ဆန်းကြယ်တောင်ကြား!
Vol. 69 Ch. 1021
ချင်းလင်မွေးမြူရေးခြံနှင့်ဝဂ်ယူနွားသတင်းက အင်တာနက်ပေါ်ပြန့်နေသည်။
အဓိကက စိတ်ဖြေရာရသည်။
ဂျပန်ဝဂ်ယူအဖွဲ့က စက်ဆုပ်စရာကောင်းလွန်း၍ အခုဂျပန်ဆန္ဒပြနေသည်ကိုကြည့်ပြီး အားလုံးစိတ်သက်သာရာရသွားသည်။
ချင်းလင်မွေးမြူရေးခြံမှအကျိုးအမြတ်ရသောမွေးမြူရေးခြံပိုင်ရှင်များကလည်း ချင်းလင်မွေးမြူရေးခြံသူဌေးက ဝဂ်ယူအဖွဲ့ကိုသင်ခန်းစာပေးမှန်းသိ၍ မီးလောင်ရာလေပင့်ကြ၏။
ခြံပိုင်ရှင်များကနွားသုတ်ရည်ဝယ်ပြီးနောက် အမြန်ဆုံးနွားမျိုးစပ်ကြသည်။
မကြာမီ ခြံပိုင်ရှင်များက တစ်ယောက်ပြီးတစ်ယောက်သတင်းတင်ကြသည်။ သူတို့မွေးမြူရေးခြံကနွားဇီးတင်ပြီ၊မျိုးအောင်ပြီဟူ၍။
ဒီလိုသတင်းမျိုးက ဝဂ်ယူအဖွဲ့ကိုအရှိုက်ထိနိုင်၍ အမြန်နှုန်းနှင့်ရေပန်းစားလာသည်။
နောက်ပိုင်း ထိန်းသိမ်းထားသောသုတ်ရည်နှင့် မွေးမြူရေးခြံတစ်ခြံပြီးတစ်ခြံအောင်မြင်သွားသည်။
တစ်နည်းပြောရရင် ဂျပန်နိုင်ငံ့ရတနာအဖြစ်သတ်မှတ်ထားတဲ့ဝဂ်ယူက မကြာခင်တစ်နိုင်ငံလုံးပြန့်သွားတော့မည်။
ဒီဖြစ်ရပ်အပြီး ဂျပန်ဝဂ်ယူအဖွဲ့ဥက္ကဌ Yagyama yoshichiro တမင်သက်သက်စီစဉ်ထားသော မင်စီရင်စုမှာကျင်းပမည့်နိုင်ငံတကာအမဲသားအရသာခံပွဲမှာ မရေမရာဖြစ်သွားလေသည်။
သို့ရာတွင် အင်တာနက်ပေါ်မှာရုတ်တရက်ဆယ်လီတစ်ဦးနာမည်ကြီးလာပြီး အားလုံးအာရုံစိုက်မိကြသည်:
"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော့်နာမည်ရှန်မူပါ... ကျွန်တော်ကဂျပန်ရိုးရာကိုသဘောမကျဘဲ တရုတ်ယဉ်ကျေးမှုကိုနှစ်သက်သူပါ... အဲဒါကြောင့် ဒီကိုဂျပန်ဝဂ်ယူနွားယူလာပြီး ချင်းလင်စံအိမ်ကိုရောင်းခဲ့ပါတယ်... ငွေလွှဲမှတ်တမ်းတွေလည်း သက်သေရှိပါတယ်... အခု တရုတ်မိသားစုထဲဝင်ပြီး ချူမူလို့နာမည်ပြောင်းလိုက်ပါပြီ... လက်ရှိအဖြစ်ချင်ဆုံးဆန္ဒက တရုတ်နိုင်ငံသားအဖြစ်ခံယူဖို့ပါ... ဝဂ်ယူနွားမွေးမြူရေးမှာ ကျွန်တော်ကအတွေ့အကြုံရှိပါတယ်''
ထိုအင်တာနက်ဆယ်လီက ရုတ်တရက်နာမည်ကြီးလာပြီး အာရုံစိုက်ခံနေရသည်။
သစ္စာဖောက်ကိုမုန်းကြသော်လည်း ဂျပန်သစ္စာဖောက်ကိုလုံးဝမမုန်း။
အထူးသဖြင့် ဂျပန်နိုင်ငံ့ရတနာကိုရောင်းသောဂျပန်သစ္စာဖောက်ပင်။
ဒီဂျပန်သားမက်ကိုကြိုဆိုသော၊ရယ်သွမ်းသွေးသောလူများတောင်ရှိသည်။
ချင်လင်ကသတင်းဖတ်ပြီး နည်းနည်းကြောင်သွားသည်။
အစက ရှန်မူမွေးမြူရေးခြံပိုင်ရှင်ကိုအကွက်ရွှေ့ပြီး ဓားစာခံလုပ်နိုင်သည်ဟုထင်ခဲ့သည်။ သူကဓားစာခံမဖြစ်ရုံမက ဒီလိုအရူးကွက်တောင်နင်းသွားသေးသည်။
စဉ်းစားကြည့်မှ ရှန်မူကဉာဏ်ကောင်းလွန်းသည်။
ဝဂ်ယူကဂျပန်နိုင်ငံရတနာဖြစ်ပြီး အခုမွေးမြူထားပြီဖြစ်၍ မကြာခင်တစ်နိုင်ငံလုံးပြန့်တော့မည်။ ဒါဂျပန်ကိုအရှိုက်ထိခြင်းမဟုတ်၊ အရှက်ခွဲခြင်းပင်။
ဘာပဲဖြစ်ဖြစ် ဂျပန်ကနိုင်ငံလေး။ နေရာအကန့်အသတ်နဲ့ နွားဘယ်လောက်မွေးနိုင်မှာလဲ။ ဒါပေမဲ့ တရုတ်ကမတူ။ အတိုင်းအတာအကျယ်အဝန်းအရ ဂျပန်ကိုလုံးဝကျော်တက်နိုင်သည်။
ဒီတော့ ရှန်မူဂျပန်ကိုမပြန်ရဖို့ကသေချာသည်။ အခု သူဒီလိုလုပ်တာ လက်လျှော့ရုံသက်သက်မဟုတ်။
နောက်ပြီး ဒီဖြစ်ရပ်နောက်ပိုင်း သူ့ကိုနိုင်ငံတော်ကကာကွယ်မပေး၊ နိုင်ငံသားဖြစ်ခွင့်မပေးချေ။ မဟုတ်ရင် ရှေ့လျှောက် ဘယ်နိုင်ငံခြားမိတ်ဆွေတွေကကူညီတော့မလဲ?
နင်းမြို့တော်_
လျန်ချန်က မနက်အစောကြီး လူတစ်ယောက်နှင့်တွေ့နေသည်။
လင်းဖာစီရင်စုကထောက်ခံချက်ပေးထားသော မွေးမြူရေးခြံပိုင်ရှင်ဖြစ်သည်။
သူကဒီနေ့လာပြီး ဝဂ်ယူနွားအကြောင်းသတင်းကောင်းပြောပြသည်။
ရုံချန်းတွင် ချင်းလင်စံအိမ်ကအလွန်နာမည်ကြီးပြီး ကြောက်စရာကောင်းလောက်အောင်ခရီးသည်များသောကြောင့် ဒီလိုခရီးသွားပရောဂျက်ငယ်လေးမှာ နောင်တွင်စျေးကွက်ကြီးဖြစ်လာပြီး ပင်မနေရာဖြစ်လာမည်ဟုစီရင်စုများကတွက်ခဲ့ကြသည်။
ထို့ကြောင့် စီရင်စုအားလုံးကလည်း ချင်းလင်စံအိမ်ကိုတုပကြသည်။
နင်းမြို့တော်လည်း အတူတူပင်။ ဒီအတွက်တာဝန်ခံရန် ၂၁၁ တက္ကသိုလ်ဘွဲ့ရကိုတောင်သီးသန့်အလုပ်ခန့်ခဲ့သည်။ ဖြစ်ချင်တော့ အဲဒီ ၂၁၁ တက္ကသိုလ်ဘွဲ့ရက ဘာမှမစီမံနိုင်။
နောက်ပိုင်း ချင်းလင်စံအိမ်ကိုအတုတောင်ခိုးခဲ့သည်။ ငွေကုန်ကြေးကျခံခဲ့သော်လည်း နောက်ဆုံး အားလုံးအလဟဿဖြစ်ရသည်။ စံအိမ်ကမဆောက်ရသေး။
ထို့ကြောင့် သူဌေးချင်လုပ်သမျှကို သူများအတုမခိုးနိုင်ပေ။
စီရင်စုတွေမှာ ရေလှောင်တမံမရှိ၍မဟုတ်။ စီရင်စုအတော်များများက ရေပေါ်တံတားရှုခင်းကိုတောင်တုပကြသည်။ တခြားရေလှောင်တမံရှိသောနေရာများက အတုခိုးသော်လည်း နောက်ဆုံးရေပေါ်မှာသာမျောသွားကြသည်။
တချို့ကစိတ်ဝင်စားမိလို့သွားရင်တောင် မကောင်းသောမှတ်ချက်များပေးပြီး ဒုတိယအကြိမ်ထပ်မသွားတော့။
နောက်ပိုင်း သူဌေးချင်ကချင်လင်မွေးမြူရေးခြံဆောက်သောအခါ အားလုံးလိုက်တုကြသည်။ စံအိမ်ကိုအတုမခိုးနိုင်ရင် မွေးမြူရေးခြံကိုအတုခိုးနိုင်မလား?
ထိုအတွေးနှင့် စီရင်စုများက မွေးမြူရေးခြံနှင့်ရွက်ဖျင်တဲများစဆောက်ကြသည်။ နောက်ဆုံးရလဒ်ကရှင်းသည်။ ဟိုမရောက်ဒီမရောက်၊ ချင်းလင်မွေးမြူရေးခြံနှင့်လုံးဝမတူပေ။
နောက်ဆုံး အလကားမဖြစ်အောင် ထိုစီရင်စုများမှမွေးမြူရေးခြံများကို မွေးမြူရေးခြံသက်သက်ပြောင်းပြီး တိရစ္ဆာန်မွေးမြူရေးကိုသာဇောက်ချလုပ်ရတော့သည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုလုယူဖို့ ရုံချန်းကိုသွားတာပိုကောင်းမည်။ နောက်ပိုင်း နင်းမြို့တော်ကလည်း သူတို့ဗျူဟာပြောင်းခဲ့သည်။ ချင်းလင်စံအိမ်ကိုစောင့်ကြည့်ပြီး လုယူဖို့ချောင်းရင်ချောင်း၊ မချောင်းရင် စွပ်ပြုတ်သောက်ရဖို့နောက်ယောင်ခံလိုက်နေသည်။
ဒီတစ်ခါ ဝဂ်ယူနွားပရောဂျက်သောက်ဖို့စီစဉ်ထားသည်။ နောက်ပြီး အသားစွပ်ပြုတ်သောက်ချင်သည်။ ပြည်တွင်းမွေးမြူရေးခြံများကလည်း ဝဂ်ယူနွားသုတ်ရည်ဝယ်ချင်ကြသည်။
သူဌေးချင်ဘာတွေးနေမှန်းသူမသိသော်လည်း ဂျပန်ဝဂ်ယူအဖွဲ့ကို ဒီနည်းသုံးပြီးသင်ခန်းစာပေးချင်နေသည်။ သူစိတ်ဖြေရာရပေမဲ့ စီးပွားရေးရှုထောင့်ကကြည့်ရင် ဘုရားပေးတဲ့လက်ဆောင်ကိုဖြုန်းတီးပစ်ခြင်းပင်။
ဒီနွားတိုက်ပွဲအဓိပ္ပါယ်ကို လျန်ချန်ရှင်းရှင်းလင်းလင်းသိသည်။
ဝဂ်ယူအမဲသားဒီလောက်စျေးကြီးခြင်းမှာ သူ့ကိုယ်ပိုင်တန်ဖိုးရှိခြင်းကြောင့်ဖြစ်သည်။ ရှေ့လျှောက် ပြည်တွင်းမှာဝဂ်ယူအမဲသားပြန့်လာရင် ပြည်ပတောင်တင်ပို့နိုင်ဦးသည်။ တင်ပို့လျှင် သာမန်အမဲသားထက် သေချာပေါက်စျေးပိုများမည်။
လင်းဖာစီရင်စုက မနက်အစောကြီးရောက်လာပြီး လျန်ချန်ကိုသတင်းကောင်းတင်ပြသည်_
"လျန်ချန်... ကျွန်တော်တို့မွေးမြူရေးခြံက ချင်းလင်မွေးမြူရေးခြံသွားပြီး နွားသုတ်ရည်ဝယ်ခဲ့တယ်... တလောက မျိုးစပ်ပြီးတော့ နွားတချို့ဇီးတင်နေပြီ''
"ဒီတစ်သုတ်အရည်အသွေးကောင်းရင် ရှေ့လျှောက် ကျွန်တော်တို့ကိုယ်ပိုင်ဝဂ်ယူနွားရှိလာတော့မှာ... ပြီးရင် နွားဘယ်လိုမွေးရမယ် အမဲသားအရည်အသွေးအကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ရမလဲကြည့်မယ်''
ဝမ်ယောင်ကပြောသည်။
"ဟုတ်ပြီ... ဒီကိစ္စမှာ တခြားစီရင်စုတွေကိုရှုံးလို့မဖြစ်ဘူး''
လျန်ချန်က သတင်းကောင်းကြားပြီးဝမ်းသာနေသည်။