တိရစ္ဆာန်စကားပြန်! ကြော်ငြာဝင်! ၂
Vol. 69 Ch. 1026
"ဝမ်ချိုင်ပဲ''
"မြန်မြန်... ဓာတ်ပုံရိုက်!''
စုံတွဲတစ်တွဲကဝမ်ချိုင်ကိုမြင်ပြီး စိတ်လှုပ်ရှားသွားသည်။
ခွေးကစအူပြီး စံအိမ်အတွင်းဘက်ပြေးဝင်သွားသည်။
ရှောင်ဝူက ခွေးကျောပေါ်မှာနေပြီး ဘာသာပြန်သည်:
''ဒီလူတွေအရမ်းစိတ်ရှုပ်စရာကောင်းတယ်... မြန်မြန်သွားမယ်... ပြီးရင် လူတွေဝိုင်းလာလိမ့်မယ်''
အစက ခရီးသည်တွေဓာတ်ပုံဝိုင်းရိုက်၊ ဝိုင်းအာရုံစိုက်ကြသည်ကို သူပျော်ခဲ့သည်။
သို့ရာတွင် အချိန်ကြာသည်နှင့်အမျှ ခွေးကငြီးငွေ့လာသည်။
ကောင်လေးတောင်ဒီလိုဖြစ်နေရင် ဆယ်လီတွေမုန်းကြတာ အံ့ဩစရာမရှိ။
စုံတွဲကကြောင်သွားသည်။
ဘာလဲဟ?
အဲဒီကြက်တူရွေးက?
ကောင်လေးက ရှောင်ရွှယ်နှင့်ရှောင်ဝူကိုစံအိမ်အတွင်းဘက်အမြန်ခေါ်သွားသည်။
မာတီမီဒီယာဌာနထဲရောက်သွား၏။ သူကဂိမ်းထဲတစ်ခါမကဝင်ပြီး ဉာဏ်ကောင်းကောင်းလာသည်။ ကောင်လေးကအတော်များများကိုမှတ်မိသည်။ အထူးသဖြင့် မာတီမီဒီယာဌာနတွင်ရိုက်သောဗီဒီယိုများ၊ အင်တာနက်ဆယ်လီဖြစ်လာသောဗီဒီယိုများပင်။
မာတီမီဒီယာဌာနဝန်ထမ်းများကလည်း ကောင်လေးကိုမာတီမီဒီယာဌာနဝန်ထမ်းတစ်ဦးလိုသဘောထားပြီး နေ့တိုင်းအစီရင်ခံသည်။
ကောင်လေးရောက်လာသောကြောင့် တာဝန်ခံအမျိုးသမီးဝန်ထမ်းကချက်ချင်းထပြီးဂရုစိုက်သည်။
တိရစ္ဆာန်လက်ထောက်လုပ်ရသောသူမအလုပ်ကထူးဆန်းနေသော်လည်း လစာကောင်းသည်။ လတိုင်း အတော်များများမရနိုင်သော ဆုကြေး ၂၀၀၀၀ ကျော်ကိုသူမရသည်။
ဝမ်ချိုင်က တံခါးမှဝင်ဝင်ချင်း အမျိုးသမီးဝန်ထမ်းကိုတွေ့ပြီး စအူတော့သည်။
ထိုအသံကြောင့် ရှောင်ဝူစိတ်လှုပ်ရှားသွားပြီး အမျိုးသမီးဝန်ထမ်းကိုအော်လိုက်သည်:
"အစားကောင်းထုတ်ပေး... သူစားချင်တာ!''
“ဝု ဝု ဝု!”
ခွေးကဟောင်လိုက်သည်။
"မြန်မြန်လေး... နှစ်အိတ်!''
ရှောင်ဝူက တခါတည်းလိုလိုလိုက်အော်သည်။
အမျိုးသမီးဝန်ထမ်းက ရုတ်တရက်အလန့်တကြားနှင့် ကြက်တူရွေးကိုကြည့်လိုက်၏။
မာတီမီဒီယာဌာနမှတခြားဝန်ထမ်းများကလည်း အမှတ်တမဲ့လှမ်းကြည့်လိုက်သည်။
ကြက်တူရွေးကိုမြင်ပြီး ဘယ်သူမှဂနာမငြိမ်တော့။
မာတီမီဒီယာဌာနမန်နေဂျာဖြစ်သည့်လင်းလန်ဇီက အခုတာဝန်များပိုယူထားရသည်။ တရားဝင်အကောင့်သာမက တိရစ္ဆာန်အကောင့်များပါတာဝန်ခံထားရသည်။
မာတီမီဒီယာဌာနကလည်း လှုပ်ရှားမှုအမျိုးမျိုး၊ကြော်ငြာနှင့်ပြင်ပဆက်သွယ်ရေးအားလုံးကိုတာဝန်ခံထားရသည်။
ဥပမာ ကိုလာသီးအော်ဒါတင်ခြင်းပင်။ သူမစီစဉ်ဖို့အပမ်းမကြီးသော်လည်း ဓာတ်ခွဲခန်း၊စံအိမ်၊ဖျော်ရည်ကုမ္ပဏီများနှင့်ဆက်သွယ်ရသည်။
အခုကိုလာသီးအရောင်းမြင့်နေသည်။ အထူးသဖြင့် ဖျော်ရည်ကုမ္ပဏီများကစိုက်သောကိုလာသီးမှည့်ပြီးနောက်ပိုင်းဖြစ်သည်။ အားလုံးလိုလိုကြော်ငြာပြီး စျေးကွက်ကိုလွှမ်းမိုးထားသည်။
ကိုလာကုမ္ပဏီနှစ်ခုမှာ ပြင်ဆင်နေဆဲကာလဖြစ်၍ လက်မှိုင်ချပြီးကြည့်နေရသည်။
လင်းလန်ဇီကသက်ဆိုင်ရာအချက်အလက်များကိုခွဲခြားပြီး တခြားအချက်အလက်များကိုကြည့်လိုက်သည်။ ဘေးနားတွင်သေတ္တာတစ်လုံးရှိသည်။
တော်ဝင်ရေမွှေးကုမ္ပဏီမှရေမွှေးဖြစ်သည်။
ဒီကုမ္ပဏီမှာ သူဌေးရှယ်ယာကြီးပါမှန်း သူမသိသည်။ အခုကုမ္ပဏီရေမွှေးကို စံအိမ်တရားဝင်အကောင့်မှကြော်ငြာတော့မည်ဖြစ်၍ ဗီဒီယိုရိုက်ဖို့တာဝန်ယူရတော့မည်။
အချက်အလက်စုပြီးပြီးချင်း လက်ထောက်တစ်ယောက်အပြေးဝင်လာကာ_
"မန်နေဂျာလင်း... အပြင်ထွက်ကြည့်ပါဦး... ဥက္ကဌချင်က နောက်တိရစ္ဆာန်တစ်ကောင်ခေါ်လာတယ်... စကားပြောတတ်တဲ့ကြက်တူရွေးဗျ!''
"ကြက်တူရွေး?''
ဒီလိုတိရစ္ဆာန်မျိုးတွေနဲ့ လင်းလန်ဇီကမစိမ်း။
ဒါပေမဲ့ ဥက္ကဌဘယ်တုန်းက ကြက်တူရွေးမွေးလိုက်တာလဲ?
လင်းလန်ဇီကထွက်ကြည့်ရာ အပြင်မှာပွဲစည်နေသည်_
"မတွက်ကပ်ပါနဲ့... နည်းနည်းပေးစား!''
"ဝု ဝု ဝု!''
"မင်းမှာအများကြီးရှိသေးတာ... နည်းနည်းပေး!''
"ဝု ဝု ဝု!''
"နည်းနည်းပေး!''
ခွေးနဲ့ဝန်ထမ်းများရန်ဖြစ်နေသည်ဟု လင်းလန်ဇီကထင်လိုက်သည်။
အခန်းထဲရောက်မှ ဝမ်ချိုင်ဘေးတွင်ကြက်တူရွေးကတောင်ပံတဖျတ်ဖျတ်ခတ်ပြီး ပွစိပွစိပြောနေသည်။
ဒီကြက်တူရွေးကဘာလို့ဒီလောက်စကားပြောကောင်းတာလဲ?
လင်းလန်ဇီမျက်လုံးကျယ်သွားသည်။
အမှန်အတိုင်းပြောရရင် ဥက္ကဌချင်ရဲ့အိမ်မွေးတိရစ္ဆာန်တွေက ခွေးဝမ်ချိုင်၊ မြေခွေးရှောင်ရွှယ်၊ ရှဉ့်မွေးနီ ဘယ်ကောင်ဖြစ်ဖြစ် ဉာဏ်ကောင်းပြီး သူတို့ပုံစံနှင့်သူတို့ရှိကြသည်။
ဒါပေမဲ့ သူမအတွေ့အကြုံအရ ဒီကြက်တူရွေးက ကျန်သုံးကောင်ထက်ပိုပြီးဉာဏ်ကောင်းမှန်းသိသည်။ စကားပြောတတ်ရုံနှင့်တင်ဟုတ်နေပြီ။
ပရိသတ်တွေစိတ်ဝင်စားအောင် နောက်တစ်ကောင့်လုပ်နိုင်ပြီ။
…
ရှောင်ဝူနှင့်ဝမ်ချိုင်ထွက်သွားပြီး ချင်လင်ကဂရုစိုက်မနေ။ သူနှင့်ချည်ထား၍ ပြေးချင်ရင်တောင်မပြေးနိုင်။ စံအိမ်မှာစောင့်ကြည့်ကင်မရာနှင့်လုံခြုံရေးအစောင့်များနေရာအနှံ့ရှိသည်။ ဘာမှမဖြစ်နိုင်။
သူ့ရုံးခန်းထဲတန်းသွားပြီး ပန်းအိမ်မျိုးစေ့အိတ်ယူကာ စမ်းကြည့်ချင်လာသည်။
ချင်လင်အတွေးနှင့်ဂိမ်းထဲဝင်ပြီး ပန်းအိမ်မျိုးစေ့အိတ်ယူသည်။ ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲနှစ်စေ့ထားခဲ့ပြီး ဂိမ်းအပြင်ထွက်လာ၏။
သူ့ဂိမ်းဇာတ်ကောင်အား အဆင့် ၄ မြေတစ်ကွက်နှင့်အဆင့် ၁ မြေတစ်ကွက်တွင် ပန်းအိမ်မျိုးစေ့စိုက်စေသည်။
၄ နာရီမပြည့်ခင် ပန်းအိမ်မျိုးစေ့ရပြီဖြစ်ကြောင်းအသိပေးစာရသည်။
တစ်နည်းပြောရရင် အချိန်အချိုးအရ ပန်းအိမ်ကတစ်လအတွင်းကောင်းကောင်းဖြစ်နိုင်ပြီး မျိုးစေ့လည်းရနိုင်သည်။
ချင်လင်ကဂိမ်းဖန်သားပြင်ကိုကြည့်လိုက်ရာ မြေကွက်နှစ်ကွက်တွင် ပန်းအိမ်ဖြစ်နေသည်။
အဆင့် ၄ မြေမှာစိုက်သောပန်းအိမ်ကသာ မျိုးစေ့ရပြီး မျိုးစေ့ကောက်နိုင်သည်။
သို့ရာတွင် အဆင့် ၁ မြေတွင်စိုက်သောပန်းအိမ်က မျိုးစေ့မရပေ။
အဆင့် ၄ မြေနှင့်ကွာခြားချက်ဖြစ်မည်။
အဆင့် ၄ မြေမှာမစိုက်ရင် မျိုးစေ့မရ။
အဆင့် ၄ မြေမှာစိုက်မှသာ ပန်းအိမ်မျိုးစေ့ရသည်။
ဂိမ်းထဲတွင် အရောင်စုံလူပုလေးများက ပန်းအိမ်နှစ်အိမ်နားဝိုင်းနေသည်။
ချင်လင်လည်းသိချင်သွားသည်။ သူကအတွေးနှင့်ဂိမ်းထဲဝင်ကာ လူပုလေး ၇ ယောက်၏စကားဝိုင်းကိုသွားနားထောင်သည်။
"ပန်းအိမ်ပဲ!''
"ခြံပိုင်ရှင်က တကယ်စိုက်ထားတယ်... သူ လူပုလေးတောင်ကြားကိုရောက်ဖူးလို့လား?''
"သူဌေး... ကျုပ်တို့အတွက်လည်း ပန်းအိမ်စိုက်ပေးလို့ရမလား?''
"သူဌေး... ခင်ဗျားကလူကောင်းပါ!''
"သူဌေး... ခင်ဗျားကတွေ့ဖူးသမျှထဲမှာအကောင်းဆုံးလူ!''
“……”
လူပုလေးများက ချင်လင်ကိုဝိုင်းပြီးမျက်နှာချိုသွေးကြသည်။
ဒီကောင်တွေမျက်နှာချိုသွေးတာ အတောင့်လိုက်ကြီးဖြစ်နေ၍ သူဆက်နားမထောင်နိုင်တော့။ ပန်းအိမ်ပင်မှမျိုးစေ့ ၇ စေ့ကောက်ပြီး သူတို့ဆီပစ်ပေးလိုက်သည်။
လူပုလေး ၇ ယောက်က ပန်းအိမ်မျိုးစေ့ရပြီး ဝမ်းသာအားရပြေးသွားကြသည်။ ပန်းအိမ်စိုက်ရန်နေရာသွားရှာခြင်းပင်။
ချင်လင်လည်း သူ့ရှေ့ကပန်းအိမ်နှစ်အိမ်ကိုစူးစမ်းလိုက်သည်။ အာနီရဲ့ပန်းအိမ်လို အရွက်စိမ်းစိမ်း၊ပင်စည်ပန်းပွင့်များရှိသည်။ ပြီးပြည့်စုံလှပသည်။
ပန်းက ပဲနွယ်ပန်းနှင့်တူသော်လည်း လုံးဝမဟုတ်။ ပဲနွယ်ပန်းကအဆိပ်ရှိ၍ သူ့ပင်စည်နှင့်ကြာရှည်ထိတွေ့ရန်မသင့်တော်ပေ။
ပန်းအိမ်မှာ ဒီလိုပြဿနာမျိုးမရှိ။
သို့သော် ဒီပန်းက ပဲနွယ်ပန်းနှင့်အလွန်ဆင်ပြီး အလွန်လှသည်။
ပန်းအိမ်အတွင်းပိုင်းကလည်း စတုရန်းမီတာသုံးလေးဆယ်သာကျယ်သည်။ လူနေအိမ်အဖြစ်သုံးရန်သေးနေသော်လည်း အနားယူသည့်မျှော်စင်လုပ်နိုင်သည်။
ပင်စည်ကိုသူစမ်းကြည့်သည်။
စွမ်းအားပင်အသီးနှစ်လုံးစားထားသော်လည်း ဘယ်လိုမနေဘဲခိုင်ခံ့သည်။ ခိုင်ခံ့လွန်းသောကြောင့် အန္တရာယ်နည်း၏။
တကယ်တော့ သူကစမ်းကြည့်ရုံသာ။ ဘာပဲဖြစ်ဖြစ် လူပုလေးများကအိမ်အဖြစ်နေသောကြောင့် အန္တရာယ်မရှိကြောင်းစမ်းကြည့်ပြီးဖြစ်ရမည်။
ချင်လင်ကနည်းနည်းပါးပါးစမ်းသပ်ကြည့်ရာ ပန်းအိမ်ဆောက်ပြီးနောက် ထိုင်ခုံမလိုကြောင်းသိလိုက်သည်။ ဒန်း ဒါမှမဟုတ် တခြားတစ်ခုခုလည်းထည့်နိုင်သည်။
ဒီပင်စည်ခိုင်ခံ့ပုံနှင့် ပေါင်နှစ်ရာသုံးရာရှိသောဖက်တီးလည်း ဒန်းပေါ်တက်စီးနိုင်သည်။
စမ်းသပ်ပြီးနောက် ချင်လင်ကဂိမ်းဇာတ်ကောင်အား ပန်းအိမ်မျိုးစေ့ကောက်ပြီး အဆင့် ၄ မြေကွက်အသစ်တွင်ပန်းအိမ်မျိုးစေ့ချစေသည်။
စံအိမ်နှင့်စားကျက်မြေကကျယ်လွန်းသောကြောင့် သူမျိုးစေ့အများကြီးစုထားရမည်။
ထို့နောက် ယွီရွှေ့ကိုခေါ်ပြီး စံအိမ်နှင့်မွေးမြူရေးခြံမှခုံတန်းများရှိသောနေရာကိုဖျက်ခိုင်းသည်။ နောက်ကျ ထိုနေရာများတွင်ပန်းအိမ်စိုက်မည်။
ယွီရွှေ့ကညွှန်ကြားချက်ရပြီး ဘာကြောင့်လဲမမေး။ ချက်ချင်းလူခေါ်ပြီး စလုပ်သည်။
ညပိုင်း_
ချင်းလင်စံအိမ်တရားဝင်အကောင့်တွင်တင်လိုက်သောဗီဒီယိုတစ်ပုဒ်ကြောင့် ပရိသတ်များစိတ်ဝင်စားသွားသည်။
စံအိမ်တရားဝင်အကောင့်မှဗီဒီယိုတင်သည်နှင့် ကြီးကြီးမားမားဖြစ်မည်မှန်း ချင်းလင်စံအိမ်ပရိသတ်များသိသည်။
ကြီးကြီးမားမားမဟုတ်ရင်လည်း အသစ်အဆန်း၊ စိတ်ဝင်စားစရာဖြစ်တတ်သည်။ သေချာပေါက်ကြည့်ကိုကြည့်ရမည်။
ချန်ရွှယ်လည်း ဒီအတိုင်းပင်။ သူမကရုံချန်းသူဖြစ်၍ ချင်းလင်စံအိမ်အကြောင်းပိုသိသည်။ သူမကဗီဒီယိုမြင်ပြီး ကြည့်ရန်တန်းနှိပ်လိုက်သည်။
ဗီဒီယိုထဲတွင် လူတစ်ယောက်က သူသဘောကျသောမိန်းကလေးကိုဘာပေးရမလဲစဉ်းစားနေပုံရသည်။ ထို့ကြောင့် ကြော်ငြာဖြစ်မည်ဟုချန်ရွှယ်ခန့်မှန်းမိသည်။
ချင်းလင်ကုမ္ပဏီကထုတ်ကုန်အသစ်ဖြစ်မည်။ ပြီးရင်တစ်ယောက်ယောက်က ဘာပေးဟုပြောမည်။ အဲဒါထုတ်ကုန်အသစ်ဖြစ်မည်။
ကြော်ငြာအားလုံးက ဒီပုံစံအတိုင်း။
သို့ရာတွင် ခဏအကြာ တစ်စုံတရာကတောင်ပံတဖျတ်ဖျတ်ခတ်ပြီးအခန်းထဲဝင်လာသောကြောင့် ချန်ရွှယ်ကြောင်သွားသည်။