← Chapters

အမွေများစွာဖြင့် အနိုင်ယူခြင်း။

Vol. 43 Ch. 514

အမွေများစွာဖြင့် အနိုင်ယူခြင်း။

Vol. 43 Ch. 514

ကောင်းကင်ကြီးတစ်ခုလုံး အုံ့မှိုင်းကာ သွေးရနံ့များစွာ ပင်လယ်ထဲ စိမ့်ဝင်နေခဲ့သည်။ ချင်လောက ရေမျက်နှာပြင်ပေါ်ရှိ နဂါးနက် ရုပ်အလောင်းကို ကြည့်ပြီး သက်ပြင်းချ၏။

“ မင်းရဲ့ဉာဏ်ပညာနဲ့ ... မိုက်မဲတာမျိုး မလုပ်လောက်ဘူးလို့ ငါထင်ခဲ့တာ ... ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ငါလည်း မင်းကိုသတ်ဖို့ အခွင့်အရေးကို မျှော်လင့်နေတာပါ။ ”

အန္တရာယ်များပြီး ကြောက်စရာ ကောင်းသောရောင်ဝါသည် ချင်လောထံမှ ပွင့်ထွက်လာသည်။

“ ဒီတစ်ခါတော့ သွေးနတ်ဆိုး တောင်တန်းမှာတုန်းကလို ... မင်းကို ငါ လွှတ်ပေးမယ် မထင်လိုက်နဲ့။ ”

စုရီက ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ ကျောက်စိမ်းရောင် ၀တ်လုံစများ တဖျပ်ဖျပ် လွင့်ပျံနေ၏။

ဖော်မပြနိုင်သော ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းရည်ရွယ်ချက်သည်လည်း စုရီမှ ထုတ်ဖော်ပြလာသည်။

အဖြူရောင်ဝတ်ရုံနှင့် ထူးခြားဆန်းကြယ်သော နောက်ခံမျိုးရှိသည့် ချင်လောသည် ထိုအရာကို သတိမပြုမိသကဲ့သို့ ပြုံးပြကာ၊

“ ငါ့ရဲ့ အကျွမ်းကျင်ဆုံး သတ်နည်းက လက်သီးပဲ ... မင်းရဲ့ဓားက ပိုထက်မြက်လား ငါ့လက်သီးတွေက ပိုသန်မာသလား ကြည့်ရအောင်။ ”

-ဟု ပြောကြားလိုက်၏။

“ မင်းက ငါ့ဓားနဲ့သေဖို့ မထိုက်တန်ဘူး။ ”

စုရီက ဓားကို ပြန်သိမ်းလိုက်သည်။

“ ဟား ဟား ဟား ... ။ ”

ချင်လောတစ်ယောက် ရယ်မောလျက် ရှေ့ကိုခုန်ဝင်လာပြီး လက်သီးဖြင့် ထိုးချလိုက် လေသည်။

“ ဘန်း ... ။ ”

ထိုလက်သီးသည် ယခင်ကဲ့သို့ လွှမ်းမိုးလွန်းနေပြီး ပြင်းထန်သောရောင်ဝါများ သယ်ဆောင်လာ၏။

လှိုင်းလုံးကြီးများ ပင်လယ်ပြင်ပေါ် ကြွတက်လာသည်။ ဤစွမ်းအားသည် ဝိညာဉ် ထင်ရှားခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူမှ ပေးအပ်နိုင်သည့်အရာမျိုး မဟုတ်ချေ။

တစ်နည်းဆိုရသော် ဤစွမ်းအားသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်ထက် ကျော်လွန်သွား ခဲ့ပြီ ဖြစ်သည်။

ထို့အတွက်ကြောင့်လည်း ရင်ချုံးကို သတ်နိုင်ခဲ့ခြင်းဖြစ်၏။ စုရီမှ ရှောင်တိမ်းခြင်း မပြုခဲ့ချေ။

လက်တစ်ဖက်က ယင်ကိုဆွဲကာ ကျန်လက်တစ်ဖက်သည် ယန်အဖြစ်ဆွဲယူပြီး ပြန်၍ပုတ်ထုတ်လိုက်သည်။

“ ဂျိန်း ... ။ ”

လေနှင့် မိုးကြိုးသည် အဖြူအမည်းစက်ဝန်းအသွင် ရောယှက်ကုန်၏။

“ ကောင်းကင်တုန်ခါခြင်းတံဆိပ်။ ”

ကောင်းကင်တုန်ခါခြင်းတံဆိပ်သည် တာအိုဘာသာ၏အမွေဖြစ်ပြီး အမြင့်မြတ်ဆုံး နှင့် အထူးခြားဆုံး စွမ်းရည်ပေပင်။

ချင်လော လက်သီးချက်သည် ထိုတံဆိပ်အတွင်းပိတ်မိသွားကာ ယင်နှင့်ယန် ရေဝဲမှ စုပ်ယူထားတော့၏။

ထို့ကြောင့် ရှေ့မဆက်နိုင်‌ဘဲ လက်သီးအစွမ်းများ ဝါးမြိုခံလာရသည်။ (၅၀%) အနည်းဆုံး ဆုံးရှုံးသွား၏။

“ ကောင်းတယ် ... ။ ”

ပျက်ပြယ်သွားသော လက်သီးစွမ်းအင်များကိုကြည့်ပြီး ချင်လော၏ မျက်လုံးများ တောက်ပလာသည်။ ဆံပင်များ လွင့်ပျံလျက် ရောင်ဝါမြင့်တက်လာ၏။

“ လာဦးမယ် ... ။ ”

လက်သီးချက်တိုင်း ကောင်းကင်နှင့် မြေကြီးတုန်ခါပြီး ပင်လယ်ရေမျက်နှာပြင်ကို ပေါက်ကွဲသွားစေသည်။

ထိုစွမ်းအားမျိုးသည် ကမ္ဘာပေါ်ရှိ ဝိညာဉ်ထင်ရှားခြင်းအဆင့်ရှိ မည်သူ့ကိုမဆို အလွယ်တကူသတ်ပစ်ရန် လုံလောက်၏။

တစ်ဖက်တွင် ထိုကဲ့သို့ သတ်ဖြတ်ခြင်းကို ရင်ဆိုင်နေရသောစုရီ၏ အမူအရာသည်လည်း ပုံမှန်အတိုင်း ငြိမ်သက်နေဆဲပေပင်။

ကောင်းကင်တုန်ခါခြင်းတံဆိပ်၏ လေးနက်သောအဓိပ္ပါယ်ကိုပြသကာ ယင်နှင့် ယန်ကို ရွေ့လျားစေခဲ့သည်။

ထိုတံဆိပ်သည် သတ်ဖြတ်ခြင်းနှင့် ဝါးမြိုခြင်းအစွမ်းများ ပြည့်နေသည်။ ယင်းသည် ကြယ်ရောင်စုံ ကောင်းကင်ရှိ တွင်းနက်တစ်ခုလို ထင်မှားသွားစေ၏။

ပြိုင်ဘက်မှ တိုက်ခိုက်လာသည့် မည်သည့်စွမ်းအင်ကိုမဆို ပြင်းထန်စွာစုတ်ပြဲပြီး ဝါးမြိုပစ်ပေမည်။

သွေးနတ်ဆိုးတောင်တွင် ဤတံဆိပ်ကို အသုံးပြုခဲ့ပြီး ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း၏ ကျွမ်းကျင်သူ (၁၂၆)ဦးထံ သတ်ဖြတ်ခဲ့သည်။ တန်ခိုးသည် အကန့်အသတ်မရှိချေ။

ကောင်းကင်နှင့်ပင်လယ်ကြား ကြောက်စရာကောင်းသော အဖျက်စွမ်းအားများ ပြည့်နှက်လာ၏။ ပရမ်းပတာ ပေပင်။

ချင်လော၏ လက်သီးများသည် မုန်တိုင်းကဲ့သို့ လျင်မြန်ပြီး ပြင်းထန်နေသည်။ ပျက်ပြယ်သွားသော လေဟာနယ်အတွင်း တာအိုတေးသံများပင် ပါရှိနေ၏။

သို့သော် ဤကြောက်စရာ ကောင်းသော လက်သီးမိုးသည် စုရီအနား ဆယ်ပေအတွင်း ချဉ်းကပ်လာသောအခါ စိမ့်အိုင်ကြီးထဲ ရောက်ရှိသွားသကဲ့သို့ ဝါးမြိုခံလာရသည်။

စုရီကိုသတ်ရန် မဆိုနှင့် ထိမှန်အောင်ပင် မလုပ်နိုင်ချေ။ တစ်ဖက်တွင် လက်သီးစွမ်းအား ပိုမိုစုပ်ယူလာနိုင်သည်နှင့်အမျှ လေထုအတွင်းရှိ တံဆိပ်မှာ တဖြည်းဖြည်း မြင့်တက်လာ၏။

ထိုမြင်ကွင်းက ချင်လောကို မျက်မှောင်ကြုတ်ပြီး မျက်ဝန်းများမှေးစင်းသွား စေတော့သည်။

ကြယ်စုစည်းခြင်း နှောင်းပိုင်းအဆင့်မှ လူငယ်တစ်ဦးသည် ဤသို့စွမ်းအားကို ပိုင်ဆိုင် နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကြယ်စုစည်းခြင်း နှောင်းပိုင်းနှင့် ဝိညာဉ်ထင်ရှားခြင်းအဆင့် နှောင်းပိုင်းကြား ခြားနားချက်သည် နယ်ပယ်တစ်ခုဖြစ်၏။ မူလတာအိုနှင့် ဝိညာဉ်တာအိုပေပင်။

“ မျှော်လင့်ထားသလိုပဲ ... မင်းကို ကမ္ဘာပေါ်ကတခြားလူတွေနဲ့ ယှဉ်ကြည့်လို့ မရပါဘူး။ ”

ချင်လောက သက်ပြင်းချလိုက်၏။ ဤအခိုက်တွင် ဒြပ်စင်ငါးပါးတာအိုရောင်ဝါများ စုရီလက်၌ ထွက်ပေါ်လာတော့သည်။

ကောင်းကင်တုန်ခါခြင်းတံဆိပ်သည် ရုတ်တရက် ကျယ်လောင်စွာ မြည်သံပြုကာ ကောင်းကင်ပေါ် ပျံတက်သွား၏။

“ ဝှစ် ... ။ ”

၎င်းသည် စက်ဝိုင်းအသွင်မျှသာ မဟုတ်တော့ဘဲ လေဟာနယ်ကို ချေမွှနေသည့် ကြိတ်ဆုံတစ်ခု ဖြစ်လာသည်။

ယင်ယန် စွမ်းအားသည် တစ်ခုနှင့်တစ်ခု လှည့်ပတ်လျက် ဒြပ်ငါးပါးသည် ဝိုင်းရံလာ၏။ ထိုတံဆိပ်ဖြတ်သွားရာ လေဟာနယ်အတွင်း ပျက်ပြယ်သွားပြီး ထိုစွမ်းအားကို မခံနိုင်ဘဲ ငိုကြွေးသကဲ့သို့ တုန်ခါနေသည်။

“ ဝူး ... ။ ”

ပင်လယ်ရေမျက်နှာပြင်တွင်လည်း ကြီးမားသောလျှိုကြီးအဖြစ် ဖိချခံလိုက်ရပြီး ရေနံရံများ မြင့်တက်လာခဲ့သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားသည် ချင်လောကို မျက်နှာအမူအရာ ပြောင်းသွားစေ၏။

“ ပြန်လည်ရှင်သန်ခြင်း သွေးမီးတောက်။ ”

ရုတ်​တရက်​​ ဟစ်အော်​လိုက်​ပြီး လက်သီးများဖြင့်​ ကောင်းကင်တုန်ခါခြင်း တံဆိပ်ထံ ထိုးချပစ်လိုက်​သည်​။

လက်သီးများအတွင်း ထူးဆန်းသော ကြောက်မက်ဖွယ်ရာ သွေးနီရောင် မီးလျှံများ လောင်မြိုက်နေ၏။

ချင်လောတည်ရှိရာအရပ်အပေါ် ဗဟိုပြုလျက် ထိုသွေးနီရောင်မီးတောက်များ ကောင်းကင်အပြည့် ဖုံးလွှမ်းသွားသည်။

ဤသည်မှာ ချင်လော၏ ဝှက်ဖဲဖြစ်၏။ ကွဲပြားသော စွမ်းအင်နှစ်ခု ပေါ်လာသောအခါ နေနှစ်စင်း လင်းသွားချေပြီ။

“ ဝုန်း ... ။”

အဆုံးတွင် လေဟာနယ်အတွင်း ပြင်းစွာတိုက်မိသွားပြီး ကြောက်မက်ဖွယ်ရာ အကန့်အသတ်မဲ့ အဖျက်စွမ်းအားများ ပြန့်ကားလာ၏။

နင်စစ်ဟွာနှင့် ချာကျင်တို့မှာ ထိတ်လန့်တုန်လှုပ်လျက် အတွေးထဲပျောက်ဆုံး သွားကြသည်။

ဤတိုက်ပွဲအဆင့်သည် သူတို့၏ အသိဉာဏ်နှင့် စိတ်ကူးစိတ်သန်းများကို လုံးဝ ကျော်လွန်နေချေပြီ။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

အဖျက်စွမ်းအားလှိုင်းနှင့် တိုက်မိသောအခါ ချင်လောရုပ်သွင်သည် ပြင်းစွာယိမ်းထိုးလျက် ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွား၏။

“ ကောင်းတယ် ... ကောင်းတယ် ... အရမ်းကောင်းတယ်။ ”

ချင်လောက သုံးကြိမ်ဆက်တိုက် ရေရွတ်လျက် သူ့အမူအရာမှာ ကြောက်စရာ ကောင်းလာချေသည်။

“ မိတ်ဆွေ ... ငါ မင်းကို သေချာပေါက် အရေခွံခွာပြီး အရှင်လတ်လတ် စားပစ်မယ်။ ”

လူသတ်လိုသည့် ရည်ရွယ်ချက်များ သိပ်သည်းလာပြီး ဆံပင်ရှည်များလွင့်ပျံကာ နတ်ဆိုးအငွေ့အသက် ပေါ်လာ၏။

စုရီမှ စကားတစ်ခွန်းမျှ မပြောချေ။ ရင်ချုံးဖြစ်စဉ်သည် သူ့ကို အလွန်ဒေါသထွက်စေ ခဲ့သည်။ ထို့ကြောင့် လူသတ်ရန်သာ ဆန္ဒရှိ၏။

နှစ်ပေါင်း (၁၈၀၀၀၀)တိုင်သည့် တိုက်ပွဲအတွေ့အကြုံများကြောင့် တစ်ဖက်လူ အပေါ် သတ်ရန် နည်းလမ်းများစွာရှိသည်။

“ ဟမ့် ... ။ ”

ကောင်းကင်ပေါ် လှမ်းတက်လာပြီး လက်နှစ်ဖက်ကို ထိုကျိနှစ်ထပ်ဝင်ရိုးအသွင် ဝှေ့ယမ်းလိုက်ရာ စွမ်အင်များ ယန်ဇီမြစ်ကြီး ကဲ့သို့ စီးဝင်လာတော့သည်။

ဤတစ်ကြိမ်၌ တာအိုကျက်သရေ အားလုံးကို ပေါင်းထည့်ထားကာ အပြည့်အဝ လွှတ်ပေးခဲ့သည်။

“ သတ် ... ။ ”

တစ်ဖက်တွင်လည်း ချင်လောက သတ်ရန်ရောက်လာပြီး လက်သီးတစ်ချက်ဖြင့် ကောင်းကင်ကြီး တုန်ခါစေအောင် ထိုးနှက်လာသည်။

“ ဘရူး ... ။ ”

ကောင်းကင်တခွင် ငွေရောင် နတ်ဆိုးမီးတောက်များ တောက်လောင်ကုန်၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်တုန်ခါတံဆိပ် ပျက်ပြယ်လျက် နေ၊ လ ကြယ်နှင့် ကောင်းကင် ဖြစ်တည်လာသည်။

“ နေလတံဆိပ် ... ။ ”

နေနှင့်လသည် သံသရာစက်ဝန်း ဖြစ်စဉ်ပေါ်လာကာ မြတ်ဗုဒ္ဓအမွေဖြစ်သော မဟာနေလစက်ဝန်းတံဆိပ် အဖြစ် ပြောင်းလဲသွားတော့၏။

လေပြင်းနှင့် လျှပ်စီးများလက်ကာ မိုးသည်းထန်စွာ ရွာသွန်းတော့သည်။ သမုဒ္ဒများ ပွက်ပွက်ဆူနေပြီး ကုန်းမြေကြီးများထွက်ပေါ် လာ၏။

ထိုစဉ် နေမင်းကြီး ထွက်လာပြီး သက်ရှိများ မွေးဖွားပျော်ရွှင်နေစဉ် အမှောင်များ ဝင်ရောက် လာသဖြင့် ငိုကြွေးလျက် ထိတ်လန့်ကုန်၏။

ဤနည်းဖြင့် လမင်းထွက်ပေါ်ကာ များမကြာခင် အလင်းရောင်များ ထွန်းလင်း သွားချေပြီ။ ထိုသံသရာသည် ကြိမ်ဖန်များစွာ ဖြစ်ပျက်လာ၏။

“ ဘုန်း ... ။ ”

ချင်လော၏ လက်သီးများသည် ထိုနေလသံသရာ ဖြစ်စဉ်များအောက်တွင် ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။

ချက်ချင်း ချင်လောတစ်ယောက် ဆုတ်ခွာသွား၏။ ဒဏ်ရာ မပြင်းထန်သော်လည်း ရှက်စရာပေပင်။

သူ့မျက်နှာတွင် မယုံကြည်နိုင်ဖွယ် အရိပ်အယောင်များ ဖြစ်ပေါ်နေပြီး ယခင်ကဲ့သို့ ငြိမ်သက်မနေတော့ချေ။

ကောင်းကင်တုန်ခါခြင်းတံဆိပ် ယင်ယန်စက်ဝိုင်းသည် တာအိုဘာသာအမွေ ဖြစ်၏။ နေလတံဆိပ်သည် မြတ်ဗုဒ္ဓအမွေ ပေပင်။

မည်သည့်အရာပင်ဖြစ်စေ အဖျက်စွမ်းအားသည် အလွန်ကြောက်စရာ ကောင်းပြီး ထိပ်တန်း ရှေးဟောင်းအမွေများ ဖြစ်ကြောင်း ထင်ရှား၏။

“ မင်းဘယ်သူလဲ၊ တာအိုဘုန်းကြီးလား ဗုဒ္ဓဘုန်းကြီးလား။ ”

ချင်လောက သိချင်သွားသည်။ စုရီမှ တုန့်ပြန်ခြင်းမပြုဘဲ ထပ်မံတိုက်ခိုက်လိုက်၏။

“ ဟမ့် ... မေ့လိုက်ပါ ... မင်းကိုသတ်ပြီး စိတ်ဝိညာဉ်ကို စစ်ဆေးကြည့်ရင် အရာအားလုံး ရှင်းသွားလိမ့်မယ်။ ”

ချင်လောက အေးစက်စွာ ပြောကြားပြီး နတ်ဆိုးစွမ်းအင်များ တဟုန်ထိုးတက်လာကာ ပြန်လည် တိုက်ခိုက်လိုက်၏။

သူ့လက်သီးချက်များသည် မြေကြီး တုန်ခါစေပြီး ပြိုးပြိုးပြက်ပြက် လင်းလက်ကာ ငွေရောင်မီးတောက်များ ပါဝင်သည်။

ဤကဲ့သို့သော စွမ်းအားမျိုးဖြင့် ဝိညာဉ် ထင်ရှားခြင်းအဆင့် မည်သည့် ကျွမ်းကျင်သူကို မဆို အလွယ်တကူ သတ်ပစ်နိုင်သည်။

သို့သော် စုရီအတွက်မူ မလုံလောက်ချေ။ ထူးထူးခြားခြား စွမ်းရည်များကို တစ်ခုပြီးတစ်ခု ပြသနေ၏။

“ ရှစ်ပါးသောဗုဒ္ဓ ... ။ ”

“ ငရဲကမ္ဘာမှ ကိုးမီးတောက် ... ။ ”

ဤအရာအားလုံးသည် ထူးခြားသော စွမ်းရည်များဖြစ်ပြီး နတ်ဆိုး၊ တစ္ဆေ၊ တာအိုနှင့် မြတ်ဗုဒ္ဓ၏ အမွေများပေပင်။

“ အဝါရောင်စမ်းချောင်း ... ။ ”

မူလသည် လျှို့ဝှက်ဆန်းကြယ်ကာ ပြိုင်ဘက်ကင်းသော လက်နက်မဲ့တံဆိပ်များ ဖြစ်၏။

“ ပြိုင်ဘက်ကင်း လောင်မြိုက်ခြင်း ... ။ ”

“ ဘုန်း ... ။ ”

“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”

ထိုကြောင့် အသုံးပြုနေသော နည်းစနစ်အပြောင်းအလဲများသည် ချင်လော၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ကာ တံဆိပ်များ ဆက်တိုက်ထိမှန်ကုန်၏။

“ ဟမ့် ... ။ ”

ခဏအတွင်းမှာပင် ဖိနှိပ်ခံလာရပြီး အရေပြားစုတ်ပြဲလျက် ခန္ဓာကိုယ်၌ဒဏ်ရာများ ဖုံးလွှမ်းသွားချေပြီ။

မည်မျှပင် ရုန်းကန်နေပါစေ တွန်းလှန်နိုင်ခြင်း မရှိတော့ဘဲ အခြားတစ်ဖက်၌ စုရီ၏တိုက်ပွဲဝင်စွမ်းအားသည် ဆထက်တိုး၍ မြင့်မားလာ၏။

ထိုမြင်ကွင်းက ချင်လောကို များစွာ ထိတ်လန့်စေတော့သည်။ ကြယ်စုစည်းခြင်းမှ တစ်စုံတစ်ယောက်သည် စကြာဝဠာတစ်ခုလုံး၏ အမွေအနှစ်များကို ကျွမ်းကျင်နေသည်လော။ အဓိပ္ပါယ်မရှိချေ။

“ မင်းဘယ်သူလဲ ... ။ ”

***

All Chapters