သေခြင်းမှ လွတ်မြောက်ခြင်း မရှိ။
Vol. 43 Ch. 513
“ တာအိုစုက အရင်အတိုင်းပဲ။ ”
ပင်လယ်အထက်တွင် ထိုလူငယ်သည် ကမ္ဘာကြီးကိုစိုးမိုးနိုင်သောစွမ်းအားဖြင့် နှင်ထုတ် ခံရသော အင်မော်တယ်နှင့်တူနေသည်။
ဤအရာသည် ဝမ်းနည်းပူဆွေးမှုများ၊ အကူအညီမဲ့ခြင်းများအားလုံးကို ပြေပျောက်ပြီး အလွန်လန်းဆန်းမှုကို ခံစားရစေသည်။
အလားတူပင် ချူရှသည် ဝမ်ချောင်တုံနှင့် သူ့ဇနီးကို သတ်ပစ်ရန် ကြောက်ရွံ့နေကြောင်း မည်သူမဆို မြင်နိုင်၏။ ဓားစာခံသေဆုံးသွား ပါက မည်ကဲ့သို့ခြိမ်းခြောက်နိုင်မည်နည်း။
“ ငါ့အမြင်အရတော့ ဓားစာခံတွေကို လဲလှယ်ဖို့ သဘောတူတာ ပိုကောင်းလိမ့်မယ် ... ဒီလို စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်မာတဲ့ နည်းပရိယာယ်တွေနဲ့ မဟာတာအိုကို ...
... ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ ဒါကတစ်စုံတစ်ယောက်က အားနည်းကြောင်း သက်သေပြသလို အတူတူပဲ ... ။ ”
ချင်လောမှ သက်ပြင်းချလိုက်သည်။ ချူရှအမူအရာသည် မသေချာတော့သဖြင့် ချေပရန် မတတ်နိုင်ချေ။
အကယ်၍ သူသည် လုံလောက်သော ကြံ့ခိုင်မှုရှိခဲ့သော် အဘယ့်ကြောင့် သူသည် မဟာရှမှ ဤမျှ အလျင်အမြန် ထွက်ပြေးလာရမည်နည်း။
အလားတူပင် သူ့တွင် စုရီအား တိုက်ရန် ခွန်အားရှိသော် ဓားစာခံများကို အဘယ်ကြောင့် လိုအပ်နေမည်နည်း။
“ ကောင်းပြီ ... ငါသဘောတူတယ် ... ဒါပေမယ့် သူတော်စင်သခင် အဆင်ပြေရဲ့လား အရင်ကြည့်ဖို့လိုတယ်။ ”
ထိုစကားကြောင့် စုရီရင်ခွင်ထဲတွင် အိပ်ပျော်နေသော နတ်ဆိုးကလေးငယ်သည် မျက်လုံးများပွင့်လာပြီး အကူအညီတောင်းနေ သကဲ့သို့ ကြည့်လာကြ၏။
“ စိတ်မပူပါနဲ့ သခင် ... ငါမင်းကိုသေချာပေါက် ပြန်ခေါ်သွားမယ်။ ”
ချူရှမှ မျက်နှာပျက်ယွင်းစွာ ပြောကြားလိုက်သည်။ ထိုမြင်ကွင်းထံ ကြည့်ပြီး ချင်လောမှပြုံး၏။
“ ဒီကောင်က စိတ်ဝင်စားစရာပဲ။ ”
တစ်ဆက်တည်းမှာပင် ဝေ့ဝဲနေသော မျက်လုံးများမှတဆင့် ထူးဆန်းသော အလင်း တစ်စ တောက်ပလာပြီး၊
“ ဒီနတ်ဆိုးကလေးဟာ ... ထူးခြားတဲ့ မွေးရာပါအရည်အချင်းတွေ ပိုင်ဆိုင်ထားတယ် အလွန်ရှားတယ် ... သူ့ရဲ့အသွေးက ဘယ်လို အရသာရှိနိုင်လဲ ငါသိချင်သား ... ။ ”
-ဟု လျှာကိုသပ်ကာ ပြောကြားလိုက်သည်။
ချူရှတစ်ယောက် ထိတ်လန့်ပြီး ဒေါသထွက်လာ၏။ သည်လူ တကယ်မိုက်မဲ လွန်းချေပြီ။ ဤအချိန်ရောက်နေသော်မှ ထိုအကြောင်းကို တွေးနေ၏။
“ မင်းလက်ထဲက ဓားစာခံကို ဟိုမှာ တားမြစ်ထားတဲ့ ဝင်္ကပါအတွင်း ပေးပို့လိုက်ပါ။ ”
“ ဒါပေမယ့် မင်းသူ့ကို မလွှဲပေးရင် ဘယ်လိုလုပ်မလဲ။ ”
ချူရှက တုံ့ဆိုင်းသွားသည်။
“ ငါက မင်းလိုလူတွေနဲ့ မတူဘူး။ ”
ထိုအဖြေကြောင့် ချူရှအမူအရာ အေးခဲသွားပြီး အံကြိတ်ကာ ဝမ်ချောင်တုံနှင့် သူ့ဇနီးကို ပစ်ထုတ်လိုက်သည်။
လေဟာနယ်အတွင်း လွင့်မျောနေသော တားမြစ်စွမ်းအင်သည် တဟုန်ထိုး တက်လာပြီး ဝမ်ချောင်တုံနှင့် သူ့ဇနီးကိုသယ်ဆောင်ကာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
အင်မော်တယ် ဓားမျှော်စင်၏ အပျက်အစီးမြေရှိ ဝမ်လင်ရွယ်၊ နင်စစ်ဟွာနှင့် ချာကျင်က စိတ်သက်သာရာ ရသွား၏။
“ မင်းအလှည့်ပဲ။ ”
ချူရှမှ စုရီကို စိုက်ကြည့်သည်။ စုရီက နတ်ဆိုးကလေးကို လေထဲသို့ ပစ်တင်လိုက်၏။ ထို့ကြောင့် သက်ပြင်းချကာ ဖမ်းယူရန် လက်မြောက်လိုက်သည်။
“ ရွှပ် ... ။ ”
တိုးညှင်းသော လေခွင်းသံတစ်သံ ထွက်ပေါ်ပြီးနောက် အဆုံးမဲ့လူသတ်လိုသည့် အငွေ့အသက်များသည် လေဟာနယ်အတွင်း ပြည့်နှက်သွားချေပြီ။
ယခင်က တည်ငြိမ်အေးဆေးစွာ ရပ်နေသောစုရီသည် လေပြင်းတိုက်ခတ်ကဲ့သို့ ရုတ်တရက် ရွေ့လျားလာ၏။
ဦးတည်ရာသည် ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း အဖွဲ့ဝင်များထံ ဖြစ်ချေသည်။ အမှောင်နတ်ဓားမှာ သူ့ထက် ပိုမြန်နေ၏။
ဓားတစ်ချက် ထိုးလိုက်ခြင်းဖြင့် အလင်းများဖြာလျက် အရပ်မျက်နှာအသီးသီးထံ ထိုးဖောက် ဝင်ရောက်သွားပေမည်။
“ ဟမ့် ... ။ ”
ဓားအလင်းဖြတ်သွားရာ အရပ်တွင် ပြတ်တောက်သွားသည့် ခန္ဓာကိုယ် အပိုင်းအစ များစွာ ပျံ့လွင့်ကျန်ရစ်ခဲ့၏။
တခဏအတွင်းမှာပင် ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း၏ ကျွမ်းကျင်သူ ဆယ်ဦးကျော် အပိုင်းပိုင်းကွဲသွားသည်။
“ မကောင်းတော့ဘူး ... ။ ”
“ မြန်မြန် ... ။ ”
အထိတ်တလန့်အော်ဟစ်သံများ ထွက်ပေါ်လာပြီး ပရမ်းပတာ ဖြစ်လာသည်။ သူတို့အားလုံးသည် ရတနာများကို ထုတ်ယူကာ လျှို့ဝှက်နည်းစနစ်များဖြင့် ရှောင်တိမ်းရန် အစွမ်းကုန် ကြိုးစားခဲ့ကြ၏။
သို့သော် မည်သို့သော မှော်လက်နက် သို့မဟုတ် လျှို့ဝှက်နည်းစနစ်မဆို ဓားရှေ့တွင် စက္ကူကဲ့သို့ အားနည်းနေသည်။
ထို့အပြင် တစ်ဖက်လူ၏ အရှိန်သည် လျှပ်စီးသကဲ့သို့မြန်ဆန်သဖြင့် အခင်းဖြစ်ပွားရာ နေရာတိုင်း အရိပ်များသာ ကျန်ရစ်၏။
တစ်ချက်ကြည့်ရုံနှင့် သူ့ပုံရိပ်များသည် နေရာတိုင်း၌ ရှိနေသလိုပေပင်။ မည်သူအစစ် မည်သူအတုဟု မပြောနိုင်ဖြစ်လာ၏။
ကောင်းကင်ဘုံနတ်မိစ္ဆာခြံဝင်းမှ ကျွမ်းကျင်သူများ တစ်ယောက်ပြီး တစ်ယောက် ခေါင်းဖြတ်ခံလာရသည်။
“ ရွှပ် ... ။”
“ အား ... ။ ”
မှော်လက်နက် ပေါက်ကွဲသံများ၊ သွေးများမီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲမှုများ အဆက်မပြတ်ချေ။
“ ဘောင်း ... ။ ”
လေထုအတွင်း သွေးစွန်းနေသော အခိုးအငွေ့များဖြင့် အလောင်း အပိုင်းအစများ ပင်လယ်ပြင်ပေါ်တွင် မျောပါသွားနေ၏။
အဆုံးတွင် ကြည်လင်သော ဓားစွမ်းအင်သည် သက်တံကဲ့သို့ တက်လာပြီး ချူရှထံကျဆင်းလာသည်။
ချူရှတစ်ယောက် မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး ရာဇလှံတံကို မဆိုင်းမတွ ထုတ်ယူလိုက်ရသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရင်ချုံးကို ရင်ဆိုင်နိုင်သည်မှာ ဤရတနာ ကျေးဇူးကြောင့် ဖြစ်၏။
“ ဝုန်း ... ။ ”
ဓားအလင်း ပြုတ်ကျလာပြီး ရာဇလှံတံအပေါ် ထိမှန်ပေါက်ကွဲမှုနှင့်အတူ ပျက်ပြယ်သွား၏။ သို့သော် သွေးများပွက်ပွက်ဆူကာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားသည်။
“ ဟမ့် ... ။ ”
စုရီက သူ့ကို အသက်ရှူချိန် မပေးလိုဘဲ ဓားဖြင့် ထပ်မံခုတ်ချလာ၏။ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်နှင့် စွမ်းအားများက ဧရိယာတစ်ခုလုံးကို လွှမ်းခြုံလာသည်။
“ ဝုန်း ... ။ ”
ကမ္ဘာမြေတုန်ခါစေသည့် ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်လာပြီး ပင်လယ်ရေသည် ပွက်ပွက်ဆူလျက် အဖျက်စွမ်းအားကြီးမားသော အလင်းတန်းများ ပျံ့ကားလာသည်။
“ အဟွတ် ... အဟွတ် ... ။ ”
ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်ကာ လေဟာနယ် ပြိုကျသွား၏။ များမကြာခင်မှာပင် ချူရှတစ်ယောက် ဒဏ်ရာရသွားပြီး ချောင်းဆိုးသွေးပါလာသည်။
သူ့ ကျင့်ကြံမှုအဆင့်ဖြင့် ဤစုရီကို မယှဉ်နိုင်ချေ။ အကယ်၍သာ ရာဇလှံတံသာ မရှိသော် တစ်ချက်တည်းဖြင့် အပိုင်းပိုင်း ပြတ်တောက်သွားမည်ဖြစ်၏။
အဆိုးဆုံးမှာ သူ့အနီးတွင် ရပ်နေသော ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူများ၏ ဖြစ်စဉ်ပေပင်။
ထိုသူနှစ်ဦးသည် တိုက်ပွဲတွင် ပါဝင်လိုသော်လည်း ဓားအလင်းဖြင့်ပင် သုတ်သင်ခြင်း ခံလိုက်ရသည်။ ရှောင်တိမ်းရန် အချိန်မရှိခဲ့ချေ။ ခန္ဓာကိုယ် ကွဲအက်ပြီး ဝိညာဉ်ပြန့်ကျဲသွားသည်။
“ ခရစ် ... ။ ”
ရုတ်တရက် ရာဇလှံတံ မျက်နှာပြင်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲမှုတစ်ခု ပေါ်လာခဲ့၏။
“ မကောင်းတော့ဘူး ... ။ ”
ချူရှတစ်ယောက် ထိတ်လန့်သွားကာ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်လာချေပြီ။
“ သူတော်စင်သခင်၊ မင်းရဲ့အသိစိတ်မှာ တံဆိပ်ခတ်ထားတဲ့ စွမ်းအားသုံးပါ မဟုတ်ရင် မင်းရဲ့လက်အောက်ငယ်သား သေရလိမ့်မယ်။ ”
မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ သူ့ရင်ခွင်ထဲက နတ်ဆိုးကလေးကို ငုံ့ကြည့်ကာ အကူအညီတောင်းလိုက်၏။
နတ်ဆိုးကလေးငယ်သည် လက်ချောင်းများစုပ်လျက် အပြစ်ကင်းစင်သော မျက်လုံးကြီးများဖြင့် သူ့ထံ ပြန်ကြည့်သည်။
ထိုအမူအရာသည် ချူရှကို ထိတ်လန့်သွားစေပြီး မျက်နှာ ပြောင်းသွားကာ၊
“ သူတော်စင် သခင်၊ မင်း ... ။ ”
-ဟု ဒေါသထွက်လာသည်။
“ ဒီလိုဖြစ်မယ်ဆိုတာ ငါသိခဲ့ရင် မင်းကိုကယ်တင်ဖို့ ဓားစာခံတွေကိုပေးလိုက်မှာ မဟုတ်ဘူး ခွေးကောင်လေး ... ။ ”
“ ထန် ... ။ ”
နတ်ဘုရားအဖြစ် ကိုးကွယ်ထားသည့် ကလေးငယ်သည် သူသိထားသည့် ကလေးမိစ္ဆာ မဟုတ်တော့ကြောင်း သိလိုက်ရသည်။
“ ဝုန်း ... ။ ”
ယင်းသည် နောက်ဆုံး အသိပေပင်။ ရာဇလှံတံမှာ လုံးဝပေါက်ကွဲပြီး ဓားတစ်လက် ပြုတ်ကျလာသည်။ ချူရှကို ဗဟိုပြုသော ကမ္ဘာကြီး လည်ပတ်သွားတော့သည်။
“ ဗွမ်း ... ။ ”
အဆုံးတွင် ဦးခေါင်းမဲ့ ခန္ဓာကိုယ်သည် ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။ လေထဲရှိ နတ်ဆိုးကလေးငယ်ကို စုရီကဖမ်းယူကာ ချင်လောထံ လှည့်ကြည့်လိုက်၏။
“ အခု မင်းအလှည့်ပဲ။ ”
ထို့နောက် ကလေးငယ်ကို အင်မော်တယ်ဓားမျှော်စင်၏ အပျက်အစီးများ အတွင်းသို့ ပစ်ပေးလျက်၊
“ နန်းတော်သခင် မင်းသူ့ကို ခဏကြည့်ပေးထားပါ။ ”
-ဟု မှာကြားလိုက်တော့သည်။
အစမှအဆုံးတိုင် ချင်လောသည် စွက်ဖက်ခြင်းမရှိဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် တိုက်ပွဲထံ ကြည့်နေခဲ့ခြင်းဖြစ်၏။ စုရီစကား ကြားချိန်၌၊
“ မိတ်ဆွေ၊ ငါသတ်ခဲ့တဲ့ တွားသွား သတ္တဝါလေး ဒါမှမဟုတ် အခုမင်းသတ်ခဲ့တဲ့ ပုရွက်ဆိတ်တွေက မင်းနဲ့ငါ့လိုလူတွေရဲ့ ...
... အမြင်မှာ ကြည့်ဖို့တောင် မထိုက်တန်ပါဘူး မင်းစိတ်ဆိုးရင် တောင်းပန်ပြီး မင်းကို ပိုအစွမ်းထက်တဲ့ တွားသွားသတ္တဝါ တစ်ကောင်ကို ငါဖမ်းပေးမယ်။ ”
-ဟု တုန့်ပြန်လာ၏။
“ ဒီနေ့ မင်းဒူးထောက်ပြီး တောင်းပန်ရင်တောင် သေခြင်းကနေလွတ်မှာ မဟုတ်ဘူး။ ”
စုရီက အေးစက်စွာ တုန့်ပြန်၏။ ထိုတုန့်ပြန်မှုကြောင့် ချင်လောမျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ် သွားတော့သည်။
***