← Chapters

ရှောင်ချင်လုပ်တာ၊ ငါနဲ့မဆိုင်! ၂

Vol. 69 Ch. 1033

ရှောင်ချင်လုပ်တာ၊ ငါနဲ့မဆိုင်! ၂

Vol. 69 Ch. 1033

သူနှပ်နေသောလက်ဖက်က ချင်လင်ပေးထားသောအရည်အသွေး ၂ သဘာဝအူလုံအမျိုးအစားပင်။

ယောက်ျားဖြစ်သူပုံစံကြောင့် ချူရှင်းကဇဝေဇဝါနှင့်မေးသည်_

"ယောက်ျား... ဘာဖြစ်လို့လဲ?''

"ရှေ့လျှောက် ဒီလိုလက်ဖက်ရည်မျိုးသောက်ရမယ်မထင်ဘူး''

မာလဲ့ဝမ်ကသက်ပြင်းချပြန်သည်_

"ဒီလက်ဖက်ပင်သုံးပင်က ပြောင်းသွားပြီ... အဲလိုလက်ဖက်ခြောက်မျိုး ချင်လင်ဆီကမရလောက်တော့ဘူး''

"လက်ဖက်ကဘာဖြစ်လို့လဲ?''

ချူရှင်းကစူးစမ်းသည်_

"ဘာလို့သုတေသနသမားတွေလာစစ်ကြတာလဲ?''

"မဟုတ်ဘူး''

မာလဲ့ဝမ်ကခေါင်းခါပြီး_

"လက်ဖက်ပင်တစ်ခုခုဖြစ်လို့ သူတို့ရောက်လာတာတော့မဟုတ်ဘူး... သတင်းကောင်းပါ... ချင်လင်စိုက်ထားတဲ့လက်ဖက်ပင်သုံးပင်ကမျိုးပြောင်းသွားတာ... လက်ဖက်တွေက ကင်ဆာအတွက်အာနိသင်ရှိတယ်... အဲဒါကြောင့် စမ်းသပ်ကြတာ''

"လက်ဖက်က ကင်ဆာအတွက်အာနိသင်ရှိတယ်?''

သတင်းကြားပြီး ချူရှင်းရေရွတ်လိုက်သည်။

တခြားအမျိုးသမီးများလည်း မအံ့ဩဘဲမနေနိုင်။

ကင်ဆာဘယ်လောက်ကြောက်စရာကောင်းမှန်း အားလုံးသိသည်။ ဒီလက်ဖက်က ကင်ဆာကိုဆန့်ကျင်နိုင်ရင် ဘယ်လောက်အံ့ဩစရာကောင်းမလဲ?

တစ်ဖက်တွင်တော်ဝင်ပညာရှင်လီက လက်ဖက်ပင်သုံးပင်ဆီသွားနေသည်။ သူကိုယ်တိုင်က တော်ဝင်ပညာရှင်ဖြစ်၍သိပ်တွေးမနေ။

လီခိုင်နှင့်ချင်လင်ကသုတေသနသမားများနှင့်အလုပ်ရှုပ်နေသောကြောင့် သူမစူးစမ်းဘဲမနေနိုင်။

"ပါမောက္ခလီခိုင် သူဌေးချင်... ဒီလက်ဖက်ပင်တွေကဘာဖြစ်လို့လဲ?''

တော်ဝင်ပညာရှင်လီကမေးလိုက်သည်။

ချင်လင်ဖြေမည်အပြုတွင် လီခိုင်က_

"တော်ဝင်ပညာရှင်လီ သိလား... ညီလေးချင်က ဒီလက်ဖက်ပင်သုံးပင်ကို အထူးအာဟာရပါတဲ့မြေကြီးနဲ့ရွှေ့စိုက်ခဲ့တာ''

"အင်း!"

တော်ဝင်ပညာရှင်လီကခေါင်းညိမ့်သည်။

သူဌေးချင်စိုက်ထားသောလက်ဖက်ပင်သုံးပင်ကိုသူကြည့်ခဲ့သော်လည်း သတိမထားမိ။ ကြည့်ရတာ အထူးမြေဩဇာကျွေးခဲ့ပုံရသည်။

အဲဒါ သူဌေးချင်လုပ်ထားတဲ့မြေဩဇာဖြစ်မည်။

အရင်ကလက်ဖက်ပင်ကိုသတိမထားမိသော်လည်း အခုပြောင်းလဲနေသည်ထင်သည်။

လီခိုင်ကဆက်ပြီး_

"ညီလေးချင်စိုက်တဲ့လက်ဖက်ပင်သုံးပင်က ထူးထူးခြားခြားပြောင်းလဲသွားတယ်... အဲဒီလက်ဖက်တွေက ကင်ဆာအပေါ်အာနိသင်ရှိတယ်... ဒီတစ်ခါ ညီလေးချင်အရမ်းကံကောင်းတာ... ဒီလိုလက်ဖက်ပင်မျိုးကိုပျိုးထောင်နိုင်ခဲ့ပြီ!''

"အာ"

ချင်လင် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

အစ်ကိုလီ၊ အဲလောက်ကြီးလိုလို့လား?

သူပျိုးထောင်တာမှန်း သူများတွေမသိမှာစိုးလို့ တောက်လျှောက်ကိုပြောနေတော့တာ။

သော*က် သော*က်!

လီခိုင်စကားကြောင့် တော်ဝင်ပညာရှင်လီအံ့ဩသွားပြီး_

"ပါမောက္ခလီခိုင်... မင်းပြောတာအမှန်ပဲလား? ဒီလက်ဖက်တွေက ကင်ဆာအပေါ်အာနိသင်ရှိတယ်?''

သူကိုယ်တိုင်ကအစာအိမ်ကင်ဆာရှိသောကြောင့် ကင်ဆာဘယ်လောက်ကြောက်စရာကောင်းမှန်းသူသိသည်။

သူ့အစာအိမ်ကင်ဆာကိုကုနိုင်တာ မအံ့ဩမိ။ ဘာပဲဖြစ်ဖြစ် ငါးပုတ်သင်ဝါကြီးနှင့်ပင်လယ်လိပ်ကစျေးကြီးမှန်းသူသိသည်။

ဒီနှစ်မျိုးကိုဝယ်ဖို့ အထက်လူတွေဘယ်လောက်အကုန်အကျခံထားလဲ သူမသိ?

ဒါသာမန်လူတွေကုသဖို့မတတ်နိုင်သောပမာဏပင်။ ပိုက်ဆံရှိရင်တောင် ဒီပစ္စည်းကိုပုံတူကူးမယူနိုင်။

အခုလက်ဖက်တွေက ကင်ဆာဆန့်ကျင်နိုင်တဲ့အာနိသင်ရှိတော့ လက်ဖက်ပင်တွေကိုပျိုးထောင်နိုင်ရင်ဘယ်လိုအဓိပ္ပါယ်ရှိလဲ သူသိသည်။

ဒီအတွက် သူဌေးချင်က ဆေးပညာလောကမှာသရဖူဆောင်းနိုင်လိမ့်မည်။

လီခိုင်ကခေါင်းညိမ့်အတည်ပြုပြီး_

"တော်ဝင်ပညာရှင်လီ... ခင်ဗျားလိုစီနီယာကြီးကိုကျွန်တော်လိမ်ပါ့မလား? မဟုတ်ရင် ကျွန်တော်တို့ဘာလို့စမ်းသပ်နေမလဲ?''

"စမ်းသပ်ချက်အဖြေကောင်းပြီး လက်ဖက်ပင်ကိုအထိအခိုက်မရှိပျိုးထောင်နိုင်ရင် ရွှေ့စိုက်ကြည့်လို့ရပြီ''

တော်ဝင်ပညာရှင်လီက ဆက်မနေတော့ဘဲ သူ့အခန်းထဲပြန်သွားသည်။

ဒီသတင်းကို ဝန်ကြီးလုတို့ဆီအမြန်တင်ပြရမည်။

ဒီသတင်းကြောင့် တရုတ်သိပ္ပံအကယ်ဒမီတစ်ခုလုံးတုန်လှုပ်သွားလိမ့်မည်။

တရုတ်သိပ္ပံအကယ်ဒမီက ငွေကုန်ကြေးကျအများကြီးခံပြီး ကင်ဆာသုတေသနလုပ်နေသည်။ ရလဒ်ထွက်သော်လည်း ကင်ဆာပြဿနာကိုဖြေရှင်းနိုင်လောက်သည့်ရလဒ်မျိုးမဟုတ်။

အခု ပါမောက္ခလီခိုင်က လက်ဖက်နဲ့ကင်ဆာကုနိုင်ပြီလို့ပြောနေတာမလား?

တခြားတစ်ယောက်သာဆို ယုံမည်မဟုတ်။ ပါမောက္ခလီခိုင်ဖြစ်နေ၍ယုံရတော့မည်။

တရုတ်သိပ္ပံအကယ်ဒမီ_

ဝန်ကြီးလုက အစီရင်ခံစာဖတ်နေသည်။

အရင်တစ်ခါ ဝဂ်ယူဖြစ်ရပ်က အုတ်အော်သောင်းတင်းဖြစ်ခဲ့သည်။ အထက်လူများက ဝဂ်ယူနွားမွေးလျှင်ထောက်ပံ့ပေးရန်ညွှန်ကြားထားသည်။ ဂျပန်ကိုသင်ခန်းစာပေးဖို့ရည်ရွယ်ပြီး ဝဂ်ယူကိုတစ်နိုင်ငံလုံးပြန့်အောင်ဖြန့်ရမည်။

ထို့ကြောင့် တရုတ်သိပ္ပံအကယ်ဒမီကလည်း နွားမွေးမြူရေးကိုလေ့လာရန်ကျွမ်းကျင်သူများရှာခဲ့သည်။

ချင်းလင်မွေးမြူရေးခြံမှဝဂ်ယူနွားသုတ်ရည်ရပြီးနောက် ကျွမ်းကျင်ပညာရှင်များ၏သုတေသနကအလွန်ထိရောက်သည်။

သူ့လက်ထဲတွင် အချက်အလက်ခိုင်ခိုင်မာမာရှိသည်။

ပြီးရင် ဒီအချက်အလက်ကိုပြည်တွင်းမွေးမြူရေးခြံများဆီပို့ပြီး ဝဂ်ယူနွားမျိုးကိုကောင်းကောင်းမွန်မွန်မြန်မြန်ဆန်ဆန်မွေးမြူနိုင်မည်။

ဒီတစ်ခါ ဂျပန်ဝဂ်ယူနွားအဖွဲ့အစည်းက မိအေးနှစ်ခါနာဖြစ်သွား၏။

သူဌေးချင်ကိုဘယ်သူကပစ်မှတ်ထားခိုင်းလို့လဲ?

ဝန်ကြီးလုကသူ့လက်ထဲမှအချက်အလက်ကိုဖတ်ပြီးနောက် ဖုန်းမြည်လာသည်။

တော်ဝင်ပညာရှင်လီဖြစ်နေသောကြောင့် သူချက်ချင်းဖုန်းကိုင်လိုက်သည်။

တော်ဝင်ပညာရှင်လီကလူကြီးဖြစ်၍ အပန်းဖြေစံအိမ်မှဖုန်းဆက်တာ အရေးကြီးကိစ္စဖြစ်ရမည်။

သူကဖုန်းကိုင်လိုက်သည်_

"ဝန်ကြီးလု... သူဌေးချင်က လက်ဖက်ပင်သုံးပင်စိုက်ထားတာ... အခုအဲဒီလက်ဖက်ပင်တွေကမျိုးပြောင်းနေပြီ... လက်ဖက်တွေမှာ ကင်ဆာကုနိုင်တဲ့အာနိသင်ရှိတယ်တဲ့''

တော်ဝင်ပညာရှင်လီစကားကြောင့် ဝန်ကြီးလုအံ့ဩသွားသည်။

ဒီသတင်းက လန့်လောက်စရာ။

ကင်ဆာက ကမ္ဘာလုံးဆိုင်ရာအကြပ်တွေ့နေသောပြဿနာတစ်ခုဖြစ်သည်။ မဟုတ်ရင် သေနိုင်တဲ့ရောဂါဖြစ်မှာမဟုတ်။

အခု ဘာသတင်းကြားလိုက်တာလဲ?

သူဌေးချင်က ကင်ဆာအတွက်အာနိသင်ရှိတဲ့လက်ဖက်ပင်သုံးပင်ပျိုးထောင်ထားတယ်တဲ့လား?

လက်ဖက်ကလေ! ကြားရတာစိတ်ကူးယဉ်ဆန်နေပေမဲ့ တော်ဝင်ပညာရှင်လီက ဒါမျိုးနောက်မှာမဟုတ်။

ဒါပေမဲ့ သူဌေးချင်ကရော ဒီလောက်စွမ်းသလား?

တရုတ်သိပ္ပံအကယ်ဒမီတာဝန်ခံဖြစ်တဲ့သူက ဒီသတင်းရဲ့အဓိပ္ပါယ်ကိုကောင်းကောင်းသိသည်။

ဝန်ကြီးလုကဖုန်းချပြီး မတ်တပ်ထရပ်ကာ ရုံးခန်းအပြင်ခပ်သုတ်သုတ်ထွက်လာသည်_

"ဘာခရီးသွားမေဂျာလဲ? အချိန်တွေနှမြောလိုက်တာ''

တစ်ချိန်တည်းမှာ သူ့အတွင်းရေးမှူးကိုသတိတရဖုန်းဆက်ပြီး လေယာဉ်လက်မှတ်ဖြတ်ခိုင်းထားသည်။

အခြေအနေကိုလေ့လာပြီး ချင်းလင်အပန်းဖြေစံအိမ်ကိုသွားကြည့်ရမည်။

တရုတ်သိပ္ပံအကယ်ဒမီမှမထွက်ခင် တရုတ်သိပ္ပံအကယ်ဒမီ၏ဆေးသုတေသနဌာနသွားပြီး လူကြီးတစ်ယောက်ကိုခေါ်လာသည်။

ထိုလူကြီးက ဆေးသုတေသနတော်ဝင်ပညာရှင်ယွမ်ရှန်ဖြစ်သည်။

ယွမ်ရှန်ကမယုံသင်္ကာနှင့်_

"ဝန်ကြီးလု... ဘာလို့ဒီလောက်လောနေရတာလဲ? ဘယ်သွားမလို့လဲ? ပါမောက္ခရန်က ဒီအပတ် အသည်းကင်ဆာသုတေသနအကြောင်းတင်ပြဦးမှာ''

ဝန်ကြီးလုကရှင်းပြသည်_

"သုတေသနအတွက်စိတ်မပူနဲ့... ဘာပဲဖြစ်ဖြစ် အကြီးအကျယ်လှုပ်ရှားတာမဟုတ်ဘူး... တိုးတက်မှုမရှိလောက်ဘူး... ကျုပ်နဲ့ချင်းလင်အပန်းဖြေစံအိမ်လိုက်ခဲ့... သူဌေးချင်က ကင်ဆာအတွက်ထိရောက်တဲ့လက်ဖက်ပင်ပျိုးထောင်ထားတယ်''

"လက်ဖက်က?''

ယွမ်ရှန်ကြောင်သွားပြီး အံ့ဩသံနှင့်မေးသည်_

"ကင်ဆာအတွက်ထိရောက်တယ်? ဟုတ်ရဲ့လား?''

"မမှားနိုင်ဘူး''

ဝန်ကြီးလုကပြောသည်။

"နေပါဦး!"

ယွမ်ရှန်က ရုတ်တရက်တစ်ခုခုသတိရပြီး_

"သူဌေးချင်ပျိုးထောင်တဲ့လက်ဖက်လို့ပြောလိုက်တာလား? ချင်းလင်လက်ဆောင်ဆန်ပျိုးထောင်တဲ့တစ်ယောက်လား?''

"အင်း!"

ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်။

"ဗုဒ္ဓေါ!''

ယွမ်ရှန်က ဟန်ပျက်သွားပြီး_

"သူက ခရီးသွားမေဂျာဘွဲ့ရမှဟုတ်ရဲ့လား? အဲဒီမတိုင်ခင် သုတေသနနဲ့ဆက်စပ်တာတွေဘာတွေမတက်ဖူးဘူးလား?''

"ရထားတဲ့အချက်အလက်အရတော့ အဲလိုပဲ''

ဝန်ကြီးလုကခေါင်းညိမ့်ပြသည်။

ယွမ်ရှန်ကသက်ပြင်းချပြီး စိတ်လှုပ်ရှားနေပုံနှင့်_

"မယုံနိုင်စရာပဲ... ကမ္ဘာမှာ ဒီလိုဉာဏ်ကြီးရှင်မျိုးရှိလား? သူက ငါတို့တရုတ်သိပ္ပံအကယ်ဒမီကလူတွေကိုရှက်ပြီးသေအောင်လုပ်နေတာများလား?''

ဝန်ကြီးလုထောက်ခံလိုက်သည်။

သူဌေးချင်ဉာဏ်ထက်ပုံကို ဘယ်လိုပြောပြရမှန်းမသိ။

တချို့က သိပ္ပံသုတေသနမှာပါရမီပါသည်။

အိုင်းစတိုင်းလိုပင်။

သူက အရေးအဖတ်ပြဿနာရှိသူ။ အစက ကျောင်းစာမေးပွဲတွေမှာ သုညတောင်ရခဲ့သည်။

အရေးအဖတ်ပြဿနာက ဘာလဲ? သူ့မျက်လုံးထဲမှာ စာလုံးတွေကအဆက်မပြတ် ကနေ၊ခုန်ပေါက်နေ၍ ဖတ်ဖို့၊မှတ်မိဖို့၊ချရေးဖို့မဖြစ်နိုင်။

ဒီလိုလူမျိုးကိုစာသင်ပြီးလေ့လာဖို့က ပြီးပြီ။

အရေးအဖတ်ပြဿနာရှိသူက နောက်ဆုံး အကြီးကျယ်ဆုံးသိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်လာမယ်လို့ဘယ်သူထင်မလဲ?

အိုင်းစတိုင်းရဲ့အရည်အချင်းတွေ ​နစ်မြှုပ်လုနီးပါးဖြစ်ခဲ့သည်။

အခုသတင်းကြားလိုက်ရတော့ သူဌေးချင်ကလည်းရွက်ပုန်းသီးဖြစ်မည်။

ခရီးသွားမေဂျာတစ်ယောက်က ချင်းလင်ဆန်နဲ့ကင်ဆာအတွက်အာနိသင်ရှိတဲ့လက်ဖက်ကိုလုပ်နိုင်မယ်လို့ ဘယ်ထင်မလဲ?

အတည်မပြုရသေးသော်လည်း သတင်းသူ့ဆီရောက်လာမှတော့ မမှားနိုင်။

အမှန်ဖြစ်နေရင် သူဌေးချင်ရဲ့ဒဏ္ဍာရီက အိုင်းစတိုင်းနဲ့မယှဉ်နိုင်ဘူးလို့ ဘယ်ပြောလို့ရမလဲ?

All Chapters