အရိုးဖြူ နတ်ကျောက်စိမ်းဓား ... ။
Vol. 43 Ch. 515
ချင်လော၏ သန့်စင်သော အဖြူရောင်၀တ်ရုံသည် စုတ်ပြဲပြီး သွေးများဖြင့် စွန်းထင်းသွားသည်။
သူ့ဆံပင်များ ကွဲအက်လျက် ဒဏ်ရာများဖုံးလွှမ်းကာ ဆိုးရွားသော အခြေအနေတွင် ရှိနေ၏။
တစ်ဆက်တည်းမှာပင် ပြိုင်ဘက်၏ မူလအပေါ် သိချင်စိတ်သည်လည်း တိုးလာနေ တော့သည်။
“ မင်းဘယ်သူလဲ ... ။ ”
စုရီမှ မဖြေချေ။ တစ်ဖက်လူ၏ အစွမ်းထက်ဆုံး တိုက်ပွဲဝင်နည်းစနစ်သည် လက်သီးဖြစ်၏။
လက်ရှိ စုရီ၏ လုပ်ရပ်များသည် သူ့ပြိုင်ဘက်၏ ဂုဏ်အယူရဆုံးလမ်းကြောင်းကို လုံးလုံးလျားလျား ဖျက်ဆီးရန်ဖြစ်နေသည်။
အမှန်တွင် ချင်လော၏ ခွန်အားသည် နယ်ပယ်တူအတွင်း အဆပေါင်းများစွာ သာလွန် လေသည်။ အရိုင်းမြေမှ လာသော ချင်ရှန့် သာလျှင် သူ့ကို ယှဉ်နိုင်ပေ၏။
“ ဟိတ် ... ။ ”
အင်္ကျီလက်များ တဖျပ်ဖျပ်ခတ်ကာ လက်သီးဆုပ်လျက် စုရီက ထိုးနှက်လိုက်ပြန်၏။ မဟာသမာပရာပတ လက်သီးဖြစ်သည်။
ဗုဒ္ဓဘာသာတွင် မဟာသမာပရာပတ ဟူသည် ဉာဏ်ပညာ၊ အလင်းနှင့် ဘေးဥပဒ်ကို ကိုယ်စားပြုသည်။
ဒဏ္ဍာရီအရ မဟာသာသမပတတွင် အကန့်အသတ်မရှိ မှော်အစွမ်းများ ပိုင်ဆိုင်ပြီး ဗုဒ္ဓဘာသာဝင်များအတွက် အမြင့်မြတ်ဆုံး တည်ရှိမှုဖြစ်သည်။
ဉာဏ်ပညာကြီးရင့်သော ဗုဒ္ဓကိုယ် ရည်ရွယ်သည်။ ရှေးဟောင်း လက်သီးနည်းစနစ် ကိုးပါးအတွင်း တစ်ခုအပါအဝင်ဖြစ်၏။
တစ်ချိန်က ကျောက်တုံးနှလုံးသားထံမှ သင်ယူထားခြင်းဖြစ်သည်။ နဂါးနှင့်ကျားများကို နှိမ်နင်းကာ မကောင်းဆိုးဝါးများအပေါ် ချေမှုန်းနိုင်၏။
“ ဝှစ် ... ။ ”
ဤအခိုက်တွင် စုရီကို ရွှေဗုဒ္ဓအဖြစ် ထင်မှားစေမည်။ ချင်လောသည် အန္တရာယ်ကို သတိပြုမိပြီး ချက်ချင်း ရှောင်လိုက်၏။
“ ဘုန်း ... ။ ”
သို့တိုင် အနည်းငယ် ထိမှန်သွားသေး၏။ နောက်သို့ တွန်းထုတ်ခံရပြီး ခန္ဓာကိုယ်အတွင်း အရိုးနှင့်အရွတ်များ ပျက်စီးသွားသည်။
“ မင်း သေချင်နေတာပဲ။ ”
သို့သော် တိုက်ပွဲဝင်ဆန္ဒများ လောင်ကြွမ်းလာပြီး သွေးစွန်းနေသော ခန္ဓာမှ အဖျက်စွမ်းအားလှိုင်းများ ရုတ်တရက် ထွက်ပေါ်လာ၏။
“ ဝုန်း ... ။ ”
ဤတစ်ကြိမ်တွင် စုရီလက်သီးသည် မမြင်နိုင်သော အတားအဆီးပေါ် ကျရောက် သွားသည်။
ယင်းသည် ချင်လောခန္ဓာမှ ထွက်သော ငွေရောင်နတ်ဆိုးမီးတောက်၏ ရောင်ဝါဖြစ်၏။ ရှည်လျားသော အနက်ရောင်ဆံပင်များသည် ချက်ချင်းပင် ဖွေးဖြူလျက် အသားအရေမှာ မည်းမှောင်အက်ကွဲသွားချေပြီ။
နှစ်ပေါင်းများစွာ ကုန်လွန်သွားသကဲ့သို့ အိုမင်းရင့်ရော်ခြင်း အသွင်ပြသပြီး ညာလက်ကို မြှောက်ယူလိုက်တော့၏။
“ ချွင် ... ။ ”
ကျောရိုးမကြီးထံမှ အဖြူရောင် မျဉ်းကြောင်းတစ်ကြောင်း တိုးထွက်လာသည်ကို မြင်လိုက်ရလေသည်။ ယင်းသည် အဖြူရောင် ဓားတစ်လက်ဖြစ်နေ၏။
“ ဓားကို သွေးသားစွမ်းအင် ကျွေးမွေးထားတာလား။ ”
စုရီ အမူအရာ ပျက်ယွင်းသွားသည်။ ဤသည်မှာ ခန္ဓာကိုယ်ကို မီးအိုးအဖြစ်ခံယူကာ သွေးအနှစ်သာရဖြင့် ကျွေးမွေးခြင်းဖြစ်၏။
ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအလား ခွဲခြား၍မရချေ။ အသက်ရှင်နေသရွေ့ ဓားရှိ၏။ ဓားကျိုးသွားသော် အသက်ပျောက်ပေမည်။ ဤနည်းအပေါ် ဓားသမားအနည်းငယ်သာ အသုံးပြုလိုကြသည်။
ယင်းသည် သည်းမခံနိုင်ရုံသာမက အစွန်းရောက်ခြင်းမျိုးဖြစ်ကာ လွဲမှားစွာဖြင့် ကိုင်တွယ်မိသော် ဆုံးပါးသွားနိုင်၏။
“ ငါနိုးလာတဲ့အခါ ... ဒီဓားဟာ ငါ့ကျောရိုးထဲမှာ ချိပ်ပိတ်လျက် ရှိနေတယ်။ ”
ချင်လောမှ ရှင်းပြသည်။
“ ဒီဓားကိုဆွဲရင် ... ငါ့ရဲ့အတိတ်ကို ပြန်ရနိုင်ပြီး ငါဘယ်သူလဲ၊ ဘယ်ကနေလာလဲ ဆိုတာ ... သေချာပေါက် ငါသိနိုင်တယ်။ ”
ထို့နောက် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းရောင်ဝါများ ဓားမှထွက်လာပြီး သွေးညှီရနံ့များ လှိုင်လှိုင်ထလာ၏။
“ ဒါပေမယ့် ငါအဲ့ဒီလို မလုပ်ချင်ဘူး။ ”
ချင်လောက သက်ပြင်းချလျက်၊
“ ငါ ဒီဓားကိုဆွဲလိုက်ရင် ... ငါ့ရဲ့ အသက်ဓါတ်အားလုံး ဝါးမြိုခံသွားရလိမ့်မယ်လို့ ငါသိနေခဲ့တယ်။ ”
သူ့အသံသည် ရှုပ်ထွေးခြင်းနှင့် အကြောက်တရားများ ရောနှောနေတော့၏။ သို့တိုင် ဓားကိုမက်မောစွာ ဖမ်းဆွဲလိုက်သေးသည်။
ဓားကိုယ်ထည်သည် အရိုးဖြူ နတ်ကျောက်စိမ်းနှင့် သွန်းလုပ်ပြီး နေမင်းကဲ့သို့ တောက်ပနေသည်။
“ အရိုးဖြူနတ်ကျောက်စိမ်းဓား ... ။ ”
ကိုယ်ထည်၏ တစ်ဖက်တစ်ချပ်စီတွင် ပိုးကောင်ကဲ့သို့ တွန့်လိမ်နေသော စာလုံးနှစ်လုံး ပါရှိ၏။
“ ခရစ် ... ။ ”
ထိုအချိန်တွင် ဓား၏တန်ခိုးကြောင့် ဝင်္ကပါအလွှာကိုအက်ကွဲစေလျက် လေပြင်းများ တိုက်ခတ်လာတော့၏။ တိမ်တိုက်များ ရွေ့လျားစုဖွဲ့လာသည်။
“ ဓားမိစ္ဆာ ... ။ ”
ဤဖြစ်စဉ်များသည် လူအများအတွက် ကြောက်စရာကောင်းမည်မှာ ဧကန်ဖြစ်ချေပြီ။ စုရီအတွက်မူ သာမန်ဖြစ်၏။
“ တခါတရံမှာ ... ငါကိုယ်ငါ ဒီဓားရဲ့ကျွန်လို့တောင် သံသယဖြစ်မိတယ် ငါ့ဘဝအပါအဝင် အရာအားလုံးကို ဒီဓားက ထိန်းချုပ်ဖို့ ရည်မှန်းထားတယ်။ ”
ချင်လောက ကူကယ်ရာမဲ့စွာ ပြောကြားနေသည်။ ယင်းသည် မိတ်ဆွေ တစ်ယောက်အပေါ် ရှင်းပြနေသကဲ့သို့ပေပင်။
“ ဒါပေမယ့် မင်းလိုလူကို ... ဒီဓားနဲ့သတ်နိုင်ရင် ငါ့အသက်ဆုံးရှုံးရင်တောင် ထိုက်တန်ပါတယ်။ ”
အဆုံးတွင် သူ့မျက်ဝန်းများ တောက်ပလာတော့၏။
“ ငါ့ကိုသတ်မလို့လား ... မကောင်းဆိုးရွား ဓားတစ်လက်ကနေ ရွေးချယ်ထားတဲ့ဓားကျွန် တစ်ယောက်မှာ ... ဒီလိုအရည်အချင်းမျိုး မရှိပါဘူး။ ”
“ ဓားကရွေးထားတဲ့ ဓားကျွန်လား ... ။ ”
စုရီတုန့်ပြန်စကားကြောင့် ချင်လောတစ်ယောက် မျက်မှောင်ကြုတ်သွားပြီး ရှုပ်ထွေးစွာဖြင့်၊
“ မင်းဘာကို ဆိုလိုတာလဲ မိတ်ဆွေ။ ”
-ဟု ပြန်မေး၏။
“ ဒီဓားဟာ မင်းထင်မြင်ချက်အတိုင်း အလွန်ရှားပါးတဲ့ ဓားတစ်လက်ပါပဲ ... ပြီးတော့ မင်းဟာ သူရွေးချယ်ထားတဲ့ ကျွန်တစ်ယောက် မင်းရဲ့ မှတ်ဉာဏ်တွေကိုဖျက်ပြီး ...
... ကျင့်ကြံမှု၊ အရည်အချင်းနဲ့ မင်းအသက်ဓါတ်ကို သူစားသုံးနေလိမ့်မယ် ဒါက ငါ မသတ်ရင်တောင် ... တစ်နေ့ မင်း သေလိမ့်မယ်ဆိုတာ ပြနေတာပဲ။ ”
ချင်လော၏ အကြည့်များ အနည်းငယ် မှေးစင်းသွားပြီးနောက် ပြုံးသည်။ စုရီစကားကို သူ မယုံချေ။
“ ဒါဟာ ဓားတစ်လက်ပဲ သူ့သခင်ကို ဘယ်လိုများ စားနိုင်မှာလဲ ... ငါ့မိတ်ဆွေ မင်း ငါ့နှလုံးသားကို နှောင့်ယှက်ပြီး ... အနိုင်ယူဖို့ ကြိုးစားနေတာလား။ ”
ထို့နောက် လေထဲလှမ်းတက်ကာ နတ်ဘုရားဒုက္ခဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ တောက်ပသော အဖြူရောင် ဓားအလင်း တစ်လက် ပျံသန်းသွား၏။
ကြောက်မက်ဖွယ်ကောင်းသော အကန့်အသတ်မဲ့ ထိုရောင်ဝါသည် ကမ္ဘာကြီး တစ်ခုလုံးကို အုပ်စိုးနေချေပြီ။
“ ရွှပ် ... ။ ”
စုရီမှ ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းအနည်းငယ်ခါယမ်းလျက် ညာဘက်လက် ဆန့်ထုတ်လိုက်သည်။ ဓားအလင်းတစ်လက် ပြေးထွက်သွားသည်။
ဤသည်မှာ ငရဲဘုံကိုးပါးဓား ရောင်ဝါကြိုးမျှင်ဖြစ်သည်။ သေးငယ်ပါးလွှာပြီး ရိုးရှင်းပုံ ပေါက်သော်လည်း ဖော်ပြ၍မရသော စွမ်းအားတစ်ခု ပါရှိနေ၏။
“ ဒါဘာလဲ ... ။ ”
ယခင် ဖရိုဖရဲပျက်ပြယ်နေသော တိမ်တိုက်များနှင့် လှိုင်းလေထန်သောပင်လယ် ရေမျက်နှာပြင်သည် ကြီးမားသောတောင်ဖြင့် ဖိနှိမ်လိုက်သကဲ့သို့ ငြိမ်သက်သွားသည်။
“ ဝုန်း ... ။ ”
ချင်လောတစ်ယောက် စိုးထိတ်သွား၏။ အရိုးဖြူ နတ်ကျောက်စိမ်းဓားအလင်းသည် မှန်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။
ဤသည်မှာ သူ့အသက်ကို ထည့်သွင်းထားသော ဝှက်ဖဲဖြစ်၏။ ဝိညာဉ် ပေါင်းစည်းခြင်းအဆင့်မှ တစ်စုံတစ်ယောက်ကို သတ်နိုင်ပေသည်။
သို့တိုင် ကြယ်စုခြင်းအဆင့်မှ ဤစုရီလက်တွင် အလွယ်တကူပျက်စီးသွား၏။ ယင်းဖြစ်စဉ်မှာ အဆုံးမဟုတ်သေးချေ။
“ ဟမ့် ... ။ ”
ထိုဓားသည် သူ့ဓားကို ချိုးဖြတ်ကာ ဆက်၍တိုးဝင်လာနေ၏။ တုန့်ဆိုင်းခြင်းမရှိ အရိုးဖြူနတ်ကျောက်စိမ်းဓားနှင့် ခုတ်ပယ် လိုက်ရသည်။
“ ထန် ... ထန် ... ။ ”
ရလာဒ်အနေဖြင့် အရိုးဖြူ နတ်ကျောက်စိမ်းဓားမှာ သူ့လက်မှလွင့်ထွက် ပြုတ်ကျသွားတော့၏။
ချင်လောခမျာ အံ့အားသင့်သွားကာ မယုံကြည်နိုင်ဖြစ်လျက် စုရီထံပြန်ကြည့်သည်။ ထို့နောက်တွင် စိတ်ဓါတ်ကျစွာဖြင့်၊
“ မင်းပြောတာ အမှန်ပဲလား။ ”
-ဟု မေးမြန်းလိုက်၏။
“ လူသေတွေကို ငါ မလိမ်ဘူး။ ”
စုရီက လက်နှစ်ဖက်နောက်ပို့လျက် လေထုအလယ်ရပ်ကာ ပြန်ဖြေလိုက်သည်။
“ ဒါဆို ... ငါက တကယ်ပဲ တခြားတစ်ယောက်ရဲ့ ရွေးချယ်ခံထားရတဲ့ ဓားကျွန်တစ်ယောက်ပေါ့ ... ။ ”
“ ခရစ် ... ။ ”
ချင်လောတစ်ယောက် မျက်လုံးများ မှုန်ဝါးသွားကာ ဝိညာဉ်ပျောက်ဆုံးသွားတော့၏။ တစ်ဆက်တည်းမှာပင် သူ့ခန္ဓာကိုယ်သည်လည်း ရုတ်ချည်း အပိုင်းပိုင်းကွဲအက်သွားချေပြီ။
“ ဘောင်း ... ။ ”
ဤမတိုင်မီ သူ့အသက်စွမ်းအင်များ အားလုံးကိုပေးအပ်ကာ ဓားဆွဲခဲ့သည်။ သို့တိုင် စုရီဓားကို မတားနိုင်ချေ။
ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် လုံးလုံးလျားလျား ကွဲကြေပျက်ပြယ်သွားစေ၏။ ထို့ကြောင့် ထူးထူးခြားခြား ဇာစ်မြစ်ရှိသော ဤလူငယ်လေးသည် သူ့အဆုံးသတ်ကို စိတ်ပျက်စွာ ကြုံတွေ့သွားခဲ့ရသည်။
“ ငါ့ဓားမှာ ဒီလိုသေရတာ မင်းအတွက် ကောင်းချီးတစ်ခုပါပဲ။ ”
စုရီက မှတ်ချက်ပေးလျက် အဝေးကို လှည့်ကြည့်လိုက်၏။ အရိုးဖြူ နတ်ကျောက်စိမ်း ဓားသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တုန်ခါနေချေပြီ။
စုရီအကြည့်ကို သိဟန်ဖြင့် ဝန်းကျင်၌ တုန်လှုပ်ချောက်ချားဖွယ် လှိုင်းလုံးကြီးများနှင့် ငွေရောင်အလင်းများ ဖြာထွက်လာ၏။
ကြည်လင်တောက်ပလွန်းသော အဖြူရောင်ကျောက်စိမ်းဓား ကိုယ်ထည်တွင် ကြီးမားသည့် အက်ကွဲကြောင်းတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဤသည်မှာ အဖျက်စွမ်းအားပြင်း ငရဲဘုံကိုးပါး ဓားရောင်ဝါ၏ ပြတ်ရှနိုင်စွမ်း ပေပင်။
အရိုးဖြူနတ်ကျောက်စိမ်းဓားသည် ထိုရောင်ဝါကို အမှန်တကယ် တားဆီးနိုင်သော ပထမဆုံးဓားတစ်လက် ဖြစ်လာခဲ့ချေပြီ။
“ မင်းက ငါ့ဓားကျွန်ကိုသတ်ပြီး ငါ့ဓားကိုယ်ထည်ကို ဒဏ်ရာရစေခဲ့တယ် မင်းကို ငါသတိရနေမယ် ... ။ ”
အဆုံးတွင် အရိုးဖြူနတ်ကျောက်စိမ်းဓားက ကောင်းကင်ပေါ် ပျံတက်သွားပြီး အဆုံးမရှိသော ဒေါသအသံဖြင့် ကြုံးဝါးလိုက်၏။
“ ဝှစ် ... ။ ”
ထို့နောက် ကျယ်ပြောလှသော မိုးကုပ်စက်ဝိုင်းထဲ ချက်ချင်း ပြေးဝင်မှုန်ဝါး သွားလေသည်။
“ ငါထင်တဲ့အတိုင်းပဲ ... ဒီဓားထဲမှာ နတ်ဆိုးတစ်ကောင်ရဲ့ ဝိညာဉ် ရှိနေတယ် ... ။ ”
စုရီမှ ရေရွတ်လိုက်၏။ ထို့နောက်တွင် ရင်ချုံး၏ ထက်ပိုင်းပြတ်နေသော အလောင်းထံ ငုံ့ကြည့်လိုက်တော့သည်။
***