← Chapters

ကင်ဆာကာကွယ်နိုင်သောလက်ဖက်!

Vol. 69 Ch. 1030

ကင်ဆာကာကွယ်နိုင်သောလက်ဖက်!

Vol. 69 Ch. 1030

ချင်လင်ကဂိမ်းထဲမှထွက်ပြီး သူ့ဖုန်းထုတ်လိုက်သည်။ လီခိုင်ကိုဖုန်းဆက်ပြီး လက်ဖက်ပင်ကိုစစ်ဆေးခိုင်းကာ ကင်ဆာကာကွယ်နိုင်သောအာနိသင်ရှိကြောင်းသိစေမည်။

ထိုစဉ် တစ်ယောက်ယောက်တံခါးလာခေါက်သည်။

သူကတံခါးဖွင့်လိုက်ရာ အပြင်မှာလီခိုင်ရပ်နေ၏။

"ညီလေးချင်... အပြင်မှာမာလဲ့ဝမ်လက်ဖက်တွေခူးနေတာတွေ့တယ်... သူလက်ဖက်ရည်သောက်ရောက်နေပြန်ပြီလား?''

လီခိုင်ကရုံးခန်းထဲဝင်ဝင်ချင်း လက်ဖက်ရည်စားပွဲတွင်ဝင်ထိုင်ပြီး အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်ကိုထုတ်ကာ လက်ဖက်ရည်နှပ်သည်။

သူလည်း ချင်လင်လက်ဖက်ရည်ကိုကြိုက်သည်။

ချင်လင်လည်းလက်ဖက်ရည်စားပွဲတွင်ဝင်ထိုင်ပြီး ပြုံးပြုံးနှင့်ရှင်းပြသည်_

"လောင်မာက လက်ဖက်ရည်ကြိုက်တယ်... ဒီလက်ဖက်တွေကအသစ်ထွက်နေတော့ သူခူးနိုင်တာပေါ့''

"အင်း''

လီခိုင်ကခေါင်းညိမ့်ပြီး_

"မာလဲ့ဝမ် ချန်ရှန်းဖေ လီရှင်း... အကုန်ဆိုးဖော်ဆိုးဖက်တွေ... သုံးယောက်လုံးက သူတို့ဝါသနာနဲ့သူတို့ပဲ''

ချင်လင်ထောက်ခံသည်။

သုံးယောက်သားက သူတို့ဝါသနာနဲ့သူတို့ရှိရုံသာမက သူတို့ဝါသနာအတွက်လည်းလမ်းရှာသည်။

စကားနည်းနည်းပြောပြီး သူကလီခိုင်ကိုလက်ဖက်အကြောင်းပြောချင်နေပြီ။

"ညီလေးချင်... စံအိမ်နဲ့မွေးမြူရေးခြံကအပင်တွေကို အထူးမြေကြီးနဲ့စိုက်ထားတာလား?''

လီခိုင်ကတည်တည်ငြိမ်ငြိမ်နှင့်မေးသည်။

"ငါစံအိမ်နဲ့မွေးမြူရေးခြံကမျိုးစေ့တွေကြည့်ပြီးပြီ... ကိုင်းတွေကတဖက်တည်းထွက်တာ... ပြီးတော့ ပုံစံတွေကအံ့ဩစရာပဲ''

"ငါပင်စည်နဲ့အရွက်နည်းနည်းယူပြီး မျိုးစိတ်စစ်ကြည့်တယ်... မျိုးစိတ်ကအရမ်းထူးခြားတာပဲ... အထူးမြေကြီးကြောင့်ပဲ ဒီလိုမျိုးစိတ်ပြောင်းနိုင်မှာ!''

"အစ်ကိုလီ အဲဒီအပင်တွေကြည့်ပြီးပြီလား?''

လီခိုင်ကပန်းအိမ်အကြောင်းပြောနေမှန်း ချင်လင်သိသည်။

ပန်းအိမ်ကနည်းနည်းထူးဆန်းသည်။ ဘာပဲဖြစ်ဖြစ် မျိုးစေ့စိုက်ပြီးရင်ထူးထူးခြားခြားပန်းအိမ်ဖြစ်လာမည်။ အပြင်မှာမျိုးစေ့ပျိုးထောင်ရန်မ​ဖြစ်နိုင်သော်လည်း စမ်းသပ်ကြည့်ဖို့သူစိတ်ကူးမရှိခဲ့။

လီခိုင်ကခေါင်းညိမ့်ပြီး_

"အဲဒီအပင်တွေက သူတို့ကိုင်းတွေဖြန့်ပြီးအိမ်ပုံစံဖြစ်နိုင်တာ... အဲဒါအထင်ကြီးစရာမကောင်းဘူးလား? သီးနှံသုတေသီဖြစ်တဲ့ငါက စိတ်မဝင်စားဘဲနေမလား?''

"အထူးမြေကြီးနဲ့မျိုးစိတ်ပြောင်းတာတွေအများကြီးရှိနေလို့သာ... ဒီတစ်ခုက အထူးဆန်းဆုံးပဲ''

"ဒီလိုအရည်အသွေးမျိုးရှိတဲ့အပင်မှာ အထူးမျိုးစိတ်အပိုင်းပါရမယ်... အပင်ပုံစံကို အဲဒီအထူးမျိုးစိတ်ကသက်ရောက်မှုရှိတာ''

"ဥပမာ လူတစ်ယောက် တိရစ္ဆာန်တစ်ကောင် အပင်တစ်ပင်ရဲ့ပုံစံပေါ့... သူတို့အသက်ရှင်ပြီး နောက်ဆုံးဖြစ်လာတဲ့ပုံစံက အထူးမျိုးစိတ်အပိုင်းရှိလို့ပဲ''

"တကယ်တော့ လူတစ်ယောက်ရဲ့အသွင်အပြင်က တစ်ခါတလေ သူမတူတဲ့အထူးမျိုးစိတ်အပိုင်းနဲ့ဆက်စပ်နေတယ်''

"အဲဒီသစ်ပင်တွေမှာ အပ်ချည်မျှင်လိုအထူးမျိုးစိတ်တွေပါတာတွေ့တယ်... အဲဒီမျိုးစိတ်ကြောင့် သစ်ပင်တွေကထူးထူးခြားခြားပုံစံနဲ့ကြီးနိုင်တာဖြစ်မယ်!''

ချင်လင်ကအံ့ဩသံနှင့်မေးသည်_

"အစ်ကိုလီ... အဲဒီအထူးမျိုးစိတ်အပိုင်းကိုလေ့လာနိုင်တဲ့နည်းရှိလား?''

ပန်းအိမ်မျိုးစေ့က အကန့်အသတ်ရှိသည်။ အဆင့် ၄ အောက်မြေမှာ ပျိုးထောင်၍မရ။ ဒါပေမဲ့ သိပ္ပံနည်းသုံးရင် ရချင်ရနိုင်သည်။

အထူးသဖြင့် အကြောင်းအရင်းဇစ်မြစ်ကိုလိုက်နိုင်ရင် ပန်းအိမ်ကိုပုံစံအမျိုးမျိုးထွက်အောင်လုပ်နိုင်မည်။

သို့သော် အစ်ကိုလီကမတတ်သာပုံနှင့်ခေါင်းခါပြီး_

"ညီလေးချင်... အဲဒီမျိုးစိတ်အပိုင်းက အရမ်းထူးဆန်းပြီးနက်နဲတယ်... လက်ရှိအ​ခြေအနေကို မျိုးစိတ်ခွဲခြမ်းနည်းအမျိုးမျိုးနဲ့လုပ်ကြည့်ပြီးပြီ... ဒါပေမဲ့ ထုတ်မရဘူး... ငါထင်တယ်.. နောက်နှစ် ၃၀ လောက်အထိ မျိုးစိတ်နည်းပညာကရဦးမှာမဟုတ်ဘူး''

ထိုစကားကြောင့် ချင်လင်ကပုံပြင်သာဆက်ပြောလိုက်သည်_

"အစ်ကိုလီ... မျိုးစေ့အကြောင်းတော့ သေချာမသိဘူး... အဲဒါအထူးမြေကြီးနဲ့ပျိုးထောင်ထားတာ... ကျွန်တော်လည်းနားမလည်လို့ တိတ်တိတ်လေးပဲစိုက်တာ... ထူးထူးဆန်းဆန်းပုံစံထွက်လာတော့မှ အဲဒီမျိုးစေ့တွေနဲ့ စံအိမ်နဲ့မွေးမြူရေးခြံကိုအလှဆင်ချင်စိတ်ဖြစ်လာလို့''

"ဟင်း... ဒါဆိုမတတ်နိုင်ဘူး''

လီခိုင်ကသက်ပြင်းသာချလိုက်သည်။

မျိုးစိတ်ကမယုံနိုင်စရာကောင်းမှန်း သူသိသည်။ ပြီးတော့ ညီလေးချင်ဆက်မပြောချင်မှန်းလည်း သူသိသည်။ ဒီတော့ သူဆက်မမေးတော့။ ဖြစ်နိုင်ခြေနည်းရင်တောင် သူမျိုးစိတ်ခွဲခြမ်းနိုင်မလားပဲစမ်းကြည့်ရတော့မည်။

"အစ်ကိုလီ... ကျွန်တော်တောင်းဆိုစရာရှိတယ်... ကျွန်တော်လက်ဖက်ပင်သုံးပင်စိုက်ထားတာသိတယ်မလား?''

ချင်လင်ကစကားလမ်းလွှဲလိုက်သည်_

"အပင်တိုင်းကိုအထူးမြေကြီးထည့်ထားတာ... ဒီနေ့ လောင်မာနဲ့ကျွန်တော်သွားတော့ လက်ဖက်ပင်ကမျိုးစိတ်ပြောင်းတယ်ထင်တယ်''

"ကောင်းလား ဆိုးလားတော့မသိဘူး... အဲဒါကြောင့် ချင်းလင်ဓာတ်ခွဲခန်းမှာစမ်းကြည့်ချင်တယ်... အစ်ကိုလီဒီရောက်လာမှတော့ ဒီကိစ္စကျွန်တော်အပ်လိုက်မယ်''

လက်ဖက်မျိုးပြောင်းတဲ့အခြေအနေကိုသူအတိအကျသိသော်လည်း ဘာမှမသိချင်ယောင်ဆောင်ကာအကွက်ရွှေ့လိုက်သည်။

"လက်ဖက်ပင်ကမျိုးပြောင်းတယ်? အဲဒါဆို စမ်းကြည့်ဖို့နည်းနည်းယူသွားမယ်''

တဖက်တွင် လီခိုင်ကစိတ်ဝင်စားသွားသည်။

နောက်ပြီး ချင်လင်ကခိုင်းမှတော့ သူမငြင်း။

လက်ဖက်စမ်းသပ်တာ အသေးအမွှားလေး။

ချင်လင်ကလီခိုင်ကိုရုံးခန်းအပြင်ခေါ်ပြီး လက်ဖက်ပင်ဆီသွားသည်။

မာလဲ့ဝမ်ကလက်ဖက်ခူးနေဆဲဖြစ်ပြီး သူ့ခါးပတ်ခြင်းတောင်းထဲထည့်နေသည်။ ချင်လင်ကိုမြင်သောအခါ လှမ်းမေး၏_

"ချင်လင်... ဘယ်လိုလဲ? ဒီလက်ဖက်က အရင်တစ်ခါနဲ့မတူဘူးမလား?''

ချင်လင်ကဇဝေဇဝါပုံဖမ်းကာ_

"လောင်မာ.. နည်းနည်းတော့ကွာတယ်... အစ်ကိုလီစစ်ခိုင်းတာပိုကောင်းမယ်ထင်လို့''

မာလဲ့ဝမ်လည်း လီခိုင်ကိုမြင်သွားပြီးတန်းနှုတ်ဆက်သည်_

"ပါမောက္ခလီ!''

အသက်ကြီး၍မဟုတ်သော်လည်း သူကလီရှင်းနှင့်မှမိတ်ဆွေဖြစ်သည်။ လီခိုင်ကလီရှင်းထက်မျိုးဆက်တစ်ဆက်ကြီးသောကြောင့် လေးစားသမှုနှင့်ခေါ်ခြင်းပင်။

အခုပါမောက္ခလီခိုင်ဖြစ်သွားပြီဆို မပြောနှင့်တော့။

လီခိုင်ကခေါင်းညိမ့်ပြီး_

"အင်း... ငါ့ကိုလက်ဖက်နည်းနည်းပေးစမ်းပါ... ပြန်ယူသွားပြီး စမ်းကြည့်မလို့... အဖြေထွက်ရင်ပြောမယ်''

All Chapters