← Chapters

တောင်ထဲဝင်ခြင်း

Vol. 10 Ch. 142

တောင်ထဲဝင်ခြင်း

Vol. 10 Ch. 142

"သတိထား!"

ထန်ယွမ်း အလိုလိုအော်လိုက်ပေမဲ့ ယွီဟွေးဖေးက လုံးဝမရှောင်ဘူး။ စွတ်ဖားက မျက်စိရှေ့ရောက်လာတော့ လက်တစ်ဖက်ကိုမြှောက်ပြီး အောက်ကိုဖိချလိုက်တော့

ဒုန်းဆိုတဲ့အသံနဲ့အတူ အဲ့ဒီစွတ်ဖားက သံချောင်းနဲ့ရိုက်ထားသလို မြေကြီးပေါ်မှာ တုပ်တုပ်မှမလှုပ်တော့ဘူး။

အောက်ကနှင်းတွေကတော့ လွင့်စင်ထွက်သွားတယ်။

မြင်ကွင်းကတော့ တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ပြောရမယ်။

ဒီမြင်ကွင်းကိုတွေ့တော့ အမွှာညီအစ်ကိုနှစ်ယောက်က မထိန်းနိုင်ဘဲ အော်လိုက်လေရဲ့။

"သောက်ကျိုးနည်း အားကြီးဟ"

ခေါင်းဆောင်စုန့်တစ်ယောက်ပဲ ဟက်ဟက်ပက်ပက်ရယ်ပြီး "ခွေးလိမ္မာပဲ"

ယွီဟွေးဖေးကတော့ မျက်နှာနီရဲသွားတယ်...

သူ့အားကတော့ အရှိန်နဲ့လာနေတဲ့စွတ်ဖားကို လက်တစ်ဖက်နဲ့တားနိုင်လောက်အောင် မကြီးမားဘူး။ ဒါပေမဲ့ စွတ်ဖားကို တာဟွမ်တို့က ဆွဲလာတာဆိုတော့ မတူတော့ဘူးလေ။

ဝါကြီးရဲ့ ဉာဏ်ကောင်းပုံနဲ့ဆိုရင် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မယ့်ကိစ္စမျိုး လုပ်မှာမဟုတ်ဘူး။

ဒါကြောင့် သူလက်ဆန့်ပြီး တားလိုက်တာ၊ ဒါပေမဲ့ သူတွေ့လိုက်ရတာက ဒီစွတ်ဖားဟာ ကြည့်ရတာ အရှိန်ပြင်းပေမယ့် တကယ်တော့ အားသိပ်မရှိဘူး။

ပြီးတော့ သူ့ရှေ့ရောက်တဲ့အချိန်မှာ ဆန့်ကျင်ဘက် ခွေးတွေက တစ်ပြိုင်နက်တည်း အားစိုက်ပြီး ကြိုးကိုဆွဲလိုက်တော့ အားကို အများစု ချေဖျက်ပေးလိုက်တယ်။

ယွီဟွေးဖေးလက်ဆန့်တာက တကယ်တော့ အပေါ်မှာ တင်ထားရုံပဲ၊ တကယ်တမ်း အားသိပ်မသုံးလိုက်ဘူး။

သူက ကိုယ်လုပ်တာက အပြစ်အနာအဆာကင်းတယ်လို့ ထင်ခဲ့တာ၊ မထင်မှတ်ဘဲ ခေါင်းဆောင်စုန့်က မြင်သွားတယ်။

ဒါပေမဲ့ ကိစ္စမရှိဘူး၊ သူက မျက်နှာပြောင်ပြောင်နဲ့ ခေါင်းဆောင်စုန့်ပြောတာကို ဘာမှမသိသလို ဟန်ဆောင်ပြီး စွတ်ဖားပေါ်ကို ဖင်ချထိုင်လိုက်တာပေါ့။

ခေါင်းဆောင်စုန့်က ပြုံးပြီး "မျက်နှာပြောင်လိုက်တာ" ပြောပြီးတော့ ကိုယ့်အဖွဲ့ထဲက ထန်ယွမ်းကို တစ်ချက်ကြည့်ပြီး မျက်လုံးမှိတ်ပြီးတော့ ခေါင်းခါလိုက်လေရဲ့။

‘အလှလေးရှေ့မှာ ဟန်ပြတာဆိုတော့လည်း နားလည်ပေးလို့ရပါတယ်လေ...’

အဲ့ဒီခွေးတွေကိုကြည့်ပြီး ထန်ယွမ်းမျက်လုံးတွေလည်း အရောင်တောက်နေတယ်။ ဒါပေမဲ့ ယွီဟွေးဖေးရဲ့ဂုဏ်ယူတဲ့ပုံစံကို ကြည့်လိုက်တော့ အေးစက်စက်ဟွန်းခနဲ "ရွာခွေးက စွတ်ဖားဆွဲတယ်တဲ့လား..." ပြောပြီးတော့ ဆိုင်ကယ်မောင်းပြီး ယွီဟွေးဖေးဘေးကို ရောက်လာတယ်။

"ငါတို့ ခြေထောက်ကို မဆွဲထားရင်တော်ပြီ"

ယွီဟွေးဖေးက ပြုံးဖြီးဖြီးနဲ့ "ဒါ... ကျွန်တော်မသွားရင် ခင်ဗျားက ကျွန်တော့်ရှေ့ကို ပြေးသွားလို့ရမှာလား"

ထန်ယွမ်း ချက်ချင်း ဘာစကားမှမပြောနိုင်တော့ဘူး။ ဒီကောင်က လမ်းပြပဲကိုး။

ယွီဟွေးဖေးက ဘယ်လောက်ပဲနှေးနှေး၊ ခြေထောက်ဆွဲတယ်လို့တော့ ပြောလို့မရဘူး...

စွန်းအဘိုးကြီးက လျှောက်လာပြီး စွတ်ဖားကို စစ်ဆေးကြည့်လေရဲ့။

"တယ်ဟုတ်ပါလား၊ ဒါ တကယ်ပဲ... ကြည့်ရကြမ်းပေမယ့် အတွင်းမှာတော့ သေသပ်တယ်ဟ။ အရင်က ငါ့မှာ ဒီလိုစွတ်ဖားတစ်ခုသာရှိရင် အဲ့ဒီသေနာကျကောင်တွေကို အပြတ်အသတ်နိုင်မှာ"

ဒီလိုစွတ်ဖားကိုတွေ့တော့ စွန်းအဘိုးကြီး စိတ်အေးသွားတယ်၊ သူတကယ်ပဲ ယွီဟွေးဖေးက အစုတ်ပလုတ်တစ်ခုခုကို ယူလာပြီး ပြေးရင်းနဲ့ ပြိုကျသွားမှာကို စိုးရိမ်နေတာ။

စွန်းအဘိုးကြီးတို့နဲ့ နှုတ်ဆက်ပြီးတော့ ယွီဟွေးဖေးက ကြိုးကိုတစ်ချက်လှုပ်ပြီး "ဝါကြီး လမ်းပြ၊ ရှောင်ထျန်းချန် လိုက်ခဲ့"

ဝါကြီးက နှစ်ချက်ဟောင်ပြီး ခွေး၁၃ကောင်ကိုခေါ်ကာ အရှိန်မြှင့်ပြီး ချက်ချင်းပြေးထွက်သွားချိန်

ရှောင်ထျန်းချန် တီးတိုးလေးညည်းလိုက်လေရော။

"သောက်ကျိုးနည်းကွာ... ငါမှ မသွားချင်တာ..."

ဒါပေမဲ့ သူလည်းသိတယ်၊ အဲ့ဒီကောင်တွေက သူ့ကို ပစ်ထုတ်လိုက်တာဆိုတော့ ပြန်ဝင်ခွင့်ပေးမယ့်ပုံမရှိဘူး။ အခုပြန်သွားရင်တောင် ဝင်လို့ရမှာမဟုတ်ဘူး၊ ယွီဟွေးဖေးနောက်လိုက်တာကမှ ကောင်းဦးမယ်။

ဝါကြီးနဲ့ ခွေး၁၃ကောင်က ရှောင်ထျန်းချန်ရဲ့သွေးကို ထိုးသွင်းပြီးနောက်မှာ သိသိသာသာပဲ ခန္ဓာကိုယ်တွေ ပိုသန်မာလာတော့ ပြေးတဲ့အခါမှာ အားပိုရှိသလို အရှိန်ကလည်း အများကြီးတက်လာတယ်။

စွတ်ဖားဆွဲထားတယ်လို့ မထင်ရလောက်အောင် အရှိန်က အရမ်းမြန်တော့ ကြည့်နေတဲ့ အဘိုးကြီးဟူတို့တောင် ကြောင်သွားကြရော။

"ဘာကြည့်နေကြတာလဲ။ လိုက်ကြ"

ခေါင်းဆောင်စုန့် သတိပေးလိုက်တော့မှ လူတွေအားလုံး ခေါင်းညိတ်ပြီး အရှိန်မြှင့်ကာ လိုက်သွားကြတယ်။

ယွီဟွေးဖေးက ရှေ့ကနေလမ်းပြ၊ သူတို့က နောက်ကနေလိုက်၊ လူတွေအားလုံးက အနောက်ဘက်တောင်စောင်းကနေ ရွာထဲကထွက်ပြီး အနောက်ဘက်တောင်တန်းတွေထဲကို ဝင်သွားကြတယ်။

ဒီလမ်းက ညီညာပြီး သစ်ပင်နည်းနည်းပဲရှိတယ်၊ တွင်းတွေလည်း သိပ်မများဘူး။ ယွီဟွေးဖေးအကျွမ်းကျင်ဆုံးလမ်းတွေထဲက တစ်လမ်းပဲ။

တကယ်တော့ ယွီဟွေးဖေးက တောင်နက်ထဲကို သိပ်မသိဘူး၊ သူ့ငယ်ငယ်တုန်းမှာ မုဆိုးတွေက သေနတ်ကိုင်ပြီး တောရိုင်းတိရစ္ဆာန်တွေကို တောင်နက်ထဲကို မောင်းထုတ်ခဲ့တဲ့အပြင် မျိုးတုံးလုနီးပါးအခြေအနေအထိ ရောက်ခဲ့တယ်။

ဒါကြောင့် ယွီဟွေးဖေးတို့လို ကလေးတွေလည်း တောင်ထဲကို မကြာခဏဝင်ကြတယ်။

ဒါပေမဲ့ အချိန်တွေကြာလာတော့ ယွီဟွေးဖေးရဲ့ မှတ်ဉာဏ်က မပီပြင်တော့ဘူး။

တောင်အခြေအနေကိုမသိပေမယ့် ဝါကြီးသိတယ်။ ဝါကြီး ငယ်ငယ်ကတည်းက စွန်းအဘိုးကြီးနဲ့အတူ တောင်ထဲမှာ အမဲလိုက်ခဲ့တာဆိုတော့ ဆယ်နှစ်နီးပါးအတွေ့အကြုံက နောက်တောင်ကို လက်ဖဝါးထဲထည့်ထားသလိုပဲ။

သူအသက်ကြီးသွားပေမယ့် အခါအားလျော်စွာ ခွေးတစ်အုပ်ကိုခေါ်ပြီး နောက်တောင်ကို ကင်းလှည့်တတ်သေးတယ်။ ဒါကြောင့် ယွီဟွေးဖေးက လမ်းတစ်လျှောက်လုံး လမ်းညွှန်ရုံပဲ၊ ကျန်တာက ဝါကြီးက လမ်းပြတာ။ နောက်မှာ အဘိုးကြီးဟူက လေပြင်းနှင်းမုန်တိုင်းကိုခံပြီး ခေါင်းဆောင်စုန့်ဘေးကို ရောက်လာရင်း ယွီဟွေးဖေးရဲ့ဘက်ကို ကြည့်ပြီး မေးတော့တာပဲ။

"ဒီကောင်လေးမွေးထားတာ ဘာခွေးလဲ။ ပြေးနိုင်လိုက်တာလွန်ပါရော"

ခေါင်းဆောင်စုန့်လည်း သေချာနားမလည်ဘူး။

"ကြည့်ရတာ ရွာခွေးနဲ့တူတယ်၊ ရွာခွေးတွေက ခံနိုင်ရည်ရှိပြီး အားကြီးတယ်။ ဒါပေမဲ့ ဒီခွေးက ဉာဏ်များလွန်းတော့ စွတ်ဖားဆွဲဖို့၊ အလုပ်လုပ်ဖို့ သိပ်မသင့်တော်ဘူး။ ငါသံသယရှိတာက ဒါ အရောင်ဆိုးထားတဲ့ ဟက်စကီပဲ"

အဘိုးကြီးဟူက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "လျှောက်မပြောနဲ့... ဟက်စကီဆိုတာက ဘာအရောင်ဆိုးဆိုး မျက်လုံးကြည့်လိုက်တာနဲ့ ပေါ်သွားတာပဲ။ ဒီခွေးတွေက ဟက်စကီနဲ့မတူဘူး၊ တစ်ကောင်ချင်းစီက မျက်လုံးတွေက ကြမ်းတယ်။ ရွာထဲက လူမိုက်တွေလိုပဲ"

ခေါင်းဆောင်စုန့်က ရယ်ပြီး "ဘာလဲ။ မင်းလို ခွေးချစ်သူက စိတ်ဝင်စားသွားပြန်ပြီလား"

အဘိုးကြီးဟူက ဟီးခနဲတစ်ချက်ရယ်ပြီး "ခွေးလိမ္မာနဲ့တွေ့ရတာ မလွယ်ဘူးဟ။ တကယ် စိတ်ဝင်စားသွားတယ်"

"တော်ပြီ... စကားမများနဲ့တော့၊ မြန်မြန်လိုက်ကြ။ ငါတို့လို ဆိုင်ကယ်စီးတဲ့တစ်အုပ်ကို ခွေးတစ်အုပ်က ကျော်သွားရင် အရမ်းရှက်စရာကောင်းတယ်" ခေါင်းဆောင်စုန့်က ပြောပြီးတော့ အရှိန်မြှင့်လိုက်တယ်။

တောင်ထဲဝင်သွားတော့ အားလုံးက ဘေးချင်းယှဉ်မမောင်းတော့ဘူး။ အားလုံးက ယွီဟွေးဖေးရဲ့စွတ်ဖားရာအတိုင်း တစ်တန်းတည်းသွားကြတယ်။ ဒီလိုဆိုရင် တစ်ယောက်နဲ့တစ်ယောက် လေကာပေးနိုင်သလို လေခုခံမှုကို လျှော့ချနိုင်တဲ့အပြင် ဆီခြွေတာနိုင်တာကိုး။

ဒုတိယအနေနဲ့ ရှေ့ကလူက လမ်းစမ်းပြီးပြီ၊ နောက်ကလူက ထပ်သွားရင် ဘေးကင်းလုံခြုံမှုကို သေချာစေနိုင်တယ်။

ဘာပဲဖြစ်ဖြစ် တောင်ထဲဝင်သွားတော့ လေပြင်းက သစ်ပင်ကြီးတွေကို တိုက်ခတ်နေတယ်၊ ဟူးဟူးနဲ့မြည်နေတာမို့ အားလုံးက တစ်ယောက်နဲ့တစ်ယောက် ပြောတဲ့စကားကို လုံးဝမကြားရတော့ဘူး။

နှင်းပွင့်တွေက ကောင်းကင်တစ်ခုလုံးအပြည့်ပဲ။ ကောင်းကင်ကကျလာတာရှိသလို မြေပြင်ကတိုက်ခတ်လာတာရော သစ်ပင်ပေါ်ကကျလာတာပါရှိတယ်။

ဒါကြောင့် နှင်းပွင့်တွေက ထူထပ်နေပြီး ဘာမှမမြင်ရသလောက်ဖြစ်နေပြီ။

ယွီဟွေးဖေးက မျက်မှန်မတပ်ဘဲ မျက်လုံးမှေးပြီး ရှေ့ကိုကြည့်နေပေမယ့်

သူက လမ်းကိုမကြည့်ဘူး၊ သူက အဓိကအားဖြင့် လမ်းပြခွေးကိုပဲ။

ဘေးမှာ ရှောင်ထျန်းချန်က လိုက်ပြေးနေတယ်။ ခဏပြေးပြီးတော့ ဒီသေနာကျခွေးက တစ်ချက်ခုန်ပြီး စွတ်ဖားပေါ်တက်၊ ယွီဟွေးဖေးဘေးမှာ ဖင်ချထိုင်လိုက်ရော။

"သေနာကျခွေး၊ မင်း တက်လာရဲတယ်ပေါ့။ သူများတွေက စွပ်ဖားဆွဲနေတာကို မင်းက လာစီးနေတယ် ဟုတ်လား"

ရှောင်ထျန်းချန်က ဂရုမစိုက်တဲ့ပုံစံနဲ့ "ငါက စွပ်ဖားဆွဲတဲ့ခွေးမဟုတ်ဘူးကွ။ ငါက ဒီခွေးတွေရဲ့ဘိုးဘေးပဲ။ ခွေးမြေးက ဘိုးဘေးကိုဆွဲတာက ဖြစ်သင့်တာပဲ... ပြီးတော့ ငါက ကိုယ်ရံတော်လေ ခွေးတွေထက် တစ်ဆင့်မြင့်တယ်ဟ"

ယွီဟွေးဖေးက သူနဲ့စကားမများချင်တော့ဘူး၊ လက်ထဲမှာ သံလိုက်အိမ်မြှောင်ကိုင်ပြီး လမ်းညွှန်ပြီးတော့ ရှေ့ကိုအော်တယ်။

"ဝါကြီး... ရှေ့ကလမ်းမကောင်းဘူး၊ ငါတို့ ဖြည်းဖြည်းသွားမယ်"

အဲ့တော့ ဝါကြီးက နှစ်ချက်ဟောင်ပြီး အရှိန်လျှော့လိုက်တယ်။

အရှိန်လျှော့တာတွေ့တော့ ခေါင်းဆောင်စုန့်က နှင်းဆိုင်ကယ်စီးပြီး လိုက်လာပေမဲ့ လှည့်ကြည့်လိုက်တော့ ယွီဟွေးဖေးကိုမတွေ့ဘူး။ ခွေးနက်ကြီးတစ်ကောင် အဲ့ဒီမှာ အေးအေးဆေးဆေးနဲ့ သူ့ကိုကြည့်နေတာကိုပဲ တွေ့လိုက်ရတယ်။

ဒါက ခေါင်းဆောင်စုန့်ကို လန့်သွားစေပြီး လက်နက်ထုတ်မလို့တောင် ဖြစ်သွားရော။

သေချာကြည့်လိုက်တော့ ယွီဟွေးဖေးက ဘေးမှာပဲ။ ဒီခွေးနက်က ယွီဟွေးဖေးရဲ့ခွေးမှန်းသိသွားမှ လက်လှုပ်ရှားမှုကို ထိန်းလိုက်နိုင်တယ်။

"ဘာလို့အရှိန်လျှော့တာလဲ"

"ရှေ့လမ်းအခြေအနေက ရှုပ်ထွေးလာပြီ၊ တချို့နေရာတွေမှာ မြက်တွေက အရမ်းထူတယ်၊ နှင်းက အရမ်းမြန်မြန်ကျတော့ သူတို့မခြောက်သေးဘူး။ ဒီအချိန်မှာတော့ မာနေလောက်ပြီ၊ နှင်းက အပေါ်မှာဖုံးအုပ်ထားတာမို့ ကြည့်ရတာ ညီညာနေတာဆိုတော့ တက်သွားရင် ကျသွားမှာပဲ။ သေတော့မသေပေမယ့် ကျသွားရင် ထွက်လာရခက်တယ်"

ယွီဟွေးဖေးက ဒီစကားပြောရင်း ရုတ်တရက် တာဟွမ်ကိုလှည့်ပြီး "ရပ်လိုက်တော့"

ရပ်သွားတဲ့အချိန်မှာ ယွီဟွေးဖေးက ချက်ချင်းပဲ စွတ်ဖားပေါ်ကဆင်း၊ စွတ်ဖားပေါ်က တုတ်တစ်ချောင်းကိုယူ၊ ရှေ့ကိုသွားပြီး နှင်းထဲကို အားနဲ့ထိုးချလိုက်တော့ အဲ့ဒီတုတ်က တန်းတန်းမတ်မတ်ပဲ နှင်းထဲကို အရင်းထိဝင်သွားရော။

ဒီမြင်ကွင်းကိုတွေ့တော့ ခေါင်းဆောင်စုန့်နဲ့ တခြားလာမေးတဲ့အဖွဲ့ဝင်တွေ ကြောင်သွားကြတယ်။

"ခင်ဗျားတို့ ကျွန်တော့်ကို ခဏစောင့်"

"မင်း ဒီနေရာက သွားလို့မရဘူးဆိုတာသိရဲ့သားနဲ့ ဘာလို့ဒီလမ်းကို လျှောက်တာလဲ။ ငါတို့ ကြိုတင်ရှောင်လို့ရတာပဲ"

"ဘာလို့လဲဆိုတော့ ခင်ဗျားတို့က ကျွန်တော့်ကို ငှားထားလို့၊ ဒါက တန်ဖိုးပဲ"

ထန်ယွမ်း အော်မေးလိုက်ချိန် ယွီဟွေးဖေးက ကိုယ့်ခေါင်းကို လက်ညှိုးထိုးပြီး ပြောပြီးတော့ သူက မရှင်းပြတော့ဘူး။ တုတ်နဲ့ နှင်းထဲကို တရစပ်ထိုးနေတော့တယ်။

"ဒီကောင်လေး ဘာလုပ်နေတာလဲ။ အားကိုးလို့ရရဲ့လား"

ခေါင်းဆောင်စုန့်က "ပါးစပ်ပိတ်ထား လူကိုငှားလာပြီးပြီဆိုရင် ကြည့်နေ"

"ကြည့်တာက ကိစ္စမရှိဘူး၊ ဒါပေမဲ့ ငါတို့က လူကယ်ဖို့လာတာလေ။ အချိန်မဖြုန်းနိုင်ဘူး၊ ဒီလမ်းက သွားလို့မရရင် ငါတို့ အမြန်လမ်းလွှဲရမယ်"

ထန်ယွမ်းကလည်း "ဟုတ်တယ်၊ တပ်မှူး။ ကျွန်တော်တို့ ဒီမှာအချိန်ဖြုန်းစရာမလိုဘူး... ဆောင်းဝင်ပြီဆိုတော့ စောစောမှောင်တယ်။ ညရောက်သွားရင် နေရာရှာပြီး စခန်းချ နွေးနွေးထွေးထွေနေရမှာ။ နေ့အချိန်က အရမ်းတန်ဖိုးရှိတယ်။"

ခေါင်းဆောင်စုန့်လည်း သူတို့ဘာကိုစိုးရိမ်နေလဲဆိုတာ နားလည်ပေမဲ့ သူ့မှာ ခံစားချက်တစ်ခုရှိတယ်၊ မျက်စိရှေ့က ဒီကောင်လေးက အလကားအလုပ်ရှုပ်ပြနေတာမဟုတ်ဘူး။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးရဲ့တုတ်က မာကျောတဲ့အရာတစ်ခုခုကို ထိုးမိသွားရော။

"တွေ့ပြီ"

"ဘာတွေ့တာလဲ"

ခေါင်းဆောင်စုန့် မေးလိုက်ပေမယ့် သူက ခေါင်းခါရင်း ဘာမှမပြောဘဲ ဘေးတိုက်လေးလှမ်းလျှောက်ပြီး တုတ်ကိုထပ်ထိုးချလိုက်တယ်။ ဖြောက်ဆိုတဲ့အသံနဲ့ တုတ်က တစ်ခုခုကို ထပ်ထိုးမိသွားချိန်

ယွီဟွေးဖေးက အားရပါးရရယ်ပြီး ပြောပါလေရော။

"ရပြီ... အားလုံးလာခဲ့ကြ"

ခေါင်းဆောင်စုန့်က ရှေ့ထွက်လာပြီး "ဒါ တကယ်တော့ ဘာအခြေအနေလဲ"

"အချိန်က အရေးကြီးတယ်၊ အရင်ဆုံး မရှင်းပြတော့ဘူး။ ဆိုင်ကယ်ပေါ်တက်ပြီး နောက်ကလိုက်ခဲ့ကြတော့။ ကျွန်တော် လျှောက်ခဲ့တဲ့လမ်းအတိုင်းလျှောက်၊ လမ်းမလွဲစေနဲ့။ အများဆုံး တစ်မီတာထက် မလွဲရဘူး"

ပြောပြီးတော့ ယွီဟွေးဖေးက မြင်းလှည်းပေါ်ခုန်တက်ပြီး "ဝါကြီး... သွားကြစို့"

ဝါကြီးက အော်ဟစ်ပြီး လှည်းကိုဆွဲကာ ခုနက ယွီဟွေးဖေးထိုးထုတ်လိုက်တဲ့ ကျောက်တုံးနေရာရဲ့အလယ်ကနေ ရှေ့ကိုတဟုန်ထိုးပြေးသွားတယ်။

ခေါင်းဆောင်စုန့်တို့ကို အံ့ဩစေတာက ယွီဟွေးဖေးက နှင်းထဲမှာ မကျသွားဘဲ တစ်လမ်းလုံးပြေးသွားနိုင်တာပဲ။

"ကောင်လေးက တော်သားပဲ"

ခေါင်းဆောင်စုန့်က အားလုံးကို အမြန်ကားပေါ်တက်ခိုင်းပြီး အရှိန်ကုန်လိုက်သွားတယ်။

ဒီတစ်ခဏမှာ ထန်ယွမ်းက ယွီဟွေးဖေးကို ကြည့်တဲ့အကြည့်တွေတောင် မတူတော့ဘူး၊ တောင်းပန်တဲ့အရိပ်အယောင်တွေနဲ့။

အမွှာညီအစ်ကိုကတော့ ထန်ယွမ်းရဲ့အကြည့်ကိုတွေ့တော့ နည်းနည်းမကျေမနပ်နဲ့ "တောင်ထဲနှစ်ခါဝင်ဖူးတာနဲ့ ဘာများဂုဏ်ယူစရာရှိလို့လဲ"

နောက်ဆက်တွဲလမ်းကတော့ သွားရလွယ်သွားတယ်၊ အဓိကအားဖြင့် ချိုင့်ဝှမ်းတချို့အတိုင်းသွားရုံပဲ။

All Chapters