← Chapters

ပေါ်ကုန်တော့မယ်!

Vol. 69 Ch. 1034

ပေါ်ကုန်တော့မယ်!

Vol. 69 Ch. 1034

ဒီနေ့ ချင်းလင်အပန်းဖြေစံအိမ်က ခါတိုင်းထက်ပိုပြီးအသက်ဝင်နေသည်။

ချင်းလင်ဓာတ်ခွဲခန်းမှသုတေသနသမားများ၊ ချင်းလင်စံအိမ်စိုက်ပျိုးရေးဌာနမှလူများရောက်နေ၏။

လက်ဖက်ပင်သုံးပင်မျိုးပြောင်းပြီး ကင်ဆာအပေါ်ထိရောက်သောအာနိသင်က ချင်းလင်ဓာတ်ခွဲခန်းမှသုတေသနသမားများအတွက်အရေးကြီးရုံသာမဟုတ်။ ယွီရွှေ့တို့စိုက်ပျိုးရေးဌာနမှလူများအတွက်လည်းအရေးကြီးသည်။

ထို့ကြောင့် ဒီနေ့ချင်းလင်အပန်းဖြေစံအိမ်ရောက်လာသောစိုက်ပျိုးရေးဌာနဝန်ထမ်းအားလုံးမှာ ဝန်ထမ်းဟောင်းချည်းဖြစ်သည်။ ယွီရွှေ့က သေချာရွေးထားခြင်းပင်။ သူတို့ကရိုးသားဖြောင့်မတ်ပြီးနှုတ်လုံကြသည်။

မာဟုန်တို့တောင် ခါတိုင်းထက်ပိုပြီးတင်းကြပ်ထား၏။

သုတေသနသမားများက စမ်းသပ်ချက်အတိုင်း လက်ဖက်ပင်သုံးပင်ကိုအမှတ်အသားစလုပ်ကြသည်။

လက်ဖက်ပင်သုံးပင်ကကြီးပြီဖြစ်၍ ပျိုးထောင်ချင်ရင် ကိုင်းဆက်​ခြင်း၊ ရွှေ့ပြောင်းစိုက်ခြင်း၊ အပင်အတည်တကျစိုက်ခြင်းနည်းများကိုသုံးလိုက်ရုံသာ။

သူဘာနည်းသုံးသုံး၊ လက်ဖက်ပင်သုံးပင်ကိုကိုင်းဖြတ်ရမည်။

ဒီလက်ဖက်ပင်တွေဘယ်လောက်တန်ဖိုးရှိလဲ လူတိုင်းသိနေပြီ​ဖြစ်သောကြောင့် လက်ဖက်ပင်ထိခိုက်မည်စိုး၍ ခုတ်ချင်သလိုမခုတ်ရဲကြ။

ထို့ကြောင့် ကိုင်းအနေအထားကို သုတေသနသမားများနှင့်သေချာတွက်ချက်ရသည်။

ဖြည်းဖြည်းချင်းအရှိန်ယူလုပ်ရသည်။

ချင်လင်ရဲ့အစီအစဉ်အတိုင်းဆို ဒီအတိုင်းသာဖြတ်စိုက်လိုက်မည်။ ဒီလက်ဖက်ပင်တွေသေသွားရင်တောင် တောင်တန်းထွက်ကုန်တွေကပြန်ထွက်၍ရွှေ့စိုက်နိုင်သေးသည်။

အဲဒီသေသေရှင်ရှင်နည်းက အခုထက်သေချာပေါက်ပိုမြန်မည်။

ဒါပေမဲ့ သူအထူးမြေကြီးသုံးတုန်းက သုံးရာသီခူးနိုင်တဲ့အရည်အသွေးရှိလာမည်ဟုမသိခဲ့။

သို့သော်လည်း ဘယ်သူ့ကိုမှပြောပြလို့မရပေ။

ပုံမှန်အတိုင်းဆို သုတေသနသမားများသတိထားတာမှန်သည်။

သူတို့မျက်စိထဲတွင် ဒီလက်ဖက်ပင်သုံးပင်သာရှိ၍ ဘာအမှားမှလုပ်လို့မရ။

သုတေသနသမားများက လက်ဖက်ပင်သုံးပင်၏တည်နေရာကိုအမှတ်အသားပြုပြီးနောက် တစ်ယောက်က ချင်လင်ကိုအစီရင်ခံသည်_

"ဥက္ကဌချင်... ပြင်ဆင်ပြီးပါပြီ... ရွှေ့စိုက်ဖို့ဖြတ်လို့ရပါပြီ''

"အင်း''

ချင်လင်ကခေါင်းညိမ့်ပြီး ယွီရွှေ့တို့ကိုအလုပ်စခိုင်းသည်။

ရွှေ့စိုက်ရာတွင် စိုက်ပျိုးရေးဌာနကပိုကျွမ်းကျင်သည်။

ဘေးတွင်ပြင်ဆင်ထားသောပန်းအိုးရှိပြီး အိုးထဲအထူးမြေကြီးထည့်ထားသည်။

သာမန်မြေကြီးနှင့်အထူးမြေကြီးရောထားခြင်းပင်။

ယွီရွှေ့နှင့်သုတေသနသမားများအမြင်တွင် ထိုမြေကြီးက ဥက္ကဌချင်နှင့်ပါမောက္ခလီခိုင်လုပ်ထားသောမြေဩဇာဖြစ်သည်။

ထိုမြေဩဇာက သီးနှံများစိုက်ပျိုးရန်၊သုတေသနလုပ်ရန် အကျိုးရှိသည်။

မြေဩဇာလုပ်နည်းကို ဥက္ကဌချင်နှင့်ပါမောက္ခလီခိုင်သာသိသည်။ ဒီအကြောင်း ဘယ်သူမှမမေးရဲ။ မေးရင် မသိတတ်သူပင်။

ပန်းအိုးတချို့ကို ကိုင်းများထိုးထားသည်။ ကိုင်းဖြတ်စိုက်ပျိုးနည်းနှင့်ဖြတ်စိုက်ထားသောကိုင်းများဖြစ်၏။ အချိန်တန်ရင် လက်ဖက်ပင်သုံးပင်မှတစ်ရှူးယူပြီးဖြတ်စိုက်နိုင်သည်။

အခု ယွီရွှေ့တို့က လက်ဖက်ပင်သုံးပင်မှကိုင်းများဖြတ်၊ ကိုင်းဆက်၊ ရွှေ့စိုက် ဒါမှမဟုတ် ပန်းအိုးများနှင့်စိုက်နိုင်သည်။

ရွှေ့စိုက်ထားတဲ့အပင်ကလက်ဖက်ထွက်လာရင် ဘယ်အရည်အသွေးကိုထိန်းထားဖို့အကောင်းဆုံးလဲကြည့်ပြီးလုပ်ဆောင်ရမည်။

ထို့နောက် ပန်းအိုးများကို ချင်းလင်ဓာတ်ခွဲခန်းပို့ကာ ရွှေ့စိုက်ထားသောအပင်မှအရွက်ထွက်သည်အထိ နေ့တိုင်းဂရုတစိုက်စစ်ဆေးစမ်းသပ်မည်။

ဒါအချိန်တိုအတွင်းပြီးနိုင်သောအရာမဟုတ်။ ၁ နှစ် ၂ နှစ်၊ ဒါမှမဟုတ် ၂ နှစ် ၃ နှစ်ကြာနိုင်သည်။

သို့ရာတွင် ရွှေ့စိုက်ထားသောလက်ဖက်ပင်က ကင်ဆာအတွက်ထိရောက်တဲ့ပါဝင်ပစ္စည်းကိုထိန်းထားနိုင်သရွေ့ စောင့်ရကျိုးနပ်သည်။

ဒီအတောအတွင်း အပန်းဖြေစံအိမ်လက်ဖက်ပင်သုံးပင်ကကိုင်းထပ်ထွက်လာရင် ဒီနည်းနဲ့ထပ်စိုက်ပြီး ရွှေ့ပြောင်းစိုက်သောအပင်အရေအတွက်တိုးလာမည်။

ချင်လင်နှင့်လီခိုင်က ယွီရွှေ့နှင့်သုတေသနသမားများရွှေ့စိုက်နေသည်ကိုစောင့်ကြည့်နေစဉ် ဝန်ကြီးလုဖုန်းဆက်လာသည်။

ဝန်ကြီးလုကမပြောမဆိုရောက်ချလာ၏။

ချင်လင်နှင့်လီခိုင်က ဝန်ကြီးလုကိုသွားကြိုသည်။ တော်ဝင်ပညာရှင်လီကိုမြင်သောအခါ ဝန်ကြီးလုလက်ဖက်ပင်အကြောင်းသိသွားပြီမှန်း ချက်ချင်းသဘောပေါက်လိုက်သည်။

ဒါပေမဲ့ မထူးဆန်း။

တော်ဝင်ပညာရှင်လီက ဒီအကြောင်း အထက်လူများကိုသေချာပေါက်တင်ပြပေလိမ့်မည်။

"သူဌေးချင်!''

တော်ဝင်ပညာရှင်လီက ချင်လင်ကိုမြင်သောအခါ ချက်ချင်းနှုတ်ဆက်ပြီးရှင်းပြသည်_

"ဝန်ကြီးလုကိုလက်ဖက်ပင်အကြောင်းပြောပြီးပြီ... ဒီတစ်ခါ ဝန်ကြီးလုက ဆေးပညာရှင်တစ်ဦးခေါ်လာတယ်... သူကဒီလက်ဖက်ရဲ့ဆေးဖက်ဝင်အာနိသင်တွေကို လူနာနဲ့သုတေသနလုပ်လိမ့်မယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

တကယ်တော့ သူလည်း ကင်ဆာလူနာတချို့ကိုပေးကြည့်ချင်သည်။

သို့ရာတွင် ဒီလိုသုတေသနမျိုးက အလွန်ကရိကထများသော လုပ်ထုံးလုပ်နည်း၊ လျှောက်လွှာများလိုအပ်သည်။

လက်ဖက်လေးပဲဟာ။ သူဆိုရင် လက်ဖက်ရည်သောက်ဖိတ်ပြီး ဒီအဆင့်တွေကျော်ပစ်မည်။

သို့ရာတွင် ကင်ဆာလူနာသဘောတူမတူက မေးစရာရှိသေး၏။

စိုးရိမ်စရာရှိတာက သဘောတူစာချုပ်မရှိဘဲသူကုပေးလိုက်ရင် လျှို့ဝှက်စမ်းသပ်သည်ဆိုပြီးလျော်ကြေးတောင်းမှာစိုးရသည်။ ဒါဆိုအောင့်သက်သက်ဖြစ်ရဦးမည်။

ဒါမျိုးတွေမရှိဘူးမထင်လိုက်နှင့်။

အင်တာနက်ပေါ်တွင် မိဘများကသူတို့ကလေးကိုသင်ပြပေးရန် ဆရာဆီအပ်ကြသည်။ ဆရာကြောင့် ကလေးကကျောင်းကောင်းကောင်းရောက်သွားသောအခါ ဆရာကိုပြန်ပြီးအာခံတတ်ကြသည်။

ဒီလိုလူတွေအများကြီးရှိသည်။

ဒါမျိုးတွေက စိတ်ရှုပ်စရာ၊စက်ဆုပ်စရာ။ ရှောင်နိုင်ရင်အကောင်းဆုံးပင်။

ဝန်ကြီးလုကကားပေါ်မှဆင်းပြီးစောင့်နေသည်။

သူ့ကိုမြင်သည်နှင့် လှိုက်လှိုက်လှဲလှဲရောက်လာပြီး_

"သူဌေးချင်... တကယ် အမြဲတမ်းအံ့ဩရအောင်လုပ်တာပဲ... တစ်နေ့ ကန္တာရထဲမှာမင်းမြက်ပင်တွေစိုက်ထားတယ်လို့ကြားရင် ငါမအံ့ဩတော့ဘူး''

အခုကမ္ဘာကြီးက ကန္တာရဆန်လာပြီး ကန္တာရစီမံရေးကလည်း အခက်ခဲဆုံးပြဿနာတစ်ခုပင်။

ကင်ဆာက လူသားတို့အတွက်အဆုံးသတ်ရောဂါတစ်ခုဖြစ်ရင် ကန္တာရကကမ္ဘာကြီးအတွက်အဆုံးသတ်ရောဂါဖြစ်သည်။

အခုသူဌေးချင်က လူတွေရဲ့အဆုံးသတ်ရောဂါကိုကုပေးနိုင်ပြီဖြစ်၍ တစ်နေ့ကမ္ဘာကြီးရဲ့အဆုံးသတ်ရောဂါသူကုပေးနိုင်ရင် အထူးအဆန်းမဟုတ်တော့။

"ဝန်ကြီးလု မြှောက်လွန်းနေပါပြီ... အဲဒါကံကောင်းလို့ပါ''

ချင်လင်ကမတတ်သာပုံနှင့်ပြန်ဖြေလိုက်သည်။

အမှန်အတိုင်းပြောရရင် ဒီလိုချီးကျူးတာတွေကိုသူမနေတတ်။

All Chapters