မင်းနာမည် ချင်လော ... ။
Vol. 43 Ch. 516
စုရီသည် ချင်လောနှင့် ပထမဆုံး တွေ့သောအချိန်က ရှေးဟောင်းနတ်ဆိုးများ၏ ဒုတိယအဖွဲ့အဖြစ် ထင်မှတ်ခဲ့သည်။
သို့သော် ချင်လောသည် ဓားကျွန်မျှသာဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို ဓားမှ စားသုံးနေခဲ့၏။
မှတ်ဉာဏ်နှင့် အရာအားလုံးကို ဖျက်ဆီးပစ်ကာ ကျွမ်းကျင်သမျှ နည်းစနစ်တိုင်း ဓားမိစ္ဆာထံမှလာသည်။ ချင်လောဟူသော အမည်သည်ပင် ထိုဓားမှ ပေးခဲ့ပုံရ၏။
“ ဒီလူက ငါနဲ့တွေ့တဲ့အချိန်မှာ အန္တရာယ်ကိုခံစားမိတယ်လို့ ပြောဖူးတယ် ဒါက ငရဲဘုံကိုးပါးဓားကြောင့်ဖြစ်မယ်။ ”
သို့သော် ပြဿနာတစ်ခုရှိသေး၏။ ချင်လောသည် အင်မော်တယ် ဓားမျှော်စင်ထံ ဝင်ရောက်လိုသည်မှာ ထိုဓားဆန္ဒဖြစ်သည်။
ဆိုလိုသည်မှာ ထိုဓားသည် အင်မော်တယ်ဓားမျှော်စင်ဖြင့် ပတ်သတ်နေခြင်း ဖြစ်နိုင်ပေ၏။
“ ငါ စောစောက မတားဆီးနိုင်ခဲ့တာ နှမျောစရာကောင်းလိုက်တာ မဟုတ်ရင် ဒီဓားနဲ့ ဓားမျှော်စင်ပတ်သတ်မှုကို ငါသိနိုင်မယ်။ ”
အဆုံးတွင် ခေါင်းရမ်းလျက် ရင်ချုံးထံ ငုံ့ကြည့်လိုက်တော့၏။ ထိုစဉ် နင်စစ်ဟွာနှင့် အဖွဲ့ ရောက်ရှိလာခဲ့သည်။
“ တာအိုစု ... ။ ”
အချိန်အတော်ကြာ ခွဲခွာခဲ့ရပြီး မိတ်ဟောင်းဆွေဟောင်းများဖြင့် ပြန်လည် ဆုံတွေ့ရခြင်းသည် ဘဝတွင် ရှားပါးသော ပျော်ရွှင်မှုတစ်ခုဖြစ်၏။
သို့သော် ရင်ချုံး၏ အလောင်းကို မြင်လိုက်သောအခါ စုရီ၏ ပျော်ရွှင်မှုများမှာ ရုတ်တရက် မှေးမှိန်သွားသည်။
တစ်ဖက်တွင် ဝမ်ချောင်တုံနှင့် ချင်းချင်းတို့သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့၏။ တစ်ချိန်က ဤစုရီသည် သူတို့၏ အသုံးမကျသောသမက် ဖြစ်ခဲ့ဖူးလေသည်။
အထူးသဖြင့် ချင်းချင်းသည် ဝမ်လင်ကျောက်နှင့် အိမ်ထောင်ရေးအပေါ် အမြဲ ဖျက်သိမ်းရန် ကြိုးစားဖူးသည်။
ယခုမူ ထိုလူငယ်သည် မဟာကျိုးကို ကျော်လွန်ကာ မိုးပြာတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်နေချေပြီ။ သူမ အမြင်သည် မည်မျှ မိုက်မဲခဲ့သည်ကို မြင်နိုင်ချေ၏။
“ နေဦး ... ။ ”
ထိုအချိန်တွင် လက်ဝှေ့ရမ်းလျက် စုရီက ရင်ချုံး၏အလောင်းကို လေထဲ ဆွဲယူလိုက်၏။ နဂါးနက်ကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများကို ကြည့်ကာ ဝမ်းနည်းလာသည်။
ဤအချင်းအရာကို ပြောရမည်ဆိုသော် သူနှင့်ရင်ချုံးသည် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု မရှိခဲ့ချေ။ နဂါးဒုက္ခချောက်ကမ်းပါးတွင် အတွင်း နတ်ဆိုးကိုသတ်ရန် အကူအညီတောင်းခဲ့၏။
သူ ကူညီပြီးနောက် ထိုကျေးဇူးကြွေးကို ဆပ်ရန်ကြိုးစားခဲ့သည်။ ၎င်းသည် ဤမျှသစ္စာရှိ လိမ့်မည်ဟု မမျှော်လင့်ထားချေ။ သေသည် အထိ စောင့်ကြပ်ပေးခဲ့သည်။
“ ဒီအချိန်အတောအတွင်းမှာ စီနီယာရင်ချုံးကြောင့် ချူရှနဲ့အဖွဲ့ဝင်တွေဟာ အကြိမ်ကြိမ် ဆုတ်ခွာခဲ့ရတယ်။ ”
နင်စစ်ဟွာမှ သက်ပြင်းချကာ ရှင်းပြ၏။ စုရီက နတ်အာရုံကို ပို့လွှတ်ကာ နဂါးနက်ကြီး၏ ခန္ဓာကိုယ်အနှံ့သို့ ဖြန့်ကျက်လိုက်သည်။
အတွင်းအင်္ဂါများ ကွဲအက်ကာ အသွေးအသား၌ အသက်ဓါတ်များ လုံးဝပင် မကျန်ရစ်တော့ချေ။
ဤအရာက စုရီကို နာကျင်စေ၏။ သူသည်သာ နာရီဝက်ခန့်စောသော် ရင်ချုံးကို ကယ်တင်နိုင်ပေမည်။ နတ်အာရုံကို ပြန်ရုတ် လိုက်၏။ သို့သော် ရုတ်တရက် အားနည်းသော လှုပ်ခါမှုတစ်ခုကို သတိထားမိလိုက်သည်။
ယင်းသည် ဦးခေါင်းရှိ ကွဲအက်နေသော နတ်ဆိုးအမြုတေမှ လာ၏။ ယင်းသည် ဝိညာဉ် ကြိုးမျှဉ်တစ်စဖြစ်သည်။ ပါးလျပြီး ရှိနေသည် ကိုပင် ပြောရန်ခက်ချေ၏။
ထိုအရာက စုရီကို အသက်မဲ့ သွားစေတော့သည်။ အသက်ပြင်းပြင်းရှူလျက် အချိန်တော်ကြာ နစ်မျောသွားနေရာမှ ပြုံးလိုက်လေသည်။
ဒဏ်ရာများသည် အလွန်ပြင်းထန်သဖြင့် နတ်ဘုရားပင် မကယ်နိုင်ချေ။ သို့သော် သူသည် စုရွှမ်ကြွယ်ဖြစ်၏။ နတ်ဘုရား မဟုတ်ချေ။
စုရီ၏ အမူအရာပြောင်းလဲမှုကို သတိပြုမိလာသော နင်စစ်ဟွာက၊
“ တာအိုစု ကယ်တင်ဖို့ နည်းလမ်းရှိလား။”
-ဟု အလျင်စလိုမေးလာ၏။
စုရီက ပြုံးပြကာ ခေါင်းညိတ်သည်။ ထို့နောက်လက်ဖဝါးဖွင့်ကာ ကျောက်စိမ်းပုလင်း တစ်လုံး ထုတ်ယူလိုက်၏။
ပုလင်းအတွင်း၌ ရွှေရောင် အလင်း သုံးစက်တောက်ပနေပြီး ရင်သပ်ရှုမောဖွယ် လွင့်မျောနေသည်။ အဝေးမှပင် ကြွယ်ဝသော အသက်ဓါတ်ကို ခံစားနိုင်၏။
“ ပလွတ် ... ။ ”
အဖုံးဖွင့်လိုက်သောအခါ အေးစက်သင်းပျံ့သော ရနံ့များ ပျံ့နှံ့လာသည်။ ၎င်းကို ရှူရှိုက်လိုက်ရုံဖြင့် ခန္ဓာကိုယ်အနှံ့ အံ့ဖွယ်ကောင်းချီးမျိုး ခံစားရ၏။
ဤသည်မှာ နဝမမြောက် ကြယ်အပျက်အစီးမြေမှ အားချန်၏သွေးသုံးစက် ပေပင်။ ရေခဲဝိညာဉ်ရွှေသွေးဖြစ်၏။
သေလွန်သူများကို ပြန်ရှင်စေသည့် အံ့ဖွယ်တန်ခိုးများ ပိုင်ဆိုင်ထားသည်။ ရှားပါး ရတနာဖြစ်၏။ အရိုင်းမြေ၌ ရာထူးကြီးမားသော လူများအတွက်သာ အသုံးပြုမည်ဖြစ်သည်။
“ ဝှစ် ... ။ ”
ပုလင်းအတွင်းမှ သွေးတစ်စက် ပျံ့လွင့်လာပြီး ရင်ချုံး၏ကွဲအက်နေခဲ့သော ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်။
များမကြာခင် နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာပေါင်းစပ်သွား၏။ ထို့နောက် ရွှေမှုန်ရွှေမွှားများ တောက်ပလျက် ဝိညာဉ်ရေးရောင်ဝါများ ဖြာထွက်လာသည်။
များမကြာခင် ရင်ချုံးခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး မူလအခြေအနေသို့ ရောက်ရှိသွားခဲ့၏။
သို့သော် အပြင်ပိုင်မျှသာ ဖြစ်သည်။ အရေးကြီးသော လုပ်ငန်းစဉ်ကို ဆက်လက်ပြီး လုပ်ဆောင်ရန်လိုနေသေး၏။ စုရီက နတ်အာရုံဖြင့် ထပ်မံစစ်ဆေးသည်။
ဦးစွာ နတ်ဆိုးအမြုတေ ပြန်လည် ပေါင်းစည်းလာပြီး အသက်ဓါတ်များ ပြလာ၏။ ထို့နောက် သွေးကြောများ ယှက်သိုင်းလာသည်။
ရေခဲဝိညာဉ်ရွှေသွေးသည် ရင်ချုံး၏ ကွဲအက်နေသော အတွင်းအင်္ဂါများ၊ အရိုးများနှင့် အသားများကို ပြန်လည်ပုံဖော်တော့၏။
“ ဟမ့် ... ။ ”
ရုတ်တရက် ရင်ချုံး၏ရောင်ဝါသည် တစ်ဟုန်ထိုးမြင့်တက်လာပြီး အကြေးခွံများ ပြန်လည် ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကာ မျက်လုံးများ ပြူးကျယ် သွားကြသည်။ မယုံနိုင်စရာပေပင်။
“ ဒါ ... အသက်ပြန်ရှင်လာတာလား။ ”
ဝမ်လင်ရွယ်မှ အော်ဟစ်လိုက်သည်။
“ တကယ်တော့ သူ မသေသေးဘူး ... အသက်ဝိညာဉ် အပိုင်းအစ ကျန်ရစ်နေတယ် ဒါကြောင့် ရေခဲဝိညာဉ်ရွှေသွေးက သူ့ကို ပြန်ခေါ်လာပေးနိုင်တာ မဟုတ်ရင် ... ငါ့အရည်အချင်းနဲ့ မကယ်နိုင်ဘူး။ ”
စုရီမှ ရှင်းပြလိုက်၏။ ရေခဲဝိညာဉ်ရွှေသွေး မည်မျှပင်ထူးကဲနေပါစေ အသက်နှင့်သေခြင်းကို မပြောင်းလဲနိုင်ချေ။
“ အစ်ကိုစု ... စီနီယာရင်ချုံး ဘယ်တော့နိုးလာမှာလဲ။ ”
ဝမ်လင်ရွယ်မှ မေးလိုက်၏။
“ အဲဒါက ဘယ်လောက်ကြာကြာ ... ပြန်ကောင်းလာမလဲဆိုတာ ... သူ့စိတ်ဆန္ဒနဲ့ သက်ဆိုင်တယ် ... ။ ”
“ တာအိုစု မင်းရောက်လာတာသိရင် အားလုံးဝမ်းသာကြလိမ့်မယ် ငါအကြောင်းကြား လိုက်မယ်။ ”
နင်စစ်ဟွာမှ ဝမ်းသာအားရပြောသည်။
“ ကောင်းပြီ ... သွားရအောင်။ ”
စုရီက အင်မော်တယ် ဓားမျှော်စင်ထံ ဝင်ရောက်လိုက်သည်။ များမကြာခင် တစ်ဖွဲ့လုံး ပျောက်ကွယ်သွားခဲ့၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ကျွန်းတစ်ကျွန်းပေါ်၌ ကျွမ်းကျင်သူတစ်စုသည် အခွင့်အလမ်းများကို ရှာဖွေနေစဉ် ရုတ်တရက် ကောင်းကင်ပေါ်မှ ဓားတစ်လက် ဆင်းသက်လာသည်။
မီးခိုးရောင်ဝတ်ထားသည့် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့၏။
“ ကောင်လေး၊ မင်းနာမည်ဘယ်လိုခေါ်လဲ။ ”
ငွေရောင် အလင်းတန်းများ ဖြာလျက် ဓားတစ်လက်က ထိုမီးခိုးရောင်ဝတ်ထားသည့် ကောင်လေးရှေ့တွင် ပျံဝဲနေချေပြီ။
“ ဝမ်လျူ ... ။ ”
ကောင်လေးမှ တုန်လှုပ်စွာဖြင့် ပြန်ဖြေ၏။
“ မဟုတ်ဘူး ... မင်းနာမည် ချင်လော။ ”
အေးစက်ပြီး အမိန့်သံဆန်လွန်းသော အသံသည် နတ်ဆိုးဓားမှ ထွက်ပေါ်လာသည်။ ၎င်းမှပင် တုန်ခါလျက်၊
“ ဒါကိုမှတ်ထားပါ ... အခုချိန်ကစပြီး မင်းအတွက်အမွေနဲ့ လျှို့ဝှက်နည်းစနစ်တွေကို ငါပေးမယ် ... မင်းလုပ်ရမှာ ရွှေခေတ်တိုင်အောင် အသက်ရှင်သန်နေထိုင်ဖို့ပဲ။ ”
-ဟု ပြောကြားလိုက်သည်။
ထို့နောက်တွင် မီးခိုးရောင်ဝတ်လူငယ်၏ ကျောရိုးအတွင်း ထိုးဖောက်ဝင်ရောက်လိုက်၏။ မီးခိုးရောင်ဝတ် လူငယ်ခမျာ နာကျင်မှုများဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။
အချိန်အတော်ကြာပြီးနောက် မီးခိုးရောင်ဝတ်လူငယ်သည် ရေဝဲကြီးအသွင် မျက်ဝန်းများပေါ်လာကာ ငွေရောင်အလင်းများ ဖြာထွက်နေခဲ့၏။
“ ထူးဆန်းတယ် ... ငါ့နာမည် ချင်လောဆိုတာကလွဲပြီး ဘာလို့ အတိတ်ကို မမှတ်မိရတော့တာလဲ။ ”
***
Book-43