမ်းဆွဲလိုက်သည်။

ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သူ့ခြေဖဝါးအောက်ရှိ ပင်လယ်ရေမျက်နှာပြင်မှာ နိမ့်ဆင်းသွားချေသည်။

ပတ်ဝန်းကျင် လေဟာနယ်သည်လည်း ရုတ်တရက် ဖရိုဖရဲဖြစ်သွားကာ သူ့ခန္ဓာကိုယ်မှ လွှမ်းမိုးကြီးစိုးလွန်းသော အငွေ့အသက်များ ထွက်ပေါ်လာ၏။

“ ငါက လူသားတစ်ယောက် ... ဖြစ်နေပေမယ့် ယိုတစ်ကောင်ရဲ့ နည်းစနစ်နဲ့ ငါ့ဝိညာဉ်ကို သန့်စင်ထားတယ် အကျွမ်းကျင်ဆုံး နည်းစနစ်ကတော့ သက်သီးနဲ့သတ်ခြင်းပဲ။ ”

လေဟာနယ်အတွင်း မည်းမှောင်သော နေမင်းကြီးကဲ့သို့ လက်သီးရိပ်ကြီး ပျံသန်းလာ တော့သည်။

အကန့်အသတ်မရှိသော နတ်ဆိုးစွမ်းအင်သည် လက်သီးချက်အတွင်း ပေါက်ကွဲလိုက်ပါလာနေ၏။

ထိုလက်သီးအစွမ်းသည် အရမ်း ပြင်းထန်သောကြောင့် ရင်ချုံး၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်သွားသလိုပေပင်။

“ ချိုးဖြတ် ... ။ ”

လှိုင်းထန်နေသော ပင်လယ် ရေမျက်နှာပြင်သည် ရေလှံတစ်စင်းတဟုန်ထိုး ထွက်ပေါ်လာ၏။

“ ဝုန်း ... ။ ”

ထို့‌နောက်တွင် ရေလှံသည် အနက်ရောင်လက်သီးနှင့် ထိမှန်ကာ ပျက်ပြယ် သွားစေခဲ့သည်။ တစ်ဆက်ဆည်းမှာပင် အဖျက်စွမ်းအားများ ပြန့်ကားကုန်၏။

“ ဒီစွမ်းအားလေးနဲ့ မင်းငါ့ကိုစားဖို့ အိပ်မက်မက်ဝံ့တာလား ဟမ့် ... တကယ်ကို လွန်ကဲနေတာပဲ။ ”

ရင်ချုံးက အေးစက်စွာ ဟစ်အော်လိုက်သည်။

“ ဒါဟာ အစပဲရှိပါသေးတယ်။ ”

ချင်လောမှ ပြုံးကာ ရှေ့တိုးလာပြန်၏။ ခြေလှမ်းတိုင်း လေဟာနယ် ပြင်းစွာတုန်ခါပြီး အငွေ့အသက်များ တိုးလာသည်။

“ ဒါ ... ။ ”

ချူရှနှင့် အခြားသူများသည် ဝိညာဉ် ထင်ရှားခြင်းအဆင့်မှသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာသော ရောင်ဝါကြောင့် မျက်လုံးပြူးကုန်၏။

များမကြာမီ ဝိညာဉ်ထင်ရှားခြင်း အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်သွား ပြီးနောက် နှောင်းပိုင်းအဆင့် ရောက်လာ၏။

“ ဒီကောင် ... သူ့ရဲ့ကျင့်ကြံမှုကို ဖိနှိမ်ထားတာပဲ။ ”

ထိုမြင်ကွင်းကြောင့် ရင်ချုံးတစ်ယောက် အမူအရာ လေးနက်လာသည်။ ပြိုင်ဘက်သည် ခြေတစ်လှမ်းတိုးလာသည်နှင့်အမျှ ရောင်ဝါများ တိုးလာနေ၏။

“ ငါ့လက်သီးကို ထပ်ပြီး တားစမ်း ... ။ ”

ခြေကိုးလှမ်း လှမ်းပြီးသောအခါ ရိုးရှင်းလှည့်စားမှုကင်းသည့် လက်သီးတစ်ချက် ထွက်ပေါ်လာသည်။

ထိုအခါ မှင်ကဲ့သို့ အနက်ရောင် လက်သီးအရိပ်သည် အာကာသမှ ကြယ်တံခွန် အလား ပြိုကျလာခဲ့၏။

ချူရှနှင့် အဖွဲ့သည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အေးခဲသွားသည်ကို ခံစားလိုက် ရလေသည်။ ပြင်းလွန်းချေ၏။

“ ဟမ့် ... ။ ”

တစ်ချိန်တည်းမှာပင် ရင်ချုံးသည်လည်း မဆိုင်းမတွဘဲ သူ့ခွန်အားရှိသမျှအသုံးပြုကာ မျက်နှာချင်းဆိုင်ဖြေရှင်းတော့၏။

“ ဗွမ်း ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ကမ္ဘာကြီး ပြင်းစွာတုန်ခါသွားကာ ပျက်စီးခြင်းအရိပ်အယောင်များ လွှမ်းခြုံလာ၏။ စွမ်းအင်မိုးများ သည်းထန်စွာ ရွာသွန်းလာပြီး ရင်ချုံးတစ်ယောက် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားလိုက်ရ၏။

“ အဟွတ် ... အဟွတ် ... ဝေါ့ ... ။ ”

မျက်နှာနီမြန်းလာလျက် နဖူးတွင် သွေးပြန်ကြောများ ပေါက်ထွက်လာချေသည်။ အဆုံးတွင် ၎င်းကို ကြာကြာမထိန်းနိုင်တော့ဘဲ သွေးချောင်းဆိုးတော့၏။

ချင်လောသည် မရိုးရှင်းဟု မျှော်လင့်ထားပြီးဖြစ်သော်လည်း ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု မထင်ခဲ့ချေ။

အပျက်အစီးနယ်မြေထဲရှိ နင်စစ်ဟွာနှင့်အဖွဲ့သည် နဂါးနက်ဒဏ်ရာရသွား သည်ကို မြင်ပြီး အမူအရာ ပြောင်းလဲသွား၏။

“ အဲဒီကောင်က ဘယ်သူလဲ ... သူ့မှာ ဒီလောက်အစွမ်းထက်တဲ့ခွန်အား ဘယ်လိုလုပ် ရှိနေရတာလဲ။ ”

လူတိုင်း အတွေးများကုန်၏။ ဝင်္ကပါစွမ်းအားကိုအသုံးပြုကာ ကူညီပေးလို သော်လည်း ဝမ်ချောင်တုံနှင့် ဇနီးကို မြင်ပြီး ရပ်တန့်သွားချေပြီ။

ရင်ချုံးက နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ကာ ပြိုင်ဘက်ထံ ပြန်မော့ကြည့် လိုက်၏။

“ ဘယ်လိုလဲ ... ။ ”

ချင်လောက ပြုံးပြီးမေးသည်။

“ ဟမ့် ... မလုံလောက်သေးပါဘူး။ ”

“ တကယ်လား ကောင်းပြီ ... မင်းအရေပြားကိုခွာပြီး အသားကိုကင်စားမယ် ဒါဆိုလုံလောက်တယ် မဟုတ်လား၊ ဟား ... ဟား ... ဟား ... ။ ”

ချင်လောတစ်ယောက် ကျယ်လောင်စွာ ရယ်မောလျက် ရှေ့သို့ပြေးသွားကာ သတ်ရန် လက်သီးဖြင့် ထိုးချလိုက်တော့၏။

***

All Chapters