← Chapters

ပေါ်ကုန်တော့မယ်! ၂

Vol. 69 Ch. 1035

ပေါ်ကုန်တော့မယ်! ၂

Vol. 69 Ch. 1035

ချီးကျူးခံရလေလေ လူလိမ်လိုခံစားရလေလေပင်။ သူ့ဗဟုသုတတွေက ဒီလိုယုံကြည်မှုချက်မျိုးရအောင်လုံးဝမလုပ်ပေးနိုင်။

ဒါပေမဲ့ သူဘာတတ်နိုင်လဲ? အစ်ကိုလီကိုဓားစာခံဖြစ်စေချင်သည်။

အစ်ကိုလီကလည်း အခုဉာဏ်ကောင်းလာပြီ။ သူ့ဆက်တိုက်လှုပ်ရှားမှုတွေကြောင့် ပြန်ခုခံနိုင်စွမ်းမရှိပေ။

လက်ဖက်ပင်ကိုပျိုးထောင်သူက သူဖြစ်သည်ဟုအတည်ပြုပြီးကြပြီ။

ဒီလက်ဖက်ပင်ကဂိမ်းထဲမှဖြစ်သောကြောင့် ဘယ်ကရလဲပြောလို့မရ။ ဒီတစ်ခါအိုးမည်းက သူဖြစ်တော့မည်။

"သူဌေးချင်က နှိမ့်ချလွန်းနေပြီ''

ဝန်ကြီးလုကပြုံးပြုံးနှင့် သူ့ဘေးမှလူကြီးကို ချင်လင်နှင့်မိတ်ဆက်ပေးသည်_

"သူဌေးချင် ပါမောက္ခလီခိုင်... ဒါတော်ဝင်ပညာရှင်ယွမ်ရှန်ပဲ... ဆေးသုတေသီပေါ့''

"တော်ဝင်ပညာရှင်ယွမ်!''

ချင်လင်ကလည်း ချက်ချင်းလက်ဆွဲနှုတ်ဆက်သည်။

ယွမ်ရှန်က ချင်လင်ငယ်ရွယ်ပုံကိုကြည့်ပြီး သက်ပြင်းမချဘဲမနေနိုင်တော့_

"သူဌေးချင်ကဒီလိုငယ်ရွယ်ပြီးအလားအလာရှိတာကိုး... ဒီတစ်ခါ တို့ဆေးသုတေသနဌာနကိုရှက်အောင်လုပ်လိုက်တာပဲ''

သူမလာခင် တစ်ဖက်လူအနေအထားကိုသိထားသော်လည်း ကိုယ်တိုင်တွေ့ပြီးအံ့ဩရသေးသည်။

ငယ်လိုက်တာ!

ဒါပေမဲ့ ဒီလူငယ်လေးက သူတို့ နှစ် ၂၀ ကျော်သုတေသနလုပ်ပြီးတိုးတက်မှုမရှိတဲ့ပြဿနာကိုဖြေရှင်းပေးလိုက်ပြီ။

သူကံကောင်းတာဖြစ်ဖြစ်ဘာဖြစ်ဖြစ် ဒီအပိုင်းမှာ ဒီလူငယ်ကြောင့်သူတို့အရှိုက်ထိသွားပြီ။

"သူဌေးချင်... လက်ဖက်ပင်လိုက်ပြပါဦး''

ဝန်ကြီးလုက စူးစမ်းချင်နေပြီ။

ဒါကလည်း ဒီတစ်ခါလာရင်းကိစ္စပင်။

"ဝန်ကြီးလု တော်ဝင်ပညာရှင်ယွမ် ဒီဘက်ကြွပါ!''

ချင်လင်လည်းပြုံးပြုံးနှင့် အပန်းဖြေစံအိမ်ထဲကြိုဆိုပြီး လက်ဖက်ပင်လိုက်ပြသည်။

ဝန်ကြီးလုနှင့်ယွမ်ရှန်က လက်ဖက်ပင်သုံးပင်ကိုမြင်သည်နှင့် ခပ်သုတ်သုတ်လျှောက်သွား၏။

နှစ်ယောက်သား လက်ဖက်ပင်ကိုပတ်စစ်ဆေးပြီး စိတ်လှုပ်ရှားပုံပေါက်နေကြသည်။

ဒီလက်ဖက်ပင်သုံးပင်ကြည့်ရတာ ဘာမှထူးခြားပုံမရ။ သာမန်လက်ဖက်ပင်နဲ့တူပေမဲ့ ထွက်လာတဲ့လက်ဖက်တွေမှာ ဒီလောက်ထူးခြားတဲ့အာနိသင်မျိုးရှိနေမယ်လို့ဘယ်သူထင်မလဲ?

အကြာကြီးကြည့်ပြီးနောက် ချင်လင်လည်းလက်ဖက်ရည်သောက်ဖိတ်လိုက်သည်_

"ဝန်ကြီးလု တော်ဝင်ပညာရှင်ယွမ်... မျှော်စင်ထဲသွားထိုင်ပြီး ဒီလက်ဖက်ရည်သောက်ကြရအောင်''

ဝန်ကြီးလုနှင့်ယွမ်ရှန်က ချင်လင်နောက်လိုက်ပြီး မျှော်စင်ထဲရောက်လာသည်။ လီခိုင်နှင့်တော်ဝင်ပညာရှင်လီက နောက်ကလိုက်လာ၏။

"သူဌေးချင်ရဲ့မျှော်စင်ကမဆိုးဘူး... လမ်းလျှောက်ရုံနဲ့ စိတ်အေးချမ်းသွားတယ်''

ဝန်ကြီးလုကမျှော်စင်ထဲဝင်လာပြီးထိုင်သည်။ မျှော်စင်ကထူးခြားကြောင်း သူသတိထားမိသည်။

"အနံ့လည်းရတယ်''

ယွမ်ရှန်ကဖြည့်ပြောသည်_

"အရမ်းကောင်းတာပဲ... သာမန်သစ်တော့မဟုတ်ဘူးမလား?''

တော်ဝင်ပညာရှင်လီက ကူရှင်းပြသည်_

"တော်ဝင်ပညာရှင်ယွမ်ပြောတာမှန်တယ်... ဒီမျှော်စင်ကသစ်မွှေးနဲ့လုပ်ထားတာ... ဒီသစ် ၅၀၀ ဂရမ်ကိုသောင်းချီတန်တယ်လို့ သူဌေးချင်ပြောဖူးတယ်''

"၅၀၀ ဂရမ်ကိုသောင်းချီ?''

ယွမ်ရှန်မှာအတော်များများမြင်ဖူးသူဖြစ်သော်လည်း မျှော်စင်နှင့်စင်္ကြံအရွယ်အစားကိုကြည့်ပြီး အံ့ဩရသေးသည်။

"ဒီသစ်ဘယ်လောက်တန်တန် သုံးဖို့ပဲလေ... လက်ဖက်ရည်သောက်ရအောင်!''

ချင်လင်လည်း လက်ဖက်ရည်အိုးနှင့်ပန်းကန်များယူလာခိုင်းလိုက်သည်။ သူကအသစ်လှော်ထားသောလက်ဖက်ခြောက်ကိုထုတ်ပြီး အလုပ်စသည်။

လက်ဖက်ရည်အိုးရသောအခါ ဝန်ကြီးလု၊ယွမ်ရှန်၊တော်ဝင်ပညာရှင်လီတို့အတွက် တစ်ခွက်စီငှဲ့ပေးလိုက်ပြီး_

"ဒါကင်ဆာအတွက်အာနိသင်ရှိတဲ့လက်ဖက်ခြောက်ပဲ... အားလုံးမြည်းကြည့်ပါဦး''

ဝန်ကြီးလုနှင့်ယွမ်ရှန်က တောက်လျှောက်စူးစမ်းချင်နေသောကြောင့် လက်ဖက်ခွက်ယူပြီးတစ်ငုံသောက်လိုက်သည်။

လက်ဖက်နံ့နှင့်အရသာက အရည်အသွေး ၁ သာဖြစ်သော်လည်း သူတို့နှစ်ယောက်ကသောက်ပြီးစွဲသွားသည်။

"ဒီလက်ဖက်ရည်မဆိုးဘူး... ကင်ဆာအပေါ်အာနိသင်မရှိရင်တောင် အရမ်းကောင်းတဲ့လက်ဖက်ရည်ပဲ''

ဝန်ကြီးလုအံ့ဩနေသည်။

တော်ဝင်ပညာရှင်လီကခေါင်းညိမ့်ပြီး_

"ဟုတ်တယ်... ကင်ဆာအပေါ်အာနိသင်ရှိတယ်... အရသာလည်းအရမ်းကောင်းတယ်... သူဌေးချင် ဒီလက်ဖက်ပင်ကိုကြော်ငြာရင် တစ်နိုင်ငံလုံးခေတ်ထသွားလိမ့်မယ်... လက်ဖက်ရည်ယဉ်ကျေးမှု ပြန်ပြီးဦးမော့လာမှာ''

ယွမ်ရှန်ကတစ်ခွက်သောက်ပြီး မျှော်လင့်ချက်နှင့်_

"သူဌေးချင်... ဒီလက်ဖက်ပင်ရဲ့အချက်အလက်တွေကြည့်လို့ရမလား?''

"အစ်ကိုလီ!''

ချင်လင်က လီခိုင်ကိုကြည့်လိုက်သည်။ အချက်အလက်ကလျှို့ဝှက်ချက်မဟုတ်။

ဒါပေမဲ့ အချက်အလက်က အစ်ကိုလီဆီမှာ။ သူ့မှာမရှိ။

"အင်း!''

လီခိုင်ကခေါင်းညိမ့်ပြီး ကွန်ပျူတာယူကာ သူ့အကောင့်ထဲဝင်လိုက်သည်။ လက်ဖက်စမ်းသပ်ချက်များကိုဆွဲထုတ်ပြီး ယွမ်ရှန်ဆီပေးရင်း_

"တော်ဝင်ပညာရှင်ယွမ် ကြည့်ပါ!''

ယွမ်ရှန်က ပညာရှင်ဖြစ်သည်။ စမ်းသပ်ချက်နှင့်ပါဝင်ပစ္စည်းနှိုင်းယှဉ်ချက်ကိုတစ်ချက်ကြည့်ရုံနှင့် ဒီလက်ဖက်ကကင်ဆာအပေါ်အာနိသင်ရှိမှန်းသူသိသည်။

သူကဖတ်ပြီးနောက် ချင်လင်ကိုစူးစိုက်ကြည့်ကာ_

"သူဌေးချင်... ဒီလက်ဖက်ပင်ကိုပျိုးထောင်ပြီးကြော်ငြာရမယ်''

အချိန်ကျရင် ဒီလက်ဖက်ပင်ကြောင့် ပြည်သူတွေအကျိုးရှိရုံသာမက ကမ္ဘာတလွှားမှဆေးပညာအဖွဲ့အစည်းများကလည်း သူတို့ကိုအရာသွင်းကြမည်။

ဝန်ကြီးလု ယွမ်ရှန်ကိုခေါ်လာခြင်းက ဒီအပိုင်းမှာပညာရှင်​ဖြစ်သောကြောင့်ပင်။

အခုကြားလိုက်ရသောစကားအရ လက်ဖက်ရဲ့ကင်ဆာအပေါ်ထိရောက်တဲ့အာနိသင်က သူထင်ထားတာထက်မြင့်နေသောကြောင့်ဖြစ်ရမည်။

ကောင်းပြီ!

နောက်ပြီး ဒါကိုပျိုးထောင်ကြော်ငြာလိုက်ရင် သူတို့ကိုမော့ကြည့်ရမှာ ဆေးပညာအဖွဲ့အစည်းတင်မဟုတ်။

တို့မှာကင်ဆာကုနိုင်တဲ့လက်ဖက်ရှိပြီ။ ကင်ဆာက တို့အတွက်ပြဿနာမဟုတ်တော့။ တခြားနိုင်ငံကလူတွေဘယ်လိုဖြစ်သွားမလဲ?

ကင်ဆာရှိတဲ့သူ ဘယ်နှစ်ယောက်ရှိပြီး ဘယ်နှစ်ယောက်ကကင်ဆာကြောက်ကြသလဲ?

အထူးသဖြင့် သူတို့လက်ဖက်ကိုရှုတ်ချခဲ့ကြတဲ့နိုင်ငံတွေ ကြက်သေ​သေသွားမည်။

ဒီလက်ဖက်က အတိုင်းအတာတစ်ခုအထိ နည်းဗျူဟာအရင်းအမြစ်ဖြစ်နိုင်သည်။

"အကောင်းဆုံးပါပဲ ဝန်ကြီးလု''

ချင်လက်ကပြောလိုက်သည်_

"အဓိကရည်ရွယ်ချက်က ကင်ဆာကုဖို့ပါပဲ''

ဝန်ကြီးလုက ခေါင်းညိမ့်ပြီး_

"ကောင်းပြီ... ငါစီစဉ်ပေးမယ်... တည်နေရာက ရုံချန်းဆေးရုံဖြစ်မယ်... ငါရုံချန်းနဲ့ဆက်သွယ်ပြီး လက်တွေ့စမ်းသပ်မယ့်နေရာကိုသီးခြားခွဲခိုင်းထားမယ်''

All Chapters