တိရစ္ဆာန်စကားပြန်! ကြော်ငြာဝင်!
Vol. 69 Ch. 1025
ကျောက်မိုချင်းတို့က ရှောင်ဝူစကားကြောင့်အံ့ဩကုန်သည်။
"တကယ်စကားပြောတယ်!''
လင်းလျိုကမယုံနိုင်ပုံနှင့်ပြောသည်။
"ကြက်တူရွေးက စကားပြောတတ်တယ်''
ချူရှင်းလည်းအံ့ဩသွားသည်_
"ဒါပေမဲ့ မတတ်လွန်းဘူးလား? လူကိုချီးကျူးရမှန်းသိတယ်!''
ရှောင်ဝူကအမျိုးသမီးများကိုကြည့်ရင်း ပါးစပ်ပြန်ဟပြန်သည်_
"တကယ်လှတာ... ဒီလောက်လှတာမမြင်ဖူးဘူး''
သူ့စကားကြောင့် အမျိုးသမီးများပွဲကျကုန်သည်။
သူကလူအလစ်ချောင်းပြီး အခွင့်အရေးယူကာ အသီးတစ်လုံးကိုခေါင်းငုံ့ယူလိုက်၏။ ထို့နောက် တောင်ပံတဖျတ်ဖျတ်ခတ်ပြီးပျံလာကာ ချင်လင်ပခုံးပေါ်နားပြီး အားရပါးရစားတော့သည်။
ကျောက်မိုချင်းတို့က ချင်လင်ကိုမြင်သောအခါ ချင်လင်ခေါ်လာသောတိရစ္ဆာန်အသစ်ဖြစ်မည်ဟုသိကြသည်။
"ချင်လင်... ဒီကြက်တူရွေးကိုဘယ်ကရခဲ့တာလဲ? ဉာဏ်ကောင်းလိုက်တာ''
ကျောက်မိုချင်းက ချင်လင်နားတန်းလျှောက်လာသည်။
"သူ့နာမည် ရှောင်ဝူတဲ့... ဉာဏ်ကောင်းလို့ခေါ်လာတာ''
ချင်လင်ကတိုက်ရိုက်မဖြေဘဲ ရိုးရိုးလေးညာလိုက်သည်။
အပြင်မှာကြက်တူရွေးတွေအများကြီးရှိပေမဲ့ ဒီတစ်ကောင်ကထူးထူးခြားခြားဉာဏ်ကောင်းသည်ပေါ့။
ရှောင်ဝူကအသီးစားပြီး ကျောက်မိုချင်းကိုကြည့်ကာ ချီးကျူးပြန်သည်_
"အလှလေး... ကမ္ဘာမှာအလှဆုံး... အသီးနည်းနည်းထပ်ပေးမယ်မလားဟင်?''
“ဖူး! ချင်လင်.. သူကတကယ် ပြောတတ်ဆိုတတ်ပဲ''
ကျောက်မိုချင်းရယ်လိုက်သည်။
ချင်လင်လည်း ကျောက်မိုချင်းကိုလက်ညိုးထိုးပြပြီး_
"အင်း.. သူကစံအိမ်ကတော်လေ... ဒီကအစားအသောက်တာဝန်ခံ''
သူ့စကားကြောင့် ရှောင်ဝူကတောင်ပံတဖျတ်ဖျတ်ခတ်ကာ ကျောက်မိုချင်းပခုံးပေါ်ပျံသွားပြီး_
"သခင်မ... ကမ္ဘာ့သဘောအကောင်းဆုံး... ကျွန်တော် သခင့်ကိုစောင့်ကြည့်ပေးမယ်... သူ့ဆီ Wechat ကအလှလေးတွေစာပို့ရင် ဖုန်းဆက်ရင် သခင်မကိုပြောမယ်''
“ကျွတ် ကျွတ်”
ချင်လင်ဇာတ်လမ်းဖြစ်သွားပြီ။
ဒီကြက်တူရွေးက သူ့ကိုမကောင်းဖြစ်အောင်လုပ်နေတာ။ ကျောက်မိုချင်းကကျွေးမယ်မှန်းသိလို့ သူ့ရှေ့မှာသစ္စာခံပြနေတာ။
ပြီးတော့ သူကမရှုပ်။ ဘယ်မိန်းမလှကိုမှစာမပို့သလို ဖုန်းလည်းမခေါ်။ မင်းဘာလို့အခွင့်အရေးရမလဲ ကြက်တူရွေးစုတ်ရဲ့?
"ကြားလား? Wechat မှာ ဘယ်မိန်းကလေးကိုမှစာမပို့နဲ့ ဖုန်းမဆက်နဲ့!''
ကျောက်မိုချင်းကဂုဏ်စာသလို ချင်လင်ကိုကြည့်လိုက်သည်။ သူမအရမ်းပျော်နေသည်။ ထို့နောက် ရှောင်ဝူကိုစားပွဲဆီပြန်ခေါ်သွား၏။
လင်းလျိုတို့က ကြက်တူရွေးကိုပိုတောင်စိတ်ဝင်စားလာသည်။
ကျောက်မိုချင်းက စတော်ဘယ်ရီတစ်လုံးကောက်ပြီးရှောင်ဝူကိုပေးလိုက်သည်။ သူကအားနာမနေ။ လက်သည်းများနှင့်ကိုင်ပြီး ကိုက်စားသည်။ စားရင်း ချီးကျူးဖို့လည်းမမေ့_
"အရသာရှိလိုက်တာ... အရမ်းကောင်းတယ်!''
ဘာပဲဖြစ်ဖြစ် စတော်ဘယ်ရီက အရည်အသွေး ၂ ရှိသည်။
လူပုလေးအာနီက ဒီလောက်ကောင်းတာ ဘယ်တော့မှမကျွေးနိုင်။
"ဉာဏ်ကောင်းတဲ့ကြက်တူရွေးတွေက သင်္ချာတွက်တတ်တယ်တဲ့... ဥက္ကဌချင်သိလား?''
ထန်ရှိုးဝမ်ကစူးစမ်းမေးသည်။
"သေချာမသိဘူး''
ချင်လင်ကအမှန်အတိုင်းပြောသည်။
ရှောင်ဝူကလူစကားပြောတတ်တာပဲသူသိသည်။ လူစကားတတ်ခြင်းအရည်အသွေးက +၂။
"ကြက်တူရွေးလေး... ၁+၁ ဘယ်လောက်လဲ?''
လင်းလျိုကသိချင်၍မေးသည်။
ရှောင်ဝူက လင်းလျိုကိုအထင်သေးသလိုကြည့်လိုက်ပြီး_
"ဒီလောက်လွယ်တာလေးကိုမသိဘူးလား? ၁+၁ က ၂... ၁+၂ က ၃... ၁+၃ က ၄...''
ကြက်တူရွေးက အားလုံးရှေ့တွင် ၉၉ မှတ်ထပ်တိုးဇယားကိုရွတ်ပြလိုက်သည်။
သူ့စကားကြောင့် အမျိုးသမီးများအံ့ဩပြီး ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။
"ရုပ်ရှင်ထဲကကြက်တူရွေးတွေက ရိုးရိုးကြီး... အပြင်မှာပိုဉာဏ်ကောင်းတယ်''
ချူရှင်းကအံ့ဩနေပုံနှင့်ပြောသည်။ အရင်ကရုပ်ရှင်တွေကြည့်ရင် ကြက်တူရွေးတွေစကားပြောတာ အတုထင်ခဲ့သည်။ တိရစ္ဆာန်က ဒီလောက်ဉာဏ်မကောင်းနိုင်။
အခု သူမသတိမထားမိမှန်းသိပြီ။ ဒီကြက်တူရွေးက ရုပ်ရှင်တွေထဲကအကောင်တွေထက်ပိုဉာဏ်ကောင်းသည်။
လင်းလျိုက စနောက်ပြီးအကြံပေးသည်_
"သူဌေးချင်... ဒီကြက်တူရွေးကိုကျောင်းပို့လို့ရမယ်ထင်တယ်''
ဟာသပါ။
ဘာပဲဖြစ်ဖြစ် ငှက်တစ်ကောင်ကိုကျောင်းပို့ဖို့မဖြစ်နိုင်။
တစ်ဖက်တွင် ချင်လင်ကရှောင်ဝူကိုအမှတ်တမဲ့ကြည့်လိုက်သည်။
ရှောင်ဝူရဲ့ဉာဏ်ကောင်းခြင်း +၂ အရည်အသွေးကိုသူသိသောကြောင့် ကျောင်းတကယ်ပို့ရင်တောင် ငယ်ရွယ်သေးတဲ့ကလေးတွေကိုကျော်တက်မသွားနိုင်ဘူးလား?
အမျိုးသမီးများက ရှောင်ဝူနှင့်ပွဲကျနေကြစဉ် ခွေးဟောင်သံကြားရသည်။
ဧည့်ခန်းထဲတွင် မွေးနီကိုခွေးကပတ်လိုက်နေသည်။ သူကဘေးမှစင်တစ်ခုပေါ်ခုန်တက်သွား၏။ ခွေးကစင်ရှေ့ရပ်ပြီး မွေးနီကိုအူနေသည်။
မွေးနီကလည်း စင်ပေါ်မှလက်သည်းများယမ်းပြပြီး အသံပေးသည်။
ရှောင်ဝူက သူတို့ဆီအာရုံရောက်သွားပြီး တောင်ပံတဖျတ်ဖျတ်ခတ်၍ထပျံကာ_
"ပျော်ဖို့ကောင်းတယ်'' ဟုအော်နေသေးသည်။
ရှောင်ဝူကမွေးနီနားဆင်းပြီး မွေးနီကခွေးကိုအော်သလို သူလည်းလိုက်အော်သည်_
"တက်ခဲ့လေ! တက်ခဲ့!''
ခွေးကဒေါသပိုကြီးလာပြီး မွေးနီကိုအံကြိတ်ပြသည်။
ရှောင်ဝူက ခွေးနားပျံသွားပြီးအော်ဦးမည်ဟု ဘယ်သူမှမထင်မိ_
"ဆင်းခဲ့... ထပ်ပြီးချောင်းတိုက်တဲ့ကောင်!''
ချင်လင်: “ကျွတ် ကျွတ်''
ကျောက်မိုချင်း: ''ဟား ဟား''
အမျိုးသမီးများ: ''အား ယား''
ထိုမြင်ကွင်းကြောင့် အားလုံးအံ့အားသင့်သွားသည်။
တိရစ္ဆာန်ဘာသာပြန်လား?
ခွေးကအမှတ်တမဲ့ရပ်ပြီး ရုတ်တရက်ပေါ်လာသောကောင်ကိုကြည့်လိုက်သည်။ ထို့နောက် မွေးနီဆီအာရုံပြန်ရောက်သွားပြီး မွေးနီကိုဟောင်သည်။
ရှောင်ဝူပါလာသောကြောင့် စံအိမ်ကပိုစည်လာသည်။ မကြာမီ ခွေး၊ရှောင်ရွှယ်တို့နှင့်ပေါင်းမိပြီး စံအိမ်ပတ်၍လျှောက်သွားကြသည်။
မွေးနီကပြေးသွားပြီ။ စံအိမ်ပန်းတံတိုင်းပေါ်သွားပြီး အင်္ကျီပါသောရှဉ့်များနှင့်ပတ်ပြေးသည်။
ခွေးကစံအိမ်အပြင်လျှောက်လာသည်။ ပန်းတံတိုင်းပေါ်တွင်မွေးနီကိုမြင်သောအခါ သုံးလေးကြိမ်အူလိုက်၏။ ကြည့်ရတာ ဆဲနေပုံရသည်။ ထို့နောက် စံအိမ်ဆီလျှောက်သွားသည်။
ခွေးကအင်တာနက်ဆယ်လီဖြစ်၍ စံအိမ်မှာအလွန်နာမည်ကြီးသည်။
သူတို့စံအိမ်ရောက်ရောက်ချင်း ခရီးသည်များကတွေ့သွားသည်။