မြက်ခင်းပြင်ဓားသူတော်စင်
Vol. 4 Ch. 43
အချိန်တွေ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ ပင်မတံခါးရှေ့ရှိ သစ်ကိုင်းအရွက်များသည် လေပြင်းများ တိုက်ခတ်လာခဲ့စဥ် လမ်းဘေးတွင် ရပ်ထားသော ဇိမ်ခံကားတစ်စီး၏ ခေါင်မိုးပေါ်သို့ လွင့်ကျသွားသည်။
လင်မော့ဖုန်းနှင့် လူအိုလီတို့ နှုတ်ဆက်စကား အပြန်အလှန် ပြောနေကြကာ တံခါးဝတွင် စုရုံးရောက်ရှိလာသော ဆရာများနှင့် ကျောင်းသားများက သူတို့ဆီသို့ ကြည့်ရှုနေကြသည်။
"စီနီယာလင်...ဧကရာဇ်မြို့တော်ကို ပြန်တော့မှာလား? ရောက်လာတာတောင် သိပ်မကြာသေးဘူး!"
"အရေးတကြီး တစ်ခုခုဖြစ်သွားတာလို့ ကြားတယ်... နှမြောစရာပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် စီနီယာက ဘယ်တော့ ပြန်လာမှာလဲ မသိဘူး... သူ့ဆီကနေ သင်ယူစရာတွေ အများကြီး ကျန်နေသေးတယ်.. အကြံဉာဏ်တောင်းဖို့ အချိန်လည်း မရလိုက်ဘူး..."
လင်မော့ဖုန်းသည် သူ့အနီးနားရှိလူများ၏ စကားကို နားထောင်ပြီး အနည်းငယ် တွန့်ဆုတ်နေသော်လည်း တည်ငြိမ်သော အမူအရာကို ထိန်းထားသေးသည်။
"မော့ဖုန်း... အချိန်မရွေး ပြန်လာလို့ရတယ်"
လူအိုလီက လင်မော့ဖုန်းကို ကြည့်ကာ ကြင်နာစွာပြောသည်။
"အကယ်ဒမီဆိုတာ မင်းရဲ့အိမ်ပဲ"
"ဟုတ်ကဲ့ ဆရာ... ကျနော် နားလည်ပါတယ်"
လင်မော့ဖုန်းသည် ပင်မဝင်ပေါက်ရှိ ကျန်းဟိုင် ကိုယ်ခံပညာ အကယ်ဒမီကမ္ပည်းပြားကို မော့ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် နောင်တ အရိပ်အမြွက်နဲ့လည်း ပြောလိုက်သေး၏။
"အချိန်က တိုတောင်းလွန်းတာ သနားစရာပဲ ဓားနတ်ဘုရားနဲ့တွေ့ဖို့တောင် အခွင့်မသာခဲ့ဘူး..."
ဒါကိုကြားတော့ အကြီးအကဲလီလည်း စိတ်ပျက်လက်ပျက် ခံစားလာပြီး နက်နဲတဲ့အသံနဲ့ ပြောလာသည်။
"မော့ဖုန်း... အကြီးတန်း ဓားနတ်ဘုရားရဲ့ စိတ်နေစိတ်ထား... က နည်းနည်းထူးခြားတယ်"
ယခုအခါ လင်မော့ဖုန်းရဲ့ ဓားနတ်ဘုရားအပေါ် စွဲလမ်းမှုလည်း နက်နဲလာသည်။ အားလုံးကို မြင်ပေမယ့် သူလည်း ဘာမှ မလုပ်ပေးနိုင်ခဲ့ပါ။
ဓားနတ်ဘုရား ကျောက်ပြားပေါ်မှာ စကားလုံးတွေကို ရေးထိုးပေးပြီးကတည်းက လင်မော့ဖုန်းလည်း အကြီးအကဲရဲ့ကိုယ်ပိုင်လက္ခဏာကို စွဲလမ်းလာခဲ့သည်။ သူသည် ကျန်းဟိုင်မြို့အနှံ့ ခရီးလှည့်လည်ခဲ့ပြီး ဓားနတ်ဘုရားကိုလည်ယ ရှာဖွေခဲ့သေးသည်။
ကြယ်ပွင့်ရဲဌာန ရဲတပ်မှူးနှင့်အတူ အကယ်ဒမီက ဆရာများကိုလည်း ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။
သို့သော် အရာအားလုံးဟာ အချည်းနှီးပါပဲ။
"အဆင်ပြေပါတယ် ဆရာ... ကျနော် ဓားနတ်ဘုရားနဲ့ တွေ့ရမယ့် ကံကြမ္မာက မရောက်သေးဘူး ထင်ပါတယ်... သွားရမယ့် ခရီးက ဝေးသေးပြီး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ဆုံကြမယ်"
လင်မော့ဖုန်းသည် ယခင်က ဓားတောင်ကြားသို့ သွားရောက်လည်ပတ်စဉ်က သူခံစားခဲ့ရသော ဓားစွမ်းအင်ကို ပြန်အမှတ်ရနေသဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ ခံစားနေရဆဲဖြစ်ကြောင်း တိုးတိုးလေး ပြောလိုက်သည်။
တောင်ထိပ်များ ပြိုကျကာ ချောက်ကမ်းပါးများ ပြိုကျသည်။ လူတစ်ဦးတည်းက အသွင်ပြောင်း ခမ်းနားသော သဘာဝရှုခင်းကို ဖန်တီးနိုင်ခဲ့၏။
လူပြိန်းတစ်ယောက်တောင် ဒါက ပညာရှင်ရဲ့ အနှစ်သာရမှန်း မျက်မှန်မတပ်ဘဲ မြင်နိုင်သည်။
မွေးရာပါနယ်ပယ်တွင်ရှိသော လူအိုလီကဲ့သို့သော သခင်များနှင့် မတူဘဲ လင်မော့ဖုန်းသည် ဂိုဏ်းဆရာနယ်ပယ် အတွင်းသို့ ဝင်လာခဲ့တာ ကြာပြီ ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်၏ စွမ်းအားကို ပိုမိုနားလည်သဘောပေါက်နိုင်ခဲ့သည်။
အစပိုင်းမှာတော့ သူ သံသယဖြစ်ခဲ့ပြီး မနာလိုစိတ်တွေတောင် တက်လာခဲ့သေး၏။
ကျန်းဟိုင်ဓားနတ်ဘုရားက ဘာလို့ ဒီလောက် တန်ခိုးကြီးနေရတာလဲ?
ကောင်းကင်ဘုံက အဲ့သလောက်အထိ တကယ်ကြင်နာတတ်တာလား?
ဒါပေမယ့် ရက်တွေ ကြာလာတာနဲ့အမျှ လင်မော့ဖုန်းသည် ချိုင့်ဝှမ်းအတွင်းက ဓားစွမ်းအင်ကို ပို၍ပို၍ ခံစားသိရှိလာသောအခါတွင် ထိုမနာလိုစိတ်နှင့် ငြူစူစိတ်တို့က သက်ပြင်းချသံများဖြင့် ညှိုးငယ်သွားသည်..။
သန်မာလွန်းတယ်!
အကြွင်းမဲ့ ခွန်အားတွေနဲ့ မျက်နှာချင်းဆိုင်လိုက်ရာ မိမိက ဘာမှ မဟုတ်တော့ပေ။
ကွာခြားချက်က တစ်စွန်းတစ်စ ရှိပင်လျှင် လူ့စိတ်သည် မနာလိုမှု၊ နာကြည်းမှုများနှင့် ပြည့်နေလိမ့်မည်။
ဒါပေမယ့် ကွာခြားချက်က နဂါးငွေ့တန်းကြီးလောက် ကျယ်နေမယ်ဆိုရင် မနာလိုမှု အများစုဟာ ပျောက်ကွယ်သွားတော့မှာပါပဲ။ နောက်ဆုံးမှာတော့ နှလုံးသားထဲမှာ ကြီးကျယ်ခမ်းနားခြင်းတွေပဲ ကျန်ခဲ့လိမ့်မည်။
သိပ်မှန်တဲ့ စကားတစ်ခွန်း ရှိသည်။
"မင်းထက်ပိုကောင်းတဲ့သူ အမြဲတမ်းရှိတယ်..."
လင်မော့ဖုန်း သူ့ခေါင်းကို ခါယမ်းကာ ဝန်ခံလိုက်ပြီး လူအိုလီကို ကြည့်လိုက်သည်။
"ဆရာ.. ကျွန်တော် မာနကြီးလွန်းခဲ့တယ်။ ဆရာ ပြောတုန်းက ကျွန်တော် ပြက်ရယ်ပြုခဲ့တယ် ဒါပေမယ့် အခုတော့ မှန်နေသလိုပဲ...."
"သိသွားတာ ကောင်းပါတယ်... မော့ဖုန်း..."
လောင်လီသည် သူ၏ မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်ရင်း ဓားနတ်ဘုရား၏ ယခင်လုပ်ရပ်များကို ပြန်သတိရမိသည်။ ထို့နောက် သူက ပြုံးလိုက်ပြီး။
"ငါတို့ရဲ့ ကျန်းဟိုင်မြို့ကို တာဝန်ယူခွင့်ရတဲ့ အကြီးအကဲအတွက် အရမ်းဂုဏ်ယူပါတယ်... နောက်ဆုံးတော့ သူက ဂိုဏ်းဆရာတစ်ယောက် ဖြစ်နေပြီလေ...."
"ဆရာ.. ကျနော် ပြောစရာရှိတယ်"
လင်မော့ဖုန်းက ရုတ်တရက် လေးလေးနက်နက် ဖြစ်လာကာ။
"လွန်ခဲ့တဲ့ရက် အနည်းငယ်က ဓားတောင်ကြားထဲမှာ ကျနော်ခံစားခဲ့ရတဲ့ ဓားစွမ်းအင်ကို အခြေခံပြီး ပြောရရင် အကြီးအကဲ ဓားနတ်ဘုရားရဲ့ အစွမ်းက ဂိုဏ်းဆရာအထက် ဖြစ်နိုင်တယ်"
"ဘာ?!"
လူအိုလီရဲ့ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
"မင်းတကယ် ပြောနေတာလား?"
"ဟုတ်ကဲ့... ဓားတောင်ကြားက ဓားစွမ်းအင်က မြင့်နေတယ်... ကျနော် သူလို့ မလုပ်နိုင်ဘူး..."
"အကြီးအကဲဆရာကြီးက..."
လူအိုလီမှာ သူ့ကိုယ်သူ ပေါက်ကွဲထွက်လာတဲ့ အချက်အလက်တွေရဲ့ သက်ရောက်မှုကို ထိန်းဖို့ ကြိုးစားရင်း သူ့ရင်ဘတ်တွေ တဆတ်ဆတ်တုန်နေတော့သည်။
အင်ပါယာမြို့တော်ရှိ ထိပ်တန်းမိသားစုများပင်လျှင် ထိုကဲ့သို့ အစွမ်းထက်သော သတ္တဝါများစွာ မရှိပါ။
ရလဒ်ကတော့ အခု ကျန်းဟိုင်မြို့မှာ ပေါ်လာတာလား။
ရေတိမ်မှာ နဂါးအစစ်က တကယ် ပေါက်ဖွားနိုင်လို့လား။
"ဆရာ စိတ်အေးအေးထားပါ... အရမ်းစိတ်မလှုပ်ရှားနဲ့..."
လင်မော့ဖုန်းသည် အကြီးအကဲလီ၏ စိတ်ခံစားချက်များ ပြောင်းလဲလာသည်ကို မြင်လိုက်ကာ။
"ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်တစ်ခုပဲ... အမှန်လို့ မဆိုလိုပါဘူး မှန်းဆချက်တစ်ခုပဲ.... ဒါပေမယ့် ဓားတောင်ကြား အတွင်းက ဓားစွမ်းအင်က ဂိုဏ်းဆရာအဆင့်ထက် ကျော်လွန်နေပြီ ဆိုတာတော့ သေချာတယ်..."
"ကောင်းတယ်... စွမ်းအားကြီးတယ်... အကြီးအကဲကတော့ တကယ်ကို အံ့သြစရာကောင်းတာပဲ"
အဘိုးကြီးလီမှာ ဝမ်းသာအားရ လက်ခုပ်တီးသည်။ သူ့အနားတွင်ရှိ လီကျစ်ရွှမ်းကလည်း သက်တောင့်သက်သာရှိသော အပြုံးဖြင့် နှုတ်ခမ်းကို ပင့်တင်ထားသည်။
နောက်ဆုံးတော့ အဲဒါက သူမဆရာကို တိုက်ရိုက် ချီးကျူးမှုတစ်ခုပါပဲ။
ချီးမွမ်းလေလေ၊ သူ့တပည့်အဖြစ် သူမသည်လည်း ပို၍ပျော်ရွှင်လေလေ ဖြစ်သည်။
ထိုအချိန်တွင် လင်မော့ဖုန်းက လီကျစ်ရွှမ်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"အငယ်တန်းညီမလီ... ငါ မင်းကို မသွားခင် ပြောစရာတစ်ခုရှိတယ်"
"ဟုတ်ကဲ့ပါ အစ်ကိုကြီးလင်... ကျွန်မ သေချာမှတ်ထားပါ့မယ်"
လီကျစ်ရွှမ်း ခေါင်းညိတ်လိုက်သည်။
"ဒီကိစ္စက ကျန်းဟိုင်ဓားနတ်ဘုရားနဲ့ နည်းနည်းလေး ဆက်စပ်နေတယ်... မြက်ခင်းပြင်ဓားသူတော်စင်က သူ့တပည့်တွေနဲ့ ကမ္ဘာလှည့် ခရီးသွားနေပြီ... ဓားဆရာတွေကို လိုက်စိန်ခေါ်နေတယ်လို့ ငါ မကြာသေးခင်ကမှ သတင်းရထားတယ်... အခု ကျန်းဟိုင်ဓားနတ်ဘုရားက ခမ်းခမ်းနားနား လုပ်ထားတော့ သူတို့ ရောက်လာနိုင်တယ်"
"မြက်ခင်းပြင်ဓားသူတော်စင်က ဘယ်သူလဲ..."
လီကျစ်ရွှမ်းသည် မသိနားမလည်သော နာမည်ကြောင့် မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။ ဒါကိုမြင်တော့ လင်မော့ဖုန်းကလည်း သူ့ရဲ့နားလည်မှုကို ရှင်းပြ၏။
"အဲဒီမြက်ခင်းပြင်ဓားသူတော်စင်က ကုန်းတွင်းပိုင်းကို မလည်ပတ်တတ်ဘူး သူက တရုတ်နိုင်ငံရဲ့ ကျယ်ပြောလှတဲ့ မြက်ခင်းပြင်ဘက်က... မင်းတို့သူ့ကို မသိဘူးဆိုတာ နားလည်ပါတယ်"
သူသည် ခေတ္တရပ်လိုက်ပြီး သူ၏ တင်းမာသောအမူအရာဖြင့် ဆက်လက်၍ :"ငါ့ဆီ ပို့ထားတဲ့ အချက်အလက်အရဆို သူက ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ်ကို ရောက်သွားပြီ! ဓားနဲ့ပတ်သက်တဲ့ သူ့ရဲ့နားလည်မှုကလည်း အထွတ်အထိပ်ကို ရောက်နေပြီ...
အစောပိုင်းနှစ်တွေတုန်းက မြက်ခင်းပြင်မှာ ဧကရာဇ်အဆင့် ကြယ်သားရဲက ခြေသလုံးအိမ်တိုင် လူတွေရဲ့ နေရာကို ဆင်းလာပြီး သတ်ဖြတ်ဖို့ ဆင်အုပ်ကို ဦးဆောင်ခဲ့တယ်တဲ့... သူက အဲ့အကောင်တွေကို ဓားတစ်ချောင်းတည်းနဲ့ သုတ်သင်ပစ်လိုက်တယ်..."
"ပြီးတော့ သူ့တပည့်က ဒါဇင်နဲ့ချီတဲ့ နာမည်ကြီး တရုတ်ဂုဏ်ထူးဆောင်တွေကို အနိုင်ယူပြီး ပိုထက်မြက်တယ်"
"အခု မြက်ခင်းပြင်ဓားသူတော်စင်က သူ့တပည့်တွေထဲမှာ ဓားသမားရဲ့ နှလုံးသားကို ပုံဖော်ဖို့ ရည်ရွယ်ချက်နဲ့ မရေမတွက်နိုင်တဲ့ ဉာဏ်ကြီးရှင်တွေကို အနိုင်ယူပြီး ကမ္ဘာ့အကြီးကျယ်ဆုံး ဓားဆရာတွေကို စိန်ခေါ်ဖို့ သူ့ချစ်တပည့်ကို ဒီကို ခေါ်လာနေပြီ"
ဒီလိုကြားရတော့ လီကျစ်ရွှမ်း မျက်နှာက လှိုင်းခတ်သွားကာ။
"သူတို့က အရမ်းမာနကြီးတာပဲ... ငါတို့ အတွင်းပိုင်းမှာ လူတွေ မရှိတော့ဘူးလို့များ ထင်နေတာလား"
"ဒါ.."
လင်မော့ဖုန်းမှာ ခဏတာ စကားမပြောဘဲ သူအရင်က ရှုံးနိမ့်ခဲ့သော သခင်ကို သတိရသွားသည်။ သို့နှင့် ခေါင်းယမ်းကာ။
"ညီမငယ်လေး... ငါ သူ့ကိုတွေ့ဖို့ မျှော်လင့်ချက်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီမှာနေခဲ့တယ်... ဒါပေမယ့် အခု မတွေ့ရလောက်တော့ဘူး... မြက်ခင်းပြင်ဓားသူတော်စင်က ကမ္ဘာ့သခင်တွေကို စိန်ခေါ်ရတာကို ကြိုက်တယ် သူ့တပည့်တွေကလည်း သဘောကျတယ်... မကြာသေးခင်က ကျန်းဟိုင်ဓားနတ်ဘုရားက သူတို့ကို ဆွဲဆောင်နိုင်သွားတော့ အွန်လိုင်းမှာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ပြုလုပ်နေပြီ..."
လီကျစ်ရွှမ်းကို စေ့စေ့ကြည့်ရင်း အနည်းငယ်စိုးရိမ်သွားသည်။
"ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီက ကျန်းဟိုင်မြို့ရဲ့ မျက်နှာစာမလို့ သူ့တပည့်တွေကို စိန်ခေါ်ခိုင်းမှာပဲ...အဲဒီလိုဖြစ်လာရင် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်အနေနဲ့ ဆရာတူညီမလေး မင်းက စိန်ခေါ်မှုကို လက်ခံဖို့ ခြေလှမ်းစရလိမ့်မယ်"
"ကောင်းပါပြီ ဆရာတူအစ်ကိုကြီး စိတ်မပူပါနဲ့... ကျွန်မ နားလည်ပါတယ်"
ဒါကိုကြားတော့ လီကျစ်ရွှမ်းရဲ့ အမူအရာက သတ္တိရှိရှိ တောက်ပသွားပြီး သူမ ခေါင်းညိတ်လိုက်သည်။
ဓားတစ်ချက်နဲ့ ကောင်းကင်တံခါး ဖွင်မည် ဓားချက်ကို ပြီးပြည့်စုံအောင် လေ့ကျင့်နေသမျှ ကာလပတ်လုံး ဒီပြိုင်ပွဲက ကိတ်မုန့်တစ်ဖဲ့ ဖဲ့ရုံလေးပဲ မဟုတ်ဘူးလား။