ဆန်းကြယ်တောင်ကြား! ၂
Vol. 69 Ch. 1022
အရင်ကဝဂ်ယူအမဲသားမှာ နိုင်ငံတကာအဆင့်မြင့်အစားအသောက်စျေးကွက်တွင် ထိပ်တန်းဖြစ်ခဲ့သည်။ အခုတော့ သူတို့စီရင်စုလေးကမွေးမြူရေးခြံလေးမှာမွေးမြူနိုင်ပြီ။
စီးပွားရေးရှုထောင့်ကကြည့်ရင် သူဌေးချင်ကဘုရားပေးတဲ့ဆုလာဘ်ကိုဖြုန်းတီးနေသလိုဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးအရကြည့်ရင် သူဌေးချင်စိတ်ဖြေတဲ့နည်းကိုသူခံစားမိသည်။ သူဌေးချင်ကိုအရမ်းလည်းလေးစားမိသည်။
အင်တာနက်ပေါ်မှာ ဂျပန်ကိုရန်စနေသူများတောင်ရှိသည်။ နောက်ထပ်တားမြစ်ပါဦးလား၊ ချင်းလင်ကုမ္ပဏီက လုပ်နိုင်မလားကြည့်ရတာပေါ့ဟူ၍။
တချို့က အနောက်နိုင်ငံတွေနဲ့ပတ်သက်ရင် ချင်းလင်ကုမ္ပဏီကသာကောင်းသည်ဟုတောင်ဆိုကြသည်။
လျန်ချန်ကထပ်စဉ်းစားကြည့်သည်။ ကြည့်ရတာ သူဌေးချင်အတွက် နွားလိုဟာကဘာမှဟုတ်မည်မထင်။
ချင်းလင်ကုမ္ပဏီကြောင့် သူဌေးချင်က အမဲသားရောင်းပြီးရလာမည့်ပိုက်ဆံကိုစိတ်ဝင်စားမည်မဟုတ်။ သူဉာဏ်တိမ်သွားသည်။
"ကောင်းပါပြီ လျန်ချန်... တခြားမရှိတော့ရင် ကျွန်တော်မွေးမြူရေးခြံပြန်ပြီး သွားကြည့်လိုက်ဦးမယ်''
လင်းဖာကအစီရင်ခံပြီးနောက် လျန်ချန်ရုံးခန်းထဲမှထွက်လာသည်။
လျန်ချန်က လင်းဖာကိုလိုက်ပို့ပြီးနောက် ဖုန်းဝင်လာသည်။ သတင်းကြားပြီးနောက် သူဝမ်းသာသွားပြီး_
"ဟုတ်လား? ဟုတ်ပြီ ဟုတ်ပြီ... ငါလာခဲ့မယ်''
ဒီလိုနှင့် လျန်ချန်ကရုံးခန်းအပြင်ပြေးထွက်ပြီး ဒရိုင်ဘာကိုကားမောင်းခိုင်းလိုက်သည်။
နင်းမြို့တော်က စွပ်ပြုတ်သောက်ဖို့အတုခိုးတဲ့နည်းဗျူဟာကိုပြောင်းလိုက်ပြီ။ အမဲသားပရောဂျက်က စွပ်ပြုတ်၊ ချင်းလင်ဆန်ပရောဂျက်ကလည်း စွပ်ပြုတ်ဖြစ်သည်။ နောက်ပြီး နှစ်ခုလုံးက ရောင်းကုန်တွေ။
နင်းမြို့တော်မှာချင်းလင်စပါးစိုက်ဖို့အဆင်ပြေရင် ရလာမယ့်အကျိုးအမြတ်ကမခန့်မှန်းနိုင်အောင်ပင်။ နောက်နှစ် နင်းမြို့တော်မှာ ချင်းလင်စပါးစိုက်ဖို့ကြော်ငြာနိုင်မည်။
သာမန်ဆန်တစ်ပြည်ကိုဘယ်လောက်လဲ? နင်းမြို့တော်ကအတော်များများ လယ်မလုပ်ချင်ကြ။
ဒါပေမဲ့ ချင်းလင်စပါးဆိုတမျိုးဖြစ်သွားပြီ။ အရင်က ရှန်းရွှေလက်ဆောင်ဆန်။ ချင်းလင်ဆန်က ရှန်းရွှေလက်ဆောင်ဆန်ထက်အရည်အသွေးပိုကောင်းသည်။
ဒီတော့ ချင်းလင်ဆန်ကိုရှန်းရွှေလက်ဆောင်ဆန်စျေးနဲ့တွက်ရင်တောင် နင်းမြို့တော်မှာစိုက်ပျိုးလိုက်ပါက နောင်နှစ် နင်းမြို့တော်ရဲ့ GDP ထပ်တက်လာမည်။
ပြဿနာက ချင်းလင်ဆန်ကိုနင်းမြို့တော်မှာစိုက်လို့ရမရဆိုတာပင်။ ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်ကပတ်ဝန်းကျင်အလွန်ရွေးမှန်းသိကြသည်။ ချင်းလင်ဆန်လည်း ဒီအတိုင်းပင်။ မဟုတ်ရင် ချင်းလင်ဓာတ်ခွဲခန်းက ဒီလောက်နေရာအများကြီးမှာစမ်းသပ်နေမှာမဟုတ်။
မင်မြို့တော်အပြင်ရောက်ရင် ချင်းလင်စပါးအပင်မပေါက်မှန်းတောင်သူသိသည်။
အခု သူတို့နင်းမြို့တော်မှာစမ်းသပ်ထားတဲ့ချင်းလင်စပါးမှည့်ပြီး ချင်းလင်ဓာတ်ခွဲခန်းကရိတ်သိမ်းနေပြီဖြစ်ကြောင်းသတင်းရ၍ လျန်ချန်မဖြစ်မနေသွားကြည့်ရမည်။
မကြာမီ ချင်းလင်ဓာတ်ခွဲခန်းက ချင်းလင်စပါးစိုက်ထားသောနေရာသို့ရောက်လာသည်။ လုံခြုံရေးများချထားပြီး အထဲတွင်ချင်းလင်ဓာတ်ခွဲခန်းမှလူများကရိတ်သိမ်းနေကြသည်။
လျန်ချန်ကချက်ချင်းကားပေါ်မှဆင်းပြီး အလောတကြီးပြေးလာသည်။
နင်းမြို့တော်စီရင်စုဒုဥက္ကဌဖြစ်၍ဝင်ခွင့်ရသည်။ သုတေသနသမားတစ်ဦးနှင့်သူ့ကိုမိတ်ဆက်ပေးပြီး ရှင်းပြ၏_
"သုတေသီလီ... ဒါက နင်းမြို့တော်စီရင်စုဒုဥက္ကဌပါ''
"မင်္ဂလာပါ လျန်ချန်!''
သုတေသီလီက လျန်ချန်ကိုအမြန်နှုတ်ဆက်လိုက်သည်။
သူက ချင်းလင်ဓာတ်ခွဲခန်းသုတေသနအဖွဲ့က ချင်းလင်ဆန်သုတေသနသမားတစ်ယောက်သာ။ ဒုဥက္ကဌအပေါ်သူမရိုင်းရဲ။
"တွေ့ရတာဝမ်းသာပါတယ် သုတေသီလီ''
လျန်ချန်က ယဉ်ယဉ်ကျေးကျေးနှင့်_
"တို့စီရင်စုကချင်းလင်ဆန်ရဲ့အရည်အသွေးဘယ်လိုလဲ သိပါရစေ?''
သူ့မျက်စိထဲတွင် ချင်းလင်ဓာတ်ခွဲခန်းမှသုတေသီလီမှာ နင်းမြို့တော်၏အနာဂတ်ကိုဆုံးဖြတ်ပေးမည့်သူဟုမြင်နေသည်။
ရှေ့လျှောက် သူတို့နင်းမြို့တော်မှာချင်းလင်စပါးစိုက်နိုင်မစိုက်နိုင်က သူ့စမ်းသပ်ချက်အပေါ်မူတည်နေသည်။
အခုဒီမေးခွန်းမေးပြီး သူနည်းနည်းစိတ်လှုပ်ရှားနေ၏။
သူတို့ကအဆင်မပြေဘူးပြောရင် သူ့ရင်ဝကိုဆောင့်ကန်လိုက်သလိုဖြစ်မည်။
လျန်ချန်သိချင်သည်ကို သုတေသီလီကနားလည်၍ပြုံးလိုက်ပြီး_
"မပူပါနဲ့ လျန်ချန်... ကျွန်တော်ကြိုစစ်ဆေးပြီးပါပြီ... နင်းမြို့တော်မှာစိုက်တဲ့ချင်းလင်စပါးက အရည်အသွေးကောင်းတယ်... အဲဒါကြောင့် ချင်းလင်စပါးကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ဖို့သင့်တော်တယ်... နောက်ကျရင် ဓာတ်ခွဲခန်းရဲ့ဥက္ကဌရှန်က ဒီအကြောင်း နင်းမြို့တော်နဲ့ဆွေးနွေးပါလိမ့်မယ်''
"ဟုတ်လား? ကျေးဇူးအများကြီးတင်ပါတယ် သုတေသီလီ''
လျန်ချန်ကသတင်းကြားပြီး ကလေးတစ်ယောက်လိုပျော်မြူးကာ လက်သီးလက်မောင်းတန်းလိုက်သည်။
နင်းမြို့တော် GDP ငြိမ်နေပြီး နင်းပြည်သူများ၏ဝင်ငွေတည်ငြိမ်နေသည်။
အခု ချင်းလင်ဆန်အရည်အသွေးမျိုးမျိုးရှိကြောင်း ချင်းလင်ဓာတ်ခွဲခန်းမှတဆင့် စီရင်အားလုံးသိရသည်။ ပျမ်းမျှအဆင့်က ရှန်းရွှေလက်ဆောင်ဆန်နှင့်တူသည်။ သို့သော် ရုံချန်းနှင့်အလှမ်းဝေးပြီး ချင်းလင်ဆန်စိုက်ပျိုးရန်သိပ်မသင့်တော်သောနေရာများတွင်သာဖြစ်သည်။
သို့ဆိုရင်တောင် ရှန်းရွှေလက်ဆောင်ဆန်အဆင့်ရှိ၍ ချင်းလင်ဓာတ်ခွဲခန်းမှလာရောက်စိုက်ပျိုးမည့်အခွင့်အရေးကိုအမိအရယူသင့်သည်။
တစ်ဆင့်မြင့်ရင် အရည်အသွေးကောင်းဖြစ်သည်။ (အရည်အသွေး ၁)
အရည်အသွေး ၁ ချင်းလင်ဆန်ကို ရုံချန်းနှင့်အနီးအနားစီရင်စုတချို့တွင်သာစိုက်ပျိုးနိုင်သည်။ စီရင်စုသုံးခုမှာ အရည်အသွေး ၁ ချင်းလင်ဆန်စိုက်ပျိုးနိုင်ကြောင်းအတည်ပြုပြီးဖြစ်သည်။
အခု သူတို့နင်းမြို့တော်က စတုတ္ထမြောက်ပင်။
ဒါ နင်းမြို့တော်ကထွက်တဲ့ချင်းလင်ဆန်က အရမ်းစားကောင်းမယ့်သဘောလည်းဖြစ်သည်။
အိုးထဲကအသားတုံးကြီးကိုတော့ ရုံချန်းကစားသွားတာပေါ့။ အရည်အသွေးကောင်းချင်းလင်ဆန်အပြင် အရည်အသွေးမြင့်ချင်းလင်ဆန်ရှိသေးသည်။ ကြည့်ရတာ ထိုဆန်ကိုရုံချန်းရဲ့ချင်းလင်တောင်တန်းစံအိမ်မှာသာ စိုက်ပျိုးနိုင်ပုံရသည်။
ပစ္စည်းကောင်းတွေအကုန် ရုံချန်းမှာ။ ဒါပေမဲ့ သူဘာတတ်နိုင်မလဲ? သူဌေးချင်က ရုံချန်းကလေ။
…
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်ကရုံးခန်းထဲထိုင်ပြီး ဂိမ်းဇာတ်ကောင်အားနေ့စဉ်တာဝန်များလုပ်ခိုင်းနေစဉ် ရှန်လီကပြုံးပြုံးနှင့်ရောက်ချလာသည်။
"ဥက္ကဌရှန်... သတင်းကောင်းရှိလို့လား?''
ချင်လင်ကပြုံးပြီးမေးသည်။
ရှန်လီကပြုံးလိုက်ပြီး_
"ဥက္ကဌချင်... ချင်းလင်စပါးစမ်းသပ်စိုက်ခင်းတွေကတင်ပြလာတယ်... မင်မြို့တော်စီရင်စု ၁၂ ခုလုံးမှာ ချင်းလင်စပါးစိုက်လို့ရတယ်တဲ့... မင်မြို့တော်အပြင်ကစမ်းသပ်စိုက်ခင်းတွေမှာတော့ ချင်းလင်စပါးစိုက်နိုင်တဲ့စီရင်စု ၇ ခုရှိတယ်''
"တစ်နည်းပြောရရင် ချင်းလင်စပါးစိုက်နိုင်တဲ့စီရင်စု စုစုပေါင်း ၁၉ ခုရှိတယ်... အဲဒီအထဲမှာ မင်မြို့တော်အပြင်စီရင်စု ၆ ခုနဲ့မင်မြို့တော်ကစီရင်စု ၄ ခုမှာပဲ ရှန်းရွှေလက်ဆောင်ဆန်နဲ့တူတဲ့ဆန်မျိုးထွက်တာ''
"တခြားစီရင်စုတွေမှာစိုက်တဲ့ချင်းလင်စပါးက အရည်အသွေးကောင်း(အရည်အသွေး ၁)ရှိတယ်... ကျန်တဲ့စမ်းသပ်စိုက်ခင်းတွေတော့ မအောင်မြင်ဘူး... ဆန်အရည်အသွေးမကောင်းတာ.. အာဟာရတန်ဖိုးမပြည့်ဝတာတွေရှိတယ်.. တချို့က ခါးတောင်ခါးတယ်''
"ဟုတ်ပြီ... အတော်များများတော့ရထားပါတယ်''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
စုစုပေါင်းစီရင်စု ၁၉ မှာစိုက်နိုင်သည်။ စီရင်စု ၁၀ ခုကအရည်အသွေးကျရင်တောင် ရှန်းရွှေလက်ဆောင်ဆန်အဆင့်ရှိ၍ စီရင်စု ၉ ခုက အရည်အသွေး ၁ ရှိသည်။
ဒါရှန်းရွှေလက်ဆောင်ဆန်နှင့်ယှဉ်လျှင် အများကြီးတိုးတက်သည်။
ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်က ထိုနေရာသေးသေးမှာသာစိုက်နိုင်သည်။
နောက်ပြီး သူကမျိုးစေ့ထုတ်စက်နှင့် ရှန်းရွှေလက်ဆောင်ဆန်မျိုးတချို့ကိုထုတ်ထား၍ အထွက်နှုန်းနှစ်ဆရှိသည်။ နောက်ပိုင်း အဲဒီမျိုးစေ့တွေကိုစိုက်ရင် အထွက်နှုန်းပိုမြင့်လာမည်။
ချင်းလင်ဆန်က ၅၀၀ ဂရမ်သုံးလေးရာရှိရင်တောင် ထိပ်တန်းလူတွေရဲ့ထမင်းစားပွဲပေါ်တင်ရောက်မှာမဟုတ်။ သာမန်လူတွေလည်း ရံဖန်ရံခါစားနိုင်မည်။
ပွဲတော်ကာလမှာ ဘယ်သူမှဆန်အတွက်ငွေကုန်မခံချင်။
ကောင်းသည်။
ရှန်လီကထပ်ရယ်လိုက်ပြီး_
"ချင်းလင်ဆန်စိုက်နိုင်တဲ့စီရင်စုခေါင်းဆောင်တွေက တစ်နေ့သုံးလေးကြိမ်ဖုန်းဆက်ကြတယ်... ချင်းလင်ဆန်စိုက်ဖို့အကြောင်းဆွေးနွေးဖို့လောနေကြတာ... တချို့ခေါင်းဆောင်တွေက ချင်းလင်ဓာတ်ခွဲခန်းကိုတောင်လာချင်နေပြီ... ကျွန်တော်တို့အလုပ်များတော့မယ်''
ချင်းလင်ကုမ္ပဏီဖွံ့ဖြိုးလာသည်နှင့်အမျှ သူ့လွှမ်းမိုးနိုင်စွမ်းက ရုံချန်းမှာအကန့်အသတ်မရှိပေ။
ဘာပဲဖြစ်ဖြစ် ရုံချန်းကစီရင်စုတစ်ခုသာ။
ပတ်ဝန်းကျင်စီရင်စုများတွင်လည်း ချင်းလင်ကုမ္ပဏီ၏သက်ရောက်မှုရှိလာသည်။ ချင်းလင်ဆန်ပရောဂျက်နှင့်တင် ထိုစီရင်စုများ၏ GDP ကို သေချာပေါက်အဆင့်တက်စေလိမ့်မည်။
"ဒီအတွက် ဥက္ကဌရှန်ကိုဒုက္ခပေးရဦးမှာပဲ''
ချင်လင်ပြုံးလိုက်သည်။
"ကျွန်တော်လုပ်သင့်တာပါ''
ရှန်လီက ဒါခက်တယ်မထင်။ သူ့အဖို့တော့ ဝမ်းသာစရာပင်။ ဘာပဲဖြစ်ဖြစ် သူ့မှာဆုလာဘ်အဖြစ်ရှယ်ယာရှိသည်။
ရှန်လီထွက်သွားပြီးနောက် ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်တက်လမ်းသွားစေပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
ဂိမ်းတောင်တက်လမ်းတွင်ပေါ်ပေါ်လာချင်း ချင်းလင်က တည်နေရာကိုနှိုင်းဆပြီး တစ်နေရာဦးတည်သွားလိုက်သည်။
မနေ့က နတ်ဘုရားမတောင်ပေါ်တက်ပြီး သူစူးစမ်းခဲ့သည်။ ဒီဘက်တွင်တောင်ကြားလမ်းလေးတွေ့ထားပြီး တောင်ကြားထဲတွင်အဆောက်အဦးများရှိသည်။
အဆောက်အဦးပုံက နည်းနည်းထူးဆန်းသည်။ အဝေးကသေချာမမြင်ရသောကြောင့် သူအရမ်းသိချင်နေသည်။
ဂိမ်းထဲမှာ ဒီလိုနေရာရှိပုံမပေါ်။
သူဝင်လာပြီးနောက်ပိုင်း စနစ်ကြောင့်ရုတ်ချည်းပေါ်လာသည့်တကယ့်လောကဖြစ်မည်။
မနေ့က အချိန်မရ၍ ဂိမ်းထဲမှထွက်လိုက်သောကြောင့်မစူးစမ်းခဲ့ရ။ ဒီနေ့ သူလေ့လာပြီးအဖြေရှာချင်သည်။
ထိုလမ်းအတိုင်း ချင်လင်ကဆက်သွားသည်။ စွမ်းအားပင်အသီးနှစ်လုံးကြောင့် နေ့ဝက်ကုန်ပြီးနောက်တွင် တောင်ကြားထဲရောက်သွားသည်။
သူကမျှော်တလင့်လင့်နှင့် တောင်ကြားထဲလျှောက်သွား၏။ တောင်ကြားထဲဝင်ဝင်ချင်း ပုံရိပ်သုံးလေးခုတွေ့ရသည်။ ထိုပုံရိပ်များမြင်ပြီး သူအံ့ဩသွားသည်။
"ခင်ဗျားတို့... ဘာလို့ဒီရောက်နေတာလဲ?''
ပုံရိပ်တစ်ခုကလည်း ချင်လင်ကိုဇဝေဇဝါနှင့်ကြည့်သည်။