လက်ဖက်ပင်မျိုးပြောင်း! ၂
Vol. 69 Ch. 1028
နောက်ပြီး ချင်းလင်စံအိမ်က မြေပေါ်တစ်ခုခုစိုက်ကာ ခြံစည်းရိုးကာထားသည်။
ထိုခုံတန်းရှည်များ၏နေရာကို ဒီဇိုင်းဆွဲသူများက အကောင်းဆုံးအနေအထားအတိုင်းတွက်ချက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ခုံတန်းရှည်ဘေးတွင်ပန်းအိမ်စိုက်ပါက အလှပျက်၍စိုက်ဖို့မဖြစ်နိုင်။
ခုံတန်းရှည်များဖျက်ပြီးသာ ပန်းအိမ်စိုက်ရသည်။
သို့ရာတွင် ခရီးသည်များကလျှောက်ပြောခြင်းမရှိ။ ချင်းလင်စံအိမ်မှာအကြောင်းရင်းတစ်ခုခုရှိမည်မှန်းသိကြသည်။ သူတို့စမ်းကြည့်ရင်တောင် အံ့ဩစရာအကြီးကြီးဖြစ်မည်။
အခုခုံတန်းရှည်ဖျက်ပြီးတစ်ခုခုစိုက်တာ အဓိကကျတဲ့အရာဖြစ်မည်။ ထိုကာလအတွင်း ဟိုထင်ဒီထင်ထင်ကြ၏။
အင်တာနက်ပေါ်တွင် ချင်းလင်စံအိမ်ဘာစိုက်နေလဲခန့်မှန်းကြသူများတောင်ရှိသည်။
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ကျောက်မိုချင်းက ချင်လင်ရုံးခန်းထဲဝင်လာပြီးမေးသည်_
"ယောက်ျား... ယွီရွှေ့ကိုခုံတန်းတွေဖျက်ပြီး အပင်စိုက်ခိုင်းထားတာလား? အင်တာနက်ပေါ်မှာပြောနေကြတယ်''
"မင်းဆီ ဗီဒီယိုနဲ့ဓာတ်ပုံတွေပို့ပေးလိုက်မယ်!''
ကျောက်မိုချင်းမေးမည်မှန်း ချင်လင်သိသည်။ ကျောက်မိုချင်းမမေးလည်း တစ်ယောက်ယောက်ကမေးလာမည်ဖြစ်၍ သူပြင်ဆင်ထားသည်။
သူကပြောရင်းဆိုရင်းဖုန်းထုတ်ပြီး ကျောက်မိုချင်းဆီဓာတ်ပုံများ၊ဗီဒီယိုများပို့ပေးလိုက်သည်။
ပန်းအိမ်အကြောင်းဓာတ်ပုံ၊ဗီဒီယိုများဖြစ်သည်။
ကျောက်မိုချင်းက ဓာတ်ပုံ၊ဗီဒီယိုများရပြီး ချက်ချင်း Wechat ဖွင့်ကြည့်သည်။ ပန်းအိမ်ဗီဒီယိုမြင်ပြီး အံ့ဩသွားကာ_
"ယောက်ျား... ဒါအိမ်လား မျှော်စင်လား? လှလိုက်တာ... ပန်းတွေ အရွက်စိမ်းစိမ်းတွေနဲ့... ဘယ်လိုလုပ်ပြီးဒီလောက်လက်ရာလှတာလဲ?''
ချင်လင်ကပြုံးပြုံးနှင့်ရှင်းပြသည်_
"တကယ်တော့ အဲဒါတစ်ခုလုံးကသစ်ပင်ပဲ... အထူးသုတေသနလုပ်ထားတာ... မျိုးစေ့ပွားမရဘူး... မျိုးစေ့ကိုစိုက်လိုက်တာနဲ့ သစ်ပင်ကအဲလိုဖြစ်သွားတာ''
"ဒီမျိုးစေ့တွေကိုအမှတ်တမဲ့ပျိုးထောင်ပြီးရတာ... အများကြီးမရှိဘူး... ကိုယ့်နာမည်သုံးပြီးမှမျိုးစေ့နည်းနည်းလေးရလာတာ''
"ယောက်ျား... အဲဒီမျိုးစေ့တွေကနေ ဒီလိုပန်းအိမ်ဖြစ်သွားမယ်လို့ပြောနေတာလား?''
ကျောက်မိုချင်းကမေးသည်။
"အင်း... အဲလိုဖြစ်မှာ!''
ချင်လင်ကခေါင်းညိမ့်အတည်ပြုလိုက်သည်။
"မယုံနိုင်စရာပဲ''
ကျောက်မိုချင်းကအံ့ဩသွားသော်လည်း သိပ္ပံပညာကအလွန်ထူးဆန်းပြီး မျက်လှည့်ဆန်ဆန်အရာများဖန်တီးနိုင်ကြောင်းသူမသိသည်။
ထို့ကြောင့် ထပ်မမေးတော့ဘဲ အပန်းဖြေစံအိမ်အပြင်ထွက်ကာ ပန်းအိမ်မျိုးစေ့ကိုသွားစူးစမ်းသည်။
ပန်းအိမ်မျိုးစေ့ကအကြီးမြန်သည်။ ပန်းအိမ်ဖြစ်ရန်တစ်လသာကြာသည့်အတွက် နှစ်ရက်၊သုံးရက်အတွင်း အပင်ပေါက်နေပြီဖြစ်သည်။
နောက်ရက်ပိုင်းအတွင်းမှာ ပန်းအိမ်မျိုးစေ့အားလုံးအပင်ပေါက်ရုံသာမက အတော်ကြီးထွားနေပြီဖြစ်သည်။ ပင်စည်ကထူးထူးဆန်းဆန်းထွက်လာပြီး ပုံစံအတော်ဆင်သည်။
ထို့ကြောင့် ကျောက်မိုချင်းကထူးထူးခြားခြားခံစားရသည်။
သီးနှံမျိုးဖြစ်သော်လည်း မျိုးစေ့ကထူးခြားသည်။
ပင်စည်က ဘယ်လိုဖြစ်တာလဲ? ထွက်တဲ့ပုံစံတောင် အတော်ဆင်နေပါလား?
ကျောက်မိုချင်းလည်း ချင်လင်ပို့ထားသောဗီဒီယိုထုတ်ကြည့်သည်။ စကြီးခါစဖြစ်သော်လည်း အနားသတ်တချို့မြင်နေရသည်။
လက်ရှိသစ်ပင်က ဗီဒီယိုထဲမှပန်းအိမ်အောက်ခြေအတိုင်းပင်။
ဒီမျိုးစေ့ကအပင်ဖြစ်သွားရင် ဗီဒီယိုထဲကပန်းအိမ်လိုဖြစ်သွားမည်ဟု ကျောက်မိုချင်းတထစ်ချယုံသွားသည်။
ထူးဆန်းလိုက်ပုံများ။
အပြင်ကပုံသွင်းတာမရှိဘဲ ဒီမျိုးစေ့တွေကဘယ်လိုများကြီးလာတာလဲ?
ကျောက်မိုချင်းမတွေးတတ်တော့။ သိပ္ပံပညာဆန်းကြယ်ပုံကို သက်ပြင်းသာချလိုက်သည်။
တချိန်တည်းမှာ ချင်းလင်စံအိမ်ကခုံများဖျက်ပြီး စိုက်နေသည့်အရာကို ခရီးသည်များအာရုံစိုက်နေကြသည်။ ဒီရက်ပိုင်း ခရီးသည်များကကြည့်ကြည့်နေသည်။
အတော်များများက မျိုးစေ့အခြေအနေကိုစူးစမ်းလေ့လာကြ၏။ ပင်စည်ကထူးထူးခြားခြားထွက်လာတာ လုံးဝပုံမှန်မဟုတ်။
တချို့က နေရာအနှံ့မှပန်းအိမ်များကို ဓာတ်ပုံတောင်ရိုက်ယူထားကြသည်။ ယှဉ်ကြည့်ရင် ပန်းအိမ်တိုင်းကပုံစံထူးခြားပြီး ဆင်တူရိုးမှားပုံစံများရှိကြသည်။
တစ်ခုခုထူးခြားနေကြောင်း အရူးတောင်သိသည်။
ဒါကြောင့်လည်း ပန်းအိမ်ကိုစိတ်ဝင်စားနေခြင်းပင်။ နောက်ဆုံး ဒါတွေဘယ်လိုဖြစ်သွားမလဲ သူတို့သိချင်သည်။
…
အချိန်ကုန်လွန်သွားသည်။
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်ကနေ့စဉ်တာဝန်များလုပ်ပြီးနောက် ဖုန်းထုတ်ကာဗီဒီယိုများစကြည့်သည်။ ထို့နောက် ဗီဒီယိုတစ်ပုဒ်ကိုစိတ်ဝင်စားသွား၏:
(လွန်ခဲ့သော ၁၀ ရက်က ချင်းလင်အပန်းဖြေစံအိမ်တွင်ခုံတန်းများဖျက်ပြီး ထူးထူးဆန်းဆန်းအပင်စိုက်ခဲ့သောကြောင့် အားလုံးစိတ်ဝင်စားနေကြသည်။ သို့ရာတွင် ချင်းလင်စံအိမ်ကရှင်းပြခြင်းမရှိ။
ခရီးသည်များတင်ထားသောနောက်ဆုံးဗီဒီယိုကိုကြည့်လိုက်ရာ ထူးထူးဆန်းဆန်းတွေ့ရသည်။ ပင်စည်များဒီလိုရောယှက်လာပုံထောက်ရင် ပန်းအိမ်ဖြစ်နိုင်ပုံရသည်။)
ထိုဗီဒီယိုမှာ ရေပန်းစားနေပြီဖြစ်ပြီး like နှင့်မှတ်ချက်အများကြီးရထားသည်။
တစ်ရက်ပြီးတစ်ရက်လွန်သည်နှင့် ပန်းအိမ်ကကြီးလာပြီး အရွက်များဝေဆာလာသည်။ ပန်းအိမ်ပုံစပေါ်လာ၏။
အင်တာနက်ပေါ်တွင် ရှာတတ်ဖွေတတ်သူများရှိသောကြောင့် တချို့ကဒီအကြောင်းတွေ့ထားကြသည်။ သူတို့တွေ့ရှိချက်ကိုလိုင်းပေါ်တင်ကြ၏။
ချင်လင်ကဗီဒီယိုလျှောက်ကြည့်နေစဉ် တံခါးခေါက်သံကြားရသည်။ တံခါးဖွင့်လိုက်သောအခါ မာလဲ့ဝမ်ဝင်လာ၏။
"လောင်မာ... အတော်ပဲ''
ချင်လင်ကမာလဲ့ဝမ်ကိုတွေ့သောအခါ ပြုံးပြုံးနှင့်ပြောလိုက်သည်။
"ချင်လင်... ငါလက်ဖက်ရည်ကြိုက်မှန်း မင်းသိပါတယ်''
မာလဲ့ဝမ်ကပြောသည်_
"ငါဘယ်အချိန်စရမလဲ?''
"သွားကြတာပေါ့!''
ချင်လင်ကပြုံးပြီး မာလဲ့ဝမ်ကိုခေါ်သွားသည်။