ပန်းအိမ်နှင့်စကားပြောလည်သောကြက်တူရွေး! ၂
Vol. 69 Ch. 1024
အာနီက ဗီရိုကိုအကြာကြီးလှန်လှောရှာဖွေပြီးနောက် အသီးပန်းကန်လေးထုတ်၍စားပွဲပေါ်တင်လိုက်သည်။
ကြက်တူရွေးကမြင်ပြီး စားပွဲပေါ်ပျံသွားကာ အသီးများကိုအငမ်းမရစားတော့၏။ အစားသရဲလိုမြန်လွန်းသည်။
ပြီးတော့ စားရင်းသောက်ရင်း ခေါင်းကိုမော့မော့ပြီးပြောဖို့လည်းမမေ့_
"ဒီနေ့အသီးတွေက နည်းနည်းရိနေပြီ!''
သူ့ကြောင့် အာနီမျက်လုံးများကပိုပြတ်သားပုံပေါက်သွားသည်။
ကောင်းကင်အလယ်တည့်တည့်တွင် နေသာနေသည်။
နေ့လယ်ပိုင်းတွင် လူပုလေးအာနီက ချင်လင်အတွက်အသီးအမျိုးမျိုးယူလာသည်။ မက်မွန်သီး၊ ငှက်ပျောသီး၊ အသီးစုံပါသည်။
အပြင်လောကတွင်တွေ့မြင်နေကျသီးနှံများဖြစ်ပြီး မွေးမြူရေးခြံတွင်စိုက်ပျိုးနိုင်သောမျိုးစေ့များလည်းပါသည်။ စိုက်ပျိုးသောအသီးအားလုံးအရည်အသွေး ၁ ရှိပြီး တချို့က အရည်အသွေး ၂ တောင်ထွက်နိုင်သည်။
လူပုလေးအာနီယူလာသောအသီးများကလည်း အရည်အသွေး ၁ ရှိသည်။ အရသာ၊ အထိအတွေ့ကမမှား။
တကယ်တော့ ချင်လင်သိပ်မဆာသေး။ အသီးနည်းနည်းစားပြီးဗိုက်တင်းလုနီးနီးဖြစ်သွားသည်။
သူကအချိန်ကြည့်ပြီးပြန်ထွက်ရန်ပြင်လိုက်၏။
ဂိမ်းထဲမှာကြာသွားပြီ။ အပြင်မှာလူရောက်လာရင် ဂိမ်းကြာချိန်နှင့်အပြင်လောကကြာချိန်ကအတူတူပင်။
သူနှုတ်ဆက်စကားမပြောခင် ရုတ်တရက် အာနီကပြောလာသည်_
"ဂိမ်းဆော့မလား? ငါရှုံးရင် လက်ဆောင်ပေးမယ်''
"ဘာဂိမ်းလဲ?''
ရုတ်တရက် ချင်လင်ကြောင်သွား၏။
ဂိမ်းထဲလူကိုယ်တိုင်ဝင်လာပြီး ဇာတ်ကွက်တာဝန်နဲ့တွေ့နေတာလား?
ပြီးတော့ ဘာလို့တစ်ခုခုမူမမှန်သလိုခံစားရတာလဲ?
လူပုလေးအာနီက အလောတကြီးပြောသည်_
"ကျောက်တုံး ကတ်ကြေး စက္ကူဆော့မယ်... တစ်ကြိမ်ပဲ... ပြီးရင် လက်ဆောင်ရမယ်!''
(လူပုလေးအာနီက ကျောက်တုံး ကတ်ကြေး စက္ကူဆော့ဖို့ဖိတ်ခေါ်ပါတယ်... လက်ခံပါသလား?)
(နိုင်ရင် အာနီကလက်ဆောင်ပေးပါလိမ့်မယ်!)
"အလုပ်ဖြစ်လား?''
ချင်လင်စိတ်ထဲတွင် အသိပေးချက်ရသည်။
ဒါပေမဲ့ ဇာတ်ကွက်ရှိမှတော့ ဘယ်သူကအခြေအနေကိုဂရုစိုက်နေမလဲ?
သူကချက်ချင်း 'လက်ခံမည်'ကိုရွေးလိုက်သည်။
"ဒါဆို ဂိမ်းစကြတာပေါ့... ကျောက်တုံး ကတ်ကြေး စက္ကူ!''
အာနီကစိတ်လှုပ်ရှားသံနှင့်ပြောသည်။
ချင်လင်က ဂိမ်းကိုအလေးအနက်ထားသည်။ အာနီအော်သည်နှင့် သူကအမြန်စက္ကူလုပ်လိုက်သည်။
သို့ရာတွင် သူထုတ်ပြီးသည်အထိ အာနီကတမင်သက်သက်စောင့်နေသောကြောင့် သူအံ့ဩသွားသည်။
ဒါသက်သက်လှည့်စားတာ။
သူကဆန္ဒပြမည်အပြုတွင် အာနီကကျောက်တုံးထုတ်လိုက်၏။
ချင်လင်ခဏကြောင်သွားသည်။
သူကစက္ကူ၊ ဒါပေမဲ့ လူပုလေးအာနီကခဏစောင့်ပြီးမှ ကျောက်တုံးတဲ့။
ဒါ သူနိုင်တာမလား?
ဒီလိုမဖြစ်သင့်။
အရူးပဲကျောက်တုံးထုတ်မှာ။
ချင်လင်မတုံ့ပြန်နိုင်သေးခင် အာနီကစိတ်ပျက်လက်ပျက်အသံနှင့်_
"အိုင်းယား.. ရှုံးသွားပြီ... တစ်ခါလေးတောင်မနိုင်ဘူး... ဒါပေမဲ့ ငါကစကားတည်တဲ့သူပါ... ငါရှုံးတယ်... အဲဒီတော့ မင်းကိုဒီကြက်တူရွေးပေးမယ်... သူ့နာမည်ကရှောင်ဝူတဲ့''
“???”
ချင်လင်ကအင်တင်တင်နှင့် အာနီကိုကြည့်ရင်း မွေးနီကိုသတိရသွားသည်။
မွေးနီအစားကြီးသောကြောင့် မွေးစားမည့်သူရှာခဲ့သည်။
အခုသူ့ကိုပေးချင်ပြန်ပြီလား?
မဟုတ်ရင် သူထူးဆန်းနေတာဘာအဓိပ္ပါယ်လဲ?
ကြက်တူရွေးကလည်း အာနီကိုကြည့်ပြီးမျက်နှာပျက်နေသည်။ သူကအလွန်ဝမ်းနည်းနေပုံနှင့်_
"ငါ့ကိုပေးပစ်မလို့လား?''
လူပုလေးအာနီက သူ့အကွက်ထဲလုံးဝမဝင်ဘဲ ချင်လင်ကိုလက်ညိုးထိုးပြကာ_
"သူကစိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင်ကြီးနော်... သူ့မှာအသီးတွေအပြည့်ပဲ... တစ်ပန်းကန်လုံးစားစား လွှင့်ပဲပစ်ပစ် ကိစ္စမရှိဘူး''
"တကယ်?''
သူ့စကားကြောင့် ကြက်တူရွေးကချင်လင်ကိုတည့်တည့်ကြည့်လိုက်သည်။ သူကလူပုလေးအာနီကိုကပ်မနေတော့ဘဲ ချင်လင်ပခုံးပေါ်တန်းပျံသွားကာ_
"မင်္ဂလာပါ သခင်... ကျွန်တော်ကရှောင်ဝူပါ... တွေ့ရတာဝမ်းသာပါတယ်!''
ချင်လင်ဘာပြောရမှန်းမသိ။ သူကကြက်တူရွေးကိုကိုင်ပြီး မဲ့ပြုံးနှင့်မှတ်ချက်ကိုကြည့်လိုက်သည်။
(အထူးနတ်ဘုရားမတောင်ကြက်တူရွေး: ရှောင်ဝူ)
(အလွန်ထူးဆန်းသောကြက်တူရွေးဖြစ်သည်။ အလွန်လှပြီး နှုတ်သီးအလွန်ရှည်သည်။ သို့သော် အစားကြီး၏။ လူပုလေးအာနီကိုတွယ်ကပ်နေ၍ လူပုလေးစိတ်ညစ်နေသည်။ လက်လွှဲယူမည့်လူကိုစောင့်ရင်း ခေါင်းကိုက်နေ၏။
ဉာဏ်ကောင်းခြင်း +၂၊ လူစကားသင်ယူနိုင်ခြင်း +၂!)
(လက်ရှိတိရစ္ဆာန်နှင့်ချည်နိုင်ပါသည်။ ချည်ချင်ပါသလား?)
အရည်အသွေးများကိုကြည့်ပြီး ကြက်တူရွေးဘာလို့ဉာဏ်ကောင်းလဲ ချင်လင်သဘောပေါက်လိုက်သည်။ ဉာဏ်ကောင်းခြင်း +၂ က တိရစ္ဆာန်အတွက်နည်းနည်းများသည်။
လူစကားသင်ယူနိုင်ခြင်း +၂ ကြောင့် လူစကားပြောတတ်ခြင်းပင်။
ချည်မည့်အသိပေးချက်ကိုကြည့်ပြီး သူက'ချည်မည်'ကိုတန်းရွေးလိုက်သည်။
ချည်ထားရင် လက်တွေ့လောကကိုခေါ်နိုင်ပြီး ဒီတိရစ္ဆာန်တွေထွက်မပြေးနိုင်တော့။ သူ့ကိုပဲအသိအမှတ်ပြုပြီး မွေးမြူရေးခြံဂိမ်းစနစ်၏သက်ရောက်မှုမရှိတော့ချေ။
မဟုတ်ရင် ဂိမ်းစနစ်အရ တစ်လက ၁၅ နှစ်နှင့်ညီမျှသည်။ ဒီမှာထားသမျှ အချိန်တိုအတွင်း သူတို့သက်တမ်းကုန်သွားမည်။
ချည်ပြီးရင် ထိုသက်ရောက်မှုမရှိတော့။
"သခင့်မှာတကယ် စားမကုန်တဲ့စိုက်ပျိုးရေးခြံကြီးရှိတာလား?''
ရှောင်ဝူကမျှော်လင့်ချက်ပြည့်နေသောမျက်လုံးများနှင့် ချင်လင်လက်ထဲငြိမ်နေသည်။
""အင်း... စားမကုန်ဘူး''
ချင်လင်ကခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ ကြက်တူရွေးကဉာဏ်ကောင်းရုံတင်မဟုတ်။ အစားလည်းကြီးသည်။ ပါးစပ်ဟလိုက်တာနှင့် အစားအကြောင်းချည်း။
ချင်လင်ဓားစာခံဖြစ်မှန်း အာနီကမသိစေချင်၍ လူပုလေးတောင်ကြားအပြင်သို့အမြန်လိုက်ပို့လိုက်လေသည်။
တောင်ကြားမှထွက်လာသောအခါ လူပုလေးအာနီက ချင်လင်ကိုမျိုးစေ့တစ်အိတ်ပေးလိုက်သည်။ ပန်းအိမ်မျိုးစေ့များဖြစ်ပြီး စိုက်ပျိုးနည်းပါသည်။
ချင်လင်ကမျိုးစေ့အိတ်ယူပြီး အရည်အသွေးများကြည့်လိုက်သည်:
(ပန်းအိမ်: ဆန်းကြယ်!)
(အပြိုအပျက်ထဲမှလူပုလေးများရှာတွေ့သောမျိုးစေ့ဖြစ်သည်။ သေချာပျိုးထောင်လျှင်: ဆန်းကြယ်ခြင်း +၂၊ အမြင်လှခြင်း +၂၊ ဓာတ်ပုံစားခြင်း +၂၊ ဆွဲဆောင်မှုရှိခြင်း +၂၊ ပိုးမွှားနိုင်ခြင်း +၂၊ လန်းဆန်းစေခြင်း +၂!)
(ကန့်သတ်ချက်: အထူးမျိုးစေ့ဖြစ်သည်။ စိုက်ပျိုးသည့်နေရာကန့်သတ်ချက်မရှိ။ မျိုးစေ့ပေါက်ရန် အဆင့် ၄ မြေလိုအပ်သည်!)
ချင်လင်ကမှတ်ချက်ဖတ်ပြီး နောက်ထပ်စိတ်ကူးယဉ်ဆန်ဆန်ပစ္စည်းမှန်းသိလိုက်သည်။
စိုက်လိုက်တဲ့အပင်က သူ့ဘာသာပန်းအိမ်ဖြစ်နိုင်သတဲ့။ မထူးဆန်းဘူးလား?
တစ်ချိန်တည်းမှာ ပန်းအိမ်ကိုမြင်မြင်ချင်း အရမ်းလှသည်ဟုဘာကြောင့်ခံစားမိမှန်းလည်းသဘောပေါက်သွားသည်။ သူအံ့ဩမိခဲ့သည်။
ဒါတွေက အမြင်လှခြင်း +၂ နှင့် ဆွဲဆောင်မှုရှိခြင်း +၂ ကြောင့်ပင်။
အာနီအိမ်ထဲမှာခြင်မရှိတာလည်းမပြောနှင့်။ ပိုးမွှားနိုင်ခြင်း +၂ အာနိသင်ပါနေသည်။
လန်းဆန်းစေခြင်း +၂ ကြောင့် အာနီအိမ်ထဲဝင်လိုက်သောအခါ သူသက်သောင့်သက်သာခံစားရခြင်းဖြစ်မည်။
ဒီအရည်အသွေးကလည်း ရှုမျှော်ခင်းနေရာအတွက်အတော်အံ့ဩစရာပင်။
လှရုံသာမက အနားယူရန်လိုအပ်နေသူများအဖို့လည်း လန်းဆန်းစေခြင်း +၂ အာနိသင်က အများကြီးအသုံးဝင်သည်။
နောက်ပြီး ဒီမျိုးစေ့တွေက မြေကြီးကြောင့်ကွာခြားချက်မရှိ။ အပြင်လောကမှာစိုက်ရင် သူ့အရည်အသွေးအတိုင်းရှိနိုင်သည်။
သို့သော် မျိုးစေ့ပျိုးထောင်ရာတွင် အဆင့် ၄ မြေဟူ၍ကန့်သတ်ချက်ရှိသည်။
လက်တွေ့ဘဝမှာ အဆင့် ၄ မြေမရှိ။ ဒီတော့ အိမ်စိမ်းမျိုးစေ့ကိုဂိမ်းထဲမှာသာစိုက်ရမည်။
ချင်လင်ကနောက်ပြန်ဆုတ်ပြီး ဂိမ်းထဲမှတောင်တက်လမ်းအတိုင်းပြန်လာသည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲမှထွက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်းထဲပြန်ရောက်လာ၏။
သူ့လက်ထဲတွင် ပန်းအိမ်မျိုးစေ့အိတ်ကိုကိုင်လျက်သား။
သူ့ပခုံးပေါ်တွင် ကြက်တူရွေးရှောင်ဝူပါလာသည်။
ပတ်ဝန်းကျင်ပြောင်းသွားသောကြောင့် ကြက်တူရွေးအံ့ဩနေသည်။ သူ့အတောင်ပံကိုတဖျတ်ဖျတ်ခတ်ကာ ရုံးခန်းပတ်ပတ်လည်သုံးလေးကြိမ်ပျံလိုက်ပြီးမှ ချင်လင်စားပွဲပေါ်ပြန်ဆင်းပြီး_
"သခင်.. ဒါဘယ်နေရာလဲ? သခင့်ခြံလား? စားကောင်းတဲ့ဟာတွေရော? စားကောင်းတာလေးမြန်မြန်ပေးပါ''
"မင်းကိုအသီးကျွေးမယ်''
ချင်လင်မတတ်နိုင်။ ဒီကောင်က စောစောကမှ လူပုလေးအာနီဆီမှာစားခဲ့တာ။ အခု စားချင်ပြန်ပြီ။
အာနီမလိုချင်တာလည်းမပြောနဲ့!
ချင်လင်ကရုံးခန်းတံခါးဖွင့်ပြီး လမ်းလျှောက်ထွက်လာရာ ကြက်တူရွေးကသူ့ပခုံးပေါ်မှလိုက်လာ၏။ ခေါင်းလေးတလှုပ်လှုပ်နှင့် ပတ်ဝန်းကျင်ကိုစူးစမ်းနေသည်။
ဧည့်ခန်းထဲရောက်သောအခါ ကျောက်မိုချင်း၊ ထန်ရှိုးဝမ်နှင့် လင်းလျိုတို့တစ်စားပွဲတည်းထိုင်နေသည်ကိုတွေ့ရသည်။ စားပွဲပေါ်တွင် အသီးအနှံမျိုးစုံရှိသည်။ စတော်ဘယ်ရီ၊ မက်မွန်သီး၊ စပျစ်သီး...
အမျိုးသမီးများက နေ့လယ်နေ့ခင်းလက်ဖက်ရည်သောက်၊ စကားပြောနေကြ၏။
"အဲဒါစားကောင်းတယ်''
ရှောင်ဝူက ချင်လင်ပခုံးပေါ်မှနေ၍ အမျိုးသမီးများရှိသောစားပွဲဆီပျံသွားသည်။
ရုတ်တရက် စားပွဲပေါ်ကြက်တူရွေးတစ်ကောင်ရောက်လာသောကြောင့် ကျောက်မိုချင်းတို့လန့်သွားသည်။
“ကြက်တူရွေးလား?”
ကျောက်မိုချင်းရယ်လိုက်သည်။
ထန်ရှိုးဝမ်: “ဟုတ်တယ်.. ကြက်တူရွေး!”
ရှောင်ဝူကချက်ချင်း တောင်ပံတဖျတ်ဖျတ်ခတ်ပြီး မျက်နှာချိုသွေး၏_
"အလှလေးတို့... တွေ့ရတာဝမ်းသာပါတယ်... အရမ်းလှတာပဲ''
ရုတ်တရက်ထွက်လာသောစကားကြောင့် ကျောက်မိုချင်းတို့ကြောင်သွားသည်။